19/08/2026
🧠 What Does Critical Thinking Look Like In Class?
Critical thinking is about learning to question, examine the information, and understand the different perspectives, rather than simply finding the "right" answer. In Parami classes, a discussion might begin with a question, but it does not necessarily end with one answer. So, practicing critical thinking in a class can look like asking the following question:
🔎 Why do you think that?
Instead of accepting an idea at face value, students learn to explain the reasoning behind their views.
🔎 What evidence supports this idea?
Students examine sources, information, and arguments to understand whether an idea is well supported.
🔎 Is there another way to look at it?
Liberal arts education encourages students to consider different interpretations and recognize that an issue can have more than one perspective.
🔎 Whose perspective are we missing?
Students are encouraged to think beyond their own experiences and consider how different backgrounds, communities, and contexts can shape the way people understand the same issue.
🔎 What might change your mind?
Critical thinking also means being open to revisiting and evolving your ideas when new evidence or perspectives challenge your assumptions.
At Parami, these questions are part of how students learn to engage thoughtfully with complex ideas. Through classroom discussions, readings, writing, and collaboration, students practice listening to different perspectives, questioning assumptions, using evidence, and building arguments of their own.
The goal is not to teach students what to think, but to help them develop the ability to think carefully about why they think what they think. Because in a liberal arts education, sometimes the most valuable part of learning is not finding the quickest answer—it is learning to ask a better question.
—-------
🧠စာသင်ခန်းထဲမှာ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (critical thinking) ကို လေ့ကျင့်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။
ဝေဖန်ပိုင်းခြားတွေးခေါ်မှု (critical thinking) ဆိုတာ “အဖြေမှန်” တစ်ခုကို ရှာဖွေတယ်ဆိုတာထက် ရရှိထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို မေးခွန်းထုတ်ပြီး ဆန်းစစ်တတ်ဖို့နဲ့ မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်မြင်သုံးသပ်တတ်ဖို့ ဖြစ်ပါတယ်။ ပါရမီတက္ကသိုလ်ရဲ့ စာသင်ခန်းတွေမှာ ဆွေးနွေးမှုတွေကို မေးခွန်းတစ်ခုနဲ့ စတင်နိုင်ပေမယ့် အဖြေတစ်ခုတည်းလည်း ရချင်မှရမှာပါ။ ဒါကြောင့် စာသင်ခန်းထဲမှာ ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို လေ့ကျင့်တဲ့အခါ ဒီလိုမေးခွန်းတွေကနေ စတင်နိုင်ပါတယ်။
🔎 ဘာကြောင့် ဒီလိုထင်တာလဲ။
အကြောင်းအရာတစ်ခုကို ချက်ချင်းလက်ခံလိုက်တာမျိုးမဟုတ်ဘဲ ကိုယ့်အမြင်ကိုယ့်အတွေးကို ဘာကြောင့်ဒီလိုတွေးတာလဲဆိုတဲ့ အကြောင်းပြချက်ကို ရှင်းပြတတ်ဖို့ သင်ယူကြပါတယ်။
🔎 ကိုယ်တင်ပြတဲ့ အတွေးအမြင်ကို ဘယ်လိုအထောက်အထားတွေနဲ့ သက်သေပြနိုင်မလဲ။
အကြောင်းအရာရဲ့ အရင်းအမြစ်၊ အချက်အလက်တွေနဲ့ အကြောင်းပြချက်တွေကို ဆန်းစစ်ပြီး ကိုယ့်အမြင် ဒါမှမဟုတ် အယူအဆတစ်ခုဟာ ခိုင်လုံတဲ့ အထောက်အထားပေါ်မှာ အခြေခံထားသလားဆိုတာ စဉ်းစားလေ့လာကြပါတယ်။
🔎 ဒီအကြောင်းအရာကို တစ်ခြားရှုထောင့်ကနေ ကြည့်လို့ရလား။
Liberal arts education လို့ ခေါ့်တဲ့ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရေးက အကြောင်းအရာတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ နည်းလမ်းအမျိုးမျိုးကို စဉ်းစားဖို့နဲ့ ပြဿနာတစ်ခုမှာ ရှုထောင့်တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ နားလည်ဖို့အတွက် ကြိုးစားပါတယ်။
🔎 ဆွေးနွေးတဲ့နေရာမှာ ဘယ်သူတွေရဲ့အမြင်တွေ မပါဝင်သေးဘူးလဲ။
ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတစ်ခုတည်းမဟုတ်ဘဲ မတူညီတဲ့ နောက်ခံအသိုင်းအဝိုင်းနဲ့ အခြေအနေတွေက လူတွေက အကြောင်းအရာတစ်ခုတည်းကို ဘယ်လိုတွေးမြင်နားလည်ကြလဲ ဆိုတာလည်း စဉ်းစားဖို့လိုပါတယ်။
🔎 ဘယ်လိုအရာတွေက ကိုယ့်အမြင်ကို ပြန်လည်စဉ်းစားစေနိုင်မလဲ။
ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုတာ ကိုယ့်အမြင်ကို အမြဲတမ်းမှန်ကန်တယ်လို့ ဆုပ်ကိုင်ထားခြင်းမဟုတ်ပါဘူး။ အထောက်အထားအသစ်တွေ ဒါမှမဟုတ် မတူညီတဲ့ရှုထောင့်တွေက ကိုယ့်ရဲ့ ယူဆချက်တွေကို စိန်ခေါ်လာတဲ့အခါ ကိုယ့်အတွေးအမြင်တွေကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြောင်းလဲတိုးတက်လာနိုင်ဖို့လည်း ဖြစ်ပါတယ်။
ပါရမီတက္ကသိုလ်ရဲ့ ပညာရေးမှာ ဒီလိုမေးခွန်းတွေက ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို သေချာစဉ်းစားသုံးသပ်ပြီး ပါဝင်ဆွေးနွေးတတ်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စာသင်ခန်းတွင်း ဆွေးနွေးမှု၊ စာဖတ်ခြင်း၊ စာရေးခြင်းနဲ့ အတူတကွ ပူးပေါင်းသင်ယူခြင်းတွေကနေ ကျောင်းသူ၊ ကျောင်းသားတွေဟာ မတူညီတဲ့ရှုထောင့်တွေကို နားထောင်ဖို့၊ ကိုယ့်ရဲ့ ယူဆချက်တွေကို မေးခွန်းထုတ်ဖို့၊ အထောက်အထားတွေကို အသုံးပြုဖို့နဲ့ ကိုယ်ပိုင်အကြောင်းပြချက်တွေနဲ့ အမြင်တွေကို တည်ဆောက်ဖို့ လေ့ကျင့်ကြပါတယ်။
ရည်ရွယ်ချက်ကတော့ ကျောင်းသူ၊ ကျောင်းသားတွေကို ဘယ်လိုတွေးခေါ်ရမယ် ဆိုတာ သင်ပေးဖို့မဟုတ်ဘဲ ဘာကြောင့် ဒီလိုတွေးမိတာလဲ ဆိုတာကို သေချာစွာ စဉ်းစားတတ်လာစေဖို့ ဖြစ်ပါတယ်။ ဝိဇ္ဇာနှင့်သိပ္ပံပညာရေး
မှာ သင်ယူမှုဆိုတာ အဖြေကို အမြန်ဆုံးရှာတွေ့ခြင်းမဟုတ်ဘဲ ပိုကောင်းတဲ့ မေးခွန်းတစ်ခုကို မေးတတ်လာခြင်း ဖြစ်ပါတယ်။