17/05/2026
TEC မှ ပြုလုပ်သော နွေရာသီ စရိတ်မျှပေး ကွန်ပျူတာသင်တန်း၏
သင်ကြားမှုများတွင် အသုံးပြုခဲ့သည့် မှတ်စုများ၊ Presentation file များကို သင်တန်းသားများ ပြန်လည်လေ့လာနိုင်ရန်နှင့် မိဘများ သိရှိစေရန် ဖော်ပြထားသည့် Telegram Group နှင့် Google Drive များတွင် မျှဝေပေးသွားမည်ဖြစ်ပါသဖြင့် သင်တန်းသားများ/မိဘများအနေဖြင့် သက်ဆိုင်ရာ Telegram Grup ကို Join ထားရန်လိုအပ်ပါမည်
Telegram group တွင် သင်ခန်းစာများ၏မှတ်စုများရယူခြင်းအပြင် နောက်ပိုင်း ကွန်ပျူတာသင်ခန်းစာများနှင့် ပတ်သတ်၍ မေးမြန်းလိုသည်များ ကို မေးမြန်းနိုင်ပါမည်
Telegram - https://t.me/+wNKt35aQRmQ5NWE1
Google Drive - Coming Soon
11/05/2026
***** "လူကြီးမင်းတို့ စီးပွားရေးဇောက်ချလုပ်ပါ
လူကြီးမင်းတို့၏ သားသမီး ပညာရေးအနာဂတ်ကို ကျွန်ုပ်တို့ တာဝန်ယူပါမည်" ************
ပညာရေး၊လေ့ကျင့်ရေးနှင့် လူမှု့ဖွ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ နိုင်ငံတော်၏ ပညာရေးကဏ္ဍကို ကူညီဖော်ဆောင်လို၍သော်လည်းကောင်း၊ လစာနည်းဝန်ထမ်းသားသမီးများနှင့် ငွေကြေးအခက်အခဲရှိသော ကျောင်းသား/သူများပညာရေးအနာဂတ် မဆုံးရှုံးစေရေးအတွက်ကို ရည်ရွယ်၍ စရိတ်မျှပေး ပညာဒါနသင်တန်း(grade10, 11,12တန်း)များ တန်းခွဲသစ် ဖွင့်လှစ်တော့မည်ဖြစ်ရာ TECရုံးတွင် လာရောက် မေးမြန်း၊စုံစမ်း၊ အပ်နှံနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
,🌟 🌸ဘာသာရပ်တစ်ခုလျှင် ဝါရင့်အတွေ့အကြုံရှိ ဆရာ၊ဆရာမကြီးများမှ အမှတ်ပေး စည်းမျဉ်းနှင့်အညီ သင်ကြားမှု့ အထောက်အကူပြု စာရွက်စာတန်းများနှင့် သင်ကြားပေးမည်။
🌟🌸 အခြေခံပိုင်၊ သင်ရိုးနိုင်၍ မေးခွန်းတိုင်းကို ဖြေဆိုနိုင်အောင် သင်ကြားပေးမည်။
🌟🌸တန်းခွဲတိုင်းအတွက် ကျောင်းသားဦးရေ ကန့်သတ်ထားမည်။
🌟🌸 လစဉ်၊ အပတ်စဉ်၊ အခန်းစဉ် စာမေးပွဲများစစ်မေး၍ မိဘအုပ်ထိမ်းသူများထံ အစီရင်ခံ ပေးပို့ပေးမည်။
.........စသည့် အားသာချက်များဖြင့် လူကြီးမင်းတို့၏ သားသမီး ပညာရေး အနာဂတ်ကို တာဝန်ယူပေးမည် ဖြစ်ပါ၍ အမြန်ဆုံးလာရောက်အပ်နှံနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
TEC Myanmar. 👉 အမှတ် ၈၇(မြေညီ) မန္တလေးလမ်း(မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား) မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်မြို့။(မြန်မာ့ဂုဏ်ရည်လမ်းဘက်မှဝင်ပါ)
Google map location🌏 https://maps.app.goo.gl/RqRrRBMX3b2qGR7E8
ဖုန်း။ ၀၉-၉၈၇၅၃၇၄၆၈၊ ၀၉-၄၅၀၂၁၇၁၇၀
10/05/2026
ပညာရေး၊လေးကျင့်ရေးနှင့် လူမှု့ဖွံ့ဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ဖွင့်လှစ်ထားသော ကွန်ပြူတာ အခြေခံနှင့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းတွင် ဆရာမင်းကိုအောင် သင်ကြားပို့ချနေသော Adobe Photoshop ဘာသာရပ်မှ ကွန်ပြူတာသင်တန်းသားများ ကိုယ်တိုင်ဖန်တီးရသော Design ပြိုင်ပွဲများ ကျင်းပနေစဉ်။
12/04/2026
ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှု့ဖွံဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)က ကြီးမှူးဖွင့်လှစ်လျှက်ရှိသော လူငယ်များအတွက် နွေရာသီ အခြေခံကွန်ပြူတာနှင့် အင်္ဂလိပ်စကားပြောသင်တန်းကို ဆရာမကြီးဒေါ်ကသ်လင်း(Tr Kathleen)၊ ကွန်ပြူတာ ပညာရှင် ဆရာဦးမင်းကိုအောင်၊ ဆရာမ မင်းမင်းသော်တို့က ဦးဆောင်၍ ဆရာဆရာမများမှ ပို့ချလျှက်ရှိပါသည်။
အကယ်၍ လူငယ်များ နွေရာသီကျောင်းပိတ်ရက်ကို တန်ဖိုးရှိစွာ အသုံးချကာ AI ခေတ်မှာ ကွန်ပြူတာအခြေခံတတ်ကျွမ်းပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန် အင်္ဂလိပ်စကားပြောဆိုနိုင်စေဖို့ မိဘအုပ်ထိန်းသူ လူကြီးမင်းတို့၏ မိမိရင်သွေးများအတွက် တန်းခွဲသစ်များ ဖွင့်လှစ်လျှက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
28/02/2025
အထီးကျန်တယ်ဆိုတာ
•.•^•.•^•.•^•.•^•.•^•.•^
အိပ်ရာပေါ်မှာ တစ်ယောက်ထဲရှိမှ
မဟုတ်ဘူး
နှစ်ယောက်ရှိနေလည်း
တစ်ယောက်ချင်းစီရဲ့ စိတ်တွေကွဲပြားနေရင်
အထီးကျန်တာပါပဲ
မိသားစုမရှိလို့ အထီးကျန်တာမဟုတ်ဘူး
မိသားစုရှိလည်း
အတ္တကိုယ်စီကိုင်ထားကြရင်း
မာနတွေဖုံးအုပ်ထားကြရင်း
တွေးခေါ်ပုံတွေမတူညီကြရင်း
နေ နေရရင် အထီးကျန်တာ ပါ ပဲ
မိတ်ဆွေအပေါင်းအသင်းနည်းလို့
အထီးကျန်တယ်မခေါ်ဘူး
သူငယ်ချင်းတွေဘယ်လောက်ရှိရှိ
မိတ်ဆွေတွေဘယ်လောက်များများ
အတုအယောင်တွေနဲ့
ယှဉ်ပြိုင်မှုတွေနဲ့
နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေကြားမှာ
ကျီးလန့်စာ စားနေရတာလည်း အထီးကျန်တာပါပဲ
လူအများကြီးနဲ့နေရပေမယ့်
ကိုယ့်ကိုလူရာမသွင်းတာမျိုး
ကိုယ့်ခံစားချက် ကိုယ့်စိတ်ကူးတွေကို
နားမလည်ပေးတာမျိုး
ကိုယ့်ရဲ့အလုပ်
ကိုယ့်ရဲ့ခံယူချက်တွေကို
အသိအမှတ်မပြုပေးတာမျိုးက
အထီးကျန်တာပါပဲ။
ဒါကြောင့်
ငါ အထီးကျန်တယ်လို့များ
ဘယ်တော့မှမတွေးပါနဲ့။
ဘာလုပ်မှာလဲ
မယုံကြည်ရတဲ့သူတွေနဲ့နေနေရတာ
ကိုယ့်ကိုထိုးဖို့ ဓားတွေ
ဖွက်ထားတဲ့သူတွေနဲ့ နေနေရတာ
ကိုယ့်ရဲ့ချစ်ခြင်းတရားတွေကို
အသိအမှတ်မပြုတဲ့သူတွေနဲ့ နေနေရတာ
ကိုယ်နဲ့အမြဲလိုက်ပြီး
ယှဉ်ပြိုင်နေတဲ့သူတွေနဲ့ နေနေရတာ
ကိုယ့်ကိုလိုတဲ့အခါမှာအသုံးပြုပြီး
မလိုအပ်ရင်ချောင်ထဲထိုးထားတဲ့
လိုသုံးတွေကြားမှာ
နေနေရတာ
သာတဲ့အခါ လာပေါင်းပြီး
နာတဲ့အခါ စွန့်ခွာသွားကြတဲ့
သာပေါင်းညာစားတွေ ဝန်းရံခံနေရတာ
သရုပ်အမှန်မျက်နှာတွေကို
အပြုံးမျက်နှာဖုံးတွေ ဖုံးထားရင်း
မုသားဖုံးစကားချိုချိုတွေပြောနေတဲ့
လူတွေကြားမှာနေနေရတာ
ဒါတွေထက်စာရင်
သင့်စိတ်နဲ့ သင်ကိုယ်ကို
သင်ကိုယ်တိုင် ပိုင်ဆိုင်ရင်း
ရဲရဲဝံ့ဝံ့ အထီးကျန်ပစ်လိုက်စမ်းပါ။
ဆရာအောင်သင်း_စာပေ
•.•~•.•~•.•
•.•~•.•
•.•
Credit ..*..•..^..••to_owner_with_respect
15/02/2025
လက်ရှိ မြန်မာနိုင်ငံ၏ အခြေခံလူတန်းစားမြန်မာ ပြည်သူအများစုရဲ့သားသမီး များ၏ပညာရေးကို တစ်ဖက် တစ်လမ်းမှ TECmyanmar မှ ပံ့ပိုးကူညီသော အများစုတတ်နိုင်သော စရိတ်မျှပေးစနစ်ဖြင့် ဖွင့်လှစ်သည်။,
03/02/2025
ကမ္ဘာစီးပွားရေးပညာရှင်ကြီးဂျက်မားပြောခဲ့တာ
03/02/2025
Don't give up till death!