09/10/2023
" ပြုသူ_အသစ်, ဖြစ်သူ_အဟောင်း"
ဘဝမှာ ....
ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ ....။
တချို့က ....
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ ...။
တချို့ကတော့ ....
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ ....။
ပြုသူအသစ်_ဖြစ်သူအဟောင်း_တဲ့
ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိ ကြရတာပါပဲ ...။
ကိုယ်က ကောင်းပါရဲ့နဲ့ ....
▪️ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ
▪️စော်ကားတာကို ခံရတဲ့အခါ
▪️ငြိုငြင်တာကို ခံရတဲ့အခါ
▪️အထင်လွဲတာကို ခံရတဲ့အခါ
▪️သစ္စာဖောက်တာကို ခံရတဲ့အခါ
▪️ဒီလိုလေး နှလုံးသွင်းလိုက်ပါ ....။
ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ ....
တစ်ခုပြီး တစ်ခု ကျေသွားတယ် လို့ပဲ
သဘောထားလိုက်ပါ ....။
ခံရတဲ့သူက_အဟောင်း_ခံရတာပါ
လုပ်တဲ့သူကသာ_အသစ်_လုပ်နေတာပါ
များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့ လို့
သဘောထားပြီး......
အခြေအနေ တချို့ကို
ကျေနပ် လက်ခံလိုက်ပါ ....။
ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး....
ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ
ဖြစ်လွယ် ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်....
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့
မျှော်လင့်မိပါတယ် .....။
#ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ
://bit.ly/3dqmJFq
10/08/2023
" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''
"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''
"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''
"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''
"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''
"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''
"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ္ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''
"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''
"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''
"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''
"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''
လေးစာစွာဖြင့်ပြန်လည်မျှဝေပါသည်။
https://www.facebook.com/Literature99?mibextid=ZbWKwL
08/08/2023
“ဗုဒ္ဓအဆုံးအမ ၉ ချက်”
______________________
▪️၁။ ကံ၊ ကံ၏အကျိုးကို သက်ဝင်ယုံကြည်ခြင်း
ကိုယ်လုပ်သမျှ အကောင်းအဆိုးကို ကိုယ်ပဲ တာဝန်ယူ၊ တာဝန်ခံရမယ်။ ကောင်းတာ လုပ်ပြီးလည်း လူသိအောင် လိုက်ကြွားနေစရာ မလိုသလို၊ မကောင်းတာ လုပ်ပြီးရင်လည်း ရှောင်လွှဲလို့ မရဘူး။ ဒါတွေအကုန်လုံးက တစ်နေ့ကိုယ့်ဆီ ပြန်ရောက်လာမှာပဲ။
ဒီအတွက် သူများတွေ မဟုတ်တာ လုပ်ပြီး ကြီးပွားနေတိုင်းလည်း ကိုယ်လိုက်မလုပ်တော့ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်လမ်းကိုယ်လျှောက်နိုင်လာလိမ့်မယ်။ ဒါကြောင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူခြင်း ဖြစ်ပါတယ်။
▪️၂။ အကြောင်းအကျိုး ဆက်စပ်မှုကို လက်ခံခြင်း
ဗုဒ္ဓက အကြောင်းမဲ့ ဖြစ်နေတာ ဘာမှမရှိဘူးလို့ ဆိုတယ်။ အားလုံးဟာ အကြောင်းနဲ့ အကျိုး ဆက်စပ်ဖြစ်ပေါ်နေတယ်။ ဆိုတော့ ဒီအကျိုးတရားကို လိုချင်ရင် ဆိုင်ရာအကြောင်းတရားကို ဖြည့်ဆည်းဖို့ လိုလိမ့်မယ်။
ဥပမာ ကွန်ပျူတာ တက်ချင်ရင် ကွန်ပျူတာ သင်ပေါ့။ ပိုက်ဆံချမ်းသာချင်ရင် ပိုက်ဆံချမ်းသာစေမဲ့ အကြောင်းတရားတွေကို လုပ်ပေါ့။ စိတ်ညစ်ညူးစေမဲ့ အရာတွေကို လုပ်နေပြီး စိတ်ချမ်းသာချင်လိုက်တာ အော်နေလို့တော့ မရဘူးပေါ့။ စနစ်အပြောင်းအလဲ ဖြစ်ချင်တယ်ဆိုလည်း ဂုဏ်တော်ပုတီး စိပ်နေရုံနဲ့တော့ ဘယ်ရမလဲ။ ဆိုင်ရာအကြောင်းတရားတွေကို ဖြည့်ဆည်းမှ ရမှာပေါ့။
အဲ့လို မဟုတ်ဘဲ ဗေဒင်မေးမယ်၊ ယတြာချေမယ်၊ အဆောင်အယောင်တွေ၊ နတ်တွေကို အားကိုးနေမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ ပြောလို့ မရနိုင်သေးပါဘူး။
▪️၃။ အစွန်းမရောက်ခြင်း
မဇ္ဈိမ ပဋိပဒါဆိုတာ ဘာလာလာ ကြားချဖို့ မဟုတ်ဘူး။ အစွန်းမရောက်တာကို ဆိုလိုတာပါ။ မလိုအပ်တဲ့ ဒုက္ခဆင်းရဲတွေ ခံနေတာလည်း အစွန်းတစ်ဖက်၊ ကာမဂုဏ်စည်းစိမ်တွေ ခံစားပြီး ယစ်မူးနေတာလည်း အစွန်းတစ်ဖက်။ ဒီနှစ်ခုလုံးကို ရှောင်ရှားပြီး အစွန်းလွတ်အောင် နေတာပါ။
သေချာစဥ်းစားကြည့်ရင် ဘဝရဲ့ အစိတ်အပိုင်းအားလုံးမှာလည်း အသုံးတည့်ပါတယ်။ ဥပမာ အောင်မြင်လိုစိတ် မရှိရင် လူက ဘာမှဖြစ်ထွန်းမှာ မဟုတ်ဘူး။ အောင်မြင်လိုစိတ် လွန်ကဲသွားပြန်ရင်လည်း မဟုတ်တဲ့နည်းတွေနဲ့ ကြိုးစားမိတတ်တယ်။
Balanced diet, Balanced Life, Work Life Balance စသဖြင့် ပြောနေကြတာတွေ အကုန်လုံးဟာလည်း ဒီသဘောပါပဲ။
◾️၄။ ကြိုးစားအားထုတ်မှု
ဗုဒ္ဓဟာ ကြိုးစားအားထုတ်ခြင်းကို အထူးအလေးထားပါတယ်။ မဂ္ဂင် ၈ ပါးမှာလည်း မှန်သော အားထုတ်မှု (Right effort) ဆိုတာကို ထည့်ထားတယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး အကြောင်းအကျိုး ဆက်စပ်မှုကို လက်ခံထားတဲ့သူဟာ မကြိုးစားလို့ကို မရဘူး။
ဘဝမှာ ပြည့်စုံဖို့ဆိုလည်း ကြိုးစားရတယ်။ ကျန်းမာဖို့လည်း ကြိုးစားရတယ်။ ကုသိုလ်ပြုဖို့ဆိုလည်း ကြိုးစားရတယ်။ တရားထိုင်မယ်ဆိုလည်း ထိုင်နည်းတွေ လေ့လာရတယ်။ ကိုယ်တိုင်ထိုင်ကြည့်ရတယ်။ အဆင်မပြေရင် အတွေ့အကြုံရှိသူကို မေးမြန်းရတယ်။ အဲ့တော့မှ တဖြည်းဖြည်း အဆင်ပြေလာတာ။
▪️၅။ စဉ်းစားဆင်ခြင်မှု
ဗုဒ္ဓဝါဒမှာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေမှာ အားအနည်းဆုံးကလည်း အဲဒါပဲ။ ပညာရေးစနစ်နဲ့လည်း ဆိုင်တာပေါ့။ ဦးနှောက်တွေကို စဉ်းစားဖို့ထက် မှတ်သားဖို့၊ လိုက်နာဖို့၊ နာယူဖို့ပဲ လေ့ကျင့်ပေးလိုက်တဲ့အခါ ဗုဒ္ဓဖြစ်စေချင်တာနဲ့က တခြားစီ ဖြစ်လာတယ်။
ဗုဒ္ဓအဆုံးအမတွေထဲမှာ ကာလာမသုတ် ဆိုတာ ထင်ရှားသလောက် အင်မတန်လည်း လေးစားစရာ ကောင်းတယ်။ ဘယ်သူပြောလို့မှ မဟုတ်ဘဲ ကိုယ်တိုင်အသိနဲ့သာ လက်ခံပါ ဆိုပြီး ဟောခဲ့တာ။ ဘာကိုမဆို ဝေဖန်ပါ။ ဆန်းစစ်ပါ။ စဉ်းစားပါ။ ဘုရားအဆုံးအမတွေကိုတောင်မှ ဘာကြောင့် ဒီလိုဆုံးမခဲ့တာလဲ၊ တားမြစ်ခဲ့တာလဲ၊ တိုက်တွန်းခဲ့တာလဲ ဆိုတဲ့ ရည်ရွယ်ချက်ကို နားလည်ရင် ကိုးကွယ်ရတာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။
▪️၆။ ကိုယ်ချင်းစာတရား
လူ့ဘောင်အဖွဲ့အစည်းတစ်ခု သာယာဖို့ဆိုတာ ကိုယ်ချင်းစာတရားရှိတဲ့ လူတွေ လိုအပ်တယ်။ ဗုဒ္ဓဘာသာဝင်တွေ နေ့စဉ်စောင့်ထိန်းကြရတဲ့ ငါးပါးသီလဆိုတာ တကယ်တော့ ကိုယ်ချင်းစာတရားကို အခြေခံတာပဲ။ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်အောင် စောင့်ထိန်းနေထိုင်တာ ဖြစ်လို့ မဟာဒါနလို့လည်း ဆုံးမခဲ့တယ်။
ဒီတော့ ကုသိုလ်ရဖို့ ဆိုတာမျိုးလောက် မဟုတ်ဘဲ ကိုယ်ချင်းစာတရားကို ကိုယ့်စိတ်ထဲမှာ မွေးမြူနိုင်ဖို့ လိုတယ်။ ဥပမာ ဆေးလိပ်မသောက်တတ်တဲ့သူရှေ့မှာ ဆေးလိပ်မသောက်ရဘူး ဆိုတာ ငါးပါးသီလထဲ မပါဘူး။ သို့သော် ကိုယ်ချင်းစာတရား ဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်။ လုပ်သင့် မလုပ်သင့် ကွဲကွဲပြားပြား ဖြစ်သွားလိမ့်မယ်။
▪️၇။ မေတ္တာ၊ ကရုဏာထားဖို့
ဒါလည်း ဗုဒ္ဓအဆုံးအမတွေမှာ မကြာခဏ ကြားရတဲ့အချက် ဖြစ်တယ်။ မေတ္တာဆိုတာ မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ထားမျိုးကို ဆိုလိုတာ။ ကောင်းစေချင်တယ်။ အဆင်ပြေစေချင်တယ်။ ပျော်ရွှင်စေချင်တယ်။ အဲ့လိုစိတ်ကလေးထားပြီး ဘယ်သူ့ကိုမဆို ကူညီတယ်။ နှုတ်အားဖြင့် ဖေးမတယ်။ အားပေးတယ်။ ကရုဏာဆိုတာကတော့ သနားကြင်နာမှုပေါ့။ ဆင်းရဲဒုက္ခရောက်နေသူတွေကို စောင့်ရှောက်တယ်။ မျှဝေတယ်။ ဒါတွေဟာ ကိုယ်ချင်းစာတရားလိုပဲ သာယာတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့မှာ သိပ်လိုအပ်တဲ့ စိတ်နေစိတ်ထားတွေ ဖြစ်တယ်။
▪️၈။ စိတ်ဗဟိုပြု သင်ကြားမှု
ဗုဒ္ဓအဆုံးအမတွေကို Mind-centered teaching လို့လည်း ဆိုကြတယ်။ လေ့လာမိသလောက် ဘာသာတရား အားလုံးထဲမှာ စိတ်ကို အသေးစိတ်အကျဆုံး ဟောကြားခဲ့တာ ဗုဒ္ဓပဲ။ သတ္တဝါတွေမှာ ကိုယ်နဲ့ စိတ်၊ ရုပ်နဲ့ နာမ် ဆိုပြီး ရှိတယ်။ အဲဒီစိတ်ဆိုတာကိုမှ ၄ ခု ထပ်ခွဲလိုက်သေးတယ်။ ရုပ်နဲ့ ပေါင်းလိုက်တော့ ၅ ခု။ ဒါကို ခန္ဓာ ၅ ပါးလို့ ခေါ်တယ်။ တစ်နည်းအားဖြင့် စိတ်ကို ခွဲခြမ်းစိတ်ဖြာလိုက်တာပဲ။
မေတ္တသုတ်မှာဆို မေတ္တာထားနိုင်တဲ့ လူတစ်ယောက် ဖြစ်ဖို့မှာ ဘယ်လိုအချက်တွေ လိုအပ်သလဲ အသေးစိတ် ဟောထားတယ်။ စိတ်အညစ်အကြေးတွေဆိုရင်လည်း စိတ်ပုပ်၊ စိတ်ယုတ်ကိုမှ ခေါ်တာ မဟုတ်ဘူး။ အတိတ်ရောက်လိုက်၊ အနာဂတ်ရောက်လိုက်နဲ့ ပျံ့လွင့်နေတာသည်လည်း စိတ်ကို ညစ်နွမ်းစေတဲ့ အညစ်အကြေးပဲတဲ့။ မနာလိုတာကလည်း စိတ်အညစ်အကြေးပဲ။ အရှက်အကြောက် မရှိတာကလည်း စိတ်အညစ်အကြေးပဲတဲ့။
တရားထိုင်တာ၊ ဝိပဿနာ အားထုတ်တာတွေကလည်း တကယ်တော့ ကိုယ့်စိတ်ကို လေ့လာနေခြင်း၊ ပိုင်းခြားရှုမြင်ခြင်း၊ ကုသနေခြင်းပါပဲ။ ဒါကြောင့် စိတ်နဲ့ ပတ်သက်လို့ အားထုတ်မှု၊ လေ့ကျင့်မှု တစ်စုံတရာ ရှိနေမှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုးနပ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
▪️၉။ အစွဲအလမ်းတွေကို ဖြတ်တောက်ဖို့
ဗုဒ္ဓဝါဒက သံသရာဆိုတာ ရှိတယ်။ တစ်ဘဝပြီးတစ်ဘ၀ ဖြစ်နေရတယ်လို့ ဆိုတယ်။ ဘဝဖြစ်ခြင်းဟာ ဒုက္ခဆင်းရဲပဲ။ ဘာလို့ ဒုက္ခဖြစ်တာလဲဆိုတော့ မတည်မြဲလို့၊ ကိုယ်မပိုင်လို့၊ အစိုးမရလို့။ ဒီတော့ နှစ်သက်စရာ မကောင်းဘူးလို့ ဆိုတယ်။ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ဆိုတာ ဘုံတစ်ခု မဟုတ်ဘူး။ ဘဝအသစ် ထပ်မဖြစ်တော့ခြင်းကို ဆိုလိုတာ။ သံသရာ မလည်တော့တာပေါ့။ အဲ့လိုလွတ်မြောက်ဖို့ဆို တဏှာဆိုတဲ့ အစွဲအလမ်းကို ဖြတ်တောက်ဖို့ လိုလိမ့်မယ်။ ဗုဒ္ဓရဲ့ တကယ့်အရေးကြီး သင်ကြားမှုတွေဖြစ်တဲ့ သစ္စာ ၄ ပါးတို့၊ ပဋိစ္စသမုပ္ပါဒ်တို့ ဆိုတာကလည်း ဒါကိုပဲ အကျဉ်းအကျယ် ဟောထားတာပဲ။
နောက်ဆုံး၊ အဲ့လိုနိဗ္ဗာန်ကို မလိုချင်ပါဘူး၊ သို့မဟုတ် သံသရာဆိုတာကို မယုံပါဘူး ဆိုရင်တောင် ခုလက်ရှိဘဝမှာပဲ စဉ်းစားကြည့်။ စိတ်အေးချမ်းမှုနဲ့ စိတ်စွဲလမ်းမှုဟာ ပြောင်းပြန်အချိုးကျတယ်။ စိတ်စွဲလမ်းမှု များလေလေ စိတ်မအေးချမ်းရလေပဲ။ ငွေ ၁ သိန်း ခိုးခံရလို့ ဘာမှမဖြစ်ဘူး။ 'ကိုယ်ပိုင်တဲ့' ငွေ ၁ သိန်း ခိုးခံရတယ်ဆိုမှ လူက ပူလောင်တာလေ။ သက်ရှိသတ္တဝါကို စွဲလမ်းမယ်။ ပစ္စည်းဥစ္စာကို စွဲလမ်းမယ်။ ငွေကို စွဲလမ်းမယ်။ ရာထူး၊ ဂုဏ်ဒြပ်ကို စွဲလမ်းမယ်။ ဘာကိုပဲ စွဲလမ်းစွဲလမ်း သေချာတာက ပူပန်ရမှာပဲ။ ဒါကြောင့် စိတ်အေးချမ်းချင်တဲ့သူဟာ စွဲလမ်းမှုကို လျှော့ချဖို့ လိုအပ်တယ်။
ဒီ ၉ ချက်ကတော့ ဗုဒ္ဓဟောကြားချက်တွေထဲမှာ မကြာခဏ ကြားရလေ့ရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓ အထူးပြုပြီး ဆုံးမခဲ့တာတွေပေါ့။ တခြားလည်း ကျန်ကောင်းကျန်နိုင်ပါတယ်။ ဒီအချက်တွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကျင့်သုံးနေထိုင်မှသာ ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ မှတ်ယူနိုင်ပါလိမ့်မယ်။
#ဒေါက်တာ ဖြိုးသီဟ
https://www.facebook.com/Literature99?mibextid=ZbWKwL
29/11/2022
စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ
---------------------------------------
ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ စကားကို လက်လွယ်စပယ် မပြောပါနဲ့။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ လူတိုင်းမှာ ရှိပါတယ်။
ဘယ်လောက်ပဲ မုန်းတီးနေပါစေ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား တာမျိုး မပြုလုပ်ပါနဲ့။
လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။
ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့ တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။
မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ အခွင့်အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။
ဘယ်လောက်ပဲ အလကားရနေပါစေ မိမိရသင့်တဲ့ ပမာဏကို အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ
သိက္ခာတရားဆိုတာ မွေးမြူသင့်ပါတယ်။
ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့ ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်ဖြေရှင်းတတ်ပါစေ
အကူအညီကို အလွယ်တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။
ဘယ်လောက်ပဲ ရိုးသားတဲ့လူကို တွေ့ပါစေ သင့်အကျိုးအမြတ်အတွက်အသုံးမချပါနဲ့။
ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်ပါဘူး။
ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။
ဒီကနေ့ အင်အားကြီးမားသူဟာ နောင်တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ
သံသရာဆိုတာ လည်ပတ်နေပါတယ်။
ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်ကျင်ဖက်ဖြစ်နေပါစေ
ကိုယ်ပဲ မှန်နေတယ်လို့ မထင်ပါနဲ့ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။
အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်းမနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။
သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့ အလွယ်တကူ မှတ်ချက်မပေးပါနဲ့။
နောက်ခံ အခြေအနေဆိုတာ တသမတ်တည်းရရှိနိုင်တာ မဟုတ်လို့
အရည်အချင်းတွေ ကွဲပြားနေတာကို သတိပြုမိပါစေ။
မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု အတွေးအခေါ် အခြေအနေ တစ်ခုကို
မိမိဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။
ဒါပေမယ့်
သူတစ်ပါး ကြိုက်နှစ်သက်တဲ့အရာတွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး
သင်ကြိုက်တဲ့အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။
https://www.facebook.com/Literature99/
29/10/2022
တစ်ခါက ကျီးတစ်ကောင်သည် အရှေ့အရပ်သို့ ပျံသန်းရန်ထွက်ခွာလာခဲ့သည်။ လမ်းတွင် ခိုတစ်ကောင်နှင့်တွေ့ပြီး သစ်ပင်တစ်ပင်တွင် အတူနားမိကြသည်။
ပင်ပန်းနေသောကျီးကိုမြင်သော် ခိုက “အသင်ကျီး အသင့်ကြည့်ရသည်မှာ ခရီးဝေးကလာပုံရတယ်။ ဘယ်ကိုများပျံသန်းမလို့ပါလဲ” ဟု မေးလေသည်။
ကျီးက “အကျွန်ုပ်နေသောအရပ်ရှိ လူများက ကျွန်ုပ်၏အသံအား နားဝင်မချိုဟု ဆိုသောကြောင့် အခြားအရပ်သို့ ပြောင်းရွှေ့ရန်ပျံသန်းနေခြင်းဖြစ်သည်” ဟုဖြေလေသည်။
ထိုအခါ ခိုက “အကယ်၍ သင့်အသံအား သင် မပြောင်းလဲခဲ့လျှင် သင် ဘယ်ရောက်ရောက် လူတွေက ကြိုဆိုကြမှာ မဟုတ်ဘူး။ ပျံသန်းခြင်းဖြင့် သင် အင်အားကုန်ရုံသာဖြစ်မယ်” ဟုပြောလိုက်သည်။
#အကယ်၍ ပတ်ဝန်းကျင်ကိုသင်မပြောင်းလဲနိုင်ခဲ့သော် ပြောင်းလဲနိုင်သောတစ်ခုတည်းသောအရာမှာ သင်ကိုယ်တိုင်ပင်ဖြစ်သည်။
Credtooriwriter
https://www.facebook.com/Literature99/
25/10/2022
🍂 ဘဝမြေဩဇာ 🍂
တစ်ခါက ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင်ကံအဆိုးဆုံးကလေးဟုထင်နေသည်။အကြောင်းမှာ သူ့တွင်ရောဂါကြောင့်ခြေထောက်မသန်မစွမ်းဖြစ်ခဲ့ရပြီး သွားများလည်း အထပ်ထပ်မညီမညာပေါက်နေသောကြောင့် ဖြစ်သည်။ သူသည် အခြားကလေးသူငယ်များနှင့်ပျော်ပါးဆော့ကစားခြင်းမရှိဘဲ တစ်ဦးတည်းထီးထီးနေတတ်သည်။ ဆရာမစာမေးတိုင်းလည်း ပြန်ဖြေခြင်းမရှိ။ ခေါင်းငုံ့ကာနေတတ်သူဖြစ်သည်။
တစ်ခုသော နွေဦးပေါက်တွင် သူ၏ဖခင်သည် အိမ်နီးချင်းမိတ်ဆွေထံမှရခဲ့သော သစ်ပင်ပျိုးပင်များကို သားသမီးများအား တစ်ယောက်တစ်ပင်စီ ခွဲဝေပြီး အိမ်နောက်တွင် စိုက်ပျိုးစေခဲ့သည်။ ပျိုးပင်ကိုအကောင်းဆုံး၊ အရှင်သန်ဆုံး စိုက်ပျိုးနိုင်သူအား ဆုချမည်ဟုလည်းကြေညာခဲ့သည်။
ဖခင်ပေးမည့်ဆုအား သူလည်း လိုချင်သည်။ သို့သော် တခြားသူများက ပျိုးပင်ကိုယူပြီး အားရဝမ်းသာ စိုက်ပျိုးနေချိန်တွင် သူ့စိတ်ထဲတွင်ဘာကြောင့်မှန်းမသိ မကောင်းသောအတွေးတချို့ ဝင်ခဲ့သည်။ ကိုယ်စိုက်ပျိုးသောပျိုးပင် အမြန်ဆုံး ညှိုးနွမ်းသေဆုံးသွားရန်သာသူ မျှော်လင့်ခဲ့သည်။ သို့နှင့် အပင်ကို ရေတစ်ခါနှစ်ခါလောင်းပြီးနောက်ပိုင်း .. သူလှည့်ပင်မကြည့်ခဲ့မိပေ။
ရက်အတန်ကြာသောအခါ စိုက်ထားသောအပင်အား သူသွားရောက်ကြည့်ပြန်သည်။ အပင်မှာ မညှိုးနွမ်း၊ မသေဆုံးသည့်အပြင်ရွက်နုများထွက်လာသည်ကို ထူးဆန်းစွာတွေ့မြင်ခဲ့ရသည်။ . တခြားအပင်များထက်ပင် ပိုရှင်သန်နေသည်ကိုအံ့သြစွာ သူတွေ့လိုက်ရသည်။ ဖခင်မှာ ကတိအတိုင်း သူကြိုက်သောဆုကိုပေးခဲ့ပြီး သူ့အား
“သားစိုက်ထားတဲ့ အပင်ကို ကြည့်ခြင်းအားဖြင့် .. သားဟာကြီးလာရင် ရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်လိမ့်မယ်” ဟုအားပေးစကားပြောခဲ့သည်။ ထိုနေ့မှစ၍ သူသည် တဖြည်းဖြည်း ပျော်ရွှင်လာခဲ့သည်။တစ်ယောက်တည်းမနေတော့ဘဲ အခြားလူများနှင့် ဝင်ဆံ့ရဲလာသည်။ တစ်ညတွင် သူ အိပ်မပျော်သောကြောင့် ပြတင်းပေါက်ကိုဖွင့်ပြီး လှပသောလရောင်ကို ခံစားရင်း ဇီဝဗေဒဆရာပြောသော “အပင်တွေဟာအများအားဖြင့် ညမှာ ရှင်သန်ကြီးထွားကြတယ်” ဟူသော စကားတစ်ခွန်းကို သတိရလာမိသည်။ သို့နှင့် သူစိုက်ခဲ့သောအပင်အား သွားကြည့်ချင်လာသည်။
အိမ်နောက်ရှိ သစ်ပင်နားရောက်ခါနီးတွင် လူရိပ်တစ်ခုကို တွေ့လိုက်သည်။ ထိုသူမှာ ဖခင်ဖြစ်ပြီး မိမိစိုက်ခဲ့သောအပင်အား တူးဆွပြီးအပင်ခြေရင်းကို မြေဩဇာများဖြင့် ဖို့ပေးနေသည်ကို သူ တွေ့လိုက်မိသည်။ ဖခင်လုပ်ရပ်ကိုကြည့်ပြီး အရာအားလုံးကို သူ သဘောပေါက်သွားသည်။ သူစိုက်ပျိုးပြီး ညှိုးနွမ်းသေဆုံးစေချင်သောအပင် ရှင်သန်နေခြင်း၏အကြောင်းရင်းကို သူ သိသွားသည်။ အိပ်ခန်းသို့ တိတ်တဆိတ်လှည့်ပြန်လာပြီး တစ်ညလုံး သူငိုကြွေးခဲ့မိသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီ။ ထိုခြေမသန် စွမ်းသောကလေးမှာ ရုက္ခဗေဒပညာရှင်တစ်ဦး ဖြစ်မလာခဲ့ချေ။ သို့သော် သူသည်အမေရိကန်နိုင်ငံ၏ သုံးဆယ့်နှစ်ဦးမြောက် သမ္မတကြီး ဖြစ်လာခဲ့သည်။ သူ့အား တွန်းလှည်းပေါ်တွင် ထိုင်နေသော ပဲ့ကိုင်သူအဖြစ်လည်းတင်စားကြသည်။ သူ၏အမည်မှာ ဖရန်ကလင်ဒီရုစဗဲ့ ဖြစ်သည်။
#မေတ္တာဆိုတာ ဘဝရဲ့အကောင်းဆုံးမြေဩဇာပါ။ တစ်ခွန်းတည်းစကားပဲဖြစ်ဖြစ် အကြင်နာမေတ္တာတွေပါရင် ညှိုးနွမ်းနေတဲ့ဘဝကိုတောင်ရှင်သန်စေပါတယ်။
#နိုင်းနိုင်းစနေ(စမ်းချောင်းလေးရဲ့ခရီးစဉ်စာအုပ်မှ)
://www.facebook.com/Literature99/
19/10/2022
Put yourself into others position
before doing anything
✨✨✨✨✨✨
ကိုယ်နားမခံသာနိုင်တဲ့ စကားမျိုး
သူတစ်ပါးအပေါ်
ပြောတော့မယ် ကြံတိုင်း
သူ့နေရာကို ခဏဝင်ကြည့်လိုက်ပါ။
ကိုယ်တောင်
နားမခံသာတဲ့ စကားကို
သူတစ်ပါးလည်း
နားခံသာမှာ မဟုတ်ဘူးဆိုတဲ့
"ကိုယ်ချင်းစာတရား"
ထားတတ်လာလိမ့်မယ်။
ကိုယ်လက်မခံနိုင်တဲ့ အပြုအမူမျိုး
သူတစ်ပါးအပေါ်
ပြုတော့မယ် ကြံတိုင်း
သူ့နေရာကို ခဏဝင်ကြည့်လိုက်ပါ။
ကိုယ်တောင်
လက်မခံနိုင်တဲ့ အပြုအမူကို
သူတစ်ပါးလည်း
လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့
"ကိုယ်ချင်းစာတရား"
ထားတတ်လာလိမ့်မယ်။
တကယ်တော့…
"ကိုယ်ချင်းစာတရား"ဆိုတာ
အများကြီးကြိုးစားပြီး
လုပျယူစရာ မလိုပါဘူး။
အပြောအဆို၊အပြုအမူတိုင်းမှာ
ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ပြီး
သူ့နေရာကို
ခဏဝင်ကြည့်ပေးရုံလေးပါ။
"သူ့နေရာမှာ ငါသာဆိုရင်"ဆိုတဲ့
အတွေးနဲ့
သူ့နေရာကို ခဏဝင်ကြည့်ပေးခြင်းက
"ကိုယ်ချင်းစာတရား"ထားရှိခြင်းပါပဲ။
လူသားတိုင်း တစ်ဦးပေါ်တစ်ဦး
ကိုယ်ချင်းစာစိတ် ထားနိုင်ကြပါစေ…
://www.facebook.com/Literature99/
14/10/2022
မျှတွေးပါ
═════
❖ ဘယ်လောက်ပဲ စိတ်ရှည်သူ ဖြစ်ပါစေ…
သူ့မှာလည်း နားလည်ပေးရတာ များလာတော့
စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။
❖ ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်ပါစေ…
သူ့မှာလည်း ပေးဆပ်နေရတာ များလာပြီး
ချစ်ရတာနဲ့ ပေးဆပ်ရတာ မတန်တော့
စိတ်ပျက်လာမှာပဲလေ။
❖ ဘယ်လောက်ပဲ သည်းခံတတ်သူ ဖြစ်ပါစေ…
သူမှန်လည်း သည်းခံ ၊ သူမှားလည်း
သည်းခံရတာများလာတော့
တစ်ခါတလေ တုန့်ပြန်ချင်တဲ့နေ့ဆိုတာ
ရှိနေမှာပဲလေ။
❖ ဘယ်လောက်ပဲ တော်နေတဲ့သူ ဖြစ်ပါစေ…
လောကဓံဖိအား ပြင်းထန်လွန်းလာရင် သူ့မှာလည်း
အားငယ်တဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။
❖ ဘယ်လောက်ပဲ အသည်းမာတဲ့လူ ဖြစ်ပါစေ…
တကယ်ချစ်ပြီး တကယ်ခံစားလာရင်တော့
မျက်ရည်ကျတဲ့နေ့ဆိုတာ
သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့
ရှိနေတတ်တာပဲလေ။
❖ ဘယ်လောက်ပဲ သဘောကောင်းပြီး
အားနာသူဖြစ်ပါစေ…
ကိုယ်ကပဲ အလိုက်တသိ လျော့ပေးနေရပြီး
မနိုင်ဝန်ထမ်းတာ များလာတော့
အားနာတတ်တာကို "နောင်တ" ရတဲ့နေ့ဆိုတာ
ရှိလာနိုင်တာပဲလေ။
❖ ဘယ်လောက်ပဲ ရိုးသားသူဖြစ်ပါစေ…
ဖြူ စင်မှုကို အသုံးချခံရတာ များလာတော့
ပေါက်ကွဲတဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။
❖ ဘယ်လောက်ပဲ ယုံကြည်တတ်သူ ဖြစ်ပါစေ…
အလိမ်ခံရတာ များလာတော့ သံသယဝင်ပြီး
မယုံကြည်တဲ့နေ့ဆိုတာ ရှိနေနိုင်တာပဲလေ။
❖ ဒါ့ကြောင့် ကိုယ့်ဘေးက တန်ဖိုးထားရတဲ့သူတွေ
ကိုယ့်နားက မစွန့်ခွာစေချင်ရင်
သူ့ဘက် ကိုယ့်ဘက် မျှတွေးပါ၊
ကိုယ့်ကြောင့် သူတို့ရဲ့နှလုံးသားကို
အနာ မဖြစ်စေနဲ့နော်။
လူဆိုတာ ခံနိူင်ရည်ထက် ကျော်လွန်သွားရင်
အပြီးတိုင်စိတ်ပျက်ပြီး ဥပေက္ခာပြု သွားတတ်တယ်။
❖ သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်တဲ့
"ကိုယ်ချင်းစာတရား "ကို
မွေးမြူ ထားမှ ကိုယ် တန်ဖိုးထားရသူတွေ
ကိုယ့်နားမှာ အမြဲရှိနေမှာ ဖြစ်ပါတယ်။ ✔
Credtooriginalwriter
https://www.facebook.com/Literature99/
13/10/2022
🍂တိတ်ဆိတ်ခြင်းဟာ ပညာပဲ🍂
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''
"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''
"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''
"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''
"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''
"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''
"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ္ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''
"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''
"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''
"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''
"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''
https://www.facebook.com/Literature99/
29/09/2022
" ယနေ့ထိ ဘာတွေလုပ်ပြီးပြီလဲ '' စဥ်းစားဖူးလား ‼
လူအများစုက ကိုယ့်ဘဝကိုယ် ပုံမှန်လူတွေလိုပဲ တွေးကြတယ်... ငယ်စဥ်အခါ ပညာသင်မယ် အချိန်တန် အိမ်ထောင်ပြုမယ် အသက်ကြီးရင် ပင်စင်ယူမယ် အသက် ၇၅ လောက်ထိအနည်းဆုံးနေရမယ်ထင်ကြတယ်.... ပတ်ဝန်းကျင်ဆိုတဲ့ အရာကလည်း မွေးဖွားလာကတည်းက 'ဘဝဆိုတာဒီလိုပါလား'လို့ ထင်အောင်ပြထားတယ်... 👥
တကယ်လည်းငယ်စဥ်ချိန်ခါက ထင်ခဲ့ဖူးတယ် အသက်ကြီးလာတာနဲ့ လူကြီးဖြစ်ပြီ အလိုလိုရင့်ကျက်လာမယ် အလုပ်တွေအကိုင်တွေနဲ့ ကိုယ့်လက်ကိုယ့်ခြေ ဘဝက အဆင်ပြေနေမယ်ပေါ့..
တကယ့်လက်တွေ့ကျတော့ အသက်ကြီးတိုင်းလူကြီးမဖြစ်ဘူး.. အလုပ်လုပ်တိုင်းလည်း မအောင်မြင်ဘူး.. အိမ်ထောင်တစ်ခုဟာလည်း မတည်မြဲတတ်ဘူး.. အရွယ်မတိုင်ခင်လည်းသေရတတ်တယ်...👣
သာမန်ရိုးကျပဲ ဘဝကို တွေးထင်ထားရင် သာမန်ရိုးကျဘဝမှာပဲနေရတတ်တယ်...
"ငါ့ဘဝ ငါ့အသက်'' ကို '' ဘယ်လိုဖန်တီးစောင့်ရှောက့်မယ်'' ဆိုတွေးထားမှ ကိုယ်ဖြစ်ချင်တဲ့ဘဝနဲ့ နီးစပ်လာတယ်...‼
"ဖန်တီးစောင့်ရှောက်တယ်''လို့ ဘာလို့သုံးနှုန်းထားလဲဆို... ဖန်တီးတာက ကိုယ်ဖြစ်ချင်တာကို ရည်ရွယ်ပြီး စောင့်ရှောက်တာက ကိုယ့်ဘဝကိုမပျက်စီးအောင်ကာကွယ်ရတာပါပဲ....
အောင်မြင်သွားကြတဲ့သူတိုင်းကိုကြည့်မယ်ဆို သူတို့ဘဝမှာ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့ ''စံအမှတ်'' တွေရှိတယ်...သူများသတ်မှတ်ထားတာမဟုတ်ဘူး.. မိမိကိုယ်ကို သတ်မှတ်ထားတဲ့ 'စံ'အမှတ်တွေ... ဥပမာ.. ဘယ်လိုမျိုးဘဝကိုဖြတ်သန်းမယ်.. ဘယ်လိုအရာတွေကိုရွေးချယ်မယ်... ကိုယ့်ကိုယ်ကို ဘယ်လိုသိက္ခာမျိုးတွေနဲ့ စောင့်ထိန်းမယ်ဆိုတာမျိုးတွေပါ.. ဒီ ''စံအမှတ်'' တွေက ငွေကြေးချမ်းသာမှုနဲ့မဆိုင်ပါဘူး.. မိမိရဲ့ စိတ်နဲ့ပဲဆိုင်ပါတယ်... ဒါဟာ ကိုယ့်ဘဝရဲ့တန်ဖိုးပဲ...
"မှန်ကန်တဲ့ စံနှုန်းတွေဖြစ်ဖို့တော့ မှန်ကန်တဲ့ အတွေးအခေါ်အယူအဆဖြစ်ဖို့လိုတယ်'' ''အတွေးအခေါ်နှိမ့်ကျနေရင် ဘဝနှိမ့်ကျတယ်'' '' အတွေးအခေါ် အယူအဆက အရာရာတိုင်းရဲ့ ဇစ်မြစ်ဖြစ်တယ်''
မိမိဘဝမှာ ကိုယ်ပိုင် 'စံနှုန်း' တွေသတ်မှတ်ထားပါ.. သတ်မှတ်ထားတဲ့အတိုင်းနေထိုင်ပါ..
♦"သာမန်ရိုးကျ မြင်တွေ့နေရတဲ့ ဘဝတွေထဲက ခွဲထွက်ပါ'' ဘဝက ကိုယ်တိုင်တည်ဆောက်ရတာမို့ မိမိဘဝကို သတ်မှတ်ထားတဲ့ စံအမှတ်တွေနဲ့ ''ဖန်တီးစောင့်ရှောက်ပါ'' ♦
https://www.facebook.com/Literature99/
23/09/2022
ခေါင်းဆောင်မှုစွမ်းရည် ၁၀ မျိုး
-----------------------------------
၁။ လူမှုရေးစွမ်းရည်
လူမှုရေးစွမ်းရည်ဆိုတာအနက်အဓိပ္ပာယ်အရကျယ်ပြန့် ပါတယ်။ ဒါပေမဲ့ ဒါကိုလူမှုရေးအခြေအနေတွေနဲ့
ဖြစ်ပေါ်နိုင်တဲ့ပုံစံတွေကို နားလည်သဘောပေါက်ခြင်းနဲ့ လူမှုအခြေအနေအမျိုးမျိုးမှာ ကောင်းကောင်းဖြေရှင်း နိုင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ လူမှုအခြေအနေတွေပေါ်မှာ ကိုင်တွယ်နိုင်ခြင်းနဲ့ကဏ္ဍအသီးသီးကို နားလည်ခြင်းစတဲ့ လူမှုရေးလုပ်ဆောင်ချက်တွေပါဝင်တဲ့အစုအဝေးလို့ ပြောလို့ရပါတယ်။
လူမှုစွမ်းရည်တိုးတက်စေဖို့ လူအမျိုးမျိုး၊ လူမှုရေးအခြေအနေအမျိုးမျိုးနဲ့ သိအောင်လုပ်ပါ။ လူမှုရေးစွမ်းရည်တွေနားလည်ခြင်းနဲ့ စကားစမြည်ပြောတဲ့အခါ အခြားသူတွေနဲ့ ဆက်ဆံမှုစွမ်းရည်တွေကို နားလည်အောင် လုပ်ပါ။
၂။ ဆက်ဆံရေးစွမ်းရည်
လူမှုရေးစွမ်းရည် တိုးတက်မှုဆိုင်ရာဆက်ဆံရေးအရေးပေးတဲ့ရှုထောင့်တွေနဲ့ သက်ဆိုင်ပါတယ်။ ဒါကို ခေါင်းဆောင်တွေမှာရှိသင့်တဲ့ Soft Skill အနေနဲ့သတ်မှတ်ကြပါတယ်။
ဆက်ဆံရေးစွမ်းရည်တိုးတက်ဖို့ တက်တက်ကြွကြွ နားထောင်သူဖြစ်ပါ၊ စကားပြောစွမ်းရည် တိုးတက်
အောင်လုပ်ပါ၊ မိတ်ဆွေ၊ ဆွေမျိုးနဲ့ ကိုယ့်အိမ်ထောင်ဖက်တွေနဲ့ကြားမှာ ဆက်ဆံမှုစွမ်းရည်တိုးတက်အောင် လုပ်ပါ။ ဒီစွမ်းရည်တွေက လုပ်ငန်းခွင်ဆက်ဆံရေးမှာလည်း အကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။
၃။ စိတ်ခံစားမှုစွမ်းရည်
စိတ်ခံစားမှုစွမ်းရည်ဆိုတာ စိတ်ခံစားချက်နဲ့ ပြောဆိုဆက်ဆံ၊ စိတ်ခံစားချက်တွေနဲ့ စိတ်ခံစားချက်ဆိုင်ရာ အခြေအနေတွေကိုနားလည်ပြီး ကျွန်တော်တို့ရဲ့ ကိုယ် ပိုင်စိတ်ခံစားချက်တွေကို သိတဲ့စွမ်းရည်ဖြစ်ပါတယ်။
ဒီစွမ်းရည်တွေက ခေါင်းဆောင်မှုစွမ်းအားနဲ့ ဆက်စပ်နေပါတယ်။ စိတ်ခံစားမှုစွမ်းရည်ကို တိုးတက်စေဖို့ တခြားသူတွေရဲ့ အပြုအမူတွေ၊ အဓိကအားဖြင့် ခံစားမှုနဲ့ဆိုင်တဲ့ အပြုအမူတွေက ဘာကိုရည်ညွှန်းချင်တယ် ဆိုတာကို ဖတ်နိုင်အောင်လေ့ကျင့်ပါ။ ကိုယ့်ရဲ့ခံစားမှုတွေနဲ့ ခံစားမှုအပေါ်တုံ့ပြန်မှုတွေကို ထိန်းချုပ်နိုင်အောင်၊ ပုံမှန်ဖြစ်အောင် သင်ယူပါ။ စိတ်ခံစားချက်တွေကို သင့်
တော်သလို ဖော်ပြနိုင်အောင် သင်ယူပါ။
၄။ ပါးနပ်မှု
ပါးနပ်မှု၊ တစ်နည်းအားဖြင့် ပညာရှိမှုက တခြားသူတွေရဲ့ အမြင်တွေကို မြင်နိုင်ခြင်းနဲ့တခြားသူတွေရဲ့ရှုမြင်ပုံတွေကို လက်ခံစဉ်းစားပေးခြင်းတွေကနေ ဖြစ်လာတာပါ။
ပါးနပ်မှုရှိလာဖို့ တခြားသူတွေကိုနားထောင်ပါ။ ပိုပြီးပွင့်ပွင့်လင်းလင်းနဲ့ သဘောထားကြီးကြီးထားနိုင်အောင် လုပ်ပါ။ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တောင်းခံပြီး ကိုယ်တစ်စုံတစ်ရာကိစ္စတစ်ခုလုပ်ဆောင် တဲ့အခါ အဲဒါတွေကို ထည့်သွင်းစဉ်းစားတတ်ဖို့ သင်ယူပါ။
၅။ သတ္တိ
သတ္တိလို့ ဆိုတဲ့နေရာမှာ ကိုယ်ကြိုတွက်ထားတဲ့ စွန့်စားမှုယူရမယ့်အပေါ် သတ္တိရှိခြင်း၊ ကိုယ့်ရဲ့ယုံကြည်ရာအတွက်ရပ်တည်နိုင်ပြီး အမှန်တရားကို လုပ်ဆောင်နိုင်တဲ့သတ္တိ ရှိဖို့ပဲဖြစ်ပါတယ်။
သတ္တိရှိလာစေဖို့ အားထုတ်မှုလိုတယ်ဆိုပေမယ့် ဒါက ကိုယ်ပိုင်တန်ဖိုးထားတဲ့အရာတွေကိုမွေးမြူပြီးထိန်းသိမ်းတဲ့အပေါ်မှာ အခြေခံပါတယ်။ ကိုယ်ကတစ်စုံတစ် ရာ၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို တန်ဖိုးထားတယ် ဆိုရင် အဲဒီမူတွေ၊ အဲဒီလူတွေရဲ့ဘေးမှာ ရပ်တည်ဖို့အတွက်သတ္တိနေမှာပါ။
၆။ ဝိရောဓိ စီမံခန့်ခွဲမှု
ဒါက လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့အချင်းချင်းဆက်ဆံ ရေး အဖုအထစ်တွေကို ကျော်လွှား၊ အဖြေရှာနိုင်တဲ့ဆက်ဆံရေးစွမ်းရည်ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့ဝင်တွေ မပြေလည်မှုတွေရှိကြတဲ့အခါ ခေါင်းဆောင်တွေကပဲ ကြားနေပြီး ဖြန်ဖြေပေးရတယ်ဆိုပေမဲ့ ဒီနေရာမှာ ခေါင်းဆောင်တွေကလည်း ကိုယ်တိုင်ကြုံတွေရတဲ့ ဝိရောဓိအခြေအနေတွေကို ရှောင်ရှားဖို့၊ သို့မဟုတ်ရင်ဆိုင်ဖို့ စွမ်းရည်တွေရှိခြင်း ပဲဖြစ်ပါတယ်။
ဝိရောဓိကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေရှိဖို့နည်းဗျူဟာတွေကို သင်ယူနားလည်နိုင်တဲ့ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေရှိပါတယ်။ ဝိရောဓိစီမံခန့် ခွဲမှုနဲ့ဆိုင်တဲ့ အကြောင်းတစ်ချက်ကတော့ မပြေလည် တဲ့အဖွဲ့တွေကို နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေဖို့ ပူးပေါင်းဆောင်ရွက်လာအောင်၊ ဒါမှမဟုတ် တစ်ဖွဲ့က အလျော့အတင်းပြုလုပ်ပြီး တစ်စုံတစ်ရာကို စွန့်လွှတ်ပြီး ညှိနှိုင်းလာအောင် ကူညီတာပဲဖြစ်ပါတယ်။
၇။ ဆုံးဖြတ်ချက်ချမှတ်ခြင်း
ခေါင်းဆောင်တွေရဲ့ အဓိကစွမ်းရည်တစ်ခုက ဆုံးဖြတ် ချက်ကောင်းပြုလုပ်ပြီး ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ကို ဦးဆောင်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့ ပိုကောင်းတဲ့၊ ဒါမှမဟုတ် ပိုဆိုးရွားတဲ့ နည်းလမ်းတွေရှိပါတယ်။ ခေါင်းဆောင်ကောင်းတစ်ဦးက ဘယ်အချိန်မှာဆုံးဖြတ်ချက်ချဖို့၊ ဘယ်အချိန်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်းပြီးဆုံးဖြတ်ချက် ချတဲ့အခါထည့်တွက်ဖို့နဲ့ ဘယ်အချိန်မှာကိုယ်ကနောက်တစ်လှမ်းဆုတ်ပြီး တခြားသူတွေကို ဆုံးဖြတ်ခွင့်ပေးဖို့တွေကို နားလည်ပါတယ်။
ဆုံးဖြတ်ချက်ချမှတ်တဲ့ စွမ်းရည်တွေကိုရှိလာဖို့ဆုံးဖြတ် ချက်တွေ မှားသွားတဲ့အခါမှာ လေ့လာမှုနဲ့အတွေ့အကြုံက ဒီစွမ်းရည်တွေကို သွေးဖို့အကောင်းဆုံးနည်းပါ။
ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေနဲ့စာရင် ကျွန်တော် တို့ရဲ့အမှားတွေဆီက ပိုပြီးသင်ခန်းစာရရှိပါတယ်။
၈။ နိုင်ငံရေးစွမ်းရည်
အုပ်စုတွေ၊ အဖွဲ့တွေတိုင်းမှာနိုင်ငံရေးစကားနဲ့ပြောမယ် ဆိုရင်သွေးဆောင်ဖျောင်းဖျတာတွေ၊တွန်းအားပေးတွေ ရှိပါတယ်။ လူတွေကအရှေ့ရောက်ဖို့အတွက် စည်းမျဉ်းတွေချိုးဖောက်ဖို့၊မဟာမိတ်တွေဖွဲ့ဖို့နဲ့သူတို့ရဲ့အစီအစဉ် အတိုင်းဖြစ်အောင်တိုက်တွန်းဖို့ ကြိုးစားကြမှာပါ။ ထိရောက်တဲ့ခေါင်းဆောင်တွေက နိုင်ငံရေးကို ကောင်း
ကောင်းကစားတတ်သူလည်းဖြစ်ပါတယ်။ သူတို့က ကစားပွဲကို ဘယ်လိုကစားရမလဲသိပြီး အုပ်စု၊ အဖွဲ့အစည်းကြား ပြဿနာမဖြစ်အောင် စီမံနိုင်ကြပါတယ်။
နိုင်ငံရေးစွမ်းရည်တွေရှိဖို့ကလည်း အတွေ့အကြုံတွေနဲ့ လူတွေ၊ လူမှုရေးအပြုအမူတွေအကြောင်း သင်ယူခြင်းကတစ်ဆင့် လေ့လာနိုင်ပါတယ်။
၉။ လွှမ်းမိုးမှုစွမ်းရည်
ခေါင်းဆောင်မှုဆိုတာက တခြားသူတွေကို လွှမ်းမိုးတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းတစ် ယောက်က လူမှုရေးလွှမ်းမိုးမှုတွေရှိဖြစ်ပြီး အာဏာကို အကျိုးသက်ရောက်မှုရှိရှိနဲ့ မျမျတတအသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဆက်ဆံရေးစွမ်းရည်တွေတစ်ဆင့် ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ ပိုပြီးလွှမ်းမိုးနိုင်စေမှာဖြစ်ပါတယ်။ လွှမ်းမိုးမှုစွမ်းရည်တိုးတက်ဖို့ စကားရည်လုပွဲလို တစ်ဖက်နဲ့တစ်ဖက် အနိုင်ရအောင်ပြောနိုင်အောင် လေ့ကျင့်ခြင်းက ကျိုးကြောင်းဆီလျော်မှုရှိရှိနဲ့ အတွေးကောင်းတဲ့ တုံ့ပြန်ပြောဆိုချက်တွေဖြစ်လာစေမှာပါ။ တခြားသူရဲ့ ရှုထောင့်ကနေသိမြင်ရခြင်းက
ညှိနှိုင်းဆွေးနွေးမှုကနေ သူတို့လိုချင်တာကို နားလည်စေပြီးတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အခြေအနေကို ဦးစားပေးနိုင်စေမှာ ဖြစ်ပါတယ်။
၁၀။ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်မှု
ဒီနေ့ကမ္ဘာမှာ အလုပ်နဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးအကြောင်း ဗဟုသုတရှိဖို့က အရင်တုန်းကလောက် သိပ်အရေးမကြီးတော့ပါ။ နည်းပညာမြင့်တဲ့၊ သို့မဟုတ် တီထွင်မှုနဲ့ဆိုင်တဲ့ကုမ္ပဏီတွေမှာဆိုရင် ခေါင်းဆောင်တွေထက် အဖွဲ့ဝင်တွေကပိုပြီးဗဟုသုတရှိပြီးကျွမ်းကျင် ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်တွေအနေနဲ့က ကိုယ်ဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းမှာကျွမ်းကျင်မှုရှိဖို့တော့ အရေးကြီးပါတယ်။
နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်ဖို့ကလည်း ကိုယ်ဘ၀ တစ်လျောက်လုံးသင်ယူနေရမယ့်အရာပါ။ ထိရောက် တဲ့ခေါင်းဆောင်တွေက ကျွမ်းကျင်မှုတွေရရှိပြီး ကိုယ့်ထုတ်ကုန်၊ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ့်အဖွဲ့ဝင်တွေ အကြောင်းကို သူတို့တတ်နိုင်သလောက် များများသင်ယူနိုင်အောင်ကြိုးစားပါတယ်။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ရဲ့ ပြိုင်ဘက်တွေအကြောင်းလေ့လာပါ။ ကိုယ့်ရဲ့ပညာရေးကိုလည်း ဆက်လက်ဆည်းပူးပါ။
https://bit.ly/3r5LjhG
23/09/2022
“ခေါင်းမော့နိုင်လောက်တဲ့ တစ်ခုခု”
တက္ကသိုလ်ကနေ ဘွဲ့မရခင် အချိန်အထိတော့ ကျွန်တော်တို့တွေဟာ တစ်နှစ်ကို တစ်တန်းပဲ တက်ခွင့်ရှိပါတယ်။ ကျတဲ့သူက နေခဲ့ရပေမဲ့ အောင်တဲ့သူတွေထဲမှာတော့ အားလုံးထက် ခေါင်းတစ်လုံးသာအောင် တော်နေလည်း နောက်နှစ်ဆို တစ်တန်းပဲ တက်ခွင့် ရမယ်။ အောင်တယ်ဆိုရုံလောက် ကြိုးစားခဲ့တဲ့သူလည်း တစ်တန်းပဲ တက်တာပဲ။ ဒီတော့ ကြိုးစားမှု အကွာအခြားက သိပ်မသိသာဘူး။
ဘွဲ့ရပြီးသွားလို့ အလုပ်ခွင်ဝင်ကြပြီ ဆိုတဲ့အခါမှာ အဲဒီတစ်နှစ်တစ်တန်းဆိုတဲ့ အကန့်အသတ်က မရှိတော့ဘူး။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ရှေ့ရောက်သွားနိုင်သလို၊ နှေးရင် နှေးသလောက်လည်း နောက်မှာ ကျန်ခဲ့နေနိုင်တယ်။
လိုအပ်ချက်တွေကလည်း အရင်လို ကျောင်းစာတစ်ခုတည်း မဟုတ်တော့ဘူး။ ဇွဲ၊ တက်ကြွမှု၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း၊ ပေါင်းသင်းဆက်ဆံရေး၊ ပရော်ဖက်ရှင်နယ် ပီသမှု စသဖြင့် အများကြီး ဖြစ်လာပြီ။
ဆိုလိုတာက အနေအထားဟာ Limited ကနေ Unlimited ကို ပြောင်းသွားပြီ။ ဒီအပြောင်းအလဲမှာ မလိုက်ပါနိုင်ရင် ဘဝက ခါးသီးစရာ ဖြစ်လာတော့မယ်။
နောင်တစ်ချိန် Gathering party တစ်ခုကို စိတ်ထဲ မြင်ယောင်ကြည့်လိုက်ပါ။
အထက်တန်းကျောင်းက သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ တက္ကသိုလ်က သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်ပေါ့။ အဲဒီပွဲမှာ ကိုယ်ဟာ ခေါင်းမော့ ရင်ကော့နေရတဲ့သူ ဖြစ်ချင်သလား၊ ဒါမှမဟုတ် ပွဲကို ဖြစ်နိုင်ရင် မသွားချင်ဘူး၊ ရောက်ရင်လည်း ချောင်လေးတစ်ချောင်မှာ ကပ်နေရတာမျိုး ဖြစ်ချင်သလား စဉ်းစားကြည့်ပါ။
ခေါင်းမော့ ရင်ကော့ချင်တယ်ဆိုရင်တော့ ကိုယ့်ဆီမှာ ခေါင်းမော့နိုင်လောက်တဲ့ တခုခုတော့ ရှိရလိမ့်မယ်။ လုပ်ငန်းတစ်ခုကို ဦးဆောင်နေသလား၊ ရာထူးကြီးကြီးတစ်ခု ရထားသလား၊ လေးစားခံရလောက်စရာ ဘဝဖြတ်သန်းမှု ရှိသလား၊ ဒါမှမဟုတ် အောင်မြင်တဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ထားသလား၊ အများအကျိုးပြု ပရဟိတလုပ်ငန်းရဲ့ ပြယုဂ်က ကိုယ်ဖြစ်နေသလား။
ဒီအတွက် ခုချိန်မှာ ခရီးမပေါက်သေးဘူးဆိုရင် ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲ တည်ဆောက်ယူရလိမ့်မယ်။
တကယ်တော့ အောင်မြင်မှုဆိုတာ အဓိပ္ပါယ်ဖွင့်ရခက်ပါတယ်၊ ဘာကို အောင်မြင်တယ်ခေါ်တာလဲ၊ ဘယ်သူ့ကို အောင်မြင်သူအဖြစ် သတ်မှတ်ရမှာလဲ။
ပရဟိတလုပ်ရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်သူတစ်ယောက်အတွက် စိန်ခေါ်မှုများလှတဲ့ စီးပွါးရေး လုပ်ငန်းရှင်ဘဝက မက်လောက်စရာ မဟုတ်သလို၊ ပရိသတ်တွေကို ဖျော်ဖြေရင်း အနုပညာကို ရူးသွပ်စွာ ဖန်တီးချင်တဲ့ လူတစ်ယောက်အတွက်လည်း လူတွေကို အုပ်ချုပ်၊ စီမံခန့်ခွဲရတဲ့ ခေါင်းဆောင်ဘဝက အောင်မြင်မှု မဟုတ်ဘူး။
ဒါကြောင့် သူများလုပ်တိုင်း လိုက်လုပ်စရာ မလိုပါဘူး။ ကိုယ်ဘယ်နေရာမှာ တော်လဲ၊ ဘာဝါသနာပါလဲ၊ ဘယ်လိုအလုပ်မျိုးကို ချစ်လဲ၊ စိတ်ကူးယဉ် ကြည့်လိုက်ရင် ပေါ်လာတဲ့ ကိုယ်ဖြစ်ချင်တဲ့ ဘဝပုံစံလေးက ဘယ်လိုမျိုးလဲ၊ ဒါကို သိအောင်လုပ်ပြီး ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ပုံစံအတိုင်း အကောင်းဆုံး တည်ဆောက်နိုင်ဖို့ပဲ လိုပါတယ်။
လောကမှာ အခက်ဆုံးအရာဟာ အသိတွေကို အမူအကျင့်အဖြစ် ပြောင်းလဲရခြင်းပါ။ အပြောင်းအလဲဟာ ခက်ခဲသလို၊ တအားလည်း ပင်ပန်းပါတယ်။ ဒါပေမဲ့ မပြောင်းလဲဘဲ ခုပုံစံအတိုင်းလေး သက်သက်သာသာ မှိန်းနေမိလိုက်လို့ ကြုံလာရမဲ့ အရာတွေက ပိုပြီး ပင်ပန်းရဖို့ ဖြစ်လာပါလိမ့်မယ်။
https://bit.ly/3r5LjhG