Bora El Fashion Design Academy

Bora El Fashion Design Academy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bora El Fashion Design Academy, School, Yangon.

Photos from Bora El Fashion Design Academy's post 14/04/2024

🍂The art of creating Maxi elegant dress to be perfect.
Maxi dress based on different body shapes and sizes is truly a magical work.

ဒီနေ့ နှစ်သစ် အမှတ်တရ
Sharing Knowledge ပေးချင်တာကတော့
Maxi Elegant Dress
ဖန်တည်းတဲ့နေရာမှာ ဘယ်လို လိုအပ်ချက်မျိုးတွေရှိနိုင်လဲ?

🍀 တကယ်တော့ Designer ဆိုတာ အနုပညာကိုဆန်းသစ်စွာဖန်တည်းတတ်သူတွေပါ၊
Designer တယောက်ဖြစ်ဘို့အဓိကလိုအပ်ချက်ကတော့
နည်းပညာတွေကို စဉ်းစားတွေးတောတတ်တဲ့ ဉာဏ်ရှိနေဘို့ပါဘဲ၊

🍀ကျမတို့တတွေ ဟာသင်တန်းပေါင်းများစွာဘယ်လောက်ဘဲတက်ရောက်ပြီးသင်ကြားလေ့လာခဲ့ပါစေ၊

ကိုယ်တိုင်ဖန်တည်းရမဲ့အဝတ်အထည်တွေဟာ design အမျိုးအစားတခုတည်းမဟုတ်တဲ့အတွက် up to date Modernize trendy ဖြစ်တဲ့ dress တွေမြင်လိုက်တာနဲ့ ဖန်တည်းတတ်ဘို့ဆိုတာ
များစွာလေ့လာဘို့ လိုအပ်ပါတယ်၊

🍂 ခန္ဓာကိုကျစ်လစ်သေးသွယ်တဲ့ Body Shape ,
ဖွံဖြိုးစွင့်ကားနေတဲ့ Body Shape
အချိုးအစားမညီတဲ့ Body Shape

အမျိုးသမီးအများစုရဲ့
Body Frame တွေဟာမတူညီကြပါဘူး၊

သင်တန်းကသင်ပေးလိုက်တဲ့ Formula တွေဟာ Basic. အတွက်အဆင်ပြေပေမဲ့ အဆင့်မြင့် luxurious dress တွေကို

တိတိကျကျ သေသပ်စွာ ဖန်တည်းဘို့ ပြည့်စုံလုံလောက်တဲ့ပညာရပ် တော့
မဖြစ်သေးပါဘူးရှင်၊

🍀Fashion Designer Field ဆိုတာများစွာကျယ်ပြန့်ပြီး အမြဲဆန်းသစ်တီထွင်ဖန်တည်းခြင်းတွေနဲ့ယှဉ်ပြိုင်မှု့တွေရှိနေတဲ့နေရာပါ၊

🍁ဘယ်လောက်တော်တဲ့ဆရာဆီကဘဲသင်ယူခဲ့ပါစေ၊ကိုယ်တိုင်ဖန်တည်းနိူင်စွမ်းရှိတဲ့ Fashion အမြင်မရှိရင် အရမ်းခက်ခဲတဲ့ပညာရပ်တခုပါ၊

အင်္ကျီတော့ဖြစ်လာမယ်
ပုံမကျဘူး
ယိုင်ရွဲ့နေတယ်၊
ကြည့်လိုက်တာနဲ့ smart & elegant ဖြစ်မနေဘူး

ဒါမျိုးအခက်အခဲတွေမဖြေရှင်းတတ်ရင်
Professional Designer မဖြစ်လာနိုင်ပါဘူး၊

ချုပ်ပြီးမှ မှားသွားတယ်၊
ဘယ်ကစပြန်ပြင်ရမှန်းမသိဘူး၊
online ကပြထားတဲ့အတိုင်းချုပ်ကြည့်တာဘဲမရဘူး၊

အစရှိသဖြင့်အခက်အခဲနဲ့ လှို့ဝှက်ချက်တွေများစွာရှိနေတတ်တာ အသေအချာပါ၊

Maxi Elegant Dress ဖန်တည်းတဲ့နေရာမှာပိုကြုံရတတ်ပါတယ်၊

🍂အပေါ်ပိုင်းက Bustier နောက်ကျောပြင်ကျယ်နဲ့ ခါးသိမ်းပြီးတဆက်တည်းအောက်ပိုင်းဂါဝန်ရှည်အဖြစ်ဖန်တည်းတဲ့နေရာမှာ Pattern ဆွဲနည်းများစွာရှိပါတယ်၊
ဘယ်နည်းက အဆင်အပြေဆုံးလဲ?

🍁သူများ ဆွဲထားတဲ့နည်း
အတိုင်းဆွဲလိုက်တာထက် ကိုယ်တိုင်လေ့လာစဉ်းစား ကြိမ်ဖန်များစွာ
ဆွဲကြည့်တာက အဆင်ပြေတဲ့ Dress တထည်ဖြစ်ဘို့ပိုအထောက်အကူရစေမှာပါ၊

Maxi Dress လိုမျိုး

ခြေမျက်စ်ိရှည်အထိ ကြမ်းပြင်ပေါ်မှာ ခြေလှမ်းလိုက်တိုင်း ဝဲကားပြန့်လွင့်နေတဲ့ Design မျိုးတွေကို ဖန်တည်းတဲ့အခါ ပျော့ပြောင်းနူးညံ့တဲ့ Fabric ကိုသုံးရတာများပါတယ်၊

🌿 Bustier Croptop ကို No Bra pattern ဆွဲရတဲ့အခါ ဝတ်တဲ့သူက Comfortable and Safe ဖြစ်ဘို့
Smart ကျဘို့အတွက် အထူးဂရုစိုက်ရမှာပါ၊

Body Frame Shape သဘောတရားကို လေ့လာပြီး Dart ကစားတတ်နိုင်ဘို့ကအဓိကလိုအပ်ချက်ပါ၊

ဒေါက်ဖျောက်ပြီး Draping တွန့်ယူခြင်း
ဟာ များစွာ
လှို့ဝှက်ချက်ရှိတဲ့ ပညာရပ်ပါ၊

Bust cup နဲ့ joy အဆက်တွေ နေရာ၊2 mm လောက်လွဲရုံနဲ့ ရင်သားနေရာ ဂျိုင်းနေရာတွေဟနေတတ်လို့ပါ၊
ဒါဟာအကြီးမားဆုံး point တခုဖြစ်သလို

🌿ကိုယ်ရေးဆွဲလိုက်တဲ့ Pattern က အပေါ်နဲ့ အောက်တခြမ်းစီရေးဆွဲမှာလား ?တဆက်တည်းလား?

ဒီနေရာမှာလဲ လှို့ဝှက်ချက်များစွာနဲ့ဒေါက်ကစားတတ်ရပါမယ်၊

🍁တင်မရှိတဲ့သူအတွက်လား?
တင်ကားတဲ့သူအတွက်လား?
Body Frame ကောက်ကြောင်း မြင်အောင်ကြည့်ပါ၊လေ့လာပါ၊

များသောအားဖြင့်ကြုံရတဲ့ပြသနာက ခါးအဆက်နေရာနဲ့ ဗိုက်သားအောက်ခြေ ဆီးခုံနေရာအောက်နားမှာ တွန့်နေတတ်တာပါ၊

(Mini Skirt အများစုမှာတွေ့ရတာမျိုး)
ဒီလိုပြသာနာတွေဖြေရှင်းတတ်ဘို့အတွက်
များစွာလေ့ကျင့်ပါ၊
အကောင်းဆုံးနည်းလမ်းက

🍀Draping Fabric ကိုအသုံးပြုပြီးလိုချင်တဲ့ပုံစုံကိုမရမချင်းဖန်တည်းယူပါ
Size မျိုးစုံအတွက်၊

ဆွဲသားမဟုတ်ဘဲ ပုံမှန် Fabric တွေနဲ့ Body Shape ပေါ်လွင်အောင် တိကျစွာ ယူတတ်တဲ့အထိ လေ့ကျင့်ပါ၊

အပ်ထိုးရုပ် figure and Body shape scale မမှန်တဲ့ Brand တွေအသုံးပြုရင်
လိုအပ်ချက်တွေရှိနေတာကြုံရတတ်ပါတယ်၊

🍀ပုံယူပြီးမှ Paper Pattern ပေါ် အကြမ်းပြန်ကူးယူရတဲ့ပညာရပ်ကတော့ နဲနဲ မှော်ဆန်ပါတယ်၊
ဒါပေမဲ့နောက်တကြိမ် မပင်ပန်းတော့ဘူးပေါ့၊

🍀 အကြမ်းဖျဉ်းရရင် နောက်ထပ်paper ပေါ်မှာ Body Scale အတိုင်း တိကျမှန်ကန်အောင် အချောသတ်ပြန်ဆွဲပြီးမှ Fabric အပေါ်ကူးယူခြင်းဟာ
အကောင်းဆုံးနည်းပညာဖြစ်ပြီး အမှားနည်းပါတယ်၊

🍂လုံးဝပြင်စရာမလိုတဲ့ Pattern မရှိနိုင်ဘူးဆိုတာမဟုတ်ပါဘူး၊

လုံးဝပြင်စရာမလိုအောင် perfact ဖြစ်အောင် ဆွဲသားနိုင်တဲ့နည်းပညာလိုအပ်ချက်ကို ရှာမတွေ့လို့ပါ၊

🍀 International Brand Fashion Dress တွေမှာ ချုပ်ရိုးများစွာမပါသလို
သီစရာဖြေစရာ ချုပ်ရိုးတွေလဲမထားရှိပါဘူး၊

အရမ်း smart ကျတယ်.
Comfort and Elegant ဖြစ်တယ်၊
Look က luxury dress ဖြစ်မှန်း ကြည့်ရုံနဲ့သိတယ်၊

သူတို့လဲ Designer
ကျမတို့လည်း Designer
သူတို့လုပ်နိုင်ရင် ကျမတို့ရော ဘာလို့မလုပ်နိုင်ရမလဲ?

အသုံးပြုတဲ့ ပိတ်စ ချင်းမတူညီလို့မဟုတ်ဘူး၊
ဖန်တည်းရေးဆွဲနိုင်စွမ်းရှိတဲ့နည်းပညာရပ် လိုအပ်ချက်တွေကွာခြားလို့ပါ၊

Professional Designer ဆိုတာ
များများလေ့လာရမယ်
များများဖန်တည်းရမယ်
များများလေ့ကျင့်ရမယ်၊

အချိန်၊ငွေ၊ဉာဏ်ပညာ များစွာရင်းနှီးမြှုတ်နှံပြီးမှော်ဆန်တဲ့ အတတ်ပညာရဲ့ လှို့ဝှက်ချက်တွေ တွေ့အောင်ရှာနိုင်ဘို့

🍁လေ့ကျင့်ပါ
🍁သင်ယူပါ
🍁လေ့လာပါ
🍁ဖန်တည်းကြည့်ပါ၊

Trust myself.

Professional Designer
RaEl ( Mya Sandar)
Owner of BORA EL Fashion Brand.

(14.2.2024)

Photos from Bora El Fashion Design Academy's post 12/02/2024

🍀Professional Designer ပါလို့
Self -Confidence ဖြစ်ဘို့ အများကြီးလိုအပ်ချက်ရှိပါတယ်၊

ဒါတွေကတော့ဘယ်လိုအကြောင်းအချက်တွေပါလဲ?
🍂ဒီနေ့ Sharing လုပ်ကြည့်မယ်နော်၊

BORA EL Brand ကိုတည်ထောင်တဲ့ Founder တယောက်အနေနဲ့အတွေ့အကြုံတွေ များစွာ အခက်အခဲများစွာတွေ့ခဲ့ရတယ်၊

ကျမက Brand တခုကိုအကျိုးအမြတ်အတွက်ဦးစားပေးထုတ်လုပ်ချင်တဲ့ Businesses Woman တယောက်တော့မဟုတ်ပါဘူး၊

🍂အရမ်းကိုအသေးစိတ်ပြီးတိကျသေသပ်တဲ့ Quality လက်ရာမျိုး မရမချင်းဘယ်လောက်ဘဲကြာပါစေ၊
ဘယ်လောက်ဘဲဆုံးရှုံးမှု့ကိုရင်ဆိုင်ရပါစေ ၊အချိန်ပေးထုတ်ပါတယ်၊

ပထမဆုံး Product ဖြစ်တဲ့ Couple set ဆိုရင် မိန်းခလေးဝတ် Crop top Bustier design pattern က ဆွဲရတာအခက်အခဲရှိပါတယ်၊

ပိန်ပိန် ၊ဝဝ ဘယ်လို ခန္ဓာကိုယ်နဲ့မဆို ကွက်တိချပ်ကပ်ရပ်နေဘို့
လှုပ်ရှားလိုက်တဲ့အခါ ရင်သားတွေနေရာရွေ့မသွားဘို့
ဂျိုင်းနေရာဟမနေဘို့နဲ့
Fabric နှစ်ထပ် ကို No Bra ပုံချုပ်ရတဲ့
အတွက် လိုအပ်တဲ့နေရာတိုင်းဒေါက်ဖျောက်ပြီးစားထားတဲ့ Design မျိုးပါ၊

အပိုင်း 10ပိုင်း 10ပွိုင့်ကိုပြန်ဆက်တဲ့အခါ တပိုင်းနဲ့တပိုင်းနေရာရွေ့လို့မရပါဘူး၊

ဒါကို Sewing worker တွေနားမလည်သလို Professional Designer တွေပါလို့နာမည်တပ်ထားတဲ့ချုပ်ရုံတွေကလည်း သဘောမပေါက်ပါဘူး၊

Pattern တခုတည်းအတူတူညှပ်ပေးတာတောင် ပြန်ထွက်လာတဲ့အခါ ခါး Size မျိုးစုံ၊ ရင် Size မျိုးစုံထွက်လာတာတွေ့ရပါတယ်၊

🍃ဟုတ်ကဲ့ အင်္ကျီတော့ဖြစ်ပေမဲ့ ချပ်ကပ်ရပ်ကွက်တိမဖြစ့်တော့ဘဲ ရင်နေရာတွေ ဂျိုင်းတွေဟ ကုန်ပါတယ်၊

☘️ဒီနေရာမှာချုပ်ရုံတွေကတာဝန်ခံမှု့က ပြန်ပြင်ပေးမယ်ပေါ့၊

ကျမကမေးပါတယ်၊
ဘယ်နေရာကလွဲနေလို့ ဘယ်နေရာကစပြင်မှာလဲလို့ ?

☘️သူတို့က ဖြေပြီးသီပေးမယ်တဲ့?
ဘယ်နေရာကလဲ?ဘေးချုပ်ရိုးမပါတဲ့အထည်ကို သီလိုက်တာနဲ့နောက်ခြမ်းကျဉ်းပြီ၊

တပွိုင်းချင်းပြန်ဆက်တဲ့အခါ 1 cm ချုပ်ရိုးကြောင်းကို ကျမပေးထားပါတယ်၊
ဒါပေမဲ့တကယ်ချုပ်ကြတော့ချုပ်စာကိုမကြည့်ပါဘူး၊
ချုပ်စာတကြောင်းစာကို 1cm အစား
0.8 cm
0.7cm ဖြစ်သလိုထားချုပ်မယ်ဆိုရင်
ဆက်ရမဲ့ Pattern စုစုပေါင်း အပိုင်း ၁၀ပိုင်း ပြန်ဆက်တာနဲ့ 2cm Scale ကွာသွားပါပြီ၊

Bustier ဆိုတာကိုယ်ကျပ်အကျီပုံစံပါ၊
ပြန်ဖြည်ရင်၁၀ပိုင်းလုံးဖြေရတာပါ၊

အကုန်လွဲမှားတဲ့ Scale နဲ့ထွက်လာတဲ့အထည်အားလုံး Sample အဆင့်မှာတင်ကျမအရှုံးခံလိုက်ရပါတယ်၊

ကျမ လုံးဝမထုတ်ဘဲ အရှုံးခံလိုက်တာ
တစ်ရုံနှစ်ရုံမကပါဘူး၊
သူတို့ပြောတဲ့အမြင့်လိုင်းဆိုတာ ဘယ်လို Standard မျိုးလဲကျမ မသိပါဘူး၊

🍀နောက်ကျောခြမ်းကိုဆက်တဲ့အခါ ဒေါက်အတိုင်းမဆက်ထားဘဲ ပိတ်စနှစ်စ ဆက်သလို ဆက်ပြီးပိုတာကို ကပ်ကျေးနဲ့ညှပ်ထုတ်လိုက်လို့ ခါးဆက်ကြောင်းတက်သွားပြီးလိမ်သွားတာ ဖောင်းသွားတာမှာကိုလည်းမတွေးခဲ့ကြပါဘူး၊

☘️ကျမ local စက်ရုံတွေမှာမအပ်ဖြစ်ခဲ့ပါဘူး၊
Sample အဆင့်မှာ
သူတို့ကြိုက်တဲ့ဈေးအတိုင်းသောင်းဂဏန်းပေးတာတောင်မရခဲ့ပါဘူး၊

🍂Pattern ပေးတယ်၊
Sample ပေးတယ်၊ချုပ်နည်းပြတယ်၊

ဒါပေမဲ့ ကိုယ့်ကို ကိုယ် Professional Designer ပါလို့ယုံကြည်ချက်ရှိနေတဲ့
အထည်ချုပ်ရုံထောင်ထားတဲ့သူတွေတောင်တကယ်လက်တွေ့မှာ မချုပ်နိုင်ခဲ့ပါဘူး၊

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ကျမ စဉ်းစားကြည့်လာမိတယ်၊
သာမာန်အပ်ထည်နဲ့ Designer လက်ရာဟာ ဘယ်လိုမှမတူညီနိုင်ပါဘူး၊

🍂🍂
မြန်မာပြည်ကနာမည်ကြီး Designer တွေရဲ့လက်ရာ သိန်းချီပေးရတာ တန်ပါတယ်၊

ဘာကြောင့်လဲဆိုတော့ လှပသေသပ်ချပ်ကပ်ပြီးပုံကျနေတဲ့အင်္ကျီတထည်ဖြစ်ဘို့ လှို့ဝှက်ချက်ကို သိဘို့ သူတို့ကြိမ်ဖန်များစွာကြိုးစားအားထုတ် ရှာဖွေထားခဲ့ရသူတွေဖြစ်တဲ့အတွက် တန်ဘိုးကြီးမားပါတယ်၊
ပညာရဲ့တန်ဘိုး
အချိန်ရဲ့တန်ဘိုး
ဉာဏ်ပညာ ဆိုတာအဖိုးမဖြတ်နိုင်တဲ့အရာပါ၊

ဒါလေးကို....ဒီလောက်တောင်ပေးရတယ်လို့ အံ့ဩတကြီးဖြစ်မယ်ဆိုရင်
ဒီလို ပုံစံကျဘို့ သင်ကိုယ်တိုင်ဖန်တည်းကြည့်ပါလို့ အရင်ပြောရမှာပါ၊

ဒါကြောင့်ဆုံးဖြတ်ချက်တခုကိုခိုင်မာစွာချဖြစ်ခဲ့တယ်၊

🌾BORA EL က ထွက်လာတဲ့ Fashion Design မှန်သမျှ ကို
ကျမကိုယ်တိုင်ရေးဆွဲနိုင်ဘို့ အဆင့်မြင့် 6D Draping Fashion Designer ပညာရပ်ကို Vietnam မှာသွားရောက်သင်ယူလေ့လာခဲ့ပါတယ်၊

🍂☘️ Vietnam Designer Teacher Hai ကိုရွေးချယ်ရတဲ့အကြောင်းရင်းက ဆရာက Sewing Worker အဆင့်နဲ့ Tailoring လုပ်ပြီး professional Designer ဖြစ်လာသူမဟုတ်ပါဘူး
Paris,Tokyo
Thailand .Vietnam Fashion University တွေမှာ Fashion Design နဲ့ပါတ်သက်တဲ့ ဘွဲ့ပေါင်းများစွာရတဲ့အထိ ကြိုးစားလေ့လာသင်ယူပြီး တပည့်ထောင်ချီ မွေးထုတ်ထားတဲ့ တကယ်ပညာရှင်အစစ်ပါ၊

Vietnam Fashion Design တွေဟာတကယ့်ကို Trendy ဖြစ်ပါတယ်၊
ခောတ်နဲ့လျော်ညီတဲ့အမြင်တင့်တယ်တဲ့ဆန်းသစ်တီထွင်မှု့မျိုးရှိကြပါတယ်၊

🍀တီထွင်တဲ့အခါ ဘယ်လိုနေရမျိုးမှာမှ ဝတ်လို့မရဘဲ ဆန်းပြားရှုတ်ထွေးနေတဲ့ Design တွေက မြန်မာပြည်မှာသိပ်မအပ်စပ်လှပါဘူး၊

🍀နေရာမရွေး လူမရွေး ဝတ်နိုင်တဲ့ Fashion ဆန်းသစ်မှု့ .
_အရမ်း Smart ကျပြီး မြင်လိုက်တာနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအတိုင်း အတောင့်လိုက် ချပ်ကပ်ရပ်နေတဲ့ Design တွေကိုကျမ သဘောကျတယ်၊

BORA EL Brand ကို perfected ဖြစ်ဘို့
ကျမ အချိန် 3 နှစ်ယူခဲ့ရတယ်၊

🍂Drawing Design
🍁 Sewing Techniques
🍁 Fabric Theory.
🍁Colour combination Theory.
🍁Advertising.
🍁Photoshop.
🍁Make up
🍁Model stylist
🍁Photo studio and advertising

ကျမရဲ့ Brand Logo ကအစ ကျမရဲ့စိတ်ကူး အတိုင်းကျမ ကိုယ်တိုင်ရွေးချယ်နိုင်အောင် နည်းပညာရပ်များစွာကိုလေ့လာသင်ယူခဲ့ရတယ်၊

ကျွမ်းကျင်ဝန်ထမ်းတွေမွေးထုတ်ခဲ့ရပါတယ်၊

စိတ်တိုင်းကျ Training ပေးထားတဲ့ ဝန်ထမ်းတွေနဲ့ မျက်စိအောက်မှာတင် ထုတ်တယ်၊ချုပ်တယ်၊ကြီးကြပ်ပါတယ်၊

🍂ဘယ်လောက်ဘဲတထည်လုံးနီးပါးချုပ်ထားပါစေ၊ပုံစံမကျမချင်း ကျမ ဖြည်ခိုင်းပြင်ခိုင်းပါတယ်၊
Sample တထည်ထွက်ဘို့ လနဲ့ချီပြီးအချိန်ယူပါတယ်၊

☘️ကျမရဲ့ဖန်တည်းမှု့ကို ကျမရဲ့ Customer တွေဆီက အရမ်းကြိုက်တယ်၊အရမ်းမိုက်တယ်၊ကွက်တိဘဲဆိုတဲ့ စကားလုံးမျိုးတွေဘဲပြန်ကြားချင်လို့ပါ၊

BORA EL Brand က ထွက်တဲ့ Dress အားလုံးနီးပါးဟာ Body Fit Designer Made Style မျိုးများပါတယ်၊

🍀ဒေါက်ဖျောက်ထားတဲ့နည်းပညာနဲ့ ဆွဲသားထားတဲ့ Design တွေဖြစ်ပါတယ်၊

Local စက်ရုံတွေကနေသမရိုးကျထွက်လာတဲ့ ချုပ်ရိုးချုပ်သားနဲ့မတူကွဲပြားစွာ International Standard မှီအောင်ကြိုးစားထုတ်လုပ်ထားတဲ့အတွက် Quantity ထက် Quality ကိုအဓိကထား ထုတ်လုပ်နေခြင်းဟာ
မြန်မာပြည်မှာ ပညာရှင်တွေရှိနေတာကိုသက်သေပြချင်လို့ပါ၊

🍂ကျမနဲ့အလုပ်အတူလုပ်ဘို့ခန့်ထားတဲ့ ဝန်ထမ်းတွေ အစပထမ မှာအများကြီးရှိပေမဲ့ ကျမလိုချင်တဲ့ စံချိန်နဲ့မကိုက်ညီတဲ့ ဝန်ထမ်းတွေ တဖြေးဖြေးလျော့ချပစ်ခဲ့ပါတယ်၊

တချိန်မှာ ကျမရဲ့ ဝန်ထမ်းတွေဟာ ကျမရဲ့ကိုယ်ပွား ကျမရဲ့ကိုယ်စား Businesses တခုလုံးကို ဦးဆောင်နိုင်တဲ့ Professional Designers တွေဖြစ်တဲ့အထိ ပျိုးထောင်ပေးသွားချင်လို့ပါ၊

🍀 BORA EL Business ဟာ ငွေကြေးအကျိုးအမြတ်နဲ့ အောင်မြင်မှု့ကို ဦးတည်နေတဲ့လုပ်ငန်းမဟုတ်ပါဘူး၊

International Standard Quality ထိ အဆင့်မှီ တဲ့အဝတ်အထည်တွေနဲ့
အဲဒီအဝတ်အထည်တွေကို ဖန်တည်းနိင်တဲ့ Professional Designer တွေကို မွေးထုတ်နိုင်ဘို့ပါ၊

🍂
ကျမဆီမှာပညာယူချင်လို့၊
ကိုယ့်ရဲ့အကျိုးအမြတ်ရဘို့
လူတိုင်းမှာရည်ရွယ်ချက်ကိုယ်စီရှိနေကြတာ မဆန်းပေမဲ့ အဲဒီရည်ရွယ်ချက်ကရိုးသားမှု့ရှိဘို့တော့လိုအပ်တာပေါ့နော်၊

☘️ကျမဆီကနည်းပညာကိုရယူချင်လို့ ဝန်ထမ်းအဖြစ်ခံယူပြီး ကျမ ဆွဲထားတဲ့ Pattern နည်းပညာ၊ပစ္စည်းတွေကိုမသမာတဲ့နည်းနဲ့ခိုးယူပြီး business တခုကို ထောင်ဘို့ကြိုးစားမယ်ဆိုရင်လည်း ကျမကအပြုံးမပျက်ခွင့်လွှတ်လျက်ပါ၊

🍀🍀၊ကိုယ်ပြုတဲ့အကျိုးကိုယ်သာရကြရမှာမလို့ ကျမအတွက်ဆုံးရှုံးမှု့မရှိပါဘူး၊

🍂🍂

ပိတ်စကနေ Brand အဖြစ်ထုတ်ခဲ့ရတဲ့အဝတ် တထည် ဖြစ်အောင်
လုပ်ခဲ့ရတဲ့ Processing Sectors မှာလည်းသူ့နေရာနဲ့သူ အံဝင်ဂွင်ကျ ဖြစ်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို ဘယ်လိုကိုင်တွယ် အုပ်ချုပ်မှာလဲ?
ပျိုးထောင်မှာလဲဆိုတာကလည်း အရေးပါတဲ့ အချက်တခုအဖြစ် စဉ်းစားထားရမှာပါ၊
ကိုယ်ပိုင်အရည်အချင်းဆိုတာ ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်းပါဘဲ၊

🍀ဝန်ထမ်းသတ်လို့ဆုံးရှုံးခဲ့ရတဲ့စီးပွားရေးသမား များစွာရှိသလို

🍀ယုံကြည်မှု့ကိုအလွဲသုံးစားလုပ်ကိုယ်ကျိုးရှာလိုတဲ့ ဝန်ထမ်းတွေနောက်ကထိုးတဲ့ဒါးက ပိုနက်ပါတယ်၊

Business တခု ရေရှည်တည်တန့်ဘို့
ကံ၊ဉာဏ်၊ဝီရိယ အပြင်၊အတတ်ပညာမှန်သမျှ
ကိုယ်ကိုယ်တိုင် တတ်ကျွမ်းနားလည်လေ့လာသင်ယူထားပြီး ခောတ်နဲ့အညီတွေးခေါ်ယူဆတတ်ဘို့၊
ဝန်ထမ်းတွေရဲ့ ပြုမှု့ဆောင်ရွက်ချက်စိတ်နေသဘောထားတွေကိုလဲ အစဉ်တစိုက်လေ့လာသုံးသပ်ကြည့်ဘို့ လိုအပ်ပါတယ်၊

အမြဲတမ်းလေ့လာပါ၊
သင်ယူပါ၊
လေ့ကျင့်ပါ၊
ပြီးတော့ ယုံကြည်မှု့လွန်ကဲခြင်းဟာ များစွာသောဆုံးရှုံးနစ်နာမှု့ကိုဖြစ်စေပါတယ်ရှင်၊

Ra El
Designer &
Founder of Bora El Brand
Photo.( Bora El ’s customer from Africa)

Photos from Bora El Fashion Design Academy's post 12/02/2024

🍂Professional Fashion Designer
ရဲ့အိမ်မက်စိတ်ကူးတိုင်းဟာ အမြဲတမ်းဆန်းသစ် နေတဲ့ အနုပညာလက်ရာတွေဖန်တည်းနိုင်ဘို့ပါ၊

လှို့ဝှက်ချက်ကတော့ Moving Dart Manipulation ပေါ်အခြေခံပါတယ်၊

ဒီနေရာမှာတော့ ပုံသေနည်းတွေ Formula တွေမရှိပါဘူး။
စိတ်ကူးနဲ့ဖန်တည်းရတဲ့အတွေးအခေါ် Idea တွေပေါ်မှာဘဲအဓိက မူတည်ပါတယ်၊

How To Move Dart Manipulation on pattern ?
ဒါဟာ
Designer တယောက်တကယ်ရှိနေသိနေသင့်တဲ့အဓိကအခြေခံပညာရပ်ဖြစ်သလို Professional ဖြစ်တဲ့အထိလဲ ဒီ အယူအဆဟာမတူညီကွဲပြားခြားနားနေမှာပါ၊

🍀 ဒီနေ့ Fashion world မှာ နိုင်ငံပေါင်းများစွာက Fashion designers တွေရဲ့တီထွင်ဖန်တည်းမှု့ဟာ များစွာဆန်းပြားလာကြပါတယ်၊

မြန်မာပြည်အပါအဝင်ပေါ့၊
Professional Fashion Designer ရဲ့ ဖန်တည်းနိုင်မှု့ဆိုတာ တကယ်တော့စိတ်ကူးအနုပညာပါ၊

ဒါပေမဲ့
☘️ကိုယ်တိုင်စပြီး ဖန်တည်းတဲ့အနုပညာလား အတတ်ပညာလား ?

🍀ဆန်းသစ်တဲ့အနုပညာရပ်တွေကိုမှီငြမ်းကိုးကားပြီးတီထွင်ဖန်တည်းနိုင်တဲ့အတတ်ပညာလား ? ဆိုပြီးမတူကွဲပြားခြားနားပါတယ်၊

🍀ဒီ ဗဟုသုတတွေ ဒီနေ့မျှ ဝေပေးပါ့မယ်ရှင်၊

ကျမ ကတော့ Professional Fashion Designer
Ra El ပါ၊
(2004) မှာ တီချယ် Aye Thuzar ကနေ Basic & Advanced level
(2023)မှာ Vietnam နိုင်ငံကိုသွားရောက်ပြီး
Vũ Trần Đức Hải Academy ကနေ
6D Draping Advanced Diploma သင်ယူခဲ့ပါတယ်၊

ကျမရဲ့ရည်ရွယ်ချက်က
🍀 မြန်မာပြည်ကနေ နိုင်ငံခြားက Designer Made Dress လက်ရာထိမှီတဲ့ ထွက်ကုန်မျိုးထုတ်နိုင်ဘို့

🍀နိုင်ငံခြားထိ သွားပြီးပညာသင်စရာမလိုဘဲ Professional Designer တွေအဖြစ်သက်မွေးဝမ်းကျောင်း ပြုနိုင်ဘို့ ပါ၊
အနှစ်၂၀လုံးဖန်တည်းတည်ဆောက်လာတဲ့စိတ်ကူးပါ၊

အနှစ်၂၀လုံး ကျမ အပ်ထည်မချုပ်ပါဘူး၊အရမ်းခင်မင်တဲ့မိတ်ဆွေ နဲ့ဆွေမျိုးတွေပူဆာတဲ့အခါ မှ အပ ပေါ့၊

☘️ Italy ,France, Korea, Japan, Vietnam Designer ပညာရှင်
professional designers တွေရဲ့ Drawing pattern Method နည်းပညာ ရာချီပြီးရှိတဲ့ Download video File တွေကိုလေ့လာလေ့ကျင့်သလို

International University website
online ကနေ အခကြေးငွေနဲ့သင်ယူပြီး
Making Fashion Pattern ပညာရပ်ကို လေ့လာသင်ယူခဲ့တာ ဆယ်စုနှစ်တစုမကခဲ့ပါဘူး၊

သူတို့ဆီက Online Class ဆိုတာ မှီငြမ်းဘို့စာအုပ်တွေကို PDF နဲ့ယူရတာပါ၊
အချိန်ကာလ 6လကြာမြင့်ပြီး
တပတ်ကိုအနည်းဆုံး ၂ပုံ ၊တလကို 8ထည်အပြီးအစီးချုပ်ပြရတာမျိုးပါ၊
မပြီးရင် တပါတ်နဲ့သင်တန်းကထုတ်ပါယ်ပါတယ်၊

နိုင်ငံများစွာက Designer တွေအသုံးပြုတဲ့ Basic Bodice Pattern by centimeter making method တွေဟာ တနိုင်ငံနဲ့တနိုင်ငံမတူညီကြပါဘူး၊

☘️အဲဒီနည်း methodတွေအနက်
ဘယ်နည်းစနစ်ဟာအတိကျဆုံးနဲ့ သပ်ရပ်တဲ့ Body Frame အချိုးအစားအပြေပြစ်ဆုံးရနိုင်လဲဆိုရင်
Bust Body measurement ကိုအခြေပြုပြီးတွက်ချက်ရတဲ့
Japanese Centimeter နည်းပါ၊

နိုင်ငံအသီးသီးက နာမည်ကြီး Designer တွေကိုမေးရင်လည်းဒီအတိုင်းဖြေကြမှာပါ၊

☘️ Basic level နဲ့ Advanced level ထိ ပုံသေနည်းတွေ Scale တွေနဲ့ သတ်မှတ်ပြီးအဓိကကျတဲ့ လက်၊လည်ပင်း၊ကိုယ်လုံး၊အတွက် Design Pattern တွေကို ဘယ်လိုသင်တန်းကျောင်းကနေဘဲ သင်ယူခဲ့ပါစေ ၊ပညာအပြည့်အဝမရနိုင်ကြပါဘူး၊

☘️ချပ်ကပ်ရပ်ပြီး Photoshop Edit လုပ်မထားတဲ့ Dress တထည် အဖြစ်မြင်လိုက်ရုံနဲ့သိစေတဲ့ Designer လက်ရာ ဆိုတာ တော်ရုံ Skill မဟုတ်ပါဘူး၊

ဒါဟာ Designerကြီးတွေရဲ့အသည်းနှလုံးဖြစ်ပြီးသူတို့အစဉ်တစိုက်လေ့လာဖန်တည်း တွေ့ရှိထားတဲ့နည်းပညာဖြစ်လို့ တန်ဘိုးဖြတ်နိုင်မှာမဟုတ်ပါဘူး၊

☘️ဒီနေ့ခေတ် Professional Designer တယောက်အဖြစ်ရပ်တည်ဘို့ ခက်ခဲသလားဆိုရင် ခက်ခဲပါတယ်၊

ကျမ Bora El Brand ကိုစတင်တည်ထောင်စဉ်က Designer များစွာအလုပ်ခေါ်ပါတယ်၊
ဒါပေမဲ့ 🍀ကျမ စိတ်တိုင်းကျတယောက်မှမရခဲ့ပါဘူး၊
တယောက်မှကျမလိုချင်သလိုမဆွဲနိုင်ပါဘူး၊

Fashion Design pattern တခုဟာအကျီထွက်လာမှလိုချင်သလိုဖြတ်ကပ်ညှပ် ပုံကိုပြင်လို့မရပါဘူး၊
ရခဲ့ရင်တောင်တိကျသေသပ်ချပ်ကပ်နေတဲ့ Design မျိုးတော့မဖြစ်နိုင်ပါဘူး၊

Designer တယောက်ရဲ့လက်ရာ ဆိုတာ
Fabric ပေါ်မတင်ခင် Papper, Muslim fabric ပေါ်မှာတင်တိကျသေသပ်စွာ scale ကိုက်ရှိနေရမှာပါ၊

🍀 International Standard Fashion Design Pattern တွေပေါ်မှာချုပ်ရိုးဖြေစရာ၊သီစရာ မပါပါဘူး၊အတိအကျပါဘဲ Body measurement အတိုင်းပေါ့၊

ဒီနေရာမှာ အဓိကကျတာက Dart Manipulation on Bodice ပညာရပ်ပါ၊

အကျီတထည်တင်မက
Skirt ,
ပတ်ထမိန်၊
Dress ချုပ်တဲ့နေရတိုင်းမှာ
Body Frame အချိုးအစားပေါ်မူတည်ပြီး
စားပစ်ရမဲ့ဒေါက်ရှိသလိုပြန်ဖြည့်ပေးရမဲ့ဒေါက်နေရာတွေအများကြီးရှိပါတယ်၊

🍁သမရိုးကျဘေးဒေါက်၊ခါးဒေါက်၊ပခုံးဒေါက်၊တင်ဒေါက် တွေကိုချုပ်ရိုးမပါဘဲဒေါက်တွေအားလုံးဖျောက်ပစ်လိုက်နိုင်တဲ့ လှပသေသပ်တိကျချပ်ကပ်တဲ့ အဝတ်တထည်အတွက်နည်းပညာတကယ်သင်ယူတတ်မြောက်ပြီလား?
🍁ကိုယ်တိုင်ရှာတွေ့ပြီလား?ကြိုးစားလေ့လာသင့်ပါတယ်၊

Online တွေမှာဆရာပေါင်းများစွာသင်ထားတဲ့ Fashion Design Patternများစွာကို ဒီနေ့ခောတ်မှာလေ့လာသင်ယူလို့ရနေတာဟာ မျိုးဆက်သစ်တွေအတွက်အားရစရာပါ၊

☘️ဒါပေမဲ့ ဒါဟာ Perfact ဖြစ်တဲ့ Professional Designer အဆင့်ထိတော့ မဟုတ်သေးပါဘူး၊
သူတို့တွေဟာတနေရာစီမှာတော့ လှို့ဝှက်ချက်ဝှက်ဖဲတွေကိုချန်ခဲ့ကြပါသေးတယ်၊

ခန္ဓာကိုယ်ကောက်ကြောင်း Body Shape သဏ္ဏန်ခြင်း မတူညီတဲ့အတွက်
Ready To wear ထုတ်တဲ့အခါမှာ
ခက်ခဲကြပါတယ်၊

ဘယ်လို Fashion Design မျိုးကိုမဆို မြင်လိုက်ရုံနဲ့
Ready to wear Size မျိုးစုံအတွက် ကို International Standard Quality အတိုင်းထွက်ဘို့ဆိုရင်

Quality ကောင်းတဲ့စက်တွေဘယ်လောက်ဘဲသုံးပါစေ၊
အပ်ချည်အကောင်းစားတွေဘယ်လိုဘဲအသုံးပြုပါစေ၊
🍁အသုံးပြုတဲ့ Fabric နဲ့ Design. ကိုက်ညီမှု့မရှိရင်
🍁ချုပ်ရိုးချုပ်သားလက်ရာမကောင်းရင်
🍁အဆင့်တိုင်းမှာလိုအပ်ရင်လိုအပ်သလိုမီးပူတိုက်ပြီးချုပ်ရိုးခေါက်ရာကိုသေသပ်အောင်မပြုလုပ်ခဲ့ဘူးစေရင်
🍁တိကျသေသပ်တဲ့ Scale နဲ့ ဆွဲနိုင်တဲ့ Designer ရဲ့ Drawing Pattern မှမဟုတ်ရင်
High Standard Quality မရနိုင်ပါဘူး၊

Professional Designer ဆိုတာ ဘယ်လို Design မျိုးကိုဘဲဖြစ်စေ
ဂျိုင်းလက်မောင်းနေရာပွနေတာ၊ကြပ်နေတာ၊တွန့်နေတာ၊လိမ်နေတာမျိုး၊

၊လည်ပင်းပေါက်၊ကျောဘက်ဘယ်လောက်ဟိုက်ပါစေ၊ချပ်ကပ်ရပ်နေတာမျိုး၊ဒေါက်ဖျောက်၊ဒေါက်ပါဘယ်လိုနည်းပညာနဲ့မဆို

ပခုံးဆက်မပါဘဲချပ်ကပ်ရပ်ပြီး လှိုင်းတနေရတောင်မတွန့်နေဘဲ
ကိုယ်ထည်ရင်ဘတ်ပွယောင်းနေတာ၊
တွန့်နေတာ၊ မျိုးမဖြစ်အောင်၊ဖန်တည်းနိုင်ရင်၊

တင်ရဲ့ရှေ့နေရာစကတ်ကတွန့်နေတာ
ဂွနေရာတွန့်နေတာ၊လိမ်နေတာမျိုးမရှိစေဘဲ၊ချိတ်ထမိန် ပတ်ထမိန်ကို စကတ်ထမိန်အတိုင်းအောက်ကားမနေဘဲပွယောင်းမနေဘဲ ဆွဲနိုင်ရပါမယ်၊

ကိုယ်ရေးဆွဲထားတဲ့ pattern ဟာ Perfact ဖြစ်တဲ့ dress တထည်အဖြစ်
ဒါဟာ Professional Designer လက်ရာလားဆိုတာကို
ကြည့်ရုံနဲ့သိနိုင်ပါတယ်၊

☘️အကျီတထည်ဖြစ်ရုံမျှသာ ဆိုရင်စက်ချုပ်တတ်တဲ့ Sewing Worker တိုင်းချုပ်နိုင်မှာပါ၊

🍂Sewing Worker လား ?
Technician လား ၊
Professional Designer လား?

ဆွဲသားပိတ်စမျိုးမဟုတ်ဘဲ မည်သည့်ပိတ်စအတွက်ဘဲဖြစ်စေ ချပ်ချပ်ကပ်ကပ်ကပ်သပ်သပ်ရပ်ရပ်ဖြစ်ဘို့အတွက် pattern အစိတ်အပိုင်းတိုင်းမှာလှို့ဝှက်ချက်ရှိပါတယ်၊ရှာဖွေလေ့လာပါ၊

🍂ကိုယ့်ရဲ့အရည်အချင်းဟာ ကိုယ်ရောက်နေတဲ့နေရာတခုပါဘဲ၊
အမြဲတမ်းနောက်ကျမကျန်ခဲ့ဘို့
ကြိုးစားပါ၊
လေ့ကျင့်ပါ၊
သင်ယူပါ၊
လေ့လာပါ၊

Love & Respect to All Fashion Designers ♥️♥️

Ra El☘️
Professional Fashion Designer
Owner of BORA EL Brand.

Photos from Bora El Fashion Design Academy's post 05/01/2024

🍀What is a fashion designer?
ဖက်ရှင်ဒီဇိုင်နာဆိုတာဘာလဲ။
☘️Am I a designer?
ငါ ဒီဇိုင်နာဖြစ်ပြီလား?

ဒီနေ့ Share knowledge ပေးချင်တဲ့ အကြောင်းကတော့
Fashion Designer ဖြစ်နိုင်ပြီလား ?ဆိုတဲ့ Topic ပါ၊

☘️ ဒီနေ့ခောတ် Fashion Designer ဆိုတဲ့ ခေါင်းစဉ်အောက်မှာသက်မွေးဝမ်းကြောင်းပြုရပ်တည်လာကြသူတွေများလာကြပါတယ်၊

Fashion သင်တန်းကျောင်းကဆင်းတိုင်း Designer ဖြစ်ပြီလား?
တချို့က သင်တန်းမတက်ခင် မေးကြတယ်၊
Certificate ပေးလား?

ဒီ Topic ဟာ အရေးပါတဲ့အကြောင်းတရားဖြစ်လို့ ပထမဆုံးဝေမျှပါရစေ၊
အမှန်တရားဟာ တခါတလေ ခါးသည်းတတ်ပေမဲ့လဲ အမှန်ကိုသိမှပြင်ဆင်နိုင်မှာမဟုတ်လား?

ကျမ သာ သင်တန်းသူဆိုရင်တော့
☘️
Certificate ပေးမှာလားလို့မေးချင်ရင်
အဲလိုမေးမဲ့အစား
🍁 ဆရာက ကျမရဲ့အရည်အချင်းနဲ့ထိုက်တန်တဲ့ Certificate ကိုရနိုင်တဲ့ထိ

လှပသေသပ်စွာအနုစိတ်ချယ်မှုန်းတတ်တဲ့အနုပညာလက်ရာကို တကယ်သင်ယူတတ်မြောက်အောင်ပညာသင်ပေးနိုင်တဲ့သူဟုတ်ရဲ့လားလို့အရင်မေးမှာပါ၊

ဖက်ရှင်ဒီဇိုင်နာဆိုတာ စက်မှုပိုင်းဆိုင်ရာ၊လက်မှု့ပိုင်းဆိုင်ရာ အတတ်ပညာရှင်များ ဖြစ်ပြီးခောတ်ရေစီးကြောင်းအလိုက် ဆန်းသစ်တဲ့ ပစ္စည်းများနှင့် အထည်များ၊ အပ်ချုပ်နည်းပညာများနှင့် အထည်ချုပ်တည်ဆောက်မှုဆိုင်ရာ အသိပညာများကို အသုံးပြု၍ အဝတ်အထည်များကို တီထွင်ဖန်တီးသူတွေပါ၊

သင်ယူတတ်မြောက်ထားတဲ့ပညာ၊လေ့လာဆည်းပူးလေ့ကျင့်ထားတဲ့စိတ်ကူးတွေအတိုင်းအဝတ်အထည်ကုမ္ပဏီများ သို့မဟုတ် သေးငယ်သော သီးခြားဒီဇိုင်းအညွှန်းများအတွက် ဖန်တည်းပေးနိုင်သူတွေဖြစ်ဘို့ ရင်းနှီးခဲ့ရတဲ့အချိန်၊ ငွေကြေး၊စိတ်ခွန်အား တွေအများကြီး ပေးဆပ်ထားကြသူတွေပါ၊

ဒီဇိုင်နာတွေဟာသူတို့ရဲ့ ဖန်တည်းထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေကို ဖက်ရှင်ချစ်သူတွေအတွက် တန်ဆာဆင်ယင်ပေးနိုင်ရုံသာမကဘဲ သူတို့ရဲ့အတတ်ပညာတွေကို မျိုးဆက်သစ် တွေအတွက်
အထည်ချုပ်နှင့် အထည်ထုတ်လုပ်ရေးဆိုင်ရာ အတတ်ပညာတွေကိုသင်တန်းများ ပို့ချပေးနိုင်သူတွေဖြစ်တယ်၊

ဒါပေမဲ့ အဲဒီလို ပညာတွေဝေမျှဘို့ဆိုတာ ကျမကိုယ်တိုင် Designer ဖြစ်နေဘို့လိုအပ်တာပေါ့၊
I need plenty of self-confidence to be a good Designer.
Belief or trust in ones own power.

ကျမရဲ့ ဆရာ Vietnam Famous Designer Teacher Hai ဆိုရင် Tokyo.Paris.Thailand. Vietnam Fashion University တွေကနေ ဘွဲ့ယူခဲ့ပြီး Fashion Design နဲ့ပါတ်သက်သမျှ knowledge, skill အားလုံး Perfact ဖြစ်တဲ့ထိ နှစ်ပေါင်းများစွာလေ့လာခဲ့သူ၊လေ့ကျင့်ခဲ့သူတယောက်ပါ၊

ကျမရဲ့ဆရာဟာ မနက် ၉နာရီကနေ ည ၁၀နာရီ သူ့ရဲ့ Office Table မှာ အမြဲတမ်း Up to date Fashion Design တွေကို လေ့ကျင့်နေဆဲ၊လေ့လာနေဆဲ၊အတတ်ပညာတွေဖြန့်ဝေပေးဘို့ သေချာကျနသေသပ်မှန်ကန်တဲ့နည်းစနစ်တွေကို အမြဲဖန်တည်းနေသူပါ၊
Fashion ကိုတကယ် Crazy .ဖြစ်တဲ့ Fashion lover.Fashion Designer ကောင်းဖြစ်ပြီး သူ့ဘဝ တခုလုံးဟာ သူ့စိတ်ကူးနဲ့ပုံဖော်နေတဲ့ Pattern တွေထဲမှာနစ်မြှုတ်နေသူပါ၊

အဲဒီလိုဘဲ

ဆရာဆီမှာ အရမ်းတော်တဲ့ လှပသေသပ်တဲ့အင်္ကျီလေးတွေကို ချုပ်လုပ်ပေးနိုင်သူတယောက်ရှိတယ်၊
သူ့ရဲ့လက်ရာကအရမ်းအနုစိတ်တယ်၊
သူ့ရဲ့ထူးခြားချက်ကတော့ သူဟာ Air panနဲ့ မှတ်သားပြီးပေကြိုးကို ကြိမ်ဖန်များစွာအသုံးပြုတိုင်းတာချုပ်လုပ်တာကိုတွေ့ရတယ်၊
သူ့ရဲ့ချုပ်ရိုးတိုင်းဟာ အရမ်းညီညာလှပသေသပ်လို့ ကျမက သူ့ကိုအားကျတယ်၊

You are a good designer.
လို့ကျမကချီးကျူးတော့ သူက
No.I am not a designer.
I am a only sewing worker technician .တဲ့၊
ဟုတ်တာပေါ့
စက်ချုပ်တတ်သူလား?
Designer လား ဆိုတာ အဲဒီမှာသေချာသဘောပေါက်သွားတယ်၊

☘️အင်္ကျီဖြစ်အောင်ချုပ်တတ်သူနဲ့

🍀ခောတ်နဲ့အညီဆန်းသစ်တဲ့ဖက်ရှင်တိုင်းကို မြင်ရုံနဲ့ဖန်တည်းချုပ်လုပ်ထုတ်လုပ်နိုင်သူ

ဒီနှစ်ယောက် က မတူညီတဲ့ရပ်တည်မှု့ကိုယ်စီနဲ့ရှင်သန်နေသူပါ၊

ဒါကြောင့် 🌱🌱
သင်ယူပါ၊
လေ့လာပါ၊
တွေးပါ၊
စိတ်ကူးတွေ့နဲ့ဆန်းသစ်ဘို့ ကြိမ်ဖန်များစွာလေ့ကျင့်ပါ၊

ဒါမှသာ သင်ဟာ Fashion Design Creation Skill Certicate နဲ့ထိုက်တန်သူဖြစ်ပါတယ်၊

I am a Fashion Designer .လို့
Trust and belief on myself, my skill,my ability.
Okey.

🍀🍀What is a fashion designer?

A fashion designer follows industry trends, materials and fabrics; He creates garments using sewing techniques and knowledge of garment construction.
They are those who can create for clothing companies or small specific design labels according to the knowledge they have learned and the ideas they have studied and practiced.

Designers are not only able to adorn their creations for fashion lovers, but also pass on their skills to the next generation.
Courses are often taught in sewing and garment manufacturing skills.

ယုံကြည်ပါ၊
ကိုယ့်ရဲ့လက်ရာဟာ ကိုယ့်ရဲ့အနုပညာ၊
ကိုယ့်ရဲ့တန်ဖိုးပါ၊

ချစ်တဲ့ Mya Sandar (Ra El)
Fashion Designer & Founder
BORA EL Fashion

Love and respect all of Fashion Designers.

Photos from Bora El Fashion Design Academy's post 04/01/2024

☘️What is Fabric?
Which kinds of fabric can be used for sewing a dress?
☘️What are the best qualities of a designer?

၀တ်စုံ ချုပ်တဲ့အခါ ဘယ်လိုသင့်လျော်တဲ့ ပိတ်စကို အသုံးပြုမလဲ ☘️
ဒါဟာ Designer တယောက်ရဲ့ ဖန်တည်းမှု့မှာပထမဆုံး အရေးပါတဲ့ စဉ်းစားရမဲ့အချက်ပါ၊

🌱ပိတ်စ ရဲ့သွင်ပြင် ဒီ ဇိုင်းပေါ်မူတည်ပြီး ဘယ်လို ပုံစံမျိုး ဖန်တည်းတည်ဆောက်ရမလဲ ဆိုတာ အရင်စဉ်းစားသင့်သလား?
🌱ဒါမှမဟုတ် ဖန်တည်းထားတဲ့ Design နဲ့လိုက်ဖက်မဲ့ Fabric ကိုရွေးချယ်သင့်တာလား?

ဘယ်ဟာက ပိုအဆင်ပြေမလဲ?
ကျမရဲ့စိတ်ကူးကို မျှဝေပါရစေ၊📢

🍃မြန်မာပြည်ရဲ့ပိတ်စ ဈေးကွက် တွေအကြောင်းအရင်စပြီး Share မယ်နော်၊

မြန်မာပြည်မှက ပိတ်စဝယ်တော့မယ်ဆိုရင်အများအားဖြင့် ရောင်းတဲ့သူဟာ သူရောင်းတဲ့ပိတ်စဟာ
ဘယ်လိုအမျိုးအစားလဲ?
Name က ဘာလဲ ?ဆိုတာ တကယ်မသိတဲ့သူများသလို မင်းသမီးတယောက်ဝတ်ရင် အဲမင်းသမီးနာမည် အဆင်လို့ဘဲအလွယ်တတ်ခေါ်ကြတာများပါတယ်၊

♥️ဒါကြောင့်မလို့ Designer တယောက်ဖြစ်ဘို့အတွက် အဓိကလိုအပ်ချက်တခုဖြစ်တဲ့ ပိတ်စတွေအကြောင်းကို လုံးဝလေ့လာထားသင့်တယ်ထင်ပါတယ်၊

ရာသီဥတုနဲ့ကိုက်ညီမဲ့အဝတ်အထည်မျိုးကို ဦးတည်မှာလား?
ဒါမှမဟုတ် Luxurious dress ကိုဖန်တည်းမှာလား?
Daliy wear လား.?
Office dress လား?
Party dress လား?

✔️ကိုယ့်ရဲ့ Target တခုကိုအကောင်အထည်ဖော်တဲ့နေရာမှာဖြစ်မနေ ပထမဆုံးဖန်တည်းရမှာက
Fashion Illustrations ပါ၊
စိတ်ကူးတွေကိုအရင်အကောင်အထည်ဖော်ကြည့်ပါ၊
ပြီးရင် Colour ,အရောင် ဒီ Designer ဟာ ဘယ်လို colour နဲ့မှ လိုက်ဖက်မှာလဲ၊?
ပိန်သူအတွက်လား၊
ဝဖြိုးသူအတွက်ဆိုရင်ရော သင့်တော်မလား?

▪️ပိတ်စမဖြစ်ခင် စိတ်ကူးကိုအရင်လက်တွေ့ဖန်တည်းနိုင်တဲ့ Illustrations
သင်ယူပါ၊ ကြိုက်သလောက်ပြင်၊
စိတ်တိုင်းကျပြင်နိုင်တယ်ပေါ့နော်၊

ကျမတို့ Designer ဆိုတာ Customer ရဲ့ အလှတရားအတွက် ပေါ်လွင်လိုက်ဖက်မဲ့ အနေအထားကို ရှူ့ထောင့်အမျိုးမျိုးကနေ ကြည့်တတ်ဘို့လိုပါတယ်၊

Idea အတိုင်း Papper ပေါ်မှာစိတ်ကြိုက် ဒီဇိုင်း ၊အရောင် ကို Body shape ပေါ်မူတည်ပြီး ဖန်တည်းတည်ဆောက်ယူနိုင်တဲ့အရည်အချင်းမျိုးရှိနေသင့်ပါတယ်၊

ဒီအရည်အချင်းကတော့တချို့က မွေးရာပါ ပါရမီရှင်တွေဖြစ်သလို တချို့ကတော့လေ့လာသင်ယူပြီးတတ်မြောက်ထားဘို့လိုအပ်ပါတယ်၊

🔸နိုင်ငံတကာကဖန်တည်းထားတဲ့ Designers တွေရဲ့လက်ရာတွေ YouTube, Pinterest , Google များပြားလှတဲ့ Websites တွေ ကျမတို့အသုံးပြုလို့ရတယ်၊လေ့လာလို့ရတယ်၊
စိတ်ကြိုက်ပုံဖော်လို့ရတယ်၊

တခါတရံမှာ ကိုယ်ဆွဲထားတဲ့ ပုံစံငယ်တခု ဆိုကြပါစို့၊

🔹ဥပမာ၊ Green Fabric နဲ့ဖန်တည်းလိုက်တဲ့အခါ အရမ်းဆွဲဆောင်မှု့ရှိတယ်လို့ထင်ရပေမဲ့ ခရမ်းရောင် ၊အဝါ​ရောင် ပြောင်းသုံးလိုက်တဲ့အခါ Design က နုတ်သွားတာ၊မှိန်သွားတာ၊မဖမ်းစားနိုင်တော့တာမျိုး တွေ့ရလိမ့်မယ်၊

တကယ်လဲ လက်တွေ့ Dress ဖြစ်လာတဲ့အခါ Colour ၁၀ရောင်ထွက်ပေမဲ့ ဘယ်လိုမှရောင်းမထွက်ဘဲကျန်နေတဲ့ အဝတ်အထည်မျိုးတွေ ကြုံဘူးကြမှာပေါ့နော်၊

🔹ဒါကြောင့် မဖန်တည်းခင် တည်းဖြတ်ပါ၊
လေ့လာပါ၊
Sliky Fabric နဲ့အသုံးပြုမှ တိမ်တိုက်လိုလွင့်မျောမဲ့ dress လှလှလေးကို Cotton လို Martin လို ပိတ်စနဲ့ချုပ်လို့မရဘူးလား?

မရပါဘူး၊အင်္ကျီ တော့ဖြစ်လာချင်ဖြစ်လာမယ်၊ပုံကျပြီး smart ကျတဲ့ design တော့မဖြစ်နိုင်ပါဘူးရှင်၊

🌿သိန်းကျော်တန်ဈေးကြီးပေးနေရတဲ့ Dress တွေ ၊ဘာလို့ အမြင်မှာဖမ်းစားနိုင်လဲ?
ခပ်တောင့်တောင့်၊Style ကျကျ၊ဝတ်လိုက်တာနဲ့ luxurious dress မှန်း၊Designer လက်ရာမှန်းဘာလို့မပြောဘဲသိနိုင်လဲ,?

🍂 ဟုတ်ကဲ့၊ ▫️
အသုံးပြုထားတဲ့ Fabric. Colour, pattern. Sewing Stich .
အရမ်းအနုစိတ်သေသပ်စွာဖန်တည်းထားတာပါ၊

Vietnam Designer. အများစုပေါ့နော်၊
ကျမရဲ့ classmate တွေဟာနာမည်ကြီး Designer တွေပါ၊
သူတို့အသုံးပြုတဲ့ ပိတ်စတွေဆိုရင် အနည်းဆုံးကော်ပိတ် ၂ထပ်လောက်ကပ်ထားပြီး အောက်ခံအသုံးပြုတဲ့ပိတ်စဆိုရင် BKK ကထုတ်တဲ့ ပြောင် Shirt ချုပ်တဲ့ပိတ်စမျိုး၊ မြန်မာပြည်မှာအသုံးမပြုကြသေးပါဘူး၊ပါးပေမဲ့ နူးညံ့ပြီးချောမွေ့နေတဲ့ အသားမပူတဲ့ပိတ်စမျိုးရွေးကြတယ်၊

🔸သူတို့ရဲ့ Brand တွေ Colour တောက်ပတဲ့အရောင်ရင့်တွေသိပ်အသုံးမပြုဘူး၊
ခရမ်းပုတ်ရင့်၊ဖက်ဖူးစိမ်း၊ပန်းဆီရင့်၊အဝါထိန်တောက်၊သိပ်မတွေ့ရဘူး၊

🔸နူးညံ့သိမ့်မွေ့ပြီးအသက်အရွယ်မရွေး
ဆွဲဆောင်ဖမ်းစားနေတဲ့ Design Fashion တွေ နေ့တဓူဝဖန်တည်းထုတ်လုပ်နေကြတာ တွေ့ရတယ်၊
သူတို့ဆီက Fabric Mall မှာ Fabric မျိုးစုံလေ့လာနိုင်တယ်၊ဝယ်ယူနိုင်တယ်၊

🔸 Fashion Illustrations မှာဖန်တည်းကြည့်လို့အဆင်မပြေရင် မပြေတဲ့ပိတ်စမသုံးဘူး၊
Fabric ကိုအသုံးပြုထားတဲ့အသား ၊
Rayon. Nylon. %ဘယ်လောက်ပါလဲ၊
ရာသီဥတုနဲ့ကိုက်ညီမလား၊
ရေချလိုက်ရင် ကျုံ့သွားမလား?
ကြာရင်အသီးထမလား?
အရောင်ကျွတ်မလား?

🍀ကိုယ်ထုတ်လိုက်တဲ့ကုန်ပစ္စည်းတန်ဘိုး၊ဟာ ကိုယ့်ရဲ့အနုပညာ လက်ရာတန်ဘိုးပါ၊

Dress ဝယ်တဲ့သူကို သူပေးလိုက်ရတဲ့ဈေးနဲ့တန်ဘိုးညီမျှတဲ့Quality မျိုး
ဘယ်လိုပြန်ပေးမလဲ?
ဒါဟာ Designer တယောက် ထည့်သွင်းစဉ်းစားရမဲ့အဓိကအချက်ပါ၊

တန်ဘိုးရှိတဲ့ပိတ်စကိုသုံးပြီး
ချုပ်ရိုးမသေသပ်ရင်၊
ဖန်တည်းထားတဲ့ pattern က Body structure နဲ့အံဝင်ဂွင်ကျမဖြစ်ရင်
အဲဒီ Brand ဟာ ဈေးကွက်ထဲမှာ ခိုင်မာတဲ့နေရာတခုရနိုင်ဘို့ခဲယဉ်းမှာပါ၊

ပြီးတော့ ကိုယ့်ရဲ့အနုပညာအရည်အချင်း ဟာဖန်တည်းလိုက်တဲ့ ဝတ်စုံပေါ်မှာ ပေါ်လွင်ထင်ရှားအဆုံးအဖြတ်ပေးလို့ရနိုင်ပါတယ်၊

ဒါကြောင့် Fashion Designerက
သူရဲ့စိတ်ကူးကိုမဖန်တည်းခင် ပြင်ဆင်လေ့လာထားသင့်တဲ့ အရေးပါတဲ့ Fabric တွေအကြောင်းဝေမျှလိုက်ပါတယ်နော်၊

Deciding which type of fabric to make an item with is an important decision, as fabrics can have countless qualities. From natural to synthetic fibers and from knit to woven, here’s a look at different fabric types and how to identify them.

☘️☘️☘️☘️Fabric
When sewing a dress, you must choose the appropriate fabric.

The most important thing to consider is the fabric. It determines the overall design and beauty of your outfit.

🍀If you choose silk, you obviously want your garment to have a soft and sophisticated look.

🍀 If you choose chiffon for your material; You will get sensual and slim beauty.

🍀Cotton is environmentally friendly and durable, but must be washed and ironed regularly.

🍀Organza and linen are two examples of different fabrics. Organza is a silk or silk-like fabric, while linen is a fabric woven using the fibers of the flax plant.

🔹Type of fabric▪️

Natural☘️
This means that the fabrics are created from natural sources, for example: cotton, denim, silk, linen and wool.

Synthetic☘️
This means that the fabrics are created using man-made fibres, for example: polyester, nylon, acrylic, Spandex, jersey and microfibre.

Fabrics are either natural, synthetic or a combination of both so the qualities of the fabrics are combined. For example:

☘️ Cotton is natural and is cool to wear, yet creases easily.

☘️ Polyester is synthetic and is hot to wear, yet is crease-resistant.

☘️ Poly Cotton is a mixture of the two to combine both qualities, so is cooler to wear than polyester and is more crease-resistant than 100% cotton. It is a very common fabric choice for clothing
This means that the fabrics are created using man-made fibres, for example: polyester, nylon, acrylic, Spandex, jersey and microfibre.

☘️☘️☘️☘️
▪️Kinds of Fabric

1.🔹Linen

Linen has always been an integral part of clothing. This natural fiber combines almost every feature you would want to see in clothing. Durability, absorbency, smoothness, and sustainability are the main features of linen. As it comes from flax, linen is also stronger than many other fabric types that we have compiled in this list.

While it is a bit more expensive, linen is a reliable fiber that is an inseparable part of the apparel industry.

2.🔹Silk

Silk is the embodiment of luxury in the world of fashion. It offers a gentle touch on the skin and has a shiny structure that is the best for high-end dresses. While it is an item of expensive clothing both for mass production and sewing projects, this natural fabric has a certain attractiveness to it.
Produced from the fibers received from silkworms, it is also quite durable, reliable, and strong. We often see it in formal attire, luxurious bedding, and other garments of high-end fashion.

3.🔹Cotton

Cotton is a natural fabric that is known for its soft and breathable structure. It is one of the most commonly used clothing materials in the clothing industry. It is also a great fabric for personal sewing and knitting projects.

4.🔹Satin

Satin stands out among other fabric types with its soft and shiny texture. It has many different weaving techniques that make it a rich clothing material. We often see this fabric, which is a major textile weave, in the production of gowns, corsets, lingerie, skirts, blouses, and various other garments in womenswear.

5.🔹Velvet

Made from tufted fibers, velvet is another fabric that we often see in high-end fashion. We use this luxurious material not only in clothing but also in furniture and various other household elements. Thanks to its soft and unique touch, velvet is an attractive fabric that has been a symbol of wealth in the past. It also catches the eye with its shiny pile effect as well.
Velvet goes through a quite complex process of production that makes it more expensive than other fabric types.

6.Damask☘️

It is a reversible, jacquard-patterned fabric, meaning that the pattern is woven into the fabric, instead of printed on it. The fabric’s design is created through the weave, which is a combination of two different weaving techniques—the design is woven using a satin weave, while the background is achieved through a plain, twill, or sateen weave. Damask patterns can be either multi-colored or single colored. Damasks can be made from a variety of different textiles, including silk, linen, cotton, wool, or synthetic fibers, like rayon.

7.🔹Hemp

It is one of the most versatile materials in the industry. It has a wide range of uses in various fields. It is also commonly used by various clothing brands as it is one of the strongest fabrics. It is also a natural fiber that is a lot more absorbent than most of its rivals.
It is important to note that it is the first choice of manufacturers who utilize sustainable methods. On top of its eco-friendly nature, it is quite resistant and very reliable against issues we often see in other fabrics.

8.🔹Spandex

Made from polyurethane, spandex is one of the most popular synthetic fabrics. Its most known feature is incredible elasticity and durability. Spandex clothes firmly embrace the skin and allow flexibility. This highly stretchable material also has two names, lycra, and elastane.

We usually see spandex in sports, themed costumes, and various underwear.

9.🔸Lyocell

It Is another synthetic fiber that is definitely more sustainable than other chemically produced fabrics. This incredibly durable and comfortable clothing material is often used in the production of shirts, blouses, and pants. It is possible to see lyocell in sportswear products as well.

10.Tweed.☘️

Tweed is a rough woven fabric usually made from wool. The fibers can be woven using a plain weave or twill weaves. It is an extremely warm, hard-wearing fabric that is thick and stiff. Wool tweed is often woven using different colored threads to achieve dynamic patterns and colors, frequently with small squares and vertical lines. Tweed is very popular for suiting and jackets, which were originally made out of the material for hunting activities.

11.🔹Chiffon

Chiffon is a lightweight fabric which is associated with elegance and luxury; it drapes well and has a shimmery and sheer appearance. Under a magnifying glass, chiffon resembles a fine net or mesh, which gives it some transparency. Chiffon can be produced out of natural or synthetic fibres.

12.🔹Polyester

Polyester is a synthetic fabric made from petrochemicals and various other fossil energy components. A great number of manufacturers depend on polyester as it can be used in a wide variety of clothes and garments. This man-made fabric is also resistant to wrinkles and it is quite cheap and very durable. It does not wrinkle easily and does a great job of keeping the body warm.

13.🔹Wool

Wool is another natural fiber that we obtain from a wide variety of animals. It has been commonly used since ancient times. And the source of this reliable fiber is sheep, llamas, goats, and alpacas.

Wool is known for its warm, breathable and durable structure. It is especially suitable for low temperatures as it wicks moisture and traps heat.

14.🔹Crepe

CrĂŞpe is a silk, wool, or synthetic fabric with a distinctive wrinkled and bumpy appearance. CrĂŞpe is usually a light-to- medium-weight fabric. CrĂŞpe fabric can be used to make clothes, like dresses, suits, blouses, pants, and more. CrĂŞpe is also popular in home decor for items like curtains, window treatments, and pillows.

15.Lace☘️

Lace is a delicate fabric made from yarn or thread, characterised by open-weave designs and patterns created through a variety of different methods. Lace fabric was originally made from silk and linen, but today cotton thread and synthetic fibers are both used. Lace is a decorative fabric used to accent and embellish clothing and home decor items. Lace is traditionally considered a luxury textile, as it takes a lot of time and expertise to make.

16.🔹Leather

Leather is a natural fabric that is made from animal skins. As a popular clothing material that is a source of various controversies, we often see it in the production of outer wear alongside boots, belts, and jackets. We mostly see it in accessories as well.

17.Cashmere. ☘️

Cashmere is a type of wool fabric that is made from cashmere goats and pashmina goats. Cashmere is a natural fiber known for its extremely soft feel and great insulation. The fibers are very fine and delicate, feeling almost like a silk fabric to the touch. Cashmere is significantly warmer and lighter than sheep’s wool. Often cashmere is made into a wool blend and mixed with other types of wool, like merino, to give it added weight, since cashmere fibers are very fine and thin.

18.Denim ☘️

Denim is a strong cotton fabric made using a twill weave, which creates a subtle diagonal ribbing pattern. The cotton twill fabric is warp-facing, meaning that the weft threads go under two or more warp threads, and the warp yarns are more prominent on the right side.

19.🔸Bamboo.

It is one of the most environmentally friendly fabrics. Among the 15 types of fabric, it has great features that make it a preferable choice for clothing. It is especially suitable for people with sensitive skin.
Clothes made from bamboo are soft, breathable, antibacterial, and hypoallergenic. It does not trigger various issues like heat rash and skin irritations as well.

20.Organza☘️

Organza is a lightweight, sheer, plain-woven fabric that was originally made from silk. The material can also be made from synthetic fibers, primarily polyester and nylon. Synthetic fabrics are slightly more durable, but the fabric is very delicate and prone to frays and tears. Organza is also characterized by very small holes throughout the fabric, which are the spaces between the warp and weft thread in the plain-weave pattern. The quality of organza is defined as the number of holes per inch—more holes indicate better quality organza. Organza is extremely popular for wedding gowns and evening wear, as it is shimmery and translucent quality which creates decadent silhouettes.

21🔹Chenille.

Chenille is the name for both the type of yarn and the fabric that makes the soft material. The threads are purposefully piled when creating the yarn, which resembles the fuzzy exterior of the caterpillar. Chenille is also a woven fabric that can be made from a variety of different fibers, including cotton, silk, wool, and rayon.

22.Twill. ☘️

Twill is one of the three major types of textile weaves, along with satin and plain weaves. The distinguishing characteristic of the twill weave is a diagonal rib pattern. Twill weaves have a distinct, often darker colored front side (called the wale) with a lighter back. Twill has high thread count, which means that the fabric is opaque, thick, and durable.

23.Jacquard.🍀

It is a fabric has a design or motif woven into the construction of the weave. Jacquards come in an array of designs, from dramatic ornamental damasks, to florals, stripes, chevrons, or geometric patterns.

24.🔹Nylon

Nylon is one of the most useful synthetic material with applications varying from day-to-day life activities to industries. Nylon is plastic that can easily be drawn into fibres. It can easily be moulded into daily products for making amenities.

25.🔹Taffeta.

Taffeta is a crisp, plain-woven fabric made most often from silk, but it can also be woven with polyester, nylon, acetate, or other synthetic fibers. Taffeta fabric typically has a lustrous, shiny appearance. Taffeta can vary in weight from light to medium and in levels of sheerness, depending on the type of fiber used and the tightness of the weave. Taffeta is a popular lining fabric, as the material is decorative and soft, and it is also used for evening wear and home decor.

26.Poplin🍀

Cotton Poplin fabric is a type of poplin that is soft, breathable, and easy to dye because it is made from cotton fibers.

Poplin made from cotton differs from other poplin fabrics in that it is made or blended from cotton fibers. Cotton fibers are fibrous, soft, spongey and hairy. This means that cotton fabrics, like Cotton Poplin, feel comfortable and cool to the touch, and allow hot air to escape from underneath.

27.Suede. ☘️

Suede is a type of leather made from the underside of the animal skin, giving it a soft surface. Suede is usually made from lambskin, but it is also made from other types of animals, including goats, pigs, calves, and deer. Suede is softer thinner, and not as strong as full-grain, traditional leather. However, suede is very durable, and due to its thin nature, it’s pliable and can be molded and crafted easily. Suede is used for footwear, jackets, and accessories, like belts and bags.

28.🔹Canvas.

Canvas is a plain-weave fabric typically made out of heavy cotton yarn and, to a lesser extent, linen yarn. Canvas fabric is known for being durable, sturdy, and heavy duty. By blending cotton with synthetic fibers, canvas can become water resistant or even waterproof, making it a great outdoor fabric.

29.Gingham☘️

Gingham fabric is a form of medium to lightweight cotton blends woven to include check, plaid or other striped patterns. The plain strip gingham was the original design of this popular fabric. Still, over time, it changed to have checks and plaid patterning.

30.🔹Jersey

Jersey made from cotton is highly absorbent as it carries the best sides of cotton in its structure. Moreover, it is quite breathable which will allow your skin pores to receive airflow during hot summer days.

31.🔹Muslin၊

Muslin is a smooth and loosely woven fabric that comes in different thicknesses. This plain-weave cotton fabric stands out with its lightweight structure.
Its soft touch, we often see muslin in baby clothes like rompers and onesies. It is especially a great summer clothing material as it allows airflow.

32.Fleece☘️

Fleece is a synthetic insulating fabric typically made from a type of polyester called polyethylene terephthalate (PET) or other synthetic fibres. It is very comfortable due to its light weight and anti-perspiration qualities, and allows moisture to evaporate while blocking humidity from the outside.

ချစ်သောသူများနဲ့ Designers အားလုံး မနက်ဖြန်တိုင်းမှာ ပိုပြီးတော်နိုင်ကြသူတွေဖြစ်ကြပါစေ🌼

Designer အားလုံးကိုလေးစားလျက်

Ra El ☘️ Mya Sandar
Designer & Founder
BORA El Fashion.

5.4.2024

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon
11091