مدرسة أزهار الاسلامية

مدرسة أزهار الاسلامية အမျိုးသမီးအာလေမာဟ်၊ကာရီအာဟ်ကျောင်း

Mashallah.....💕مدرسة أزهار الاسلامية ကျောင်း၏ အာလေမာဟ်အငယ်တန်း၌ အဆင့်1 ရရှိသွားသော ကျောင်းသူ၏ အမှတ်စာရင်းလေးပါ🤗😁အွန်လိုင...
25/11/2025

Mashallah.....💕

مدرسة أزهار الاسلامية ကျောင်း၏ အာလေမာဟ်အငယ်တန်း၌ အဆင့်1 ရရှိသွားသော ကျောင်းသူ၏ အမှတ်စာရင်းလေးပါ🤗😁

အွန်လိုင်းကဖတ်တာပဲဖြစ်ဖြစ် အပြင်ကျောင်းမှာဖတ်တာပဲဖြစ်ဖြစ် အဓိကက စာလုပ်ပြီးစာပေါ်စိတ်ဝင်စားမှုနဲ့ပဲ သက်ဆိုင်ပါတယ်။

ကိုယ်သာစာနေ့စဉ်လုပ်နေမယ်ဆိုရင် အောင်မြင်မှုက ရရှိလာမှာပါ....

ဘာမှဟုတ်ဘူး ကိုယ့်တပည့်အကြောင်းလာကြွားတာ😁ဟီး😁

Shar....

23/11/2025

ကိုယ့်ကလေးတွေကို ဟာဖိဇ်အရင်ဖတ်ရမလား?မော်လဝီအရင်ဖတ်ရမလား?

ရှားငယ်ငယ်ကတည်းကနေ ခုချိန်ထိကြားဖူးတဲ့စကားတစ်ခုက ငါမော်လဝီပြီးရင် ဟာဖိဇ်ဖတ်မယ်ဆိုတဲ့စကားပဲ.....

အဲ့လိုပြောခဲ့တဲ့သူတွေကိုလဲ မော်လဝီပြီးတော့ ဟာဖိဇ်ဖတ်တဲ့သူ၊ပြီးသွားတဲ့သူ မတွေ့ဖူးဘူး.....

ရှိကောင်းလဲရှိနိုင်မယ် 10ယောက်မှ1ယောက်လောက်ပဲပေါ့..

အဲ့တော့ ဘာကြောင့်လဲ???

ဘာကြောင့်လဲဆိုတော့ မော်လဝီပြီးသွားယုံနဲ့ အားလပ်သွားတယ်လို့မထင်ကြပါနဲ့။။

မော်လဝီပြီးသွားတာနဲ့ ဒီးန်ရဲ့ခေသ်မသ်လုပ်ဖို့ကို စိတ်ကဖိအားပေးလာတယ်၊တွန်းပို့လာတယ်၊ဒီန်းရဲ့ခေသ်မသ်မလုပ်ရမှာကိုတွေးပူလာတယ်၊

ကိုယ်မသိသေးတဲ့အကြောင်းအရာတွေ ထက်ပြီးလေ့လာကြတယ်၊ကိုယ့်ကိုမေးလာတဲ့မဆ်အလာပေါင်းများစွာကိုဖြေနေရင်းနဲ့မွေ့လျော်နေကြတယ်၊ကုရ်အာန်ဖတ်တာနဲ့အတူတူကုရ်အာန်အာယသ်ရ‌ဲ့အဓိပ္ပါယ်တွေ၊ဒီအာယသ်ကဘာကိုဆိုလိုတာလဲဆိုပြီး လေ့လာရင်းနဲ့ဖတ်ကြတယ်။

တစ်ခြားသူတွေကို ဘယ်လိုဒီန်းကိုဖြန့်ချီရမလဲတွေးတော‌ရင်း‌နဲ့ အစရှိသောအကြောင်းအရာတေ‌ွန‌ဲ့ busyဖြစ်လာကြပြီး တာဝန်တွေပိုကြီးသွားတော့ ဟာဖိဇ်ဖတ်ဖို့ နောက်ဆုတ်သွားရခြင်းပဲ ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။

အဲဒါကြောင့် ကိုယ့်ကလေးကို ဟာဖိဇ်နဲ့မော်လဝီ ဘယ်အရာကိုအရင်စဖတ်ရမလဲဆိုရင်တော့.....

ဟာဖိဇ်ကိုအရင်ဖတ်ခိုင်းပါ၊ဟာဖိဇ်ပြီး မော်လဝီဖတ်တာက ပိုလွယ်ပြီးတော့ ပိုလဲအဆင်ပြေတယ်။ပညာလဲ၂ခုလုံးရပါတယ်။

Shar......
مدرسة أزهار الاسلامية

Inshallah အာလေမာဟ်တန်း 6လပါတ်စာမေးပွဲကြေငြာခြင်း......13.10လပိုင်းမှ 16.10လပိုင်းထိ ဖြစ်ပါသည်။‌ရန်ကုန်မှကျောင်းသူများကျေ...
27/09/2025

Inshallah အာလေမာဟ်တန်း 6လပါတ်စာမေးပွဲကြေငြာခြင်း......

13.10လပိုင်းမှ 16.10လပိုင်းထိ ဖြစ်ပါသည်။

‌ရန်ကုန်မှကျောင်းသူများကျောင်းသို့လာရောက်ဖြေဆိုရမှာဖြစ်ပြီး နယ်ဝေးကျောင်းသူများလိုင်းပေါ်ကဖြေဆိုရမည်ဖြစ်ပါသည်။

အလ္လာဟ်အရှင်မြတ်အားလုံးကိုလွယ်ကူအောင်ပြုလုပ်ပေးပြီးလက်ခံကဗူလ်ပြုတော်မူပါစေ။အာမိနး်

 #ဟနဖီမဇ်ဟဗ်ဝင်အမျိုးသမီးများအတွက်ဟလာလ်ဟရာမ်1လပြတ်သင်တန်းဟလာလ်အစားအစာ ဘယ်လောက်အရေးကြီးလဲဆိုတာ အောက်မှာ ဖတ်ကြည့်ရအောင်......
24/09/2025

#ဟနဖီမဇ်ဟဗ်ဝင်အမျိုးသမီးများအတွက်ဟလာလ်ဟရာမ်1လပြတ်သင်တန်း

ဟလာလ်အစားအစာ ဘယ်လောက်အရေးကြီးလဲဆိုတာ
အောက်မှာ ဖတ်ကြည့်ရအောင်......👇

💖တမန်တော်မြတ်(ဆွ)ကအမိန့်ရှိသည်မှာ..
ငါကိုယ်တော်၏အထက်ကိုစိုးပိုင်တော်မူသောအရှင်၏ကစမ်....မိမိ၏ပါးစပ်တွင်းထဲသို့ ဟရာမ်အရာထည့်ခြင်းထက် မြေကြီးယူပြီး ထည့်လိုက်ခြင်းက ပိုကောင်း၏။
(ဂါယသွလ်မက်စွဒ်)

💖တမန်တော်မြတ်(ဆွ)ကအမိန့်ရှိတော်မူသည်မှာ.....
ဟလာလ်ရရေးရှာဖွေရေး ပင်ပန်းနေသောသူသည် အလ္လာဟ်အရှင်မြတ်၏ အချစ်တော်ဖြစ်သည်။
(ဂျာမိအွစ်စဂီးရ်ကျမ်း)

💖နမာဇ်တာဝန်ပြီးနောက် အရေးကြီးဆုံး ဖရပ်ဇ်တာဝန်မှာ ဟလာလ်ရှာဖွေခြင်းပဲဖြစ်သည်။
(ဂျာမိအွစ်စဂီးရ်)

💖ဟရာမ်တစ်လုပ်စားလိုက်သူ၏နမာဇ်နှင့်ဒိုအာများကို ရက်ပေါင်း၄၀တိုင်လက်ခံတော့မည်မဟုတ်ပါ။

💖နေ့စဉ်ကျနော်တို့၏ ဝမ်းအတွင်းဝင်ရောက်နေတော့အစားစာသည် ဟလာလ်ဖြစ်သလား၊ဟရာမ်ဖြစ်သလားဆိုတာကို စဉ်းစားမိပါသလား?လူတစ်ယောက်သည်ဘယ်လောက်ပင် အိဗာဒတ်သောပြုသူဖြစ်ပါစေ
ဝမ်းဗိုက်အတွင်းဝင်ရောက်နေ‌‌ေသာအစားအစာကို
ဟလာလ်၊ဟရာမ် မစီစစ်သရွေ့ ကာလပတ်လုံး
ထိုသူ၏အိဗာဒသ်သည် မည့်သို့မျှအကျိုးရှိမည်မဟုတ်ပါ။

ဟနဖီမဇ်ဟဗ်ဝင်အမျိုးသမီးများ တကယ်ကိုတက်သင့်တဲ့ သင်တန်းတစ်ခုပါ။

ဟနဖီမဇ်ဟဗ်အရ ဘယ်အစားအစာက ဟလာလ်ဖြစ်လဲ၊ ဘယ်ဟာက ဟရာမ်ဖြစ်လဲဆိုတာ သိသင့်ပါတယ်။

အခုလူတွေတော်တော်များများက အစားအသောက်ကိုသိပ်ခေါင်းထဲမထည့်ကြတော့ဘူး ဟရာမ်ဆိုတာက ဝက်သားရယ် အရက်ပဲလို့ပဲမြင်ကြတာ။

အဲ့၂ခုကလွဲ ကျန်တာအကုန်စားလို့ရတယ်ထင်ပြီး စားနေတာကြတာကို တွေ့ရပါတယ်။

ဘာမဟုတ်တဲ့ ဟရာမ်အစားအသောက်တစ်လုပ်နဲ့ကိုယ့်ဘဝတစ်ခုလုံး အာခေရသ်ရဲ့ဂျဟန္နမ်မှာ ရင်းနှီးမြုပ်နှံနေရပါမယ်။

ဒီဒွန္နိယာဆိုတာ ‌တိုတိုလေးပါ။ဒီတိုတိုလေးမှာ ဟလာလ်အရာတွေပဲ လုပ်လိုက်မယ်ဆိုရင် ကိုယ်ဂျန္နသ်ကို အေးဆေးလွယ်ကူစွာသွားရမှာဖြစ်ပါတယ်။

အမျိုးသမီးတွေဆိုတာက အိမ်တစ်အိမ်ရဲ့မီးအိမ်ရှင်ပါ။
ထိုအမျိုးသမီးတွေက ဟရာမ်အစားအသောက်တွေကို အိမ်သူအိမ်သားတွေကိုကျွေးမိမယ်ဆိုရင် တစ်အိမ်လုံး ဂုနဟ်အကုသိုလ်ထဲ နှစ်မျေှာ်နေရပါလိမ့်မယ်။

ကိုယ်က ဟလာလ်အစားအသောက်တွေကျွေးမယ်ဆိုရင် တစ်အိမ်လုံးနူရ်ရောင်ခြည်တော်တေ‌ွနဲ့ ပျော်ရွှင်စွာ နေထိုင်နေရမှာဖြစ်ပါတယ်။

1လပြတ်သင်တန်း 3ရက်နေ့10လပိုင်း စသင်ပါမည်။
တပါတ်၃ရက် သောကြာ၊စနေ၊တနဂ်နွေ
ည‌နေအချိန်-4နာရီမှ5နာရီထိ
Google meet appဖြင့် face to faceသင်ကြားပေးသည်။
သင်တန်းကြေး တစ်လ_၃၀၀၀၀ကျပ်
သင်ကြားပေးမည့်ဆရာမ_အာလေမဟ်ဟာဖွေဇွာဟ်ကာရီအာဟ် ရှာကေရားဟ်

သင်တန်းကြေး ယူပြီး သင်ပေးသည့်အကြောင်းအရင်း_တကယ်သင်ယူချင်စိတ်ဖြစ်ပြီး တန်ဖိုးထားသင်ယူပြီးနောက် လက်တွေ့အမလ်လုပ်နိုင်သည့်သူကိုသာ ရွေးသင်ပေးရခြင်းဖြစ်ပါသည်။

တကယ်တက်ရောက်လိုစိတ်ရှိပြီး သင်ပြီးနောက်
လက်တွေ့အမလ်လုပ်မည့်သူများသာ တက်ရောက်ပေးပါရန်။

ဆက်သွယ်ရန်_09798454843 vb and cb

#مدرسةأزهارالاسلامية

Allhumdulliah ❣️ ဟလာလ်၊ဟရာမ်သင်တန်းကို 2လပြတ်ဆိုပြီး ထင်ထားခဲ့တာ1လပြတ်နဲ့ပြီးပါတယ်နော် mashallah 😍 တကယ်ကို တန်ဖိုးရှိတဲ့...
18/09/2025

Allhumdulliah ❣️

ဟလာလ်၊ဟရာမ်သင်တန်းကို 2လပြတ်ဆိုပြီး ထင်ထားခဲ့တာ

1လပြတ်နဲ့ပြီးပါတယ်နော် mashallah 😍

တကယ်ကို တန်ဖိုးရှိတဲ့ သင်တန်းလေးကို 1လပြတ် သင်တန်းကြေး30000နဲ့ 10လပိုင်းမှထက်ဖွင့်သွားမှာမို့လို့

သင်ယူချင်တာများ စာရင်းပေးသွင်းနိုင်ပါပြီ။

အသေးစိပ်ကို ပိုစ်ထက်တင်ပေးသွားပါမယ်ရှင့်။

#مدرسةازهارالاسلامية

09/09/2025

#မှားယွင်းသောအယူအဆများနံပါတ်(၄)

مدرسة أزهار الاسلامية

04/09/2025

မှားယွင်းသောအယူအဆများ နံပါတ်(၃)

Allhumdulliah ❣️ Giveaway 👇မိဘဆရာသမားဒိုအာနဲ့ မဒ်ရစဟ် အဇ်ဟာရွလ် အစ္စလာမီယာ ကျောင်းမှ ကိုယ်တိုင် ပထမဆံုး ထုတ်ထားတဲ့ သဂ်ျဝ...
03/09/2025

Allhumdulliah ❣️ Giveaway 👇

မိဘဆရာသမားဒိုအာနဲ့ မဒ်ရစဟ် အဇ်ဟာရွလ် အစ္စလာမီယာ ကျောင်းမှ ကိုယ်တိုင် ပထမဆံုး ထုတ်ထားတဲ့ သဂ်ျဝီးဒ် စာအုပ်လေးပါ။

ထုတ်ရတဲ့ရည်ရွယ်ချက်လေးကတော့ သဂ်ျဝီးဒ်ပညာရပ်လေးကို ခုမှစသင်မဲ့သူတွေကို သင်တဲ့အခါကြ လွယ်ကူပြီးပြီးပြည့်စုံအောင် တစ်အုပ်ထဲနဲ့ အခြေခံရသွားအောင်ဆိုတဲ့ နီယသ်လေးနဲ့ပါ။💝

သဂ်ျဝီးဒ်စာအုပ်တွေများစွာရှိတာတော့မှန်ပါတယ်။ဒါပေမဲ့ဒီစအုပ်လေးဖတ်တာပဲဖြစ်ဖြစ်၊တပည့်တွေကိုပြန်သင်ပေးတာပဲဖြစ်ဖြစ် တစ်အုပ်ထဲနဲ့ အခြေခံသဘောတရားနားလည်သွားမယ်လို့ ရှား‌ထင်မိပါတယ်။🤗လိုအပ်တာလေးတွေကိုလဲ မှတ်လို့လွယ်အောင် အရောင်လေးတွေနဲ့လုပ်ထားပေးပါတယ်။

ပထမဦးဆုံးစာအုပ်လေးကို သဂ်ျဝီးဒ်စာအုပ်လေးနဲ့ထုတ်ခွင့်ရလို့ အင်မတန်မှပျော်ရွှင်ရပါတယ်။

နောက်လဲ inshallah တစ်ခြားအမျိုးအစား စာအုပ်လေးတွေလာအုန်းမှာမို့လို့ ဝန်းရံပေးကြပါအုန်းနော်🤗

စာအုပ် giveaway အစီအစဉ်မှာပါဝင်ချင်သူများ အောက်မှာပြထားတဲ့ပိုစ်linkမှာ ပါဝင်နိုင်ပါသည်း

https://www.facebook.com/share/p/1FGMT2QNLZ/

စာအုပ်ဝယ်ချင်သူများအတွက် တစ်အုပ်_၂၅၀၀ကျပ်ပါ။

Shar....

မှားယွင်းသောအယူအဆများ နံပါတ်(၂)
28/08/2025

မှားယွင်းသောအယူအဆများ နံပါတ်(၂)

Mashallah ဒီလိုမျိုးမိခင်ကောင်းတွေ တေ‌ွ့ရတာ ဝမ်းသာပီတိဖြစ်မိပါတယ်။မလေးမှာ ရောက်ရှိနေသော ဒီမိခင်က  အသက်၁၂နှစ် အရွယ်ရှိသော...
26/08/2025

Mashallah ဒီလိုမျိုးမိခင်ကောင်းတွေ တေ‌ွ့ရတာ ဝမ်းသာပီတိဖြစ်မိပါတယ်။

မလေးမှာ ရောက်ရှိနေသော ဒီမိခင်က အသက်၁၂နှစ် အရွယ်ရှိသော သူမ၏ သမီးလေးအတွက် ပူပင်ပြီး

သိသင့်သိထိုက်တဲ့ မဆ်အလာတွေ သင်ပေးဖို့ လာအပ်တာလေးပါ။

ခုခေတ်တော်တော်များများက ကိုယ်ကဟနဖီလားဘာမဇ်ဟဗ်လဲတောင်မသိကြတော့တဲ့သူနဲ့

သိခဲ့ရင်တော့ အဲဒှမဇ်ဟဗ်ပေါ်ကျင့်ကြံနေထိုင်ကြမဲ့သူက အရမ်းရှားသွားပါပြီ။

ခုလိုရှအ်ဖီများတဲ့ မလေးရောက်နေတဲ့ ဒီမိသားစုလေးက ဟနဖီမဇ်ဟဗ်ပေါ် ဖိကိရ်ရှိတာလေးမြင်ပြီး တော်တော်ဝမ်းသာမိပါတယ်။

မှားယွင်းသော အယူအဆများ နံပါတ်(၁)
26/08/2025

မှားယွင်းသော အယူအဆများ နံပါတ်(၁)

 #ဟနဖီမဇ်ဟဗ်ဝင်အမျိုးသမီးများအတွက်ဟလာလ်ဟရာမ်သင်တန်းဟလာလ်အစားအစာ ဘယ်လောက်အရေးကြီးလဲဆိုတာ အောက်မှာ ဖတ်ကြည့်ရအောင်......👇💖တ...
25/08/2025

#ဟနဖီမဇ်ဟဗ်ဝင်အမျိုးသမီးများအတွက်ဟလာလ်ဟရာမ်သင်တန်း

ဟလာလ်အစားအစာ ဘယ်လောက်အရေးကြီးလဲဆိုတာ
အောက်မှာ ဖတ်ကြည့်ရအောင်......👇

💖တမန်တော်မြတ်(ဆွ)ကအမိန့်ရှိသည်မှာ..
ငါကိုယ်တော်၏အထက်ကိုစိုးပိုင်တော်မူသောအရှင်၏ကစမ်....မိမိ၏ပါးစပ်တွင်းထဲသို့ ဟရာမ်အရာထည့်ခြင်းထက် မြေကြီးယူပြီး ထည့်လိုက်ခြင်းက ပိုကောင်း၏။
(ဂါယသွလ်မက်စွဒ်)

💖တမန်တော်မြတ်(ဆွ)ကအမိန့်ရှိတော်မူသည်မှာ.....
ဟလာလ်ရရေးရှာဖွေရေး ပင်ပန်းနေသောသူသည် အလ္လာဟ်အရှင်မြတ်၏ အချစ်တော်ဖြစ်သည်။
(ဂျာမိအွစ်စဂီးရ်ကျမ်း)

💖နမာဇ်တာဝန်ပြီးနောက် အရေးကြီးဆုံး ဖရပ်ဇ်တာဝန်မှာ ဟလာလ်ရှာဖွေခြင်းပဲဖြစ်သည်။
(ဂျာမိအွစ်စဂီးရ်)

💖ဟရာမ်တစ်လုပ်စားလိုက်သူ၏နမာဇ်နှင့်ဒိုအာများကို ရက်ပေါင်း၄၀တိုင်လက်ခံတော့မည်မဟုတ်ပါ။

💖နေ့စဉ်ကျနော်တို့၏ ဝမ်းအတွင်းဝင်ရောက်နေတော့အစားစာသည် ဟလာလ်ဖြစ်သလား၊ဟရာမ်ဖြစ်သလားဆိုတာကို စဉ်းစားမိပါသလား?လူတစ်ယောက်သည်ဘယ်လောက်ပင် အိဗာဒတ်သောပြုသူဖြစ်ပါစေ
ဝမ်းဗိုက်အတွင်းဝင်ရောက်နေ‌‌ေသာအစားအစာကို
ဟလာလ်၊ဟရာမ် မစီစစ်သရွေ့ ကာလပတ်လုံး
ထိုသူ၏အိဗာဒသ်သည် မည့်သို့မျှအကျိုးရှိမည်မဟုတ်ပါ။

ဟနဖီမဇ်ဟဗ်ဝင်အမျိုးသမီးများ တကယ်ကိုတက်သင့်တဲ့ သင်တန်းတစ်ခုပါ။

ဟနဖီမဇ်ဟဗ်အရ ဘယ်အစားအစာက ဟလာလ်ဖြစ်လဲ၊ ဘယ်ဟာက ဟရာမ်ဖြစ်လဲဆိုတာ သိသင့်ပါတယ်။

အခုလူတွေတော်တော်များများက အစားအသောက်ကိုသိပ်ခေါင်းထဲမထည့်ကြတော့ဘူး ဟရာမ်ဆိုတာက ဝက်သားရယ် အရက်ပဲလို့ပဲမြင်ကြတာ။

အဲ့၂ခုကလွဲ ကျန်တာအကုန်စားလို့ရတယ်ထင်ပြီး စားနေတာကြတာကို တွေ့ရပါတယ်။

ဘာမဟုတ်တဲ့ ဟရာမ်အစားအသောက်တစ်လုပ်နဲ့ကိုယ့်ဘဝတစ်ခုလုံး အာခေရသ်ရဲ့ဂျဟန္နမ်မှာ ရင်းနှီးမြုပ်နှံနေရပါမယ်။

ဒီဒွန္နိယာဆိုတာ ‌တိုတိုလေးပါ။ဒီတိုတိုလေးမှာ ဟလာလ်အရာတွေပဲ လုပ်လိုက်မယ်ဆိုရင် ကိုယ်ဂျန္နသ်ကို အေးဆေးလွယ်ကူစွာသွားရမှာဖြစ်ပါတယ်။

အမျိုးသမီးတွေဆိုတာက အိမ်တစ်အိမ်ရဲ့မီးအိမ်ရှင်ပါ။
ထိုအမျိုးသမီးတွေက ဟရာမ်အစားအသောက်တွေကို အိမ်သူအိမ်သားတွေကိုကျွေးမိမယ်ဆိုရင် တစ်အိမ်လုံး ဂုနဟ်အကုသိုလ်ထဲ နှစ်မျေှာ်နေရပါလိမ့်မယ်။

ကိုယ်က ဟလာလ်အစားအသောက်တွေကျွေးမယ်ဆိုရင် တစ်အိမ်လုံးနူရ်ရောင်ခြည်တော်တေ‌ွနဲ့ ပျော်ရွှင်စွာ နေထိုင်နေရမှာဖြစ်ပါတယ်။

၂လပြတ်သင်တန်း ၄ရက်နေ့၉လပိုင်းစသင်ပါမည်။
တပါတ်၃ရက် သောကြာ၊စနေ၊တနဂ်နွေ
ညအချိန်-၇နာရီမှ၈နာရီထိ
Google meet appဖြင့် face to faceသင်ကြားပေးသည်။
လခ တစ်လ_၃၀၀၀၀ကျပ်
သင်ကြားပေးမည့်ဆရာမ_အာလေမဟ်ဟာဖွေဇွာဟ်ကာရီအာဟ် ရှာကေရားဟ်

လခယူပြီး သင်ပေးသည့်အကြောင်းအရင်း_တကယ်သင်ယူချင်စိတ်ဖြစ်ပြီး တန်ဖိုးထားသင်ယူပြီးနောက် လက်တွေ့အမလ်လုပ်နိုင်သည့်သူကိုသာ ရွေးသင်ပေးရခြင်းဖြစ်ပါသည်။

တကယ်တက်ရောက်လိုစိတ်ရှိပြီး သင်ပြီးနောက်
လက်တွေ့အမလ်လုပ်မည့်သူများသာ တက်ရောက်ပေးပါရန်။

ဆက်သွယ်ရန်_09798454843 vb and cb

#مدرسةأزهارالاسلامية

Address

Yangon

Website

Alerts

Be the first to know and let us send you an email when مدرسة أزهار الاسلامية posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category