Yuu Jin - Japanese

Yuu Jin - Japanese Welcome to Yuu Jin-Japanese Knowledge Center

17/09/2025

Tanjiro နဲ့ nezuko တို့ မောင်နှမ နှစ်ယောက်ရဲ့ ချစ်စရာ moment လေးတွေ ဘယ်အချိန်ကြည့်ကြည့် မရိုးဘူး ✨



04/04/2025

#ကူဖို့လှူဖို့ဝယ်ယူစို့

၂၀၂၅ မတ်လတွင် ဖြစ်ပေါ်ခဲ့သော ငလျင်ဒဏ်ခံစားနေရသူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီရန်အတွက် လိုအပ်သော စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားအထွေထွေပစ္စည်းများကို လုပ်ငန်းရှင်အသင်းများမှ ပံ့ပိုး၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများနှင့် လှူဒါန်းလိုသော‌စေတနာရှင်များအား ချိတ်ဆက်ပေးနိုင်ရေးကို ဧပြီလ (၈) ရက်နှင့် (၉) ရက်နေ့များတွင် နံနက် ၀၉း၃၀ မှ ညနေ ၀၆:၃၀ ထိ MYANMAR EXPO HALL @ FORTUNE PLAZA တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားအထွေထွေပစ္စည်းများကို လုပ်ငန်းရှင်များက အကျိုးအမြတ်မယူသောဈေးနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ပါသည်။ ငလျင်ဒဏ်သင့်ဒေသများသို့ MDEA မှကြီးကြပ်၍ Ninja Van နှင့် Royal Express တို့မှ အခမဲ့ ပို့ဆောင်သွားမည် ဖြစ်ပါသည်။

သက်ဆိုင်ရာဒေသများသို့ရောက်ရှိသွားပါက မိမိတို့အစီအစဥ်ဖြင့်သော်လည်းကောင်း၊ MDEA ၏စီမံခန့်ခွဲမှုဖြင့်သော်လည်းကောင်း ဖြန့်ဖြူးကူညီနိုင်၊ လှူဒါန်းနိုင်ပါသည်။

ပါဝင်ကူညီနိုင်၊ လှူဒါန်းနိုင်ပါရန်အတွက် လာရောက်ဝယ်ယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#ကူဖို့လှူဖို့ #ဝယ်ယူစို့ #ကူဖို့လှူဖို့ဝယ်ယူစို့

04/04/2025

ငလျင်ဖြစ်ပြီးကတည်းက အခုထိ ၈၃လမ်း၊ လမ်း(၄၀-၄၁ကြား)၊ မဟာအောင်မြေအနောက်ဘက်လမ်းထဲအကူအညီတခုမှ မရသေးပါဘူး။

လမ်းက ဂျောင်ထဲကျနေလို့ ပြိုတဲ့တိုက်တွေရော ကွဲအက်နေတဲ့တိုက်တွေရောကြောင့်
အပြင်မှာဘဲ အိပ်နေရတဲ့ အခြေအနေပါ။

ဖုန်းလိုင်း internet လိုင်းလည်း မရလို့
ရတဲ့အချိန်လေးမှာ တင်ပေးဖို့ အကူအညီတောင်းလာလို့ပါဗျ။

29/03/2025

🍚မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑️

1. ရွှေကွတ်ခိုင်
☎️ 09-953832339 | 09-43016082
📍 58/36D| ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။

2. Beer Prince
📍 65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။

3. xiaolajiao အကင်ဆိုင်
📍 63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။

4. chilichacha
📍 လိပ်စာဖော်ပြမထား။

5. 39° bar
📍 54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။

6. 📍007 beach bar
ကွင်းပြင်လွတ်၌ ခိုလှုံနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။

7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင်
📍 60/35*35A

8. IN.718 bar
☎️ 09-888599899 | 09-665713227
📍 55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။

#ငလျင်

29/03/2025

မတ်လ (၂၈) နေ့တွင် ငလျင်ဒဏ်ကြောင့်
ထိခိုက်ဒဏ်ရာရရှိသူများ၊ ပျက်စီးဆုံးရှုံးမှုများ
ဖြစ်ပေါ်ခဲ့ရသော မြန်မာနိုင်ငံ ဒေသအသီးသီးမှ
မိသားစုဝင်များအတွက် Yuu Jin - Japanese မှ
ထပ်တူဝမ်းနည်းရပါကြောင်း။

မြန်မာပြည်သူပြည်သားများ အားလုံးဘေးအန္တရာယ်
ကင်းရှင်းကြပါစေကြောင်း ကျွန်တော်တို့ Yuu Jin မှ ဆုတောင်းပေးလျှက် ရှိပါတယ် ခင်ဗျာ 🙏🏻🙏🏻🙏🏻

28/12/2024

တပည့်မကောင်ဆိုးဝါးလေးတွေကို စာသင်ပေးရတဲ့ လူသားဆရာ တချိန်လုံးရီနေရတယ် 🤣🤣🤣





15/12/2024

ဗီလိန်ဘုရင်ကြီးလည်း သူ့ကောင်မလေးကြောင့်
ခဏ ခဏမေ့လဲနေရတယ် 😆😆😆





01/12/2024

မင်းသမီးက တော်တော်ချစ်ဖို့ကောင်းတယ်ဗျ 😍😍
Male lead နှစ်ယောက်ကြား ဗျာများနေရတဲ့ Nina လေး




26/10/2024

crush ကို ဖွင့်ပြောတာ ရုပ်ဆိုးတယ်ဆိုပြီး အငြင်းခံလိုက်ရတဲ့ ကောင်မလေး sunako ကြောင့် အပိုင်းတိုင်း ရီနေရတယ် 🤣🤣🤣



ဘဝ မှာ ရှိရှိသမျှကြုံခဲ့ရသောသက်ရှိမှန်သမျှကိုယ့်ကြောင့် ရုပ်ပိုင်းဆိုင်ရာဖြစ်စေစိတ်ပိုင်းဆိုင်ရာဖြစ်စေနာကျင်မှုတွေရှိရင်...
17/10/2024

ဘဝ မှာ ရှိရှိသမျှကြုံခဲ့ရသော
သက်ရှိမှန်သမျှ
ကိုယ့်ကြောင့် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ
စိတ်ပိုင်းဆိုင်ရာဖြစ်စေ
နာကျင်မှုတွေရှိရင် တောင်းပန်ပါတယ်။

ဂါဝတ တရား နိဝတ တရား
တဒင်္ဂ ကလွှတ်ထွက်သွားပြီး
မတည်ငြိမ်သောလူ့စိတ်အရ
အနန္တငါးပါးအပေါ်မှာရော
သင်ဆရာမြင်ဆရာ ကြားဆရာ
တစ်လုပ်ကျွေးကျွေးနှစ်လုပ်ကျွေးကျွေး
ကျွေးမွေး ထားတဲ့သွေးနီးသွေးဝေး
သူရင်းနှီး သူစိမ်းမှန်သမျှ အပေါ်မှာပါ
ပြစ်မှားမိတာရှိရင်
ကျိုးနွံစွာ တောင်းပန်ပါတယ်။

အတိတ်ပစ္စပ္ပန် မက အနာဂတ်မှာပါ
ကြုံလာရမယ့် လူတွေကိုပါ
မဖွဲ့မိသေးသော အပြစ်တွေအတွက်ပါ
ကြိုတောင်းပန်အပ်ပါတယ် ။

" သတ္တဝါ မှန်သမျှ ပန်းလိုမွှေး ရေလိုအေးပြီး
မဝေးတော့တဲ့အနာဂတ်မှာ
ပြင်းပြသောစိတ်အရ လိုချင်သော
ဆန္ဒများ ပြည့်ဝကြပါစေ "

ကြောက်ရွံခြင်း စိုးစဥ်းမျှမရှိသော
လူကိုလူခြင်းတန်ဖိုးထားသော
ခေတ်ကာလကြီးတစ်ခု
ပြန်ရောက်ပါစေလိုကြောင်း
တောင်းဆုခြွေ ပေးလိုက်ပါတယ်...🙏🏻

15/10/2024

ဒီနေ့မှာတော့ みなさんတို့အတွက် N3 level story လေးကို လေ့လာလို့ရအောင် တင်ပေးထားပါတယ်။みなさんတို့ listening ပိုင်းအတွက် နားထောင်ပြီး ことば လေးတွေလည်း လေ့လာကြည့်ကြပါနော်။

Story Title - まいひめ



Address

Hlaing Township
Yangon
11181

Website

Alerts

Be the first to know and let us send you an email when Yuu Jin - Japanese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share