Success Computer Online Class

Success Computer Online Class

Share

This page is about Computer Knowledge basics. If you have any questions or suggestions feel free to ask after watching my videos.

29/03/2022

" ကွန်ပျူတာ စက်ရှင်းနည်း "

ကိုယ့်ကွန်ပျူတာအသုံးပြုနေရင်း စက်လေးနေတယ်လို့ ခံစားရရင် ဒီလိုနည်း‌ေလးနဲ့ ဖြေရှင်းကြည့်ပါနော်😚 ...

ကွန်ပျူတာစက်ရှင်းလို့ရတဲ့နည်းလမ်းတွေက အများကြီးရှိပါတယ် အဲထဲမှာမှ အသုံးများတဲ့နည်းလမ်းလေးကို ဝေမျှပေးမယ်နော်

Win key + R ကိုနှိပ်ပါ

Run boxလေးကျလာရင်

(1) Temp

(2) %temp%

(3) Prefetch

(4) Recent

အစရှိတဲ့ အမည်လေးတွေ တစ်ခုချင်းစီအသုံးပြုလို့ရပါတယ်။

(eg.Temp ကိုနှိပ်ပီးရင် Ctrl A + Delete ကိုနှိပ်ပါ)

ဤနည်းအတိုင်း
တခြား စက်ရှင်းနည်းများကိုလဲ အသုံးပြုပေးပါ

Desktop ပေါ်မှ Recycle Bin ကို Clean ပါ။
Run boxကနေ Cleanmgrနဲ့လည်းရှင်းလို့ရပါတယ်

19/02/2022

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့ပါက ပြန်ဖွင့်နည်း
===============================================================
Credit နည်းပညာ ကွန်ပျူတာ
=====================
Passwords ဖွင့်နည်း
===============
နည်းလမ်း (၁)
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် window တင်တဲ့အခါမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီး accound နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ် ဒါပေမယ့် မေ့သွားပြီဆိုရင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တစ်ပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ထားပေးပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကို ရောက်သွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။
အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ ပွင့်လာပါလိမ့်မယ်။ ၄င်းတွင် Administrator နှင့် Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့ account ပါ။ ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ။ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User Accounts ( icon ) ကို ကလစ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရပါပြီ။ ထိုအခါ နောက်ထပ်မြင်ကွင်းတစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဥ်းစားမရတဲ့ password ကို အပင်ပန်းခံပြီး စဥ်းစားမနေပါနဲ့။ မေ့လိုက်ပါ။
တစ်ကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုတ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လည်း password ပေးပြီးဝင်နိုင်ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းပဲ ပွင့်သွားပါလိမ့်မယ်။

နည်းလမ်း (၂)
ကွန်ပျူတာမှာ တစ်ခြားသူတစ်ဦးဦးက ဝင်လို့ရရင်(အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ။) ပထမနည်းအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

နည်းလမ်း (၃)
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ဝင်းဒိုးစီဒီ ထည့်ထားပါ။ BIOS သို့ဝင်ပြီး First Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့ Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနဲ့တစ်ပြိုင်နက် ကီးခလုတ်တစ်ခုခုကို နှိပ်လိုက်ပါ။ Screen ကို သေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များအတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိတာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကို ရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီး ဆောင်ရွက်မှုများကို ကြည့်နေပါ။ ဝင်းဒိုး reboot တစ်ချက်ပြန်ဖြစ်ရင် မည်သည့်ကီးကိုမှ မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီး ပြန်ပေါ်ရင် ကီးခလုတ်ကို မနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။ မြင်ကွင်းဘယ်ဘက်အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာ ပေါ်ရင် "Shift+F10" ကီးများကို နှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့်နေရာ ဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါမယ်။ "NUSRMGR.CPL" လို့ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကို မြင်ရပါမယ်။ ၄င်းတွင် password ပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ်မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဥ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ။
Credit
#နည်းပညာကွန်ပျူတာ
==========================

Photos from Success Computer Online Class's post 19/02/2022

Window 10 password ခတ်နည်းလေးပါ။
-Photo

Photos from Success Computer Online Class's post 06/02/2022

ဓာတ်ပုံ၊PIN နံပါတ်ဖြင့် Login ပြုလုပ်နည်း 💻

Windows 8,10 အသုံးပြုတဲ့ ကွန်ပျူတာတွေမှာ
Password က ရှည်နေလို့ Login ဝင်တာကြာနေ
တတ်ရင်၊ Password ကို ရိုက်ထည့်တာ ခဏခဏ
အမှားရိုက်ထည့်မိနေရင် သို့မဟုတ် Password ကို
ရိုက်မထည့်ချင်ရင် Password အစား ဓာတ်ပုံ၊ PIN
နံပါတ်တို့ဖြင့် Windows Login ဝင်လို့ရပါတယ်။
All Settings\Accounts\Sign-in Options ထဲကို
တစ်ဆင့်ချင်းဝင်သွားပြီး အောက်မှာဖော်ပြထားတဲ့
ပုံတွေထဲကအတိုင်း စမ်းလုပ်ကြည့်နိုင်ပါတယ်။

26/01/2022

windows explorer has stop working Error ဖြစ်နေသူများ ဖြေရှင်းနည်း
==============================================

Windows Key + R ကိုနှိပ် Run ကိုခေါ်ပြီး Run Box ပေါ်လာရင် regedit ရေးထည့် Enter ခေါက်လိုက်ပါ ..
Registry Editor Box တတ်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားပါ..

HKEY_LOCAL_MACHINE\ Softwares\ microsoft\ \\ \windows \ current version\ explorer \ Browser Helper Objects ဆိုတဲ့စာသားပေါ်ကို Right Click ထောက်ပြီး Delete လုပ်ပေးလိုက်ပါ Yes -No ပေါ်လာရင် Yes ကို နှိပ်ပေးပြီး Registry Editor Box ကိုပိတ်ကာ ကွန်ပြူတာကို Restart ချပေးလိုက်ပါ ... ကွန်ပျူတာ ပြန်ပွင့်လာရင် အဲ့ဒီ Error ပျောက်သွားပါလိမ့်မယ်။

23/01/2022

Microsoft Word 2013, 2016 စာအမှန်မထွက်လျင်
Myanmar3, Pyidaungsu-1.x စတဲ့ဖောင့်တွေ Office 1013, 2016 တို့မှာ အဆင်မပြေတော့တာ တွေ့ရပါတယ်။ ဒီဖောင့်တွေက Office 2010 အထိပဲ အလုပ်လုပ်ပါတယ်။ Office 1013, 2016 မှာသုံးမယ်ဆိုရင် “Myanmar Text” font, “Pyidaungsu-2.x.ttf” font ကသင့်တော်ပါတယ်။ ပြောင်းလဲသုံးစွဲဖို့အကြံပြုပါတယ်။ အကယ်၍ မလွဲမသွေ ဆက်သုံးရမယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းလေးကို ပြုလုပ်ပြီးသုံးစွဲနိုင်ပါတယ်။
ပြုလုပ်နည်း-
Control + D နှိပ်ပါ။ Font Dialog box ပွင့်လာပါမည်။ Advanced tab ကိုရွေးပါ။ “Use Contextual Alternates,” ကိုအမှန်ချက်ပေးပါ။ ထိုနောက် Ligatures to ကို “All,” ဟုထားပေးပါ။ အိုကေ နှိပ်ပါ။

23/01/2022

Windows 10, 8 အတွက် မြန်မာယူနီကုဒ် သုံးစွဲဖို့
ဖုန်းမှာဖြစ်ဖြစ် ကွန်ပျူတာမှာ ဖြစ်ဖြစ် ယူနီကုဒ်သုံးဖို့ဆိုရင် ဖောင့် နှင့် ကီးလက်ကွက် ရှိရင်သုံးလို့ရပါပြီ။ ကျန်တာတော့ စာရိုက်နည်း သိရင်ဖြစ်ပါတယ်။ Windows 10, 8, 8.1 တို့မှာဆိုရင် ဖောင့်နှင့်ကီးလက်ကွက် ပါပြီးသားမို့လို့ လက်တင်သုံးလို့ရပါတယ်။
Myanmar Text ဆိုတဲ့ဖောင့်
Windows တင်ကတည်းက မြန်မာစာယူနီကုဒ်စနစ် ပါလာပြီး ဖြစ်ပါတယ်။ အဲဒီဖောင့်အမည်က Myanmar Text ဖြစ်ပြီး မြန်မာ(ဗမာ) အပါအဝင် ပါဠိ၊ သက္ကတ ကစလို့ မွန်၊ ရှမ်း၊ ကရင် နှင့် အခြားတိုင်းရင်းသား စာတွေပါ အထောက်အပံ့ပေးထားပါတယ်။ ကီးလက်ကွက်ကိုတော့ task bar ပေါ်ရောက်အောင် ဖွင့်ပြီးမှ သုံးစွဲလို့ရမှာဖြစ်ပါတယ်။
Windows မြန်မာလက်ကွက်
Windows မှာပါတဲ့ ကီးလက်ကွက်ကို ဖွင့်နည်း
1. Start menu > Setting > Time & Language ကိုရွေးပါ။
2. ဘယ်ဘက်ကော်လံမှ Region & language ကိုရွေးပါ။
3. Add a language ကိုနှိပ်ပါ language အမည်ကို ရိုက်သွင်း၍ ရှာရန် “my” သို့မဟုတ် “bur” ဟုရိုက်ထည့်ကြည့်ပါက Burmese ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
4. Burmese ကိုရွေး၍ Next > Install ဆက်နှိပ်ပါ။
System task bar ပေါ်တွင် မြန်မာလက်ကွက်ရောက်ရှိလာမည်ဖြစ်ပါသည်။
Windows 10 update ရပြီးသောစက်များတွင် Keyboard ၂ခုပါဝင်လာပြီဖြစ်ပါတယ်။ သဝေထိုးအရင်ရိုက်နိုင်သော ( Myanmar (Visual Order) Keyboard ကို default ရရှိမည်ဖြစ်ပြီး Option > add keyboard ကတဆင့် Myanmar (Phonetic Order) Keyboard ကိုထပ်မံထည့်သွင်းနိုင်ပါသည်။
မည်သည့် Word Processing, Text Editor မှာမဆို လက်ကွက်ရွေး ရိုက်နှိပ်သုံးစွဲလို့ရပြီဖြစ်ပါတယ်။

လက်ကွက် ပြောင်းသုံးပုံ
အင်္ဂလိပ် ကနေ မြန်မာ၊ မြန်မာ ကနေ အင်္ဂလိပ် အပြန်အလှန် ပြောင်းချင်ရင်တော့ Windows logo key + Space ၂ခုတွဲနှိပ်ပြီး ပြောင်းလို့ရပါတယ်။ ( Ctrl + Shift ကီးတွဲနှိပ်တာနဲ့ သဘော အတူတူပဲဖြစ်ပါတယ်။ )
ဒီနေရာမှာ တစ်ခု သတိထားရမှာက သုံးစွဲသူထံမှာ ဇော်ဂျီလက်ကွက် ရှိနေခဲ့မယ်ဆိုရင် Ctrl + Shift တစ်ခါနှိပ်ရင် လက်ကွက် တစ်ခုပြောင်းသွားတယ် မဟုတ်လား? လက်ကွက် ၂−ခုတည်းရှိတုန်းက အင်္ဂလိပ် နှင့် ဇော်ဂျီ(မြန်မာ) က တလှည့်စီ ပြောင်းနေမှာ ဖြစ်ပေမယ့် နောက်ထပ် ယူနီကုဒ် လက်ကွက်တစ်ခု ထပ်ထည့်လိုက်ရင် လက်ကွက် ၃−ခု ဖြစ်လာပြီဖြစ်ပါတယ်။ ဥပမာ အင်္ဂလိပ် − ဇော်ဂျီ − ယူနီကုဒ် ဆိုပြီး ၃−ခု ရှိလာပြီဖြစ်လို့ ပထမ လက်ကွက်က အင်္ဂလိပ် ဆိုရင် Ctrl + Shift တခါနှိပ်ရင် ဇော်ဂျီ ပြောင်းမယ်၊ နောက်တခါနှိပ်ရင် ယူနီကုဒ် ပြောင်းမယ်၊ နောက်တခါ နှိပ်မှ အင်္ဂလိပ် ပြန်ရောက်မှာပါ။ လက်ကွက် ၃−ခုဖြစ်နေတဲ့အတွက် တခါပိုနှိပ်ရမှာ။
လက်ကွက်အရွေးမမှားရအောင်
ဇော်ဂျီ လက်ကွက်ကြီးနဲ့ ယူနီကုဒ်ဖောင့်ကို ရိုက်နှိပ်သုံးစွဲရင် တလွဲတွေထွက်နေမှာဖြစ်သလို ယူနီကုဒ် လက်ကွက်ကြီးနဲ့ ဇော်ဂျီဖောင့်ကို ရွေးပြီး ရိုက်နှိပ်နေရင်လည်း တလွဲတွေ ထွက်နေမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ လက်ကွက်နဲ့ ဖောင့်ကို ရွေးပြီးစာရိုက်မှ မှန်မှာဖြစ်ပါတယ်။
မှတ်ချက်။ ။လက်ကွက်ပြောင်းရာမှာ Win Logo + Space ကီးမသုံးချင်ဘူး Ctrl + Shift ကီးပဲ သုံးချင်တယ်ဆိုရင်လည်း Setting ပြန်ပြောင်းပေးလို့ရပါတယ်။

23/01/2022

ကွန်ပျူတာ RAM တိုးနည်း

•••• မိမိကွန်ပျူတာတွင် RAM အလွယ်တကူ တိုးနည်း ••••
ဒီနည်းလမ်းကို အိုင်တီပညာရှင် စာဖတ်သူတော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ မိမိ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာကို Speed - ၆၀ ရာခိုင်နှုန်းမြင့်တင်ခြင်း ဖြစ်ပါတယ်။ ဒီအတွက် RAM တိုးဖို့ လိုအပ်ပါတယ်။

ဒီ trick အတိုင်းသွားရင် ကွန်ပျူတာတွင်းက Hard disk ရဲ့ အချို့အစိတ်အပိုင်းကို Virtual RAM အနေနဲ့ အသုံးချလို့ ရမှာ ဖြစ်ပါတယ်။ RAM တိုးတယ်ဆိုလို့ အမှန်တက
ယ်တော့ အခြား Hard disk က Space ကို ချေးငှားအသုံးပြုလုပ်တာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း RAM တိုးပြီး လုပ်ဆောင်ချက် မြန်သွားပါတယ်။ အောက်ပါအဆင့်အတိုင်း သွားနိုင်ပါတယ်။

၁။ My Computer ကို right click နှိပ်ပြီး Properties ထဲဝင်ပါ။
၂။ Advance tab ထဲကိုဝင်ပါ။
၃။ Performance section ထဲက Setting button ကိုဝင်ရပါမယ်။
၄။ Advance Tab ကိုပဲ ထပ်ဝင်ရပါမယ်။
၅။ Virtual Memory အောက်မှ Change ဆိုတာကို နှိပ်ရပါမယ်။
၆။ Drive C ကိုရွေးချယ်ရပါမယ်။
၇။ Custom Size ကိုရွေးချယ်ရပါမယ်။

၈။ Automatically manage မှာ အမှန်ခြစ်ထားတာလေး ဖြုတ်ပြီး ဒီလိုဖြည့်ရပါမယ်။

Initial Size မှာ 5GB အတွက်ဆိုရင် 5000 . 2GB အတွက်ဆိုရင် 2000 ကို ဖြည့်ပေးရပါမယ်။ စာဖတ်သူတို့ ကိုယ်ကြိုက်တာ ထည့်နိုင်ပါတယ်။
Maximan Size မှာ 5GB အတွက် 5000 ဖြည့်ပေးရပါမယ်။ သဘောကတော့ Virtual Memory ကအနေနဲ့ Local Disk C က 5GB ယူသုံးတာဖြစ်ပါတယ်။
၁၀။ Set ဆိုတဲ့ Button ကိုနှိပ်နိုင်ပါတယ်။ ပြီးရင် OK ပေါ်သမျှ လိုက်နှိပ်ပြီး Apply လည်းပါဝင်ပါတယ်။

ပြီးရင် ကွန်ပျူတာကို Restart လုပ်ပေးလို့ တောင်းဆိုလာပါလိမ့်မယ်။
ကွန်ပျူတာ Restart လုပ်ပြီးရင်တော့ ယခင်ကထက် နှစ်ဆကျော် (၆၀ရာခိုင်နှုန်း) ပိုမြန်တဲ့ ကွန်ပျူတာကို အသုံးပြုနိုင်ပါတယ်။
မိတ်ဆွေ… အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

AutoCAD Mechanical 2012 Free Download 16/01/2022

AutoCAD software version 2010 ကနေ နောက်ဆုံးထွက်2022 version ထိ downloadblinkများစုစည်းပေးထားပါတယ်ရှင့်။
RAR file password: 123

AutoCAD 2022 (64bit)
https://getintopc.com/softwares/3d-designing/autodesk-autocad-2022-free-download-2204674/

AutoCAD 2021 (64bit)
https://getintopc.com/softwares/autodesk-autocad-2021-free-download-4856407/

AutoCAD 2020 (64bit)
https://getintopc.com/softwares/3d-cad/autodesk-autocad-2020-x64-free-download-8007551/

AutoCAD 2019 (32 Bit / 64 Bit)
https://getintopc.com/softwares/autocad-2019-free-download-6059596/

AutoCAD 2018 (32 Bit / 64 Bit)
https://getintopc.com/softwares/3d-cad/autocad-2018-free-download-1466604/

AutoCAD 2017 (32 Bit / 64 Bit)
https://getintopc.com/softwares/3d-cad/autodesk-autocad-2017-x32-x64-bit-free-download-5998069/

AutoCAD 2016 (32 Bit / 64 Bit)
https://getintopc.com/softwares/3d-cad/autocad-2016-free-download-4057058/

AutoCAD 2015 (32 Bit / 64 Bit)
https://getintopc.com/softwares/3d-cad/autocad-2015-free-download-1723862/

AutoCAD 2014 (32 Bit / 64 Bit)
https://getintopc.com/softwares/3d-cad/autocad-2014-free-download-setup-9774461/

AutoCAD 2013 (32 Bit / 64 Bit)
https://getintopc.com/softwares/development/autocad-2013-free-download-64bit-1129241/

AutoCAD 2012 (32 Bit / 64 Bit)
https://getintopc.com/softwares/3d-cad/autocad-2012-free-download-1534629/

AutoCAD 2011 (32 Bit / 64 Bit)
https://getintopc.com/softwares/3d-cad/autocad-2011-free-download-9659197/

AutoCAD 2010 (32 Bit / 64 Bit)
https://getintopc.com/softwares/3d-cad/autocad-2010-free-download-1194508/

AutoCAD Mechanical 2022
https://getintopc.com/softwares/3d-cad/autodesk-autocad-mechanical-2022-free-download-1349573/

AutoCAD Mechanical 2021
https://getintopc.com/softwares/3d-cad/autodesk-autocad-mechanical-2021-free-download-9237884/

AutoCAD Mechanical 2020
https://getintopc.com/softwares/3d-cad/autodesk-autocad-mechanical-2020-free-download-4136497/

AutoCAD Mechanical 2019
https://getintopc.com/softwares/3d-cad/autodesk-autocad-mechanical-2019-free-download-7234773/

AutoCAD Mechanical 2018
https://getintopc.com/softwares/3d-cad/autodesk-autocad-mechanical-2018-free-download-1009579/

AutoCAD Mechanical 2016
https://getintopc.com/softwares/3d-cad/autocad-mechanical-2016-free-download-2622892/

AutoCAD Mechanical 2015
https://getintopc.com/softwares/3d-cad/autocad-mechanical-2015-free-download-1185199/

AutoCAD Mechanical 2014
https://getintopc.com/softwares/3d-cad/autocad-mechanical-2014-free-download-1599874/

AutoCAD Mechanical 2012
https://getintopc.com/softwares/3d-cad/autocad-mechanical-2012-free-download-6379739/

Autodesk AutoCAD 2022 Free Download
getintopc.com

AutoCAD Mechanical 2012 Free Download AutoCAD Mechanical 2012 Free Download Latest Version for Windows. It is full offline installer standalone setup of AutoCAD Mechanical 2012 Free Download for 32/64.

15/01/2022

ဒီvideoလေးကတော့ Software, file, video, photoအစရှိသည်တို့ကို Desktop ပေါ်ကို ဘယ်လိုတင်မလဲနဲ့ ပတ်သက်ပြီး ရှင်းပြထားတဲ့ videoဖြစ်ပါတယ်။

10/01/2022

Computer basic အကြောင်းအရာကို အသေးစိတ်ရှင်းပြထားတဲ့ video ဖြစ်ပါတယ်ရှင့်။

10/01/2022

IT Knowledge Post

Memory Storage ၀ယ်တဲ့ အခါ
ဘာကြောင့် ၀ယ်ယူတဲ့ Storage ပမာဏထက်
လျော့နည်းနေရတာလဲ
******************************************

မိတ်ဆွေတို့ အသုံးလိုလို့ Memory Stick, Hard Drive, External Drive စသဖြင့် တစ်ခုခု သွားဝယ်တဲ့အခါမှာ ကပ်ထားတဲ့ တံဆိပ်မှာကတော့ 8 GB … ကွန်ပျူတာမှာသုံးကြည့်တော့ 7.45 GB … ဟော ပြဿနာပဲ။ ကိုယ် ဝယ်တာ 8GB ပါ။ ဘာကြောင့် 7.45 GB ကြီးပေးလိုက်တာလဲ။ ကိုယ့်ကိုများ လိမ်ရောင်းလိုက်တာလား။ အဲ့ဒီလို
အတွေးမျိုးတွေ တော်တော်များများ တွေးဖူးကြမှာပါ။ တကယ်တမ်းကျတော့ ဆိုင်က လိမ်ရောင်းတာ မဟုတ်ပါဘူး။ ဘာကြောင့် ကွန်ပျူတာမှာသုံးတဲ့အခါ သတ်မှတ်ထားတဲ့ Storage ထက် ဘာကြောင့် နည်းနေသလဲဆိုတာ ဆွေးနွေးသွားပါမယ်။ ဒီအကြောင်းလေး မပြောခင်မှာ Computer မှာ Storage တွက်ချက်နည်းအခြေခံကို အရင်ဆုံး ပြောပြချင်ပါတယ်။ ဒါမှ အဓိကအကြောင်းအရာကို ပြောတဲ့အခါ စာဖတ်သူတွေ မျက်စိမလည်အောင်လို့ပါ။
ကျွန်တော်တို့ Keyboard ကနေ “A” ဆိုတဲ့ စာလုံးတစ်လုံး စရိုက်ပြီဆိုပါတော့။ ကွန်ပျူတာကြီးက “A” ကို “A” လို့ မသိပါဘူး။ ကွန်ပျူတာ သိတာက Electronic Code (on/off signals) လို့ခေါ်တဲ့ Binary code 1 (သို့) 0 ကို ပဲသိပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာထဲကို “A” ဆိုတဲ့ Input တစ်ခုသွင်းလိုက်ရင် 01000001 ဆိုတဲ့ Code 8 လုံးပါ အတွဲတစ်တွဲက Memory ထဲမှာ ဝင်ရောက်နေရာယူ သွားပါတယ်။

A - 01000001
B - 01000010
C - 01000011
D - 01000100
E - 01000101
F - 01000110
G - 01000111
H - 01001000
I - 01001001
J - 01001010
K - 01001011
L - 01001100
M - 01001101
N - 01001110
O - 01001111
P - 01010000
Q - 01010001
R - 01010010
S - 01010011
T - 01010100
U - 01010101
V - 01010110
W - 01010111
X - 01011000
Y - 01011001
Z - 01011010

ထို Code 8 လုံးပါအတွဲတစ်တွဲကို 8 bit (သို့) 1 byte လို့ခေါ်ပါတယ်။ ဒီလိုနဲ့ bytes လေးတွေများလာတဲ့အခါ 1024 bytes ကိုရောက်သွားရင် 1 KB(Kilobytes) လို့သတ်မှတ်ပါတယ်။ 1024 KB ကို 1 MB(Megabytes) လို့သတ်မှတ်ပါတယ်။ 1024 MB ကို 1 GB(Gigabytes) လို့သတ်မှတ်ပါတယ်။ 1024 GB ကို 1 TB(Terabytes) လို့သတ်မှတ်ပါတယ်။

8 bit – 1 byte
1024 bytes – 1 KB
1024 KB – 1 MB
1024 MB – 1 GB
1024 GB – 1 TB

ဒီလောက်ဆိုရင် အဓိကအကြောင်းအရာကိုဆက်သွားလို့ရပါပြီ။ Storage Device တွေ ကွန်ပျူတာမှာ သုံးတဲ့အခါဘာကြောင့်သတ်မှတ်ထားတဲ့ Storage ထက်လျော့နည်းနေရသလဲဆိုရင် ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက Value တွက်ချက်ပုံနဲ့
ကွန်ပျူတာက Value တွက်ချက်ပုံနဲ့ မတူလို့ပါ။ စက်ရုံက 1 MB(Megabytes) = 1000 KB(Kilobytes) ဆိုပြီးတွက်ချက်ပါတယ်။ စက်ရုံကတွက်ချက်ပုံကလည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ base 10 စနစ်အရ Kilo = 1000, Mega = 1000000 ဆိုတာ မှန်ကန်လို့ပါ။ Microsoft ကသတ်မှတ်တဲ့ base 2 စနစ်အရဆိုရင်
1 MB = 1024 KB, 1 GB = 1024 MB, 1 TB = 1024 GB ဆိုပြီး 24 Value ပိုသွားပါတယ်။ မြင်သာထင်သာရှိအောင် ဥပမာတစ်ခုအနေနဲ့ Hard Drive 500 GB တစ်လုံးကို ကွန်ပျူတာမှာ တပ်ဆင်သုံးမယ်ဆိုရင် Missing Space ဘယ်လောက်ရှိမယ် ဆိုတာ တွက်ကြည့်ရအောင်။

******************************
စက်ရုံမှတွက်ချက်မှု

500 GB Hard Drive (500 x 1000 x 1000 x 1000 = 500000000000 bytes)

******************************
ကွန်ပျူတာမှတွက်ချက်မှု

500 GB Hard Drive (500 x 1024 x 1024 x 1024 = 536870912000 bytes)

******************************
တွက်ချက်မှုနှစ်ခု ခြားနားချက်

536870912000 bytes - 500000000000 bytes = 36870912000 bytes (34.34 GB)

******************************
စာဖတ်သူတို့တွေ့ရတဲ့တိုင်းပါပဲ Missing Space 34.34 GB တောင်ရှိပါတယ်။ ဒါကြောင့် 500 GB ပမာဏရှိတဲ့ Hard Drive တစ်လုံးကို ကွန်ပျူတာမှာ တပ်ဆင်သုံးမယ်ဆိုရင် 465.66 GB ရှိကြောင်းသာမြင်တွေ့ရပါမယ်။

Credit To Ko Steve

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


SouthDagon
Yangon