FIRST CARE Nurse Aid & Pharmacist Training Centre

FIRST CARE Nurse Aid & Pharmacist Training Centre

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FIRST CARE Nurse Aid & Pharmacist Training Centre, Nursing School, တိုက်(၁)၊အခန်း(၃-က)၊ဒုတိယထပ်၊ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း၊ကမာရွတ်၊ရန်ကုန်။, Yangon.

20/12/2022

သင်တန်းများ လာရောက်အပ်နှံနိုင်ပါပြီနော်

15/12/2022

First Care Health Care Academy

Photos from FIRST CARE Nurse Aid & Pharmacist Training Centre's post 26/10/2022

Hand Hygiene

Pandemic နောက်ပိုင်း နေ့စဉ် လူနေမှုပုံစံသစ် new normal မှာနှာခေါင်းစည်း mask တွေနဲ့အတူ ယှဉ်တွဲပါဝင်လာမယ့် နိစ္စဓူဝ လိုက်နာဆောင်ရွက်ဖွယ် ကျန်းမာရေးဆိုင်ရာ "ဆောင်ရန်အချက်" တစ်ချက်ရှိပါတယ်။အဲဒါကတော့ " Hand Hygiene " ခေါ်တဲ့ လက်သန့်ရှင်းရေးပါပဲ။

လူ့ခန္ဓာကိုယ်မှာ လက်ဟာအသုံပြုမှု အများဆုံး အစိတ်အပိုင်းဖြစ်သလို ရောဂါပိုးမွှား ခိုအောင်းနိုင်ခြေ အများဆုံး နေရာလည်းဖြစ်ပါတယ်။တကိုယ်ရည်သန့်ရှင်းမှု အားနည်းရင်အားနည်းသလို လက်ကတဆင့် infection ဝင်ရောက်နိုင်ခြေ အလွန်များပါတယ်။ယနေ့ကာလမှာ ပိုးမွှားတွေရဲ့ မျိုးဗီဇပြောင်းဖြစ်စဉ် mutation တွေဟာ မခန့်မှန်းနိုင်လောက်အောင် ရှုပ်ထွေးလာတဲ့အတွက် နောက်ဆုံးပေါ်ဆေးပညာဗဟုသုတတွေနဲ့ မျက်ခြေမပြတ်ဖို့လိုသလို အခြေခံအကျဆုံး ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ စနစ်တကျmask တပ်ခြင်းနဲ့ စနစ်တကျ လက်ဆေးခြင်းတွေကိုလည်း စွန့်လွှတ်ရုပ်သိမ်းဖို့ မဖြစ်နိုင်သေးပဲ စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်သွားကြဖို့ လိုပါတယ်။

Hand Hygiene ခေါ် လက်သန့်ရှင်းရေးဘာသာရပ်ဟာ ရုတ်တရက်ကြည့်ရင် လွယ်ကူရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်စနစ်တကျ ပညာရပ်ဆန်ဆန်တတ်မြောက်ဖို့ ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဆရာမများရဲ့ စာတွေ့လက်တွေ့သင်ကြားပို့ချမှုတွေကို ဆည်းပူးလေ့လာထားမှသာ ဖြစ်နိုင်ပါတယ်။

မိမိက ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်ထဲကို Health Care Professional တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိရှိဝင်ရောက်ချင်သူ ဆိုရင်တော့ "ဘာကြောင့်လက်သန့်ရှင်းရေး အလေးထားသင့်သလဲ" "ဘယ်လိုပြုလုပ်မှ မှန်ကန်တဲ့ လက်သန့်ရှင်း‌ေရးလို့ ခေါ်တာလဲ" "Hand Hygiene ရဲ့အကျိုးကျေးဇူးက ဘာတွေလဲ" စတဲ့ လက်ဆေးခြင်းလုပ်ငန်းစဉ်တွေကို အခြေခံသဘောတရားကအစ ခိုင်ခိုင်မာမာသိထားသင့်ပါတယ်။

အောက်ပါပုံလေးတွေကတော့ Hand Hygiene ဘာသာရပ် practical နေ့မှာ First Care ကျောင်းသား/သူ‌ေလးများ စိတ်ဝင်တစား ပျော်ရွှင်တက်ကြွစွာ လက်တွေ့ဆင်းနေကြပုံတွေပဲ ဖြစ်ပါတယ်။

သူနာပြုအကူဘာသာရပ်နဲ့ ဆေးဝါးကျွမ်းကျင်အကူ ဘာသာရပ်ကို ခေတ်မီသင်ထောက်ကူပစ္စည်း စုံလင်စွာနဲ့ အတွေ့အကြုံရင့် ကျွမ်းကျင်ဆရာကြီးဆရာမကြီးများရဲ့ သင်ကြားပို့ချမှုကို ခံယူချင်တယ် ဆိုရင်တော့

First Care ပညာရိပ်မြုံမှာ အမြန်ဆုံးပဲ ခိုလှုံလိုက်ပါတော့နော် ...

လစဉ်တန်းခွဲသစ်များ ဖွင့်လှစ်နေပါပြီ 📣📣📣

" First Care သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း "

တိုက်(၁)၊အခန်း(၃-က)၊ဒုတိယထပ်၊ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း၊ကမာရွတ်၊ရန်ကုန်။

Ph: 09 250 650877,09 50 29594

20/10/2022

လစဉ်တန်းခွဲသစ်များ
ဖွင့်လှစ်နေပါပြီ

Photos from FIRST CARE Nurse Aid & Pharmacist Training Centre's post 09/10/2022

Happy Thadingyut to You All

သီတင်းကျွတ်ညလေးတစ်ည
FC သမီးပျိုများရဲ့ ရောင်စုံမီးထွန်းပွဲနှင့်
မိတ်စုံစားပွဲ ကြည်နူးပုံရိပ်များ

08/10/2022

ဝါလကင်းလွတ် သတင်းကျွတ်အခါသမယမှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းဟူသော ကာယစိတ္တ နှစ်ဖြာသောသုခနှင့် တလုံးတဝတည်း ပြည့်စုံကြပါစေကြောင်း

First Care သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းက ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်

Photos from FIRST CARE Nurse Aid & Pharmacist Training Centre's post 02/10/2022

အောက်တိုဘာလအတွက် First Care ပညာသင်ဆုရွေးချယ်ခြင်း ခံရသူများစာရင်း ထုတ်ပြန်ခြင်း📣📣📣

ဤပို့စ်က သင့်အတွက် တစုံတရာအကျိုးရှိစေတယ်ဆိုရင် ဤပို့စ်ကို မျှဝေရှယ်ပေးခြင်းဖြင့် First Care ရဲ့ပညာရေးထောက်ပံ့မှုအစီအစဉ်မှာ ပါဝင်သူတစ်ဦးအဖြစ် ခံယူလိုက်ပါ🙏🏻🙏🏻🙏🏻

ပညာသင်ဆု ရွေးချယ်ခြင်းခံရသူများသည် အောက်တိုဘာလ(၅) ရက်နေ့ (၁၀:၀၀ - ၅:၀၀) ရုံးချိန်အတွင်း သင်တန်းကျောင်းတွင် ကျောင်းသားဖောင်များ စာရင်းသွင်းခြင်းနှင့် ဝတ်စုံ၊သင်ရိုးညွှန်းတန်းစာအုပ်များ ထုတ်ယူခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပါသည်👆👆👆

👉👉မှတ်ချက်။ ။FC ပညာသင်ဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အနေဖြင့် FC ရွေးချယ်ရေးစံသတ်မှတ်ချက်များကို အခြေခံလျက် များစွာသော ပညာသင်ဆုလျှောက်လွာများထဲမှ စနစ်တကျအဆင့်ဆင့်စိစစ်ရွေးချယ်၍ သမာသမတ်အကျဆုံး မျှတမှုအရှိဆုံးသော ရွေးချယ်ခံစာရင်းထုတ်ပြန်ချက်ကို အောက်ပါအတိုင်းကြေငြာလိုက်ပါသည်👈👈
လျှောက်ထားသူများ၏ ပညာလိုလားမှု၊စိတ်အားထက်သန်မှု နှင့် ပညာသင်ဆုလျှောက်ထားမှုရည်ရွယ်ချက်များ ကိုယ်စီကောင်းမွန်မှုတို့ကြောင့် သတ်မှတ်ဦးရေကို အနည်းငယ်ကျော်လွန်လက်ခံလိုက်ရပါသည်။

တပြိုင်တည်း ပူးတွဲဘာသာရပ်ကိုပါ ထပ်ဆောင်းသင်ယူခွင့် ပေးအပ်ခြင်းခံရသူအချို့ရှိပါသည်။၎င်းတို့အနေဖြင့် အဆိုပါထပ်ဆောင်းသင်ယူခွင့်ရ ဘာသာရပ်သင်တန်းကို တက်ရောက်ဖြစ် (သို့မဟုတ်) မတက်ရောက်ဖြစ်ကို (၃.၁၀.၂၂) နေ့နောက်ဆုံးထား၍ First Care သင်တန်းကျောင်းသို့ ဆက်သွယ် အကြောင်းကြားရပါမည်‼️‼️

(တက်ရောက်လိုပြီး ရွေးချယ်ခံထားရခြင်းမရှိခဲ့သူများအတွက် ဒုတိယအခွင့်အရေး ထပ်မံပေးအပ်သွားရန် ဖြစ်သည်)

Photos from FIRST CARE Nurse Aid & Pharmacist Training Centre's post 26/09/2022

အောက်တိုဘာလအတွက်
ပညာသင်ဆုထောက်ပံ့မှု အစီအစဉ် ☝️☝️☝️

သင့်အတွက် ဤပို့စ်က အကျိုးတစုံတရာပြုတယ်ဆိုရင် ဤ ပို့စ်ကို ပြန်လည်မျှဝေရှယ် ပေးခြင်းဖြင့် FC ရဲ့အသက်‌ေမွးဝမ်းေကျာင်းပညာရပ် ထောက်ပံ့မှု့ အစီအစဉ်မှာပါဝင်သူတဦးအဖြစ် ခံယူလိုက်ပါ✅✅✅

သူနာပြုအကူကျွမ်းကျင်ဘာသာရပ်နှင့် ဆေးဝါးကျွမ်းကျင်အကူဘာသာရပ်ကို စနစ်တကျ အဆင့်မြင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာဖြင့် စာတွေ့ + လက်တွေ့ စေတနာဝါသနာ အရင်းခံပြီး First Care က သင်ကြားပေးနေတာဖြစ်လို့ အောက်ပါ ရွေးချယ်ရေးစံသတ်မှတ်ချက်များနဲ့ ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် 📣📣📣

ရွေးချယ်ရေးစံသတ်မှတ်ချက်များ⚠️⚠️

(၁)သူနာပြုအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အမှန်တကယ်ဝါသနာပါ တတ်ကျွမ်းလိုသူ

(၂)ပညာသင်ယူလိုသော်လည်း အမှန်တကယ် ငွေကြေးအခက်အခဲရှိသူ

(၃)First Care က ပေးအပ်သင်ကြားလိုက်သော ပညာရပ်ဖြင့် လူထုကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိရောက်စွာ ပြန်လည်အသုံးချလိုသူ

လျှောက်ထားလိုသူများသည် အောက်ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြဖြည့်စွက်၍ "October 3" နေ့နောက်ဆုံးထားပြီး သင်တန်းကျောင်းသို့ ကိုယ်တိုင်ဖြစ်စေ messenger CB မှတဆင့် ဖြစ်ဖြစ်စေ(နယ်မှလျှောက်ထားသူများ) လျှောက်ထားနိုင်သည်။

"လျှောက်လွှာတွင် ပါဝင်ရမည့်အချက်အလက်များ"

(၁) လျောက်ထားမည့် ဘာသာရပ်အမည်

(၂) ကိုယ်ရေးအချက်အလက် အပြည့်အစုံ

(၃) မှတ်ပုံတင်မိတ္တူ (၁) စုံ

(၄) ပတ်စပို့ဓာတ်ပုံ (၃) ပုံ

(၅) လျှောက်ထားလိုသော ရည်ရွယ်ချက်အကျဉ်း

(၆) like and share ပြုလုပ်ထားသော screen shot ပုံတစ်ပုံ တို့နှင့်အတူ သတ်မှတ်ရက် အတွင်းလျောက်ထားရမည်။

သတ်မှတ်ရက်ထက် နောက်ကျပေးပို့သော လျောက်လွာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

အောက်တိုဘာလတွင် ဖွင့်လှစ်သော မည်သည့် တန်းခွဲတွင်မဆို တက်ရောက်နိုင်ရမည်။

လူတွေ့စစ်ဆေးခြင်း ခံယူရပါမည်။

သင်တန်းတက်ရောက်ခွင့် ( သင်တန်းကြေးအပြည့်ကင်းလွတ်ခွင့်/ တဝက်ကင်းလွတ်ခွင့် ) ရရှိနိုင်မှု့မှာ First Care ၏ သင်တန်းသား‌ေရွးချယ်‌ေရးမူ အတိုင်း ရွေးချယ် ဆုံးဖြတ်မည်ဖြစ်သည်။

Phone : 09250650877,095029594

လိပ်စာ။ ။တိုက်(၁)/အခန်း(၃-က)/ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း၊ကမာရွတ်၊ရန်ကုန်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


တိုက်(၁)၊အခန်း(၃-က)၊ဒုတိယထပ်၊ဦးထွန်းလင်းခြံလမ်း၊လှည်းတန်း၊ကမာရွတ်၊ရန်ကုန်။
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00