Grenal Knowledge

Grenal Knowledge ဗဟုသုတအများကြီးရကြပါစေ

ယနေ့ည8:00pmကSpider manဇာတ်ကားထဲကတွေ့လိုက်ရတဲ့ပုံလေးတွေပါ။👏👏👏👏ဤpageကိုလည်းlikeလုပ်ပေးကြပါဗျ🙏🙏🙏
07/05/2021

ယနေ့ည8:00pmက
Spider manဇာတ်ကားထဲက
တွေ့လိုက်ရတဲ့ပုံလေးတွေပါ။👏👏👏👏
ဤpageကိုလည်းlike
လုပ်ပေးကြပါဗျ🙏🙏🙏

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူများထုတ်ပြန်Cre...
07/05/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ အခြေခံမူများထုတ်ပြန်
Credit:NUG

အမျိုးသားညီညွတ်ရေး အစိုးရ ဘဏ္ဍာရေး ကော်မရှင်ဖွဲ့စည်း=============================အမျိုးသားညီညွတ်ရေး အစိုးရ ဘဏ္ဍာရေး ကော်...
06/05/2021

အမျိုးသားညီညွတ်ရေး အစိုးရ ဘဏ္ဍာရေး ကော်မရှင်ဖွဲ့စည်း
=============================

အမျိုးသားညီညွတ်ရေး အစိုးရ ဘဏ္ဍာရေး ကော်မရှင်ဖွဲ့စည်းကို ဒီကနေ့ မေလ ၆ရက်မှာ ဖွဲြစည်းပြီး အဖွဲ့ဝင်တွေကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
Credit:NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာဓိဋ္ဌာန် (၄) ချက်====================================၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထေ...
05/05/2021

ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာဓိဋ္ဌာန် (၄) ချက်
====================================

၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိပါမည်။
၂။ ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများကို သစ္စာစောင့်သိပါမည်။
၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။
၄။ ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငါတို့၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန် ပြုပါသည်။
Credit:PV TV

05/05/2021

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇူလိုင် ၄ ရက် ရုံးပိတ်ရက် မကျော်လွန်ခင်မှာ အမေရိကန်က အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ပထမကာကွယ်ဆေး ထိုးနှံပြီးဖြစ်တာကို လိုလားနေပြီး နိုင်ငံရဲ့ ရောဂါပိုး ကာကွယ်စွမ်း လုပ်ငန်းစဉ် နောက်အပိုင်းရဲ့ အဓိက အစိတ်အပိုင်းအဖြစ် ဆယ်ကျော်သက်တွေကိုပါ ကာကွယ်ဆေး ထိုးနှံပေးမှာ ဖြစ်ပါတယ်။

မေ ၅၊ ၂၀၂၁
Credit:Mizzima News

မန္တလေးမြို့ အခြေစိုက် တော်လှန်လှိုင်း FM စမ်းသပ်ထုတ်လွှင့်မှု စတင်============================================မန္တလေးမြ...
05/05/2021

မန္တလေးမြို့ အခြေစိုက် တော်လှန်လှိုင်း FM စမ်းသပ်ထုတ်လွှင့်မှု စတင်
============================================
မန္တလေးမြို့အခြေစိုက် ရေဒီယို FM လှိုင်း တစ်ခု ဖြစ်တဲ့ တော်လှန်လှိုင်းကနေ ပထမဆုံးအကြိမ် စမ်းသပ်ထုတ်လွှင့်မှုအဖြစ် ဒီနေ့ မေလ (၅) ရက်၊နေ့လည် (၁၁) နာရီခွဲ " အချိန်မှာ စတင် ဖမ်းယူ နားဆင်နိုင်ပြီလို့သိရပါတယ်။

" 94.8 Mhz " ဖြင့် အပတ်စဥ် " ဗုဒ္ဓဟူး ၊ သောကြာ ၊ တနင်္ဂနွေနေ့ " တွေမှာ ပုံမှန် ဖမ်းယူနားဆင်နိုင်မှာလည်း ဖြစ်ပါတယ်။

တော်လှန်လှိုင်း FMကနေ
မန္တလေးမြို့မှာ ဖြစ်ပျက်နေတဲ့ သတင်း အစုံအလင်၊ ပြည်တွင်း ပြည်ပ သတင်းတွေနဲ့ တိကျ သေချာတဲ့ တိုက်ပွဲသတင်းအခြေအနေတွေ၊
ခေတ်အဆက်ဆက် တော်လှန်ရေး အနုပညာသမားတွေရဲ့ ကဗျာ ၊ ဂီတ ၊ စာပေတွေ၊
နိုင်ငံရေးနဲ့နှီးနွယ်တဲ့ မိန့်ခွန်း၊ ဆောင်းပါး၊ စကားဝိုင်းတွေ စတာတွေကို လူထုထံ အစဉ်မပြတ် တင်ဆက်ပေးသွားမယ်လို့သိရပါတယ်။
Credit:Mizzima News

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကြေညာချက်အမှတ် ၁/၂၀၂၁ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း က...
05/05/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြေညာချက်အမှတ် ၁/၂၀၂၁
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်း
၂၀၂၁ခုနှစ် မေလ ၅ ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍကို ဦးဆောင် တာဝန်ယူလျက်ရှိသည်။
၂။ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။
၃။ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်လျက်ရှိသည်။
၄။ ယင်းသို့သော အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာသည်။
၅။ သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက် တွင် တရားဝင် ဖွဲ့စည်းထူထောင်လိုက်သည်။
ပုံ
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
Credit:(NIG)

05/05/2021

မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ကြောင်း မေလ ၄ ရက်နေ့မှာ ကြေညာ ထုတ်ပြန်ပါတယ်။

မုံရွာတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့ ကြားကာလတွင်း တက္ကသိုလ်အုပ်ချုပ်ရေး ပညာရေးကိစ္စအဝဝကို စီမံခန့်ခွဲဖို့ CDM ဆရာ၊ ဆရာမ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်၊ ဝန်ထမ်းသမဂ္ဂ ကိုယ်စားလှယ်၊ ကျောင်းသားဟောင်းကိုယ်စားလှယ် မြို့မိမြို့ဖ ကိုယ်စားလှယ်တွေနဲ့ မေလ ၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်လိုက်တာပါ။

05/05/2021

မန္တလေးမြို့က မဟာမိတ်သပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်ဆန္ဒပြ
နေကြောင်းသိရ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ မေလ ၅ ရက်နေ့က မဟာမိတ်သပိတ်စစ်ကြောင်းတွေ ပူးပေါင်းကာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနဲ့ စစ်ကျွန်ပညာရေးစနစ်တိုက်ဖျက်ရေး အတွက် ချီတက်ဆန္ဒပြနေကြပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေး အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေငြာချက်အမှတ် (၃/၂၀၂၁) ၂၀၂၁ ခု...
05/05/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေး အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေငြာချက်အမှတ် (၃/၂၀၂၁)
၂၀၂၁ ခုနှစ် ၊ မေလ (၅) ရက်

(Photo-NUG)

04/05/2021

ဂျပန်သတင်းထောက်ကို လုပ်ကြံသတင်းဖြန့်ချိမှုဖြင့် အကြမ်းဖက်စစ်အုပ်စုက စွဲချက်တင်
DVB

ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံထားရတဲ့ ဂျပန်သတင်းထောက် ယူကီခိတဇုမိကို အကြမ်းဖက်စစ်ကောင်စီက လုပ်ကြံသတင်း ဖြန့်ချိမှုနဲ့ စွဲချက်တင်လိုက်တယ်လို့ ရန်ကုန်အခြေစိုက် ဂျပန်သံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

လတ်တလောမှာတော့ သူ့ကို အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တယ်လို့ဆိုပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ စွပ်စွဲခံရတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ပေးတာမျိုး မရှိဘူးလို့လည်း အမည်မဖော်လိုတဲ့ ဂျပန်သံရုံး အရာရှိတဦးက ပြောပါတယ်။
Credit:DVB News

Address

Main Street
Yangon

Website

Alerts

Be the first to know and let us send you an email when Grenal Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Grenal Knowledge:

Shortcuts

Share

Category