25/09/2025
Thank you all so much for the lovely birthday wishes! Classes are running as usual — I’ve just been a bit less active here, so feel free to message me if you need any class info!
Get one-on-one curated English lessons with an educator at the most affordable prices!!!
25/09/2025
Thank you all so much for the lovely birthday wishes! Classes are running as usual — I’ve just been a bit less active here, so feel free to message me if you need any class info!
20/06/2025
Your English teacher after leaving the page for almost 2 months: 😄😄
အတန်းတွေက အမြဲရှိနေပါတယ်၊ ပြည့်နေလို့ မကြော်ငြာဖြစ်တာပါ၊ တစ်ခုခုဆို လာမေးလို့ရပါတယ်
Hope y’all are doing okay!
12/04/2025
Wishing you all strength and peace during this Thingyan Festival.
It’s deeply saddening that we’ve faced such a tragic loss, especially when the country is already struggling in so many ways. In these tough times, we are all we have — and it’s up to us to care for each other’s well-being, and hold on to our peace of mind.
My deepest condolences to those who have passed, and my heartfelt wishes to those who remain.
Hope you remember to eat well, take it slow, and find moments to breathe and recharge.
29/03/2025
ငလျင် နဲ့ပတ်သက်တဲ့ အသုံးအနှုန်းနဲ့ သိကောင်းစရာများ
🌍 Earthquake Vocabulary and Expressions: 🌍
ပြည်တွင်းသတင်းတွေအပြင် ပြည်ပ global news တွေ ဖတ်တဲ့အခါ ကြုံလာနိုင်တဲ့ အင်္ဂလိပ်အသုံး အနှုန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံး အရိုးရှင်းဆုံးက စ ရရင် ငလျင် လှုပ် တာ မှာ ‘လှုပ်’ ဆိုတာကို အခြေအနေ ပေါ်မူတည်ပြီး စကားလုံး အမျိုးမျိုး သုံးနိုင်ပါတယ်။
1. Earthquake strikes
2. Earthquake hits
3. Earthquake shakes
4. Earthquake devastates
5. Earthquake rattles
6. Earthquake strikes with force
7. Earthquake slams
8. Earthquake rocks
ဒီနေရာမှာ တွေ့ရအများဆုံး ကြိယာတွေက တော့ strike နဲ့ hit ဖြစ်ပြီး shake, slam, rock ကတော့ informal ဆန်တဲ့ အသုံးတွေဖြစ်ကြပါတယ်။ devastate နဲ့ batter က တော့ အပျက်အစီး အဆုံးရှုံးပါပြီး လှုပ်ခတ်တဲ့ အခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။ rattle က တော့ အဖျားခတ် လှုပ်တာမျိုးမှာ သုံးပါတယ်။
နောက်ထပ်သိသင့်တာတွေ ကတော့
1. Epicenter - ငလျင်ဗဟိုချက်
Example: The earthquake's epicenter was located 16km north-west of Sagaing.
2. Tremor - ငလျင်အဖျားခတ်ခြင်း
Example: Strong tremors were felt in neighboring countries like Thailand.
(tremor ကို feel ရဲ့ passive နဲ့ သုံးတာ သတိပြုပါ)
3. Magnitude - ပြင်းအား
Example: The first earthquake had a magnitude of 7.7, causing serious damage.
(ငလျင်ရဲ့ ပြင်းအားကို ဖော်ပြတဲ့ ယူနစ်က richter scale ရစ်ချတ်စတာစကေး ပါ)
4. Aftershock - နောက်ဆက်တွဲ ငလျင်ငယ်
Example: The earthquake was followed by several aftershocks.
5. Fault Line - ပြတ်ရွေ့ကြော
Example: The earthquake occurred along a fault line.
6. Seismic waves - ငလျင်လှိုင်းများ
Example: Seismic waves from the earthquake spread across the region, shaking buildings far from the epicenter.
7. Rubble - အကျိုးအပဲ့၊ အပျက်အစီးပုံ
Example: Rescue teams are digging through the rubble to find survivors.
8. Collapse - ပြိုကျသည်/ ပြိုကျခြင်း
Example: The unfinished high-rise building collapsed in Bangkok.
9. Rescue Operation - ကယ်ဆယ်ရေး
Example: Rescue operations are ongoing in Mandalay to rescue survivors.
10. Shallow Earthquake - မြေမျက်နှာပြင်အောက် အနီး မှ လှုပ်ခတ်သော ငလျင်
Example: The earthquake was shallow, which made its impact stronger.
(မြေပြင်နဲ့ နီးလေ ငလျင်အားပြင်းလေမလို့ shallow earthquake ဟာ ငလျင်အပြင်း ဖြစ်ပါတယ်)
11. Death Toll - (ဘေးအန္တရာယ် တစ်ခုခုကြောင့်) သေဆုံးသူ လူ စုစုပေါင်း
Example: The death toll now stands at 1,002, with many fatalities in Mandalay.
12. Unaccounted For - ပျောက်ဆုံးနေသော
Example: Around 100 construction workers are unaccounted for after the collapse.
13. Affected Areas - ဘေးအန္တရာယ်သင့် နေရာများ
Example: The earthquake’s affected areas are Myanmar, Thailand, and China.
14. Rescue Teams - ကယ်ဆယ်ရေး အဖွဲ့
Example: Rescue teams are working tirelessly to find survivors in Mandalay.
15. Be trapped - ပိတ်မိသည်
Example: Many people were trapped in the collapsed building, and rescue teams are working to save them.
16. Ground Shaking - မြေပြင် တုန်ခါခြင်း
Example: The ground shaking was intense, damaging buildings across the region.
17. Casualties - ဘေးအန္တရာယ်ခုခုကြောင့် မတော်တဆ ထိခိုက်သူ ဦးရေ
Example: The casualties from the earthquake are in the thousands.
18. Fatality - ဘေးအန္တရာယ်ခုခုကြောင့် အသက်ဆုံးရှုံးခြင်း
Example: Many fatalities were reported in the city, especially in Mandalay.
19. Volatile Situation - မတည်ငြိမ်သေးသော အနေအထား
Example: The situation in Myanmar remains volatile due to ongoing aftershocks.
နောက်ထပ် အတွဲလိုက်တွေ့ရလေ့ရှိတဲ့ key phrase တွေ ကတော့
“The earthquake struck at [time]..."
“The death toll now stands at [number]..." - "Rescue teams are working to dig out survivors from the rubble."
“The area was hit by strong tremors..."
“Buildings were reduced to rubble."
“The quake's epicenter was located [location]."
ခုလောက်ဆို ငလျင်နဲ့ပတ်သက်တဲ့ သတင်းတွေ ဖတ်တဲ့အခါ အုပ်မိကြပ်မိလောက်မယ် ထင်ပါတယ်။ အားလုံး ပဲ ဘေးအန္တရာယ် အမျ်ိုးမျိုးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Speak With Me
[Disclaimer: We do not own this particular photo and it’s taken from CNN]
04/03/2025
အတန်းချိန်တွေ ပြည့်သွားပြီ မလို့ group class ရော one-on-one ရော ဒီ လအတွက် ထပ် လက်မခံတော့ပါဘူးနော်။
နောက်လကျ အတန်းလွတ်တာ ရှိခဲ့ရင်အကြောင်းကြား ပေးပါမယ်။
ယုံယုံကြည်ကြည်နဲ့ အတန်းလာအပ်ပြီး အားတတ်သရော လေ့လာပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်ရှင် 🫶🏻🫶🏻
Speak With Me
New Group Class: Speak English with Confidence!!!!
Pre-Inter မှ Intermediate ရောက်လိုသူများအတွက် အတန်းပါ။ ကျောင်းသား 8 ယောက်ပဲ လက်ခံပါမယ်။
one-on-one အတန်းတွေ တောက်လျှောက်သင်လာတာ အတော်ကြာနေပြီမလို့ လူနည်းနည်းနဲ့ ထိရောက်မဲ့ group class အသေးလေး တစ်ခုဖွင့်ချင်ပါတယ်။
ဘာတွေသင်မှာလဲဆိုရင်တော့ အဓိက က pre-inter နဲ့ inter level မှာ ရှိနေတဲ့ learner တွေ speaking ကို ယုံကြည်မှုရှိရှိ ပြောထွက်ဖို့ ဦးစားပေး သင်မှာပါ။ speaking နဲ့အတူ အရေးကြီးတဲ့ vocabulary, grammar, listening စတာတွေ ပါ ပါမယ်။ reading နဲ့ writing လည်း ဖြည့်စွက် လေ့လာရပါမယ်။ အပတ်စဉ် ကျောင်းသားတိုင်း အတွက် coursework, feedback တွေရှိပါမယ်။ သင်တန်း record လိုချင်ရင် approve ပေးပါတယ်။ အတန်းတွေက တစ်ပတ်ကို တစ်နာရီခွဲ (၃) ချိန်တောင် ဖြစ်တဲ့အတွက် သေချာ လေ့လာနိုင်မဲ့ သူမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။
သင်တန်းရက်တွေက
>>> Mon, Tues, Wed: 7-8:30 PM
သင်တန်းကာလ
>>> 3 months (12 weeks)
သင်တန်း စမည့်ရက်
>>> March 10
သင်တန်းကြေး
>>> 75,000/month
>>> 22,5000 (the whole course)
တစ်ခုပြောချင်တာက အခု အတန်း announce တဲ့ရက်ကနေ သင်တန်းစ မဲ့ရက်အထိကို တစ်ပတ်ကျော်ပဲ ကျန်ပါတယ်။ မြန်မြန်လေး enroll လုပ်ပေးဖို့ အကြံပေးပါတယ်။ 8 ယောက်ထပ် ပိုပြီး လက်မခံပါဘူးနော်။
အတန်းအပ်မယ်ဆိုရင်
>>> page messenger
>>> 09 750820926
ကို ဆက်သွယ်နိုင်ပါတယ်။
မှတ်ချက်။
one-on-one အတန်းတွေလည်း အရင်အတိုင်းပဲ run နေပါတယ်။ ကျောင်းသားအမြဲရှိနေတဲ့အတွက် မကြော်ငြာဖြစ်တာပါနော်။
31/12/2024
အတန်းတွေ အမြဲမပြတ်ရှိနေတဲ့အတွက် page မှာ active မဖြစ်တာ ကြာသွားပါတယ် နော်။
နှစ်တွေ ပြောင်းလာလည်း ယုံကြည်ပြီး consistency အပြည့်နဲ့ လေ့လာနေတဲ့ ကျောင်းသားတိုင်းကို ကျေးဇူးအမြဲတင်ရပါတယ်။
ခုလာမဲ့ new year မှာလည်း progress တွေအများကြီးလုပ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ သိချင်တာရှိလည်း အားမနာဘဲ လာမေးပါ၊ အတန်းတွေလည်း ညှိလို့ရလို့ အချိန်ပေးနိုင်ရင် ပေးပါမယ်နော်။
Wish you all a happy new year ahead!
28/09/2024
သင်တန်းလာမေးသူတွေ အတွက်ပါ
လူပြည့်နေလို့ သီတင်းကျွတ်ပြီး အထိ one-on-one ရော class ရော လက်မခံသေးပါဘူး။
one-on-one အတန်း စုံစမ်းထားတဲ့သူတွေကို ဒီကြားထဲ လွတ်ခဲ့ရင် ပြန်ဆက်သွယ်ပေးပါမယ်နော်။ ကျေးဇူးတင်ပါတယ်။
အသေးစိတ်ကို 09 750820926 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
page messenger က ဆက်သွယ်လို့ မရခဲ့ရင်
09750820926 ကို ဆက်သွယ်နိုင်ပါတယ်။
သို့မဟုတ်
Telegram မှာ ဆိုတဲ့ username ကို စာပို့၍ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်
10/06/2024
'စိတ်ထဲရှိတဲ့အတိုင်း ပြော'
အပေါ်က စကားစု လေးကို အင်္ဂလိပ်လို ဘယ်လို ပြောရမလဲ လို့ တစ်ယောက် က မေးလာပါတယ်။
ဘယ်လို သုံးလို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်။
1. Speak your mind
2. Share your thoughts
3. Voice your opinions
4. Express your feelings
5. Say what's on your mind
6. Speak openly
7. Be frank
8. Tell it like it is
ဥပမာ စာကြောင်း တွေကို ကြည့်ပါ။
1. "Go ahead and speak your mind. I'm here to listen."
စိတ်ထဲ ရှိတဲ့အတိုင်း ပြောကွာ၊ ငါ နားထောင် ပေးမယ်။
2. "Feel free to share your thoughts. I'm all ears."
မင်း အတွေးတွေ ကို လွတ်လွတ်လပ်လပ် ပြောလို့ရတယ်၊ ငါ နားထောင်ဖို့ အသင့်ပဲ။
3. "Don't hesitate to voice your opinions. I'm interested in hearing what you have to say."
မင်း အမြင်တွေကို ထုတ်ပြောဖို့ ဝန်မလေးပါနဲ့။ မင်းပြောမှာကို နားထောင်ဖို့ စိတ်ဝင်စားပါတယ်။
4. "If you want to express your feelings, go ahead. I'm here to support you."
မင်း ခံစားရတာတွေကို ပြောပြချင်တယ်ဆိုရင် ပြောလိုက်၊ ငါ မင်းကို ထောက်ခံပေးမယ်။
5. "You can always say what's on your mind. I'm here to listen without judgment."
မင်း စိတ်ထဲရှိတဲ့အတိုင်း အမြဲ ပြောလို့ရတယ်။ မဝေဖန်ဘဲ နားထောင်ပေးမယ်။
6. "Feel comfortable speaking openly. I'm here to have an open and honest conversation."
ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ပွင့်လင်းရိုးသား တဲ့ စကားပြောဖို့ လာတာ။
7. "Be frank with me. I appreciate your honesty."
ငါ နဲ့ ပွင့်လင်း ပေးပါ။ မင်း ရဲ့ ရိုးဖြောင့်မှုကို အသိမှတ်ပြုမှာပါ။
8. "Tell it like it is. I value your straightforwardness."
အရှိကို အရှိအတိုင်းပြော၊ မင်းရဲ့ ဖြောင့်မတ်မှု ကို ငါ တန်ဖိုးထားတယ်။
ဒီအသုံးလေးတွေက အသုံးဝင်လိမ့်မယ် မျှော်လင့်ပါတယ်။
Speak With Me
07/06/2024
'inspirational' and 'aspirational'
ဒီ adjective လေး နှစ်လုံးက စာလုံးပေါင်းဆင်တူလို့ တစ်ခါတခါ အဓိပ္ပာယ် မှား သုံးတတ်ပါတယ်။
"inspirational" က "အားကျ အတုယူစေသော" ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး
collocation အတွဲလိုက် အသုံးအနေ နဲ့ဆိုရင်
'inspirational song'
'inspirational quotes'
'inspirational speech'
'inspirational story'
စသဖြင့် တွဲမြင်ရလေ့ ရှိပါယ်။
"aspirational" ကတော့ "ရည်ရွယ်ချက် ပြင်းပြသော" ဆိုတဲ့ အဓိပ္ပာယ် ရှိပါတယ်။
အတွဲလိုက်အသုံးတွေ အနေနဲ့
'aspirational goals'
'aspirational lifestyle'
'aspirational figure'
'aspirational brand'
'aspirational mindset'
'aspirational achievements'
ဆိုပြီး သုံးကြပါတယ်။
အောက်က စာကြောင်း ၂ ကြောင်း ရဲ့ ခြားနားပုံကို ကြည့်ပါ။
1. The story of overcoming her fear was truly inspirational.
2. Traveling to European countries is one of my aspirational goals.
ဒီ adj နှစ်လုံး ကွဲပြားတာကို နားလည်သွားလိမ့်မယ် ထင်ပါတယ်။
See you soon!
Speak With Me
05/06/2024
HOUSEHOLD NAME
အပေါ်မှာရေးထားတဲ့ စကားစုလေး ကိုမြင်တာနဲ့ 'အိမ်ခေါ်နာမည်' လို့ ဘာသာပြန်ရင် မှားပါတယ်။ household name ဆိုတာ နယ်ပယ်တစ်ခုမှာ လူသိများ နာမည်ကြီးတဲ့ လူပုဂ္ဂိုလ် ဖြစ်စေ၊ ပစ္စည်းဖြစ်စေ ကို ဆိုလိုတာပါ။
ဥပမာ
Brad Pitt, Leonardo, Tom Cruise, Tom Hanks တို့လို နာမည်ကြီး သရုပ်ဆောင်တွေ၊ Taylor Swift, Selena Gomez, Justin Bieber, BlackPink တို့လို အဆိုတော်တွေ၊ Coca Cola, KFC, McDonald စတဲ့ လူသိများတဲ့ အစားအသောက် ထုတ်ကုန်တွေ ဟာ 'household name' တွေပါ။
'household name' ကို စာကြောင်းတွေမှာ သုံးရမယ်ဆိုရင် အခုလိုပဲသုံးနိုင်ပါတယ်
1. Celebrities like BlackPink and BTS have become household names due to their widespread popularity and influence in the music industry.
2. Coca-Cola is a classic example of a household name, known and enjoyed by people all around the world.
3. Shakespeare's works are considered a household name in the literary world, with his plays being studied and performed globally.
ဒီလောက်ဆိုရင် နားလည်သွားပြီထင်ပါတယ်။
အခု လို အင်္ဂလိပ်စာ အတိုအထွား လေးတွေ ပြန်တင်မယ် စိတ်ကူးထားပါတယ်။ ကျောင်းသားတွေက အမြဲမပြတ် ရှိနေလို့ အတန်းမကြော်ငြာဖြစ်သေးပါဘူး။ class စဖို့ တော့ ရှိပါတယ်။ နောက် post မှာ ပြန်တွေ့မယ်နော်။