GiGi's E Planet

GiGi's E Planet

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GiGi's E Planet, Language school, Yangon.

06/03/2022

Online class တွေသင်ရတာအဆင်ပြေရဲ့လား ?
Me :

04/01/2022

♥️✨ အခုဆိုရင် GiGi's E Planet ၏ Basic Batch -2 လေး အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်၍ Basic Speaking Class ကို တက်ရောက်ချင်သူများအတွက် March လတွင် အတန်းသစ်ရှိပါမည်။ ♥️✨

ကြိုတင်စာရင်းပေးထားနိုင်ပြီး အတန်းအသေးစိတ်များကို လာရောက်မေးမြန်းနိုင်ပါပြီရှင့် ✨✨

❗ယခုလိုအချိန်တွင် 😉😉
➡️ စိတ်တူကိုယ်တူသူငယ်ချင်းများအတွက် ⬅️ ၊ English ကို ပြောရဲဆိုရဲဖြစ်အောင် လေ့ကျင့်ချင်သူများအနေဖြင့် basic ၃ လလုံးကို ၁၅,၀၀၀ ကျပ်ဖြင့်တက်ရောက်လေ့ကျင့်နိုင်ပါပြီရှင့် ✨✨

08/12/2021

အားလုံးပဲ မင်္ဂလာပါ ✨

❤️ယခုလိုခက်ခဲနေတဲ့အချိန်ကာလမှာ တစ်နေ့ 1,000 ကျပ်နှုန်း ဖြင့် grammar လေးသင်ထားကြဖို့ ဖိတ်ခေါ်ပါတယ်နော် 😍

GiGi's E Planet မှ Grammar သင်ကြားပေးမည့် တီချယ်နှင့်အတန်း info များကိုသိနိုင်ပါပြီ။ ❤️

ညီမ နာမည်က မမြင့်မြတ်မြတ်ကျော်ဖြစ်ပါတယ်။YU(Math) final year ကျောင်းသူတစ်ယောက်လဲဖြစ်ပါတယ်ရှင့်။

🛎️ ညီမသည် English တွင်အခြေခံတစ်ခုဖြစ်တဲ့ grammar ကို အခြေခံ ( basic ) မှ စ၍ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

🛎️ယေဘုယျအားဖြင့် ကိုယ့်အကြောင်း/ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေအကြောင်းကို grammer မှန်မှန်လေးနဲ့ ရေးကြည့်ပြောကြည့်ဖို့အတွက် ညီမရဲ့ class လေးကိုတက်ရောက်ဖို့ ပြောလိုပါတယ်ရှင့် ။

⚠️ '' Basic Grammar အတွက် သင်ကြားပို့ချမှုများကို
📌Tenses
📌Pronouns and possessive
📌A/an/the (Singular and Plural)
📌Countable and Uncomfortable
📌Questions လုပ်ပုံလုပ်နည်းများအပြင်
ထပ်မံလေ့ကျင့်မှုများ / သင်ကြားမှုများအနေဖြင့် Example / Exercises များစွာတို့ဖြင့် လ​က်တွေ့လေ့လာရှင်းပြသွားမှာဖြစ်ပါတယ် ။

❤️အပတ်စဉ် H.W များဖြင့်လဲ သင်ခန်းစာများကို ထပ်မံလေ့ကျင့်နိုင်မည်ဖြစ်ပါသည်။

‼️Slide များ ကိုလဲ ပုံများဖြင့် လေ့ကျင့်ခြင်းများ

‼️ Storys များဖြင့် စာကြောင်းတည်ဆောက်ပုံများလေ့လာခြင်း

‼️စာအုပ်များမှတစ်ဆင့်လေ့လာမှုများ လေ့ကျင့်မှုများ ပါဝင်ပါမည်။

⚠️ လေ့ကျင့်များတွင် အတန်းသားများအားလုံးပါဝင်နိုင်စေရန် programs များပါဝင်ပြီး အတန်းချိန်တွင်း lesson တစ်ခုအတွက် တစ်ခါထဲ လေ့ကျင့်ခြင်းများပါဝင်နေမည်ဖြစ်သောကြောင့် လေ့ကျင့်မှုအတွက်အချိန်ထပ်မံမပေးနိုင်တဲ့သူများ အဖို့အဆင်ပြေစေပါသည်။

Timetables 📝


⚠️(Class -1) 16:00 - 17:30 (Firday & Saturday)
⚠️(Class -2) 12:00 - 13:30 ( Sat &Sun )

မိမိအဆင်ပြေသောအတန်းချိန်များကိုဝင်ရောက်သင်ယူနိုင်ပါပြီရှင့်✨❤️

⚠️အတန်းတစ်တန်းစီကို အချိန်ကာလ ၁၀ ပတ်စီကြာမြင့်မည်ဖြစ်ပြီး တစ်တန်းတွင်ကျောင်းသား 5️⃣ဦးမှ 1️⃣0️⃣ ဦး အများဆုံးထားရှိမည်ဖြစ်သည့်အတွက် လူဦးရေကန့်သတ်ထား၍ မြန်မြန်လေးတော့ စာရင်းပေးစေချင်ပါတယ်ရှင့်⚠️

❗ Class Fees အနေဖြင့် သင်တန်းကာလ ၁၀ ပတ်လုံး အတွက်--

✉️ 30,000 ကျပ် ပေးသွင်းရမည်ဖြစ်ပြီး

‼️❗CDM Students များအတွက်အထူးအခွင့်အရေးအနေဖြင့် --

✉️ 1️⃣5️⃣0️⃣0️⃣0️⃣ ကျပ်ဖြင့်တက်ရောက်နိုင်မည်ဖြစ်ပါသည်။ 💢❤️

💢 January လတွင်အတန်းများအားလုံးစတင်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် အခုထဲကကြိုတင်စာရင်းပေးထားလို့ရပါပြီရှင့် 😍

💢 တခြားအသေးစိတ် အချိန် ညှိနှိုင်း / Private Group များဖြင့်သင်လိုခြင်း / By One သင်လိုသူများအတွက် Page Messenger တွင်လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်ရှင့် ။❤️✨

03/12/2021

Hello ❤️

💢GiGi's E Planet မှ အမေးများတဲ့ Grammar အတန်းလေး အသစ်ဖွင့်လှစ်ဖို့ရှိပါမယ်နော် 😍

သင်ကြားပေးမည့် lessons / timetable နှင့် တခြားအသေးစိတ်များကို post သီးသန့်တင်ပေးပါသွားပါမယ်ရှင့် ❤️❤️

29/10/2021

November 1 st day (Monday ) တွင်ဖွင့်လှစ်မည့် Basic speaking class Batch -4 အတွက် သင်တန်းသူ/သင်တန်းသားများသည်

☑️ Google Meet app လေးကို down ပေးထားရပါမယ်ရှင့် ။
☑️အတန်းချိန်ကို ၁၅မိနစ်ထက်ပို၍ နောက်ကျခွင့်မရှိပါဘူးရှင့်။
☑️အတန်းတွင်အစားစားခြင်း မပြုရပါ။
☑️စာသင်ချိန်တွင်းကင်မရာများဖွင့်ထားပေးရပါမယ်ရှင့် ( မဖွင့်ပါက အကြောင်းအရင်းပြောပေးရပါမည်)
☑️အတန်းပျက်ကွက်လျှင်ခွင့်တိုင်ရပါမည်။
☑️အရေးကြီးဆုံးကတော့သင်တန်းသူ/သားများအားလုံး ပါဝင်လေ့ကျင့်ရမည်ဖြစ်ပါသည်။

✅သင်တန်းကာလသည် ၃လကြာမြင့်မည်ဖြစ်ပါသည်။🥰
(November to January for Batch -4)

15/10/2021

Hello🥰🥰
November လအတွက် English Speaking Basic အတန်းသစ်ကို --
✨November 1st day ( Monday တွင်ဖွင့်ပါပြီရှင့်)✨

Timetables ;

Monday& Tuesday
(Class -1) 🕛12:00- 13:30 🕜
(Class -2) 🕑14:00- 15:30🕞

မိမိအဆင်ပြေမည့်အတန်းချိန်ကိုရွေးပြီးတက်ရောက်နိုင်ပါပြီရှင့်။
✨နာမည်စာရင်းပေးထားပြီးသားသူများ အချိန်ကိုရွေးပြီးစာရင်းသေချာပြန်ပြောပေးပါနော်။🥰🥰

‼️အတန်းတစ်တန်းကို လူဦးရေ ၅-၆ ယောက်သာလက်ခံပါမည်ဖြစ်သောကြောင့် အမြန်ဆုံးစာရင်းကြိုပေးထားရှင့် ။‼️

💡အတန်းများအားလုံးကို Google Meet app ဖြင့်သင်ကြားမည်ဖြစ်ပါသည်။💡

သင်တန်းကြေးအနေဖြင့်
တစ်လ - ၁၀,၀၀၀ ကျပ်ဖြစ်ပြီး CDM များအနေဖြင့် ၅,၀၀၀ ဖြင့်သာတက်ရောက်နိုင်ပါသည်။

💡💡Students-80% ပြောရမည့် speaking class ဖြစ်သောကြောင့် မဖြစ်မနေ သင်တန်းသား/သူတိုင်း English စကားပြောရမည်ဖြစ်ပါသည်။🥰

# အခြားအသေးစိတ်သိလိုသည်များကို page တွင်မေးမြန်းနိုင်ပါသည်။

01/10/2021

Hello 🥰 📢📢📢မင်္ဂလာပါရှင့်။
ယခုလက်ရှိ ညီမဖွင့်လှစ်ထားသောအတန်းများနှင့်ပတ်သတ်ပြီးပြောပြပေးချင်လို့ပါရှင့်။💬💬

💡Classများ အနေဖြင့် 2တန်း ရှိပါတယ်ရှင့်🥰

📌Basic English Speaking Class &
📌Partners English Class
များဖြစ်ပါသည်။

ဤအတန်းများအားလုံးသည် Speaking သီးသန့် လေ့ကျင့်မည့်အတန်းများသာဖြစ်သောကြောင့် Students 80% ပြောဆိုလေ့ကျင့်ရပါမည်။

⚠️⚠️ညီမသည် Language တစ်ခုမှာ လူအများစုအားနည်းတက်ကြတဲ့ speaking skill ကို ဘယ်လို လေ့ကျင့်ပြောဆိုရမလဲဆိုတာကို Guideline ချပေးတာမျိုး၊ လက်တွေ့အတန်းထဲတွင်တစ်ခါထဲလေ့ကျင့်ခြင်းမျိုးဖြစ်ပါသည်ရှင့်✅✅

☑️ Topicsများဖြင့် discussလုပ်ခြင်း။
☑️ Storyများဖြင့်လေ့ကျင့်ခြင်း။
☑️ Daily dialoguesများဖြင့်လေ့ကျင့်ခြင်း။
☑️ Vocabs အသုံးအနှုန်းများရှင်းပြခြင်း။
☑️ Q and A လုပ်ခြင်း။
☑️ Listening ဖြင့်လေ့လာခြင်း။

တို့ဖြင့် အင်္ဂလိပ် စကားပြော လေ့ကျင့်ခြင်းဖြစ်ပါသည်။

⚠️📢 လူ ၅-၆ ယောက် group နှင့်လည်းကောင်း Private ဖြင့်လည်းကောင်း လေ့ကျင့်နိုင်မည် ဖြစ်ပါသည်ရှင်။🥰

🥰⚠️လက်ရှိတွင်အတန်းများအားလုံးလူပြည့်ပြီဖြစ်သောကြောင့် နောက်လ ( November )တွင်သာအတန်းသစ်များကိုရက်တိုးဖွင့်လှစ်မည်ဖြစ်ပါသည်ရှင်။🥰🥰
အတန်းသစ်များအတွက်လည်းကြိုတင်စာရင်းပေးထားနိုင်ပါပြီ။💬💬

30/09/2021

အားလုံးပဲ မင်္ဂလာပါ။
ညီမနာမည်ကတော့ Gigiဖြစ်ပါတယ်။
YUFL(French)နောက်ဆုံးနှစ်
ကျောင်းသူတစ်ဦးဖြစ်ပါတယ်။
ညီမ English speaking class လေးအကြောင်းရှင်းပြချင်လို့ပါရှင်။
Speakingကို Basicကနေ သင်ကြားပေးမှာဖြစ်တဲ့အတွက် နှုတ်မရဲသူများ၊Speakingအားနည်းသူများအတွက် အထူးသင့်လျော်မှာဖြစ်ပါတယ်။
Basicအနေနဲ့ Alphabet A,B,C,Dကစပြီး
အသံထွက်မှန်အောင် သင်ကြားပေးသွားပါမယ်။

💡•Greeting
💡•Introduction
💡•Daily Conversations
💡•Vocab Usage
💡•Short Story
💡•Listening (Basic)
💡•Revision (monthly)


တို့ကိုအဓိက သင်ကြားပေးသွားပါမည်။
Speaking Classsဖြစ်တဲ့အတွက်ကြောင့်
teaching 20% ,students 80%
ပြောရမှာဖြစ်ပါတယ်။
သင်ကြားမှူပုံစံကတော့ Google Meet application ကနေ သင်ကြားပေးသွားပါမယ်။

Class Fees အနေနဲ့ 1လကို 10000ကျပ်သာ
ကျသင့်ပါမယ်။ CDMလုပ်ထားတဲ့ မည်သူမဆို 50% off ရရှိမှာ ဖြစ်ပြီး1လကို 5000 ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။
💡Speakingရဲ့သဘောသဘာဝအရ
ပေါ့ပေါ့ပါးပါးနဲ့ နှုတ်သွက်အောင် လေ့ကျင့်ရမှာဖြစ်တဲ့အတွက် ပျော်ပျော်ရွှင်ရွှင် သင်ယူချင်ရင်
ညီမဆီမှာ စိတ်ချထားလို့ရပါတယ်ရှင့်။
အသေးစိတ်စုံစမ်းလိုပါက💁‍♀
Cb တွင်မေးနိုင်ပါတယ်ရှင်။
Let's Speak English with Gigi❤

30/09/2021

Hello everyone🥰 welcome from GiGi's E Planet

‼GiGi's E Planet ၏ကျောင်းသူ/ကျောင်းသားများ အားလုံးအတွက်
လိုက်နာရမည့်စည်းကမ်းလေးများကို ပြောပြချင်လို့ပါရှင့်။‼️

✅ပထမဆုံးအနေဖြင့် သင်တန်းသားများအားလုံး google meet app ကို down ပေးထားရပါမယ်ရှင့် ။ အပတ်စဉ် messenger group chat တွင် code ပေးမည်ဖြစ်ပြီး code ထည့်၍ဝင်ရပါမည်။

✅ အတန်းချိန်တွင်း Camera ကိုအမြဲဖွင့်ထားရမည်ဖြစ်ပြီး မဖွင့်နိုင်ပါက အကြောင်းအရင်းကိုလာရောက်ညှိနှိုင်းနိုင်ပါသည်ရှင့်။

✅သင်ကြားမည့်ပုံမှာ Basic level ဖြစ်သည့်အတွက် HW မပေးပါရှင် အတန်းချိန်တွင်း တစ်ခါတည်း လေ့ကျင့်ရမည်ဖြစ်ပါသည်။မိမိကိုယ်ကို basic level ထက်ပို၍ကျွမ်းကျင်သည်ဟုထင်လျှင် partner class ကို join ပါရှင့်။🥰

✅Class ချိန်အတွင်း စားသောက်ခြင်း မပြုရပါ။

✅အတန်းကို အချိန်၁၀ မိနစ်ထက်နောက်မကျအောင်အချိန်မှီိတက်ပေးရပါမယ်ရှင့်။

✅အတန်းသည် တစ်ပတ် တွင်၈ရက်တာသင်ရမည့်အတွက် တစ်လကို ၃ရက်ထက်ပိုမပျက်ကွက်ရပါရှင့် အရေးပေါ်အကြောင်းအရင်းတစ်စုံတစ်ရာရှိမှသာခွင့်ပေးမည်ဖြစ်ပါသည်။

✅ညီမ ကိုယ်တိုင် personal case အရခွင့်တိုင်ခဲ့သည်ရှိသော် video clip ဖြင့်သော်လည်းကောင်း lesson ပေးထားခြင်းဖြင့်လည်းကောင်း လေ့ကျင့်ရမည်ဖြစ်ပါသည်။

☑️အားလုံးဘဲလိုက်နာရမည့်အချက်များကိုသေချာလေ့လာထားဖို့မျှော်လင့်ပါတယ်ရှင့်။🥰❤️

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon