Iris's Little World

Iris's Little World From challenges to dreams🌊 — welcome to Iris’s Little World✨.

23/11/2025

Starting my N2 study journey 📚✨

's Little World


မင်္ဂလာပါ IRIS ရဲ့ ကမ္ဘာငယ်လေးကနေကြိုဆိုပါတယ် 💛Page လေး Active မဖြစ်တာတစ်နှစ်လောက်ကြာသွားခဲ့ပြီးနောက်အခုတစ်ဖန်ပြန်လည်ပြီ...
14/11/2025

မင်္ဂလာပါ
IRIS ရဲ့ ကမ္ဘာငယ်လေးကနေကြိုဆိုပါတယ် 💛

Page လေး Active မဖြစ်တာ
တစ်နှစ်လောက်ကြာသွားခဲ့ပြီးနောက်
အခုတစ်ဖန်ပြန်လည်ပြီးသက်ဝင်လှုပ်ရှားလာတော့မှာပါ။

အခုတော့ IRIS က ဂျပန်စာလေ့လာနေတာမို့ဆက်လက်ပြီးတော့ page လေးကနေ Japanese နဲ့ပတ်သတ်တဲ့ content လေးတွေ sharing လုပ်ပေးသွားမှာမို့
စောင့်ကြည့်ပေးကြပါအုန်းနော်။

ဂျပန်စာလေ့လာနေတဲ့သူ​လေးတွေ အတူတူကြိုးစားကြမယ်နော် 🦉

'sLittleWorld

05/02/2024

Hello~~Hello✨
ဒီတစ်ခါမှာတော့ GED ဖြေတော့မယ့် starter ကိုကို မမတို့အတွက် practice လုပ်လို့ရမယ့် website လေးတွေနဲ့ပြန်လာခဲ့ပြန်ပါပြီ🤗

ခုချက်ချင်းပဲဝင်ဖြေကြည့်လိုက်တော့နော်

https://uniontestprep.com/ged-test/practice-test

https://bestgedclasses.org/practice-tests/

https://gotestprep.com/ged-practice-test/

https://onsego.com/free-ged-practice-test/

https://www.testprepreview.com/ged_practice.htm

https://www.studyguidezone.com/gedtest.htm

https://www.test-guide.com/free-ged-practice-tests.html

https://gedpracticetest.net/

https://www.mometrix.com/academy/ged-practice-test/

https://www.gedpracticequestions.com/

https://www.varsitytutors.com/ged-practice-tests

https://study.com/ged/ged-practice-tests.html

https://www.testpreptoolkit.com/free-ged-practice-tests

https://www.passged.com/free-test

https://usahello.org/

https://ged.practicetestgeeks.com/ged-practice-test-exam/

🌲RLA
https://www.gedpracticequestions.com/ged-reading/

https://www.gedpracticequestions.com/ged-reading-practice-test/

https://www.gedpracticequestions.com/ged-reading-practice-test-2/

https://www.gedpracticequestions.com/ged-reading-practice-test-3/

https://www.gedpracticequestions.com/ged-reading-practice-test-4/

https://ged.com/practice-test/en/rla/

https://quizlet.com/JimRuTood_Uzumaki/folders/ged-rla?i=4oqmvp&x=1xqY

🌲 Math
https://gedtestpro.com/ged-math-practice-test/

https://www.varsitytutors.com/ged_math-practice-tests

https://gotestprep.com/ged-math-practice-test/

https://www.gedpracticequestions.com/ged-math-practice-test/

https://www.gedpracticequestions.com/ged-math-practice-test-2/

https://www.gedpracticequestions.com/ged-math-practice-test-3/

https://www.gedpracticequestions.com/ged-science-practice-test-4/

https://www.certification-questions.com/ged-pdf/ged-mathematics-pdf.html

🌲Science
https://gedtestpro.com/ged-science-practice-test/

https://www.varsitytutors.com/ged_science-practice-tests

https://www.kaptest.com/study/ged/ged-practice-questions-science/

https://www.test-questions.com/ged-science-exam-questions-03.php

https://www.gedpracticequestions.com/ged-science-practice-test/

https://www.gedpracticequestions.com/ged-science-practice-test-2/

https://www.gedpracticequestions.com/ged-science-practice-test-3/

https://www.gedpracticequestions.com/ged-science-practice-test-4/

🌲Social studies
https://www.softschools.com/quizzes/ged_social_studies/

https://gedtestpro.com/ged-social-studies-practice-test/

https://www.varsitytutors.com/ged_social_studies-practice-tests

https://www.gedpracticequestions.com/ged-social-studies-practice-test/

https://www.gedpracticequestions.com/ged-social-studies-practice-test-2/

https://www.gedpracticequestions.com/ged-social-studies-practice-test-3/

https://www.gedpracticequestions.com/ged-social-studies-practice-test-4/

ကဲ စိတ်ကြိုက်သာ တဝကြီးဖြေသွားကြတော့နော်🍃

02/02/2024

မှန်ကန်တဲ့ career မှာလျှောက်လှမ်းဖို့ brainstorm လုပ်ကြစို့📣📣

ဘယ် major ကိုရွေးရမလဲ ဘယ် career ကိုလိုက်ရမလဲ တွေဝေနေတဲ့ starter လေး‌တို့အတွက် အသုံးဝင်မယ့် tip လေးနဲ့ ပြန်လာခဲ့ပြန်ပါပြီ။
တစ်ယောက်နဲ့ တစ်ယောက်ကထပ်တူမကျနိုင်တာမလို့ လိုသလို adjust လုပ်ပြီးအသုံးပြုကြဖို့ အရင်ဆုံး အကြံပြုချင်ပါတယ်နော် 🤗

✅‌ ပျော်တဲ့အရာကိုလုပ်ပါ။
ပျော်ရွှင်တဲ့အလုပ်၊ စိတ်ဝင်စားတဲ့အလုပ်ကို လုပ်တဲ့အခါ အောင်မြင်မှုနဲ့ပိုနီးတယ်ဆိုတာ အားလုံးလက်ခံထားပြီးသားပါ။ အပြည့်အဝပျော်ရွှင်နေတဲ့ အတွက်အလုပ်လုပ်နေတယ်လို့ခံစားရတော့မှာမဟုတ်ပါဘူး။

✅ ‌တော်တဲ့အရာလုပ်ပါ။
တော်တဲ့အရာကိုလုပ်တဲ့အခါမှာလဲ သင်ယူတဲ့အခါမှာပဲဖြစ်ဖြစ် လက်တွေ့လုပ်တဲ့အခါပဲဖြစ်ဖြစ် ပိုမိုမြန်ဆန်မှာဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ စိတ်သက်သက်သာသာ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
တစ်ခါတလေမှာ လုပ်သင့်တာကိုလုပ်တာက လုပ်ချင်တာကိုလုပ်ဖို့ အချိန်ပိုလာစေပါတယ်။

✅‌ အထက်တန်းမှာသင်ခဲ့ရတဲ့ဘာသာတွေထဲ ဘယ်ဘာသာရပ်တွေကို စိတ်ဝင်စားလဲ။
ဘာကိုရွေးချယ်ရမလဲမသိတဲ့အခါ advanced subjects တွေနဲ့စတင်ထိတွေ့ခွင့်ရခဲ့တဲ့ high school subjects တွေထဲမှာ ဘယ်ဘာသာကို စိတ်ဝင်စားလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ စာလုပ်ရတာမကြိုက်လို့ ဘယ်ဘာသာမှမကြိုက်ဘူးလို့တော့ တဒင်္ဂအတွေးနဲ့မဆုံးဖြတ်လိုက်ပါနဲ့။ သေချာစဉ်းစားကြည့်ရင် တစ်ဘာသာကိုတော့ အိပ်မငိုက်ပဲနားထောင်ခဲ့ဖူးမှာပါ။ တစ်ဘာသာထက်ပိုရင်လဲ အက်ဘာသာတွေပေါင်းစပ်ပြီးတော့ လုပ်လို့ရပါသေးတယ်။(ဥပမာ chemistry နဲ့ mathematics ကို စိတ်ဝင်စားရင် chemical engineering major)

✅‌ Chat gpt သုံးကြည့်ပါ။
Chat gpt ကတော့ ပုံမှန်သုံးနေကျ အရာတစ်ခုလိုမျိူး အားလုံးနေ့စဉ်ဘဝမှာနေရာယူလာပါပြီ။ ဒါ့ကြောင့် chat gpt ကို ကိုယ့်ရဲ့ career ရဲ့ရှာဖွေဖို့ အသုံးပြုလိုက်ပါ။ ကိုယ့်ရဲ့ အားသာချက် ၊ အားနည်းချက် ၊ စိတ်ဝင်စားမှုလေးတွေကိုပြောပြရင် ကိုယ်နဲ့သင့်တော်တဲ့ option လေးတွေကျလာပါလိမ့်မယ်။

✅ ‌reseach လုပ်ကြည့်ပါ။
ခုခေတ်ထဲမှာလူတိုင်းလိုလို search engine တွေနဲ့ရင်းနှီးနေပါပြီ။ ဒီတော့ Google မှာ hobby list တွေရှာကြည့်ပြီး ကိုယ်စိတ်ဝင်စားတာလေးတွေကို တစ်ခုချင်းစီလုပ်ကြည့်ပါ။ ဒါ့အပြင် ကိုယ်စိတ်ဝင်စားတဲ့ topic တွေကို edx, coursera စတာတွေရဲ့ free course တွေမှာလေ့လာကြည့်လို့ရပါတယ်။ နောက်ပြီး နယ်ပယ်ပေါင်းစုံက လူတွေနဲ့လဲ စကားပြောကြည့်ပြီး သူတို့ဆီက အကြံပြုချက် နဲ့ အတွေ့အကြုံတွေကို နားထောင်ကြည့်တာကလဲ အသုံးဝင်တဲ့အချက်တစ်ချက်ပါ။

✅ ‌career and personality test
နောက်ဆုံးအနေနဲ့ မေးခွန်းလွယ်လွယ်လေးတွေဖြေသွားပြီး ကိုယ်နဲ့သင့်တော်တဲ့ career options လေးတွေထဲက ရွေးချယ်ကြည့်လို့ရတဲ့ test လေးတစ်ခုကို အောက်က link မှာဝင်ဖြေကြည့်သွားလိုက်နော်။
https://www.truity.com/test/holland-code-career-test

Major တို့ Career တို့က ကိုယ်နဲ့အကြာကြီးအတူရှိသွားမဲ့ အရာတွေမလို့ သေချာချင့်ချိန်စဉ်းစားပြီး ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းချင်ပါတယ်နော်။ မကြိုက်ရင်ပြန်ပြောင်းလို့ရတယ်ဆိုပေမယ့် အစထဲကမှန်ကန်မယ်ဆိုရင်တော့ အချိန်တွေ ငွေတွေ မဆုံးရှုံးရတော့ဘူးပေါ့။

✨ လူတိုင်းသိသင့်တဲ့ Relaxing power အကြောင်း ✨Relaxing power ကို အရိုးရှင်းဆုံး မြင်ကြည့်ရမယ်ဆိုရင် လူတွေမောလာတဲ့အခါ ရေအေ...
19/01/2024

✨ လူတိုင်းသိသင့်တဲ့ Relaxing power အကြောင်း ✨

Relaxing power ကို အရိုးရှင်းဆုံး မြင်ကြည့်ရမယ်ဆိုရင် လူတွေမောလာတဲ့အခါ ရေအေးအေးလေးသောက်လိုက်ရင် အမောပြေလိုက်တာဆိုပြီး အဆိုရှိတယ်မဟုတ်ပါစ။ 😊

အဲ့ဒီလိုပါပဲ...ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ လူတိုင်းဟာ stress များစွာနဲ့ ရုန်းကန်နေကြရပါတယ်။ အလုပ်များလွန်းလို့ စိတ်ပင်ပန်းကြသလို၊ Screentime များလွန်းလို့လည်း စိတ်ပင်ပန်းတတ်ကြပါသေးတယ်။

Relaxing ဆိုတာကတော့ မိမိရဲ့စိတ်ကိုအေးချမ်းစွာအနားပေးခြင်း ဖြစ်ပြီးတော့ Relaxing power ဆိုတာကတော့ အကြည်ဓာတ်ကိုဆိုလိုတာပါ။ ✨

မိမိရဲ့နှလုံးစိတ်၀မ်းအေးချမ်းသွားပြီဆိုရင် မိမိဟာ stress တွေ distress တွေရဲ့ သခင်ဖြစ်လာမှာပါ။ 🤩

- ပျော်ပျော်နေတတ်လာမယ်။
- သူတော်ကောင်းအတွေးတွေ တွေးလွယ်လာမယ်။
- စိတ်ကြည်လင်လာတဲ့လူတစ်ယောက်ဟာ ဆုံးဖြတ်ချက်တွေလည်း ပိုပြီးမှန်ကန်လာမှာပါ။

အတိုချုပ်ပြောရရင်တော့ အသက်ရှင်ရတာတန်ချင်တဲ့လူတိုင်းဟာ realxing power ကို ယုံကြည်သင့်တယ်လို့ ထင်ပါတယ်ခင်ဗျ။ 😊

positive attitude ရှိတဲ့လူတိုင်းဟာ အကြည်ဓာတ်ရှိကြပါတယ်။ အကြည်ဓာတ်ဆိုတဲ့အကြောင်း သေချာသိချင်ရင်တော့ အရှင်ဓမ္မစာရ ရေးသားထားတဲ့ ''အကြည်ဓာတ်'' ဆိုတဲ့စာအုပ်လေးကို 5000 တည်းနဲ့ ၀ယ်ဖတ်ဖို့လည်း အကြံပေးပါ‌တယ်နော်။ 📖

မိမိရဲ့အဖိုးတန်တဲ့စိတ်ကို အနားပေးဖို့ရာ နည်းလမ်းအချို့ကတော့...

💤 Sleeping is the best relaxing လို့‌ပြောတတ်ကြပါတယ်။ ညဘက်အိပ်ရေး၀၀ အိပ်ထားတဲ့ လူတစ်ယောက်ရဲ့ဦးနှောက်ဟာ ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်တဲ့ ။

နိုးလာရင် လန်းဆန်းနေတာမလို့ Online class တက်ကြတဲ့သူတွေ၊ အလုပ်ပိတတ်တဲ့လူတွေဆိုရင် နေ့ခင်းနေ့လယ် (သို့) အလုပ်မလုပ်ခင် ၁၅-၂၀ မိနစ်လောက်အိပ်ထားခြင်းက fresh ဖြစ်နေစေမှာပါ။

💭 ကျွန်တော်တို့အားလုံးဟာ တစ်နေကုန်အ၀တွေးခဲ့တဲ့အတွေးတွေကို အိပ်ဖို့ခေါင်းချတဲ့အထိ ခေါ်လာတတ်ကြပါတယ်။ ဒါဟာ အင်မတန်မှ မှားယွင်းတဲ့အပြုအမူပါ။ ဒီအကျင့်ဟာ distress and anxiety ကိုလေ့ကျင့်ပေးနေသလို ဖြစ်စေပါတယ်။ မအိပ်ခင် ၁၅ မိနစ်အလိုလောက်ဆိုရင် အတွေးပေါင်းများစွာကို ရပ်လိုက်ပါတော့။

အိပ်ခါနီး နဲ့ နိုးနိုးခြင်းစိတ်ဟာ မကြည်လင်ဘူးဆိုရင် တစ်နေ့လုံးရပ်တည်ရမယ့် မိမိစိတ်ကျန်းမာရေးအတွက် စိတ်မချရပါဘူးနော် ။
တစ်နေ့ကုန်တွေးပေး အလုပ်လုပ်ပေးခဲ့တဲ့ ဒီဦးနှောက်လေးကို ဂုဏ်ပြုတဲ့အနေနဲ့အနားပေးလိုက်ကြပါစို့ခဗျာ။ 👏

🙏 မိမိရဲ့ဘာသာရေးဆိုင်ရာ Worship ကို စိတ်ပါလက်ပါလုပ်တာ နဲ့ မိမိနှစ်သက်ရာ ဂီတသံစဉ် (Relaxing music) လေးတွေနဲ့ စီးမျောနားထောင်တာတွေဟာလည်း အင်မတန်မှ စိတ်ကိုအေးချမ်းလှပါတယ်။

🧘‍♀️အာရုံစူးစိုက်ဖို့ခက်လာတဲ့အချိန်တွေမှာ realxing music လေးဖွင့်ပြီး အသက်ပြင်းပြင်းရှုသွင်းရှုထုတ် လုပ်ကြည့်ပါ။

🌳 စိမ်းစိုနေတဲ့ အစိမ်းရောင်သစ်ပင်ကြီးတွေကိုကြည့်ပြီး သဘာ၀ရဲ့အငွေ့အသက်ကို ခံစားကြည့်ပါ။

💦 ကြည်လင်အေးမြတဲ့ရေပြင်လေးကို‌ ငေးပြီး အသက်ဝဝရှုကြည့်ပါ။

ဒါတွေဟာ စိတ်ကို realx လုပ်ဖို့ အလွယ်ကူဆုံး အကောင်းဆုံး နည်းလမ်းလေးတွေပါနော်။ 💁‍♀️

Screentime အရမ်းများပြီး အကြည်ဓာတ်တွေပျောက်မသွားရအောင် 202020 rule ဆိုတဲ့ app ကို download လုပ်ပြီး မိမိကိုယ့်ကို အနားပေးကြည့်ပါ။ 202020 rule ဆိုတာက မိနစ် 20 ဖုန်းသုံးပြီး ပေ 20 ကွာတဲ့နေရာကို စက္ကန့် 20 ကြာ ကြည့်ပေးပါတဲ့။ ဒီနည်းလမ်းဟာဆိုရင် မျက်မှန်တောင် လွတ်တယ်လို့ အဆို ရှိကြပါတယ်။2️⃣0️⃣

လူတိုင်း ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုနဲ့အတူတူ နေ့ရက်တိုင်း ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျှက်🙏🤍

Thank you for reading.🤍

17/01/2024

" နေ့စဉ်ဘဝမှာပြုံးပါ"

အပြုံးတစ်ပွင့်ဆိုတာ ကျွန်တော်တို့ နေ့စဥ်ဘဝမှာ အင်မတန်ကိုအရေးကြီးပါတယ်။ ဒီတော့အပြုံးပန်းကိုဆောင်ထားတတ်ဖို့လည်းအရေးကြီးတာပေါ့ဗျာ။ ပြုံးပြတယ်ဆိုတာ ခက်ခဲပင်ပန်းတဲ့အလုပ်မဟုတ်သလို လူတိုင်းလုပ်နိုင်တဲ့အလုပ်တစ်ခုပါပဲ။ အပြုံးတစ်ခုက လူတစ်ယောက်တွက် ခွန်အားဖြစ်သွားနိုင်သလို ဆေးတစ်ခွက်လည်းဖြစ်သွားနိုင်ပါတယ်။

🍀 အပြုံးဆိုတာ လူမှုဆက်ဆံရေးမှာ အကောင်းဆုံးအရာဆိုရင်လည်း မမှားပါဘူး။

ဥပမာ-ရုပ်တည်နဲ့နေတတ်တဲ့လူတစ်ယောက်နဲ့ အမြဲပြုံးပြီးလန်းဆန်းတက်ကြွနေတတ်တဲ့လူတစ်ယောက် ဘယ်တစ်ယောက်ကိုပိုပြီး ကျွန်တော်တို့ ခင်မင်သဘောကျမိမယ်ထင်လဲ။ သေချာပေါက်ကို အမြဲ ပြုံးနေတတ်သူကို ပိုပြီးသဘောကျမိကြမှာပါ။

🍀 အပြုံးဆိုတာကလည်း ကူးစက်တတ်ပါသေးတယ်။ကိုယ်ကလူတစ်ယောက်ကို ပြုံးပြမယ်။ အဲ့ဒီလူကလည်း သူငါ့ကိုပြုံးပြပါလားဆိုတဲ့ စိတ်ကလေးနဲ့ တခြားတစ်ယောက်ကို ပြန်ပြုံးပြမယ်။ ဒါဟာ အပြုံးကူးစက်ခြင်းပါပဲ။ အဖွဲ့ထဲမှာ အကြည်ဓာတ်ရှိပြီး ပြုံးပြုံးပျော်ပျော်နေတတ်တဲ့တစ်ယောက်ရှိရင် ကျွန်တော်တို့ပါအလိုလို ပြုံးပျော်လာတတ်တာလည်း အပြုံးကူးစက်တတ်တဲ့သဘောပါပဲ။

🍀 ပြုံးတယ်ဆိုတာ ကိုယ့်ရဲ့ stressကိုလည်းလျှော့ချပေးနိုင်ပါတယ်တဲ့။ စိတ်အားငယ်နေတဲ့လူတွေရှိရင်လည်း ကျွန်တော်တို့ရဲ့အပြုံးတစ်ပွင့်က အားဆေးတစ်ခွက်ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်အားငယ်နေချိန်မှာ "မင်းလုပ်နိုင်ပါတယ်လို့" ပြုံးပြုံးကြီးပြောခဲ့တဲ့ ဆရာမကိုခုထိအမှတ်ရနေဆဲပါပဲ။
ဒီတော့ ပြုံးတတ်ဖို့ကအရမ်းအရေးကြီးပါတယ်။

🍀 မိုးလင်းလို့ နိုးလာရင် မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ပြုံးပြကြမယ်။ လမ်းတွေ့တဲ့အသိတိုင်းကိုလည်း အပြုံးတစ်ပွင့်လက်ဆောင်ပေးကြမယ်။ ဒါဆို စိတ်ညစ်စရာများတဲ့ လူ့လောကထဲ ခဏတာပဲဖြစ်ဖြစ် အပြုံးကုသိုလ်လုပ်ပြီး အပြုံးကူးစက်ကြတာပေါ့ဗျာ။

English learners လေးတို့အတွက် အသုံး၀င်ဆုံးဖြစ်မယ့် အကောင်းတကာ့အကောင်းဆုံး English Dictionary တစ်ခုကို သိလိုပါသလား ⁉️Engl...
08/01/2024

English learners လေးတို့အတွက် အသုံး၀င်ဆုံးဖြစ်မယ့် အကောင်းတကာ့အကောင်းဆုံး English Dictionary တစ်ခုကို သိလိုပါသလား ⁉️

English vocabulary တွေကို ရှင်းရှင်း‌လင်းလင်းနဲ့နားလည်ချင်တဲ့သူတွေ၊ ဝေါဟာရတွေကို အလွယ်တကူလေ့လာချင်တဲ့သူတွေအတွက် အကောင်းဆုံး Dictionary လေးတစ်ခုကတော့ ''OALD'' ပဲဖြစ်ပါတယ်။ 📖

OALD ဆိုတာက Oxford Advanced Learning Dictionary ရဲ့အတိုကောက်ပါ။

သူ့မှာရှိတဲ့ အားသာချက်ကတော့
နားလည်ရလွယ်ကူတာအပြင် မိမိရှာလိုက်တဲ့စကားလုံးက ကိုယ့်အတွက်ဟုတ်မဟုတ်သိနိုင်တာပါဘဲ။

ခေါင်းရှုပ်သွားပြီလား👀

ဒီလိုပါ... တစ်ခါတစ်လေ ကျွန်တော်တို့တွေက ကိုယ့်levelနဲ့ဝေးတဲ့ စကားလုံးတွေကို လေ့လာပြီး ''ငါစာမရဘူးကွာ'' ဆိုပြီးလုပ်တက်ကြတယ် ဟုတ်🤧

✔️ ဒါဆို OALDက ကူညီပေးပါလိမ့်မယ်နော်။ သူက ဘယ်စာလုံးက ဘယ် level အတွက် သင့်တော်ပါတယ်ဆိုပြီးပြထားပေးပါတယ်။

📍A1, A2, B1, B2, C1 ဆိုပြီးပေါ့။

✔️ Accent အနေနဲ့လည်း British အသံထွက်ရော American အသံထွက်ကိုပါ တိတိကျကျလေ့လာလို့ရမှာဖြစ်လို့ တော်တော်လေး အဆင်ပြေပါတယ်။ 🥰

✔️ ဒါ့အပြင် game အနေနဲ့ Quiz လေးတွေပါဆော့လို့ရမှာဖြစ်ပါတယ်။ Quiz မှာ အများအားဖြင့် Usage notes, Idioms, Phrasal verbs စသည်ဖြင့်ပါတတ်ပါတယ်။

🌟 အားသာချက်ပြီးရင် အားနည်းချက်လေးတွေလည်း မျှဝေပေးရမှာပေါ့နော်။

သူက website လည်း ရှိသလို Download လုပ်ချင်တဲ့သူလေးတွေအတွက် Application လည်းရှိပါတယ်။ ဒါပေမဲ့ ဖုန်းနဲ့ app‌ ဒေါင်းမဲ့သူလေးတွေအနေနဲ့ကတော့ Storage အရမ်းများလို့ဖုန်းလေးစေတတ်ပါတယ်။ တကယ်လို့ offline down မယ်ဆိုရင် manage download မှာဝင်ပြီး download လုပ်လို့ရပါတယ်။ ဒါကတော့ အကောင်းဆုံးပါဗျ။

Thanks so much for reading.🤍
I wish you all to be an excellent learners .🙏🥰
Stay tuned!✨

Pic_Crd

26/12/2023

IELTS Listening ကို Self-Study ဘယ်လိုလုပ်မလဲ

Listening မှာ Band Score ကောင်းကောင်းရချင်တဲ့သူတွေအတွက်

IELTS Listening ကို အခြေခံကနေစပြီး ထိထိရောက်ရောက် Self-Study ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။💙

🌸 စစချင်းမှာ ခက်တာတွေ သွားနားထောင်ရင် စိတ်ဓာတ်ကျပြီး စာဆက်မလုပ်ချင်ဖြစ်တတ်ပါတယ်။ အဲ့တာကြောင့် ပေါ့ပေါ့ပါးပါးအနေနဲ့ Ted Talk, BBC Learning English စတဲ့ Website တွေက‌နေ အရင်လေ့ကျင့်သင့်ပါတယ်။ Topic တွေလည်း စုံတဲ့အပြင် Motivation ပါ ရစေမှာနော်။ အဲ့တာအပြင် English Movies တွေ English Songs တွေကနေလည်း အပန်းဖြေရင်း လေ့လာလို့ရပါတယ်။

🌸 Listening နဲ့ အကျွမ်းတဝင်ရှိသွားပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ Cambridge Books တွေနဲ့ စလေ့ကျင့်လို့ရပါပြီ။ Books 10 to 18 ထိကို အမှားတွေပြင်လိုက် လေ့ကျင့်လိုက်လုပ်ရင်း ကျေညက်သွားပြီဆိုရင်တော့ IELTS Mindset နဲ့ တစ်ဆင့်တက်ပြီး လေ့ကျင့်ပါ။

🌸 လေ့ကျင့်ထားတာတွေကို ပြန်မေ့မသွားဖို့ဆိုရင်တော့ Test တွေဖြေရပါမယ်။ ဒီနေရာမှာ IELTS Mock Tests တွေထက် Recent Annual Test တွေကို ဖြေတာက Question Format နဲ့ ပိုပြီး Familiar ဖြစ်စေပါတယ်။ Recent Annual Tests တွေကနေ အမေးများတဲ့ မေးခွန်းပုံစံတွေလေ့လာနိုင်သလို သူက Test Day မှာ ဖြေရမယ့် မေးခွန်းပုံစံနဲ့ပါ ခပ်ဆင်ဆင်ဖြစ်လို့ ကိုယ့်အမှတ်ကိုလည်း ကြိုပြီး ခန့်မှန်းလို့ရပါတယ်။

ကဲ ဒီလိုလေးသာ တစ်ဆင့်ချင်းစီလေ့ကျင့်သွားမယ်ဆိုရင် IELTS Listening Skill ကို Band 7 ကတော့ ပြေးမလွတ်တော့ဘူးနော်။💙


မနေ့ကပြုလုပ်ခဲ့တဲ့ ပထမဆုံး webinar လေးကို တက်ရောက်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။🫰အမ...
11/12/2023

မနေ့ကပြုလုပ်ခဲ့တဲ့ ပထမဆုံး webinar လေးကို တက်ရောက်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။🫰

အမှတ်တရဓာတ်ပုံလှလှလေးတွေနဲ့လည်း မှတ်တမ်းတင်ထားပါတယ်ရှင့်။ 📸❣

29/11/2023

SAT (Scholastic Assessment Test) ဆိုတာဘာလဲ။❓

📕 SAT ဆိုတာကတော့ University တွေ College တွေ လျှောက်တဲ့အခါမှာ လိုအပ်တဲ့ Undergraduate Program Admission Test တစ်ခုပဲဖြစ်ပါတယ်။ 1926 မှာ Non-profit Organization တစ်ခုဖြစ်တဲ့ the College Board က စတင်ခဲ့တာဖြစ်ပြီး အထူးသဖြင့် U.S က တက္ကသိုလ်တွေ ဝင်ခွင့်ရဖို့အတွက် လိုအပ်တဲ့ Standard Test တစ်ခုလည်းဖြစ်ပါတယ်။

Subject ဘယ်နှစ်ခုဖြေရမလဲ။❓

📕 SAT မှာတော့ English (Evidence-Based Reading and Writing) နဲ့ Mathematics (Calculator and No Calculator) ဆိုပြီး Subject နှစ်ခုဖြေရပါတယ်။
(အရင်ကတော့ Optional အနေနဲ့ Essay ကိုပါ Section တစ်ခုထပ်ယူပြီး ဖြေကြပေမယ့် 2021 နောက်ပိုင်းမှာတော့ မပါတော့ပါဘူး။)

စာ‌မေးပွဲပုံစံက ဘယ်လိုလဲ။❓

📕 Paper-based Exam ကိုမှ Subject နှစ်ခုလုံးစာအတွက် ဖြေဆိုချိန်က 3 နာရီဖြစ်ပါတယ်။ MCQ (Multiple Choice Questions) ပုံစံဖြစ်ပြီး တစ်ဘာသာကို အမှတ် 800 နဲ့ စုစုပေါင်း အမှတ် 1600 ဖိုးဖြေရမှာပါ။

📕 Evidence-based Reading and Writing Section မှာတော့ History, Social Studies, Science စတဲ့ ဘာသာရပ်တွေကို အခြေခံပြီး အမေးများပါတယ်။

♦ Reading Test_ 52 Questions & 65 Minutes
Writing and Language Test_ 44 Questions & 35 Minutes

♦ Mathematics မှာတော့ Calculator နဲ့ No Calculator ဆိုပြီး Section နှစ်မျိုးရှိပါတယ်။

Maths Test (No Calculator) _ 20 Questions/ 25 Minutes
Maths Test (Calculator) _ 38 Questions/ 55 Minutes

SAT က ခက်လား။❓

📕 Comprehension, Rhetorical Analysis, Evidence စတာတွေကို ‌အခြေခံပြီး ဖြေရတာမို့ အတိုင်းအတာတစ်ခုထိ ခက်ပါတယ်။ အလွတ်ကျက်ဖြေပုံမျိုးမဟုတ်ဘဲ တွေးရတာမျိုးမို့ Critical Thinking Skills ကောင်းဖို့လည်း လိုပါတယ်။

SAT ကို ဘယ်အချိန်မှာ ဖြေကြလဲ။❓

📕 University တွေ လျှောက်တဲ့အခါ Additional Test အနေနဲ့ တောင်းတတ်တာမို့ SAT ကိုဖြေကြပါတယ်။ ဒါပေမယ့် SAT က Additional Test တစ်ခုဖြစ်တာမို့ သူ့ချည်းပဲ လျှောက်လို့တော့မရပါဘူး။ ကိုယ့်ဘက်က နိုင်ငံတကာ 12 တန်းနဲ့ ညီမျှတဲ့ (GED or IGCSE) တစ်ခုခုရှိထားဖို့လိုပါတယ်။

ဘယ်မှာဖြေလို့ရမလဲ။❓

📕 အရင်ကတော့ SAT က paper-based ဖြစ်ပေမယ့် 2023 March မှစပြီး computer-based အဖြစ်ပြောင်းလဲလိုက်ပါတယ်ဗျ။ ဒါကြောင့် ဘယ်နေရာမှာဖြေလို့ရမလဲဆိုတာကိုတော့ အောက်မှာဖော်ပြထားတဲ့ college board website ထဲကိုဝင်ပြီး​​​ မြန်မာနိုင်ငံမှာဖြေဆိုနိုင်တဲ့ international schoolတွေကို ရှာကြည့်ရင် ပိုပြီးတိကျသေချာစေမှာပါဗျ။

College Board Website Link 👇

https://prod.idp.collegeboard.org/signin/verify/okta/password

📕 SAT ကို U.S Singapore, Australia, Canada, Germany, Japan စတဲ့ နိုင်ငံတွေ တော်တော်များများက လက်ခံတာမို့ GED or iGCSE O level ပြီးထားသူတွေအနေနဲ့ ဖြေထားသင့်တဲ့ Exam တစ်ခုပါ။

ဒါဆိုရင်တော့ SAT exam အကြောင်းကို သိရှိသွားပြီလို့ယုံကြည်ပါတယ်။

31/10/2023

Halloween ပွဲတော်လို့ ပြောလိုက်တာနဲ့ သရဲဝတ်စုံတွေ၊ဖရုံသီးတွေ၊ သကြားလုံးတွေကို ပြေးမြင်မိကြမှာ အမှန်ပါပဲ။☠🎃

ကဲ ဒါဆို Halloween day ဆိုတာ?🤔

🔻 ဒီနေ့ October 31 ရက်နေ့ကို Halloween day အဖြစ်သတ်မှတ်ပြီး အနောက်နိုင်ငံတွေမှာ Halloween ပွဲတော်အဖြစ် ပျော်ပွဲရွှင်ပွဲတွေနဲ့ ခမ်းခမ်းနားနားကျင်းပကြပါတယ်။

🔻Halloween ပွဲတော်ကိုလူငယ်တွေ ၊ ကလေးတွေ အများဆုံးပါဝင်ဆင်နွှဲကြပြီး အိုင်ရာလန်နိုင်ငံရဲ့ Samhain ပွဲတော်လို့ခေါ်တဲ့ ကောက်ရိတ်သိမ်းပွဲတော်တစ်ခုကနေ လွန်ခဲ့တဲ့ BC 4000 ကျော်လောက်ကတည်းက စတင်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

🔻 Halloween ပွဲတော်ဟာ American နိုင်ငံမှာ Christmas ပွဲတော်ပြီးရင် အကျော်ကြားဆုံးပွဲတော်တစ်ခုလဲဖြစ်ပါတယ်။

ဒါကတော့ Halloween day အကြောင်းတစေ့တစောင်းပဲ ဖြစ်ပါတယ်။👀

👻Happy Halloween day every youths👻

30/10/2023

Listening Skills ကို Self-Study လုပ်ရင်း အချိန်တိုအတွင်း တိုးတက်ချင်ပါတယ်ဆိုတဲ့ သူတွေရေ..🤗

Listening နားထောင်ရတာ ပျင်းဖို့ကောင်းပြီး မထိရောက်ဖြစ်နေပြီဆိုရင်ဝောာ့

ဗဟုသုတလည်းရ ပျော်စရာလည်း ကောင်းမယ့်အပြင် Listening Skill ပါ တိုးတက်စေမယ့် Website လေးတွေ ရှိတယ်ဗျို့။🎉📢

English Listening ကို Self-Study လုပ်ချင်ပေမယ့် ဘယ်မှာသွားနားထောင်ရမှန်း မသိဖြစ်နေတယ်ဆို ဒီ Postလေးကို အဆုံးထိဖတ်လိုက်တော့နော်။🤗

(1)BBC Learning English

English Learners တွေကြားမှာ နာမည်ကြီးတဲ့ ဇာတ်လိုက်ကြီးပေါ့။😎 Up To Date ဖြစ်တဲ့ အကြောင်းအရာတွေအကုန် စုံစုံလင်လင် လေ့လာလို့ရတာကြောင့် Listening လည်းရ ဗဟုသုတလည်းတိုး။ တစ်ချက်ခုတ် နှစ်ချက်ပြတ်နော်။😉 မသိတဲ့ Vocabulary တွေကိုလည်း တစ်ခါတည်းလေ့လာလို့ရတဲ့အပြင် British Accent နဲ့ပါ ရင်းနှီးသွားမှာမို့ အားလုံးရဲ့အကြိုက်ဗျို့။🥳

(2)Tedtalk

ဒါကတော့ နည်းနည်းဆရာကျသွားပြီ။😎 Topic တစ်ခုချင်းဆီကို သေချာဆွေးနွေးထားတာမို့ နားထောင်ရင်းနဲ့ ဗဟုသုတအပြင် Idea အသစ်တွေလည်း တိုးစေမှာနော်။ အထူးသဖြင့် IELTS ဖြေမယ့်သူတွေအတွက် အရမ်းသင့်တော်ပါတယ်။🤗

(3)English Conversation Club

Listening Skill တိုးတက်ဖို့ဆိုတာ များများနားထောင်ဖို့လည်း လိုပါတယ်။ ခုလို website တွေဆီ တကူးတကသွားနားမထောင်ချင်ဘူးဆိုရင်တော့ သူများပြောတဲ့ Conversation တွေကနေလည်း လေ့လာလို့ရတယ်နော်။🤗 အဲ့တာကြောင့် English Conversation Club တွေ လိုက် Join ပြီး Listening ရော Speaking ပါ တစ်ပြိုင်တည်းလေ့ကျင့်လို့ရတယ်ဗျို့။🥳

ကဲ English Listening ကို ထိထိရောက်ရောက် လေ့လာလို့ရမယ့် နေရာတွေလည်း သိပြီဆိုတော့

2023 မကုန်ခင် တိုးတက်အောင် လုပ်တော့နော်။🥳

Address

Yangon

Telephone

+959982794872

Website

Alerts

Be the first to know and let us send you an email when Iris's Little World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Iris's Little World:

Shortcuts

Share

Category