Happy Stars English Language Academy

Happy Stars English Language Academy Happy English Learning Home

New Class Announcement!     Class (level 1)Hello! မေမေတို့ရေ မေမေတို့ရဲ့ သားသားမီးမီးလေးတွေဟာ English စသင်နေပြီဖြစ်‌ေပမယ...
16/01/2023

New Class Announcement! Class (level 1)

Hello! မေမေတို့ရေ မေမေတို့ရဲ့ သားသားမီးမီးလေးတွေဟာ English စသင်နေပြီဖြစ်‌ေပမယ့် writing နဲ့ reading ပိုင်းအတွက် အားမရဖြစ်နေပါသလား? ကျောင်းမှာ အထိုက်အလျောက် English ကို ပြောတတ်နားထောင်တတ်ပေမယ့် ရေးခိုင်းဖတ်ခိုင်းတဲ့အခါ အတော်အားနည်းနေပါသလား?

✅ကလေးလေးတွေဟာ YouTube videoလေးတွေကြည့်ခြင်းဖြင့်(သို့)မိမိပတ်၀န်းကျင်မှတဆင့် language(speaking)ကို သင်ယူတတ်မြောက်ပြောဆိုနေတတ်ပါတယ်။ဒါပေမယ့် writing အပိုင်းကိုတော့ သူ့အလိုအလျောက် တတ်မြောက်သွားမှာမဟုတ်ပါဘူးရှင်။ငယ်စဉ်ကပင် တွေးတတ်ရေးတတ် Grammarနဲ့ writingကို ပိုင်နိုင်ဖို့ ရေးရဲဖို့တော့ စနစ်တကျ သင်ကြားလေ့ကျင့်ပေးရပါတယ်ရှင့်။

✅ဘယ်အရွယ်မှာ writingသင်နိုင်ပြီလဲ?
အတန်းအားဖြင့် Grade 1 or 2 (အသက် 7 နှစ်မှ 9 နှစ်) word level အထိ သိရှိနားလည်သော ကလေးလေးတွေ သင်လို့ရပါတယ်။

✅writing သင်ဖို့စနစ်ကျသော YLဆရာ/ဆရာမအများစု recommendပေးသော course book series ဖြစ်ပါတယ်
ဒီစာအုပ်လေးကတော့ အတော်လေး စနစ်ကျကောင်းမွန်တာကို တွေ့ရပါတယ်။ Writing Skills ရဲ့ input လေးတွေဖြစ်တဲ့ word practice , grammar တို့ကို thinking skills နှင့် ပေါင်းစပ်ပြီး imputပေးပါတယ်။ စာစရေးဖို့အတွက် scope and sequence ကို သေချာစနစ်တကျ စီစဉ်ထားပြီး step 6 ခုနဲ့ scaffolding technique ကိုသုံးပြီး အဆင့်ဆင့်လေ့ကျင့်ပါတယ်။

Unit 15 ခု ပါတဲ့အတွက် ကလေးလေးတွေဟာ level တစ်ခုအပြီးမှာ အကြောင်းအရာ 15 မျိုးကို တွေးတတ်ရေးတတ်သွားမှာ ဖြစ်ပါတယ်
ကိုယ်တိုင်ရေးသားဖန်တီးထားတာလေးကို အများရှေ့ ရဲရဲ၀င့်၀င့် present လုပ်ရဲဖို့အတွက်လည်း လေ့ကျင့်ပေးဦးမှာဖြစ်တဲ့အတွက် presentation skill လည်း ရရှိစေမှာပါ။

✅သင်ကြားမည့် ပုံစံ။
Zoom (face to face )class ပါ ။တစ်ပတ် 3 ချိန်(3 hours per week) (teaching+workbook homework)တစ်တန်းမှာ #ကလေးအများဆုံး 10 ဦးသာ ထိထိရောက်ရောက် သင်ကြားပေးမှာပါ။တစ်ဦးချင်းစီကို ဂရုတစိုက်နဲ့ class အချိန်တိုင်းမှာသေချာလေ့ကျင့်ပေးပြီး ကလေးရဲ့ အားသာချက် အားနည်းချက် တိုးတက်မှုလေးတွေလည်း မိဘနဲ့‌ေသချာဆွေးနွေးပေးပါတယ်။ writing ဖြစ်တဲ့အတွက် အတန်းပြီးလျှင် homeworkလေးတွေ လုပ်ရပါမယ် မေမေတို့က သားသားမီးမီးတို့ homeworkလေးတွေကို Viber group မှာ ထပ်ပေးရပါမယ်။အားလုံးကို သေချာစီစစ်ပြီး feedback ပေးပါတယ်။

✅level 1 သင်တန်းကာလ(4 or 5 months)အပြီးမှာ သားသားမီးမီးတို့သည် writing skill အပြင် reading, vocabulary, gr‌ammar နှင့် presentation skills တွေပါ ရရှိမှာဖြစ်ပါတယ်။

#သားသားမီးမီးတို့ English Writing တိုးတက်စေဖို့ အမြန်ဆုံး အတန်းကြပါစို့။
Contact - 09 97 588 4457 or cb

My little learners from beginner class ❤️❤️❤️
15/01/2023

My little learners from beginner class ❤️❤️❤️

 #လူနည်းနည်းနဲ့ထိထိရောက်ရောက်သင်ကြားပေးမယ့်အတန်းလေးပါ (7 maximum)   Happy Stars Language Academy( Tr.Grace & Sayar Htet'...
05/01/2023

#လူနည်းနည်းနဲ့ထိထိရောက်ရောက်သင်ကြားပေးမယ့်အတန်းလေးပါ (7 maximum)
Happy Stars Language Academy( Tr.Grace & Sayar Htet's language classes) မှကြိုဆိုပါတယ်
2023 မှာ ဖွင့်လှစ်ပေးမယ့် English learners' beginners class လေး ကြေညာပေးချင်ပါတယ်။

✅နိုင်ငံခြားပညာသင်သွားဖို့ English သင်ယူလိုသည်ဖြစ်စေ။ အလုပ်လုပ်ရင်း English ကို လေ့လာလိုသည်ဖြစ်စေ။ English ကို အခြေခံမှစ၍ သင်ယူလိုသူများအတွက် သင့်တင့်သောသင်တန်းကြေးဖြင့် Experienced teachers များဖြင့်စနစ်တကျ face to face (zoom class) တက်ရောက်ချင်သူများအတွက် English Beginners class ဖွင့်ပါမယ်။

✅သင်ကြားမည့် course
Oxford မှထုတ်ဝေသော 4 skills, Grammar, Pronunciation အားလုံးပါပြီး Topic များလည်း update ဖြစ်သော Headway 5th edition (Beginner) ဖြစ်ပါတယ်။

✅သင်ကြားပေးမည့် ဆရာ/ဆရာမများ
Tr.Grace and Sayar Htet
B.A(Hons:),M.A(English),TKT (British Council)
language schools, International schools , Private Schools နှင့် Government universitiesများတွင် English သင်ကြားခဲ့သော အတွေ့အကြုံ 13 နှစ်ကျော်ရှိသော ဆရာ/ဆရာမများဖြစ်ပါတယ်

✅Course book, fee and duration
Course book ကို မိမိနီးစပ်ရာမှ၀ယ်ယူနိုင်သလို သင်တန်းမှ deliveryဖြင့်လည်း ပို့ပေးပါတယ်
စာအုပ်ဖိုး 9000 ကျပ်( course တစ်ခုစာအပြီး)
သင်တန်းကြေး တစ်လ 30000 ကျပ်ပါ။တစ်လချင်းစီ ပေးသွင်းနိုင်ပါတယ်။
သင်တန်းကာလ ၅ လ ကြာမြင့်ပါမယ်။

✅သင်တန်းတက်ရောက်ရန်လိုက်နာရမည့်စည်းကမ်းချက်များမှာ-
- 10 မိနစ်ထက်နောက်မကျဘဲ zoom class အတွင်း၀င်ရောက်ရန်
-camera ဖွင့်ထားရန်
-စာသင်နေစဉ်အတွင်း မုန့်စားခြင်း။ဆေးလိပ်သောက်ခြင်း။ဆူညံခြင်းများ မပြုလုပ်ရန်။ဆရာဆရာမများနှင့် သင်တန်းသားအချင်းချင်းလေးစားမှုရှိရန်
-class activities များ Practice များတွင် တက်ကြွစွာ ပါ၀င်ရန်
-(ခွင့်မတိုင်ဘဲ 3 ရက် ဆက်တိုက်ပျက်ကွက်ပါက သင်တန်းမှထုတ်ပယ်ပါမည်။)

✅ထိရောက်သော သင်ကြားမှု။လေ့ကျင့်မှုနှင့်တတ်မြောက်မှုအတွက် သင်တန်းသား ( ၇ )ဦးသာ လက်ခံပါမည်။ English ကို စိတ်အားထက်သန်ပြီး အမှန်တကယ်တတ်မြောက်လိုသော သင်တန်းသားများကို ကြိုဆိုပါသည်

✅ Enrollment and Enquiry
09975884457 / 09970188688

✅သင်တန်းအပ်ရန် Tr.Grace messenger or page messengerတွင် အပ်နှံနိုင်ပါသည်။
သင်တန်းကြေးကို Kpayဖြင့် ပေးသွင်းနိုင်ပါသည် သင်တန်းကြေးသွင်းပြီးပါက Viber group သို့ add ပေးပါမည်။

✅Timetable
7.00-8.30 p.m.(Monday, Tuesday, Wednesday, Thursday)ရုံးချိန်လွတ်စီစဉ်ထားပါသည်။
2.2.2023 မှ 29.6.2023 ထိ 5 လ ကြာမြင့်ပါမည်
5 လအတွင်း သင်တန်းမှ test 2 ကြိမ်ဖြေရပါမည်(mid-term and end of the course)
သင်တန်းပုံမှန်တက်ရောက်ပြီး အိမ်စာပုံမှန်လုပ်သူများ test နှစ်ခုလုံးဖြေဆိုသောသူများကိုသာ Completion Certificate ထုတ်ပေးပါမည်။

✅✅✅သင့်ဘက်က အတန်းတက်မှန်ကန်မှုနှင့် ကြိုးစားအားထုတ်မှုသာပေးပါ အမှန်တကယ်တက်မြောက်ဖို့ ဆရာ/ဆရာမများဘက်မှ တာ၀န်ယူပါသည်။

25/02/2022

Digital Learning ၏ အကျိုး ကျေးဇူးများ
(Unicode & Zawgyi below)

Unicode
“အိမ်က ကလေးတေက စာမလုပ်ဘူး ဖုန်းပဲဆော့နေကြတယ်”
“ကလေးက စာသင်လို့မရဘူး စိတ်မဝင်စားဘူး ဖုန်း ပဲတောင်းနေတယ်”
“ကလေးတေက အတန်းထဲမှာ စာသင်တာကို သိပ်စိတ်မဝင်စားကြဘူး”
“စာသင်ချိန်ဆို ပျင်းကြတယ်”
ဆရာဆရာမ နှင့် မိဘအချို့၏ ကလေးများနှင့် ပတ်သက်၍ ပြောလေ့ရှိသော အရာများပင်ဖြစ်သည်။ ကလေးငယ်များသည် အသစ်အသစ်ကို စိတ်ဝင်စားသည်။ စူးစမ်းကြသည်။ ယနေ့ခေတ် တွင် ကျောင်းသားလူငယ် များသည် Digital Tools or Applications နှင့် အလှမ်းဝေးသူ ရှားပါး လှပါသည်။ ယနေ့ခေတ် ကလေးငယ်များကို Generation Alpha ဟုသတ်မှတ်၍ အခြားမျိုးဆက်များနှင့် ယှဥ်ပါက နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်မှုအရှိဆုံးမျိုးဆက် ဖြစ်သောကြောင့် ၎င်းတို့၏ နည်းပညာအသုံးပြုနိုင်စွမ်း၊ နည်းပညာ အပေါ် စိတ်ပါဝင်စားမှုသည် အခြားမျိုးဆက်များထက် သာလွန်ကောင်းမွန်ပါသည်။
ထို့ကြောင့်ဆရာ ဆရာမများ မိဘများအနေနှင့်လည်း သင်ကြား သင်ယူ မှုကို သမရိုးကျ သင်ခန်းစာ များ ကိုသာ အလေးပေးခြင်း၊ အသုံးပြုနေချင်းထက် Ditigal Learning နှင့် ရောယှက်၍ ကျောင်းသားလူငယ်များ၏ သင်ကြားသင်ယူမှုကို ပံ့ပိုးပေးနိုင်ပါသည်။ Telephone, Computer, Tablet အစရှိသည့် Electronic Gadgets များ အသုံးပြုသည်ကိုတားမြစ် ပိတ်ပင်ခြင်းထက် အကျိုးရှိရှိ အသုံးချနိုင်စေရန် ကူညီပံ့ပိုးပေးသင့်ပါသည်။
Digital Learning (နည်းပညာအခြေပြုလေ့လာနည်း) နှင့် Traditional Learning (သမားရိုးကျလေ့လာနည်း) နှိုင်းယှဉ် စဉ်းစားလျှင် Traditional Learning ကို ပစ်ပယ်ခြင်းမျိုးထက် Digital Learning နှင့် ပေါင်းစပ်၍ သင်ကြားခြင်းဖြင့် ကလေးငယ်များ၏ စွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။ Digital Learning ဖြင့် သင်ကြားသင်ယူမှုကြောင့် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သာမက ဆရာ ဆရာမ များ၏ သင်ကြားမှုကိုပါ ပို၍ တိုးတက် ကောင်းမွန်စေနိုင်ပါသည်။
ဆရာဆရာမများ၏ သင်ကြားမှုတိုးတက်သည်ဆိုရာတွင်
၁။ ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသော သင်ခန်းစာများ ဖန်တီးနိုင်ခြင်း
ကလေးငယ်များသာမက လူငယ်များသည် သာမန် သမားရိုးကျ သင်ကြားပုံများထက် စိတ်လှုပ်ရှား ဖွယ်ကောင်းသော တက်ကြွသော သင်ခန်းစာများကို မျှော်လင့်ကြသည်။ ဆရာ ဆရာမ အနေဖြင့် စာအုပ်ကို သုံး၍သင်ကြားခြင်းထက် Video ၊ games၊ ရုပ်ပုံ စသည်တို့ကို သုံး၍ ပိုမို စိတ်ဝင်စားဖွယ်ကောင်းသော သင်ခန်းစာများကို ဖန်တီးနိုင်ပါသည်။
၂။ ကျောင်းသားတစ်ဉီးစီ အပေါ် ပို၍ အာရုံ စူးစိုက်နိုင်ခြင်း
ပုံမှန်ကျောင်းသား များသောအတန်းတွင် တစ်ဦးချင်း အာရုံစိုက်ရန် ခက်ခဲသောကြောင့် Digital Learning အသုံးပြု၍ ကျောင်းသားများ၏ တိုးတက်မှုကို အကဲဖြတ်နိုင်ပါသည်။ ကျောင်းသားတစ်ဦးစီ၏ တိုးတက်မှုကို အလွယ်တကူ မှတ်တမ်းတင်နိုင်သောကြောင့် အတန်းထဲရှိကျောင်းသားများ၏ အခြေအနေကို သိမြင်နိုင်ပါသည်။ ထို့ပြင် Feedback ပေးရာတွင်လည်း တစ်ဦးချင်း အသေးစိတ်ပို၍ ပေးနိုင်ပါသည်။
Digital Learning (နည်းပညာအခြေပြုလေ့လာနည်း) အသုံးပြုခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ တိုးတက်မှုများမှာ -
၁။ သတင်းအချက်အလက် ဗဟုသုတ ပိုမိုရရှိနိုင်ခြင်း
Internet အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခြင်းထက် Digital Learning Strategy ကို စနစ်တကျ သင်ကြားပေးခြင်းဖြင့် သင်ယူမှုကို ပိုမို ချဲ့ထွင်ပေးနိုင်ပါသည်။ မိဘ ဆရာ ဆရာမ သင်ကြားပေးသည်ကို အားကိုး၍ နားထောင်နေခြင်းမျိုး မဟုတ်ဘဲ မိမိဘာသာ အချက်အလက်များကို ရှာဖွေခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု ပိုမိုတိုးတက်နိုင်ပါသည်။
၂။ သင်ခန်းစာ အပေါ် စိတ်ပါဝင်စားမှု ပိုမိုမြင့်တက်လာခြင်း
သင်ကြားသင်ယူမှု ပတ်ဝန်းကျင် နှင့် သင်ခန်းစာသည် တက်ကြွနေမှသာလျှင် သင်ယူလိုစိတ်ကို တိုးတက်စေပါသည်။ Digital Learning တွင် အသုံးပြုသော games, music, videos များသည် စိတ်ပါဝင်စားမှုကို ပိုမိုဖြစ်ပေါ်စေပါသည်။ Nursery Rhymes များကို သာမန် နားထောင် လိုက်ဆိုစေခြင်းထက် Application or Gamification အသုံးပြုခြင်းဖြင့် သင်ခန်းစာကို ပိုမို မှတ်မိစေပါသည်။
အချုပ်ဆိုရလျှင်၂၁ရာစုတွင် Digital Learning ကို အသုံးပြု၍ သင်ကြားခြင်းဖြင့် ကျောင်းသားလူငယ်များ၏ problem solving, creativity, critical thinking စသည့် စွမ်းရည်များ မြင့်တက်လာစေနိုင်သည့်အ ပြင် သင်ခန်းစာအပေါ် စိတ်ပါဝင်စားမှု၊ နားလည်တတ်ကျွမ်းမှုများ ပိုမိုတိုးတက်လာနိုင်ပါသောကြောင့် ဆရာဆရာမများ မိဘများ အနေဖြင့် Digital Learning ဖြင့်သင်ကြားမှုကို အားပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

Zawgyi
Digital Learning ၏ အက်ိဳး ေက်းဇူးမ်ား
“အိမ္က ကေလးေတက စာမလုပ္ဘူး ဖုန္းပဲေဆာ့ေနၾကတယ္”
“ကေလးက စာသင္လို႔မရဘူး စိတ္မဝင္စားဘူး ဖုန္း ပဲေတာင္းေနတယ္”
“ကေလးေတက အတန္းထဲမွာ စာသင္တာကို သိပ္စိတ္မဝင္စားၾကဘူး”
“စာသင္ခ်ိန္ဆို ပ်င္းၾကတယ္”
ဆရာဆရာမ ႏွင့္ မိဘအခ်ိဳ႕၏ ကေလးမ်ားႏွင့္ ပတ္သက္၍ ေျပာေလ့ရွိေသာ အရာမ်ားပင္ျဖစ္သည္။ ကေလးငယ္မ်ားသည္ အသစ္အသစ္ကို စိတ္ဝင္စားသည္။ စူးစမ္းၾကသည္။ ယေန႔ေခတ္ တြင္ ေက်ာင္းသားလူငယ္ မ်ားသည္ Digital Tools or Applications ႏွင့္ အလွမ္းေဝးသူ ရွားပါး လွပါသည္။ ယေန႔ေခတ္ ကေလးငယ္မ်ားကို Generation Alpha ဟုသတ္မွတ္၍ အျခားမ်ိဳးဆက္မ်ားႏွင့္ ယွဥ္ပါက နည္းပညာႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈအရွိဆုံးမ်ိဳးဆက္ ျဖစ္ေသာေၾကာင့္ ၎တို႔၏ နည္းပညာအသုံးျပဳႏိုင္စြမ္း၊ နည္းပညာ အေပၚ စိတ္ပါဝင္စားမႈသည္ အျခားမ်ိဳးဆက္မ်ားထက္ သာလြန္ေကာင္းမြန္ပါသည္။
ထို႔ေၾကာင့္ဆရာ ဆရာမမ်ား မိဘမ်ားအေနႏွင့္လည္း သင္ၾကား သင္ယူ မႈကို သမ႐ိုးက် သင္ခန္းစာ မ်ား ကိုသာ အေလးေပးျခင္း၊ အသုံးျပဳေနခ်င္းထက္ Ditigal Learning ႏွင့္ ေရာယွက္၍ ေက်ာင္းသားလူငယ္မ်ား၏ သင္ၾကားသင္ယူမႈကို ပံ့ပိုးေပးႏိုင္ပါသည္။ Telephone, Computer, Tablet အစရွိသည့္ Electronic Gadgets မ်ား အသုံးျပဳသည္ကိုတားျမစ္ ပိတ္ပင္ျခင္းထက္ အက်ိဳးရွိရွိ အသုံးခ်ႏိုင္ေစရန္ ကူညီပံ့ပိုးေပးသင့္ပါသည္။
Digital Learning (နည္းပညာအေျချပဳေလ့လာနည္း) ႏွင့္ Traditional Learning (သမား႐ိုးက်ေလ့လာနည္း) ႏႈိင္းယွဥ္ စဥ္းစားလွ်င္ Traditional Learning ကို ပစ္ပယ္ျခင္းမ်ိဳးထက္ Digital Learning ႏွင့္ ေပါင္းစပ္၍ သင္ၾကားျခင္းျဖင့္ ကေလးငယ္မ်ား၏ စြမ္းရည္ကို ျမႇင့္တင္ႏိုင္ပါသည္။ Digital Learning ျဖင့္ သင္ၾကားသင္ယူမႈေၾကာင့္ ေက်ာင္းသားေက်ာင္းသူမ်ား၏ စြမ္းရည္သာမက ဆရာ ဆရာမ မ်ား၏ သင္ၾကားမႈကိုပါ ပို၍ တိုးတက္ ေကာင္းမြန္ေစႏိုင္ပါသည္။
ဆရာဆရာမမ်ား၏ သင္ၾကားမႈတိုးတက္သည္ဆိုရာတြင္
၁။ ပိုမိုစိတ္ဝင္စားဖြယ္ေကာင္းေသာ သင္ခန္းစာမ်ား ဖန္တီးႏိုင္ျခင္း
ကေလးငယ္မ်ားသာမက လူငယ္မ်ားသည္ သာမန္ သမား႐ိုးက် သင္ၾကားပုံမ်ားထက္ စိတ္လႈပ္ရွား ဖြယ္ေကာင္းေသာ တက္ႂကြေသာ သင္ခန္းစာမ်ားကို ေမွ်ာ္လင့္ၾကသည္။ ဆရာ ဆရာမ အေနျဖင့္ စာအုပ္ကို သုံး၍သင္ၾကားျခင္းထက္ Video ၊ games၊ ႐ုပ္ပုံ စသည္တို႔ကို သုံး၍ ပိုမို စိတ္ဝင္စားဖြယ္ေကာင္းေသာ သင္ခန္းစာမ်ားကို ဖန္တီးႏိုင္ပါသည္။
၂။ ေက်ာင္းသားတစ္ဉီးစီ အေပၚ ပို၍ အာ႐ုံ စူးစိုက္ႏိုင္ျခင္း
ပုံမွန္ေက်ာင္းသား မ်ားေသာအတန္းတြင္ တစ္ဦးခ်င္း အာ႐ုံစိုက္ရန္ ခက္ခဲေသာေၾကာင့္ Digital Learning အသုံးျပဳ၍ ေက်ာင္းသားမ်ား၏ တိုးတက္မႈကို အကဲျဖတ္ႏိုင္ပါသည္။ ေက်ာင္းသားတစ္ဦးစီ၏ တိုးတက္မႈကို အလြယ္တကူ မွတ္တမ္းတင္ႏိုင္ေသာေၾကာင့္ အတန္းထဲရွိေက်ာင္းသားမ်ား၏ အေျခအေနကို သိျမင္ႏိုင္ပါသည္။ ထို႔ျပင္ Feedback ေပးရာတြင္လည္း တစ္ဦးခ်င္း အေသးစိတ္ပို၍ ေပးႏိုင္ပါသည္။
Digital Learning (နည္းပညာအေျချပဳေလ့လာနည္း) အသုံးျပဳျခင္းေၾကာင့္ ေက်ာင္းသားေက်ာင္းသူမ်ား၏ တိုးတက္မႈမ်ားမွာ -
၁။ သတင္းအခ်က္အလက္ ဗဟုသုတ ပိုမိုရရွိႏိုင္ျခင္း
Internet အသုံးျပဳမႈကို တားျမစ္ပိတ္ပင္ျခင္းထက္ Digital Learning Strategy ကို စနစ္တက် သင္ၾကားေပးျခင္းျဖင့္ သင္ယူမႈကို ပိုမို ခ်ဲ႕ထြင္ေပးႏိုင္ပါသည္။ မိဘ ဆရာ ဆရာမ သင္ၾကားေပးသည္ကို အားကိုး၍ နားေထာင္ေနျခင္းမ်ိဳး မဟုတ္ဘဲ မိမိဘာသာ အခ်က္အလက္မ်ားကို ရွာေဖြျခင္းျဖင့္ မိမိကိုယ္ကို ယုံၾကည္မႈ ပိုမိုတိုးတက္ႏိုင္ပါသည္။
၂။ သင္ခန္းစာ အေပၚ စိတ္ပါဝင္စားမႈ ပိုမိုျမင့္တက္လာျခင္း
သင္ၾကားသင္ယူမႈ ပတ္ဝန္းက်င္ ႏွင့္ သင္ခန္းစာသည္ တက္ႂကြေနမွသာလွ်င္ သင္ယူလိုစိတ္ကို တိုးတက္ေစပါသည္။ Digital Learning တြင္ အသုံးျပဳေသာ games, music, videos မ်ားသည္ စိတ္ပါဝင္စားမႈကို ပိုမိုျဖစ္ေပၚေစပါသည္။ Nursery Rhymes မ်ားကို သာမန္ နားေထာင္ လိုက္ဆိုေစျခင္းထက္ Application or Gamification အသုံးျပဳျခင္းျဖင့္ သင္ခန္းစာကို ပိုမို မွတ္မိေစပါသည္။
အခ်ဳပ္ဆိုရလွ်င္၂၁ရာစုတြင္ Digital Learning ကို အသုံးျပဳ၍ သင္ၾကားျခင္းျဖင့္ ေက်ာင္းသားလူငယ္မ်ား၏ problem solving, creativity, critical thinking စသည့္ စြမ္းရည္မ်ား ျမင့္တက္လာေစႏိုင္သည့္အ ျပင္ သင္ခန္းစာအေပၚ စိတ္ပါဝင္စားမႈ၊ နားလည္တတ္ကြၽမ္းမႈမ်ား ပိုမိုတိုးတက္လာႏိုင္ပါေသာေၾကာင့္ ဆရာဆရာမမ်ား မိဘမ်ား အေနျဖင့္ Digital Learning ျဖင့္သင္ၾကားမႈကို အားေပးသင့္ပါေၾကာင္း တိုက္တြန္းအပ္ပါသည္။

မေတ္တာဖြင့်
Digital Learning Center

ကလေးများအတွက်Englishစာ UTube Channel များ🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑✅ABCD ​တောင်မရ​သေးတဲ့က​လေးများအတွက်https://youtu.be/SlssjpET7Q...
03/02/2022

ကလေးများအတွက်Englishစာ UTube Channel များ
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

✅ABCD ​တောင်မရ​သေးတဲ့က​လေးများအတွက်

https://youtu.be/SlssjpET7Q4

https://youtu.be/zAlX1V3lK5s

✅A to Z ကို. Capital Letter/Small Letter အကုန်ရပြီး စာလုံး​ပေါင်းသတ်ပုံနဲ့ အသံထွက် Phonic သင်ခန်းစာများအတွက်

Oxford Phonic ပါ သူ့Text Book ဝယ်ပီး Videoနဲ့တကွ သင် ​ပေးရင် Englishစာအသံထွက်နဲ့စာလူံး​ပေါင်း​တော်​တော်တိုးတတ်လာမှာပါ။

Oxford 1
https://youtu.be/c0iSTFKJkuo

Oxford 2
https://youtu.be/WgekJpX7OhY

Oxford 3
https://youtu.be/bcuqDNHIk5s

Oxford 4
https://youtu.be/uWzJNa3puyo

Oxford 5
https://youtu.be/UyZzE6GDX8I

✅ စာလူံး​ပေါင်း​တွေ​ဝေါဟာရ​တွေအကုန်ရပြီ Speaking(Englishစာအ​​ပြောစွမ်း​ရည်ပိုင်း) နဲ့ Listening(Englishစာနား​ထောင်မှုအပိုင်း) တိုးတတ်​စေချင်ရင်ကြည့်သင့်သည် UTube Channel
English Singsing က Videos များကို ပြပါ။ အဲChannelက Story(ပုံပြင်​ရော)English Speaking(စကား​ပြော​) ​ရောပါပါတယ်။ ဘာမှ​ရွေးမ​နေပါနဲ့အဲChannel ကို Subscribe လုပ်ပြီးတစ်ပုဒ်ပြီးတစ်ပုဒ်သာပြပါ။ (မိဘများပါ နား​ထောင်ကြည့်ရှူပြီး Englishစာတိူးတတ်လာမယ်​နော်😁)

Englisg Singsing မှ Videosများစွာထဲမှ နမူနာ Video Linkများ

https://youtu.be/FdlLsxR5AE0
(Speaking)

https://youtu.be/VZFeZYQykdc
(Storyပုံပြင်)

✅ ​ဝေါဟာရ​တွေကြွယ်ပြီ အ​ခြေခံGrammar​တွေပိုင်ပြီ၊ Englishဝါကျ​တွေဖတ်တတ်ပြီဆိုတဲ့က​လေးများအတွက်

Little Fox - Kids Songs and Stories

အဲChannelကို Subscribeလုပ်ပြီးအကုန်သာပြပါ။
အဲChannel က ပုံပြင်၊သီချင်း​တွေအပြင် လက်​တွေ့က တိရစဆာန်​လေးများရဲ့ ​အသက်ရှင်သန်မှုအပိုင်း​တွေ ​နေထိုင်မှုပုံစံ​တွေကို က​လေး​တွေကြည့်ချင်စဖွယ်​လေ့လာချင်စဖွယ်တင်ဆက်ထားတာမို့ပြ​ပေးဖို့ အား​ပေးပါတယ်။
မှတ်ချက် - ပြချင်​ဇောနဲ့အတင်းမပြပါနဲ့ ကိုယ့်က​လေးက English Sentence​တွေဖတ်တတ်ပြီလား?အဓိပပါယ်​တွေသိပြီလား? အဲလိုအသိစုံမှပြပါ။အသိ စုံဖို့အ​ပေါ်ကဟာ​တွေကိုအရင်ပြ​ပေးသင့်ပါတယ်။

ဒါ​ပေမဲ့အဲ Little Fox Channelထဲမှာ အခုမှEnglishစာ​လေ့လာမဲ့က​လေး​တွေအတွက်အ​ခြေခံBasic English Videoအတိုထွာ​လေး​တွေလည်းရှိပါတယ်။(Phonicရပြီးမှသာပြ​ပေးသင့်ပါတယ်။)
Categories(အမျိူးစားများကြီးရှိလို့ကြိုက်တာ​ရွေးချယ်ပြီးPlaylistထဲက​Levelအလိုက် ရွေးချယ်ပြ​ပေးနိူင်ပါတယ်)

✅​မေ​မေ​တွေ​ရောလူကြီးပိုင်း​တွေ​ရောက​လေး​တွေအတွက်​ရောအတွက်
​နောက်ထပ် Channel တစ်ခုက​တော့
Easy English ပါ။
လူကြီးပိုင်း​ရော က​လေး​တွေပိုင်း​ရော အတွက် စကား​ပြောVideo​တွေပါ။ Levelမြင့်ပါတယ်။ အသက်၁၃နှစ်အထက်​တွေအတွက်ပါ။ သိူ့​သော်ကိုယ့်က​လေးကိုနိုင်ငံခြား​ကျောင်း​တွေငယ်ငယ်ထဲကထားထားတယ်ဆိုရင် အသက်၁၀နှစ်​အောက်ဖြစ်​နေရင်​တောင်သူတိူ့နားလည်ရင်ပြ​ပေးသင့်ပါတယ်။

နမူနာVideo Link
https://youtu.be/lrqU45Qj6kA

✅အဆင့်လဲမမြင့်အဆင့်လဲမနိမ့် Basic(အ​ခြေခံက​နေ) ​​နောက်တစ်ဆင့်Levelခုန်ကူးမဲ့က​လေး​တွေအတွက် ပြသင့်တဲ့.Channel​လေးက​တော့
Rock 'N Learn ပါ။
လူ့ခနဓါကိူယ်အစိတ်ပိုင်း​တွေ အများကြီးနဲ့ နံပါတ်​တွေ ဘာသာစကား​တွေ သီချင်း​တွေကို အများကြီး English. လိုဘယ်လို​ခေါ် ​ပြောမလည်းဆိုတဲ့ဟာ​တွေတင်ဆက်ထားတာပါ။ ကာတွန်းရုပ်ထွက်က အ​ပေါ်ကChannel​တွေ​လောက်ဆွဲ​ဆောင်မှုမရှိလိူ့ တခြားက​လေး​တွေအဲChannelကိုမကြည့်ကြဖူး။ဒါ​ပေမဲ့ညီမက​တော့အား​ပေးတယ်။ ကြည့်သင့်တယ်လို့မြင်တယ်။ အကုန်ပါတယ်ထင်လို့။

နမူနာVideo Link
https://youtu.be/hFIGwwE1uAM

✅ For Teenagers (၁၅နှစ်က​နေအရွယ်မ​ရွေး) သို့မဟုတ် ငယ်ထဲကEnglish School​တွေတတ်ထားလိူ့ Englishစာအား​​ကောင်းတဲ့က​လေး​တွေအတွက်

WOA Fairy Tales - English

အဲChannelကဟာ​တွေကို မြန်မာ​နောက်ခံစကား​ပြော​ထွေထည့်ပြီးတင်ဆက်​ပေး​နေတဲ့Channel​​တွေလည်းရှိတာမိူ့ Englishစာတကယ်တိူးတတ်ချင်တဲ့မည်သူမဆိုကြည့်ရှုသင့်တဲ့ Videos​တွေပါ။ Only Storyပုံပြင်​တွေဖြစ်တဲ့အတွက် ပုံပြင်ကြိုက်မှကြည့်ပါ။ (Englishစာ Grammar,နဲ့Phonic မပိုင်တဲ့က​လေး​တွေကိုမပြသင့်ပါ Levelသိပ်မြင့်လို့ သူတို့နားမလည်ရင်စိတ်ဓါတ်ကျသွား​စေနိူင်ပါတယ်။)

✅ အိပ်ယာဝင်ပုံပြင်များ(ပုံပြင်ဆို​ပေမဲ့လူကြီးပိုင်း​တွေလည်းနား​ထောင်သင့်တယ်။ဇာတ်လမ်း​တွေနဲ့Englishစာအသုံးနှုန်းက​ကောင်းတယ်)

Story Video​တွေဆိုရင်ဖွင့်ပြပြီး အဓိပပါယ်​တွေကို​ဘေးနားက​နေ​ပြောပြ​ပေးသင့်ပါတယ်။
ညီမသ​ဘောကျ​နေတဲ့Channelက​တော့

Fairy Tales and Stories For Kids

အဲ Channel ​လေးက English စာတန်းOriginal မပါပါဖူး။ Video အ​ပေါ်က CC​လေးကိုနှိပ်ပြီးစာတန်းထိူးယူနိူင်ပါတယ်ဒါမှမဟုတ် စာတန်းထိုးမပြဘဲ Listeningအတွက်နား​ထောင်ခိုင်းပြီးVideoပြ​ပေးလို့လည်းရပါတယ်။

နမူနာVideo Link
https://youtu.be/-SjoZIkYnbQ

အသက်​ရွယ်မ​ရွေးအတွက်Englishစာ​အား​ကောင်းဖို့က
မီးနင်း​ဝေါဟာရ စကားလုံး​တွေရဲ့အဓိပပါယ်​တွေနဲ့ Grammar ပိုင်ဖို့အဓိကပါ။

ဒါ​တွေသင်ယူ​နေစဥ်မှာ UTubeကEnglish Video​တွေများကိုပြ​ပေးခြင်းဖြင့် Skill 2ဆပိုတိုးပါတယ်။
စစချင်းပြရင်ကြည့်ချင်မှကြည့်ကြမှာပါ။ကိုယ်ကသူတို့ကြည့်​အောင်ဆွဲ​ဆောင်​ပြောယူပါ။ သီချင်း​လေး​တွေကစပြ​ပေးပြီးစကား​ပြောပိုင်း​တွေထိပြ​ပေးပါ။
ပြီးမှသာ​ပြောခိုင်းပါ။ပြန်​မေးပါ။

အသက်၂နှစ်​ကျော်မှ UTubeစပြပါ။
အသက် ၅နှစ်​အောက်ဆို Screen Timeတစ်​နေ့ ၁နာရီခွဲ (၃၀မိနစ် ၃ခါစီ ခြားခြားပီးသာပြသင့်ပြီး) ၁၀နှစ်​အောက်ဆို ၂နာရီမှ၂နာရီခွဲမှ၃နာရီထိ (၁နာရီ၂ခါစီ ၃ခါစီခြားခြားပြ​ပေးသင့်ပါတယ်)
၁၀နှစ်အထက်က ၄နာရီဝန်းကျင်ပါ။

ABCD ကို လက်​ရေးလှစာအုပ်မှာအပြင်လိုက်ကြီး​တွေမနားခိုင်းဘဲ​​ရေးခိုင်းတာထက် A to Z ​တွေရဲွ Capital / Small Letter တို့ကို ဆွဲချက်မှန်မှန်​​ရေးသားနည်းမှန်မှန်သိရင် Phonicစသင်ပြီး English အ​ပြော​​လေး​တွေ​ပြောပြီးစသင်​ပေးလို့ရပါပြီ။

လက်​ရေးလှဖို့၃လ၄လ၅လ ကြာ​ပြီးအချိန်ယူ​နေခြင်းက မီးနင်းသင်ဖို့အသံထွက်သင်ဖို့ကြာ​​စေပါတယ်။
ညီမကလက်​ရေးလှဆရာမမဟုတ်ပါ။(ဒီ​နေရာမှာလက်​ရေးလှသင်တဲ့ဆရာ၊ဆရာမ​တွေကိုမ​စော်ကားပါ။)

ကိုယ်တိုင်ကျင့်သုံးတဲ့သင်နည်းနဲ့က​လေး​တွေရဲ့Englishစာအ​တွေး​ခေါ်ကိုဘယ်လိုဆွဲထုတ်မလဲဆိုတဲ့အ​ကြောင်းကိုရှင်းပြခြင်းပါ။
ဘာကိုဆိုဘယ်လိုEnglishလို​ခေါ်မလဲဘယ်​​နေရာမှာသုံးမလဲ ?​ပြောမလဲ ဆိုတဲ့Englishအသိနဲ့Grammarကိုအဓိကထားသင်လို့ လက်​ရေးလှတာမလှတာကို​သေချာအကြာကြီးမလုပ်မိ​စေဖို့တိုက်တွန်း​ချင်ပါတယ်။ လက်​ရေးလက်သားလည်းလှဖို့ဆိုရင်​တော့သင်ပီးသားစာလုံး​တွေကို​နေ့တိူင်း​ရေးခိုင်းခြင်းဖြင့်မလှတဲ့စာလုံးကိုပြင်ခိုင်း မှားတဲ့စာလုံးကို ၁လိုင်း၂လိုင်းဘဲ​ရေးခိုင်း​​စေချင်ပါတယ်။ ကိုယ်ကလည်းEnglishလိုမသိရင် က​လေး​တွေကို​ပြောပြဖို့ Dictionary​ပေါင်းစုံ(အဓိပါယ်ရှာဖို့ပါ။)
နဲ့Speaking app(တချို့App​တွေမှာမြန်မာ-Englishလို​တွေပါပါတယ်)အဲAppများကိုဖုန်းထဲထည့်ထားပါ။

က​လေးတစ်​ယောက်Englishစာ​တော်ဖို့အတွက်
မိဘနဲ့မဆိုင်ပါဖူး။သင်တဲ့ဆရာမနဲ့မဆိုင်ပါဖူး။
ဆရာမနဲ့မိဘ​တွေက သင်ဘဲသင်သွား​ပေးမှာပါ။
ဒါကိုသူတိူ့ဘယ်လိုနာခံပြီးအသုံးချပြီးကြိုးစားပြီး
ဘယ်လိုမှတ်ယူ​ခေါင်းထဲထည့်သွားလည်းဆိုတဲ့
သူတို့ "ဝီရိယနဲ့ညဏ်" နဲ့သာဆိုင်တာမို့​ဘေးကလူ​တွေက
ပံ့ပိုးမှုဘဲလုပ်​ပေးလို့ရမှာပါ။ သူတို့ကိုယ်တိုင်သူတို့ကိုယ်ကိုယ်
အားကိုးတတ်ဖို့ အ​လေ့ကျင့်များများလုပ်​ပေးပါ။
အ​ဖြေကိုချက်ချင်းမ​ပြောပြတာတို့
ခဏခဏ​မေးခွန်း​မေးတာတို့
Quiz (ညဏ်စမ်း)​မေးတာတို့
​မေ့တတ်မှားများတာ​တွေခဏခဏ​မေးတာတို့
စာကိုလုပ်နည်း​ပြောပြပြီးကိုယ်တိုင်မလုပ်​ပေးတာတို့
ကျက်နည်း​ပြောပြီးကျက်တာသူ့ဘာသာလုပ်​စေတာတို့
သူစာရဖို့အတွက်ဘယ်သူ့မှမှီခိုမ​​နေဘဲသူ့ဘာသာ
လုပ်မှသူရမယ်ဆိုတဲ့အသိနဲ့အ​လေ့ကျင့်ကိုများများ
Train​​ပေးရပါမယ်✅

နိူင်ငံခြား​တွေရဲ့စာသင်ပုံက
"က​လေးဗဟိုပြုစနစ်"ပါ။ ဒီစနစ်ကမြန်မာနိူင်ငံမှာ
အားနည်းတာက က​လေး​တော်​တော်များများက
မစဥ်းစားချင်ကြဖူး အ​ဖြေကိုသာအလွတ်ကျက်ကြတယ်။
အလွတ်ကျက်နည်းသင်​ပေးတာထက်
စဥ်းစား​တွေး​ခေါ်ပုံနည်းကို
တစ်ဖက်​​စောင်းနင်းပြီး သင်ကြား​ပေးမယ်ဆိုရင်
​ငွေမတတ်နိူင်ပါ​စေ Guidelines​ကောင်း​​အောက်မှာ
UTube Videoများပြခြင်းဖြင့်
English Storyများများဖတ်ပြခြင်းဖြင့်
က​လေးများရဲ့English စာအရည်​သွေးကို
English​​ကျောင်း​ကောင်းမထားနိုင်ရင်​တောင်
သူ့နည်းသူ့ဟန်နဲ့သူတိုးတတ်လာပါလိမ့်မယ်။
မိဘနဲ့ဆရာလုပ်ရဖို့က"စိတ်ရှည်ဖို့" ပါဘဲ။
​ငွေအားနဲ့ပညာလမ်းကိုမခင်းနိုင်ရင်
ဝီရိယ၊ညဏ်အားနဲ့အပတ်တကုတ်ကြိုးစားရပါမယ်။

Watch Bed Time Stories and Subscribe: https://www.youtube.com/watch?v=q8D5WiCYst4

ကိုယ့်ရဲ့ English level ဘယ်လောက်ရှိလဲ သိချင်ရင် စမ်းဖြေကြည့်လို့ရပါတယ်။ဒီ website မှာက ✅ listening✅ vocabulary✅ grammar✅...
12/01/2022

ကိုယ့်ရဲ့ English level ဘယ်လောက်ရှိလဲ သိချင်ရင် စမ်းဖြေကြည့်လို့ရပါတယ်။
ဒီ website မှာက
✅ listening
✅ vocabulary
✅ grammar
✅ reading
ဆိုပြီး ၄ ခုစီခွဲပေးထားပါတယ်။ တစ်ခုချင်း စစ်ကြည့်လို့ရပါတယ်။
Link 👇
https://www.oxfordonlineenglish.com/english-level-test

သူပြောထားတဲ့ rules တွေကို သေချာဖတ်ပြီး ဖြေမှသာ ကိုယ်နဲ့ အနီးစပ်ဆုံး result မျိုးရမှာပါ။

Who am I ?🌒🌓🌔🌖🌏🌎🌍🌑
12/01/2022

Who am I ?🌒🌓🌔🌖🌏🌎🌍🌑

Who am I ?👮🕵️👩‍✈️👩‍🔬👩‍⚕️👩‍🔧👩‍🏭👩‍🎓👩‍🏫👩‍⚖️👩‍💼👩‍🎤👩‍💻👩‍🎨👩‍🍳👩‍🚒👩‍🌾
12/01/2022

Who am I ?👮🕵️👩‍✈️👩‍🔬👩‍⚕️👩‍🔧👩‍🏭👩‍🎓👩‍🏫👩‍⚖️👩‍💼👩‍🎤👩‍💻👩‍🎨👩‍🍳👩‍🚒👩‍🌾

Address

Yangon

Telephone

+959975884457

Website

Alerts

Be the first to know and let us send you an email when Happy Stars English Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Happy Stars English Language Academy:

Shortcuts

Share

Category