Tr.Yamin

Tr.Yamin

Share

Tr.Yamin

13/02/2026

Hello 👋👋👋👋👋
မေမေတို့ ဖေဖေတို့ ၊သားတို့ သမီးတို့ရေ 🤗

Tr.Angela ဆီ မှာ Summer Weekdays/Weekend Class တွေ အပ်နှံ ထား သူ တဦး၊တယောက်ချင်း ဆီ တိုင်း ရဲ့ Facebook Cb မှာ Telegram group link တွေ ပေး ထား ပြီး ပါပြီရှင့် ။

Telegram group link လေး ကို join ပေး ထား ကြပါရှင့်။ Join လို့မရရင် ချက်ချင်း ပြော ပေး ပါရှင့် ။

Photos from Tr.Yamin's post 23/01/2026

Hello မေမေ ၊ဖေဖေ တို့ နဲ့ သားသား မီး မီး တို့ရေ ။

အောက်မှာ ပြထား တဲ့ အတန်း တွေ ဘဲ လက်ခံ လို့ ရပါတော့မယ်ရှင့် ။

ယခု Weekdays အတန်း ၃မျိူး အပ်လို့ရပါသေးတယ်ရှင့်။
Level (1) Grammar and Writing
4 skills +Grammar +Vocabulary
Grade 4 Textbook English+ 4skills+Grammar
ယခု Weekend အတန်း
Grade 1 Textbook English+ 4skills
Grade 2 Textbook English+4 skills
Grade 3 Textbook English+4 skills
Basic 4 skills + Phonics+ Grammar (Class 2) အတန်းလေး ဘဲ တက်လို့ ရပါတော့မယ်ရှင့် ။
Phonics Level 1
Phonics Level 2
Pre-Starters

22/01/2026

ချစ်ရပါသော မိဘ များ ရှင့် ။
သားသား ၊မီးမီး တို့ ပညာရေး အတွက် Tr . Yamin ကို ရွေးချယ် ပြီး အတန်းလေး တွေ အပ်နှံ ပေး ကြတဲ့ အတွက် ကျေးဇူး တင်ပါတယ်ရှင့် ။
ယခု Summer အတွက် ဖွင့် ထား တဲ့ အချို့ အတန်းတွေ က ကန့်သတ် လူဦးရေ ပြည့် သွား ပြီ မို့ အပ်လို့ ရသေး တဲ့ အတန်း တွေ ကို ထပ်မံ အသိပေး ကြော်ငြာ ပေး သွား ပါမယ် ရှင့် ။

ကျေးဇူး အများ ကြီး တင်ပါတယ် ရှင့် ။

Photos from Tr.Yamin's post 13/01/2026



#စာကိုဆုံးအောင်ဖတ်
#သေချာစဉ်းစားပါ
💕မဂ်လာပါ 💞
သားတို့သမီးတို့ နဲ့‌ မိဘ များရှင့်

ဒီနှစ် နွေ ရာသီ မှာ အချိန်တိုင်းအတွက် အကျိုးရှိ ပြီး ‌၊ပျော်ရွှင် မှု အပြည့် ပေး နိုင် မည့် အတန်း တွေ စီစဉ်ထား ပါတယ်။

အတန်း အမျိုးအစား ၂မျိုး ရှိပါမယ်ရှင့် ။

Summer Weekend Classes အပြင် Weekdays
Classes တွေ လည်း ရှိပါတယ်ရှင့် ။

ဒါကြောင့် သားတို့ ၊သမီးတို့ နဲ့ အထူး သင့် လျော် ပီး တတ်လို့ ရမည့် အချိန်တွေ ကို မိဘ များ က သေချာ စဉ်းစား ဆုံးဖြတ် ပီး အပ်နှံရပါမယ်ရှင့် ။

အတန်း တွေ အားလုံး က လူပြည့် မြန်တာမို့ စာရင်းအမြန်ဆုံး သွင်း ပြီး အပ်နှံဖို့ တော့ လိုပါမယ် ရှင့် ။

Tr.Yamin နဲ့ လေ့လာ သင်ယူ ရမယ် ဆို ဘာတွေ အကျိုးခံစား ရမှာ လဲ ။

1။ English ကို အခြေခံကနေ ပိုင်ပိုင်နိုင်နိုင် ရမယ်။
2။ မျှော် မှန်း ထား တဲ့ အတိုင်း သင်တန်းက နေ သင်ယူ လေ့လာ နိုင်တယ်။
3။ သင်တန်းကြေး က မိဘ တွေ စိတ်ပူ စရာ မလိုတဲ့ သင်တန်းကြေး နဲ့ လေ့လာ သင်ယူ နိုင် တယ်။
4။သားသား၊မီးမီး တို့ ရဲ့ ရေရှည် လေ့လာ သင်ယူ ရမဲ့
အပိုင်း မှာ များစွာ ထောက်ကူ ပြု နိုင်ပါတယ်။
5။ ကလေး တွေ ရဲ့ပညာ ရေး နဲ့ ပတ်သက်ပြီး အချိန်မရွေး မေးမြန်း တိုင်ပင် နိုင် ပါသေးတယ်။

ဒါဆို ဒီနှစ် Summer မှာ Tr Yamin နဲ့ အတူ လေ့လာ သင်ယူ ကြပါစို့ 💓💓💓။

အောက်မှာ သင်တန်းအားလုံး ရဲ့ Link လေး တွေပါရှင့်။
သင်တန်းတစ်မျိုးချင်းစီ အတွက် သေချာ ရှင်းပြထား ပါတယ်ရှင့် ။

https://www.facebook.com/share/p/1CBhvNUpRz/

https://www.facebook.com/share/p/1CCitTBhNo/

Photos from Tr.Yamin's post 13/01/2026



ဒီ နှစ် ၂၀၂၆ နွေရာသီ အတွက် Tr.Yamin နဲ့ အတူတူ လေ့လာ သင်ယူ နိုင်မည့် Summer Weekday Class တွေ ဖြစ်ပါတယ်ရှင့် ။

မြန်မြန် စာရင်းပေးအပ်နှံမှ သာလျှင် စိတ်ချ ရတဲ့ အတန်းတွေ ဖြစ်ပါတယ်ရှင့် ။

Photos from Tr.Yamin's post 12/01/2026

#မြန်မြန်စာရင်းပေးမှရတော့မယ်ရှင့်
#စာရင်းပိတ်ပါတော့မယ်ရှင့်
#မြန်မြန်လေးစာရင်းပေး ပြီးအပ် ထား မှ ရပါတော့မယ်ရှင့် ၊အတန်းအားလုံး သတ်မှတ်လူ ဦးရေ ပြည့် ပါတော့မယ်ရှင့် ။

Photos from Tr.Yamin's post 03/01/2026



ဒီ နှစ် ၂၀၂၆ နွေရာသီ အတွက် Tr.Yamin နဲ့ အတူတူ လေ့လာ သင်ယူ နိုင်မည့် Summer Weekend Class တွေ ဖြစ်ပါတယ်ရှင့် ။

မြန်မြန် စာရင်းပေးအပ်နှံမှ သာလျှင် စိတ်ချ ရတဲ့ အတန်းတွေ ဖြစ်ပါတယ်ရှင့် ။

Photos from Tr.Yamin's post 05/11/2025

Phonics training ပေး တဲ့ အခါ ၊

Sound rhyme , Eye rhyme နဲ့ perfect rhyme အကြောင်း ပြောဖြစ်တယ် ။

💗💗Sound rhyme ဆိုတာ က It's the art of matching words that almost sound the same .

Sound rhyme မှာ မှ Matching consonants, Matching vowels ဆိုတာ ရှိသေးတယ် ။

Eg နေနဲ့ ( grim & groom ) / (hat &back ) .

💗💗နောက်တမျိူး Eye rhyme ဆိုတာ က It's a visual rhyme. Words look the same but sound different.

Eg အနေနဲ့ ဆို ရင် -one ကို ကြည့်ပါ။
( gone ,done , lone ) လို ဟာမျိုးတွေ ပေါ့ ။

💗💗နောက်ဆုံး တမျိုး ကတော့ kidsတွေ အတွက် main အနေနဲ့ သုံး တဲ့ rhyme ပေါ့ ။Perfect rhyme လို့ ခေါ်တယ် ။

Perfect rhyme ဆိုတာ က Ending sounds match exactly.

Egအနေနဲ့ ဆိုရင် ( cat / hat / bat )ဒါမျိုးတွေပေါ့။

ဘာလို့ rhyme လဲ ။ ကလေး တွေ အကြိုက်ဆုံး ကလဲ rhyme မို့ပါ။ အဲ့တော့ ကိုယ့်ကလေး level ပေါ် မူတည်ပီး rhyme awareness စောစော ပေးထား ပီး ဒီ rhyme တွေ ကို သိထားတော့ reading မှာ အများ ကြီး အထောက်ကူ ပြု မှာပေါ့ ။reading ဘဲ လား no , writing လေး လဲ ပါတယ်။

Phonics ဆို တာ ကလေး တွေ အတွက် ဆို ပေမဲ့ ကလေး တွေကို သင်မဲ့ဆရာ၊ဆရာမတွေ အနေနဲ့ ကလေး တွေ ကို သင်တဲ့ အခါ ထိရောက် ဖို့ ကလေး တွေ အကြိုက် တွေ နဲ့ ကိုယ့် သင်ခန်း စာ မှာ ချိတ် သင်တတ်ဖို့လဲ အများ ကြီး လိုပါတယ်။ကိုယ်သင်ချင်တာ တွေ သင် နေရင် တော့ သင်ခန်းစာ က သင်ခန်းစာ အနေနဲ့ ဘဲ ရှိပါလိမ့် မယ်။

YM

Photos from Tr.Yamin's post 10/09/2025

🌹🌹🌹Hello ! Teachers 🌹🌹🌹

သင်က အင်္ဂလိပ်ဘာသာစကားသင်ကြားတဲ့ ဆရာတယောက် ဖြစ်ချင်ပါသလား၊ ဒါမှမဟုတ် အင်္ဂလိပ်စာတော့ သင်နေတယ်၊ ဒါပေမယ့် ယုံကြည်မှုသိပ်မရှိဘူးဆိုပြီး ဖြစ်နေပါသလား၊ ဒါမှမဟုတ် အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံများစွာရှိတဲ့ ဆရာ၊ ဆရာမတွေရဲ့ မွမ်းမံပေးမှု လိုအပ်နေတာလား။ ဒါဆိုရင်တော့ ခုမိတ်ဆက်ပေးချင်တဲ့ အတန်းလေးကတော့ ဆရာတို့၊ ဆရာမတို့ အတွက်ပါ။
ပထမဆုံးအနေနဲ့ ( English Teaching Essentials for Primary School Teachers) ဆိုတဲ့ Teacher Training နဲ့ ဆရာတို့ ၊ဆရာမတို့ကို မိတ်ဆက်ပေးပါရစေ။
💐💐💐💐💐💐💐💐💐💐💐💐💐

ဒီ Teacher Training ရဲ့ ရည်ရွယ်ချက်ကဘာလဲ။

ဒီ Teacher Training ရဲ့ ရည်ရွယ်ချက်ကတော့

❤️Primary School Teachers တွေအနေနဲ့ အင်္ဂလိပ်စာကို နည်းမှန်လမ်းမှန် သင်ကြားတတ်စေဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာသင်ကြားရေးနည်းတွေနဲ့ အကျွမ်းတဝင်ရှိဖို့ရယ်၊ ပြီးတော့ အဲဒီသင်ကြားရေးနည်းတွေကို ကိုယ့်စာသင်ခန်းနဲ့ ဆီ‌လျော်အောင် ဘယ်လိုအသုံးချ သင်ကြားရမလဲဆိုတာကို သိရှိပြီး ထိထိရောက်ရောက် သင်ကြားတတ်စေဖို့လည်း ရည်ရွယ်ပါတယ်။

❤️ဆရာတို့ ဆရာမတို့ အနေနဲ့ ကိုယ့်သင်ကြားရေးမှာ အားမလို အားမရ ဖြစ်နေရင် ဒါမှမဟုတ် ထိထိရောက်ရောက် ဖြစ်ချင်ရင် ဒါမှမဟုတ် ကိုယ့်ရဲ့ Professional Development အတွက် အထောက်ကူပြုချင်တာ ဆိုရင် ဒီ Teacher Training ကို တက်ရောက်ဖို့ အကြံပြုပါတယ်။

ဒီသင်တန်းမှာ ဘာတွေကို လေ့ကျင့်ပေးမှာလဲဆိုရင် သင်နည်းသင်ဟန်၊ ချဉ်းကပ်ပုံချည်းကပ်နည်း (Pedagogy) အပြင် ဆရာတို့ ဆရာမတို့ လိုအပ်နေတဲ့ Language Proficiency အတွက်ကို ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်။
Pedagogy + Language Proficiency ဆိုပြီး စီစဥ်ပေးထားပါတယ်။ဒါကြောင့်မို့လို့ ဆရာတို့၊ ဆရာမတို့ကို ခုထက်ပိုပြီး ထိရောက်ကောင်းမွန်တဲ့ သင်ကြားရေး အ‌ခြေအနေတခုဆီ တက်လှမ်းနိုင်စေဖို့ ဒီသင်တန်းက အုတ်တချပ် သဲတပွင့် အနေနဲ့ ကူညီ ဆောင်ရွက်ပေးမှာပဲ ဖြစ်ပါတယ်။

💐💐💐💐💐💐💐💐💐💐💐💐💐💐💐

ဒီ Teacher Training မှာ ဘာတွေကို အဓိကထားလေ့လာရမှာလဲ။

Primary School Teachers တွေအတွက် အထူးသင့်တော်တဲ့ သင်တန်းလေးဖြစ်အောင် အားထုတ်ထားပါတယ်။ ဒီ Teacher Training မှာ လေ့လာကြရမဲ့ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1. Understanding Young Learners (6-12 years)
2. Language Teaching Methodology for Primary ESL Teachers
3. Planning a Young Learner Lesson
4. Classroom Management Techniques
5. Introduction to Phonology
6. Key Principles and Strategies for Delivering Feedback
ထပ်ပြီး အသေးစိတ်ရှင်းပြပါရစေ။

🎈၁။ Understanding Young Learners (6 to 12 yrs)
ကလေးတွေကို သင်ကြားမယ့် ဆရာ၊ ဆရာမတွေအနေနဲ့ ကလေးတွေရဲ့ သဘောကို နောကျေနေဖို့ လိုပါတယ်။ ဒီခေါင်းစဥ်မှာတော့ ကလေးတွေရဲ့ သဘောသဘာဝ၊ စရိုက်လက္ခဏာ၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘာသာစကား သင်ယူတတ်မြောက်ပုံ စတဲ့ အကြောင်းအရာတွေကို ကျကျနန လေ့လာရမှာ ဖြစ်ပါတယ်။

🎈၂။ Language Teaching Methodology for Primary ESL Teachers
ဒီခေါင်းစဉ် အောက်မှာတော့ ဘာသာစကားသင်ကြားရေး၊ သင်ယူရေးနဲ့ဆိုင်တဲ့ အခြေခံသဘောတရားတွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒါ့အပြင် Young Learners အင်္ဂလိပ်စာသင်ကြားရေးမှာ အသုံးများနေတဲ့ Methods တွေ၊ Fun Techniques တွေကို လေ့လာဖြစ်ပြီး အင်္ဂလိပ်စာသင်နည်းတွေရဲ့ သဘော၊ သူတို့ရဲ့ ဆင့်ကဲပြောင်းလဲလာပုံ၊ စာသင်ခန်းတွင်း အသုံးချကြပုံ တွေကို လေ့လာရမှာ ဖြစ်ပါတယ်။

🎈၃။ Planning a Young Learner Lesson
သင်နည်းသင်ဟန်တွေ၊ ချဥ်းကပ်ပုံ ချဥ်းကပ်နည်းတွေကို သိရှိပြီး ကိုယ့်စာသင်ခန်းအတွင်းမှာ Procedure ကျကျ နည်းမှန်လမ်းမှန်နဲ့ သင်ကြားနိုင်ဖို့အတွက် Lesson Planning အပိုင်းကိုလည်း လက်တွေ့ သင်ကြားပေးမှာပါဖြစ်ပါတယ်။ Lesson Plan ဆိုတာဘာလဲ၊ Lesson Component ဆိုတာကရော၊ Lesson Aims တွေကရော ဘယ်လိုလဲ၊ ဘယ်လို Stage တွေကို သုံးပြီး သင်ကြားမှာလဲ၊ Stage တခုချင်းစီအတွက် အချိန်ကို ဘယ်လို ခွဲဝေသုံးစွဲမလဲ၊ ဘယ်လို Resources ကို သုံးမလဲ၊ ဘယ်လို Activities တွေကို သုံးမလဲ၊ Interaction Pattern ကရော ဘယ်လိုဖြစ်မလဲ စတဲ့ သင်ခန်းစာတခု အောင်မြင်ပေါက်မြောက်ဖို့အတွက် Lesson Component တခုချင်းစီက ဘယ်လိုမျိုး ပံ့ပိုးလုပ်ဆောင်ပေးရတယ်ဆိုတာကို စာတွေ့လက်တွေ့ လေ့လာသင်ယူရမှာဖြစ်ပါတယ်။ Language Teaching Methodology တွေမှာ ပါတဲ့ အယူအဆတွေကို အခြေခံရင်း ကိုယ့်အယူအဆ ကိုယ့်အမြင် ကိုယ့်ကလေး ကိုယ့်စာအုပ်နဲ့ ကိုယ့်စာသင်ခန်းအတွင်းမှာ သင့်တော်ကောင်းမွန်နဲ့ Procedure တွေနဲ့ ဘယ်လိုမျိုး ပုံဖော်လို့ ရမလဲ ဆိုတာတွေကို နားလည်သိရှိသွားမှာဖြစ်ပါတယ်။

🎈၄။ Classroom Management Techniques
မဖြစ်မနေ သိထားတတ်ထားကျွမ်းကျင်ထားရမယ့်အထဲ Classroom Management လည်းပါပါတယ်။ ဒါကြောင့်မို့လို့ ဒီအတန်းမှာတော့ Classroom Layout တွေရဲ့ သဘောသဘာဝ၊ Classroom Interaction ကောင်းအောင် ဘယ်လိုတွေ ပံ့ပိုးပေးရမလဲ၊ Teacher Role စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသင်ယူကြရမှာ ဖြစ်ပါတယ်။

🎈၅။ Introduction to Phonology
Phonology ဆိုတဲ့ အတိုင်း သူ့ရဲ့ နယ်ပယ်က ကြီးမားကျယ်ပြန့်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာတော့ ဆရာတို့၊ ဆရာမတို့ မဖြစ်မနေ သိထားတတ်ထားသင့်တဲ့ Phonology Awareness, IPA, Word Stress, Sentence Stress, Intonation, Connected Speech စတဲ့ လေးနက်တဲ့ စကားသံလေ့လာမှုပညာရပ်ကို ပေါ့ပေါ့ပါးပါးနဲ့ လွယ်ကူအောင် သင်ကြားလေ့ကျင့် ပေးမှာဖြစ်ပါတယ်။

🎈၆။ Key Principles and Strategies for Delivering Feedback
ဒီအပိုင်းကတော့ စစ်ဆေးအကဲဖြတ်မှုတွေအကြောင်းပဲ ဖြစ်ပါတယ်။ Assessment ဆိုတာဘာလဲ၊ ဘာ့ကြောင့်လုပ်ဖို့ လိုတာလဲ၊ Assessment အမျိုးအစားတွေက ဘာတွေလဲ၊ Young Learners အတွက်ဆိုရင် ဘယ်လို Assessment Type တွေကို သုံးမလဲ၊ စစ်ဆေးအကဲဖြတ်လို့ ရရှိလာတဲ့ အထောက်အထားတွေကို ဘယ်လိုပြန်အသုံးချလို့ ရမလဲ စတာတွေကို လေ့လာရမှာဖြစ်လို့ စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ သုံးသပ်ခြင်းတွေက သင်ကြားသင်ယူမှုကို ဘယ်လိုထောက်ကန်ပေးထားလဲ ဆိုတာကို သဘောပေါက် နားလည်သွားမှာ ဖြစ်ပါတယ်။

🎁🎁ဒီလိုမျိုး သင်ယူသူတွေရဲ့ သဘောသဘာဝတွေ၊ သင်ကြားနည်းဗျူဟာတွေ၊ သင်ခန်းစာပြင်ဆင်ပုံတွေ၊ အတန်းစီမံခန့်ခွဲမှုတွေ၊ စစ်ဆေးအကဲဖြတ်ခြင်းတွေကို လေ့လာဆွေးနွေးသုံးသပ်ခြင်းတွေ လုပ်ဆောင်ရမှာ ဖြစ်တဲ့အပြင် ဆရာတို့ ဆရာမတို့ရဲ့ ဘာသာစကားစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုမျိုး လေ့လာအားထုတ်ရမယ် ဆိုတာကိုလည်း ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။ ဥပမာ Four skills ကို Self-study လုပ်တဲ့အခါမှာ ဘယ်လိုမျိုး ထိထိရောက်ရောက်လုပ်လို့ရမလဲ ဆိုတာကိုပါ သိရှိနားလည်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Pre-intermediate Level Lesson တချို့ကို သင်ကြားပေးရင်း ဆရာတို့ ဆရာမတို့ရဲ့ Language Proficiency တိုးတက်ဖို့လမ်းကြောင်းကို အစဖော် ဆွဲထုတ်ပေးမှာ ဖြစ်ပါတယ်။
ဒီအပိုင်းမှာတော့

Phase 1: Building awareness & foundation
Phase 2: Core language skills through linguistics
Phase 3: Learning how to learn
Phase 4: Personalization & Long-term learning စတဲ့ အကြောင်းအရာတွေကို လေ့လာရမှာဖြစ်ပါတယ်။
ဒီသင်တန်းလေးက Pedagogy + Language Proficiency ဆိုတဲ့အတိုင်း ဆရာတို့၊ ဆရာမတို့ရဲ့ Professional Development အတွက် သေချာလေးစီစဉ်ထားတာဖြစ်လို့ ဆရာတို့၊ ဆရာမတို့ရဲ့ လိုအပ်ချက်တစုံတရာကို ဖြည့်တင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
လူဦးရေလည်း ကန့်သတ်ထားတာကြောင့် မြန်မြန်စုံစမ်းပြီး အပ်နှံကြဖို့ကိုလည်း အကြံပြုတိုက်တွန်းပါရစေ။

သင်ကြားပို့ချပေးမယ့် Teacher Educator တွေက ဘယ်သူတွေလဲ။

ဒီအတန်းမှာတော့ Teacher Educator ခုနှစ်ဦးက ဆရာတို့၊ ဆရာမတို့ကို လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။

🧑‍🏫 Tr. Hnin Wutyee Han
Lecturer (DBUIC)
Co-founder & Teacher (Insightopia Education Centre)
Cambridge CELTA
Certificate in Teacher Training (Green Tara)
Certificate in Train the Trainer (Cambridge)
Certificate in TKT (Cambridge)
MA (English), YU
BA (Hons.) English, YU

🧑‍🏫 Saya Ko Ko Aung @ Richard Aung
Founder, Teacher Trainer & Education Consultant
(BrainBox Education Society for Teachers – BEST)

Cambridge CELTA, Cambridge TKT
QuiLT (World Learning, SIT), FCTOT (American Center)
Citizenship Education (British Council)
BA (English), AGTI (Civil)

🧑‍🏫 Tr .Myat Myat Thin
B. Med. Tech
PDGE (MUFL)
Cert in TKT (Modules 1, 2, 3 & CLIL)
Graduate Diploma in TESOL (London TTC)
Diploma in Teacher Training (ongoing)

🧑‍🏫 Saya Ty
BEd, MEd, PhD (Thesis, year 3)
Pedagogic Methodology
Dip in TESOL (LTTC, UK)
Graduate Dip in TESOL (LTTC, UK)
Dip in Teacher Training (LTTC, UK) (ongoing)

🧑‍🏫 Saya August
B.C.Sc(UCSM)
Dip in TESOL (LTTC. UK)
Certificate in TOT(Mote Oo)

🧑‍🏫 ဆရာမျိုး (အင်္ဂလိပ်စာ)
Dip in TESOL (LTTC, UK)
Dip in Teacher Training (ongoing)
Dip in TESOL/TEFL (Asian College of Teachers)
Licensed Tour Guide (English)
BSc (Geol), (Q), Dip in DAG (Petroleum)

🧑‍🏫 Tr. Angela
Graduate Dip. in TESOL (London LTTC + TQUK)
Dip. in TESOL (London LTTC, UK)
Dip. in ECCE (ACT, Bangkok)
Dip. in TEFL (ACT, Bangkok)
Cambridge TKT (Core Modules)
Cambridge TKT (YL & CLIL)
Cert. in Jolly Phonics and Grammar (Bangkok)
Cert. in Montessori Education (0–3 years, 3–6 years) – DEK Montessori, Bangkok
TTT Cert. in Teacher Training for Young & Adult Learners
Cert. in ECCD
B.A. (Myanmar)
Dip. in ELT (London LTTC, UK) – Ongoing
Dip. in Teacher Training (London LTTC + TQUK) – Ongoing

သင်တန်းစတင်မည့်ရက် ။ ။၁၅ ၊၁၀၊ ၂၀၂၅(ဗုဒ္ဓဟူးနေ့ )
သင်တန်းနေ့ရက်။ ။ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ
သင်တန်းအချိန်။ ။ ည ၈နာရီ မှ ၁၀ နာရီ
သင်တန်းကြေး။ ။ ၂၀၀၀၀၀ကျပ်
သင်တန်းတွင်အသုံးပြုမည့် Platform။ ။ ZOOM app

Take it !!!!

🎁🎁🎁သင်တန်းအပ်သူများ အတွက် Teaching resource Ebooks 700 ကျော် ကို လက်ဆောင် ပေးသွား မည့် အပြင် နောက်လာမည့် အတန်း တွေ အတွက် 50% discount ရရှိမှာ ဖြစ်ပါတယ် ရှင့် ။🎁🎁🎁

08/07/2025

အသိပေးအကြောင်ကြားခြင်း ။

29/06/2025

မဂ်လာပါရှင့်

Tr . YaMin ၏ အတန်း များ တွင် တင်ရောက် ရန် သင်တန်းကြေး သွင်း ထား သော သားငယ်၊ သမီး ငယ် များ အတွက် သက်ဆိုင် ရာ Facebook group Link လေး များ ကို page ၏ cbတွင် ပို့ ပေး နေ ပီ ဖြစ် ပါတယ်ရှင့် ။

သို့ ဖြစ် ပါ ၍ မိမိ တို့နှင့် သက်ဆိုင်သော အတန်း များ သို့ join ပေး ပါရန် အသိပေး အကြောင်းကြား အပ်ပါတယ် ရှင့် ။

Admin Team

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon
11103