13/05/2025
မင်္ဂလာညချမ်းပါခင်ဗျာ။
ကျွန်တော့် Page ကိုအမြဲတမ်းကြည့်ရှူပြီး စာလေ့လာနေကြတဲ့သူအားလုံးကို သတင်းကောင်းတစ်ခုပေးချင်ပါတယ်။
ဂျာမန်ဘာသာစကားအတန်းနဲ့ပတ်သက်ပြီး စုံစမ်းလိုသူများ အတွက် – ကျွန်တော့် Page ရဲ့ Messenger မှတစ်ဆင့် တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။
📌 အတန်းများအတွက် Level (A2 မှ B2 အထိ) တတ်ရောက်လိုသူများအနေနဲ့တော့ Placement Test (၁ နာရီခွဲ) ဖြေဆိုရပါမယ်။ ကိုယ်လိုချင်တဲ့ Level ကို တက်ဖို့အတွက် တစ်ဆင့်နိမ့်တဲ့ Level စာမေးပွဲကိုအောင်မှသာ တတ်ခွင့်ရပါမယ်။
ဥပမာ –
🔸 A2 တတ်ချင်သူက A1 Level စာမေးပွဲ ဖြေရပါမယ်။
🔸 B1 တတ်ချင်သူက A2 စာမေးပွဲ ဖြေရပါမယ်။
🔸 B2 တတ်ချင်သူက B1 စာမေးပွဲ ဖြေပြီးမှသာ တတ်ခွင့်ရှိပါတယ်။
အရေးကြီးတာကတော့ – စာမေးပွဲအောင်မှသာ ကိုယ်လိုချင်တဲ့ Level ကို တတ်ခွင့်ရမှာဖြစ်ပါတယ်။ မအောင်ပါက တစ်ဆင့်နိမ့်တဲ့အတန်းက စတက်ရပါမယ်။
📌 သို့သော် B2 တတ်ချင်သူများထဲက Goethe Zertifikat B1 ကို ရရှိပြီးသားသူများအနေနဲ့တော့ စာမေးပွဲဖြေရခြင်းမလိုပါဘဲ တန်းတက်ခွင့်ရနိုင်ပါတယ်။
(သို့သော် B1 ကို ယခင်နှစ်ကယူပြီး၊ လတ်တလောစာနဲ့အလှမ်းဝေးနေသူများကတော့ စစ်ဆေးဖို့ပြန်ဖြေရမှာဖြစ်ပါတယ်။)
📌 စာမေးပွဲကြေးမှာ – ၂၀,၀၀၀ ကျပ် ဖြစ်ပြီး၊ Placement Test မှာတော့ –
Reading, Writing, Listening, Speaking, General Knowledge and Phonetics စတဲ့အပိုင်းများ ပါဝင်မှာဖြစ်ပါတယ်။
A1 Level စတင်တက်ချင်သူများအတွက် သီးခြားစာမေးပွဲမရှိပဲ တတ်ရောက်ခွင့်ရှိပါတယ်။
ကျွန်တော်အနေနဲ့ စိတ်ဝင်စားသူတွေကို အတန်းထဲမှာ တကယ်ပဲအကျိုးရှိအောင်၊ ပိုက်ဆံရပြီးပြီးရော သင်တဲ့ဆရာမျိုးမဟုတ်ပဲ – သင်ကြားမှုအရည်အသွေးကို အထူးဦးစားပေးပါတယ်။
စာမေးပွဲဖြေခိုင်းတာဟာလည်း ပိုက်ဆံရအောင်လုပ်တာ မဟုတ်ပဲ၊
တကယ်တတ်လိုသူတွေအတွက်ရော သင်ပေးရတဲ့ဆရာရော နှစ်ဦးနှစ်ဖက် အဆင်ပြေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။
အခြားသင်တန်းမှာ A2, B1 ပြီးထားပြီး စာလဲမရ အသံထွက်လဲမမှန်, Basic Vocabs and Grammar တွေကို မကျေညက် မရခဲ့တော့ ကျွန်တော့်အတွက်ရော စာသင်ရတာအဆင်မပြေသလို ကျောင်းသားဘက်ကလဲ စာမရတော့အဆူခံနေရတော့ နှစ်ဦးနှစ်ဖက်အဆင်မပြေဖြစ်ရတာမို့ ဒီလိုစာမေးပွဲစနစ်ထားရှိရခြင်းဖြစ်ပါတယ်။ (By One အများဆုံးသင်တာဖြစ်လို့ ကျောင်းသားစာမကျေခဲ့ရင် ပိုပြီး အဆင်မပြေဖြစ်ရပါတယ်)
အခြားမေးစရာတွေရှိရင် Page Messenger မှာ စိတ်တိုင်းကျမေးမြန်းလို့ရပါတယ်။
ကျေးဇူးတင်ပါတယ်။ 🙏📘🇩🇪