SEM Private School

SEM Private School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SEM Private School, Education, Saw Bwar Street, Yangon.

🌟 မိသားစုကျန်းမာရေးအတွက် "ကြံလေးပွင့် အစာအစီအမံ" အကြောင်း သိရှိပြီးပြီလား? 🌟နေ့စဉ် စားသောက်တဲ့အခါ ကိုယ့်မိသားစုဝင်တွေ အာ...
24/08/2026

🌟 မိသားစုကျန်းမာရေးအတွက် "ကြံလေးပွင့် အစာအစီအမံ" အကြောင်း သိရှိပြီးပြီလား? 🌟

နေ့စဉ် စားသောက်တဲ့အခါ ကိုယ့်မိသားစုဝင်တွေ အာဟာရစုံလင်စွာ ရရှိဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ 👍

အာဟာရပြည့်ဝတဲ့ 💪 မျှတသော စားသောက်မှုပုံစံ ရရှိစေဖို့ "ကြံလေးပွင့် အစာအစီအမံ" အယူအဆအတိုင်း နေ့စဉ် အစားအစာတွေကို ရွေးချယ် ပြင်ဆင်နိုင်ပါတယ်နော်။

ကြံလေးပွင့်ဆိုတာ ဘာတွေလဲ? ကြည့်လိုက်ရအောင်👇

⭐ ကြယ် ၁ ပွင့် - အခြေခံ အစာများဖြစ်သော

ဆန်၊ ဂျုံ၊ အာလူး၊ ပြောင်းဖူး စတာတွေ ပါဝင်ပါတယ်။ နေ့စဉ် ခန္ဓာကိုယ်လှုပ်ရှားဖို့ လိုအပ်တဲ့ စွမ်းအင် (Energy) ကို ရရှိစေပါတယ်။

⭐ ကြယ် ၁ ပွင့် - ပဲအမျိုးမျိုးနှင့် အစေ့အဆံများဖြစ်သော

ပဲကြီး၊ ပဲနီလေး၊ ကုလားပဲ၊ မြေပဲ နဲ့ နှမ်း အစရှိတဲ့ အစေ့အဆံတွေ ပါဝင်ပါတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားစေဖို့နဲ့ အသားဓာတ် (Protein) ရရှိစေဖို့ ကူညီပေးပါတယ်။

⭐ ကြယ် ၁ ပွင့် - ဗီတာမင်အေ ကြွယ်ဝသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များဖြစ်သော

မုန်လာဥနီ၊ သသင်္ဘောသီး၊ ရွှေဖရုံသီး၊ ဟင်းနုနွယ် စတဲ့ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အစိမ်းရင့်ရောင် သီးနှံတွေ ပါဝင်ပါတယ်။ မျက်စိအားကောင်းစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

⭐ ကြယ် ၁ ပွင့် - တိရစ္ဆာန်မှရသော အစာများဖြစ်သော

အသား၊ ငါး၊ ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်ပါတယ်။ သံဓာတ်၊ ကယ်လ်ဆီယမ်နဲ့ လိုအပ်တဲ့ အာဟာရဓာတ်များကို ပြည့်ဝစွာ ရရှိစေပါတယ်။

💡 အကျဉ်းချုပ် အကြံပြုချက်
နေ့စဉ် ထမင်းဝိုင်းမှာ ဒီ ကြယ် (၄) ပွင့် အုပ်စုထဲက အစားအစာ အနည်းဆုံး အမျိုးအစားအချို့ ပါဝင်အောင် ပေါင်းစပ်ပြင်ဆင် စားသောက်ပေးခြင်းဖြင့် မိသားစုတစ်စုလုံး ကျန်းမာရွှင်လန်းပြီး အာဟာရပြည့်ဝတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။ ❤️

#အာဟာရဗဟုသုတ #အလယ်တန်းကျောင်း

22/08/2026

Year 7: Science Project 🪐🌏
Creating and Presenting Story board about “How the Solar System Formed”

#စံ #အလယ်တန်းကျောင်း

19/08/2026

Music & Movements Time 🕰️

14/08/2026

🧩 “ပဟေဠိဆန်ဆန် တွဲဆက်ရင်း အပိုင်းကိန်း (Fraction) တွေကို သဘောပေါက်သွားကြတဲ့ Year 5 ကျောင်းသား၊ ကျောင်းသူများ။" 🔢

"အပိုင်းကိန်း (Fraction)" ဆိုတဲ့ သင်္ချာသင်ခန်းစာဟာ ကလေးအများစုအတွက် ရှုပ်ထွေးပြီး ခေါင်းခြောက်စရာလို့ ထင်ရတတ်ပါတယ်ဗျာ။ ဒါပေမဲ့ SEM (စံ) Private School ရဲ့ စာသင်ခန်းထဲမှာတော့လက်တွေ့ စဉ်းစားရတာကို သဘောကျသွားအောင် Group Work Activity လေးတွေနဲ့ စနစ်တကျ ပုံဖော်ပေးလျက်ရှိပါတယ်ဗျာ။ 👋✨

#စံ #ကိုယ်ပိုင်ကျောင်း #အလယ်တန်းကျောင်း

13/08/2026

PE Time 🏃‍➡️🏃‍♀️‍➡️
#စံ #ကိုယ်ပိုင်ကျောင်း #အလယ်တန်းကျောင်း

🦠"ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ဖို့ တို့အတူဂရုစိုက်ကြစို့” 🦠 လက်ရှိ ရာသီဥတု အပြောင်းအလဲကာလများတွင် မသန့်ရှင်းသော အစားအစ...
12/08/2026

🦠"ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ဖို့ တို့အတူဂရုစိုက်ကြစို့” 🦠

လက်ရှိ ရာသီဥတု အပြောင်းအလဲကာလများတွင် မသန့်ရှင်းသော အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သည့် ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားမှု များပြားလာသည်ကို တွေ့ရှိရတာကြောင့် SEM (စံ) Private School မှ ကလေးငယ်များရဲ့ ကျန်းမာရေးအတွက် အထူးဂရုပြု လိုက်နာရန် အချက်များကို သတိပေး နှိုးဆော်အပ်ပါတယ် 👋✨

ကျောင်းသား၊ ကျောင်းသူလေးများ ရောဂါဘယာကင်းဝေးပြီး ကျန်းမာရွှင်လန်းစွာ စာသင်ကြားနိုင်ဖို့အတွက် အောက်ပါ အခြေခံ သန့်ရှင်းရေး အလေ့အကျင့်ကောင်းများအား အိမ်မှာရော ကျောင်းမှာပါ ပူးပေါင်းလုပ်ဆောင်ပေးကြပါရန် အသိပေးချင်ပါတယ်-

🧼 ၁။ အပြင်စာနှင့် ယင်နားစာများ မစားကြရန်

👉လမ်းဘေးတွင် ရောင်းချသော မသန့်ရှင်းသည့် အပြင်စာများ၊ ယင်ကောင်နားနေသည့် အစားအစာများနှင့် မသန့်ရှင်းသော ရေခဲမုန့်/ဖျော်ရည်များကို ဝယ်ယူစားသောက်ခြင်းမှ အထူးရှောင်ကြဉ်ရပါမည်။

👉ကျောင်းသို့ လာရောက်သည့်အခါ အိမ်မှချက်ပြုတ်ပေးလိုက်သော သန့်ရှင်းလတ်ဆတ်သည့် မုန့်/ထမင်းဘူးများနှင့် ရေဘူးများကိုသာ ယူဆောင်လာကြရန် တိုက်တွန်းအပ်ပါသည်။

🧼 ၂။ အိမ်သာမှ ထွက်လာတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်

👉အိမ်သာမှ ထွက်လာသည့်အခါ၊ မုန့်မစားမီနှင့် စာသင်ခန်းထဲ မဝင်မီ အချိန်တိုင်းတွင် လက်ကို ဆပ်ပြာ/လက်ဆေးဂျယ်လ်များဖြင့် စက္ကန့် (၂၀) ကြာ စနစ်တကျ စင်ကြယ်အောင် ဆေးကြောသည့် အလေ့အကျင့်ကို ပြုလုပ်ကြရပါမည်။

🔰SEM Private School တွင်လည်း စာသင်ခန်းများ၊ အိမ်သာများနှင့် ကစားကွင်း ပတ်ဝန်းကျင်များကို စနစ်တကျ ပိုးသတ်သန့်ရှင်းရေး ပြုလုပ်ပေးလျက်ရှိပြီး၊ ကလေးများ အိမ်သာမှထွက်လာတိုင်း Hand Wash သုံးပြီး လက်ဆေးသည့် အလေ့အကျင့်ရအောင် ဆရာ/ဆရာမများမှ အနီးကပ် ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပါတယ်။

🔰ကျောင်းသား၊ ကျောင်းသူလေးများ အားလုံး ဝမ်းပျက်ဝမ်းလျော ရောဂါအန္တရာယ်မှ ကင်းဝေးပြီး ကျန်းမာသန့်ရှင်းသော ခန္ဓာကိုယ်ဖြင့် ပျော်ရွှင်စွာ ပညာသင်ယူနိုင်ကြပါစေကြောင်း SEM ကျောင်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ 🚀❤️

✅ Learn, Share, Love and Grow. Future Begins Here.

☎️ Phone: 09 898 875 557
📍 လိပ်စာ: အမှတ် (၂၀)၊ စော်ဘွားလမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်။

#စံ #ကိုယ်ပိုင်ကျောင်း #အလယ်တန်းကျောင်း

11/08/2026

It’s story time! 🕰️
Sharing is Caring ❤️

08/08/2026

🧲 Magnetic Squares လေးတွေနဲ့ လက်တွေ့စမ်းသပ်နေကြတဲ့ Year 5 များ။" 🧊
သင်္ချာဘာသာရပ်ရဲ့ Geometry သင်ခန်းစာတွေကို စာအုပ်ထဲ ပုံဆွဲရုံတင်မဟုတ်ဘဲ လက်တွေ့ မျက်စိနဲ့မြင်အောင် ပုံဖော်လိုက်တဲ့အခါ ကလေးတွေအတွက် ပိုမိုနားလည်လွယ်သွားပါတယ်။ 👋✨

Cambridge Year 5 Math အတန်းထဲမှာ Nets of a Cube သင်ခန်းစာကို Magnetic Squares များအသုံးပြုပြီး လက်တွေ့ ပြုလုပ်လေ့လာခဲ့ကြပါတယ် ❤️

#စံ #ကိုယ်ပိုင်ကျောင်း #အလယ်တန်းကျောင်း

🎉🏆 "ကြိုးစားအားထုတ်မှုနဲ့ စံပြအမူအကျင့်များအတွက် ဂုဏ်ယူစွာဖြင့်... July လအတွက် Student of the Month ဆုတံဆိပ်များ ပေးအပ်ပ...
06/08/2026

🎉🏆 "ကြိုးစားအားထုတ်မှုနဲ့ စံပြအမူအကျင့်များအတွက် ဂုဏ်ယူစွာဖြင့်... July လအတွက် Student of the Month ဆုတံဆိပ်များ ပေးအပ်ပွဲ။" 🎉🏆

ကြိုးစားအားထုတ်မှုတိုင်းနဲ့ မွန်မြတ်တဲ့ အမူအကျင့်တိုင်းကို အသိအမှတ်ပြု ချီးကျူးပေးခြင်းဟာ ကလေးတွေရဲ့ ရင်ထဲမှာ စိတ်ဓာတ်ခွန်အားနဲ့ ယုံကြည်မှုကို ပိုမိုတိုးပွားစေပါတယ်ဗျာ။

ဒါကြောင့် SEM (စံ) Private School မှာတော့ July လအတွက် Student of the Month ဂုဏ်ပြုလွှာများကို ကျောင်းသား၊ ကျောင်းသူလေးများထံ ဂုဏ်ယူစွာ ပေးအပ်ခဲ့ပါတယ်။ 👋✨

#အလယ်တန်းကျောင်း #ကိုယ်ပိုင်ကျောင်း

05/08/2026

KG Class : Craft Time ✂️

#အလယ်တန်းကျောင်း #ကိုယ်ပိုင်ကျောင်း

Address

Saw Bwar Street
Yangon
MAYANGONE

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 13:00

Telephone

+959898875557

Website

Alerts

Be the first to know and let us send you an email when SEM Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to SEM Private School:

Shortcuts

Share

Category