Hinthar American School

Hinthar American School

Share

Hinthar American High School is delivering US pathway programs and family of Hinthar Education.

10/12/2024

SAT 2024 December Intake အတန်းအသစ် ကျောင်းအပ်လက်ခံပါပြီ
++++++++++++++++++
Hinthar American School က iGCSE O Level ပြီးထားတဲ့ကလေးများ အပါအဝင် စိတ်ဝင်စားသူတွေအတွက် SAT အတန်းများ စီစဉ်ထားပါတယ်။ 2024 December - 2025 February အထိသင်ကြားပြီး အစောဆုံးအနေဖြင့် SAT စာမေးပွဲများကို 2025 Mar သို့မဟုတ် 2025 May တွင် ဖြေနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ Zoom နဲ့ အွန်လိုင်းသင်ပါမယ်။

Saturday + Sunday သင်ပါမယ်။ တစ်တန်းကို ၆ ယောက်အများဆုံး သတ်မှတ်ထားပါတယ်။ တစ်လကို သင်တန်းကြေး ၄ သိန်းပါ။ တစ်လချင်းစီ Bank / KPay / Cash အဆင်ပြေတာနဲ့ပေးသွင်းနိုင်ပါတယ်။

2024 December 14 ရက်နေ့ အတန်းများ စ ပါမယ်။

အသေးစိတ်သိလိုပါက ကျောင်းသို့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
Hinthar American School
Contact - 09 894 33 22 00

07/03/2024

သင်ပေးတဲ့ဆရာတွေကိုလည်း ကျေးဇူးတင်တယ်။ အသိအမှတ်ပြုတယ်။
ကလေးရဲ့ကြိုးစားမှုကိုလည်း မချီးကျူးဘဲမနေနိုင်ဘူး။ တကယ်တော်တယ်။ တကယ်ကြိုးစားတယ်။ ဒီကြားထဲ ဂိမ်းလည်း အဆော့မပျက်ဘူးတဲ့။

ဖြေခဲ့ကြတဲ့ကလေးတွေအားလုံးအတွက် အမှတ်ဘယ်လောက်ပဲရရ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း အသိအမှတ်ပြုပါတယ်။ Congratulations ပါ။

မြန်မာတစ်နိုင်ငံလုံးရဲ့ iG ရော A Level ကျောင်းထဲမှာဆို ကျွန်တော့်ကျောင်းက သက်တမ်းအနုဆုံး။ သို့သော် ယုံကြည်ပြီး ကျောင်းလာအပ်တဲ့ မိဘတွေအတွက်ရော၊ ကြိုးစားတဲ့ကလေးတွေအတွက်ပါ အကောင်းဆုံးကြိုးစားပြီး ရှေ့ဆက်လျှောက်လှမ်းနေပါတယ်။

ကျွန်တော့် Logo ကိုက ခြေမချတဲ့ ပျံသန်းနေသော ဟင်္သာပါ။ ဆက်လက်၍လည်း ပျံသန်းပါဦးမည် . . .

နောက်လာမယ့်နှစ်တွေအတွက် Pearson ကပေးတဲ့ မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးတွေလည်း ဆက်လက်မွေးထုတ်ပေးမှာဖြစ်ပြီး ၂၀၂၄ မေလက စတင်၍ မော်လမြိုင်မှာလည်း iGCSE O Level ကို On Campus တက်လို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဟင်္သာရုပ်ကလေးကိုလည်း အလံအသစ်လေးနဲ့ မကြာခင် မြင်ရပါဦးမယ်။

01/12/2023

SAT 2024 Jan Intake အတန်းအသစ် ကျောင်းအပ်လက်ခံပါပြီ
++++++++++++++++++

Hinthar American School က iGCSE O Level ပြီးထားတဲ့ကလေးများ အပါအဝင် စိတ်ဝင်စားသူတွေအတွက် SAT အတန်းများ စီစဉ်ထားပါတယ်။ 2024 Jan-Mar သင်ပြီး Apr ဖြေနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ Zoom နဲ့ အွန်လိုင်းသင်ပါမယ်။

Wed/Thu သင်ပါမယ်။ တစ်တန်းကို ၁၂ ယောက်အများဆုံး သတ်မှတ်ထားပါတယ်။ တစ်လကို သင်တန်းကြေး ၄ သိန်းပါ။ တစ်လချင်းစီ Bank / KPay / Cash အဆင်ပြေတာနဲ့ပေးသွင်းနိုင်ပါတယ်။

အသေးစိတ်သိလိုပါက ကျောင်းသို့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

Hinthar International School
Contact - 09 894 33 22 00
Mya Kan Thar Campus - No. 666 B1, Mya Kan Thar (2) Street, Kamayut Township, Yangon
Dhamar Yone Campus - No. 586, 2nd Floor, Dhamar Yone Street, Hlaing Township, Yangon
Mawlamyine Campus - No. 70, Upper Main Road, Mayangone, Mawlamyine

03/09/2023

SAT 2023 Oct Intake အတန်းအသစ် 04th Oct စမည်
++++++++++++++++++
Hinthar American School က iGCSE O Level ပြီးထားတဲ့ကလေးများ အပါအဝင် စိတ်ဝင်စားသူတွေအတွက် SAT အတန်းများ စီစဉ်ထားပါတယ်။ Oct-Dec သင်ပြီး Jan ဖြေနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ Zoom နဲ့ အွန်လိုင်းသင်ပါမယ်။

Wed/Thu သင်ပါမယ်။ တစ်တန်းကို ၁၂ ယောက်အများဆုံး သတ်မှတ်ထားပါတယ်။ တစ်လကို သင်တန်းကြေး ၄ သိန်းပါ။ တစ်လချင်းစီ Bank / KPay / Cash အဆင်ပြေတာနဲ့ပေးသွင်းနိုင်ပါတယ်။

အသေးစိတ်သိလိုပါက ကျောင်းသို့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
Hinthar International School
Contact - 09 894 33 22 00
Mya Kan Thar Campus - No. 666 B1, Mya Kan Thar (2) Street, Kamayut Township, Yangon
Dhamar Yone Campus - No. 586, 2nd Floor, Dhamar Yone Street, Hlaing Township, Yangon
Mawlamyine Campus - No. 70, Upper Main Road, Mayangone, Mawlamyine

02/09/2023

❝GED နှင့်ပတ်သက်သမျှ ဆိုင်ရာ အမေးအဖြေများ❞

▣ 2023 နောက်ပိုင်း ပိုသတိထားမိတာက GED ကို ပြောင်းလဲပြင်ဆင်ကြတဲ့ ကလေးအများစုမှာ Grade 8, Grade 9, Grade 10 အရွယ်တွေ တဖြည်းဖြည်း ပိုများလာတယ်။ (နယ်ဘက်က တချို့မိဘတွေဆိုရင် ကလေးက ၄တန်းအောင်၊ ၅တန်းအောင်ထားပါတယ်၊ ကျွန်တော်ကျွန်မတို့ ကလေးကို GED ဖြေဖို့သင်ပေးလား၊ ပြင်ဆင်ပေးပါလား ဆိုတာမျိုးတွေလည်း မေးလာကြတယ်။)

▣ ဖြစ်နိုင်ရင်တော့ ကလေးတွေရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေရှိနိုင်မယ့် ပညာရေးနောက်ခံ ခိုင်ခိုင်မာမာရှိထားဖို့ပါ။ အကြောင်းကြောင်းကြောင့် မရှိထားရင်တောင် English, Maths, Science ဘာသာရပ်တွေကို မျက်ခြေလုံးဝမပျက်အောင် မိဘများဘက်က သင်ကြားနိုင်ရန် စီစဉ်ပေးဖို့ လိုပါတယ်။

▣ ညီတွေ၊ ညီမတွေအနေနဲ့ကလည်း မြန်မာကျောင်း (စနစ်ဟောင်း)အနေနဲ့ ၈တန်းလောက် မပြီးထားသေးရင် GED ကို အလောတကြီး ဖြေဆိုဖို့ သင်တန်းတက်တာတွေ၊ ဖြေဆိုတာတွေ မလုပ်စေချင်ပါ။ GED သည် ကာလတိုအတွင်း အထက်တန်းပညာရေးနဲ့ ညီမျှတဲ့လေ့လာသင်ကြားမှုကို အသားပေးတဲ့ဘက်ကိုသွ ားရတာကြောင့် ဘာသာရပ်တချင်းစီက အကြောင်းအရာအလိုက်ပေးချင်တဲ့ တန်ဖိုးတွေ၊ အနက်အဓိပ္ပါယ်တွေကို ကြက်တူရွေးနှုတ်တိုက် လိုက်ကျက်မှတ်ပြီး ဝင်ဖြေရင်လည်း မိမိလိုချင်တဲ့ ရမှတ်မရနိုင်ပါ။

▣ တချို့ကလည်း GED ဖြေပြီးရင် နိုင်ငံတကာဆေးကျောင်းတွေ လျှောက်လို့မရနိုင်ဘူးလား။ UK, Australia, Europeက ဆေးတက္ကသိုလ်တွေမှာ ဆေးပညာကို Full Scholarship နဲ့တက်ချင်လို့ပါ။ ပြည်တွင်း/ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်လို့ရမလားဆိုတာမျိုးတွေ၊ MEXT, GKS စတဲ့ စကေားလားရှစ်ကို GED နဲ့ လျှောက်လို့ရပြီလားဆိုတာမျိုးတွေ ပညာသင်ဆု Groupအများမှာ လည်း မေးမြန်းကြလေ့ရှိတယ်။

▣ ညီတွေ၊ ညီမတွေနဲ့ မိဘများကို GEDအတွက် အရပ်စကားနဲ့ဥပမာပေးရရင်တော့ (၉၆)ပါး သက်သာပျောက်ကင်းစေနိုင်သော ပြီးပြည့်စုံတဲ့ ပညာရေးလက်မှတ်တခုအဖြစ် မထင်မြင်စေလိုပါ။ အားသာချက်၊ အားနည်းချက်ဆိုတာ GED တခုမှမဟုတ်ဘဲ ပညာရေးဆိုင်ရာ လက်မှတ်တိုင်း၊ အရာတိုင်းမှာ အနည်းနဲ့အများ ရှိပါတယ်။

▣ GED အပြီး တက္ကသိုလ်တွေ ဆက်ပြီးလျှောက်ထားတဲ့အခါမှာလည်း ကိုယ့်အနေနဲ့ ဝင်ခွင့်ရဖို့ အနည်းနဲ့အများအခက်အခဲ တွေ့ကြုံလာကြရနိုင်တယ်။ အနီးဆုံး ဥပမာပေးရရင်။ ဒီနှစ်ထဲမှာ KMUTT, Kasetsart University (KU)တို့မှာ CS/Software, Architecture, Civil Engineering, Mechanical Engineering လျှောက်ထားခဲ့တဲ့ GED ကျောင်းသားအများစုဆိုရင် သူတို့ရဲ့ ကျောင်းသားဖြစ်လာဖို့ သင့်တော်မှုရှိ၊မရှိ Interviewမှာ ကျောင်းသားရဲ့ personality, academic ထူးချွန်မှုအပြင် ကိုယ်လျှောက်ထားတဲ့ဘာသာရပ်နဲ့ ပတ်သက်ပြီး အခြေခံဘယ်လောက်အတိုင်းအတာ လေ့လာထားလဲဆိုတာမျိုးတွေကို သေသေချာချာ မေးမြန်းအကဲခတ်ပြီးမှ ကျောင်းဝင်ခွင့်ပေး၊မပေးဆိုတာမျိုးတွေ ဆုံးဖြတ်လာကြတာမျိုး ကြားသိမြင်လာရတယ်။

▣ GED ဖြေမယ့်ညီတွေ၊ ညီမတွေအနေနဲ့ တက္ကသိုလ်ရောက်တဲ့အခါမှ တက္ကသိုလ်တွေရဲ့ စာသင်ကြားမှုပုံစံကွာဟမှု၊ ပညာရပ်ဆိုင်ရာ အခြေခံအားနည်းမှု၊ ဘာသာစကားအခက်အခဲကြောင့် Presentation, Assignments, Assessments, Projectsတွေမှာ ထိထိရောက်ရောက် မရှင်းပြ မလုပ်ဆောင်နိုင်တာတွေဖြစ်လာရင် တန်ဖိုးရှိတဲ့အချိန်နဲ့ ငွေကြေးတွေ အဟောသိကံဖြစ်နိုင်ပါတယ်။

▣ GED ကလည်း အထက်တန်းပညာရေးပြီးစီးကြောင်း လက်မှတ်တခုပေမယ့် GCE A level, International Baccalaureate (IB) Diploma, OSSD, ACT-GAC, Advanced Placement (AP) တို့လို နိုင်ငံတကာက တက္ကသိုလ်အများစုမှာ Secondary School ပညာရေးပြီးစီးမှုအနေနဲ့ သတ်မှတ်ထား အများအသိအမှတ်ပြုတဲ့ Grade 12 လက်မှတ်တွေနဲ့တော့ မနှိုင်းယှဉ်သင့်ပါ။ ဆိုလိုတာ GED နဲ့ ရွေးချယ်နိုင်တဲ့ နိုင်ငံ၊ တက္ကသိုလ်၊ ဘာသာရပ် ကန့်သတ်ချက်အချို့ရှိနိုင်တယ်။

▣ အထက်တန်းပညာရေးအလုံးစုံ မပြီးသေးဘဲ GED စပြင်ဆင်တော့မယ့် ကျောင်းသားတယောက်အနေနဲ့ အနီးစပ်ဆုံး ဥပမာပေးရရင် မြန်မာဆယ်တန်း (စနစ်ဟောင်း)ကျောင်းသားလို Physics, Mathematics, Biology, Chemistryဆိုတာမျိုးတွေကို အသက်အရွယ်အလိုက် သိသင့်တာတွေကို တဆင့်ချင်း တိုးပွားပြီး သင်ကြားဖူးရတာမျိုးမရရှိနိုင်သလို၊ International School Curriculumဘက်မှာဆိုရင် IGCSE O level ကျောင်းသားများနည်းတူ Biology, Chemistry, Business, Physics, Mathematics B, Further Pure Mathematics, Accounting, CS/IT ဆိုတဲ့ ဘာသာရပ်တွေကို သေချာလေး မထိတွေ့ရတော့ ဘာတွေ ပြင်ဆင်ထားရမလဲ မသိတာတွေဖြစ်လာနိုင်ပါတယ်။ (ဆိုလိုတာက။ မြန်မာကျောင်းပညာရေး/အတိုင်းအတာတခုအထိ ကုန်ကျမှုများနိုင်တဲ့ IGCSE တို့လို လက်မှတ်တွေကိုသာ အသုံးဝင်နိုင်တယ်၊ ကောင်းတယ်လို့ မြင်စေချင်တာမဟုတ်ပါ။)

▣ ဒီတော့ မေးစရာရှိတာ ဘယ် Grade 12ပညာရေးလက်မှတ်အကောင်းဆုံးလဲဆိုတာမျိုးထက်စာရင် ပိုအရေးကြီးတာက ကိုယ့်ရဲ့အသက်အရွယ်၊ ပေးနိုင်တဲ့အချိန်၊ Grade 12အတွက် အသုံးပြုမယ့် ကုန်ကျစရိတ်အပြင် after Grade 12 ပညာရေးအတွက် ဆက်ပြီးလျှောက်ထားမယ့် တက္ကသိုလ်၊ ဘာသာရပ်ရွေးချယ်တာ၊ မိသားစုဆက်လက်ပံ့ပိုးမယ့် budgetနဲ့ နိုင်ငံအပေါ်မူတည်ပါတယ်။

▣ တကယ်လို့ ကိုယ်က GED လက်မှတ် + အမှတ်စာရင်း, Passport, English Proficiency Test Result (IELTS/TOEFL/PTE Academic/Duolingo တခု) ဖြေဆိုရရှိထားပြီးတဲ့ ကျောင်းသားဆိုရင် -
1. Thailand (Public/Private),
2. Singapore (Private),
3. Switzerland (Hospitality & Tourism, Culinary Arts Schools),
4. USA (Community Colleges, Public/Private University)
5. Malaysia (Private University) တွေမှာ ပညာဆက်လက်သင်ယူနိုင်သလို တခြားလိုအပ်တဲ့ စာရွက်စာတမ်းပြည့်ပြည့်စုံစုံတင်ပြပေးနိုင်တဲ့ ကျောင်းသားတွေဆိုရင် English-Trackနဲ့ သင်ကြားပေးတဲ့
6. Japan Private Universityအချို့မှာ ပညာဆက်လက်သင်ယူနိုင်တာ ရှိနိုင်ပါတယ်။

▣ ကျောင်းသားအနေနဲ့ကလည်း ပညာရေးရည်မှန်းချက်ကြီးမယ်၊ မိဘတွေဆက်ပြီး ပံ့ပိုးပေးမယ့် Budgetကလည်း အတိုင်းအတာတခုရှိထားမယ်၊ ထူးချွန်လို့ ပညာသင်ဆုအချို့ရည်မှန်းပြီး နိုင်ငံကြီးကိုမှ ရွေးချယ်ချင်တာဆိုရင် GED အပြီး OSSDတို့လို Grade 12 ဒါမှမဟုတ် Foundation တခုခု ဆက်ပြင်ဆင်သွားတာမျိုးက Academic အတွက်ပါ ထိရောက်သင့်တော်ပါတယ်။

▣ ဒါမှမဟုတ် ထိုင်း၊ စင်ကာပူလောက်ဆိုရင်လည်း Business/ Management/ IT/CS/Architecture/Interior Design/Interior Architecture/Engineering ဘက်သွားမယ်ဆိုရင် ပြင်ပမှာ vocational သင်တန်းကျောင်းတွေက သင်ကြားပေးတဲ့ certificate ရရုံတင်မဟုတ်ဘဲ ပညာရပ်ကပေးမယ့် အကြောင်းအရာတွေကိုပါ သေချာ လေ့လာပြင်ဆင်သွားစေလိုပါတယ်။

▣ စာလည်း အတော်ရှည်သွားပြီဖြစ်လို့ ဒီလောက်နဲ့ ရပ်နားခွင့်ပြုပါ။ နောက်ထပ် အချိန်လေးရရင် ရသလို နိုင်ငံတကာ ပညာရေးဆိုင်ရာ ဗဟုသုတတွေကို ကျွန်တော်လေ့လာသိထားသလောက်လေး မျှဝေပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါဉီးမယ်ခင်ဗျာ။

လေးစားမှုဖြင့်
Zaw Hlaing Tun@Ko Zaw

01/09/2023

အမေရိကန်ပညာရေးစနစ်အနှစ်ချုပ်
+++++++++++++++++
ကိုဗစ်ပြီးတဲ့နောက်မှာ မြန်မာသင်ရိုးကနေ နိုင်ငံတကာသင်ရိုးကို ပြောင်းလာကြတဲ့ ကျောင်းသားတွေ မိဘတွေအတွက် သေချာဖို့အတွက် လေ့လာစရာ သိထားစရာတွေများခဲ့ပါတယ်။ ရွေးချယ်မှုလည်း မှန်စေချင်တယ်။ သုံးရတဲ့ ပိုက်ဆံကလည်းများတော့ ထိရောက်စေချင်ပါတယ်။

Hinthar Education ရဲ့အောက်မှာ Hinthar International School (Yangon & Mawlamyine) ဆိုပြီးရှိပါတယ်။ Pearson Edexcel Approved Center တွေဖြစ်ပြီး UK သင်ရိုးကို သင်ကြတဲ့ ကျောင်းတွေဖြစ်ကြပါတယ်။ Hinthar Education ရဲ့အောက်မှာ နောက်ထပ်ကျောင်းခွဲအသစ်တစ်ခုအနေနဲ့ Hinthar American School ကိုထပ်မံတိုးချဲ့လိုက်ပါတယ်။ Hinthar American School က United States, Wisconsin ပြည်နယ်အခြေစိုက် Watertown Unified School District နှင့် eCampus Academy Charter School တို့ပူးပေါင်းတဲ့ပညာရေးအစီအစဉ်အောက်က အသိအမှတ်ပြုခံထားရတဲ့ကျောင်းတစ်ခုဖြစ်ပါတယ်။ ကျောင်းက ဘာတွေသင်မယ်၊ ဘယ်လိုသင်မယ်ဆိုတဲ့အသေးစိတ်ကို နောက်ထပ်ပိုစ့်တစ်ခုနဲ့ရှင်းပြပါမယ်။

UK သင်ရိုးက O Level ရောက်တာနဲ့ မိမိတို့ ဆက်သွားချင်တဲ့ ဘာသာရပ်ကိုပဲယူပြီး ဆက်တက်ရတာမျိုးပါ။ ကျောင်းပေါ်မူတည်ပြီး Science, Arts စသည်ဖြင့် စုံလင်အောင်သင်ကြားပေးသော်လည်း မြန်မာကလေးများအတွက် စာများပြီး ပင်ပန်းပါတယ်။ ၆ ဘာသာပဲယူပြီး လေ့လာရတာတောင် စာတော်တော်လုပ်ယူရပါတယ်။ သက်ဆိုင်ရာ ဘာသာရပ်လမ်းကြောင်းအလိုက် ဘာသာရပ်ဆိုင်ရာကို Deep down ဆင်းပြီး လေ့လာရတဲ့ ပညာရေးစနစ်မျိုးဖြစ်ပါတယ်။ Memorizing ပိုင်းလည်းပါဝင်ပါတယ်။

US ပညာရေးသင်ရိုးကတော့ ၁၂ တန်းအထိ ဘာသာရပ်မခွဲဘဲ အစုံသင်ယူရပါတယ်။ English, Maths, Science, Social Studies, Arts, Music, Language စသည်ဖြင့် ကဏ္ဍတစ်ခုချင်းစီအလိုက် topic သို့မဟုတ် ဘာသာခွဲတစ်ခု မယူမနေရစနစ်နဲ့သွားပါတယ်။ Credit စနစ်နဲ့ လေ့လာသင်ယူရတာဖြစ်တာကြောင့် ကျောင်းသားတွေအတွက် ပေါ့ပါးတယ်လို့မြင်ပါတယ်။ ဥပမာ 1 Credit သင်ရတဲ့ဘာသာရပ်လည်းရှိသလို 0.5 Credit နဲ့ ပေါ့ပေါ့ပါးပါးသွားတာတွေလည်းရှိပါတယ်။ အမေရိကန်သင်ရိုးက လွယ်တယ်လို့ မဆိုလိုပါ။ Analytical Skills + Decision Making Skills အပေါ်မှာအခြေပြုပြီး သင်ယူရပါတယ်။

ဒီတော့ မိမိတို့ကလေးများရဲ့ အားသန်ရာ၊ အားနည်းရာ အခြေအနေအပေါ်မူတည်ပြီး မတူညီတဲ့ ပညာရေးစနစ်များအတိုင်း ကျောင်းထားနိုင်ပါတယ်။ ဒီနေရာမှာ မိဘများဘက်က GED နဲ့ဘာကွာလဲဆိုပြီး မေးစရာရှိလာပါတယ်။

Hinthar American School ကတဆင့် သင်ယူပြီး US High School Diploma ကို ၁၂ တန်းပြီးရင် ရပါမယ်။ ဆိုလိုတာက G9, G10, G11, G12 စသည်ဖြင့် အဆင့်ဆင့်တက်သွားပြီး ၁၂ တန်းအောင်တာနဲ့ High School Diploma (အစစ်) ကိုရပါမယ်။ GED ဆိုတာက အကြောင်းအမျိုးမျိုးကြောင့် ၁၂ တန်းအထိ ပညာသင်ခွင့်မရလိုက်သူတွေအတွက် High School Diploma (နှင့်ညီမျှတူညီသော အောင်လက်မှတ်) ကို ပညာရေးလက်လှမ်းမီစေရန်အတွက် အစားထိုးဖြည့်စွက်ထားတာဖြစ်ပါတယ်။

ဒါကြောင့် Hinthar American School ကနေ High School Diploma ပြီးထားတယ်ဆိုရင် US College / University တွေကို တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပါတယ်။ ယူထားတဲ့ Credit / GPA ပေါ်မူတည်ပြီး Uni အဆင့် / major ရွေးချယ်ခွင့်တို့ကတော့ အနည်းငယ် ကွာဟချက်ရှိနိုင်ပါတယ်။ US High School ကိုလက်ခံသော အခြားနိုင်ငံမှ တက္ကသိုလ်များကိုလည်း High School Diploma ဖြင့် ဝင်ခွင့်ရမှာပါ။

US College / Uni အမြင့်၊ Major အမြင့်တွေလိုချင်ရင် သို့မဟုတ် အချို့သော College / Uni တွေက High School Diploma နဲ့တင်မလုံလောက်ဘဲ SAT / ACT တွေပါ ထပ်တောင်းကြတာတွေလည်းရှိပါတယ်။ SAT + AP ဖြေကြမလား၊ ACT ဖြေကြမလားဆိုပြီး ရွေးချယ်ခွင့်တွေရှိပါတယ်။ SAT + AP ဖြေနိုင်တယ်ဆိုရင် University Credit တွေပါ exemption ရနိုင်ပါတယ်။
မြန်မာကျောင်း G9, G10, G11 စသည်ဖြင့် ပြီးထားသောကလေးများအနေနဲ့လည်း စာလိုက်နိုင်မယ်ဆိုရင် ပြောင်းတက်သည်ဖြစ်စေ၊ အတူတွဲတက်သည်ဖြစ်စေ US ကျောင်းမှအတန်းများကို တက်နိုင်ကြပါတယ်။ O level ပြီးထားသော ကလေးများအနေနဲ့လည်း G11 / G12 ကိုဆက်လက်တက်ရောက်ပြီး US G12 ပြီးဆုံးခြင်း High School Diploma ရနိုင်ပါတယ်။

ပညာရေးအတွက် အသေးစိတ်တိုင်ပင်လိုပါက ကျောင်း Page, Messenger တို့မှ ဆက်သွယ်လို့လည်းရသလို လူကိုယ်တိုင်လာပြီးလည်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Contact
Hinthar International School
Yangon (789 Campus) – No. 586, 2nd Floor, Dhamar Yone Street, Hlaing Township (09894332299)
Yangon (O + A Campus) – No. 666 B1, Mya Kan Thar (2) Lane, Kamayut Township (09894332200)
Malwamyine Campus – No. 70, Upper Main Road, Mayangone, Mawlamyine (09257706465)

31/08/2023

GED 2-months Intensive Online Class
=============================
GED သင်ယူထားပြီး GED ဖြေဆိုတော့မည့် ကျောင်းသား၊ ကျောင်းသူများအတွက် Hinthar American School က GED နှစ်လသင်တန်း (GED 2-months Intensive Class - Online) ကို မတ်လတွင် အောက်ပါအတိုင်း ဖွင့်လှစ်ပေးရန် စီစဉ်ထားပါသည်။

၂၀၂၃ အောက်တိုဘာလမှစတင်ပြီး နှစ်လသာဖွင့်လှစ်မည့်အတန်းဖြစ်ပါသည်။ တစ်ဘာသာလျှင် စာသင်ချိန် ၂ နာရီဖြင့် စုစုပေါင်း ၈ ချိန်သင်ကြားမည်။ သင်တန်းကြေးတစ်ဦးကို ၄ သိန်း။ အွန်လိုင်း Zoom အတန်းဖြစ်ပါသည်။

တစ်တန်းလျှင် အယောက် ၂၀ အထိသာ လက်ခံပါမည်။ GED အခြေခံသင်ကြားထားပြီး စာမေးပွဲဖြေဆိုတော့မည့် ကျောင်းသားများ ဦးစားပေးတက်ရောက်ခွင့်ပြုပါမည်။

ဤအတန်းကို ရန်ကုန်က GED အတွေ့အကြုံရှိ ဆရာများဖြစ်ကြသော Sayar Sam Smith နှင့် Sayar Pyae Phyo Kyaw တို့က ဦးဆောင်သင်ကြားပါမည်။ ကျောင်းအပ်လက်ခံနေပါပြီ။
ကျောင်းအပ်ရန်နှင့် အသေးစိတ်ဆက်သွယ်ရန်အတွက် 09 894 33 22 00 သို့လည်းကောင်း၊ Comment သို့မဟုတ် Page Messenger တို့မှလည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 666 B1, Mya Kan Thar (2) Lane
Yangon