18/12/2024
-လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပါ။
-အစားကို ဂရုတစိုက်လေးနဲ့ Healthy ဖြစ်တာလေးတေရွေးချယ်စားသောက်ပါ။
-အိပ်ရေးဝဝအိပ်ပါ။
-ဆီကြော်စာများ၊အချိုများသောအစားအစာများ၊အငန်များသော အစားအစာများ တတ်နိုင်သလောက်လျော့စားပါ။
-ရေများများသောက်ပါ။
by Ko Pyae
22/05/2024
ကဆုန်လပြည့်ရက်မြတ်များ
၁။ဗျာဒိတ်ခံယူသောနေ့-လေးအသင်္ချေကမ္ဘာအစ ကဆုန်လပြည့်နေ့၊
၂။ဘုရားဖွားမြင်သောနေ့-မဟာသက္ကရာဇ်(၆၈)ခု ကဆုန်လပြည့်(သောကြာ)နေ့ ။ဘီစီ(၆၂၃)မေလ။
၃။ဘုရားဖြစ်သည့်နေ့-မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်(ဗုဒ္ဓဟူး)နေ့။ ဘီစီ(၅၈၈)မေလ။
၄။ဗုဒ္ဓ၀င်အကျဉ်းဟောသောနေ့-မဟာသက္ကရာဇ်(၁၀၄)ခု ကဆုန်လပြည့်နေ့။ ဘီ(၅၈၇)မေလ။
၅။ပရိနိဗ္ဗာန်စံသောနေ့-မဟာသက္ကရာဇ်(၁၄၈)ခု ကဆုန်လပြည့်(အင်္ဂါ)နေ့။ ဘီစီ(၅၄၃)မေလ။
-ဗုဒ္ဓနေ့(ကဆုန်လပြည့်)အကြောင်းသိကောင်းစရာများ
၁။ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ၀င်တို့၏ နေ့ထူးရက်မြတ်ကြီးဖြစ်ပါသည်။ ထူးခြားချက်မှာ(ဗျာဒိတ်,ဖွားမြင်,ဗောဓီပင်,စံ၀င်နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ပတ်သက်၍
*ဗျာဒိတ်ခံသောနေ့၊
*ဖွားမြင်သောနေ့၊
*ဘုရားဖြစ်တော်မူသောနေ့၊
*ပရိနိဗ္ဗာန်စံသောနေ့၊ စသည့်
ထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုင်နေပါသည်။ ထိုထူးခြားချက်လေးမျိုးနှင့် ပြည့်စုံတော်မူသောကြောင့် “ကဆုန်လပြည့်နေ့”ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။
၂။ဤကဆုန်လပြည့်နေ့တွင် မာန်နတ်ကိုအောင်မြင်တော်မူသောကြောင့် ဤနေ့ရက်ကို “ကဆုန်လပြည့်မာန်အောင်နေ့”အဖြစ်စိတ်အစဉ်တွင် စွဲမြဲနေကြသည်။
၃။ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွာတော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို “ဝိဆစ်ဒေး”ဟုခေါ်ဆ်ုကြပါသည်။(ဝိသာခါဒေးဟုဆိုလိုပါသည်။)
၄။ဗုဒ္ဓဘာသာ၀င်တို့သည် ဘုရားဖြစ်သော နေထူးနေ့မြတ်ကိုအာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြပါသည်။
၅။ဗောဓိပင်သည် သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွာဖက်တော်၇ပါးတွင် စာရင်း၀င်ဖြစ်ခြင်းတု့ကြောင့် ထူးခြားသောသစ်ပင်တစ်မျိုးဖြစ်ပါသည်။
ထိုသို့မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။
၆။မိမိတို့နိုင်ငံ ၁၂ရာသီပွဲတော်များအနက် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။
၇။အသနဗောဓိယမထေရ် အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အပါယ်ဘေးမှကင်းရခြင်း အကျိုးများကိုခံစားရကြောင်း(ထေရာပဒါန်)ကျန်း၌ ဟောကြားထားရှိပါသည်။
၈။ဂန္ဓောဒကတိဿ မထေရ်၏အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံသာရည်ဖြင့်သွန်းလောင်းသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်းစသော အကျိုးများကိုခံစားရပါသည်။
၉။အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာ၀င် သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း၊ ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓဘိသေက မင်္ဂလာသဘင်ဆင်ယင်ကျင်းပ၍ ကုသိုလ်ထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန၊သီလ၊ဘာ၀နာအမှုကို ပြုလုပ်ကာ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အမှတ်တရဆင်နွဲ့ကြပါသည်။
by Ko Pyae
20/05/2024
လူ၁၀ကြည့်လိုက်ရင် ၈ယောက်လောက်က မြန်မြန်ဝိတ်ကျချင်ကြတယ်။
၁လကိုဝိတ်တေအများကြီးကျဖို့ဆိုရင် မိတ်ဆွေတို့ အစားတေဖျက်ရမယ် စားချင်တာမစားရ မျက်နှာတေချောင်ကျ ညဘက်အိပ်ရင်လည်းအိပ်ရေးဝဝအိပ်မပျော်တာတေခံစားရပါလိမ့်မယ်။၃လ၄လလောက်နဲ့ပေါင်ချိန် ၃၀၊၄၀ ကျသွားခဲ့ရင် အသားတေတွဲကျ၊အကျောပျက်တာတေ စတာတွေ အဖြစ်များကြတာ တွေ့ရတတ်ပါတယ်။
ဒါကြောင့် ရေရှည်ကျန်းကျန်းမာမာနဲ့ စိတ်ချမ်းသာစွာနေနိုင်ပြီး ကိုယ်နဲ့ကိုက်ညီမဲ့ Dietကိုပဲရွေးချယ်စားသောက်ပါ။ညဘက်အစာငတ်ခံတာတေရှောင်ပါ။
မိတ်ဆွေတို့ ကျန်းကျန်းမာမာနဲ့ ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့ ကျတော်Ko Pyaeကအကောင်းဆုံးကူညီပေးနေပါတယ်။Cbမှာအသေးစိတ်လာရောက်ဆွေးနွေးမေးမြန်းလို့ရပါတယ်။
by Ko Pyae
16/05/2024
မာဆယ်ထုကြီးပဲ ခန္ဓာကိုယ်ကြီးထွားဖို့ အင်မတန်ခတ်ခဲပါတယ်ဗျ။
ပုံ၂ပုံယှဉ်ကြည့်ရင် များကြီးများကြီးကွဲပြားနေတာတွေ့မြင်ရပါလိမ့်မယ်ဗျ။
ဘယ်ဘက်ကပုံက ကြက်ဥ တနေ့ ၃လုံးလောက်စားပြီး Trainingဆိုရင်လည်း တနေ့ကို ၂နာရီလောက်ကြာပြီး ပေါက်ကရတေဆော့တဲ့ချိန် မသိနားမလည်တဲ့ချိန်ကပေါ့ဗျာ ကြာဖူးနားယောင် ပဲတေ ထမင်းများများစားပြီး ဝိတ်တင်တာပေါ့ဗျာ
ညာဘက်ပုံကတော့ စာတေသေချာလေ့လာပြီး Mind Muscle connectionကောင်းကောင်းနဲ့ Training Programesတခုကိုသေချာလေး Trainဖြစ်တယ် Dietလည်းသေချာလုပ်ဖြစ်တယ်ဗျာ စိတ်ရှည်ရှည်နဲ့ ၃လ၆လလောက် အနည်းဆုံး အချိန်ပေးရတယ်ဗျ။
မိတ်ဆွေတို့ကစားတော့မယ်ဆိုရင် Programeတခုကိုအချိန်ပေးပြီးသေချာဆော့ပါ။
Dietကိုလည်း ရေရှည်ဆွဲဆွဲမြဲမြဲလုပ်ဆောင်နိုင်မဲ့ Dietပုံစံမျိုးကိုရွေးချယ်စားသောက်ပါ။
ပုံစံမှန်မှန်ကစားပါ စိတ်ရှည်ပါဗျ။
နည်းပြတယောက်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ လုပ်ဆောင်ပါ။
by Ko Pyae
15/05/2024
ရက်(၃၀)နဲ့ အနည်းဆုံး၁၀ပေါင်ချမယ်။
တနေ့တာစားသုံးရမဲ့ Meal planများကိုနေ့တိုင်းပြောပြပေးမှာဖြစ်ပါတယ်။
အလေးမလေ့ကျင့်ခန်းများ၊ကာဒီယိုလေ့ကျင့်ခန်းများ၊အကျောလျော့လေ့ကျင့်ခန်းများ၊ဝမ်းဗိုက်ကြွက်သားအတွက်လေ့ကျင့်ခန်းများ၊တင်အတွက်လေ့ကျင့်ခန်းများပါဝင်ပါမည်။
တနေ့တာဆော့ကစားရမဲ့ Videoများကို ည၉ထဲကကြိုတင်ပြီး တင်ပေးထားပါဖြစ်ပါတယ်ဗျ။Videoနဲ့ဆော့ကစားရမှာဖြစ်တဲ့အတွက် မိမိအားလပ်တဲ့အချိန် အလွယ်တကူဆော့ကစားလို့ရအောင် Videoများကို စနစ်တကျပြုလုပ်ပေးထားပါတယ်ဗျ။ဒါ့အပြင် တပတ်တခါ Face to faceဆွေးနွေးပေးမှာဖြစ်ပါတယ်။
လူဦးရေကန့်သတ်ထားသည်ဖြစ်တဲ့အတွက် အမြန်ဆုံးအပ်နှံလိုက်ကြပါစို့။
သင်တန်းကြေးကတော့-၁သိန်းကျပ်ဖြစ်ပါတယ်။
စတင်မည့်ရက်-(3.6.2024(တနလာ်နေ့))
သင်ကြားမည့်ပုံစံ-Facebook Private Groupဖြင့်သင်ကြားပေးပါမည်။
မှတ်ချက်။.။အမှန်တကယ်ပြောင်းလဲလိုသူများ၊အစားသောက်သေချာလိုက်လုပ်သူများသာJoinရန်။
by Ko Pyae
06/02/2024
Gymဆော့တဲ့အခါ
၁.အစားတေရှောင်တယ် ညစာမစားဘူး စားရင်လည်းကြောင်စာလောက်ပဲ စားတယ်ဆိုရင်တော့ သင်ဟာ ၁လပြည့်ရင်တော့ ဝိတ်တေအများကြီးကျပါလိမ့်မယ် ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်ရရှိမှာမဟုပါဘူးဗျ။
၂.တနေ့တာလိုအပ်တဲ့ကယ်လိုရီပြည့်အောင်စားတယ် Protein Carb Fat ပြည့်ဝအောင်စားသုံးတယ် ၁လပြည့်တဲ့အခါ ပေါင်ချိန်အရမ်းကျမသွားဘူး ခန္ဓာကိုယ်က ကျစ်ကျစ်လစ်လစ်လေး ဖြစ်လာတယ်ဆိုရင်တော့ ကောင်းတဲ့ရလဒ်တခုပါဗျ။
Gymဆော့နေတယ်ဆိုရင်တော့ အစားသောက်တေအရမ်းမဖျက်ပါနဲ့ Healthy foodလေးတေရွေးချယ်စားသောက်ပါ။စားချင်တာရှိရင် စိတ်အလိုလိုက် အနည်းငယ်စားသောက်ပါ
by Ko Pyae
05/02/2024
၁.Gym ၁လစာသွင်း ၁ရက်ဆော့ပြီးပျောက်သွားတဲ့သူနဲ့
၂.Gym ၁ရက်ဆော့ ပြီး ၁ပတ်ပျောက်လိုက် ပြန်ပေါ်လာတဲ့သူ
၃.Gym မဆော့ရရင်မနေနိုင်တဲ့သူ
၄.အောက်ပိုင်းနေ့ဆို မထိုင်ချင် လန်းလန်းဆန်းဆန်း ဖြစ်နေတဲ့သူ
၅.လေ့ကျင့်ခန်းတခုဆော့ပြီး ခနနားတိုင်း မှန်ရှေ့မှာ ဟိုညစ်ဒီညစ် တဲ့သူ
၆.အလေးမရင် အကျယ်ကြီးအော်တဲ့သူ
၇.သီချင်းဖွင်းရင် အကျယ်ကြီးလိုက်ဆိုတဲ့သူ
ဒီအချက်တေထဲမှာ သင်ရောဘယ်အချက်တေများပါဝင်နေပါသလည်းဗျ Cmtမှာဖြေခဲ့ပါဗျ။
Pyae