19/08/2024
ထိရောက်သော သင်ပြနည်းများနှင့် နည်းဗျူဟာများပညာ ဒီပလိုမာဘွဲ့သင်တန်း (အပတ်စဉ်-၄) အတွက် သင်တန်းသားများ လက်ခံနေပါပြီ။
သင်တန်းတက်မည်ဆိုပါက Page Messenger သို့ တိုက်ရိုက်ဆက်သွယ်၍ သင်တန်းအပ်နိုင်ပါပြီခင်ဗျာ။
🇬🇧 abe ENDORSED (UK) အသိအမှတ်ပြု
"ထိရောက်သောသင်ပြနည်းများနှင့် နည်းဗျူဟာများပညာ ဒီပလိုမာဘွဲ့" သင်တန်း (အပတ်စဉ် - ၄)
ဧစေ ပညာရေးဖွံ့ဖြိုးမှုတက္ကသိုလ် Ayezay Education Development Institute (AEDI) ကျောင်းတော်ကြီးက Diploma in Effective Teaching Methods and Strategies - "ထိရောက်သော သင်ပြနည်းများနှင့် နည်းဗျူဟာများပညာ ဒီပလိုမာဘွဲ့" သင်တန်း (အပတ်စဉ် - ၄) ကို မကြာမီ ဖွင့်လှစ်ပါတော့မည်။
ပညာရေးတက္ကသိုလ်များမှ အငြိမ်းစားပညာရေး ပညာရှင်များကိုယ်တိုင် ဦးစီးသင်ကြားသော ဒီပလိုမာဘွဲ့သင်တန်းဖြစ်ပါတယ်။
⚛️ စတင်စာရင်း ပေးသွင်းနိုင်ပါပြီ။ ⚛️
💟 စတင် ကျောင်းအပ်လက်ခံပါပြီ။💟
--- ပေးအပ်မည့်ဘွဲ့ ---
Diploma in Effective Teaching Methods and Strategies (DETMS)
🧑💼 ဘယ်သူတွေတက်ရောက်သင့်သလဲ။
(၁) သင်ကြားရေးလုပ်ငန်းကို စတင်ဆောင်ရွက်လိုသူများ၊
(၂) သင်ကြားရေးလုပ်ငန်းဖြင့် ပညာရှင်ဆန်ဆန် အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊
(၃) သင်ယူသူ၏ နောက်ခံအခြေအနေကိုလိုက်၍ မိမိ၏ သင်ကြားမှု နည်းလမ်းများကို ပြောင်းလဲ အသုံးပြုလိုသူများ၊
(၄) သင်ရိုးညွှန်းတမ်းဖွဲ့စည်းမှုဆိုင်ရာအကြောင်းအရာများကို စနစ်တကျသိရှိပြီး မိမိတို့၏ သင်ကြားပြသမှုအရည်အသွေးကို တိုးတက်မြင့်မားအောင် ဆောင်ရွက်လိုသူများ၊
(၅) ခေတ်စနစ်နှင့်လိုက်လျောညီထွေဖြစ်သည့် သင်ကြားမှုနည်းဗျူဟာများကို စနစ်တကျပြောင်းလဲပြီး မိမိ၏ သင်ကြားမှုစွမ်းရည်ကို မြှင့်တင်လိုသူများ၊
(၆) ကလေးငယ်များ၏ သင်ယူလိုစိတ်ကို နှိုးဆွနိုင်ပြီး ပိုမိုကောင်းမွန်သော သင်ကြားရေးရပ်ဝန်းတစ်ခုအဖြစ် ပြုပြင်ဖန်တီးလိုသူများ၊
(၇) မိမိ၏ကျောင်းသားတပည့်များကို ၂၁ ရာစု သင်ကြားမှုနည်းလမ်းများနှင့်အညီ ပျိုးထောင်ပြီးဘဝတစ်သက်တာလေ့လာမှု၌ မွေ့လျော်သူများအဖြစ်ယုံကြည်ချက်ရှိရှိ ရှေ့ဆောင်လမ်းပြပေးလိုသူများ။
🧑🎓 တက်ရောက်ရန် ရွေးချယ်နိုင်သူများ
(၁) တက္ကသိုလ်တက်ရောက်ဆဲကျောင်းသား၊ ကျောင်းသူများ ၊
(၂) ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်များနှင့် အခြားတက္ကသိုလ်များမှ ဘွဲ့ရရှိထားသူများတက်ရောက်နိုင်မည်ဖြစ်ပါသည်။
🧑💻 သင်ကြား၊ သင်ယူရေးအတွက်စီစဉ်ထားရှိမှု
Zoom Platform ဖြင့်တိုက်ရိုက်သင်ကြားမည့် Online Learning System တစ်ခုဖြစ်ပါသည်။
Course curriculum စနစ်တကျဖြင့် တက္ကသိုလ်ကျောင်းသားများမှစ၍ အခြားဘွဲ့ရအဆင့်များအထိ တက်ရောက်သင်ကြား နားလည်နိုင်စေရန်စီစဉ်ထားရှိပါသည်။ Diploma ဘွဲ့အရည်အသွေး နှင့် စံသတ်မှတ်ချက်များကို ပညာရေးအညွှန်းဘောင် TCSF များ၊ Accreditation များနှင့်အညီ သင်ကြားပေးမည်ဖြစ်ပါသည်။
💝 ဘယ်သူတွေသင်မှာလဲ။
ပညာရေးပါရဂူဘွဲ့ရ ၊ ပြည်ပအတွေ့အကြုံများရှိသော ပညာရေးပညာရှင်များဖြင့် ဖွဲ့စည်းသင်ကြားပါသည်။
ဧစေ ပညာရေးဖွံ့ဖြိုးမှုတက္ကသိုလ်၏ ပဲ့ကိုင်ရှင်
ပါမောက္ခချုပ် ဆရာမကြီး မှာ -
Dr. Nu Nu Win
Ph.D. (Education), M.Ed., B.Ed.,
Dip in French., CSPCD (Israel)
ပါမောက္ခ - ဌာနမှူး (ငြိမ်း)
ပညာရေးစိတ်ပညာဌာန
စစ်ကိုင်းပညာရေးတက္ကသိုလ် ဖြစ်ပါသည်။
သင်ကြားရေး ပညာရှင်များအနေဖြင့်
(၁) Daw San San Maw
💠 Ph.D. (Education) CANDIDATE,
💠 M.Ed.,
💠 B.Ed (Chemistry & Physical Education),
💠 HGP (အထက်တန်းရှေ့နေ) .,
💠 Diploma In English (MUFL).,
💠 B.Sc. (Hons)
တွဲ ဖက် ပါ မော က္ခ (ငြိမ်း)
သင် ရိုး ညွှန်း တမ်း နှင့် သင် ပြ နည်း ဌာ န
(၂) Dr. Million
💠 Ph.D.(Education),
💠 M.Ed.,
💠 B.Ed.,
💠 B.A. (History)
က ထိ က (ငြိမ်း)
သင် ရိုး ညွှန်း တမ်း နှင့် သင် ပြ နည်း ဌာ န
⚛️ သင်တန်း၏ ရည်ရွယ်ချက်များ
(၁) သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာဆိုင်ရာ ဖွဲ့စည်းမှုသဘောတရားများကို သိရှိပြီး ပညာရေးဆိုင်ရာ ဗဟုသုတများကို လက်တွေ့ကျကျနားလည်သဘောပေါက်စေရန်။
(၂) ၂၁ ရာစု၏ အရည်အသွေးပြည့်ဝသောပညာရေးကို ဖော်ဆောင်နိုင်သည့် သင်ကြားမှုထူးချွန်သော ဆရာ၊ဆရာမများအဖြစ် ရပ်တည်နိုင်စေရန်။
(၃) ထိရောက်သော သင်ကြားမှုနည်းလမ်းများနှင့် ချဉ်းကပ်မှုနည်းဗျူဟာများကို အသေးစိတ်သိရှိပြီး လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချနိုင်စေရန်။
(၄) သင်ယူသူ၏ သင်ယူနိုင်မှုအဆင့်နှင့် နောက်ခံအခြေအနေကို ကောင်းစွာနားလည်သဘောပေါက်သော သင်ကြားရေးထူးချွန်ထက်မြက်သည့် ဆရာ၊ ဆရာမများ ပေါ်ပေါက်လာစေရန်။
(၅) ဘဝတစ်သက်တာ ရေရှည်သင်ယူမှုကို မြတ်နိုးသော လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်မည့် ဆရာ၊ဆရာမများဖြစ်ထွန်းလာစေရန် တို့ဖြစ်ပါသည်။
* အရည်အသွေးပြည့်ဝသောပညာရေးကိုဖော်ဆောင်ရာတွင် သင်ကြားသူ ဆရာ၊ဆရာမများအတွက် အဓိကလိုအပ်သည့်
# သင်ယူသူ၏ နောက်ခံအခြေအနေကို သိရှိခြင်း၊
# သင်ယူသူနှင့်ကိုက်ညီသောသင်ပြနည်းကိုရွေးချယ်ချဥ်းကပ်နိုင်ခြင်း၊
# သင်ကြားမှု နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်ခြင်း၊
# သင်ယူမှု၌ အစဥ်မွေ့လျော်စေခြင်း၊
# သင်ယူပြီးသည့် အကြောင်းအရာများဖြင့် မိမိတို့လူ့ဘောင်အဖွဲ့အစည်းကို ပြန်လည်အကျိုးပြုနိုင်စေခြင်းစသည့်အခန်းကဏ္ဍများနှင့်ပတ်သက်သည့် အသိပညာ၊အတတ်ပညာများကို မျှဝေပေးစွမ်းသွားမည့် သင်တန်းဖြစ်ပါသည်။
📆 သင်တန်းရက်သည်
အပတ်စဉ် - (ကြာသပတေး၊ သောကြာ၊ စနေ) ဖြစ်ပါသည်။
⏰ သင်တန်းအချိန်မှာ နေ့စဉ် (ညနေ ၆း ၃၀ နာရီ မှ ၈း ၃၀ နာရီ) အထိ ဖြစ်ပြီး သင်တန်းကာလ (၃)လ တိတိ ကြာမြင့်မည်ဖြစ်သည်။
📞ဆက်သွယ်ရန်ဖုန်း - 09677128499 (သင်တန်းရေးရာဌာန)
🔆🔆🔆 Page Messenger သို့လည်း တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်း၍ ဖောင်တောင်းခံနိုင်ပါသည်။