KYAW Japanese language class and center

KYAW Japanese language class and center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KYAW Japanese language class and center, Language school, mayangone, Yangon.

17/06/2023
16/06/2023

မေးခွန်းဟောင်းသင်တန်း (Nat Test) Online class

14ယောက်ဖြေ 14ယောက်အောင်
おめでとう🍾

31/05/2023

JLPT ဖြေဆိုရမည့်နေရာများသို့ရောက်ရှိသောယာဥ်လိုင်းများ

နှင့်အနီးဆုံးမှတ်တိုင်များကိုဖော်ပြပေးလိုက်ပါတယ်

(သိသလောက်ရေးပေးထားပါတယ်

လိုတဲ့နေရာတွေရှိရင်ပြောပေးပါ ထပ်ဖြည့်ပေးပါမယ်)

1.အထက ၂ ဗဟန်း(ကုက္ကိုင်းမှတ်တိုင်)
YBS - 28 / 36 / 87 / 108 / 115 / 116 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း)
YBS - 14 / 38 / 60 / 76 / 86 စီးပါက တက္ကသိုလ်ရိပ်သာလမ်း ကုက္ကိုင်းမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်

2. အဘိဓမ္မာ ဓမ္မဗိမာန်တော်ကြီး(ဗဟန်း၃လမ်းမှတ်တိုင်)
YBS - 8 / 12 / 28 / 29 / 36 / 61 / 82 / 87 / 95 / 108 / 115 / 116 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း)

3.အထက ၁ ဒဂုံ(ယောက်လမ်းမှတ်တိုင်)
YBS - 12 / 28 / 29 / 36 / 61 / 72 / 82 / 87 / 108 / 115 / 116 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း)
YBS - 78 / 80 / 93 / 94 / 118 စီးပါက ဘူတာကြီးဆင်း၍လမ်းလျှောက်ရန်

4.အထက ၂ ဒဂုံ(ပဲခူးကလပ်မှတ်တိုင်)
YBS - 21 / 35 / 37 / 39 / 78 / 104 / 105 / 106 / 107 / 118 / 128 / လေဆိပ်ကား(ပြည်လမ်း)

5.အထက ၆ အလုံ(ချန်မာဖီမှတ်တိုင်)
YBS - 22 / 41 / 59 / 89(ကြည့်မြင်တိုင်မှသာကေတအသွား) / 94 / 98 / 117

6. NYRDDC(စာဥမှတ်တိုင်)
YBS - 4 / 8 / 9 / 100
YBS - 5 စီးပါက အလိုတော်ပြည့်မှတ်တိုင်ဆင်းရန်

7.ရန်ကုန်နည်းပညာတက္ကသိုလ်(ဘီပီအိုင်မှတ်တိုင်)
YBS - 21 / 39 / 41 / 65 / 68 / 78 / 88 / 99 / 119 / 15(ကြိုးတံတား)
*** YBS-15(ကြိုးတံတား)စီးပါက ဘီပီအိုင်ရောက်မရောက်မေးစီးရန်

8.အထက ၁ ရန်ကင်း( ၁၂ လုံးတန်းမှတ်တိုင်)
YBS - 12 / 14 / 29 / 38 / 43 / 60 / 64 / 76 / 79 / 86 / 87 / 108

9.အထက ၁ တာမွေ(မင်္ဂလာစျေးမှတ်တိုင်/ ၁၂၄လမ်းမှတ်တိုင် / ယုဇနပလာဇာမှတ်တိုင်)
YBS - 3 / 7 / 8 / 9 / 13 / 20 / 25 / 26 / 27 / 43 / 64 / 65 / 72 / 80 / 85 / 95 / 111 / 112 / 113 / 120 / 129
YBS - 33 စီးပါက ဂိတ်ဆုံးထိစီးရန်

10.ရန်ကုန်စီးပွားရေးတက္ကသိုလ်(Mainထဲ) (မာလာမှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 106 / 107 / 117 / လေဆိပ်ကား(ပြည်လမ်း)

11.ရန်ကင်းပညာရေးဒီဂရီကောလိပ်(မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 / 38 / 60 / 83 / 87 / 108
YBS - 43 စီးပါက ရန်ကင်းစာတိုက်မှတ်တိုင်ဆင်းရန်

12.NMDC(ဂန္ဓီဆေးရုံမှတ်တိုင်)
YBS - 56 / 57 / 100 / 98(လင်းစဒေါင်းမှလှိုင်သာယာအပြန်)
YBS - 13 / 24 / 26 / 34 / 43 / 58 / 63 / 65 / 79(Trans Link) / 82 / 114 စီးပါက ဗိုလ်တထောင်ဘုရားမှတ်တိုင်ဆင်းရန်
YBS - 3 / 31 / 70 / 81 / 89 / 110 စီးပါက လမ်း၅ဝမှတ်တိုင်ဆင်းရန်

13.အထက ၁ အင်းစိန်(အင်းစိန်ဆေးရုံမှတ်တိုင်)
YBS - 15(အဝါ) / 21 / 65(အဝါ) / 77 / 78 / 88 / 94

14.အထက ၁ မင်္ဂလာတောင်ညွန့်(မဆလာစက်မှတ်တိုင်)
YBS - 7 / 20 / 25 / 64 / 72 / 111 / 112 / 113 / 120

15.ရန်ကုန်ပညာရေးတက္ကသိုလ်(စိုက်ပျိုးရေးမှတ်တိုင်)
YBS - 21 / 35 / 37 / 39 / 61 / 65 / 77 / 78 / 82 / 104 / 105 / 106 / 107 / လေဆိပ်ကား(ပြည်လမ်း)

16.RC 2(ကျောင်းကွေ့မှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 105 / 106 / 107 / 117 / လေဆိပ်ကား(ပြည်လမ်း)
YBS - 21 / 30 / 39 / 41 / 61 / 65 / 76 / 77 / 78 / 82 / 86 / 90 စီးပါက သံလမ်းမှတ်တိုင်ဆင်းရန်(လမ်းအနည်းငယ်လျှောက်ရမည်)

17.အထက ၂ ရန်ကင်း(မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 / 38 / 60 / 83 / 87 / 108
YBS - 43 စီးပါက ရန်ကင်းစာတိုက်မှတ်တိုင်ဆင်းရန်
YBS - 14 / 26 / 27 / 63 စီးပါက ကျောက်ကုန်းမှတ်တိုင်ဆင်းရန်

18.အထက ၁ လမ်းမတော်(သခင်မြပန်းခြံမှတ်တိုင်)
YBS - 14 / 20 / 22 / 23 / 30 / 40 / 41 / 55 / 56 / 57 / 58 / 59 / 89 / 90 / 94 / 98 / 117
YBS - 21 / 35 / 37 / 39 / 78 / 104 / 105 / 106 / 107 / 118 / 128 / လေဆိပ်ကား(ပြည်လမ်း)စီးပါက စိန်ဂျွန်းမှတ်တိုင်ဆင်းရန်

19.အထက ၁ ဗဟန်း(ရွှေဂုံတိုင်မှတ်တိုင်)
YBS - 12 / 20 / 29 / 59 / 61 / 62 / 65 / 75 / 82 / 85 / 118 / 128
YBS - 28 / 36 / 87 / 108 / 115 / 116 / လေဆိပ်ကား(ကမ္ဘာအေးဘုရားလမ်း)စီးပါက ရွှေဂုံတိုင်(နှင်းဆီကုန်း)မှတ်တိုင်ဆင်းရန်

20. အထက ၂ ကမာရွတ်(ကျောင်းလမ်းမှတ်တိုင်)
YBS - 14 / 38 / 60 / 76 / 86

21.အထက ၄ စမ်းချောင်း(ရှမ်းလမ်းမှတ်တိုင်)
YBS - 11 / 20 / 59 / 62 / 75 / 85

22. အလက ၁ ရန်ကင်း(မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 / 38 / 60 / 83 / 87 / 108

23.အထက ၃ လှိုင်(အုတ်ကျင်းမှတ်တိုင်)
YBS - 11 / 22 / 94
YBS - 21 / 30 / 39 / 41 / 61 / 65 / 76 / 77 / 78 / 82 / 86 / 90 စီးပါက အင်းစိန်လမ်းကိုရောက်ပါမည်

24.အထက ၄ အလုံ(သခင်မြပန်းခြံမှတ်တိုင်)
YBS - 14 / 20 / 22 / 23 / 30 / 40 / 41 / 55 / 56 / 57 / 58 / 59 / 89 / 90 / 94 / 98 / 117 / 128

25.အထက ၂ မရမ်းကုန်း(ခဝဲခြံမှတ်တိုင်)
YBS - 21 / 39 / 41 / 65 / 68 / 78 / 88 / 99 / 119 / 15(ကြိုးတံတား)
***YBS - 15(ကြိုးတံတား)စီးပါက ခဝဲခြံရောက်မရောက်မေးစီးရန်

26. အထက ၁ လှိုင်(ဘူတာရုံလမ်းမှတ်တိုင်)
YBS - 11 / 22 / 94
YBS - 21 / 30 / 39 / 41 / 61 / 65 / 76 / 77 / 78 / 82 / 86 / 90 စီးပါက အင်းစိန်လမ်းကိုရောက်ပါမည်

27.အထက ၂ လသာ(ဆေးရုံကြီးမှတ်တိုင်)
YBS - 20(သခင်မြပန်းခြံမှလှိုင်သာယာအပြန်) / 37 / 56 / 94 / 98 / 104 / 105 / 107 / လေဆ်ိပ်ကား(ပြည်လမ်း)
YBS - 4 စီးပါက ဗိုလ်ချုပ်စျေးဆင်းရန်
YBS - 8 / 11 / 77 စီးပါက လေဟာပြင်စျေးဆင်းရန်
YBS - 21 / 35 / 39 / 78 / 118 စီးပါက အရေးပေါ်ဌာနဆင်းရန်

28. အထက ၁ မရမ်းကုန်း(ဦးဘဟန်မှတ်တိုင်)
YBS - 15(ကြိုးတံတား) / 16 / 19 / 61 / 68 / 79 / 83 / 86

29. ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(UFLမှတ်တိုင်)
YBS - 14 / 38 / 60 / 76 / 86

30.သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်(ADမှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 106 / 107 / 117 / လေဆိပ်ကား(ပြည်လမ်း)

31.အလက ၄ ရန်ကင်း(မှတ်တမ်းရုံးမှတ်တိုင်)
YBS - 14 / 26 / 27
YBS - 60 / 63 စီးပါက သံလမ်းမှတ်တိုင်ဆင်းရန်

32.အထက ၁ တောင်ဥက္ကလာ(အင်းဝမှတ်တိုင်)
YBS - 10 / 12 / 32 / 87 / 96 / 108
YBS - 29 / 38 / 83 စီးပါက ဘုရားလမ်းမှတ်တိုင်ဆင်းရန်

Credit From Ko Zaw Lin Thant

02/05/2023

7လပိုင်း JIPT (N4 level & N5 level) ဖြေမည့်ကျောင်းသူ ကျောင်းသားများအတွက်

မေးခွန်းဟောင်းအတန်း freeလေးကို ၁၅.၅.၂၀၂၃မှ စတင်ပြီး face to face online class လေးပြုလုပ်ပေးမာနော်

Edit::လူဦးရေတော့ကန့်သတ်ထားပါတယ်ရှင်

Welcome from CB

22/12/2022

ကရင်နှစ်သစ်ကူးနေ့အား ဂုဏ်ယူဝမ်းမြောက်စွာ

ကြိုဆိုပါသည်။

Photos from KYAW Japanese language class and center's post 28/09/2022

Ojigi (お辞儀) ဦးညွှတ်တာက ဂျပန်နိုင်ငံမှာ ဘယ်​လောက် အ​ရေးပါ​ကြောင်းနဲ့ စီးပွား​ရေး ​လောကမှာ အဓိကသုံးတဲ့ Ojigi ​လေး​တွေကို ကြည့်လိုက်ကြရ​အောင်​နော်။🙇‍♀️
အနောက်တိုင်းယဉ်ကျေးမှုနဲ့မတူဘဲနဲ့ Ojiki လို့​ခေါ်တဲ့ လူသိများ ​တော်​တော်များများမှာမြင်ဖူးမယ့် ဂျပန်မှာ ဦးညွှတ်တာကိုက ဂျပန်လူမျိုး​တွေအတွက်ငယ်ရွယ်စဉ်ကတည်းက သင်ယူခဲ့တဲ့ အရေးကြီးတဲ့ကျင့်ဝတ်တစ်ခုလည်းဖြစ်ပါတယ်။
အခြေအနေပေါ်မူတည်ပြီး ​တော့ ဦးညွှတ်တာက ဒီတိုင်း ​ခေါင်း​လေးတစ်ချက် ညိတ်လိုက်တာဖြစ်နိုင်သလို ခါးကုန်းပြီး နက်ရှိုင်းစွာ ဦးညွှတ်တာလည်းဖြစ်နိူင်ပါတယ်။ လေးနက်ပြီး ရှည်လျားတဲ့ Ojiki က လေးစားမှုကို ညွှန်ပြပြီး သေးငယ်တဲ့ ခေါင်းညိတ်က​တော့ ပုံမှန်အတိုင်း အဲ့​လောက် မ​လေးနက်ဘူ​း​ပေါ့။
ဂျပန်တွင် ဦးညွှတ်တာက လေးမြတ်ခြင်း၊ လေးစားခြင်း၊ နောင်တရခြင်း ဒါမှမဟုတ် ကျေးဇူးတင်ခြင်းအပါအဝင် စိတ်ခံစားမှုများကို ကိုယ်စားပြုရန် အသုံးပြုနိုင်ပါတယ်။🤗

ဦးညွှတ်တာက ယေဘုယျအားဖြင့် ဒူးထောက်ပြီး ဦးညွှတ်တာ (Zarei) နဲ့ ရပ်ပြီး ဦးညွှတ်တာ (Ritsuei) ဟူ၍ နှစ်မျိုးခွဲထားပါတယ်။ ဒီပုံစံနှစ်မျိုးလုံးအတွက်၊ သင့်ခန္ဓာကိုယ်ကို ခါးမှာပဲကွေးပြီး သင့်နောက်ကျောတစ်လျှောက်လုံး ဖြောင့်တန်းနေဖို့ မမေ့သင့်ပါနဲ့​နော်။😊
ဂျပန်ယဉ်ကျေးမှုမှာ ဦးညွှတ်တာက အရိုးစွဲနေတာ​ကြောင့် တချို့လူ​တွေဆိုဖုန်းပြောသည့်အခါမှာ​တောင် တစ်ဖက်လူမမြင်ရ​ပေမယ့် မကြာခဏ ဦးညွှတ်တတ်တယ်တဲ့။ ဂျပန်လူမျိုးအများစုသည် ငယ်ရွယ်စဉ်ကတည်းက မှန်ကန်သောနည်းစနစ်ကို သင်ယူခဲ့ကြ​ပေမယ့်၊ ဂျပန်ကုမ္ပဏီများသည် သူတို့ရဲ့၀န်ထမ်း​တွေကို လုပ်ငန်းခွင်မှာ ဘယ်လိုဦးညွှတ်ရမယ်ဆိုတာ လေ့ကျင့်သင်ကြားပေး​လေ့ရှိပါတယ်။
ဦးညွှတ်တာကို တစ်စုံတစ်ဦးကို နှုတ်ဆက်စကား​ပြေတာ၊ အစည်းအဝေးအစ၊ အတန်း သို့မဟုတ် အခမ်းအနားအစမှာ ကျေးဇူးတင်ကြောင်းကိုဖော်ပြတာ (ကျေးဇူးတင်စကားပြောခြင်း) တစ်စုံတစ်ဦးကို တောင်းပန်တာ၊ ဂုဏ်ပြုတာ၊ ​တော်​တော်များများမှာ သုံးကြပါတယ်။🙇‍♀️
ဂျပန်စီးပွားရေးလောကမှာ အဓိက Ojiki သုံးမျိုး တွေ့ရပါမယ်။ သူတို့က​တော့ eshaku၊ keirei နှင့် saikeirei တို့ဖြစ်ပါတယ်။

Eshaku

ဒီလို Ojigi မျိုးက​တော့ သင့်ရဲ့အပေါ်ပိုင်းကို ၁၅ ဒီဂရီလောက် ကုန်းထားတာပါ။
သင့်မျက်လုံး​တွေက သင့်ခြေဖဝါးရှေ့သုံးမီတာအကွာ မြေပြင်ကိုကြည့်​နေတာမျိုး​ပေါ့
သူက​တော့ ပေါ့ပေါ့ပါးပါး အမျိုးအစားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဆင့်အတန်းတူသူ​တွေကြားဒါမှမဟုတ် ဆိုင်တစ်ဆိုင်မှာ တစ်စုံတစ်ဦးနဲ့ အမှတ်မထင် တွေ့ဆုံတာမျိုး​​တွေမှာ သုံးပါတယ်။ !

Keirei

ဒီလို Ojigi အမျိုးအစာက​တော့ သင့်ခန္ဓာကိုယ်ကို 30 ဒီဂရီလောက် ကုန်းတာပဲဖြစ်ပါတယ်။
သင့်မျက်လုံး​တွေက သင့်ခြေဖဝါးရှေ့ ၁ မီတာအကွာရှိ မြေပြင်ကို ကြည့်​နေတာမျိုး​ပေါ့။
ဂျပန်စီးပွားရေးလုပ်ငန်း​တွေမှာ အသုံးများတဲ့ ဦးညွှတ်တဲ့အမျိုးအစားပါ။ သင့်ရဲ့ဖောက်သည်​တွေကို နှုတ်ဆက်တာမျိုး၊ အစည်းအဝေးများဝင်ရောက်တ္နဲ့ လုပ်ငန်းခွင်မှာ အထက်လူကြီး​တွေနဲ့ အပြန်အလှန် စကား​ပြော ဆက်ဆံတာမှာ သုံးပါတယ်။

Saiikeirei

ဒီလို Ojigi က​​တော့သင့်ခန္ဓာကိုယ်ကို ၄၅ မှ ၇၀ ဒီဂရီကြား ကုန်းရမှာပဲဖြစ်ပါတယ်။
ဒီ ဦးညွှတ်တဲ့အမျိုးအစားက​တော့ တစ်ဖက်လူကို အလွန်ရိုသေကြောင်း ပြသတာဖြစ်ပါတယ်။ အလွန်အရေးကြီးသူ​တွေကို နှုတ်ဆက်တာ၊ တောင်းပန်စကားပြောတာ ဒါမှမဟုတ် ကြီးမားတဲ့အကူအညီတောင်းတာလိုမျိုး အခြေအနေ​တွေမှာအသုံးပြုပါတယ်။
ဒီလို Saiikeirei က အခြားဦးညွှတ်တာ​တွေထက်အရေးကြီးကြောင်း အဓိပ္ပာယ်ရတာ​ကြောင့် သင်က ဦးညွှတ်ထားတဲ့အနေအထားမှာ အချိန်အတော်ကြာ​နေရတာ​တော့ရှိပါတယ်။ ဒါက လေးစားမှုနှင့် ရိုးသားမှုကို ပြသတဲ့ သ​ဘောပါ။

လက်ထားပုံထားနည်းက​​တော့ ဒီလိုအမျိုးအစားအားလုံးနဲ့ ဦးညွှတ်တဲ့အခါ အမျိုးသား​တွေက လက်​တွေကို ခြေထောက်နှစ်ဖက်စလုံးရဲ့ ​ဘေးမှာ ကပ်ထား​လေ့ရှိပါတယ်။ အမျိုးသမီး​တွေအတွက်က​တော့ လက်ကိုခန္ဓာကိုယ်ရဲ့ အလယ်ဗဟိုနဲ့ ဝမ်းဗိုက်အောက်နား​လေးမှာ ထား​လေ့ရှိပါတယ်။ အမျိုးသားတွေလည်း အမျိုးသမီး​တွေလို လက်ထား​တာလည်းရှိပါတယ်။
မင်မင် ဒီ​နေ့ မှာ​တော့ စီးပွား​ရေးမှာ သုံးတဲ့ သုံးခုရယ် ဘယ်​​လောက်အ​ရေးပါလဲဆိုတာ​ကို ​ရေးလိုက်ပါတယ်။ မှားသွားမှာကို စိတ်မပူပါနဲ့။ ဂျပန်လူမျိုးအများစုက​တော့ မှန်ကန်တဲ့ ဦးညွှတ်မှုစည်းမျဉ်း နိုင်ငံခြားသားများသိမယ်လို့ မမျှော်လင့်ထားဘူးလို့ထင်ပါတယ်။ 😂🤗

Photo crd

13/08/2021

အခြေခံ ဂျပန်စကားပြောအမေးများ Part (1)

What’s this?
これは何ですか?
kore wa nan desu ka.

Who is it?
どなたですか?
donata desu ka.


Do you have a minute?
ちょっといいですか?
chotto ii desu ka.

Is that all?
それだけですか?
sore dake desu ka.

What does this mean?
これどういう意味ですか?
kore dou iu imi desu ka.

Am I disturbing you?
お邪魔ですか?
ojama desu ka.

Do you remember?
覚えていますか?
oboete imasu ka.

Where’s the police box?
交番はどこですか?
kouban wa doko desu ka.

Did you have a good time?
楽しかったですか?
tanoshikatta desu ka.

How do I get there?
どうやって行くんですか?
dou yatte ikun desu ka.

What’s going on?
どうしたんですか?
dou sh*tan desu ka.

Really?
そうですか?/本当なのですか?
sou desu ka./hontou na no desu ka.

May I come in?
入れてもらえますか?
hairete moraemasu ka.

I trust nothing is wrong?
何か不都合でも?
nani ka futsugou demo.

Where do I find a phone?
電話はどこにありますか?
denwa wa doko ni arimasu ka.

Who told you that?
どなたからお聞きになったのですか?
donata kara okiki ni natta no desu ka.

Hello? Can you hear me?
もし、もし? 聞こえますか?
moshi moshi. kikoemasu ka.

Do you know this area well?
このへんを、よくご存じなのですか?
kono hen o, yoku gozonji na no desu ka.

I see. Anything else?
なるほど、ほかに何かありますか?
naruhodo, hoka ni nanika arimasu ka.

I’m sorry?
なんですって?
nan desu tte.

May I?
よろしいですか?
yoroshii desu ka.

Photos from KYAW Japanese language class and center's post 13/08/2021

🚫 သင်ဂျပန်ရောက်ရင် ဒါတွေမလုပ်ပါနဲ့ 🚫

🛑 ဘာကိုမှ လက်ညှိုးမထိုးပါနဲ့ 🛑

🔍 လူတစ်ဦးတစ်‌ယောက်ကိုသော်လည်းကောင်း၊ အရာဝတ္ထုကိုသော်လည်းကောင်း၊ နေရာတစ်နေရာကို သော်လည်းကောင်း လက်ညှိုးမထိုးမိပါစေနှင့်။ လက်ညှိုးထိုးတာကို ဂျပန်လူမျိုးတွေကလည်း ရိုင်းတယ်လို့သတ်မှတ်ထားပါတယ်။

🛑 အိမ်တစ်အိမ်ကိုသော်လည်းကောင်း၊ ရုံးခန်းတစ်ခန်းကိုသော်လည်းကောင်း ဝင်မည်ဆိုလျှင် ဖိနပ်ချွတ်ပါ 🛑

🔍 ဂျပန်လူမျိုးတွေရဲ့ အိမ်/ရုံး စတဲ့ နေရာတွေကို မဝင်ခင် မိမိစီးလာတဲ့ ဖိနပ်ကို ချွတ်ပြီး အတွင်းစီးဖိနပ်ကို ပြောင်းစီးပါ။ ဂျပန်လူမျိုးတွေက အပြင်ကနေ စီးလာတဲ့ ဖိနပ်ကမသန့်ရှင်းဘူးလို့ ယူဆတဲ့ အတွက် အတွင်းစီးဖိနပ်ကို သတ်သတ်ထားလေ့ရှိပါတယ်။ အိမ်တို့ ရုံးတို့အပြင် အချို့စားသောက်ဆိုင်တွေမှာပါ မထဲမဝင်ခင် ဖိနပ်လဲပေးရပါတယ်။

🛑 လမ်းလျှောက်ရင်းသော်လည်းကောင်း၊ Public Transport တွေပေါ်မှာသော်လည်းကောင်း အစားမစားပါနဲ့ 🛑

🔍 ဂျပန်နိုင်ငံမှာ လမ်းသွားနေရင်းနဲ့ အစားစားတာမကောင်းပါဘူး။ Vending Machineတို့၊ လမ်းဘေးဆိုင်တွေကနေ ဝယ်စားတယ်ဆိုရင်လည်း အဲ့ဒီနေရာမှာဘဲ ရပ်ပြီးစားသင့်ပါတယ်။ စားပြီးရင်လည်း သူတို့ သတ်မှတ်ထားတဲ့ အမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ပေးရပါတယ်။

🛑 စားသောက်ဆိုင်တွေမှာ tip မပေးပါနဲ့ 🛑

🔍 မြန်မာနိုင်ငံမှာတော့ တစ်ခါတစ်ရံ စားသောက်ဆိုင်တွေမှာဆိုရင် ဝန်ဆောင်မှုပေးသူတွေကို tip ပေးလေ့ရှိပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဒီလို tip ပေးတဲ့ ယဉ်ကျေးမှုမရှိပါဘူး။ ဝန်ဆောင်မှုပေးသူတွေအတွက် ဝန်ဆောင်ခက Bill မှာတစ်ခါတည်း ပါပြီးသားဖြစ်ပါတယ်။

🛑 တူကို စနစ်တကျအသုံးပြုတတ်ပါစေ 🛑

🔍 တူကို စနစ်တကျအသုံးပြုတတ်ဖို့က ဂျပန်နိုင်ငံရဲ့ အစားအသောက်ယဉ်ကျေးမှုမှာ အရေးပါပါတယ်။ တူကို ဘယ်လိုကိုင်သင့်တယ်၊ ဘယ်လို အသုံးပြုရင် ရိုင်းတတ်တယ်ဆိုတဲ့ အချက်လေးတွေကို သိထားသင့်ပါတယ်။

🛑 ပစ္စည်းအပေးအယူလုပ်လျှင် လက်နှစ်ဖက်ဖြင့်လုပ်ပါ 🛑

🔍 ဒီယဉ်ကျေးမှုကတော့ မြန်မာယဉ်ကျေးမှုနဲ့ အတော်လေးဆင်ပါတယ်။

#မူရင်းရေးသားသူကိုcrdပေးပါတယ်💙

11/08/2021

「すみません」と「ごめんなさい」の違い

အမှားတခုခုလုပ်မိလို့ တောင်းပန်တဲ့အခါ ဘယ်လိုအသုံးအနှုန်းကို သုံးကြပါသလဲ။ すみません? ごめんなさい?

ဒီအသုံးအနှုန်းလေးနှစ်ခုက‌လည်း Basic levelမှာတည်းက လေ့လာခဲ့ရပြီး နေ့စဉ်ဘဝမှာလည်း အတော်လေးအသုံးပြုဖြစ်ကြပါတယ်။ နှစ်ခုလုံးက တောင်းပန်တဲ့အခါ သုံးပေမယ့် ဘယ်လိုကွာခြားလဲဆိုတာကိုရော သိချင်စိတ်ဖြစ်ဖူးကြပါသလား။ ဒီနေ့မှာတော့ すみません နဲ့ ごめんなさい ကို ဘယ်လိုခွဲခြားပြီး အသုံးပြုကြမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ပထမအချက်အနေနဲ့
その場で謝って済むこと
တောင်းပန်လိုက်ရုံနဲ့ ပြီးသွားမယ့်အခြေအနေတွေမှာဆိုရင် ごめんなさい ကို အသုံးပြုလို့ရပါတယ်။

ဥပမာအနေနဲ့

1.待ち合わせに遅れたとき
ချိန်းထားတဲ့နေရာကို နောက်ကျပြီးရောက်သွားတဲ့အခါ တဖက်သူက စိတ်ဆိုးနေလောက်မယ်ဆိုပေမယ့် စကားနဲ့ တောင်းပန်လိုက်ရုံနဲ့ရတဲ့ အခြေအနေဖြစ်တဲ့ အတွက် ごめんなさい ကိုသုံးလို့ရပါတယ်။ 

2. 道でぶつかったとき
လမ်းမှာ တစုံတယောက်နဲ့ဝင်တိုက်မိတဲ့အခါ sorryနော် လို့ပြောပြီး ကိုယ့်လမ်းကို ဆက်သွားကြတယ်မလား။ တောင်းပန်စကားပြောလိုက်ရုံနဲ့ ရတဲ့အခြေအနေဖြစ်တဲ့အတွက် ごめんなさい ကို သုံးနိုင်ပါတယ်။

ဒါဆိုရင် すみません ကို ဘယ်လိုအခြေအနေတွေမှာ သုံးကြပါမလဲ။

その場で謝って済まないこと
တောင်းပန်လိုက်ရုံနဲ့တင် မပြီးတဲ့ကိစ္စရပ်တွေမှာ အသုံးပြုနိုင်ပါတယ်။

ဥပမာတချို့ကို ကြည့်ကြည့်ရအောင်။

1. 仕事でミスしたとき
အလုပ်မှာ အမှားလုပ်မိတဲ့အခါမျိုးမှာ ပါးစပ်ကလည်းတောင်းပန်ရမှာဖြစ်သလို အနောက်ကလည်း ကိုယ်လုပ်မိတဲ့အမှားအတွက် တာဝန်ယူပြီး ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။

2.相手のものを破損させたとき
သူများရဲ့ ပစ္စည်းတခုခုကို ပျက်စီးအောင်လုပ်မိလိုက်တဲ့အခါ တောင်းပန်ရုံနဲ့မပြီးပါဘူး။ အသစ်တခုပြန်လျော်ပေးရမှာဖြစ်တဲ့အတွက် ဒီလိုအခြေအနေတွေမှာဆိုရင် すみません ကို အသုံးပြုရမှာပဲဖြစ်ပါတယ်။

ဒီအသုံးအနှုန်း နှစ်ခုလုံးက ယဉ်ကျေးတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ သို့ပေမယ့် ごめんなさいက すみませんနဲ့ယှဉ်ရင် နည်းနည်းကလေးဆန်တဲ့ အသုံးအနှုန်းလို့ ဆိုကြပါတယ်။

すみませんမှာက ကိုယ့်အမှားကိုလက်ခံပြီး ပြန်လည်သုံးသပ်နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပါဝင်နေပါတယ်။

ごめんなさい ကတော့ 'ခွင့်လွှတ်ပေးပါ' ဆိုတဲ့ အဓိပ္ပါယ်မျိုးပါဝင်ပါတယ်။ လုပ်ငန်းခွင်မှာ မသုံးမိအောင် သတိထားရပါမယ်။ ဒါဆိုရင် လုပ်ငန်းခွင်မှာ တောင်းပန်တဲ့အခါ ဘယ်လိုစကားမျိုးကို သုံးနှုန်းရပါမလဲ။
「申し訳ありません」
「申し訳ございません」 စတာတွေကို အသုံးပြုလို့ရပါတယ်

11/08/2021

「なん」と「なに」の違い

အားလုံးပဲ မင်္ဂလာပါ။ Pageလေး ဖွင့်ပြီးနောက် ပထမဆုံးဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ なん နဲ့ なに ဘယ်လိုကွာခြားလဲဆိုတာလေးပဲ ဖြစ်ပါတယ်။

「何」 ဒီKanji လေးကိုတွေ့တဲ့အခါ なんလို့ အသံထွက်ရမလား なにလို့ အသံထွက်ရမလားဆိုပြီး ဝေခွဲရခက်တာမျိုး ဖြစ်ဖူးကြပါသလား။ ကျွန်မတို့ Basic levelမှာတည်းက သုံးခဲ့ကြတဲ့ ဒီစကားလုံးနှစ်လုံးရဲ့ အသုံးအနှုန်းက ဘယ်လိုကွာသွားလဲဆိုတာ လေ့လာကြည့်ကြရအောင်။

နှစ်ခုလုံးက အင်္ဂလိပ်လိုဆိုရင် 'What'လို့ အဓိပ္ပါယ်ရပါတယ်။
ဘယ်အခြေအနေမှာ ဘယ်စကားလုံးကိုသုံးမလဲဆိုတာကို အချက် 3ချက်နဲ့ မှတ်လို့ရပါတယ်။

1. အနောက်မှာ です ပါရင် なん ကိုသုံးပါတယ်။
れい: これは なん ですか。

2. အနောက်မှာ なぎょう、たぎょう、だぎょう တွေပါတဲ့အခါ なん ကို သုံးပါတယ်။
(ဒီနေရာမှာ ぎょうဆိုတာက ကျွန်မတို့ မြန်မာလို Naလိုင်း၊ Taလိုင်း စသည်ဖြင့် ခေါ်ကြတဲ့ လိုင်းကိုပြောတာပါ။ Kanji နဲ့ဆိုရင် な行、た行 လို့ရေးပါတယ်။)

れい 1: これは なん の ほん ですか。
れい 2: これは なん ですか。
れい 3: これは なん と いいますか。

3. နောက်ဆုံးတချက်ကတော့ ဘယ်လိုအရာမျိုးလဲ လို့မေးချင်တဲ့အခါမှာ なに ကိုသုံးပါတယ်။
အရေအတွက်ကို မေးချင်တဲ့အခါမှာတော့ なんကိုသုံးပါတယ်။

ဆိုတော့ အလွယ်မှတ်မယ်ဆိုရင်
どんなもの〜 なに
いくつ 〜 なん  လို့မှတ်ထားလို့ရပါတယ်။

ဒါဆိုရင် ဥပမာလေးကို တချက်ကြည့်ကြည့်ရအောင်။

れい1: ジョンさんは 何人ですか。
ジョンさんは なにじんですか。
ဒီနေရာမှာ ဂျွန် က ဘာလူမျိုးလဲလို့ မေးချင်တာဖြစ်တဲ့အတွက် なにじん လို့ဖတ်ရပါမယ်။

れい2: きょうしつに がくせいが 何人いますか。
    きょうしつに がくせいが なんにんいますか。
ဒီမှာကတော့ ကျောင်းသား ဘယ်နှယောက်လဲဆိုတာကို မေးချင်တာဖြစ်တဲ့အတွက် なんにん လို့သုံးပေးရပါမယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mayangone
Yangon