Learn English with Yippy

Learn English with Yippy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn English with Yippy, Tutor/Teacher, Yangon.

09/03/2022

ကျနော်တို့ ဘာသာစကားလေ့လာတဲ့နေရာမှာ Vocabularyဟာ အရေးကြီးတဲ့နေရာမှာ ရှိပါတယ်။ Vocabလေ့လာတဲ့အခါမှာ တော်ရုံနဲ့ မမှတ်မိတဲ့တာမျိုး၊ မေ့လွယ်တာမျိုးက ကျနော်ကိုယ်တိုင်ကြုံံခဲ့ရတာပါ။ အဲ့လိုဖြစ်တော့ အချိန်ပေးလေ့လာထားရတာက အကျိုးမရှိဖူးဖြစ်တာပေါ့နော်။​
ဒီလိုမဖြစ်အောင် လေ့လာကျင့်သုံးလို့ရတဲ့ နည်းလမ်းလေးတွေ ကျနော်ရှာဖွေမှတ်သားဖြစ်ခဲ့ပါတယ်။​ ဒီVideoလေးမှာပေါ့ နည်းလမ်းလေးတစ်ခုကို ကျနော် ဝေမျှပေးထားပါတယ်။​ ဒိထပ်ပိုမိုပြီးတော့ မိမိ့အတွက်အကျိုးရှိမဲ့နည်းလမ်းလေးတွေလည်း ရှိနိုင်ပါသေးတယ်။ ဒီနည်းလမ်းကတော့ Vocabတစ်ခုကို အသေးစိတ်မကျတစ်ကျလေး မှတ်တဲ့ပုံမျိုးမလို့ အကျိုးရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်...

အပါတ်တိုင်း Wednesday Nightမှာ ဒီလိုမျိုး Tipsလေးတွေ ဝေမျှသွားမှာဖြစ်လို့ Followလုပ်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်ဗျာ့... ❤️
အားလုံးမဂ်လာရှိသောနေ့လေးဖြစ်ပါစေ။

04/03/2022

Hey guys !! I'm back!

09/02/2022

Hey guys,
Good news for you all. I’ll be back in a couple days with new contents. Stay tuned.
မိန်းမရသွားတာ မဟုတ်ပါဘူးဗျာ 🤣

13/11/2021

အားလုံးပဲ မဂ်လာပါဗျာ့...
အခုVideoလေးမှာတော့ ကျနော်တို့ အင်မတန်မှ ရောရောထွေးထွေးမြောမိကျတဲ့ Used to + V1 | (be) used to + Vingကို
Meaning , Form and Pronunciation (MFP)လုပ်ပီးတော့ ပြောပြပေးထားပါတယ်။ ၂မျိုးဖြစ်တဲ့အတွက်ကြောင့် အတန်အတင့်ရှည်သွားတာကို မေတ္တာရပ်ခံပါတယ်။
အကျိုးရှိလမ့်မယ်လို့ မျှော်လင့်ပါတယ်နော့်....


10/11/2021

မဂ်လာပါ
ဒီတစ်ခါတော့ /æ/ & /e/ အသံထွက် ကွာဟာမှုလေးတွေကိုပြောပြပေးထားပါတယ်။ ဒီအသံနှစ်ခုက အင်မတန်မှကို လေ့ကျင့်တဲ့နေရာမှာ ဒုက္ခပေးတဲ့ အသံတွေပါ။ အခက်အခဲသိပ်မတွေ့အောင် Tipလေးတစ်ခု ထည့်ပေးထားပါတယ်ဗျာ့...

အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ❤️


05/11/2021

မဂ်လာပါဗျာ့

ဒီနေ့မှာတော့ အသုံံးများတဲ့ Vocabတွေရဲ့ အသံထွက်လေးတွေ
ပိုမိုအဆင်ပြေသွားအောင် Reduceလုပ်ပီးပြောလို့ရတာတွေပြောပြပေးထားပါတယ်။​


Hello guys, I know that Halloween is just over. But, here are some popular idioms related with Halloween. These are quit...
03/11/2021

Hello guys,

I know that Halloween is just over. But, here are some popular idioms related with Halloween. These are quite easily understandable and useful. Hope it would help you in some ways.

With Love,
Yippy. ❤️

30/10/2021

မဂ်လာပါဗျာ့ 🙏🏾

ကျနော့်Pageရဲ့ ပထမဆုံး Powerpoint Videoလေးမှာ
Differences between 'must' and 'have to' ဆိုတဲ့ အကြောင်းလေးနဲ့ စတင်လိုက်ပါတယ်။

နောက်အပါတ်တွေမှာလည်း မိမိသိလိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ခြားနားမှုတွေကို Commentမှာတောင်းဆိုလို့ရပါတယ်။ Suggestionများလည်း လွတ်လွတ်လပ်လပ် ပေးနိုင်ပါတယ်ဗျာ့။

ရွှင်လန်းချမ်းမြေ့ပါစေ... 🔆

29/10/2021

အားလုံးပဲ မဂ်လာပါဗျာ့

တကယ်တော့ သောကြာနေ့တိုင်းမှာ Videoတစ်ခု အမြဲတင်ဖို့ ပြင်ဆင်ထားတယ်ပေါ့နော်။ ဒါမဲ့ အခုလုပ်ထားတဲ့ videoရဲ့ audio qualityက အတော်အဆင်မပြေဖြစ်နေတဲ့ အတွက် မနက်ဖြန်မှ တင်ပေးပါရစေ။

Differences between ”must” and “have to”
အကြောင်းကို လိုတိုရှင်းလင်း ရှင်းပြသွားမှာပါ။
Stay tuned guys.
👐🏽

အားလုံးပဲ မဂ်လာပါခင်ဗျာ ပထမဆုံးအနေနဲ့ ကျနော့်ရဲ့ Pageလေးမှာ တင်ပေးချင်တဲ့အကြောင်းအရာလေးကတော့ Academic Listening အတွက် အက...
27/10/2021

အားလုံးပဲ မဂ်လာပါခင်ဗျာ

ပထမဆုံးအနေနဲ့ ကျနော့်ရဲ့ Pageလေးမှာ တင်ပေးချင်တဲ့အကြောင်းအရာလေးကတော့
Academic Listening အတွက် အကြံပေးချက်လေးတွေပဲဖြစ်ပါတယ်။

ဆုံးပါးသွားပီဖြစ်တဲ့ ကျနော့် ဆရာတစ်ယောက်ရဲ့ စကားငှါးသုံးရရင် စာသင်ခန်းထဲမှာ (သို့မဟုတ်) အခုဒီစာကိုဖတ်နေတဲ့ အချိန်အတွင်း ကျနော်တို့ပါတ်ဝန်းကျင်မှာ ကားသံ၊ လူတွေစကားပြောသံ၊ လူသွားလူလာသံ၊ စျေးရောင်းသံ၊ စက်ပစ္စည်းတစ်ခုခုသံ စသဖြင့် အသံမျိုးစုံရှိနေနိုင်ပါတယ်။ �အဲ့အသံ၆မျိုး ၇မျိုးလောက်ထဲကမှ မိနစ်အပိုင်းအခြားလေးကန့်သန့်ထားတဲ့ အသံဖိုင်တစ်ခုကို အာရုံစိုက်(Focus)ဖို့ပါပဲ။ ��အတော့်ကို ရိုးရှင်းပင်မဲ့ ကျွမ်းကျင်ဖို့ခက်ခဲတဲ့ အရာတစ်ခုပါ။ သို့ပင်မဲ့ အသုံးဝင်မဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

(၁) ကိုယ်နားထောင်မဲ့ အကြောင်းအရာက Travelling (Broad Topic)ဆိုပါတော့ ဒါဆို မနားထောင်ခင်မှာ Travellingနဲ့ ပါတ်သတ်တဲ့ စကားလုံးတွေကိုကြိုတင် စဥ်းစားနေတာမျိုးဟာ အင်မတန်ကို ကောင်းတဲ့ နည်းလမ်းတစ်ခုပါ။ ဒီလိုတွေးလိုက်ခြင်းဟာ ကျနော်တို့ဦးဏှောက်ကို အကြောင်းအရာတစ်ခုထဲပေါ်မှာ အာရုံစိုက်ဖို့ မသိမသာလေး တွန်းအားပေးလိုက်သလိုပါပဲ။​ များပြားလှတဲ့ အကြောင်းအရာတွေထဲကမှ ခေါင်းစဥ်တစ်ခုထဲကို အာရုံစိုက်ဖို့ ကန့်သန့်လိုက်တာပါ။

(၂) ကိုယ်ဟာ Listening အခုမှ စလုပ်ဖူးတဲ့လူဆိုရင် အတော်များများက စိတ်လှုပ်ရှားတတ်ကျပါတယ်။ မလှုပ်ရှားအောင်ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးပါ။ မဖြစ်နိုင်ဘူးဆိုရင် Key wordsလေးတွေ နားထောင်ကြည့်ပါ။ ပြီးတော့ ခန့်မှန်းကြည့်ပါ။ “Then, maybe you can give me some help with computer course I’m taking’ဆိုတဲ့ စာကြောင်းမျိုးမှာ help / Computer course ၂ခုကြားတာနဲ့ အဓိပ္ပါယ်ဖော်ကြည့်လို့ ရလောက်ပါတယ်။

(၃) ‘ဟင်… အဲ့တာဘာပြောလိုက်တာလဲ မကြားလိုက်ဘူး/ နားမလည် လိုက်ဘူး’ Listening Training တွေမှာ ခဏခဏကြုံရတဲ့ ပြဿနာတစ်ခုပါပဲ။ အရင်ဦးစွာပြောချင်တာက Trainningလုပ်နေတဲ့ အချိန်မှာ ဒီAudio Trackထဲမှာ ရှိတဲ့ စကားလုံးအကုန်ကို ‘ငါကြားရမယ်/ နားလည်ရမယ်လို့’ မတွေးထားပါနဲ့။ အဲ့လို့တွေးထားတာက ကိုယ့်ကိုပိုပီးတော့ ဖိအားပေးပါတယ်။ �
Academic Listening Lessonတော်တော်များများဟာ နားထောင်သူကို ပေးချင်တဲ့ Vocab/ Grammar/ Functionတွေပါကျပါတယ်။ အဲ့တာတွေက ကိုယ်တစ်ခါမှ မကြားဖူးတာတွေလည်း�ဖြစ်နေနိုင်တယ်။ ဆိုပါစို့ “I want to be a ventrioloquist”ဆိုတဲ့စကားမှာ ကိုယ်က ‘Ventrioloquist’ဆိုတဲ့ အသံကိုမကြားဖူးဘူး။ ကိုယ်မကြားဖူးတဲ့ အသံတစ်ခုကို အတင်းကြီးနားထောင်ပြီး ‘ဘယ်လိုစာလုံးပေါင်းလဲ။ ဘာအဓိပ္ပါယ်လဲ။’ ခန့်မှန်းရတာက ကိုယ့်မိခင်ဘာသာစကားဆိုရင်တောင် အင်မတန်ခက်ခဲတဲ့အရာပါ။

Listening Trainပီဆိုရင် အမြဲတန်း Skills Trainingပေါ်မူတည်ပီး Tasks(Q&A, True/False, Gap Filling, Suitable Topic)တွေရှိပါတယ်။ ဒီTasksတွေကို အဖြေမှန် များများရအောင်ဖြေနိုင်တာနဲ့ ဒီTranningမှာ ကိုယ်ကောင်းကောင်းလုပ်နိုင်တယ်လို့ သတ်မှတ်လို့ရပါတယ်။ ခုဏက မကြားလိုက်တဲ့ အသံက Taskအတွက် အရေးပါသလား? �မပါဘူးဆိုရင် ကျနော်တို့ စိတ်ပူပင်စရာမလိုပါဘူး။ ဆရာက နောက်မှာ ရှင်းပြပါလိမ့်မယ်။ ဒီစကားလုံးဟာ ကျနော်တို့Levelထပ်မြင့်နေနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့လိုမဟုတ်ဘူး Taskထဲမှာပါတယ်။ ဒါဆိုရင်တော့ ကျနော်တို့Levelဝန်းကျင်မှာ ရှိနေတဲ့ စကားလုံးတစ်လုံးပါ။ ခန့်မှန်းကြည့်လို့ရပါတယ်။ ကိုယ်နားထောင်နေတဲ့ အကြောင်းအရာ(Context)ပေါ်
မူတည်ပြီးတော့ Noun/ Verb/ Adjective (Positive/ Negative) သုံးသပ်ကြည့်ပါ။ Prefix/ Suffix/ root တွေရှာကြည့်လို့ လည်းရပါတယ်။

(၄) ကိုယ်မကြားလိုက်တဲ့ စကားလုံးပေါ်မှာ အရမ်းအာရုံစိုက်တာကို ရှောင်ကြဉ်ပါ။ အပေါ်မှာပြောခဲ့သလိုပေါ့ ကိုယ်လုပ်ရမဲ့Taskထဲအတွက် သက်ဆိုင်မှုမရှိတဲ့ စကားလုံးကို မကြားလိုက်ရလို့ အချိန်မပေးပါနဲ့။ အချိန်ပေးလိုက်တယ်ဆိုရင် သူ့နောက်ကကပ်ပါလာမဲ့ စာကြောင်းမှာ ကိုယ်တစ်ကယ်နားထောင်ရမဲ့ Taskကို လွတ်သွားနိုင်ပါတယ်။

(၅) အင်မတန်ကို ပြောရဆိုရခက်တဲ့ အကြောင်းအရာတစ်ခုဖြစ်တဲ့ Notes taking အကြောင်းပါ။
လူတစ်ဦးနဲ့တစ်ဦး လုံးဝမတူဘူးဆိုတာကို သိမြင်ဖို့ အရေးကြီးပါတယ်။ တစ်ချို့က ကိုယ်ကြားလိုက်တာကို လိုက်မမှတ်ဘဲ ပြန်ပြောနိုင်ကျတယ်။ တစ်ချို့ကျတော့ လိုက်မှတ်ထားတာ ပိုမိုအဆင်ပြေကျတယ်ပေ့ါ။ Notesမှတ်ရတာ တကယ်တော့ မလွယ်လည်းမလွယ် မခက်လည်းမခက်ပါပဲ။ Basic Levelကလွဲလို့ ကျန်သူများအနေနဲ့ အထိုက်အလျောက် သိနားလည်သင့်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ တစ်ချို့ Tasksတွေက Notes Takingလုပ်မှရမဲ့ အရာမျိုးတွေရှိပါတယ်။ အကြံပေးချင်တာက စာလုံးတစ်လုံး လုံးကိုချရေးမဲ့အစား Inital Words/ Key words တွေရေးချလိုက်တာ ပိုမိုအဆင်ပြေပါတယ်။

(၆) ကိုယ်မကြားလိုက်တဲ့ စကားလုံးတွေဟာ ထူးဆန်းစွာနဲ့ ကိုယ်သိပီးသား အင်မတန်လွယ်တဲ့ Phrase/ Wordsတွေဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ �အဲ့တာ Linking soundsတွေကြာင့်ပါ။ ဒီအကြောင်းကို သက်သက်စာရေးပြီးရှင်းပြမှ ရပါလိမ့်မယ်။ Linking soundsကို မကြားဖူးရင်လည်း Listeningမှာ အင်မတန် အဟန့်အတား ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ နောက်အပါတ်ကျ တင်ပေးပါ့မယ်။

အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
မေးချင်များရှိလည်း မေးခဲ့နိုင်ပါတယ်ဗျာ့။

24/10/2021

Hey guys!
It’s me, Yippy aka Dway.
I have always wanted to make my private page where I could share things which I’d already been through learning English as a second language. Coming from a long line of teachers, I have gathered different approaches towards instructing English on individual learners. Here, I’ll be uploading connecting tips and wholesome advices to make it easier for you to continue your learning journey.
Stay tuned.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Learn English with Yippy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Learn English with Yippy:

Shortcuts

Share

Category