သုခရိပ်သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

သုခရိပ်သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

Share

Nurseaid and Pharmacist aid😊😊

02/11/2023

November. 18.19 မှာ Sat. Sun အတန်းလေး စတော့မှာမို့. စိတ်ပါဝင်စားသူများ အမြန်ဆုံး ဆက်သွယ်ပေးပါရှင့်.😊သင်တန်းအပ်လက်ခံပါပီနော်😊😊
09974777162

07/10/2023

သင်တန်းဖွင့်မဲ့ရက်လေးလဲ နီးကပ်လို့လာပါပီနော် သဲငယ်လေးတို့ရေ😊😊
Sunday only class လေးမို့ အလုပ်တဖက်နဲ့ သူနာပြုအကူကို စိတ်ပါဝင်စားလို့ပဲ ဖြစ်ဖြစ်....ဆေးဝါးနဲ့ပတ်သက်ပီး စိတ်ဝင်စားလို့ပဲ ဖြစ်ဖြစ် အခက်အခဲမရှိ တက်ရောက်နိုင်ပါပီနော်😊😊
သင်တန်းကြေးလေးကလဲ တခြားသင်တန်းတွေနဲ့ယှဉ်ရင် ထက်ဝက်လောက် သက်သာပြီး သင်တန်းသားတိုင်း အဆင်ပြေအောင် သတ်မှတ်ပေးထားပါတယ်နော်🙂🙂

🎉🎉သီတင်းကျွတ် Promotion အနေနဲ့...
👉👉တစ်ဘာသာကို 10% Discount လဲ ရှိပါတယ်ရှင့်😊

သင်တန်းဖွင့်မဲုရက်ကတော့📆📆...
.👉👉22.10.23

💰💰သင်တန်းကြေး...
👉👉သူနာပြုအကူ...............180000
👉👉ဆေးဝါးကျွမ်းကျင်........ 180000
(10%) Discount👈👈

🏡🏡သင်တန်းလိပ်စာ
(216) ဈေးအနီး...(95) ကားဂိတ်အနီး...ကျောက်တန်းမြို့နယ်..... ရန်ကုန်တိုင်း
👉👉Page messenger (or)
👉👉☎09974777162....သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်😊😊

🏆🏆အနာဂါတ်ဘဝတွေ လှပဖို့ သုခရိပ်သို့ လှမ်းခဲ့စို့🏆🏆

03/10/2023

နောင်ရေးအတွက် စိတ်အေးရမယ့်သင်တန်းမျိုးရှာနေရင် သုခရိပ် ကို လာခဲ့ပါ 🤩
ဗဟုသုတလည်းရ ၊ အနာဂတ်လက်တွေ့အသုံးချနိုင်ပြီး စိတ်ချရတဲ့သင်တန်းမျိုး ရှာနေရင်တော့ သုခရိပ်ဆေးဝါးကျွမ်းကျင်နဲ့ သူနာပြုသင်တန်းရှိတယ်နော် 🙌🏻

✅အသက်မွေးဝမ်းကျောင်း အတွက်​သေချာတဲ့အလုပ်အကိုင်တစ်ခုလေး ရချင်တယ်
✅ဆေးဆိုင်လေး ဖွင့်ချင်တယ်
✅ဆေးရုံ၊ဆေးခန်းတွေမှာ 𝐍𝐮𝐫𝐬𝐞 𝐚𝐢𝐝 အဖြစ် အလုပ်လုပ်ချင်တယ်
✅𝐇𝐨𝐦𝐞 𝐜𝐚𝐬𝐞 များမှာ 𝐍𝐮𝐫𝐬𝐞-𝐀𝐢𝐝 တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ပေးချင်တယ်
✅ ကျန်းမာရေးဗဟုသုတလေး ရှိထားပြီး မိသားစုအတွက် လိုအပ်ရင်လိုအပ်သလို ကူညီပေးနိုင်အောင် ကိုယ်တိုင်တတ်မြောက်ချင်တယ် ဆိုတဲ့သူတွေအတွက်
နွေးစေတနာရဲ့ သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်းကို 𝐎𝐜𝐭 15, 𝟐𝟎𝟐𝟑 မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူ နှစ်ဘာသာလုံးတက်လို့ရသလို ဆေးအကြောင်းပဲ သိထားချင်တယ် ဆေးဆိုင်လေး ဖွင့်ချင်တယ် ဆိုတဲ့သူတွေအတွက်လည်း တစ်ဘာသာချင်းဆီ တက်လို့ရပါတယ်။
သင်တန်းကြေးအနေနဲ့ -
🔷 သူနာပြုအကူ (𝐁𝐚𝐬𝐢𝐜 ) - 180000
🔷 ဆေးဝါးကျွမ်းကျင်အကူ - 180000
🔷 နှစ်ဘာသာလုံးတက်မည်ဆိုပါက- 360000 ကျပ် သာ ကျသင့်မှာဖြစ်ပြီး
🔸 သက်ဆိုင်ရာ သင်ရိုးညွန်းတမ်း စာအုပ်များ
🔸𝐔𝐧𝐢𝐟𝐨𝐫𝐦 𝐬𝐜𝐫𝐮𝐛 𝐬𝐮𝐢𝐭 𝟏 𝐬𝐞𝐭 ကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကြေးကလည်း နှစ်ရစ် ခွဲသွင်းနိုင်တဲ့အပြင် အဆောင်နေချင်တယ်ဆိုရင်လည်း သင်တန်းကာလအတွက် အ​ဆောင်စီစဉ်ပေးမှာဖြစ်ပါတယ်။ သင်တန်းသားဦးရေတော့ ကန့်သတ်ထားလို့ အမြန်ဆုံးစာရင်းသွင်းဖို့တော့ လိုပါတယ်.
သင်တန်းပြီးဆုံးသွားရင်တော့ သက်ဆိုင်ရာဘာသာရပ် သင်တန်းဆင်းလက်မှတ်ကိုပေးအပ်မှာဖြစ်လို့ အခုပဲ 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 မှာ လာရောက်စုံစမ်းလိုက်တော့နော်

လိပ်စာ
- (95) ကားဂိတ်အနီး..(216) ဈေးအနီး...ကျောက်တန်းမြို့နယ်.. ရန်ကုန်တိုင်း
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
ဖုန်းနံပါတ် -09974777162 𝐨𝐫 𝐩𝐚𝐠𝐞 𝐜𝐛 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်

03/10/2023

မျက်စိနာ ( ကူးသန်းရောင်းဝယ်ရေး )

ငယ်ငယ်ကဆို မျက်စိနာသူဆို အကြည့်ချင်းမစုံအောင်နေရ၊ လူကြီးတွေက ကူးတယ်ပြောကြတာကို၊ ကိုယ်လည်းပါသေးတယ်။

မျက်စိနာက ဘယ်လိုကူးတာလည်း ဆိုတာလေး ရှင်းပြချင်ပါတယ်။

ထိုမျက်စိနာသူရဲ့ ထိတွေ့တဲ့အရာတွေ၊ အသုံးအဆောင်တွေကို မိမိကိုင်မိရာကနေ ကူးစက်နိုင်ချေ ပိုမြန်ပါတယ်။ ဒီလိုပုံစံနဲ့ပဲ တစ်ယောက်ပြီးတစ်ယောက် ကူးစက်လာကြပါတယ်။

လူတစ်ယောက်ရဲ့လက်က ခြေထောက်ထက် ပိုညစ်ပတ်တယ်လို့ လေ့လာထားတာလည်း ရှိပါတယ်။ လက်က တွေ့ရာ အကုန်ကိုင်တွယ်တယ်၊ မျက်စိလည်းပွတ်တယ်၊ ခေါင်းကုတ်တယ်၊ နှာခေါင်းနှိုက်တယ် စသည်ဖြင့် ပိုးမွှားတွေအစုံနဲ့ ရောဂါကူးနိုင်ချေအများဆုံးနေရာတစ်ခုပါပဲ။

မျက်စိနာစတင်ပုံစံ......

မျက်မြှေးတစ်ဖြေးဖြေး ရဲလာမယ်၊ မျက်စိနီ၊မျက်ရည်ကျတာ၊ မျက်ဝတ်ထွက်များတာ၊ မျက်ဝတ်ကပ်တာ၊ မျက်တောင်ခပ်ရင်ခုနေသလိုဖြစ်တာ၊ မျက်သားယားမယ်၊ မျက်တောင်ကပ်တာ၊ အလင်းစူးမခံနိုင်တာ၊ မျက်စိကျိန်းတာ၊ စပ်တာ စသည်တို့ dry eyeရောဂါပုံစံအနေနဲ့ ရုတ်တရက် စတင်ခံစားလာရတတ်ပါတယ်။

မျက်စိနာဖြစ်လာရင်.....

မိမိက မျက်စိနာဖြစ်လာရင် တစ်ပါးသူကို မကူးစက်အောင် မိမိသုံးစွဲသော ပစ္စည်းတွေကို မျှဝေမသုံးစွဲပါနဲ့ လက်ကို ဆပ်ပြာနဲ့သေချာဆေးပါ။ မိမိသုံးစွဲသော ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပဝါ၊ ဆောင် စသည်တို့ကို ရေနွေးနဲ့ ပြုတ်လျှော်ပေးပါ။ မိန်းခလေးဖြစ်ရင်တော့ ကာလာချယ်ပစ္စည်းများ မသုံးစွဲဘဲ ထားပါ၊ ရောဂါပျောက်ကင်းရင် အသစ်လဲပေးပါ။

ကုသခြင်း.....

တစ်ခုခုကိုင်ပြီးတိုင်း လက်ကိုသေချာဆေးပါ။ မိမိတစ်ကိုယ်ရည်သုံး ပစ္စည်းများကို သီးခြားသုံးပါ။ မျက်စိကို လက်နဲ့လုံးဝ မပွတ်ပါနဲ့ မျက်ရည်တုခပ်ပါ။ မျက်စိကို မကြာခဏအနားပေးပါ၊ မျက်ဝတ်ထွက်များရင်တော့ ပိုးသတ်ဆေးကို ဆရာဝန်ညွန်ကြားသလို သုံးနိုင်ပါတယ်။

မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Health ) 27.9.2023

Photos from သုခရိပ်သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း's post 02/10/2023

#ရုတ်တရက်_အရမ်းမောလာတယ်_သွေးပေါင်ပြုတ်ကျသွားတယ်
#သွေးတွင်း_Oxygen_လည်းကျတယ်
#အဘိုးက_အိပ်ယာထဲလဲနေတာကြာပြီ_ဒါပေမယ့်_စားနိုင်_သောက်နိုင်ပါပဲ



အဆုတ်သွေးကြောပိတ်ခြင်း 👉 ကျွန်တော်တို့ကြားနေကျ ရောဂါနာမည်တွေ နဲ့ နည်းနည်းကွဲထွက်နေပါတယ်

- နှလုံးသွေးကြောကျဉ်းတာ/ပိတ်တာ
- အဆုတ်ရောင်/အဆုတ်ပွ၊ အဆုတ်ထဲရေဝင် စတာတွေက ကြားနေကျရောဂါတွေပေါ့

Pulmonary Embolism (PE) က တော်တော်ဆိုးဝါးပြင်းထန်တဲ့ရောဂါ (အနောက်နိုင်ငံတွေမှာ အဖြစ်များပါတယ်) အခုတော့ ကျွန်တော်တို့ဆီမှာပါ တော်တော်တွေ့လာရပါပြီ (ကျွန်တော်တောင် ဒီလထဲ လူနာ (၄) ယောက်တွေ့ခဲ့ရပါတယ်)

- လေဖြတ်ထားတဲ့လူနာလို လှုပ်ရှားမှုမရှိတဲ့လူနာတွေ
- ခွဲစိတ်ကုသမှုခံယူထားပြီး (အထူးသဖြင့် Major operation ခွဲစိတ်မှုကြီးကြီးခံယူထား ပြီး လှုပ်ရှားမှုနည်းတဲ့ သက်ကြီးပိုင်းလူနာတွေ)
- ကင်ဆာရောဂါအခံကြောင့် သွေးခဲနှုန်းမြင့်နေတဲ့လူနာတွေ
- သွေးရောဂါ(သွေးပျစ်တဲ့ရောဂါ)အခံရှိပြီး လှုပ်ရှားမှုနည်းတဲ့ လူနာတွေ မှာ

ရုတ်တရက်
1. အရမ်းမောလာပြီး SpO2 ကျမယ် (သွေးတွင်း Oxygen)
2. နှလုံးခုန်တွေအရမ်းမြန်လာမယ်
3. သွေးပေါင်တွေ ကျလာတယ် ဆိုရင်
အခုပြောမယ့် Pulmonary Embolism ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။
___________
ရောဂါအကြောင်းသေချာ နားလည်အောင် အခြေခံလေး အရင်ပြောပြပါမယ်။

#နှလုံး ဆိုတာ ကြွက်သားတွေနဲ့ဖွဲ့စည်းထားတဲ့ လက်သီးဆုပ်လောက်ရှိတဲ့ အခေါင်းပွအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အခန်း (၄) ခန်းရှိပြီး သွေးကြောမကြီးများနဲ့ ဆက်ထားပါတယ်။
- ဘယ်ဘက် သွေးဝင်ခန်း (Left Atrium)
- ဘယ်ဘက် သွေးလွှတ်ခန်း (Left Ventricle)
- ညာဘက် သွေးဝင်ခန်း (Right Atrium)
- ညာဘက် သွေးလွှတ်ခန်း (Right Ventricle)
ဆိုပြီးရှိပါတယ်။

ကျွန်တော်တို့
- ခန္ဓာကိုယ်အပေါ်ပိုင်းက သွေးတွေက Superior Vena Cava လို့ခေါ်တဲ့ သွေးပြန်ကြောမကြီးက တဆင့် နှလုံးရဲ့ညာဘက် သွေးဝင်ခန်းထဲကို ရောက်ပါတယ်။
- ခန္ဓာကိုယ်အောက်ပိုင်းက သွေးတွေက Inferior Vena Cava လို့ခေါ်တဲ့ သွေးပြန်ကြောမကြီးက တဆင့် နှလုံးရဲ့ညာဘက် သွေးဝင်ခန်းထဲကို ရောက်ပါတယ်။

1. နှလုံး ညာဘက် သွေးဝင်ခန်း (Right Atrium) က သွေးတွေက Tricuspid Valve ဆိုတဲ့ အဆို့ရှင်ကိုဖြတ်ပြီး ညာဘက်သွေးလွှတ်ခန်း (Right Ventricle) ဆီရောက်ပါတယ်။
2. အဆို့ရှင် (Tricuspid Valve) ကိုဖြတ်ပြီး ညာဘက် သွေးလွှတ်ခန်း ထဲဝင်လာတဲ့သွေးတွေ ကို Carbon dioxide နဲ့ Oxygen လဲဖို့အတွက် အဆုတ် (Lungs) ဆီသို့ အဆုတ်သွေးလွှတ်ကြောမကြီး Pulmonary Artery မှတဆင့်ပို့ပေးပါတယ်။
3. အဆုတ် က "လဲ" ပေးလိုက်လို့ Oxygen တွေပြည့်ဝ နေတဲ့ သွေးတွေ (Oxygenated Blood) တွေဟာ အဆုတ်သွေးပြန်ကြောမကြီး Pulmonary Vein မှတဆင့် နှလုံးရဲ့ ဘယ်ဘက် သွေးဝင်ခန်း ထဲသို့ရောက်ပါတယ်။

👉 ဘယ်ဘက်သွေးဝင်ခန်း နဲ့ သွေးလွှတ်ခန်း ကြားမှာ အဆို့ရှင်တစ်ခုရှိပြီး (Mitral Valve လို့ခေါ်ပါတယ်) - သွေးဝင်ခန်းထဲ က သွေးတွေ သွေးလွှတ်ခန်းထဲဝင်အောင် #တံခါးဖွင့်ပေးပြီး၊ သွေးလွှတ်ခန်းထဲက သွေးတွေ သွေးဝင်ခန်းထဲ ပြောင်းပြန် ပြန်မတတ်အောင် #တံခါးပိတ်ပေးတဲ့ အလုပ်လုပ်ပါတယ်။

4. အဆို့ရှင် (Mitral Valve ) ကိုဖြတ်ပြီး ဘယ်ဘက် သွေးလွှတ်ခန်း ထဲဝင်လာတဲ့သွေးတွေ ကို ခန္ဓာကိုယ်တစ်ခုလုံးက Cells တွေဆီကို သွေးလွှတ်ကြောမကြီး ( Aorta ) မှတဆင့်ဖြန့်ဝေပေးပါတယ်။

(မြင်သာအောင် => ပုံဆွဲပြ ထားပါတယ်)
___________
ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုပုံစံကို သိပြီဆိုရင် နောက်တဆင့်တက်ပါမယ်။

သွေးခဲနှုန်းမြင့်ပြီး လှုပ်ရှားမှုနည်းတဲ့အခါ သွေးစီးဆင်းမှုနှေးသွားတဲ့ အတွက် #သွေးခဲတွေ ဖြစ်လာရပါတယ်။
အထူးသဖြင့် သွေးတွေစုနေတတ်တဲ့ ခြေသလုံးသွေးပြန်ကြောတွေထဲမှာ ခဲတတ်ပါတယ်။

သွေးခဲက စဖြစ်ပြီဆိုတာနဲ့ အဲ့ဒီ သွေးခဲဆီကို သွေးနီဥတွေ သွေးဥမွှားတွေ ထပ်ခါထပ်ခါ စုဝေးလာတဲ့ အတွက် သွေးခဲကကြီးကြီးလာပါတယ်။

သွေးခဲကြီးလာတော့ သွေးတွေက ခြေထောက်မှာစုစုလာတဲ့အတွက်
- ခြေသလုံးတစ်ဖက်က ရောင်လာတတ်ပါတယ်
- နာလာ တတ်ပါတယ်

အဲ့ဒီ ခြေထောက်သွေးပြန်ကြောထဲက သွေးခဲဟာ ပြုတ်ထွက်သွားရင် သွေးပြန်ကြောတွေက တဆင့် သွေးပြန်ကြောမကြီး (Inferior Vena Cava) ထဲရောက်ပါတယ်

အပေါ်က ရှင်းပြထားတဲ့လမ်းကြောင်းအတိုင်း

Inferior Vena Cava 👉 Right Atrium 👉 Right Ventricle 👉 Pulmonary Artery

သွေးပြန်ကြောမကြီး ကနေ နှလုံးညာဘက်သွေးဝင်ခန်း အဲ့ကနေ နှလုံးညာဘက်သွေးလွှတ်ခန်း အဲ့ကနေတဆင့် အဆုတ်ဆီသွားတဲ့ သွေးလွှတ်ကြောထဲရောက်သွားပါတယ်။

အဆုတ်ဆီသွားတဲ့ သွေးလွှတ်ကြော ထဲမှာ သွေးခဲဟာ ကြီးရင်ကြီးသလောက် (ပိတ်ပါပြီ) အဆုတ်ဆီသွေးမရောက်တော့ပါဘူး။***

အဆုတ်သွေးကြောပိတ် တဲ့ အတွက်

1. အဆုတ်က အာဟာရတွေမရပဲ အဆုတ်ပျက်စီးလို့ Oxygen ကျပါတယ်။
2. ခန္ဓာကိုယ်ထဲက သွေးတွေက အဆုတ်ဆီမရောက်လို့ Carbon dioxide နဲ့ Oxygen မလဲနိုင်တဲ့အတွက် Oxygen ကျပါတယ်။
ခန္ဓာကိုယ်က Cells တွေ Oxygen မရလို့ လူက လူးပျံနေအောင် #မောပါတယ်။
3. သွေးတွေက အဆုတ်ဆီ ရောက်တာ အရမ်းနည်းတော့ အဆုတ်ဆီကနေ ဘယ်ဘက်နှလုံးကို ပြန်လာတဲ့ သွေးပမာဏနည်းပါးတဲ့အတွက် #သွေးပေါင်ပြုတ်ကျပါတယ်
4. သွေးပေါင်ကျတဲ့ အတွက် နှလုံးက သွေးပေါင်တက်ရအောင် အရမ်းခုန်ရပါတယ် 👉 #ရင်တုန်ပါတယ်

ဖြစ်လာရတဲ့
- မောတာ (SpO2 ကျတာ)
- ရင်တုန်တာ (Tachycardia)
- သွေးပေါင်ကျတာ (Shock) အားလုံးဟာ အဆုတ်သွေးကြောထဲ သွေးခဲပိတ်လို့ဖြစ်ရတာဖြစ်လို့

သွေးခဲကြီးပျော်သွားရင် လူနာက အသက်ချမ်းသာရာ ရပါတယ်
🚨 ကုသမှုက #သွေးခဲကြီးထပ်မကြီးလာအောင် နဲ့ #သွေးခဲကြီးပျော်သွားရေး ပဲဖြစ်ပါတယ်။

- သွေးခဲဖျော်ဆေး/သွေးမခဲဆေး ပေးတယ်
- သွေးပေါင်တက်ရအောင် ဆေးရည်တွေ သွေးပေါင်တက်ဆေးတွေပေးပါတယ်

စိတ်မကောင်းစရာက အဆုတ်သွေးကြောပိတ်ရောဂါ (Massive Pulmonary Embolism) က သေဆုံးနှုန်းမြင့်ပါတယ်။
Mortality = 30 to 60 % ရှိလို့
လူနာ ၃ ယောက်မှာ ၂ ယောက် အထိ သေဆုံးနိုင်ပါတယ်။

အဲ့ဒါကြောင့် ဖြစ်တာနဲ့သေဆုံးနှုန်းမြင့်တဲ့ အတွက် မဖြစ်ရအောင် တတ်နိုင်သမျှကြိုတင် ကာကွယ်ကြရမှာဖြစ်ပါတယ်။

နှစ်ပိုင်းပေါ့

1. သွေးမပျစ်ရအောင် နေထိုင်ကြမယ်
2. သွေးမခဲရအောင် ကာကွယ်ကြမယ်

-----------
1. သွေးမပျစ်ရအောင်

- ဆေးလိပ်ဖြတ်ပါ
- လှုပ်ရှားမှုလုပ်ပါ (လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ)
- ရေဓာတ်ပြည့်ဝအောင် အမြဲဖြည့်ပါ (ရေများများသောက်ပါ)
- အရက်အလွန်အကျွံမသောက်ပါနဲ့
- သွေးရောဂါအခံ/ရောဂါအခံ ရှိသသည်ကို သေသေချာချာ ကုသပါ

2. သွေးမခဲရအောင်

လှုပ်ရှားမှုမရှိတဲ့ လေဖြတ်လူနာတွေ
လှုပ်ရှားမှုနည်း တဲ့ သက်ကြီးရွယ်အိုတွေ၊ ခွဲစိတ်ကုသမှုခံယူထားသူတွေ
အစရှိသူတို့ကို Passive Movement (လေ့ကျင်ခန်း ကိုယ်ကလုပ်ပေးပါ) လုပ်ပုံလုပ်နည်းကို ဆရာ/ဆရာမများက ပြသပေးပါလိမ့်မယ်။

အချိန်ရတိုင်း ခဏ ခဏ လုပ်ပေးပါ။

ဆေးရုံမှ လူနာများ အတွက်ကတော့ ကျွန်တော်တို့တွေအနေနဲ့

- Physiotherapy (လေ့ကျင့်ခန်းလုပ်ပေးတာ)
- DVT stocking (ခြေစွတ် စွတ်ပေးတာ)
- DVT Machine (စက်တပ်ပေးထားတာ)
- သွေးခဲနှုန်းအရမ်းမြင့်ပါက သွေးမခဲဆေးထိုးပေးတာ အစရှိတာတွေ လုပ်ပြီး ကာကွယ်ထားတတ်ပါတယ်။

မဖြစ်အောင် အတတ်နိုင်ဆုံး ကာကွယ်ထားပါသော်လည်း ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း သွေးခဲနှုန်းတွေအရမ်းတက်လာတဲ့ အတွက် တချို့လူနာများမှာ စိတ်မကောင်းစရာ လက်လွှတ်ရတတ်ပါတယ်။

ဒီလောက်ဆိုရင်တော့ အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary Embolism) အကြောင်း သိကြမယ်ထင်ပါတယ်။
(original post; July,2022 👉 https://www.facebook.com/100058278781320/posts/471607401458549/?d=n)
(Photo credit; Center for clinical Haematology )
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

30/09/2023

✨အလယ်တန်းအောင်မြင်ပြီးလူငယ်များအတွက် အထူးအခွင့်အရေး✨

အခြေခံပညာ ⚜(၈)တန်းအောင်မြင်ပြီးသူတိုင်း⚜ တက်ရောက်နိုင်သည့်
👉သုခရိပ် ဆေးဝါးကျွမ်းကျင်သင်တန်း
👉တန်းခွဲအသစ်ကို
👉​ကျောက်တန်းမြို့တွင်
👉အပတ်စဉ် ၂. Sunday only သင်တန်း ထပ်မံဖွင့်လှစ်သင်ကြားပေးပါတော့မယ်ရှင့်

ဘာသာရပ်များအနေဖြင့်
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
🔰 သူနာပြုအကူသင်တန်း - 180000 ကျပ် (စာတွေ့+လက်တွေ့)
🔰 သင်တန်းကာလ - (၃)လ

🔰 ဆေးဝါးကျွမ်းကျင်အကူသင်တန်း - 180000 ကျပ် (စာတွေ့+လက်တွေ့)
🔰 သင်တန်းကာလ - (၃)လ

🔰 ဘာသာစုံသင်တန်း - 360000 ကျပ်
🔰 သင်တန်းကာလ - (၃)လ

(အရစ်ကျပေးသွင်းနိုင်ပါသည်)

အထူးအစီအစဉ်အနေဖြင့် ဘာသာစုံတက်ရောက်သူများအား
▪ဘာသာရပ်ဆိုင်ရာသင်ရိုးညွှန်းတမ်းစာအုပ်များ
▪Uniform တစ်စုံ
▪သက်ဆိုင်ရာ Certificate စတာတွေကို အခမဲ့ ပေးအပ်သွားမှာပဲဖြစ်ပါတယ်
....Japanese Language ကိုလဲ Basic အတန်းကို အခမဲ့ သင်ကြားပေးသွားမှာလဲ ဖြစ်ပါတယ်ရှင့်😊😊

♦နယ်ဝေးမှ လာရောက်တက်ရောက်လိုသူများကိုလည်း
အဆောင်နေထိုင်လိုပါက စီစဉ်ပေးပါတယ်ရှင့်♦

📍📍📍သင်တန်းတက်ရောက်အောင်မြင်ပြီးသည်နှင့်
Singapore, Japan, နိုင်ငံများသို့ သွားရောက်
လုပ်ကိုင်လိုသူများအတွက်လည်း စိတ်ချယုံကြည်ရသော
Agency များဖြင့် ချိတ်ဆက်ပို့ဆောင်ပေးလျက်ရှိပါတယ်ရှင့်📍📍📍

သတ်မှတ်လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးနေတာဖြစ်လို့ အမြန်ဆုံးလာရောက်အပ်နှံလိုက်ပါနော်

🙏 လိပ်စာ - (216) ဈေးအနီး...(95) ကားဂိတ်အနီး..ကျောက်တန်းမြို့နယ်.ရန်ကုန်တိုင်း
☎ ဖုန်း - 09974777162

Thu Kha Yeik Training Center


#သူနာပြုအကူ
#ဆေးဝါးကျွမ်းကျင် #သင်တန်း

30/09/2023

#သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာ သိဖို့လိုပါတယ်...( #ပြန်လည်မျှဝေတာပါ)

...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ

....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်

....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ

......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ

.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ

.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ

.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ

......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ

.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ

.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ

......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ

......ECG ကတော့ နှလုံးစစ်ဆေးတာ(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ

......EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ

...... Urine test ကတော့ ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုးဝင်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ

.......Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )

.....SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ)

....BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ

......Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ

......HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ

......LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ

....Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ

....HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ

.....Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ

......Anti HCVကတော့ C ပိုးစစ်တာပါ

......( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ

....(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ

........USG (Ultrasound)ကတော့ အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်ဝမ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်ဝန်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ

..... Thyroid Function Test ကတော့လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ

........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ

.....Vitamin D (total ) ကတော့အရိုးပွရောဂါအတွက်စစ်တာမျိုးပါ

....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ

...A*O ဆိုတာကနှလုံးနဲ့ပတ်သက်နေတဲ့လေးဖက်နာရောဂါကိုစစ်ဆေးတာမျိုးပါ

.....RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ

... ESR ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း ၊နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင်၊ ကိုယ်ဝန်ဆောင် ၊လေးဘက်နာ (ရူမက်တစ် )အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါစတဲ့သူတွေကို စစ်တာမျိုးပါ

......PSA/CA 125/CA 153 ကတော့ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ

.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ

.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ

........Digital Mammogram ကတော့ရင်သားဓာတ်မှန် ရိုက်တာပါ

.......CRP ကတော့သွေးကြောရောင်ကိုင်းတာကို စစ်တာပါ

ကျေးဇူးတင်လျှက်............

Credit dr hein laboratory

30/09/2023

ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။
.
.

ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန်

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။
.
.

ရှောင်ရန်

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲ သက်သာစေပါတယ်။

မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။


မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်နိုင်ကြပါစေ.....။

မျက်စိအထူးကုဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

.

30/09/2023

♦ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ♦
-------------------------------------------------
►Circumcision ဆိုတာ အမျိုးသားတွေရဲ့ လိင်တံထိပ်ကို ဖုံးထားတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်ခြင်း ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဘာသာရေးအရ လိင်တံထိပ် အရေပြားကို ဖြတ်တာမျိုး ရှိပေမယ့် များသောအားဖြင့် မလိုလားအပ်တဲ့ အမျိုးသားရောဂါတွေ ကာကွယ်ပေးဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ရမှာ ပိုလွယ်ကူစေဖို့ ဖြတ်ပေးရခြင်း ဖြစ်ပါတယ်။
🔸အသက်အရွယ် မရွေး ထိပ်အရေပြား ဖြတ်လို့ ရပါတယ်။ ကလေးမွေးပြီးကာစမှာ ဖြတ်ထားလိုက်ရင်တော့ ပိုပြီး ဒဏ်ခံရသက်သာနိုင်သလို လူကြီး မဟုတ်တဲ့အတွက် ပိုးဝင်မှာ၊ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မှာလည်း သိပ်ပြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာတော့ ထိပ်အရေပြား ဖြတ်ထားသူ အရေအတွက်ဟာ အနည်းအကျဉ်းသာ ရှိပါတယ်။ ထိပ်အရေပြားကို မဖြစ်မနေ ဖြတ်ပေးဖို့တော့ မလိုပါဘူး။ ဒါဟာ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ ဖြတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အကယ်လို့ မဖြတ်ချင်ဘူး၊ မွေးရာပါအတိုင်းပဲ ထားမယ်ဆိုရင် သိထားသင့်တဲ့ နောက်ဆက်တွဲ ရောဂါတွေ၊ ဘယ်လို ကာကွယ်ရမလဲ၊ ဘယ်လို သန့်ရှင်းရေး လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

🔺ထိပ်အရေပြား ငုံခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ
🔘၁။ ထိပ်အရေပြား ကျပ်ပြီး နောက်ပြန်ဆွဲမရခြင်း
ကလေး ငယ်စဉ်မှာ ဖြစ်တတ်ပြီး အရေပြားက ကျပ်လွန်းကာ နောက်ပြန်လှန်ဆွဲလို့ မရတာပါ။ ပုံမှန်အားဖြင့် အသက် ၃နှစ်မှ စလို့ အသက် ၁၇ နှစ်မှာ အရေပြားကို နောက်သို့ ကောင်းကောင်း လှန်ဆွဲလို့ ရပါတယ်။
🔸တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတဲ့ အမျိုးသားများ၊ ထိပ်အရေပြားအောက်မှာ အရိအချွဲ၊ ရောဂါပိုးများ အောင်းနေခြင်း၊ ထိပ်အရေပြားကို အတင်းလှန်ဆွဲရာမှ ဒဏ်ရာဖြစ်ပြီး အမာရွတ်ကျန်ခဲ့ခြင်းတွေကြောင့် အသက်ကြီးတဲ့အထိ ထိပ်အရေပြား နောက်ပြန်ဆွဲမရတာမျိုး ဖြစ်နိုင်ပါတယ်။
🔸ဆရာဝန်နဲ့ သေချာပြပြီး သောက်ဆေး၊ လိမ်းဆေး မှီဝဲတာ၊ ရေချိုးစဉ်မှာ ရေနွေးနဲ့ ဆေးပြီး တစ်နေ့ကို နည်းနည်းချင်း အရေပြား နောက်လှန်ဆွဲပေးတာ၊ လိုအပ်ရင် ထိပ်အရေပြား ဖြတ်တာ စတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။

🔘၂။ ထိပ်အရေပြား ရောင်ရမ်းခြင်း
လိင်အင်္ဂါအတွင်း ပိုးဝင်ခြင်းကြောင့် ထိပ်အရေပြားသာမက လိင်အင်္ဂါ ထိပ်ဖူးပါ ရောင်ရမ်းနေတတ်ပါတယ်။ အရေးပေါ် ကုသဖို့ လိုအပ်တဲ့ အခြေအနေဖြစ်ပြီး ဒီအတိုင်း ပစ်ထားမယ်ဆိုရင် လိင်အင်္ဂါ တစ်သျှူးတွေ ပျက်စီးတာ၊ လိင်အင်္ဂါ ဖယ်ထုတ်လိုက်ရတာတွေပါ ဖြစ်နိုင်ပါတယ်။
🔸လိင်အင်္ဂါ ရောင်ရမ်းခြင်း၊ အရောင်ပြောင်းသွားခြင်း၊ ထိပ်ဖူး သို့မဟုတ် ထိပ်အရေပြားမှာ နာကျင်မှု ခံစားရခြင်း သို့မဟုတ် ထိလိုက်တဲ့အခါ ဘာမှ မခံစားရခြင်း ဖြစ်ပါက ဆရာဝန်နဲ့ အမြန် ပြကြည့်ဖို့ လိုပါတယ်။ အရင်ဆုံး ရောင်နေတာကို အရင်ဆုံး လျော့ကျအောင် လုပ်ပြီးသွားမှ အရေပြားကို အပေါ် ပြန်ဆွဲတင်ဖို့ လုပ်ပေးမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ထုံဆေး သုံးပါလိမ့်မယ်။

🔘၃။ လိင်အင်္ဂါ ပိုးဝင်ခြင်း
ပိုးဝင်တဲ့ လက္ခဏာတွေကတော့ ထိပ်အရေပြား ပတ်လည်မှာ အဖြူကွက်များ ဖြစ်နေခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ထိပ်ဖူး ရောင်နေခြင်း၊ လိင်အင်္ဂါ ပတ်လည်မှာ အလွန်အမင်း ယားယံခြင်း၊ အနံ့အရမ်းဆိုးပြီး အဖတ်၊ အခဲများ ပါတဲ့ ပြည်ရည်များ စိမ့်ထွက်ခြင်းတွေပဲ ဖြစ်ပါတယ်။
🔸တခြား ပြဿနာတွေအနေနဲ့ လိင်အင်္ဂါ မှိုစွဲတာ၊ ပွေးပေါက်တာ၊ ဂနို၊ ရေုန်၊ ကာလသားရောဂါ၊ ခလက်မီးဒီးယား ရောဂါ၊ ကြွက်နို့ပေါက်တာ စတာတွေကြောင့်လည်း ပိုးဝင်နိုင်ပါတယ်။
ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝယ်လိမ်းတာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ သေချာပြပြီး ကိုယ့်မှာ ဘာရောဂါ ဖြစ်နေလဲဆိုတာ အရင်စစ်ဆေးဖို့ လိုပါတယ်။ ကိုယ့်မှာ ဖြစ်နေတာက မှိုရောဂါလား၊ အရေပြားပြဿနာလား၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါလားဆိုတာ သေချာသိပြီဆိုတော့မှ ဆရာဝန်အနေနဲ့ လိုအပ်တဲ့ သောက်ဆေး၊ လိမ်းဆေး၊ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပေးမှာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလည်း ပုံမှန်ထက် ဂရုစိုက်ဖို့ လိုပါတယ်။

🔘၄။ ဒဏ်ရာ အနာတရဖြစ်ခြင်း
ထိပ်အရေပြားသည် အလွန်နူးညံ့တဲ့ အစိတ်အပိုင်းဖြစ်လို့ ပွန်းပဲ့ထိခိုက်ဖို့လည်း အရမ်းလွယ်ကူပါတယ်။
🔸ဥပမာ – ဘောင်းဘီဝတ်နေရင်း အရေပြားနဲ့ ဇစ် ညှပ်မိတာ၊ အတွင်းခံ အကျပ်တွေ ဝတ်ပြီး အရေပြားနဲ့ အဝတ် ပွတ်တိုက်မှုဖြစ်ကာ ပွန်းပဲ့ခြင်း၊ ရေချိုးဆပ်ပြာ အပြင်းစားတွေနဲ့ လိင်အင်္ဂါကို ဆေးကြောခြင်း စတာတွေကြောင့်လည်း ထိခိုက်မိနိုင်ပါတယ်။
ဒါတွေ ကာကွယ်ဖို့ဆိုရင် အတွင်းခံကိုတော့ မဖြစ်မနေ ဝတ်ပေးဖို့ လိုပါတယ်။ အရမ်းကျပ်တာမျိုး မဟုတ်ဘဲ ချောင်ချိပြီး လေဝင်လေထွက် ကောင်းတဲ့ ချည်သားအတွင်းခံမျိုး ဝတ်ပေးရပါမယ်။
ထိခိုက်မိတဲ့အခါ ရေခဲအုံတာ၊ ပလာစတာ ကပ်ထားတာမျိုး လုပ်ပေးလို့ ရပါတယ်။ 🔸အနာမကျက်ခင်အထိ လိင်အင်္ဂါကို မသန့်ရှင်းတဲ့ လက်နဲ့ ကိုင်တာ၊ ကုတ်ဖဲ့တာမျိုး မလုပ်ရပါဘူး။
အထူးသဖြင့် ထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ် ပတ်လည်မှာ Sm**ma လို့ ခေါ်တဲ့ အဖြူရောင် အရိအချွဲတွေ ကပ်နေနိုင်တဲ့အတွက် နေ့စဉ် ရေချိုးတဲ့အချိန်တိုင်း သေချာ ဆေးကြော သန့်ရှင်းရေးလုပ်ဖို့လည်း အရေးကြီးပါတယ်။
ထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းဟာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဆိုပေမယ့် မဖြတ်ဘူးဆိုရင်တော့ တခြား အမျိုးသားတွေထက် တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးဖို့တော့ လိုပါလိမ့်မယ်။

👇👇
ကျန်းမာရေးပတ်သက်တဲ့ ဗဟုသုတတွေကို သိရှိလိုပါက...
သုခရိပ် သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင် သင်တန်းကို Liked လုပ်ထားဖို့ မမေ့နဲ့နော်😘😍😍

27/09/2023

သုခရိပ် သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင် သင်တန်းမှ
အပတ်စဉ် (2) အတွက် သင်တန်းသား စတင်လက်ခံပါပီနော်☺☺
🎉🎉Sunday only class 🎉🎉
သင်တန်းကြေး..
သူနာပြုအကူဘာသာရပ်........180000 ကျပ်
ဆေးဝါးကျွမ်းကျင် ဘာသာရပ်......180000 ကျပ်
နှစ်ဘာသာပေါင်း...........360000 ကျပ်
( နှစ်ကြိမ်ခွဲသွင်းနိုင်ပါသည်🤗🤗 )

မိမိစိတ်ပါဝင်စားသော တစ်ဘာသာချင်းလဲ တက်ရောက်နိုင်ပါတယ်ရှင့်👍👍

ဆက်သွယ်စုံစမ်းရန်.....09974777162

Photos from သုခရိပ်သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း's post 25/09/2023

မျက်သားတက်တာကို မေးနေကြလို့ ပြန်တင်ပေးလိုက်ပါတယ်

မျက်သားတက်လာခြင်း (Pterygium)

အရင်ကရေးသားခဲ့သလိုပဲ ရေဓာတ်နဲ့လည်း ပတ်သက်နေပါတယ်။

ကျနော်တို့ဟာ နေထိုင်ရတဲ့နေရာပေါ်မှာ မှုတည်နေပါတယ်။ မြန်မာနိုင်ငံက ပူနွေးတဲ့ နေရာတစ်ခုပါပဲ၊ ပြီးတော့ ဖုန်ထူတဲ့နေရာတွေ နေရာတိုင်းမှာ ရှိပါတယ်။

ပုံမှန် ကျနော်တို့မျက်လုံးတွေဟာ အဖြူရောင်ရှိမယ် အမည်းဆံရှိမယ်ပေါ့၊ ထူခြားလာရင် ရောဂါတစ်ခုခုဖြစ်လာရင်တောအရောင်ပြောင်းလာပါတယ်။

မျက်သားပေါ်မှာ အဖြူရောင်လေး ဝါနေရင် အသည်းရောင် အသားဝါ ဖြစ်နေပါပြီ
အဖြူပေါ် အဖြူရောင်အကွက်လေးဖြစ်ပေါ်လာရင်တော့ မျက်သားတက်လာပါပြီ။ တစ်ဖြေးဖြေးနဲ့ ကြီးလာမယ် ပိုပြန့်လာမယ် ပိုပြီးထူထူလာမယ်။
ဘာ့ကြောင့်ဖြစ်တာများလည်းဆို

အပူချိန် UVကာကွယ်မှုမရှိဘဲ အပြင်မှာသွားလာရတဲ့အခါ မျက်ရည်အငွေ့ပျံမြန်လာတော့ မျက်စိကိုထိခိုက်မှုဖြစ်လာတယ်။ ကျနော်တို့ဟာ အမြဲမျက်စိကို ပွတ်လေ့ရှိပါတယ်။လက်ကနေပါလာတဲ့ပိုးတွေက မျက်ရည်မရှိတဲ့အတွက် မျက်သားမှာ ကပ်နေပြီး ပိုးတွေပွားပြီး ရောဂါပြန့်စေတယ်။

ပန်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ် အမှုန်တွေကပ်တော့ ပွတ်မိတယ်။ မိန်းခလေးအများစုက ပန်းတွေချစ်ကြသလို ပန်ကြပါတယ် ပန်းတွေမှာ ကပ်နေတဲ့ ပိုးကောင်လေးတွေ အမှုန်၊ အမျှင်လေးတွေက မျက်စိထဲဝင်ကြပါတယ်။ မျက်ကြည်လွှာကို ပွတ်တိုက်ကြတယ်။

ဖုန်တွေကတော့ ပြောစရာမလိုပါဘူးနော် ဘယ်နေရာကိုင်ကိုင် ဖုန်တွေပဲ အပြင်လေးထွက်တာနဲ့ ဖုန်တွေကပ်နေတတ်တယ်။ YBSဖြတ်မောင်းရင်တော့ ဖုန် ၁ပိဿလောက်က ကပ်လာပြီး အသက်ရှုလမ်းကြောင်းရော မျက်စိကိုပါ ဝင်ရောက်လာရော ကျနော်လည်းဖြစ်ဖူးပါတယ် အခု mask တပ်ထားတော့ ကားတွေကိုယ့်အနားက အရှိန်နဲ့လာနေပြီဆို မျက်စိကို ပိတ်ထားပလိုက်တယ်။

လေကတော့ သိတဲ့အတိုင်းပါပဲ ပန်ကာတို့ air conတို့ကို အနားမှာဖွင့်ထားတာမျိုး ခလေးတွေဆို ပန်ကာအရှေ့နားနေတာတို့ ဆိုတာက မျက်ရည်ကခမ်းလိုက်ထုတ်လိုက်ဖြစ်ပြီး နောက်ပိုင်းမှာ ထိခိုက်လာရတယ်။

အိမ်ရှင်မတွေအတွက် ဘေးအိမ်က မီးခိုးတွေအူလာချည်လား ဟုတ်ပါတယ် မီးခိုးငွေ့ပါ။ မီးခိုးကနေလာတဲ့ အငွေ့တွေဟာ မျက်စိထိရိုက်ခိုက်ပါတယ် မီးခိုးငွေ့ကြားက မျက်စိဖွင့်ပြီး အသည်းအသန်ချက်ရတယ် မလုပ်ရင်တူးကုန်မှာပေါ့။

လေဆာရောင်ခြည် နဲ့ မျက်စိခွဲသူ၊ ထိခိုက်မိသူတွေဟာ Dry eyeကို ခံစားရစေပါတယ်။
ဖြစ်လာမှာတွေကတော့
မျက်စိနီလာမယ် သွေးကြောတွေရဲလာတတ်တယ် အစပိုင်းပေါ့။ ယားလာတယ် ယားရင်တော့သေချာပြီ လက်နဲ့ပွတ်ပြီလေ။ အဖတ်တစ်ခုခုကပ်နေသလိုလို ခုလုခုလုနဲ့နေရထိုင်ရခက်စေတယ်။ အနည်းငယ်ပိုတိုးလာမယ် မျက်စိအမည်းစံနားထိကပ်လာမယ်ပြီးရင် အမည်းဆံကိုပါ အုပ်သွားတဲ့အထိ ဖြစ်လာမယ်။
အုပ်သွားရင်တော့ အမြင်ကိုဖုံးကွယ်သွားတဲ့အတွက် ကောင်းစွာမမြင်ရတော့ပါဘူး။ ထူနေပြီ ခြစ်လို့ရတဲ့အနေအထားရောက်နေတယ်ဆိုမှ တစ်ခါတည်းစောစောခြစ်ပါ။

ဘယ်လိုလုပ်ကြမလည်းဆိုရင်
ဆေးခတ်လို့ရသလို ၊ ခွဲစိတ်လို့လည်းရပါတယ်။

မျက်စဉ်းခတ်တာက မျက်ရည်အစားထိုး မျက်ရည်တုပါ ခတ်နည်းကိုလည်း သိဖို့လိုတယ်။ ခတ်ဆို ခတ်လိုက်ပဲ ပြီးတော့မှ မသက်သာဘူး မထိရောက်ဘူးဆိုတာ နည်းမကျလို့။

ဆေးထည့်နည်း
ထိုင်ခုံ၊ ကြမ်းပြင်၊ မှာ ထိုင်ပါ ခေါင်းကိုမော့ မျက်ခမ်းအောက်မျက်ခမ်းကို လက်နဲ့ဖြဲပါ ပြီးရင် တစ်စက်ချပါ ဆေးဝင်သွားတာနဲ့ ပုတ်ခတ်ပုတ်ခတ်လုပ်ပါ။ ဆေးထည့်တယ် မျက်စိကို ပိတ်ထားတယ်ဆို မထိရောက်သလို၊ မျက်စိကိုအတင်းပိတ်သူကများပါတယ် ထည့်တာမှတစ်စက် အတင်းပိတ်လိုက်တော့ မျက်စိကနေ ထွက်ကျတာနဲ့ ၃ပုံ၁ပုံပဲ ရောက်တော့မှာပေါ့။ မျက်စိကိုအတင်းပိတ်သူတွေ ကြည့်ထား သတိထားပါ။

ဆေးခတ်လို့ မတိုးတော့ဘူးဆိုမှ ဆရာဝန်နဲ့ပြ ထူနေပြီဆို ခြစ်လိုက်ပါ။
မေးကြအုန်းမယ် ထင်တယ် ခြစ်ထားတာပဲ ပြန်ဖြစ်နေလို့ ဟုတ်ပါတယ် ဂရုစိုက်ရမှာတွေရှိပါတယ်။

ခြစ်ထားပြီးပြီဆိုရင် အပြင်သွားရင် နေပါတပ်ပါ၊ အဆောင်းတစ်ခုခုပါမှ သွားလာပါ။ မျက်ရည်တုကို မျက်စိယားတော့မယ်ဆိုရင် ခတ်ပါ။ မျက်မှန်ကို Blue Block မှန်ကို အသုံးပြုပြီးမှ ဖုန်းသုံးတာ TVကြည့်တာလုပ်ပါ။

ဘာတွေလိုက်နာရမလည်း

နေကာတပ်တာ၊ အဆောင်းဆောင်းတာ၊ ကိုယ်အိပ်တဲ့ ခေါင်းအုံး၊ ဖက်လုံး၊ ခြင်ထောင်၊ မွေ့ယာအစွတ် တို့ကို ၄ရက်တစ်ခါ၊ ၁ပတ်တစ်ခါ လဲပေးတာမျိုးလုပ်ရမယ်။ မိန်းခလေးတွေ သုံးတဲ့ အလှပြင် ပစ္စည်းတွေကို အနည်းဆုံး ၆လတစ်ခါ လဲပါ။ ကျန်သေးတာပဲဆိုပြီး ဆက်မသုံးပါနဲ့။

မျက်စဉ်းဗူးတိုင်းမှာ အချိန်ပါပါတယ်
ကိုယ်ဝယ်လိုက်တဲ့ဆေးတိုင်းမှာ dateရှိတယ်။ ကြည့်ဖို့လိုတယ် ဗူးကိုဖွင့်ပြီးတာနဲ့ ၄ပတ်အတွင်း ကုန်အောင်သုံးရပါမယ်။ ကျော်သွားတယ် အများဆုံး၅ပတ်ပေါ့ သူ့ထပ်တော့ ကျော်လို့မရပါဘူး။ ဗူးဖွင့်လိုက်တဲ့သက်တမ်းကျော်သွားတဲ့အခါ ပိုးတွေပေါက်ဖွားလာပါတယ်။ ရောဂါကို ပိုဆိုးစေပါတယ်။

ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြတော့ မေ့တတ်ကြပါတယ်။ သတိရဖို့တော့ မလွယ်ပါဘူး တစ်ခါတစ်လေမှ သတိရတယ်ဆိုရင် တော်တော်လေးကောင်းပါတယ်။ နေ့တိုင်းလိုလို မျက်ခမ်းစပ်တွေ မျက်တောင်တွေကို သန့်ရှင်းပေးရပါတယ်။ မိန်းလလေးဆို ပိုလုပ်သင့်ပါတယ် ကာလာတွေချယ်တတ်ကြလို့ပါ။

ပြီးတော့ မျက်မြှေးလွှာတွန့်သလို လှိုင်းပုံစံလိုဖြစ်နေတာမျိုးတွေက မျက်မြှေးလွှာခြောက်သွေ့ နေလို့အဖြစ်များကြပါတယ်။

သန့်ရှင်းရေးလုပ်နည်း
ရေနွေးပူထဲကို နားကြပ်ဂွမ်း၊ အဝတ်အသန့်လေးကိုစိမ်ပါ၊ မျက်ခမ်းစပ်တွေ မျက်တောင်တွေကို ပွတ်ပေးလျှင် မျက်ခမ်းမှာရှိတဲ့ ပိုးတွေကို သေစေပါတယ်။ မျက်ဝတ်တွေ မတရားထွက်တာ၊ မျက်ခမ်းစပ်အနာ၊ မျက်စိစွံ့တာ၊ မျက်ရည်လမ်းကြောင်းသန့်စေတာ၊ အများကြီးပါ ကောင်းကျိုးတွေ လုပ်ဖို့သာလိုပါတယ်။

Vislube ဆိုတဲ့ မျက်ရည်တုကတော့ ကြာရှည်ခံဆေး မပါဝင်တဲ့အတွက် ရေရှည်စွဲမြဲသုံးလို့ရတယ်။ အလွယ်ဆုံးကတော့ Artificial tear လို့ ဆေးဗူးမှာ ပါရင် မျက်ရည်တုပါ။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ တားဆေး မှီဝဲတဲ့သူတွေနဲ့ သွေးဆုံးတဲ့သူတွေ၊ ကင်ဆာသမားတွေ၊ သွေးတိုးသမားတွေ၊မျက်ကပ်မှန်တပ်ဆင်သူတွေ၊ ဆေးလိပ်သောက်သူတွေ၊ မျက်စိခြောက်သွေ့တဲ့ဝေဒနာ ဖြစ်တာပိုများပါတယ်။ air-con၊ ပန်ကာနဲ့နေသူတွေဟာ အပူအအေး မမျှတမှုကြောက် မျက်စိခြောက်သွေ့ကြပါတယ်။ Computer၊ Phone ကို အချိန်ကြာကြာသုံးသူတွေမှာ မျက်တောင်ခတ်အကြိမ်ရေနည်းပါးခြင်းကြောင့်နဲ့ ထိုအရာတွေကနေလာတဲ့ အပြာရောင်အလင်းတန်းတွေကကြောင့် အချိန်ကြာ အာရုံစိုက်ကြည့်တဲ့အခါတွေမှာ ပိုအဖြစ်များတတ်ကြတယ်။

တစ်နေ့လုံးအလုပ်လုပ်ရသူတွေ၊ အပြင်သွားများသူတွေ၊ ကွန်ပျူတာ နဲ့စာရင်းအင်းကိုင်ရသူတွေဟာ အလုပ်ပြီးတဲ့အခါတွေ အိမ်ပြန်ရောက်တဲ့အခါတွေမှာ မျက်စိနီနေတာတွေ၊ မျက်စိစပ်နေတာတွေ၊ စပ်ဖျန်းဖျန်းဖြစ်တာ၊ မျက်ရည်ပူကျလာတာ၊ မျက်စိအောင့်တာတွေ ဖြစ်တတ်ကြပါတယ်။ သတိထားရပါမယ်။

သက်သာအောင် ဘယ်လိုလုပ်ကြမလည်းဆိုရင်
မျက်စိကို ခဏတာ အနားပေးတာ အာရုံဘယ်လောက်စိုက်စိုက်ပါ မျက်တောင်ကို ၃စက္ကန့် တစ်ခါခတ်ဖို့လိုပါတယ်။ မျက်တောင်ခတ်လိုက်တဲ့အခါ မျက်ရည်တွေကို ပြန့်နှံ့စေတယ်။ ပန်ကာ aircon တွေကို ကျောပေးတာ၊ အဝေးမှာ ထားပြီးဖွင့်တာမျိုးကို သတိပြုလုပ်ပေးရမယ်။ မျက်ရည်အငွေ့ပျံတာ နှေးကွေးစေအောင်ပါ။ ဆေးလိပ်သောက်တဲ့သူတွေအနေနဲ့ ဆေးလိပ်ကလာတဲ့ အငွေ့က မျက်စိကိုရိုက်ရင် စပ်ပြီး မျက်ရည်ပူကျတာ ဖြစ်တတ်တာကို သိမယ်ထင်ပါတယ်။ ဆေးလိပ်သောက်တာ လျော့ပါ၊ မသောက်ရင်တော့ ပိုကောင်းပါတယ်။
မျက်စိကို အတင်းဖိပိတ်တာမျိုး၊ မျက်စိညောင်းလာလို့ အတင်းပိတ်တာမျိုးတွေ မလုပ်ပါနဲ့။

ရေချိုးတဲ့အခါတွေမှာ ယောက်ျားလေးအများစု ခေါင်းကစပြီး ရေလောင်းချိုးကြတယ်။ နည်းအမှန်ကတော့ ပေါင်အရင်းကို ရေစလောင်းရမယ်၊ ပြီးရင် လက်မောင်းရင်း၊ ပြီးမှာ ခေါင်းလောင်းချိုးပါ။ ဘာလို့လည်းဆိုရင် ခေါင်းကနေစချိုးလိုက်တဲ့အတွက် အပူတွေ ဘယ်နေရာသွားရမလည်း မသိဘဲ အပူနာတွေ၊ မျက်စိနာတာ၊ မျက်စိနီတာတွေ ဖြစ်စေပါတယ်။ မျက်စိပါဝါတိုးတာမျိုးတွေလည်း ဖြစ်စေတယ်။

ကုသခြင်း၊ ကာကွယ်ခြင်း
အပြင်သွားတဲ့အခါတိုင်း နေကာနဲ့ အဆောင်းပါမှသွားပါ။
မျက်ခမ်းသန့်ရှင်းရေးလုပ်ပါ။
ရေနွေးအဝတ်အုပ်ပါ။
မျက်စဉ်းဆေးကို နီ၊ယား၊ခုလုခုလု၊ အောင့်၊ စပ် တဲ့အခါတိုင်းခတ်ပါ။
ဖုန်တွေထူတဲ့နေရာ သတိထားပါ။
လေကို တိုက်ခိုက်ထိတွေ့ခြင်းရှောင်ပါ။
မျက်စိလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။
မျက်စိကို မကြာခဏ အနားပေးတာမျိုးလုပ်ပါ။
မျက်တောင်ကို ၃စက္ကန့် တစ်ခုခတ်ပါ။

လိုတာတွေရှိရင်၊ အမှားပါရင် နားလည်ပေးကြပါလို့ တောင်းပန်ချင်ပါတယ်။ ရေဓာတ်ဖြည့်ဆေး လိုအပ်သူများCbကနေ မှာယူနိုင်ပါတယ်။ color blind အတွက်လည်း မှာယူနိုင်ပါတယ် ခင်ဗျာ။

မိတ်ဆွေ၊ လူနာ
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်
မူရင်းရေးသားသည်
Aung Lay ( Eye Health )

မျက်စိအတွက် လိုအပ်တဲ့ ဆေးဝါးများကို
ကျနော့်ဆီကနေလည်း ဝယ်ယူလို့ရပါတယ် ခင်ဗျာ။

04/09/2023

ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေရဖို့
သုခရိပ် သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင် သင်တန်းကို
Like & follow လုပ်ဖို့ မမေ့ကြနဲ့နော်😘😘

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon