Shining Bright

Shining Bright Shining with Nilar ✨

20/05/2024

KG ပြီးဆုံးတဲ့ကျောင်းသားတစ်ယောက်မှာ ဒါတွေကျွမ်းကျင်ပြီးမြောက်ပြီးသားဖြစ်ရပါမယ်…

1. အရောင်တွေကို သိရပါမယ်
2. ဘယ်ဖက်လက်၊ ညာဖက်လက်ကို သိရပါမယ်
3. မိမိအိမ်လိပ်စာကို ပြောပြတတ်ရပါမယ်
4. ဖခင်အမည်၊ မိခင်အမည် ပြောပြတတ်ရပါမယ်
5. ရက်သတ္တပတ်နေ့ရက်တွေကို ပြောပြတတ်ရပါမယ်
6. နွေ၊ မိုး၊ ဆောင်း ရာသီဥတုတွေကို ပြောပြတတ်ရပါမယ်
7. ခု၊ ဆယ်၊ ရာ၊ ထောင် ငွေကြေးအသုံးကို ပြောပြတတ်ရပါမယ် (ခု နဲ့ ဆယ်ကတော့ မသုံးသလောက်ဖြစ်၍ အနည်းငယ်အခက်အခဲတွေ့နိုင်)
8. မိမိနာမည်ကို ဖတ်တတ်ရပါမယ်
9. မိမိနာမည်ထဲက ပထမအမည်စာလုံးကို ရေးတတ်ရပါမယ်
10. ကိန်းဂဏန်း ၂၀ အထိ ရေတွက်နိုင်ရပါမယ်
11. စာအုပ်ကို အတည့်အတိုင်း ကိုင်တွယ်နိုင်ရပါမယ်
12. ပုံပြင်ဖတ်ပြတာကို ကောင်းကောင်း နားထောင်တတ်ရပါမယ်
13. ကာရံစကားလုံး (rhymes) များကို သတိထားတတ်ရပါမယ်
14. KG သီချင်းများ သီဆိုတတ်ရပါမယ်
15. သီချင်းထဲက စာသားအတိုင်း လိုက်လုပ်တတ်ရပါမယ်
16. ရွှံ့၊ ရွှံ့တု စသည်တို့ဖြင့် ကစားတတ်ရပါမယ်
17. ပုံဆွဲ၊ ရောင်စုံခြယ်တတ်ရပါမယ်
18. ပန်းချီဆေးဖြင့် ပုံဆွဲတတ်ရပါမယ်
19. ကတ်ကြေးအသုံးပြု၍ စာရွက် ဖြတ်/ညှပ်တတ်ရပါမယ်
20. ဘလော့တုံးလေးများ တည်ဆောက်ဆော့ကစားတတ်ရပါမယ်
21. သဲကန်အတွင်း သဲများဖြင့် အဆင်ပြေစွာ ဆော့ကစားတတ်ရပါမယ်
22. သစ်စေ့လေးများဖြင့် အပင်လေးတွေစိုက်တတ်ရပါမယ်
23. အစားအစာတစ်မျိုးမျိုး ချက်ပြုတ်ပြင်ဆင်တဲ့အတွေ့အကြုံတစ်ခုခု ရှိထားရပါမယ်
24. အပ်နှင့် အပ်ချည် အသုံးပြုတတ်ရပါမယ်
25. တကိုယ်ရည်သန့်ရှင်းမှု ဂရုပြုတတ်ရပါမယ်
26. ခြေသည်းလက်သည်း သန့်ရှင်းနေစေရန် ဂရုပြုတတ်ရပါမယ်
27. ထမင်းစားစဉ် လက်ကိုင်ပုဝါအား ကောင်းစွာ အသုံးပြုတတ်ရပါမယ်
28. စည်းကမ်းရှိရှိ စားသောက်တတ်ရပါမယ်
29. မိမိကိုယ်တိုင် ဖိနပ်စီး/ခြေနင်းကြိုးချည် လုပ်ဆောင်တတ်ရပါမယ်
30. ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်ရပါမယ်
31. တဖက်သားအပေါ် ကြင်နာတတ်သလို ကူညီပေးတတ်ရပါမယ်
32. အများနဲ့ဆောင်ရွက်စဉ် လုမလုပ်ပဲ မိမိအလှည့်ရောက်ရန် စောင့်နေတတ်ရပါမယ်
33. ကစားစရာနှင့် အခြားအများပိုင်ပစ္စည်းများအား အသုံးပြုပြီး နေရာတကျ ပြန်ထားတတ်ရပါမယ်
34. မိမိနေရာမှာ ငြိမ်ငြိမ်ထိုင်ပြီး တစ်ခုခုပြောစရာရှိလျင် လက်မြှောက်ပြပြီး အခွင့်တောင်းတတ်ရပါမယ်
35. မိမိ၏ စာသင်စားပွဲခုံအား စာရေးကိရိယာများဖြင့် ရှုပ်ပွမနေအောင် ထားတတ်ရပါမယ်
36. ကျောင်းမှ အိမ်အပြန် မိမိ၏ပစ္စည်းပစ္စယများအား သေချာစစ်ဆေးတတ်ရပါမယ်

Crd

Before number and After number သင်လာခဲ့တာတစ်ချို့ကကိုယ့်လက်ကိုကြီးတယ်နော်ဆိုပြီးပြောခဲ့ပေမယ့် ကိုယ့်ရဲ့လက်‌နဲ့ စာတွေသင်ခ...
06/04/2024

Before number and After number သင်လာခဲ့တာ
တစ်ချို့ကကိုယ့်လက်ကိုကြီးတယ်နော်ဆိုပြီးပြောခဲ့ပေမယ့် ကိုယ့်ရဲ့လက်‌နဲ့ စာတွေသင်ခွင့်ရတာကို
အရမ်းဂုဏ်ယူတယ် 💁
ဝါသနာနဲ့တစ်ထပ်ထဲကျခဲ့တာပေါ့ 🥰
#ပန်းပျိုးသောလက်ပဲဖြစ်ပါရစေ

☀️ နွေရာသီနှင့် အပူဒဏ်အန္တရာယ် 🔥ကလေးလေးတွေရော ဘိုးဘိုးဘွားဘွားတွေပါ ဂရုစိုက်ကြဖို့📌 အပူလှိုင်းတစ်ခု ကြုံတွေ့နေစဉ်အတွင်း ...
06/04/2024

☀️ နွေရာသီနှင့် အပူဒဏ်အန္တရာယ် 🔥
ကလေးလေးတွေရော ဘိုးဘိုးဘွားဘွားတွေပါ ဂရုစိုက်ကြဖို့

📌 အပူလှိုင်းတစ်ခု ကြုံတွေ့နေစဉ်အတွင်း အပူဒဏ် ခံစားရသူများကို ကူညီပေးပါ။

👉 အိမ်တွင် တစ်ယောက်တည်းနေထိုင်သော မိသားစု၊ သူငယ်ချင်းများနှင့် အိမ်နီးနားချင်းများကို ဂရုစိုက်ပေးပါ။
👉 သက်ကြီးရွယ်အိုများ (သို့) ဖျားနာသူများထံ နေ့စဉ် အနည်းဆုံး သွားရောက်ကြည့်ရှုပေးပါ။
👉 အပူပြင်းထန်ခြင်းဆိုင်ရာ အရေးပေါ်အခြေအနေများနှင့် အခြားသော အရေးပေါ်အခြေအနေများ၏ ကုသနည်းကို လေ့လာရန် ရှေးဦးသူနာပြုသင်တန်းကို တက်ပါ။

📌 အပူလှိုင်းကြောင့် နေမကောင်းဖြစ်လျှင်

👉 မူးဝေခြင်း၊ အားနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း (သို့) အလွန်အမင်း ရေငတ်ခြင်းနှင့် ခေါင်းကိုက်ခြင်းရှိပါက အကူအညီရယူပါ။
👉 အေးသောနေရာသို့ အမြန်ဆုံးရွှေ့ပါ။
👉 ရေဓါတ်ပြန်ဖြည့်ဖို့ ရေသောက်ပါ။
👉 ဆေးဝါးများကို 𝟮𝟱°𝗖 အောက် သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထားပါ။

📌 အပူလှိုင်းတစ်ခု ကြုံတွေ့နေစဉ်အတွင်း သင့်ကိုယ်သင် အေးမြစေပြီး ရေဓါတ်ပြည့်၀အောင် နေထိုင်ပါ။

👉 ရေမှန်မှန် သောက်ပါ။
👉 အရက်၊ ကဖိန်းဓါတ်နှင့် သကြားဓါတ် အလွန်အကျွံစားသုံးခြင်းမှ ရှောင်ပါ။
👉 အစားနည်းနည်းစားပြီး မကြာခဏ ပိုစားပါ။
👉 ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ဝတ်ဆင်ပါ။
👉 ဦးထုပ် သို့မဟုတ် နေကာမျက်မှန် ဝတ်ဆင်ပါ။
👉 အေးမြသောရေဖြင့် ရေချိုးပါ။

📌 အပူလှိုင်း တလျှောက်လုံး အပူဒဏ်မခံရအောင် ကြိုးစားပါ။

👉 အရိပ်ထဲမှာ နေပါ။
👉 တစ်နေ့တာ၏ အပူဆုံးအချိန်များတွင် အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။
👉 တတ်နိုင်သမျှ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
👉 ရပ်ထားသောယာဉ်များတွင် ကလေး သို့မဟုတ် တိရစ္ဆာန်များကို ချန်မထားပါနှင့်။

☺️ ဒါကြောင့် ပူပြင်းလှသော နွေရာသီ အပူဒဏ်ကို ဂရုစိုက်ပြီး နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

📌 အထက်ပါအကြောင်းအရာများနှင့် အသိပညာပေးပုံများကို 𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗹𝘁𝗵 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 (𝗪𝗛𝗢) 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 မှ ကူးယူတင်ပြထားခြင်း ဖြစ်ပါတယ်။

📌 𝗖𝗿𝗲𝗱𝗶𝘁 𝗧𝗼 𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗹𝘁𝗵 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 𝗠𝘆𝗮𝗻𝗺𝗮𝗿

📌 𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲

https://www.facebook.com/WorldHealthOrganizationMyanmar/posts/814002120768087

သမီးလေးရဲ့တိုးတတ်လာမှုလေးကြိုးစားထားမှုလေး baby_Yoon Wadi Thaw ❤
26/11/2023

သမီးလေးရဲ့တိုးတတ်လာမှုလေး
ကြိုးစားထားမှုလေး

baby_Yoon Wadi Thaw ❤

သင်္ချာတွက်ရင်မေးခွန်းကိုသမီးဘာသာဖတ်မယ်နော်တဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ကလေး 👧ဆရာမရောက်လာပြီဆိုတာနဲ့ယပ်တောင်ကိုမတောင်းပဲယ...
02/10/2023

သင်္ချာတွက်ရင်မေးခွန်းကိုသမီးဘာသာဖတ်မယ်နော်တဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ကလေး 👧

ဆရာမရောက်လာပြီဆိုတာနဲ့ယပ်တောင်ကိုမတောင်းပဲယူပေးတယ် အလိုက်လဲသိတတ်သောကလေး 👧

တီချယ် toilet သွားနေရင်လဲ ဆော့မနေပဲစာကိုဖတ်နေတာ ဖြေစရာရှိတာဖြေတယ် ရေးစရာရှိတာရေးတယ် လိမ္မာသောကလေး 👧

ကိုယ်ပြန်ရင်လဲ ကိုယ်သောက်ထားတဲ့ရေခွက်|ကော်ဖီကိုခွက်ကိုသိမ်းတာ သိတတ်သောကလေး 👧
ဘဝမှာရှေ့လျောက်အောင်မြင်ပြီးမိဘကိုသိတတ်သော ကလေးလေးဖြစ်ပါစေ သမီးလေးရေ 😍👧

ကိုယ့်ရဲ့ချစ်လှစွာသော ကြယ်လေးတစ်ပွင့် ✨❤

လိမ္မာသောအချစ်ကလေး 😍Baby _ Nang Htoi Zin ✨❤
29/09/2023

လိမ္မာသောအချစ်ကလေး 😍

Baby _ Nang Htoi Zin ✨❤

ဘေဘီပိစိလေးလို ဂျီကျတတ်တဲ့ မမ 😍Baby_ Yoon Wadi Thaw ✨❤
29/09/2023

ဘေဘီပိစိလေးလို ဂျီကျတတ်တဲ့ မမ 😍

Baby_ Yoon Wadi Thaw ✨❤

မောင်နှမသုံးယောက် 😍
27/09/2023

မောင်နှမသုံးယောက် 😍

ကိုယ့်ရဲ့ Stars လေးတွေကြိုးစားနေကြတာလေး ✨😍
27/09/2023

ကိုယ့်ရဲ့ Stars လေးတွေ
ကြိုးစားနေကြတာလေး ✨😍

06/02/2023

ကျောင်းနောက်ကျတဲ့မူကြိုကလေးများရဲ့မိဘတွေအတွက်
ချစ်လို့ပြောတယ်မှတ်ပါ😁 စိတ်မဆိုးကြေးနော်

မူကြိုကျောင်းမှာ ကျောင်းစတက်ရမယ့်အချိန်က 9 နာရီဆိုပါတော့ မိဘတွေက ကလေးကို 9 နာရီခွဲကျော်မှကျောင်းလာပို့တာ ⏰10 နာရီထိုးခါနီးမှကျောင်းလာပို့တာမျိုးရှိတယ်

မိဘတွေရဲ့အတွေး 🤔

ကျောင်းကိုရောက်ရောက်ချင်းကလေးတွေက စာမသင်ရပါဘူး ကစားလိုက်သီချင်းဆိုလိုက်နဲ့ 10 နာရီလောက်မှ ကကြီးခခွေး ABC တွေစသင်တာဆိုတော့ ကျောင်းနောက်ကျပြီးပို့လည်းဘာမှမဖြစ်ဘူး လို့တွေးပါတယ်
အဲ့လို​တွေးလိုက်မိရင် ဖေဖေမေမေတို့မှားပါတယ်ရှင်

❌❌❌❌

ကျောင်းရောက်ရောက်ချင်း မူကြိုကလေးတွေကစားကြတယ်ဆိုတာ တီချယ်တွေကစာမသင်ချင်သေးလို့ ဆော့ခိုင်းနေတာမဟုတ်ပါဘူး😁
ကလေးတွေရဲ့ဘက်စုံဖွံ့ဖြိုးမှုကို ကစားရင်းနဲ့သင်ကြားပေးနေတဲ့အချိန်လေးဖြစ်ပါတယ် ဒီအချိန်အတွင်းမှာ ကလေးတွေက ................
၁။ ကစားစရာပစ္စည်းများကို မျှဝေတတ်ခြင်း
၂။ သက်တူရွယ်တူသူငယ်ချင်းများနဲ့ အတူတူကစားတတ်ခြင်း
၃။ ကလေးအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်တတ်ခြင်း
၄။ အလှည့်ကျလုပ်ဆောင်တတ်ခြင်း
၅။ သူတပါးတည်ဆောက်ထားတဲ့ကစားစရာလေးတွေကို မဖျက်ဆီးဘဲ သူတပါးဖက်ကို တွေးပေးတတ်ခြင်း
၆။ မိမိ၏စိတ်ခံစားမှုကို ဦးစားပေးတကိုယ်ကောင်းမဆန်ဘဲ သူတပါး၏စိတ်ခံစားမှုကို စာနာနားလည်တတ်ခြင်း
၇။ ကလေးအချင်းချင်းကစားနေစဥ်လွတ်လပ်စွာ မိမိထင်မြင်ချက်ကိုပြောပြခြင်းကြောင့် မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်နိုင်ခြင်း
၈။ ကစားနေစဥ်ကလေးအချင်းချင်း စကားပြောဆိုခြင်းဖြင့် ဘာသာစကားဖွံ့ဖြိုးမှု တိုးတက်လာနိုင်ခြင်း

စသည်ဖြင့် အကျိုးကျေးဇူးတွေ များစွာရရှိမှာဖြစ်ပါတယ်ရှင်

ဒါကြောင့်မို့ သားသားမီးမီးလေးတွေကို မူကြိုကျောင်းသို့​နောက်မကျဘဲ အချိန်မှန်မှန်ပို့ပေးခြင်းဖြင့် Social Skills and Emotional Skills ဖွံ့ဖြိုးမှုကို တိုးတက်အောင် EQ မြင့်တဲ့ကလေးလေးတွေဖြစ်အောင် မိဘများပူးပေါင်းပါဝင်ကြပါလို့ ချစ်ခင်စွာဖြင့်အကြံပြုတိုက်တွန်းလိုက်ပါတယ်ရှင်

မေတ္တာဖြင့်
ဒေါက်တာရွှေရည်ဝင်း
ပညာရေးစိတ်ပညာပါရဂူ

သုံးနှစ်အရွယ်ပိစိလေးကနေ စာကိုသပ်သပ်ရပ်ရပ်ရေးနိုင်တဲ့အရွယ်လေးရောက်လာပြီ...😍 Baby~Han Thu Wun
01/02/2023

သုံးနှစ်အရွယ်ပိစိလေးကနေ စာကိုသပ်သပ်ရပ်ရပ်ရေးနိုင်တဲ့အရွယ်လေးရောက်လာပြီ...😍
Baby~Han Thu Wun

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shining Bright posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category