YEA Mobile Application

YEA Mobile Application

Share

A mobile utility where everyone can find the basic information of water, sanitation and hygiene through online and offline.

31/03/2025

🚨Disclaimer: Sensitive Content

အရေးပေါ်အခြေအနေအတွင်း ရုပ်အလောင်းများ
စနစ်တကျ စွန့်ပစ်ဖယ်ရှားခြင်း

အရေးပေါ်အခြေအနေအတွင်း ရုပ်အလောင်းများအား စနစ်တကျ စွန့်ပစ်ဖယ်ရှားခြင်းနည်းလမ်း(၂)ခု ရှိပါသည်။

(၁) မြေမြှုပ်ခြင်း
(၂) မီးသ​င်္ဂြိုလ်ခြင်း

(၁) မြေမြှုပ်ခြင်း

သက်ဆိုင်ရာ ဘာသာရေး၊ ယဥ်ကျေးမှုအလေ့အထတို့က လက်သင့်ခံပါက မြေမြှုပ်ခြင်းနည်းလမ်းသည် အရေးပေါ်အခြေအနေအတွင်း ရုပ်အလောင်း စွန့်ပစ်ဖယ်ရှားခြင်း နည်းလမ်း(၂)ခုအနက် ပိုမိုသင့်လျော်သော နည်းလမ်း တခုဖြစ်ပါသည်။

ရုပ်အလောင်းအား ​မြှုပ်နှံမည့် မြေနေရာသည် ဒေသခံလူထု၏ သဘောတူညီမှု ရရှိရမည့်အပြင် အနီးနားရှိ ရေအရင်းအမြစ်များ ညစ်ညမ်းမှု မရှိစေရန်လည်း ဂရုပြုရမည်။

မြေအောက်ရေမှ သောက်ရေရယူအသုံးပြုနေပါက အဆိုပါ သောက်ရေရယူရာ ရေထွက်ပင်ရင်း(သို့)ရေတွင်းနှင့် မြေမြှုပ်နှံရာနေရာသည် အနည်းဆုံး မီတာ (၅၀) အကွာအဝေးခြားနားထားရမည်။

မြေပေါ် ရေအရင်းအမြစ်များဖြစ်တဲ့ မြစ်ချောင်း၊ အင်းအိုင်စသည်များကို သောက်ရေအတွက် အသုံးပြုနေပါက အဆိုပါ သောက်ရေရယူရာ ရေထွက်ပင်ရင်းများနှင့် မြေမြှုပ်နှံရာနေရာသည် မြေမြှုပ်မည့် ရုပ်အလောင်းအရေအတွက်အလိုက် အနည်းဆုံး မီတာ (၂၀၀) မှ မီတာ (၃၅၀) အထိ အကွာအဝေး ခြားနားထားရမည်။ အသေးစိတ်ကို ပုံ(၁)တွင် ကြည့်ရှုနိုင်ပါသည်။

မြေမြှုပ်ရာတွင် ရုပ်အလောင်းမြေမြှုပ် ထားရှိမည့် အောက်ခံမြေပြင်သည် ထိုဒေသရှိ မြေအောက်ရေမျက်နှာပြင်အထက် အနည်းဆုံး (၂) မီတာတွင် ရှိနေအောင် စီမံပေးရမည်အပြင် ရုပ်အလောင်းမြှုပ်မည့် ကျင်းအနက်ကို (၁.၅) မီတာ မှ (၃) မီတာ အတွင်း အနက်ရှိ​အောင် စီမံထားရမည်။

အနံ့အသက်ဆိုးများနှင့် ခွေးစသည့် သတ္တဝါများ ရုပ်အလောင်းများကို တူးဆွခြင်းမှ ကာကွယ်ရန် ​မြှုပ်နှံပြီး ရုပ်အလောင်းကို အနည်းဆုံး (၁) မီတာအထူရှိသည့် မြေသားဖြင့် ပြန်လည်ဖုံးအုပ်ရမည်။

ထို့အပြင် လူနေထိုင်ရာနေရာများနှင့် ထိုမြှုပ်နှံရာနေရာသည် အနည်းဆုံး မီတာ (၅၀၀) ကွာဝေးရမည်။

သတ်မှတ်ချက်စံနှုန်းများအရ လူဦးရေ (၁၀၀၀၀)လျှင် မြေမြှုပ်နှံရာနေရာ အနည်းဆုံး အကျယ်အဝန်း (၁၅၀၀)မီတာစကွဲ ဧရိယာ (သို့) ရုပ်အလောင်း(၁၀)လောင်းအတွက် မြှုပ်နှံမည့်နေရာ ပြင်ဆင်ထားရန် လိုအပ်သည်ဟု သတ်မှတ်ထားကြသည်။

လိုအပ်ပါက မြေမြှုပ်နှံရာနေရာကို ကိုးကွယ်ရာ ဘာသာအလိုက် ခွဲခြားသတ်မှတ်ထားနိုင်သည်။
ရုပ်အလောင်းတလောင်းခြင်းစီ မြေတူးမြှုပ်ခြင်းသည် လူအားဖြင့် တပိုင်တနိုင် ကျင်းတူးနိုင်ခြင်းကြောင့် ရုပ်အလောင်းအစုအပုံလိုက်မြှုပ်ခြင်းထက် ပိုမိုသင့်လျော်သည်ဟု သတ်မှတ်ထားကြသည်။

အကယ်၍ ရုပ်အလောင်း တလောင်းနဲ့အထက် စုပေါင်းမြေမြှုပ်ရန် အခြေအနေဖြစ်လာပါက ရုပ်တလောင်း တလောင်းနှင့် တလောင်းကြား (၀.၄) မီတာ ခြားကာ မြှုပ်နှံရမည် ဖြစ်သည်။

🚨🚨🚨အရေးပေါ်အခြေအနေအတွင်း အခေါင်းများကို မရနိုင်ပါက ရုပ်အလောင်းများကို ရေလုံပလတ်စတစ်အိတ်များတွင် ထည့်၍ဖြစ်စေ၊ ပလတ်စတစ်အခင်းများနှင့် ပတ်ကာ ရေလုံအောင် စီမံ၍ဖြစ်စေ မြေချနိုင်သည်။ ထို့မှသာ ရုပ်အလောင်းမှ ထွက်လာသည့် ဇီဝအကြွင်းအကျန်များ မြေကြီးထဲသို့ စိမ့်ဝင်ခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။ မြေမြှုပ်ခြင်းလုပ်ငန်းစဥ်များသည် ဒေသခံလူထု၏ ဓလေ့ထုံးတမ်းများနှင့် ကိုက်ညီအောင် စီမံထားသင့်သည်။

(၂) မီးသ​င်္ဂြိုလ်ခြင်း

မီးသ​င်္ဂြိုလ်ခြင်းသည် မြေမြှုပ်ခြင်းထက် ပိုလွန်သော ကျန်းမာရေး အကျိုးကျေးဇူးများ မရှိသောလဲ တချို့အဖွဲ့အစည်းများက မီးသ​င်္ဂြိုလ်ခြင်းနည်းလမ်းကို ဘာသာရေး၊ ယဥ်ကျေးမှု အလေ့အထများကြောင့် ပိုမိုလိုလားကြသည်။

သို့သော် ယင်းနည်းလမ်းကို စီမံသူများ မသုံးလိုရခြင်း အဓိက အကြောင်းရင်းများမှာ တခါ မီးသ​င်္ဂြိုလ်ခြင်းအတွက် လိုအပ်သော လောင်စာပမာဏသည် များလွန်းခြင်း (အိန္ဒိယနိုင်ငံ စံနှုန်းများအရ တခါ မီးသ​င်္ဂြိုလ်လျှင် ပျမ်းမျှ ထင်း(၃၀၀)ကီလိုဂရမ်မျှ လိုအပ်သည်) နှင့် မီးသ​င်္ဂြိုလ်ရာတွင် ထွက်လာသည့် မီးခိုးများကြောင့် လေထုညစ်ညမ်းရခြင်းတို့ကြောင့် ဖြစ်သည်။

အဆိုပါ အကြောင်းရင်းကြောင့် မီးသ​င်္ဂြိုလ်သည့်နေရာများကို နေထိုင်ရာနေရာများ၏ လေညာအရပ်တွင် ထားရှိမည်ဆိုပါက အနည်းဆုံးမီတာ(၅၀၀) အကွာ ခြားနားထားရမည်။ မီးသ​င်္ဂြိုလ်ပြီးထွက်လာမည့် ပြာများကိုလည်း ဒေသခံလူထု၏ ဓလေ့ထုံးတမ်းများနှင့် ကိုက်ညီအောင် စီမံစွန့်ပစ်သင့်သည်။

31/03/2025

နွေနေပူပူအောက်တွင် သောက်ရေလိုအပ်လာတော့မည်ဖြစ်သည့်အတွက်ကြောင့် သောက်ရေသန့်ဘူးများကို လတ်တလော လက်လှမ်းမမှီနိုင်သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် တပိုင်တနိုင်အိမ်တွင်းရေသန့်စင်နည်းများကို မျှဝေပေးလိုက်ရပါသည်။

💧တပိုင်တနိုင် ရေသန့်စင်နည်းလမ်းများ ပေါင်းချုပ်

💦နေရောင်ခြည်ဖြင့် ရေသန့်စင်စေခြင်း
https://www.facebook.com/share/p/zsDcjpRucvMEd3vJ/?mibextid=oFDknk

💦အိုးသုံးအိုးနှင့် ရေသန့်စင်ခြင်း
https://www.facebook.com/share/p/ZzGbNscQNk9L81AV/?mibextid=oFDknk

💦ချူလီစနစ်
https://www.facebook.com/share/p/gTtbemcYJRQmJ74x/?mibextid=oFDknk

🍀ထပ်တိုး လေ့လာသင့်သည်များ

📌ကလိုရင်းခတ်ခြင်း
https://www.facebook.com/share/p/8NSAU5j4SUjLuXYZ/?mibextid=oFDknk

📌ရေကြီးခံရပြီးနောက် ရေတွင်းများပြန်လည်ပြုပြင်ခြင်း

အပိုင်း (၁)
https://www.facebook.com/share/p/c2sgrcBWFbRbNuTP/?mibextid=oFDknk

အပိုင်း(၂)
https://www.facebook.com/share/p/vKiQW8gZ9dpsX6dm/?mibextid=oFDknk

- SODIS (သို့) #နေရောင်ခြည်ဖြင့်_ရေထဲမှ_ပိုးမွှားများအား_ပိုးသတ်ခြင်း

ရေကိုပိုးသတ်သော နည်းလမ်းများစွာရှိကြရာ အဆိုပါ SODIS(ဆိုးဒစ်) ပိုးသတ်နည်းသည် ခရမ်းလွန်ရောင်ခြည်(Ultra-violet UV)ဖြင့် ပိုးသတ်ခြင်းဆိုသော နည်းလမ်းများထဲမှ တခုဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် (Ultra-violet UV) ဖြင့် ရေအား ပိုးသတ်ခြင်းကို လူလုပ် ခရမ်းလွန်ရောင်ခြည်ကို အသုံးပြု၍ ပိုးသတ်ခြင်းနှင့် သဘာဝနေရောင်မှ ခရမ်းလွန်ရောင်ခြည်ကို အသုံးပြု၍ ပိုးသတ်ခြင်းဟူ၍ အကြမ်းအားဖြင့် အမျိုးအစား (၂) ခု ခွဲခြားနိုင်ရာ SODIS(ဆိုးဒစ်) သည် ဒုတိယတခု ထဲတွင်ပါဝင်သည်။အဆိုပါ နေရောင်ခြည်ဖြင့် သဘာဝအလျောက် ပိုးသတ်ခြင်းနည်းလမ်း(SODIS)ကို လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော်ထဲက ဓာတ်ခွဲခန်းထဲတွင်သာမက လက်တွေ့ပါ အသေးစိတ်သုတေသနပြုထား ပြီးကြပြီး ယခုတွင် နိုင်ငံပေါင်း (၂၀)ကျော်မှ လူပေါင်း (၅)သန်းကျော် နေ့စဥ် အသုံးပြုလျက်ရှိကြသည်။

SODIS(ဆိုးဒစ်)အား အသုံးပြုရာတွင် ပထမဦးစွာ သတိပြုရမည်မှာ မိမိ ပိုးသတ်မည့် ရေသည် နောက်ကျိမှု(turbidity) နည်းရမည်(ရေကို အတတ်နိုင်ဆုံး ကြည်လင်အောင် စီမံထားရမည်)။ ထိုသို့ဆောင်ရွက်ရန် ရေစစ်များ အသုံးပြု၍ဖြစ်စေ၊ အနည်ထိုင်စေခြင်းဖြင့်ဖြစ်စေ သင့်တော်သော နည်းလမ်းတခုကို အသုံးပြုနိုင်သည်။

ထိုသို့စီမံပြီးသော ရေကို အတွင်း၊အပြင် သန့်စင်ထားသော PET(Polyethylene terephthalate)အမျိုးအစား ပလတ်စတစ်ရေဘူးများထဲသို့ ထည့်၍ အဆိုပါ ရေဘူးများကို အလင်းပြန်မှု အားကောင်းသော ပစ္စည်းတခုခု(ဥပမာ အိမ်ခေါင်မိုးသွပ်ပြား)ပေါ်တင်ကာ နေရောင်ခြည်ကောင်းစွာ ရသော နေရာ၌ နေသာသော နေ့တွင် အနည်းဆုံး (၆)နာရီနှင့် တိမ်ထူသောနေ့များတွင် အနည်းဆုံး(၁)ရက်ကနေ အများဆုံး(၂)ရက်အထိ နေရောင်ခြည်အောက်တွင် ထားရမည်ဖြစ်သည်။ ဤကဲ့သို့ ထား၍ ပိုးသတ်ပြီးပါက အဆိုပါပလတ်စတစ်ရေဘူးထဲမှ ရေကို အသင့် သောက်သုံးနိုင်ပြီဖြစ်သည်။

အထက်ပါ SODIS(ဆိုးဒစ်)နည်းတွင် အသုံးပြုရသော (PET)အမျိုးအစားပလတ်စတစ် ဆိုသည်ကို စာရှုသူများအနေဖြင့် အထူးအဆန်း ဖြစ်နေကြလိမ့်မည်။ တကယ်တော့ အဆိုပါပလတ်စတစ် အမျိုးအစားကို ကျွနိုပ်တို့ ပတ်ဝန်းကျင်တွင် ပေါများစွာ တွေ့နိုင်သည်။ များသောအားဖြင့် ဤပလတ်စတစ်အမျိုးအစားကို မြန်မာနိုင်ငံတွင် နေ့စဥ်အသုံးပြုနေသော ရေသန့်ပလတ်စတစ်ဘူးများတွင် အသုံးပြုထားသည်။ ဥပမာပေးကာ မြင်သာအောင် ပြောပြရမည်ဆိုလျှင် “Alpine’’ ပလတ်စတစ်ရေသန့်ဘူး၏ အောက်ခြေတွင် မြှားသုံးချောင်းကို တြိဂံပုံပတ်လည်ထိုးထားပြီး အတွင်းတွင် နံပါတ် 1 နှင့် တြိဂံပုံ၏ အောက်နားတွင် PET ဟု ရေးထိုးထားသော တံဆိပ်ကို(အဆိုပါ တံဆိပ်ပုံကို အောက်က ပုံတွင်လည်း တွေ့နိုင်သည်) ကြည့်ခြင်းဖြင့် အဆိုပါ ရေဘူးတွင် PET အမျိုးအစားပလတ်စတစ်ကို သုံးထားကြောင်း သိနိုင်သည်။

အထက်ပါနည်းတွင် ပလတ်စတစ်အသုံးပြုထားမှုကြောင့် ပလတ်စတစ်ထဲမှ ကျန်းမာရေးကို ထိခိုက်စေသော ဓာတ်ပစ္စည်းများ ရေထဲသို့ စိမ့်ဝင်နိုင်ချေကို စာဖတ်သူတို့ မေးခွန်းထုတ်ကောင်းထုတ်ကြလိမ့်မည်။ PET (Polyethylene terephthalate)အအမျိုးအစား ပလတ်စတစ်သည် နေရောင်ခြည်မှ ပါသောသော ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်စေ၊ နေရောင်ခြည်ဖြင့် ထိတွေ့ရမှ ထွက်လာသော အပူကြောင့်ဖြစ်စေ ဘူးတွင်းရှိရေထဲသို့ ကျန်းမာရေးကို ထိခိုက်စေသော ဓာတုပစ္စည်းများကို ထုတ်လွှတ်ခြင်းမရှိပါ။ ထို့အတူ ရေကို ပလတ်စတစ်ရေဘူးထဲတွင် လပေါင်းအတန်ကြာထားမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလည်း အဆိုပါ ရက်အနည်းငယ်သာ အသုံးပြုရသော SODIS နည်းတွင် မတွေ့ရချေ။
ထို့ကြောင့် နေရောင်ခြည် ကောင်းစွာရလေ့ရှိသော မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စရိတ်စခ သက်သာပြီး အလွယ်တကူ အသုံးပြုနိုင်သော ရေထဲမှ ရောဂါပိုးမွှားများအား ပိုးသတ်နည်းတခုကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်စေရန် ဤနေရာမှ အသိပေးတင်ပြအပ်ပါသည်။

ပိုမိုလေ့လာရန်

https://www.sodis.ch/methode/anwendung/ausbildungsmaterial/dokumente_material/sodismanual_2016_lr.pdf

https://whitewaternow.com/2016/10/25/what-is-pet-plastic-bottles/

11/12/2024

💧ဒီနေ့မှာတော့ ရေနှင့်ဆက်စပ်ပြီး ဖြစ်ပွားနိုင်သော ရောဂါများထဲမှ အခုPageလေးတွင် တင်ခဲ့ပြီးသော ရောဂါများအကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ်.....

ပို့စ်များကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိူင်တယ်....💧☘️

📌ရေနှင့်ဆက်စပ်ပြီး ဖြစ်ပွားနိုင်သော ရောဂါများ

https://m.facebook.com/story.php?story_fbid=122756793374045&id=103116538671404

📌ရေနှင့်ဆက်စပ်ပြီး ဖြစ်ပွားတတ်သော ရောဂါများကို ကြိုတင်ကာကွယ်ခြင်း

https://m.facebook.com/story.php?story_fbid=130616822588042&id=103116538671404

📌မျက်ခမ်းစပ်ရောဂါအကြောင်း

https://www.facebook.com/103116538671404/posts/253281536988236/

📌 အီကိုလိုင်း(E. Coli) ရောဂါအကြောင်း

https://www.facebook.com/103116538671404/posts/232393995743657/

📌ခရုဖျားရောဂါ အပိုင်း(၁)

https://www.facebook.com/103116538671404/posts/365693925746996/

📌ခရုဖျားရောဂါ အပိုင်း (၂)

https://www.facebook.com/103116538671404/posts/370820955234293/

17/09/2024

💧တပိုင်တနိုင် ရေသန့်စင်နည်းလမ်းများ ပေါင်းချုပ်

💦နေရောင်ခြည်ဖြင့် ရေသန့်စင်စေခြင်း
https://www.facebook.com/share/p/zsDcjpRucvMEd3vJ/?mibextid=oFDknk

💦အိုးသုံးအိုးနှင့် ရေသန့်စင်ခြင်း
https://www.facebook.com/share/p/ZzGbNscQNk9L81AV/?mibextid=oFDknk

💦ချူလီစနစ်
https://www.facebook.com/share/p/gTtbemcYJRQmJ74x/?mibextid=oFDknk

🍀ထပ်တိုး လေ့လာသင့်သည်များ

📌ကလိုရင်းခတ်ခြင်း
https://www.facebook.com/share/p/8NSAU5j4SUjLuXYZ/?mibextid=oFDknk

📌ရေကြီးခံရပြီးနောက် ရေတွင်းများပြန်လည်ပြုပြင်ခြင်း

အပိုင်း (၁)
https://www.facebook.com/share/p/c2sgrcBWFbRbNuTP/?mibextid=oFDknk

အပိုင်း(၂)
https://www.facebook.com/share/p/vKiQW8gZ9dpsX6dm/?mibextid=oFDknk

17/09/2024

- SODIS (သို့) #နေရောင်ခြည်ဖြင့်_ရေထဲမှ_ပိုးမွှားများအား_ပိုးသတ်ခြင်း

ရေကိုပိုးသတ်သော နည်းလမ်းများစွာရှိကြရာ အဆိုပါ SODIS(ဆိုးဒစ်) ပိုးသတ်နည်းသည် ခရမ်းလွန်ရောင်ခြည်(Ultra-violet UV)ဖြင့် ပိုးသတ်ခြင်းဆိုသော နည်းလမ်းများထဲမှ တခုဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် (Ultra-violet UV) ဖြင့် ရေအား ပိုးသတ်ခြင်းကို လူလုပ် ခရမ်းလွန်ရောင်ခြည်ကို အသုံးပြု၍ ပိုးသတ်ခြင်းနှင့် သဘာဝနေရောင်မှ ခရမ်းလွန်ရောင်ခြည်ကို အသုံးပြု၍ ပိုးသတ်ခြင်းဟူ၍ အကြမ်းအားဖြင့် အမျိုးအစား (၂) ခု ခွဲခြားနိုင်ရာ SODIS(ဆိုးဒစ်) သည် ဒုတိယတခု ထဲတွင်ပါဝင်သည်။အဆိုပါ နေရောင်ခြည်ဖြင့် သဘာဝအလျောက် ပိုးသတ်ခြင်းနည်းလမ်း(SODIS)ကို လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော်ထဲက ဓာတ်ခွဲခန်းထဲတွင်သာမက လက်တွေ့ပါ အသေးစိတ်သုတေသနပြုထား ပြီးကြပြီး ယခုတွင် နိုင်ငံပေါင်း (၂၀)ကျော်မှ လူပေါင်း (၅)သန်းကျော် နေ့စဥ် အသုံးပြုလျက်ရှိကြသည်။

SODIS(ဆိုးဒစ်)အား အသုံးပြုရာတွင် ပထမဦးစွာ သတိပြုရမည်မှာ မိမိ ပိုးသတ်မည့် ရေသည် နောက်ကျိမှု(turbidity) နည်းရမည်(ရေကို အတတ်နိုင်ဆုံး ကြည်လင်အောင် စီမံထားရမည်)။ ထိုသို့ဆောင်ရွက်ရန် ရေစစ်များ အသုံးပြု၍ဖြစ်စေ၊ အနည်ထိုင်စေခြင်းဖြင့်ဖြစ်စေ သင့်တော်သော နည်းလမ်းတခုကို အသုံးပြုနိုင်သည်။

ထိုသို့စီမံပြီးသော ရေကို အတွင်း၊အပြင် သန့်စင်ထားသော PET(Polyethylene terephthalate)အမျိုးအစား ပလတ်စတစ်ရေဘူးများထဲသို့ ထည့်၍ အဆိုပါ ရေဘူးများကို အလင်းပြန်မှု အားကောင်းသော ပစ္စည်းတခုခု(ဥပမာ အိမ်ခေါင်မိုးသွပ်ပြား)ပေါ်တင်ကာ နေရောင်ခြည်ကောင်းစွာ ရသော နေရာ၌ နေသာသော နေ့တွင် အနည်းဆုံး (၆)နာရီနှင့် တိမ်ထူသောနေ့များတွင် အနည်းဆုံး(၁)ရက်ကနေ အများဆုံး(၂)ရက်အထိ နေရောင်ခြည်အောက်တွင် ထားရမည်ဖြစ်သည်။ ဤကဲ့သို့ ထား၍ ပိုးသတ်ပြီးပါက အဆိုပါပလတ်စတစ်ရေဘူးထဲမှ ရေကို အသင့် သောက်သုံးနိုင်ပြီဖြစ်သည်။

အထက်ပါ SODIS(ဆိုးဒစ်)နည်းတွင် အသုံးပြုရသော (PET)အမျိုးအစားပလတ်စတစ် ဆိုသည်ကို စာရှုသူများအနေဖြင့် အထူးအဆန်း ဖြစ်နေကြလိမ့်မည်။ တကယ်တော့ အဆိုပါပလတ်စတစ် အမျိုးအစားကို ကျွနိုပ်တို့ ပတ်ဝန်းကျင်တွင် ပေါများစွာ တွေ့နိုင်သည်။ များသောအားဖြင့် ဤပလတ်စတစ်အမျိုးအစားကို မြန်မာနိုင်ငံတွင် နေ့စဥ်အသုံးပြုနေသော ရေသန့်ပလတ်စတစ်ဘူးများတွင် အသုံးပြုထားသည်။ ဥပမာပေးကာ မြင်သာအောင် ပြောပြရမည်ဆိုလျှင် “Alpine’’ ပလတ်စတစ်ရေသန့်ဘူး၏ အောက်ခြေတွင် မြှားသုံးချောင်းကို တြိဂံပုံပတ်လည်ထိုးထားပြီး အတွင်းတွင် နံပါတ် 1 နှင့် တြိဂံပုံ၏ အောက်နားတွင် PET ဟု ရေးထိုးထားသော တံဆိပ်ကို(အဆိုပါ တံဆိပ်ပုံကို အောက်က ပုံတွင်လည်း တွေ့နိုင်သည်) ကြည့်ခြင်းဖြင့် အဆိုပါ ရေဘူးတွင် PET အမျိုးအစားပလတ်စတစ်ကို သုံးထားကြောင်း သိနိုင်သည်။

အထက်ပါနည်းတွင် ပလတ်စတစ်အသုံးပြုထားမှုကြောင့် ပလတ်စတစ်ထဲမှ ကျန်းမာရေးကို ထိခိုက်စေသော ဓာတ်ပစ္စည်းများ ရေထဲသို့ စိမ့်ဝင်နိုင်ချေကို စာဖတ်သူတို့ မေးခွန်းထုတ်ကောင်းထုတ်ကြလိမ့်မည်။ PET (Polyethylene terephthalate)အအမျိုးအစား ပလတ်စတစ်သည် နေရောင်ခြည်မှ ပါသောသော ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်စေ၊ နေရောင်ခြည်ဖြင့် ထိတွေ့ရမှ ထွက်လာသော အပူကြောင့်ဖြစ်စေ ဘူးတွင်းရှိရေထဲသို့ ကျန်းမာရေးကို ထိခိုက်စေသော ဓာတုပစ္စည်းများကို ထုတ်လွှတ်ခြင်းမရှိပါ။ ထို့အတူ ရေကို ပလတ်စတစ်ရေဘူးထဲတွင် လပေါင်းအတန်ကြာထားမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလည်း အဆိုပါ ရက်အနည်းငယ်သာ အသုံးပြုရသော SODIS နည်းတွင် မတွေ့ရချေ။
ထို့ကြောင့် နေရောင်ခြည် ကောင်းစွာရလေ့ရှိသော မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စရိတ်စခ သက်သာပြီး အလွယ်တကူ အသုံးပြုနိုင်သော ရေထဲမှ ရောဂါပိုးမွှားများအား ပိုးသတ်နည်းတခုကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်စေရန် ဤနေရာမှ အသိပေးတင်ပြအပ်ပါသည်။

ပိုမိုလေ့လာရန်

https://www.sodis.ch/methode/anwendung/ausbildungsmaterial/dokumente_material/sodismanual_2016_lr.pdf

https://whitewaternow.com/2016/10/25/what-is-pet-plastic-bottles/

Photos from YEA Mobile Application's post 17/09/2024
02/10/2022

💩တွေက အနာဂတ်မှာ ဘာ​လို့ အရေးပါလာမှာလဲ

ဒီနေ့မှာတော့ 💩တွေက အနာဂတ်မှာ ဘာ​လို့ အရေးပါလာလဲဆိုတာကို အကျဥ်းချုံးလေး ပြောပြသွားပေးပါမယ်☘️🍀

ပထမဦးစွာ ယခုစာစုတွင် ဒီemojiလေး(💩)က လူတွေနေ့တိုင်းစွန့်ပစ်နေတဲ့ အလေးနဲ့ အပေါ့ကို ကိုယ်စားပြုသွားမှာဖြစ်တယ်လို့ မှတ်ထားပေးပါခင်ဗျ...

ကမ္ဘာပေါ်မှာ 💩နဲ့ပတ်သက်ပြီး ယနေ့ရေပန်းစားနေတဲ့ နည်းပညာတွေ၊ 💩မှ တခြားအရင်းအမြစ်ပြန်လည်ထုတ်ယူရေးနည်းလမ်းတွေကို ဤစာစုတွင် အကျဥ်းချုံးပြောပြသွားပေးမှာ ဖြစ်ပါတယ်။

ဆိုတော့ကား 💩လေးက ဘာလို့ အရေးကြီးလာတာပါလဲ??🤔

လူတွေနေ့စဥ် စွန့်ပစ်နေတဲ့ 💩လေးကြောင့် ကမ္ဘာပေါ်ရှိ သိန်းသန်းချီသော လူများ နှစ်စဥ်သေဆုံးကြလို့ပါ...

💩မှာပါတဲ့ ပိုးမွှားရောဂါတွေကို သေချာစွာ မစီမံ(နိုင်)၊ မသန့်စင်(နိုင်)တာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းထိခိုက်ပြီး ထိုမှတဆင့် လူတွေဆီကို ရောဂါဘယများ ကူးစက်ပြီး ယခုလို သေကြေပျက်စီးမှုတွေ ဖြစ်ပေါ်တာပါ။ ထို့ပြင် 💩တွေကို သေချာစွာ မစီမံနိုင်တာကြောင့် ရောဂါတွေဖြစ်ပြီး ဆေးရုံဆေးခန်းသွားရ၊ တက်ရတဲ့ လူနာလူဦးရေကလည်း ကမ္ဘာပေါ်ရှိ ဆေးရုံတွေမှာရှိတဲ့ ကုတင်အားလုံးပေါင်းရဲ့ တဝက်ခန့်ကို နေရာယူထားသေးတာပါ။

ထို့ကြောင့် တိုးတက်ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေမှာတော့ အဆင့်မြင့်ရေဆိုးသန့်စင်စက်ရုံများ တည်ဆောက်ပြီး နေ့စဥ်ထွက်ရှိလာတဲ့အဆိုပါ💩တွေကို နည်းပညာအား၊ ငွေအား၊ လူအား နိုင်နိုင်နဲ့ စီမံသန့်စင်ပြီး 💩ကြောင့်ဖြစ်လာမဲ့ ရောဂါဘယတွေ၊ သေကြေမှုတွေကို ကာကွယ်လေ့ရှိကြပါတယ်။ သို့သော် အများစုက ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲတဲ့နိုင်ငံတွေ ဖြစ်တာကြောင့် အဆိုပါ နည်းပညာတွေ၊ ငွေအား လူအားတွေကို မသုံးစွဲနိုင်သေးပါဘူး။ အဆိုပါဆင်းရဲတဲ့ နိုင်ငံတွေမှာ တွင်းအိမ်သာနဲ့ မိလ္လာပိုးစားကန် စတဲ့ နည်းလမ်း(၂)ခုကိုပဲ 💩တွေကို စီမံစွန့်ပစ်ဖို့ အသုံးပြုလျက်ရှိကြပါတယ်။ ၎င်းနည်းလမ်း(၂)ခုကလဲ 💩တွေကို စီမံရာမှာ သိပ်မထိရောက်၊ မတွင်ကျယ်လှပါဘူး။ ရရှိထားတဲ့အချက်အလက်တွေအရ အဆိုပါနည်းလမ်း(၂)ခုကို အသုံးပြုသူစုစုပေါင်းဟာ ကမ္ဘာ့လူဦးရေ(၇)ဘီလီယံကျော်မှာ (၃)ဘီလီယံခန့်ရှိပါတယ်။

အဲ့တာကြောင့် 💩တွေကို စီမံဖို့ တခြားပိုမိုသင့်လျော်ကောင်းမွန်မဲ့ နည်းလမ်းတွေကို ကမ္ဘာကြီးက စဥ်းစားကြံဆလာကြပါတယ်။ ဒီနေ့ပြောပြသွားမှာကတော့ ထိုနည်းလမ်းတွေထဲက ရေပန်းအစားဆုံး နည်းလမ်း(၄)ခုကို ပြောပြပေးသွားမှာပါ။ ထိုနည်းလမ်းတွေကို မပြောခင် ကျတော်တို့တခုနားလည်ထားဖို့ လိုပါသေးတယ်။ 💩ထဲမှာလဲ အရင်းအမြစ်တွေနဲ့ စွမ်းအင်ဓာတ်တွေပါတယ် ဆိုတာပါ။ ပြီးတော့ 💩တွေဆိုတာ သဘာဝအရ ရရှိနိုင်တဲ့ အရင်းအမြစ်တခု၊ ကိုယ့်ဝန်းကျင်ဒေသမှာပဲ အလွယ်တကူရရှိနိုင်တဲ့ အရင်းအမြစ်တခု၊ ကမ္ဘာ့လူဦးရေတိုးတက်လာတာနဲ့အမျှ လိုက်ပြီး များပြားတိုးတက်လာမဲ့ အရင်းအမြစ်တခုဆိုတာ စဥ်းစားသိရှိထားရပါမယ်။

ဒါကြောင့် 💩ကနေ လူတွေအတွက် နေ့စဥ်လိုအပ်မဲ့ စွမ်းအင်အရင်းအမြစ်တွေ၊ အာဟာရအရင်းအမြစ်တွေ ထုတ်ယူလို့ရမဲ့ ကမ္ဘာမှာ ယနေ့ရေပန်းစားနေတဲ့ နည်းလမ်း(၄)ခုကို ပြောပြသွားတော့မှာပါ။ အဲ့တာတွေကတော့ ....

(၁) 💩မှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း
(၂) 💩မှ လောင်စာတောင့်ထုတ်လုပ်ခြင်း
(၃) 💩မှ မြေသြဇာထုတ်လုပ်ခြင်းနှင့်
(၄) 💩မှ တိရစ္ဆာန်အစာထုတ်လုပ်ခြင်း တို့ပဲဖြစ်ပါတယ်။

(၁) 💩မှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း

💩နှင့် မီးဖိုချောင်ထွက်စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ မြေအောက်သိုလှောင်ကန်ကြီးများတွင် ဇီဝဓာတ်ငွေ့ထုတ်ယူခြင်းသည် အထက်ပါနည်းလမ်း(၄)ခုထဲတွင် လူသုံးအများဆုံးနည်းလမ်းတခုဖြစ်ပါတယ်။ လူသုံးများရခြင်းမှာ လည်ပတ်ထိန်းသိမ်းရလွယ်ကူခြင်းနှင့် မြေအောက်တွင် တည်ဆောက်လေ့ရှိသောကြောင့် မြေပေါ်နေရာမယူခြင်း စသည့် အားသာချက်များကြောင့် ဖြစ်ပါတယ်။ ၎င်းစွန့်ပစ်ပစ္စည်းများ​​ကြေပျက်ရာမှ ထွက်ရှိလာသော မီသိန်းဓာတ်ငွေ့ အဓိကပါဝင်သည့် အဆိုပါဇီဝဓာတ်ငွေ့ကို အိမ်သုံးထမင်းဟင်းချက်ခြင်းနှင့် အိမ်သုံးအပူပေးစနစ်များတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိကြပါတယ်။ ဤသို့အသုံးပြုခြင်းက စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ်ယူခြင်းလဲဖြစ်သလို တခြားရင်းမြစ်များမှ သမာရိုးကျ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား​ကို ချွေတာရာလဲရောက်ပါတယ်။

(၂) 💩မှ လောင်စာတောင့်ထုတ်လုပ်ခြင်း

ဤနည်းလမ်းသည် မိလ္လာအနှစ်မှ စက်ရုံသုံးလောင်စာတောင့် ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ သိပ်သည်းအောင်စီမံထားသော မိလ္လာအနှစ်ကို အတောင့်ထုတ်စက်ထဲသို့ ဖိသွင်းပေးပြီး ရလာသော အတောင့်များကို (၂)ရက်၊ (၃)ရက်ခန့် အခြောက်ခံလိုက်ခြင်းဖြင့် 💩မှထုတ်လုပ်သော လောင်စာတောင့်များကို ရရှိပြီဖြစ်ပါတယ်။ ရရှိလာသော လောင်စာတောင့်များသည် မီးစွဲအားကောင်းခြင်း၊ လောင်အားကောင်းခြင်းတို့ကြောင့် သမာရိုးကျ စက်ရုံသုံး စွမ်းအင်ရင်းမြစ်များဖြစ်သည့် ဒီဇယ်၊ ဓာတ်ဆီတို့နေရာတွင် အသုံးပြုနိုင်ပါတယ်။

(၃) 💩မှ မြေသြဇာထုတ်လုပ်ခြင်း

၎င်းနည်းလမ်းသည် လူမှစွန့်ထုတ်လိုက်သော အပေါ့ထဲက အမိုးနီးယားဓာတ်ကို ဖယ်ထုတ်ကာ အပင်များအတွက်လိုအပ်သော မြေသြဇာထုတ်လုပ်သည့် နည်းလမ်းဖြစ်ပါတယ်။ အိမ်သာပုံစံအသစ်တမျိုးဖြင့် အပေါ့များကိုသာ သပ်သပ်စုဆောင်း၍ ထိုမှတဆင့် အနံ့ကင်းသော၊ ရောဂါပိုးမွှားများမပါဝင်ဘဲ အပင်အတွက် လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် နိုက်ထရိုဂျင်၊ ဖော့စဖောရပ် စသည်တို့သာပါသည့် သဘာဝမြေသြဇာထုတ်လုပ်ခြင်းဖြစ်ပါတယ်။ ဤနည်းလမ်းသည် လတ်တလောမတွင်ကျယ်သေးသော်လည်း နောင်တွင် အများကြီးတွင်ကျယ်လာဖို့ရှိနေပါသေးတယ်။

(၄) 💩မှ တိရစ္ဆာန်အစာထုတ်လုပ်ခြင်း

ဤနည်းလမ်းသည် စွန့်ပစ်💩များကို ပြန်လည်အသုံးချသည့် နည်းလမ်းများထဲမှ နောက်ဆုံးပေါ်နည်းလမ်းတခုဖြစ်ပါတယ်။ ၎င်းနည်းတွင် အပူပိုင်းဒေသများ၌ ကျက်စားလေ့ရှိသော Black Soldier Fly ဟုခေါ်သည့် အင်းဆက်တမျိုးကို ဉများဉစေကာ ဉများမှပေါက်လာသည့် သားလောင်းများကို (၂)စင်တီမီတာ မှ (၂.၅)စင်တီမီတာရှိသည့် သားလောင်းများအဖြစ် ကြီးထွားလာစေရန် စွန့်ပစ်💩များ၊ မီးဖိုးချောင်ထွက်စွန့်ပစ်ပစ္စည်းများကို ရက်အနည်းငယ်ကြာအောင် ကျွေးမွေးထားသည်။ ပြီးနောက် ထိုအဆီနှင့် အသားဓာတ်များပြည့်နေသည့် ၎င်းအင်းဆက်သားလောင်းများကို စျေးကြီးသော တိရစ္ဆာန်အစာများဖြစ်သည့် ပဲပိစပ်၊ ငါးအမှုန့်စသည့် တိရစ္ဆာန်အစာများအစား အသုံးပြုနိုင်ပါတယ်။ ကြက်မွေးမြူရေးခြံမှ ကြက်များသည် ၎င်းအင်းဆက်သားလောင်းများကို ပိုမိုကြိုက်နှစ်သက်ကြကြောင်း လေ့လာမှုများအရ သိရပါတယ်။

အချုပ်အားဖြင့်ဆိုသော် အထက်ပါနည်းလမ်း(၄)မျိုးက စွန့်ပစ်💩များကို သေချာမစီမံ၊ မသန့်စင်နိုင်သော၊ ကမ္ဘာ၏ ဖွံဖြိုးမှုနောက်ကျသော နေရာများ၏ အခက်အခဲများကို ပြေလျော့ဖြေရှင်းနိုင်သည့် နည်းလမ်းများထဲမှ အသုံးဝင်ဆုံးနှင့် လက်ရှိရေပန်းအစားဆုံးနည်းလမ်းများဖြစ်ပါတယ်။

မှန်ကန်သော စီးပွားရေးမော်ဒယ်များ၊ အခွင့်အလမ်းများ၊ နည်းပညာများကို မျှဝေအသုံးပြုဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင် စွမ်းအင်ဖူလုံသော၊ အစာဖူလုံသော၊ ပိုမိုကျန်းမာသန့်ရှင်းသော၊ ရေရှည်တည်တံနိုင်သော မြို့ပြများ ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့တယ်...🍀🤍

19/09/2022

လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါ (၁၅)မျိုး 🦠💧

ပထမအပိုင်းကို ဖတ်ရှုချင်ရင် https://www.facebook.com/yeamobileapp/posts/394217196228002 မှာ ဖတ်ကြည့်လို့ရပါတယ်။

(၆) Mononucleosis
Kissing disease လို့လည်း လူသိများသော ရောဂါဖြစ်ပါတယ်။ Epstein Barr virus မှ ကူးစက်ပြီး ၎င်းပိုးပါ၀င်သောတံတွေးမှတံဆင့် အဓိကကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူမှ နှာချေ၊ ချောင်းဆိုးခြင်း၊ ထိမိသော အရာ၀တ္တုများ၊ အသုံးအဆောင်များ မျှ‌‌‌ေ၀ခြင်းတို့ဖြင့် ကူးစက်ပျံ့ပွားနိုင်ပါတယ်။ ကူးစက်ခံရပြီဆိုပါက အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားကြီးခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ လည်ချောင်းအလွန်နာခြင်းနှင့် သရက်ရွက်ကြီးခြင်းတို့ကို ခံစားရနိုင်ပြီး ရောဂါလက္ခဏာများဟာ အများအားဖြင့် နှစ်ပတ်မှ လေးပတ်ခန့် ကြာတတ်ပေမယ့် တစ်ခါတစ်လေ ပိုကြာတတ်ပါတယ်။

(၇) Hand-foot-mouth disease လက်-ခြေ-ပါးစပ်ရောဂါ
နေ့ကလေးထိန်းကျောင်းနှင့် မူကြိုကျောင်းများတွင် အဖြစ်များတဲ့ လက်၊ ခြေ၊ ပါးစပ်ရောဂါ (HFMD) ဟာ ပါးစပ်နှင့် လည်ချောင်းတွင် အနာများ၊ လက်နှင့်ခြေတွင် အဖုပေါက်ခြင်း၊ အဖျားတက်ခြင်း နှင့် အစာစားချင်စိတ်ပျောက်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကလေးငယ်များသာမက ကိုယ်၀န်ဆောင်ချိန် အသေမွေးနိုင်ချေ
မြင့်မားမှုတို့ကြောင့် ကိုယ်၀န်ဆောင်အမျိုးသမီးများလည်း အထူးဂရုစိုက်သင့်ပါတယ်။

(၈) Cytomegalo virus
ဒီဗိုင်းရပ်စ်ဟာလည်း ကိုယ်ဝန်ဆောင်နေစဥ် သတိထားရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဟာ Cytomegalo ဗိုင်းရပ်စ်ပိုးကို တားဆီးပြီး မွေးလာမယ့်ကလေးငယ် အကြားအာရုံနှင့် အမြင်အာရုံမဆုံးရှုံးဖို့၊ ဥာဏ်ရည်သန်စွမ်းဖို့ ကူညီပေးနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာဂျာနယ် BMC Public Health အရ cytomegalovirus ဟာ ကလေးငယ်များရဲ့ တံတွေး (သို့မဟုတ်) ဆီးမှတဆင့် မကြာခဏ ကူးစက်လေ့ရှိပါတယ်။ ဆပ်ပြာနှင့် ရေအနည်းငယ်က သင်နှင့် သင့်ကလေးငယ် ရောဂါကာကွယ်ဖို့ လုံလောက်ပါတယ်။

(၉) Staphylococcus
ကျန်းမာတဲ့လူတွေရဲ့ အရေပြားနှင့်နှာခေါင်းတို့မှာ တွေ့ရလေ့ရှိတဲ့ ဘက်တီးရီးယားများဟာ ခန္ဓာကိုယ်ထဲကို နက်ရှိုင်းစွာဝင်ရောက်ပြီး သင့်ရဲ့သွေး၊ အဆစ်များနှင့် နှလုံးတို့ကို ကူးစက်ပါက အသက်အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ပဋိဇီဝဆေးယဉ်ပါးသော staph ပိုးမျာ (သို့) MRSA ပိုးများဟာ အထူးအန္တရာယ်ရှိပါတယ်။ စတီဖိုက်ပိုးဝင်ခြင်းကြောင့် ခန္ဓာကိုယ်ပေါ်တွင် အရည်ကြည်ဖု (သို့) အရေပြားနီခြင်းပင် ဖြစ်နိုင်ပါတယ်။ ၎င်းပိုးသတ်ဆေးယဥ်ပါးတဲ့တဲ့ ဘက်တီးရီးယားတွေဟာ မျက်နှာသုတ်ပါ သို့မဟုတ် အားကစားခန်းမသုံးပစ္စည်းတွေလိုမျိုး သက်မဲ့အရာဝတ္ထုတွေမှာ အသက်ရှင်နိုင်ပါတယ်။ လက်ဆေးခြင်းဖြင့် ဒီဘက်တီးရီးယားပိုးတွေ လူကနေ လူကို ကူးစက်နိုင်ခြေ နည်းသွားမှာဖြစ်ပြီး မိမိရဲ့ဒဏ်ရာများကို ဖုံးအုပ်ထားခြင်း၊ အသုံးအဆောင်ပစ္စည်းများ သီးသန့်အသုံးပြုပြီးတော့လည်း ကာကွယ်နိုင်ပါတယ်။

(၁၀) Respiratory Syncytial Virus အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်
CDC ရဲ့ တွက်ချက်မှုအရ ကလေးအားလုံးနီးပါးဟာ အသက်နှစ်နှစ်ရောက်တဲ့အခါ RSV ကူးစက်ခံရပါတယ်။ ပုံမှန်အားဖြင့်အအေးမိတဲ့ လက္ခဏာနဲ့ ဆင်တူပါတယ်။ အချို့ကလေးများ အထူးသဖြင့် လမစေ့ဘဲမွေးဖွားသူများနှင့် ကိုယ်ခံအားနည်းတဲ့ အသက် ၆၅နှစ် အထက် လူကြီးများမှာ ဒီဒီဗိုင်းရပ်စ်ပိုးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ အဆုတ်ရောင်ရောဂါ၊ လည်ချောင်းနာခြင်းနှင့် သေဆုံးခြင်းတို့ကိုပင် ဖြစ်စေနိုင်ပါတယ်။ လက်တွေ့မှာ ဒီရောဂါပိုးကြောင့် နှစ်စဉ် ကလေး ၂၀၀ ကျော်နဲ့ သက်ကြီးရွယ်အို ၁၄၀၀၀ ကျော် သေဆုံးနေပါတယ်။ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေလိုပဲတွေလိုပဲ ဒီရောဂါဟာ ချောင်းဆိုးနှာချေခြင််းမှတဆင့် ရောဂါပိုးရှိတဲ့ အမှုန်အမွှားများကို လေမှတဆင့် မျက်နှာပြင်များပေါ်သို့ ကူးစက်ပျံ့ပွားပါတယ်။

📌 နောက်ဆုံးအပိုင်းကို page မှာပဲ ဆက်တင်သွားမှာဖြစ်လို့ စောင့်ကြည့်ပေးပါဦးနော်။

09/09/2022

လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါ (၁၅)မျိုး 🦠💧

အပိုင်း (၁)

လူ၊ တိရစ္ဆာန်၊ အစားအစာ၊ အရာ၀တ္ထုအမျိုးမျိုးနဲ့ အမြဲထိတွေ့နေတဲ့ လက်ဟာ ရောဂါကူးစက်မှုတွေရဲ့ အစဖြစ်နိုင်ပါတယ်။ မိမိရဲ့လက်ကြောင့် ပိုးမွှားများ၊ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ ခန္ဓာကိုယ်ထဲကို ၀င်ရောက်နိုင်ပါတယ်။ သတင်းကောင်းကတော့ လက်ကို စနစ်တကျ ဆေးကြောခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်နှင့် မိမိပတ်၀န်းကျင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ‌ရောဂါအန္တရာယ်တွေ လျှော့ချဖယ်ရှားနိုင်ပါတယ်။

လက်ဆေးတယ်ဆိုတိုင်း အမြဲကာကွယ်မှာတော့ မဟုတ်ပါဘူး။ Journal of Environmental Health ၏ အဆိုအရ လက်တွေ့မှာ လူဦးရေ ၅ ရာခိုင်နှုန်းကသာ လက်ကို အမှန်တကယ် သန့်ရှင်းစေတဲ့နည်းနဲ့ ဆေးကြောတယ်လို့ ပြောထားပါတယ်။ လက်ကို ပွတ်တိုက်ခြင်းဟာ အရေပြားမှာ ကပ်ပါနေတဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးတဲ့အတွက် လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုအထိ လက်ရဲ့ အစိတ်အပိုင်းတိုင်းကို ဆပ်ပြာနဲ့ ပွတ်တိုက်ပေးပါ။ လက်ချောင်းနှင့် လက်နှစ်ဖက်ကြားမှာ စက္ကန့် (၂၀) ခန့်ကြာအောင် ဆပ်ပြာနဲ့ ပွတ်တိုက်ပေးပြီး လက်မကိုလည်း မမေ့ပါနဲ့။

ဒီလို နည်းမှန်လမ်းမှန် လက်ကို ဆေးကြောခြင်းဖြင့် ရောဂါများစွာ ကာကွယ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ရောဂါအမြောက်အမြားထဲက လက်ဆေးရုံနဲ့နဲ့ ကာကွယ်နိုင်မယ့် ရောဂါ (၅) မျိုးကို ဦးစွာဖော်ပြလိုက်ပါတယ်။

(၁) ကိုရိုနာဗိုင်းရပ်စ် (Corona Virus)
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ် ၁၉) ဟာ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသူအများစုဟာ အပျော့စားမှ အလယ်အလတ်လက္ခဏာများ ခံစားရပြီး အထူးကုသစရာမလိုဘဲ ပြန်လည်ကောင်းမွန်လာပါတယ်။ သို့သော်လည်း အချို့မှာ ရောဂါအပြင်းအထန်ခံစားရပြီး ဆေးကုသမှု မဖြစ်မနေလိုအပ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုများနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချို၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (သို့မဟုတ်) ကင်ဆာစတဲ့ ရောဂါအခံရှိသူများမှာ ပြင်းထန်တဲ့ရောါဖြစ်နိုင်ချေ ပိုများတာကို တွေ့ရှိရပါတယ်။
ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျဖို့ လူအများနှင့် အနည်းဆုံး ၁ မီတာအကွာမှာ နေခြင်း၊ နှာခေါင်းစည်း mask တပ်ဆင်ခြင်းအပြင် လက်ကို မှန်မှန်နှင့် စနစ်တကျ ဆေးကြောခြင်းဖြင့် ဒီရောဂါကူးစက်ပြန့်ပွားမှုကို နှေးကွေးစေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အဆိုအရ အလွန်ရိုးရှင်းတဲ့ လက်ဆေးခြင်းအပြုအမူဟာ ကူးစက်ရောဂါများကို လျှော့ချဖို့နှင့် လူနာဘေးကင်းရေးကို မြှင့်တင်ဖို့ အဓိကနည်းလမ်းတစ်ခုဖြစ်တယ်လို့ ပြောထားပါတယ်။

(၂) နိုရိုဗိုင်းရပ်စ် (Noro Virus)
နိုရိုဗိုင်းရပ်စ် အဖြစ်များတဲ့ လက္ခဏာတွေကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာဖြစ်ပြီး အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဗိုက်အောင့်ခြင်းတို့ ပါဝင်ပါတယ်။ နိုရိုဗိုင်းရပ်စ်ပိုး ဘယ်လောက်ပြင်းထန်သလဲဆိုရင် သာမန်တုပ်ကွေးဗိုင်းရပ်စ်အမှုန်အမွှားများ ၅၀ မှ ၁၀၀ နဲ့ ထိတွေ့မှသာ တုပ်‌ကွေးဖျားနာနိုင်တာဖြစ်ပြီး နိုရို‌ဗိုင်းရပ်စ်အမှုန်အမွှားတစ်ခုတည်းကပင် သင့်ကို ဖျားနာစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ဒါပေမယ့် ဆပ်ပြာနဲ့ စက္ကန့် (၂၀)ကြာအောင် လက်ဆေးခြင်းက ဒီ‌ရောဂါကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

(၃) တုပ်ကွေး (Flu)
တုပ်ကွေးကူးစက်မှုဟာ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ ကလေးငယ်များ၊ အသက်ကြီးသူများ သို့မဟုတ် ခုခံအားကျဆင်းမှုရှိသူများသမက သာမန်လူများလည်း အပြင်းအထန် ခံစားရနိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းအပြင် လက်ဆေးခြင်းဟာ ထိရောက်တဲ့ကာကွယ်မှုတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် တုပ်ကွေးပိုးမွှားများနှင့် ထိတွေ့မိတဲ့အခါ လက်ဆေးခြင်းအားဖြင့် သင်မသိလိုက်ဘဲ ရောဂါကာကွယ်ပြီးသားဖြစ်ပါတယ်။

(၄) မျက်စိအမြှေးပါးယောင်ခြင်း (Conjunctivitis)
မနက်နိုးလာတဲ့အခါ မျက်လုံးတွေ ယားပြီး နီရဲနေတာမျိုး ဖြစ်ဖူးပါသလား။ လူအများစုဟာ မသက်မသာဖြစ်တဲ့အခါမျိုးမှာ မျက်လုံးကို မိမိလက်နှင့် ပွတ်သပ်တဲ့အလေ့အကျင့် ရှိပါတယ်။ ကိုယ်ထိတွေ့မိတဲ့ နေရာစုံက ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယားများက မျက်စိအမြှေး‌‌ပါးယောင်ခြင်း (ခေါ်) pink eye ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် စူးစမ်းတတ်တဲ့ ကလေးများဟာ ဒီရောဂါဖြစ်ပွားလွယ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့လက်ဆေးခြင်းနည်းလမ်းကို စောစောစီးစီးသင်ပေးခြင်းက ရောဂါကာကွယ်မှုပဲဖြစ်ပါတယ်။

(၅) Salmonella ပိုးမွှား
မစင်ပါတဲ့အမှုန်အမွှားတွေကို ကိုယ်ကိုယ်တိုင်သတိမထားမိဘဲ ထိတွေ့မိနေတဲ့အတွက် မကြာခဏ လက်ဆေးဖို့ လိုအပ်ပါတယ်။ Salmonella ဘက်တီးရီးယားများဟာ တိရိစ္ဆာန်နှင့် လူတွေရဲ့ အူထဲမှာ နေထိုင်ကြပြီး ကျက်အောင်မချက်ထားတဲ့ (သို့မဟုတ်) သေချာမဆေးကြောထားတဲ့ အသား၊ ဥ၊ ဟင်းသီးဟင်းရွက်များမှတဆင့် ကူးစက်တတ်ပါတယ်။ အသားစိမ်း၊ ငါးစိမ်းတို့ကို ကိုင်တွယ်ပြီးတဲ့အခါ၊ ကလေးအနှီးကို လဲလှယ်ပြီးတဲ့အခါ၊ ရောဂါပိုးရှိတဲ့ တွားသွားသတ္တဝါ၊ ကုန်းနေရေနေသတ္တဝါ (သို့မဟုတ်) မွေးမြူရေးတိရစ္ဆာန်တို့ကို ထိတွေ့တဲ့အခါ ဒီရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် လက်သန့်ရှင်းရေးကို အမြဲဂရုစိုက်ပေးဖို့ လိုပါတယ်။

📣 ဒုတိယပိုင်းကို ဆက်လက်တင်ပြမှာဖြစ်လို့ Page လေးကို အမြဲစောင့်ကြည့်ပေးပါနော်။

Photos from YEA Mobile Application's post 18/08/2022

💧ဒီနေ့မှာတော့ ရေနှင့်ဆက်စပ်ပြီး ဖြစ်ပွားနိုင်သော ရောဂါများထဲမှ အခုPageလေးတွင် တင်ခဲ့ပြီးသော ရောဂါများအကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ်.....

ပို့စ်များကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိူင်တယ်....💧☘️

📌ရေနှင့်ဆက်စပ်ပြီး ဖြစ်ပွားနိုင်သော ရောဂါများ

https://m.facebook.com/story.php?story_fbid=122756793374045&id=103116538671404

📌ရေနှင့်ဆက်စပ်ပြီး ဖြစ်ပွားတတ်သော ရောဂါများကို ကြိုတင်ကာကွယ်ခြင်း

https://m.facebook.com/story.php?story_fbid=130616822588042&id=103116538671404

📌မျက်ခမ်းစပ်ရောဂါအကြောင်း

https://www.facebook.com/103116538671404/posts/253281536988236/

📌 အီကိုလိုင်း(E. Coli) ရောဂါအကြောင်း

https://www.facebook.com/103116538671404/posts/232393995743657/

📌ခရုဖျားရောဂါ အပိုင်း(၁)

https://www.facebook.com/103116538671404/posts/365693925746996/

📌ခရုဖျားရောဂါ အပိုင်း (၂)

https://www.facebook.com/103116538671404/posts/370820955234293/

Photos from YEA Mobile Application's post 05/08/2022

ခရုဖျားရောဂါ အပိုင်း(၂)

ပြီးခဲ့သည့် အပတ်က ဖော်ပြထားသော ခရုဖျားရောဂါအကြောင်း အပိုင်း(၁)ကို အောက်ဖော်ပြပါ linkကိုနှိပ်၍ ပြန်လည်ဖတ်ရှုနိုင်ပါသည်။

Link ⇒https://www.facebook.com/103116538671404/posts/365693925746996/

🚨ရောဂါလက္ခဏာများ

ဆင်းရဲ၍ လူနေမှုအဆင့်အတန်းနိမ့်ကျပြီး သန့်စင်သော သောက်ရေနှင့် ကျန်းမာရေးနှင့်ညီညွတ်သော မိလ္လာစွန့်ပစ်ခြင်းစနစ် မရရှိသည့် လူထုတွင် ထိုခရုဖျားရောဂါကို တွေ့ရများသည်။ အဓိကအားဖြင့် စိုက်ပျိုးရေးကို လုပ်ကိုင်သောလုပ်သားထုနှင့် ရေလုပ်သားထုတို့တွင် ပိုမိုတွေ့ရလေ့ရှိသည်။ အပူပိုင်းဒေသရောဂါတမျိုးဖြစ်သော ထိုခရုဖျားရောဂါကို အဓိကအားဖြင့် အူတွင် ဖြစ်ပွားသော ခရုဖျားရောဂါနှင့် ဆီးအိမ်တွင် ဖြစ်ပွားသော ခရုဖျားရောဂါ ဟူ၍ (၂)မျိုး ခွဲခြားနိုင်သည်။ ထိုအမျိုးအစား(၂)မျိုးပေါ် မူတည်၍ ရောဂါလက္ခဏာများလည်း ကွဲပြားသွားသည်။ ခရုဖျားရောဂါ၏ ရောဂါလက္ခဏာများသည် ရောဂါဖြစ်ပွားစေသည့် ကပ်ပါးကောင်များ၏ မျိုးဥများကို ခန္ဓာကိုယ်မှ တုံ့ပြန်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အူတွင် ဖြစ်ပွားသော ခရုဖျားရောဂါကြောင့် ဝမ်းဗိုက်တဝိုက် နာကျင်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းသွားရာတွင် သွေးပါခြင်းတို ဖြစ်နိုင်သည်။ ပိုမိုပြင်းထန်ပါက အသည်းကြီးခြင်း၊ ကလိစာအမြှေးပါးတွင်း အရည်များပြည့်လာကာ ဝမ်းဗိုက်ပိုင်း ဖောင်းလာခြင်း၊ ဝမ်းဗိုက်ပိုင်းသွေးကြောများတွင် သွေးဖိအားများလာခြင်း၊ သရက်ရွက်ကြီးခြင်း များအထိ ခံစားရနိုင်သည်။ ဆီးအိမ်တွင် ဖြစ်ပွားသော ခရုဖျားရောဂါကြောင့် ဆီးသွားရာတွင် သွေးပါခြင်း၊ ဆီးအိမ်နှင့် ဆီးလမ်းကြောင်းတို့ထဲရှိ တစ်ရှူးများ ထူထဲလာကာ အဆိုပါ အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေခြင်းအပြင် ပြင်းထန်ပါက ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းအထိပါ ဖြစ်ပွားစေနိုင်သည်။ ပိုမိုပြင်းထန်ပါက ဆီးအိတ်ကင်ဆာအထိပါ ဖြစ်နိုင်သည်ကိုလဲ တွေ့ရှိရသည်။

အမျိုးသမီးများတွင် ဖြစ်ပွားပါက ယောနိမှ သွေးထွက်ခြင်း၊ လိင်ဆက်ဆံရာတွင် ပုံမှန်မဟုတ်သော နာကျင်မှု ခံစားရခြင်းနှင့် အမျိုးသားများတွင် ဖြစ်ပွားပါက ဆီးကျိတ်၊ လိင်တံတလျောက် ယောင်ယမ်းခြင်း၊ ပိုးဝင်ခြင်းများ ခံစားရစေနိုင်သည်။ ထိုအပြင် မကုသနိုင်တော့သော အကျိုးဆက်များ (ဥပမာ - မြုံသွားခြင်း) ကိုလဲ ဖြစ်ပေါ်စေသည်။ ကလေးငယ်များတွင် ဖြစ်ပွားပါက သွေးအားနည်းရောဂါများ၊ ကြီးထွားဖွံဖြိုးမှုနှေးခြင်း၊ သင်ယူနိုင်စွမ်းလျော့ကြခြင်း စသည့်တို ခံစားရနိုင်သည်။ သိုသော် ကလေးများတွင် ဖြစ်ပွားသည်ကို သေချာကုသပါက အရှင်းပျောက်ကင်းနိုင်ပါသည်။

ခရုဖျားရောဂါဖြစ်ပွားပြီး သေချာမကုသဘဲ နေပါက နာတာရှည်ဖြစ်သွားနိုင်ပြီး ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းကို ထိခိုက်လာကာ နောက်ဆုံး သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။ အထက်ဖော်ပြပါ ဆက်စပ်ရောဂါများနှင့် နီးကပ်စွာ ဆက်နွယ်နေသောကြောင့် ကမ္ဘာတဝန်းတွင် ခရုဖျားရောဂါကြောင့် သေဆုံးသူအရေအတွက်ကို ခန့်မှန်းဖို့ ခက်ခဲသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲအစည်းကြီးမှ ခန့်မှန်းချက်များအရ ခရုဖျားရောဂါကြောင့် တနှစ်လျှင် လူပေါင်း နှစ်သောင်းကျော်မှ နှစ်သိန်းအထိ သေကြေနိုင်ဖွယ်ရာ ရှိသည်ဟု သိရသည်။

🎯ခရုဖျားရောဂါ စစ်ဆေးခြင်းနည်းလမ်းများ

ခရုဖျားကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခြင်းကို သက်ဆိုင်ရာ ပညာရှင်(သို) ဆရာဝန်များမှ မစင်နှင့် ဆီးထဲတွင် ခရုဖျားကိုဖြစ်စေသော ကပ်ပါးကောင်မျိုးဥများ ပါဝင်မှု ရှိ/မရှိကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ ထိုအပြင် သွေးနှင့် ဆီးအတွင်းရှိ ပဋိပစ္စည်းများကို ဓာတ်ခွဲလေ့လာခြင်းဖြင့်လဲ ရောဂါကူးစက်ခံရ/ မရကို သိရှိနိုင်သည်။

🍀ခရုဖျားရောဂါ ရောဂါကာကွယ်ခြင်းနည်းလမ်းများ

ခရုဖျားရောဂါ ရောဂါကာကွယ်ခြင်းကို Praziquantel ဆိုသည့် ဆေးတမျိုးပေး၍ ကူးစက်ခံရနိုင်ချေရှိသည့် လူထုအား ကာကွယ်ကုသခြင်း၊ သန့်ရှင်းသော သောက်ရေနှင့် ကျန်းမာရေးနှင့် ညီညွှတ်သော မိလ္လာစနစ်အား လူထုမှ ရရှိအသုံးပြုနိုင်အောင် ဖော်ဆောင်ပေးခြင်း၊ တကိုယ်ရည်သန့်ရှင်းရေးစသည့် ကျန်းမာရေး အသိပညာများ ဖြန့်ဝေပေးခြင်း၊ ကပ်ပါးကောင်များကို လက်ခံထားနိုင်သော ခရုမျိုးစိတ်များအား ထိန်းချုပ်သုတ်သင်ခြင်းတိုနှင့် လုပ်ဆောင်နိုင်သည်။

ခရုဖျားရောဂါကို ဖြစ်စေသော ကပ်ပါးကောင် အမျိုးအစားတချို့အား လက်ခံထားနိုင်သော လက်ခံကောင်(host) ရေချိုခရုမျိုးစိတ်များ ကျက်စားလေ့ရှိသည့် ရေဝေရေလဲ နေရာဒေသများအား လူများ ဝင်ရောက်ထိတွေ့မှု မရှိစေရန် အကာအကွယ်များ ပြုလုပ်ထားခြင်း၊ ဒေသန္တရ အမိန့်တခုခုဖြင့် တားဆီးခြင်း၊ ထိုရေချိုခရုမျိုးစိတ်များ ၎င်းရေထုဒေသများတွင် နေထိုင်လို့မရအောင် ထိန်းညိ ပြုပြင်ခြင်း (ဉပမာ ထိုခရုများ ကျက်စားရာ တလျောက်တွင် ဆည်ရေကို ပိုမိုလျင်မြန်သော အလျင်(နှုန်း)နှင့် လွှတ်ပေးခြင်းဖြင့် ၎င်းခရုများ ကျက်စားလို့မရအောင် ပြုလုပ်ခြင်း)၊ ၎င်းခရုမျိုးစိတ်များ၏ ဥများကို ရှာဖွေဖျက်ဆီးပစ်ခြင်း စသည်တို့ဖြင့်လဲ ထိုရောဂါများကို ထိရောက်စွာ လျော့ပါးသက်သာစေနိုင်ပါသည်။

😢ခရုဖျားရောဂါနှင့် မြန်မာနိုင်ငံ

ခရုဖျားရောဂါသည် အပူပိုင်းဒေသနှင့် အပူပိုင်းဒေသနှင့် နီးကပ်သော နေရာဒေသများတွင် အတွေ့များသည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ထိုရောဂါဖြစ်ပွားမှုကို တွေ့ရသည်။ မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း တဝိုက်က အင်းလေးကန်လို ရေထုဝန်းကျင်တဝိုက်နေရာတွေနှင့် ကယားပြည်နယ်ထဲက နေရာအချိုမှာတော့ ထို ခရုဖျားကို တွေ့ရသည်ဟု မှတ်သားသိရှိရပါသည်။ ဖြစ်ပွားသူအများစုမှာ လယ်သမားများဖြစ်သည်ကိုလဲ မှတ်သားရပါသည်။ သို့သော် မည်သည့်နေရာတွင် ဖြစ်ပွားလေ့ရှိသည်၊ မည်သည့်အချိန်တွင် အဖြစ်များသည် စသည့် ရောဂါထိန်းချုပ်နှိမ်နင်းရေးအတွက် လိုအပ်သော အချက်အလက်များကို တိတိကျကျ မှတ်တမ်းတင်ထားခြင်း မရှိသေးပါ။

မြန်မာနိုင်ငံတွင် ခရုဖျားရောဂါကို ဖြစ်ပွားစေသည့် ကပ်ပါးကောင်ကို လက်ခံနိုင်သော ရေချိုခရုမျိုးစိတ်များသည် များသောအားဖြင့် ရေအပေါ်ပိုင်းရှိ အပင်များ၏ ရိုးတံ၊ ပင်စည်၊ အကိုင်းအခက်များပေါ်တွင် ၎င်းဥများကို ဉချကြလေ့ရှိပြီး ထိုဥများသည် ပန်းရောင်အစုအစုနှင့် တွေ့နိုင်သည်။ (ပုံ(၂) ကို ကြည့်ရှုပါရန်) ထိုရေချိုခရုမျိုးစိတ်များသည် ရေပြင်အထက်တွင် ပေါ်နေသော အစိတ်အပိုင်းများပေါ်တွင် ၎င်းတို့၏ ဥများကို ဉချလေ့ရှိကြပြီး ၎င်းခရုဥများသည် ရေနှင့်ထိတွေ့ပါက မျိုးမအောင်၍ အကောင်ပေါက်မလာတော့ကြောင်း မှတ်သားရသည်။ ထိုသို့ အပင်များပေါ်တွင် သဘာဝအတိုင်း တွေ့ရသော ပန်းရောင် ခရုဥများကို ဖယ်ရှားသုတ်သင်၍ ဖြစ်စေ၊ ရေထဲ ထိုးချ၍ ဖြစ်စေ၊ ထိုရေချိုခရုမျိုးစိတ်များ ဥလာဥစေရန် ရေထဲတွင် သစ်သားချောင်း၊ ဝါးချောင်းများစိုက်ထားပြီး ရေပေါ် ပေါ်နေသော ထိုသစ်သားချောင်း၊ ဝါးချောင်းပေါ်တွင် လာဥသော ပန်းရောင်ဥများကို ဖယ်ရှားသုတ်လင်၍ ဖြစ်စေ၊ ရေထဲ ထိုးချ၍ ဖြစ်စေ ဤခရုမျိုးစိတ်များကို မြန်မာနိုင်ငံ ရှမ်းပြည်တဝိုက်တွင် နှိမ်နင်းကြကြောင်း မှတ်သားရပါသည်။

ထိုကြောင့် သေဆုံးသည် အထိ ဖြစ်စေတတ်သော ထိုရောဂါကို ထိန်းချုပ်ရာတွင် ပိုမိုစနစ်တကျနှင့် ထိထိရောက်ရောက်ဖြစ်စေရန် ရောဂါနှင့်သက်ဆိုင်သော အချက်အလက်များပြုစုရန် များစွာလိုအပ်လျက်ရှိနေသေးကြောင်း၊ ဒေသဆိုင်ရာ ကျန်းမာရေးဌာနနှင့် ပြည်သူလုထု ရောဂါတိုက်ဖျက်ရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဤနေရာမှ တိုက်တွန်းဖော်ပြလိုက်ရပါသည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon