01/11/2022
Admin လဲ ဒီကြားထဲ မအားတာနဲ့ page လေးကို update မလုပ်နိုင်ဘူးဖြစ်နေတာ.
သတင်းကောင်းတခုက Visa အောင်သွားတဲ့ Admin team ထဲကတယောက်လဲ ဂျာမနီရောက်လာတော့ အလုပ်တွေကပိုရှုပ်နေတာ.
ဒီတယောက်ကျတော့ လွယ်လွယ်နဲ့ရခဲ့တာတော့မဟုတ်ဘူး. Germany Student Visa ကတော့ တော်တော်များများ Documents တွေစုံရင်ကို ရဖို့ Chance ကများတယ်.အခုတယောက်ကတော့ REJECT ထိခံရတယ်.
Reject ထိခံရတာကလဲ
1.အသက်30ကျော်တာရယ်,နောက်
2.Academic year gap တော်တော်ကွာတာကြောင့်ဆိုပြီး reason ပေးတယ်.
ဒါနဲ့ Admin တို့လဲ Appeal letter တွေဘာတွေ တင်တာပေါ့.အဲ့ဒီနောက်တော့ 1လလောက်ကြာတယ် Process က.
အဲ့လို Appeal တွေတင်ရင် သံရုံးကနေတော့ သေချာကို Interview ခံရတယ်. ကို့ဘက်ကတော်တော်လေးကို ပြင်ဆင်ထားလို့ နောက်ဆုံးတော့ Visa Granted ရခဲ့တာ.
Germany Student Visa အတွက်လဲ Page မှာလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်.
Congratulation
herzlichen willkommen in Deutschland 🇩🇪
24/09/2022
Did you know??
Liechtenstein ဆိုတာက ဥရောပမှာ စတုတ္ထအသေးဆုံးနိုင်ငံတခုဖြစ် ပြီး ဆွစ်ဇာလန်နှင့် သြစတြီးယားကြားရှိ အဲလ်ပ်တောင်တန်း (The Alps) ၏အလယ်တွင် တည်ရှိနေတာ ဖြစ်ပါသည်။ မြို့တော် ကတော့ Vaduz ဖြစ်ပါတယ်.
နိုင်ငံကတော့ EU အဖွဲ့ထဲကမဟုတ်ပေမဲ့ (Schengen Area) ထဲတော့ ပါဝင်ထားပါတယ်. Currency အနေနဲ့က (Euro) ယူရိုငွေကိုလည်း လက်ခံသော်လည်း နိုင်ငံရဲ့ official တရားဝင်ငွေကြေးမှာ Swiss francဆွဇ်ဖရန့်ဖြစ်သည်။
နိုင်ငံသေးတယ်ဆိုပေမဲ့ တစ်ဦးချင်းဝင်ငွေ GDP သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင်အချမ်းသာဆုံးနိုင်ငံဖြစ်ပါသည်.
Ref:
https://en.wikipedia.org/wiki/List_of_countries_by_GDP_(nominal)_per_capita
https://op.europa.eu/webpub/com/short-guide-eu/en
21/09/2022
Page ကနေ လုပ်ပေးနေပြီးနော်
လိုအပ်တဲ့လူတွေ page မှာ မေးမြန်းနိုင်သလို
09768987102/ 09772826373က်ုလဲ ဆက်သွယ်နိုင်ပါတယ်
16/09/2022
Zoom meeting လေးကိုအောက်ပါ speakers များမှ 18.09 (တနင်္ဂနွေ)
ညနေ 6-8 အချိန်အတွင်း knowledge sharing လေးလုပ်ပေးသွားပါမယ်.
*******
Join Zoom Meeting
https://us04web.zoom.us/j/2494468343...
Meeting ID: 249 446 8343
Passcode: a52qkL
11/09/2022
ဂျာမနီ မှာ အခွင့်အလမ်းတွေဘယ်လိုရှိလဲ ဘယ်လိုတွေသူတို့လာကြလဲ ဆိုတာ ဂျာမနီရောက်မြန်မာကျောင်းသားတွေရဲ့ အတွေ့အကြုံတွေ ကို Zoom meeting လုပ်ပေးဖို့ရှိပါတယ်.ဒီ meeting မှာ University (bachelor, Master), Scholarship , Ausbuildung အကြောင်းအပြင် Germany ရဲ့ living cost တွေ part-time တွေအကြောင်းတွေပါ sharing ပေးသွားမှာပါ.
** အခုပြောမဲ့လူတွေက အကုန်လုံး လက်ရှိဂျာမနီရောက် မြန်မာကျောင်းသားတွေဖြစ်ပါတယ်.
Meeting ကိုစိတ်ဝင်စားရင်ဆိုတော့ အောက်က form လေးမှာဖြည့်ပေးပါ.လူစာရင်းနဲ့ ကြည့်ပြီး zoom meeting လေးပြုလုပ်ပေးမှာဖြစ်ပါတယ်.
အချိန်နဲ့ရက်ကို ဒီ page မှာ ကျွန်တော်တို့ ပြန်ပြောပေးပါမယ်.
👇👇👇👇👇
https://forms.gle/kmLpZZtD9AKcFpPw8
Cost: FREE ENTRY
04/09/2022
Blocked Account
Germany ကိုကျောင်းလာတက်မယ်ဆိုရင် Bachelor or Master ဘာဟာမဆို Block Account(BA) ဖွင့်ဖို့လိုပါလိမ့်မယ်.
သံရုံး Visa ဝင်ရင်လဲ BA ကမပါမဖြစ်လိုပါတယ်.Block account privider ကတော့ အများကြီးရှိတယ် Coracle, Fintiba,etc,...
ကျွန်တော်ကတော့ Coracle ကို Recommended ပါ. သူက ဖွင့်ခ 59 Euros နဲ့ အတူကျန်တဲ့ Monthly Fees မရှိပါဘူး.
Coracle prime ဆိုတဲ့ program ကို ရွေးရင် အကုန်ပါပီသား Blocked Account, Health insurance, travel insurance.သူက Bachelor နဲ့ Master ကျောင်းသားတွေအတွက် လုပ်ပေးထားတာ.
Health insurance ကတော့ ကျွန်တော်က TK ရွေးတယ်. သူကသက်သာတယ် နောက်ပီ Eng language နဲ့လဲ service ရှိတယ်ဆိုတော့ တခြားဟာထပ် ပိုလွယ်တယ်.
Coracle Prime မှာပဲ ရွေးရတာ ပြီးရင် online ကနေ Account ဖွင့်ဖို့လိုအပ်တဲ့ကိုယ်ရေးအချက်အလက် ဟာတွေဖြည့်. အကုန်အစုံဖြည့်ပြီးရင်သူတို့ပို့လာလိမ့်မယ် Banking Name, Number တွေ.အဲ့ကျ ကိုယ်တွေက ပိုက်ဆံလွှဲလိုက်ယုံပါပဲ. ပိုက်ဆံလွှဲရင်လဲ ဘယ်ကလွှဲလွှဲရပါတယ် မြန်မာပြည်ကမှ မဟုတ်ပါဘူး.
👇👇👇👇
https://www.coracle.de/
30/08/2022
Germany ရောက်လာခဲ့ရင်အသုံးဝင်မဲ့ Software လေးတွေ ကြို install လို့ရအောင်.
Medical & Emergency Service
Police: 110
Ambulance and fire services: 112
--------------
VRR app
သွားရေးလာရေး Bus, S-bahn တွေရဲ့ ခရီးစဉ်းအကုန်သူကရှာဖွေနိုင်ပါတယ်.
Google map က အမြဲ update မဖြစ်နိုင်သလို ခရီးဝေး အတွက်လဲ VRR ကပိုပီ reliable ဖြစ်ပါတယ်.
--------------
DW learn German
DW သတင်းဌာနရဲ့ German စာ lesson တွေကို Topic အလိုက်အစုံအလင်ရှိပါတယ်.ဒါကလဲ phone ထဲမှာ မရှိမဖြစ်တခု အနေနဲ့ install လုပ်ထားသင့်ပါတယ်.
--------------
ebay
ပစ္စည်းအမျိုးစုံကို ဈေးသက်2သာ2 ဝယ်လို့ရနိုင်မဲ့နေရာပါ. ကောင်းတဲ့ second hand တွေကိုလဲ အဲ့မှာရှာပီဝယ်လို့အဆင်ပြေပါတယ်.
--------------
MeinProspekt
Shopping malls တွေရဲ့ Discount တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့အတွက် သူကအသုံးဝင်ပါလိမ့်မယ်.ဘယ်မှာတော့ Discount ရှိတယ် sale ချနေတယ်ဆိုတာ သိမယ်ဆိုရင် အသုံးစရိတ်ကို ကာမိပါလိမ့်မယ်.
--------------
Too good to go
သူကျတော့ မုန့်ဆိုင်, စားသောက်ဆိုင်တွေကနေ အပို,ရောင်းမကုန်တဲ့အရာတွေကို Euro5 ကျပ် အထိ ဈေးသက်သက်သာသာနဲ့ကို ရနိုင်ပါတယ်.
--------------
BlaBlaCar
ခရီးဝေးတွေသွားဖို့ရှိလား ရထားလဲမစီးချင်ဘူးဆိုရင်တော့ ဈေးအတင့်သင့်ကုန်ကျစရိတ်သက်သာတဲ့ ကားဌားတဲ့software လေးပါ. uber တွေလိုတော့ မဟုတ်ဘူး သူကျတော့ ကားကိုယ်ပိုင်သမားတွေက ခရီးဝေးထွက်ဖို့ရှိတယ် သူကြီးပဲဆိုလဲ ဆီဖိုးကမကိုက်ဘူး အဲ့တော့ ကားကြုံလိုက်မဲ့ သူကိုရှာရင်း Win-Win အခြေအနေဖြစ်အောင် လုပ်ပေးမဲ့ software လေးပါ.
--------------
Klarna
သူကျတော့ online ငွေပေးချေတာတွေအစုံရနိုင်ပါတယ်.နောက်ပီ အားသားချက်ရှိတာက installment နဲ့ဝယ်ယူလို့ရပါလိမ့်မယ်.
--------------
Jobvalley
ဒါကတော့ part-time အလုပ်တွေ ရှာလို့ရတဲ့ အလုပ်ရှာပေးတဲ့ Agency တခုပါပဲ.software မှာကျ ကိုအလုပ်လုပ်နိုင်တဲ့အချိန်တွေကို Booking လုပ်ပေးရမှာပါ. အလုပ်ရှာမယ်ဆိုရင် အခုအောက်မှာရှာနိုင်ပါတယ်.
https://www.jobmensa.de/jobsuche/stellenanzeigen
28/08/2022
Living cost in Germany
ဂျာမနီမှာ Living cost ဘယ်လောက်ရှိမလဲ ဆိုတာအကြမ်းဖျင်းလေး သိရအောင် ရေးပေးလိုက်ပါတယ်.
နေစရိတ်
ကျောင်းသားအဆောင်တွေမှာဆိုရင်တော့ Euro 100 ကနေ 300 ဝင်းကျန်အထိ အစားစားရှိနိုင်ပါတယ်. အများနဲ့ Share နေရရင်တော့ Euro 100 ဝန်းကျင်လောက်ပဲရှိပါလိမ့်မယ်.
တယောက်ထဲ အကုန်အပြီးအစီး အပါဆိုရင်တော့ 300 ဝန်းကျင်လောက်ရှိလိမ့်မယ် အဲ့ထဲမှာ အကုန်ပါပြီးသား Wifi ကြေးပါအပါ.
အပြင်မှာဌားနေမယ်ဆိုရင်တော့ Euro 400-500 အောက်ထစ်တော့ပေးရလိမ့်မယ်.
********
အစားအသောက်
German မှာ အစားအသောက်ဈေးကတော့ တော်တော်လေးကို လူတန်းစား အစုံစားနိုင်လောက်အောင်ကို ဈေးကို ထိန်းညှိပေးထားတယ်ဗျ. လူတိုင်းစားနိုင်သောက်နိုင်တဲ့သဘောရှိတယ်. အစားအသောက်အစုံလုံးကို ရေခဲရိုက်, စည်သွပ်ဘူး တွေနဲ့အစုံရအောင် လုပ်ထားပေးတယ်.
** # # # # # # # ***
ဒီမှာဆို အသားတွေ ဈေးက ပိုသက်သာတယ်
ဝက်သား -600g ဆို Euro 3ကျပ်
ကြက်သား(ရင်အုံ - hähnchenbrust) - 1kg ဆို Euro 8.49
ဟင်းသီးဟင်းရွက်ဈေးတွေတော့ဒီမှာဈေးကြီးတယ်.
ကန်စွန်းရွက် - 1.99 Euros
Mango- 1.29 Euros
ကြက်ဥ (10လုံး)- 1.99 Euros
ဂျုံတွေလဲ ဒီမှာ အစားများတော့ ပေါင်မုန့်အမျိုးအစားအစုံ တွေ့ရပါတယ်.ပေါင်မုန့် အလွတ် (good morning) လိုမျိုးတွေက 0.99 - 2ကျပ်အထိ အစားစားရှိတယ်.
Käse - Cheese တွေလဲ အမျိုးအစားစုံပြီးဈေးကပေါပါတယ်.
beverage - Wine /Beer/ Cocktail တို့တော့ Euro 1ကျပ်ကနေ စပြီးရနိုင်တယ် ရေထပ်တောင်ဈေးသက်သာတယ်လို့ဆိုနိုင်တယ်.
သောကြာ,စနေနေ့တွေဆို (Aktion- Promotion) တွေကို 40-50% လောက်ထိ အပတ်တိုင်းဈေးချတတ်တယ်.
ချုံပြီးပြောရမယ်ဆိုရင်တော့ တလကို အနဲဆုံးတော့ ကိုယ်တိုင်ချက်စားမယ်ဆိုရင် Euro 200 အထိ ကုန်နိုင်ပါတယ်.
Shopping malls list
-Kaufland (ဈေးသက်သာ)
-Lidl (ဈေးသက်သာ)
-Netto (သရေစာမုန့်အစုံရနိုင် ဈေးလဲသက်သာ)
-dm (cosmetic)
-Woolworth, TEDlist
-KODi( အိမ်အသုံးအဆောင်)
ဒီဟာလေးကို(MeinProspekt)Playstore မှာ Down ထားပါ ဒီရောက်ရင်အသုံးဝင်ပါတယ်.
20/08/2022
Architecture, Civil သမားတွေ အတွက် Master Degree လေး TU Berlin မှာတွေ့ထားပါတယ်. Course program က Urban Management ပါ. ကျောင်းက Berlin မှာရှိပြီး Europe နိုင်ငံ တွေရဲ့ မြို့ပြဖွဲ့စည်းပုံတွေကို လေ့လာဖို့ရာ အခွင့်ကောင်းပါပဲ.
Target Group- Architecture, Civil Engineering တခြား Fields တွေကလဲ တက်ရောက်နိုင်ပါတယ် အောက်မှာ Requirements လေးတွေကြည့်နိုင်ပါတယ်.
https://www.urbanmanagement.tu-berlin.de/menue/masters_course_urban_management/entrance_requirements_fees/
Requirement:
• Bachelor degree
• IELTS (6)
• 2years experience
Degree: Master of Science in Urban Management
Course Start: Oct 2023
Course Duration: 18 months
Scholarship Deadline: 31 August 2022
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က link မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်.
https://www.urbanmanagement.tu-berlin.de/.../masters.../
Research paper, Report writing, Term paper အတွက် စစ်ဆေးပေးခြင်း,ပြင်ဆင်ရေးသားပေးခြင်း plagiarism စစ်ဆေးပေးခြင်းများကို Page မှာ မေးမြန်းနိုင်ပါသည်.