25/04/2026
GED April intake အတန်းများဖြစ်သည့် GED Preparation,GED Preparation Night Classနှင့် Foundation အတန်းများကို Online, Yangon Campus နှင့် Mandalay Campus များတွင် ကလေးများ သင်ခန်းစာများကို စတင်သင်ကြားနေကြပြီဖြစ်ပါတယ်။
May Intake စောင့်နေသည့် ကလေးများအတွက်လည်း May Intake Timetable များ တင်ထားပြီဖြစ်သည့်အတွက် အတန်းအပ်လို့ရပြီဖြစ်သည့်အကြောင်း အသိပေးအပ်ပါသည်။
နောက်ပြီး GED ကို ဘယ်လိုကလေးလေးတွေ ရွေးချယ်တက်ရောက်သင့်လဲ။ GED ပြီးထားရင် ဘယ်လိုအခွင့်အလမ်းတွေရှိနိုင်မလဲ။ ဘာတွေထပ်ဖြည့်ဖို့လိုမလဲစသည့် အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးချင်ပါက 09984044128 & 09783444990 သို့ မနက် 8 နာရီမှ ညနေ 5 နာရီ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။
Yangon Campus နှင့် Mandalay Campus သို့ လူကိုယ်တိုင်လာရောက်၍လည်း မေးမြန်းနိုင်ပါသည်။
K Academy
Every trust in us is valued.
24/04/2026
🎉𝙏𝙝𝙚 𝙂𝙀𝘿 𝙤𝙥𝙚𝙣𝙨 𝙙𝙤𝙤𝙧𝙨 𝙩𝙤 𝙮𝙤𝙪𝙧 𝙛𝙪𝙩𝙪𝙧𝙚🎉
𝐊 𝐀𝐜𝐚𝐝𝐞𝐦𝐲 𝐆𝐄𝐃 𝐌𝐚𝐲 𝐈𝐧𝐭𝐚𝐤𝐞
𝐆𝐄𝐃 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 & 𝐆𝐄𝐃 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧
GED Diploma ဖြင့် နိုင်ငံတကာပညာရေးလမ်းကြောင်းသို့ လျှောက်လှမ်းကြမည့် ကလေးများအတွက် 2026 Mayလတွင် ဖွင့်လှစ်မည့် GED အတန်းအမျိုးအစားအသီးသီး၏ Campus နှင့် Onlineအတန်းများ၏ Starting Date ကို ဖော်ပြလိုက်ရပါသည်✨။
GED ကို ဘယ်လိုကလေးလေးတွေ ရွေးချယ်တက်ရောက်သင့်လဲ။ GED ပြီးထားရင် ဘယ်လိုအခွင့်အလမ်းတွေရှိနိုင်မလဲ။ ဘာတွေထပ်ဖြည့်ဖို့လိုမလဲစသည့် အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးချင်ပါက 09984044128 & 09783444990 သို့ မနက် 8 နာရီမှ ညနေ 5 နာရီ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်🍀။
Yangon Campus နှင့် Mandalay Campus သို့ လူကိုယ်တိုင်လာရောက်၍လည်း မေးမြန်းနိုင်ပါသည်။
23/04/2026
Congratulations, guys🎉✨
GED ဘာသာရပ်တစ်ခုချင်းစီကို Full Score, Credit Score, College Ready, Passing Score များဖြင့်ထူးချွန်အောင်မြင်စွာဖြေဆိုခဲ့ကြတဲ့ K Academy ကျောင်းသားများရဲ့ ရလဒ်များကို ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်ရှင်🍀။
ရှေ့ဆက်ပြီးကျန်နေတဲ့ ဘာသာရပ်တွေကိုလည်း အခက်အခဲမရှိ အောင်မြင်စွာဖြေဆိုနိုင်မယ်လို့ယုံကြည်ပါတယ်💯။
နောက်ပြီး GED ကို ဘယ်လိုကလေးတွေရွေးချယ်တက်ရောက်သင့်လဲ။ GED ပြီးထားရင် ဘယ်လိုအခွင့်အလမ်းတွေရှိနိုင်မလဲ။ ဘာတွေထပ်ဖြည့်ဖို့လိုမလဲ စသည့်အကြောင်းအရာများကိုလည်းအသေးစိတ်ဆွေးနွေးချင်ပါက 09-984044128 & 09-787578874 သို့ မနက် 8နာရီမှ ညနေ 5နာရီ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်🥰။
Yangon Campus နှင့် Mandalay Campus သို့ လူကိုယ်တိုင်လာရောက်၍လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင်။
#𝐆𝐄𝐃
23/04/2026
𝐒𝐀𝐓 𝐌𝐚𝐭𝐡𝐬 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 & 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐂𝐥𝐚𝐬𝐬
𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 - 12
May 14 မှာ အတန်းစမှာဖြစ်လို့ SAT Maths အတန်းအတွက် ကြိုတင် စာရင်းပေး အပ်လို့ရပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
𝐆𝐄𝐃 ဖြေဆိုပြီးတဲ့ ကျောင်းသားတချို့ SAT စာမေးပွဲထပ်ဖြေကြတာတွေ့မိကြမှာပါ။ SAT ဆိုတာကတော့ အမေရိကန်နိုင်ငံမှာ ကောလိပ်ဝင်ခွင့်အတွက် အများဆုံးဖြေဆိုကြတဲ့ အရည်အချင်းစစ်စာမေးပွဲတစ်ခုဖြစ်ပါတယ်။
College Board အဖွဲ့က စာမေးပွဲပြုလုပ်ပေးတာဖြစ်ပြီး English (Reading & Writing) နဲ့ Math နှစ်ဘာသာ ဖြေဆိုရပါတယ်။ ဒီနေ့မှာတော့ 𝐒𝐀𝐓 𝐌𝐚𝐭𝐡 မှာ ဘယ်အပိုင်းတွေမေးလေ့ရှိလဲဆိုတာ ပြောပြပေးသွားပါမယ်။
𝐒𝐀𝐓 𝐌𝐚𝐭𝐡 မှာဆိုရင် ကျောင်းသားတွေအတွက် ကောလိပ်နဲ့ အလုပ်ခွင်မှာ အရေးကြီးတဲ့အပိုင်းတွေ၊ လက်တွေ့အသုံးချရမဲ့အပိုင်းတွေကို အဓိကမေးတာဖြစ်ပါတယ်။ ဒီအပိုင်းတွေကို အဓိကခေါင်းစဉ်ကြီးလေးခုနဲ့ ဖော်ပြနိုင်ပါတယ်။
1️⃣ 𝐀𝐥𝐠𝐞𝐛𝐫𝐚
2️⃣ 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐌𝐚𝐭𝐡
3️⃣ 𝐏𝐫𝐨𝐛𝐥𝐞𝐦-𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐚𝐧𝐝 𝐃𝐚𝐭𝐚 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬
4️⃣ 𝐆𝐞𝐨𝐦𝐞𝐭𝐫𝐲 𝐚𝐧𝐝 𝐓𝐫𝐢𝐠𝐨𝐧𝐨𝐦𝐞𝐭𝐫𝐲
📝 မေးခွန်းပုံစံကတော့ အဖြေမှန်ရွေးရတဲ့ Multiple choice နဲ့ မိမိကိုယ်တိုင်တွက်ပြီး အဖြေကိုရေးရတဲ့ Student-produced response ပုံစံနှစ်မျိုးနဲ့ မေးတာဖြစ်ပါတယ်။ Digital Test အနေနဲ့ ကွန်ပျူတာမှာဖြေရတာဖြစ်ပြီး ဖြေဆိုတဲ့အခါ Calculator နဲ့ Graphic Calculator တွေကို အသုံးပြုခွင့်ပေးထားပါတယ်။
📝 Module (1) မှာ မေးခွန်း အပုဒ် (၂၀) ၊ Module (2) မှာ မေးခွန်း (၂၂) ပုဒ် စုစုပေါင်း ပုစ္ဆာ (၄၄) ပုဒ်ကို မိနစ် (၇၀) အတွင်းမှာ ဖြေရပါတယ်။
💢 တစ်ပုဒ်ကို ပျမ်းမျှ (၂) မိနစ်နီးပါးပဲအချိန်ရတာကြောင့် 𝐒𝐀𝐓 𝐌𝐚𝐭𝐡 မှာ ပုစ္ဆာတွေကို Shortcut နည်းတွေသုံးပြီး မြန်မြန်နဲ့ မှန်မှန်တွက်နိုင်ဖို့ အရေးအကြီးဆုံးပါပဲ။
ဒါကတော့ 𝐒𝐀𝐓 𝐌𝐚𝐭𝐡 မှာ မေးလေ့ရှိတဲ့အကြောင်းအရာတွေနဲ့ သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အားလုံးပဲ အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 💖
𝐒𝐀𝐓 𝐌𝐚𝐭𝐡 သင်တန်းနဲ့ပတ်သက်လို့ စုံစမ်းချင်တယ်ဆိုရင်တော့ Page Messenger မှာ မေးမြန်းနိုင်ပါတယ်နော်...။ ✨
23/04/2026
Duolingo Online Class Batch - 6
နိုင်ငံခြားတက္ကသိုလ်တွေမှာ ကျောင်းသွားတက်ဖို့ဆိုရင် 𝐇𝐢𝐠𝐡 𝐒𝐜𝐡𝐨𝐨𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 လက်မှတ်အပြင် 𝐈𝐄𝐋𝐓𝐒, 𝐓𝐎𝐄𝐅𝐋, 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 စတဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 တစ်ခုခုကိုလည်း မဖြစ်မနေလိုအပ်ပါတယ်။
ဒီနေ့မှာတော့ 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 (𝐃𝐄𝐓) နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 🙋♂️
🟣 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 (𝐃𝐄𝐓) ဆိုတာဘာလဲ❓
𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 (𝐃𝐄𝐓) ဆိုတာကတော့ 𝐈𝐄𝐋𝐓𝐒 တို့၊ 𝐓𝐎𝐄𝐅𝐋 တို့လိုပဲ နိုင်ငံတကာမှာ ကျောင်းတက်ဖို့နဲ့ အလုပ်သွားရောက်လုပ်ကိုင်လိုတဲ့ non-native speaker တွေအတွက် 𝐄𝐧𝐠𝐥𝐢𝐬𝐡 (𝟒) 𝐬𝐤𝐢𝐥𝐥𝐬 တတ်မြောက်မှုကို စစ်ဆေးပေးတဲ့ standardized test တစ်ခုပဲဖြစ်ပါတယ်။
🟣 𝐃𝐄𝐓 ကို ဘယ်လိုလူတွေ ဖြေဆိုသင့်လဲ❓
နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တဲ့သူတွေအနေနဲ့ အချိန်တိုတိုအတွင်းမှာ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 တစ်ခုခုကို ဈေးသက်သက်သာသာနဲ့ ဖြေဆိုချင်တယ်ဆိုရင် 𝐃𝐄𝐓 ကိုဖြေဆိုသင့်ပါတယ်။ ✨
𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 (𝐃𝐄𝐓) ဖြေဖို့ အသက်အရွယ် မကန့်သတ်ထားပါဘူး။ အသက် (၁၃)နှစ်အောက် ဖြစ်မယ်ဆိုရင်တော့ 𝐆𝐮𝐚𝐫𝐝𝐢𝐚𝐧 𝐂𝐨𝐧𝐬𝐞𝐧𝐭 𝐅𝐨𝐫𝐦 တင်ပြီးမှ ဖြေဆိုလို့ရပါတယ်။
🟣 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 (𝐃𝐄𝐓) ကို ဘယ်နိုင်ငံကကျောင်းတွေကလက်ခံလဲ❓
𝐃𝐄𝐓 ကိုတော့အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ မလေးရှားနိုင်ငံစတဲ့ နိုင်ငံပေါင်းများစွာက တက္ကသိုလ်တွေနဲ့ Community College တွေက လက်ခံကြပါတယ်။
📌 ကိုယ်လျှောက်မဲ့ ကျောင်းရဲ့ requirement တွေကို သေချာရှာပြီး 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 လက်ခံရဲ့လားဆိုတာကို Email ပို့ပြီး သေချာအောင်မေးတာကတော့ အကောင်းဆုံးပါ။
🟣 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 ကို ဘယ်နေရာတွေမှာ ဖြေဆိုလို့ရမလဲ❓📍
𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 ကိုတော့ မိမိအိမ်မှာပဲ တိုက်ရိုက်ဖြေဆိုလို့ရပါတယ်။ Computer based ကို အင်တာနက်လိုင်းကောင်မွန်တဲ့နေရာက ဖြေဆိုနိုင်ပါတယ်။ 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 စာမေးပွဲဖြေလို့ရတဲ့ Test center တွေမှာလည်း သွားရောက်ဖြေဆိုနိုင်ပါတယ်။
(📌 အိမ်မှာ လိုင်းမကောင်းတာ၊ မီးခဏခဏပျက်လို့ အဆင်မပြေတာမျိုးတွေရှိရင်တော့ Test center တွေကို သွားဖြေတာက ပိုကောင်းပါတယ်။)
🟣 𝐓𝐞𝐬𝐭 𝐅𝐞𝐞𝐬 ကရော ဘယ်လောက်ကုန်ကျ မလဲ❓💸
𝐓𝐞𝐬𝐭 𝐅𝐞𝐞𝐬 ကတော့ $65 ဝန်းကျင်သာကျသင့်မှာဖြစ်ပါတယ်။ တခြားသော test တွေနဲ့ယှဉ်ကြည့်ရင် 𝐁𝐮𝐝𝐠𝐞𝐭 𝐬𝐚𝐯𝐞 ဖြစ်ဖြစ်နဲ့ ဖြေလို့ရတဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐥𝐞𝐯𝐞𝐥 𝐭𝐞𝐬𝐭 တစ်ခုဖြစ်ပါတယ်။
(📌 Exam Fees ကတော့ အချိန်နဲ့အမျှပြောင်းလဲနိုင်ပါတယ်။)
🟣 𝐃𝐄𝐓 ဖြေဖို့ဘာတွေလိုအပ်မလဲ၊ 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 တွေကဘာတွေလဲ။❓
✅ 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭, 𝐃𝐫𝐢𝐯𝐞𝐫'𝐬 𝐋𝐢𝐜𝐞𝐧𝐬𝐞 𝐨𝐫 𝐆𝐨𝐯𝐞𝐫𝐧𝐦𝐞𝐧𝐭 𝐈𝐃 တစ်မျိုးမျိုး ရှိဖို့လိုပါမယ်။
✅ တိတ်ဆိတ်ပြီး အနှောင့်အယှက်ကင်းတဲ့ အခန်းတစ်ခုမှာဖြေဖို့ လိုအပ်ပါတယ်။
✅ ဖြေဆိုချိန် (၆၀) မိနစ်အတွင်းမှာ ထသွားတာမျိုး၊ အလုပ်ထလုပ်တာမျိုးမရှိရပါဘူး။ တစ်ဆက်တည်းဖြေရမှာဖြစ်ပါတယ်။
✅ အင်တာနက်လိုင်းကောင်းမွန်တဲ့နေရာကနေဖြေဆိုဖို့ကတော့ အရေးအကြီးဆုံးဖြစ်ပါတယ်။
🟣 𝐃𝐄𝐓 𝐞𝐱𝐚𝐦 မှာက ဘယ်လိုမေးခွန်းတွေကိုဖြေဆိုရလဲ၊ 𝐓𝐞𝐬𝐭 𝐅𝐨𝐫𝐦𝐚𝐭 ကရော ဘယ်လိုလဲ❓📄
⏳ စုစုပေါင်းဖြေဆိုချိန် - (၆၀) မိနစ်ဖြစ်ပြီး ပထမ (၅) မိနစ်မှာတော့ 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐒𝐞𝐭𝐮𝐩 ရှိပါတယ်။ ဖြေရမယ့် section နှစ်ပိုင်းရှိပါတယ်။
1️⃣ 𝐀𝐝𝐚𝐩𝐭𝐢𝐯𝐞 𝐓𝐞𝐬𝐭 အပိုင်းမှာ 𝐑𝐞𝐚𝐝𝐢𝐧𝐠, 𝐖𝐫𝐢𝐭𝐢𝐧𝐠, 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠, 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐬𝐤𝐢𝐥𝐥𝐬 (𝟒) ခုကို (၄၅) မိနစ်ဖြေဆိုရပါတယ်။
2️⃣ 𝐕𝐢𝐝𝐞𝐨 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ကတော့ ဖြေဆိုသူရဲ့ 𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐬𝐤𝐢𝐥𝐥𝐬 ကိုစစ်မှာဖြစ်ပါတယ်။ 𝐨𝐩𝐞𝐧-𝐞𝐧𝐝𝐞𝐝 𝐪𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 လေးတွေပေးထားပြီး၊ ဖြစ်ရပ်တစ်ခုအကြောင်းပြောရတာမျိုး၊ ပုံတစ်ခု ဖော်ပြရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဖြေဆိုချိန် (၁၀) မိနစ်ရပါတယ်။
📌 ဖြေဆိုထားတဲ့ 𝐓𝐞𝐬𝐭 𝐑𝐞𝐬𝐮𝐥𝐭𝐬 ကို (၂) ရက် အတွင်းသိနိုင်ပါတယ်။ 𝐓𝐞𝐬𝐭 𝐑𝐞𝐬𝐮𝐥𝐭𝐬 ကလည်း (၂) နှစ်ထိ valid ဖြစ်ပါတယ်။
🟣 အမှတ်ပေးတဲ့ပုံစံကတော့ 10-160 scale ဖြစ်ပြီး 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အများစုကတော့ အမှတ် (120) တောင်းလေ့ရှိပါတယ်။✅
⛳ 𝐃𝐄𝐓 𝐓𝐞𝐬𝐭 𝐒𝐜𝐨𝐫𝐞𝐬 & 𝐂𝐄𝐅𝐑 𝐥𝐞𝐯𝐞𝐥
𝟏𝟎-𝟓𝟔 ~ 𝐀𝟏-𝐀𝟐
𝟔𝟎-𝟗𝟓 ~ 𝐁𝟏
𝟏𝟎𝟎-𝟏𝟐𝟓 ~ 𝐁𝟐
𝟏𝟑𝟎-𝟏𝟓𝟎 ~ 𝐂𝟏
𝟏𝟓𝟓-𝟏𝟔𝟎 ~𝐂𝟐
ဒါကတော့ 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐬𝐭 (𝐃𝐄𝐓) နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်ကလေးတွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ အားလုံးပဲအဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ 💓
Class နဲ့ပတ်သတ်တဲ့အသေးစိတ်အကြောင်းအရာများကို Timetable တွင်ဖော်ပြပေးထားပါတယ်ရှင်✨။
#𝐆𝐄𝐃
23/04/2026
K Academy pre -20 Farewell memories 🍀✨
Foundation ကာလ သုံးလလုံး လိမ်လိမ်မာမာနဲ့ အတန်းပြီးဆုံးအောင် တက်ခဲ့ကြတဲ့ ကလေးတွေ အကုန်လုံး Congratulations ပါ။ 💜
Preparation ဆက်တက်ဖို့ လုပ်ကြမယ်နော်။ ဆရာတွေက အိမ်စာပေးဖို့ စောင့်နေပါတယ် 🙂↔️
#𝐆𝐄𝐃
22/04/2026
GED Preparation Online Night Class
April Intake .
21/04/2026
" 𝗧𝗼𝗱𝗮𝘆 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 "
𝐆𝐚𝐫𝐝𝐞𝐧𝐢𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှကျင်းပပြုလုပ်မယ့် 𝐓𝐮𝐫𝐤𝐞𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐄𝐯𝐞𝐧𝐭 𝐅𝐚𝐢𝐫 ( 𝟐𝟎𝟐𝟔 )ပွဲသို့ 𝐊 𝐀𝐜𝐚𝐝𝐞𝐦𝐲 ကျောင်းမှ ကျောင်းသားများအား လာရောက်ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။
#𝐆𝐄𝐃
20/04/2026
(20.4.2026)ရက်နေ့တွင် K Academy မှအတန်းများအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ပြီး စာသင်ကြားနေသောပုံရိပ်များ🍀
#𝐆𝐄𝐃
09/04/2026
မြန်မာနှစ်သစ်ကူး ကျောင်းပိတ်ရက်ကြေငြာခြင်း
2026 ခုနစ်၊ ဧပြီလ (၁၁) ရက်နေ့မှ ၁၉ ရက်နေ့အထိ K Academy မှ ဖွင့်လှစ်ထားသော အတန်းများ အားလုံးနှင့် ရုံးများ ပိတ်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
နှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူ၊ ပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ လိုအင်ဆန္ဒများ ပြည့်ဝခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း K Academy မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏✨
#𝐆𝐄𝐃
07/04/2026
ဧပြီလအတွက် K Academy ၏ တန်းခွဲသစ်များ
ကျောင်းအပ်လက်ခံနေပါပြီ။