Teacher-Ohn Mar Learning Centre

Teacher-Ohn Mar Learning Centre Teacher Ohnmar
B.A (English), MA. (TEFL) (YUOE)
Dip in ELTM, Diploma in ELT(UK)
TKT (MMTesol)

10/04/2026

💦အတာသင်္ကြန် နွေရာသီကျောင်းပိတ်ရက် အသိပေး ကြေညာခြင်း💦

မင်္ဂလာပါ ဖေဖေ၊ မေမေများရှင်။

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပိတ်ရက်အတွင်း မိသားစုများနှင့်အတူ ပျော်ရွှင်စွာ အနားယူနိုင်စေရန်အတွက် ကျောင်းပိတ်ရက်လေးကို အသိပေးကြေညာအပ်ပါတယ်ရှင်။

🌿ကျောင်းပိတ်မည့်ရက်: ဧပြီလ (၁၃) ရက်နေ့ မှ ဧပြီလ (၁၉) ရက်နေ့အထိ

🌿ကျောင်းပြန်ဖွင့်မည့်ရက်: ဧပြီလ (၂၀) ရက်နေ့ (တနင်္လာနေ့)

သင်္ကြန်ပိတ်ရက်များသည် အတန်းများ အားလုံးပါဝင်ပါတယ်ရှင်။

🌿အားလုံးပဲ ပျော်ရွှင်စရာအေးချမ်းဖွယ် သင်္ကြန်အခါသမယ ဖြစ်ပါစေ။

Hello 🤗 ဒီနေ့တီချယ်တို့ အလွန်အသုံး၀င်တဲ့ should have V3 နဲ့ could have V3 အသုံးအနှုန်းကို speaking ရော writing မှာပါသုံး...
31/03/2026

Hello 🤗
ဒီနေ့တီချယ်တို့ အလွန်အသုံး၀င်တဲ့ should have V3 နဲ့ could have V3 အသုံးအနှုန်းကို speaking ရော writing မှာပါသုံးလို့ရအောင် လေ့လာကြည့်ရအောင်နော် intermediate level အတွက်ပါ။

“Perfect modals” (မော်ဒယ်ကြိယာ + have + V3) ဟာ အတိတ်က ဖြစ်ခဲ့တဲ့ အခြေအနေတွေကို ပြန်လှည့်ပြီး ယူဆချက်၊ နောင်တ၊ ဖြစ်နိုင်ခြေ စတာတွေ ဖော်ပြဖို့ သုံးတာပါ။

1. should have + V3 (V3 = past participle)

အဓိပ္ပါယ်
“လုပ်သင့်ခဲ့တယ်၊ ဒါပေမယ့် မလုပ်ခဲ့ဘူး” ဆိုတဲ့ အနက်မျိုး ဖြစ်တယ်။ အတိတ်က လုပ်သင့်လုပ်ထိုက်ပေမဲ့ မလုပ်ခဲ့မိတာကို နောင်တရတာ၊ ဝေဖန်တာ၊ အကြံပေးချက် ပြန်ပြောတာမျိုးမှာ သုံးတယ်။

ပုံစံ
should have + past participle (V3)

ဥပမာများ

¡ You should have told me earlier.
(မင်း ငါ့ကို စောစော ပြောသင့်ခဲ့တယ်။ – မပြောခဲ့ဘူး၊ အခု နောက်ကျနေပြီ။)
¡ I should have studied harder for the exam.
(ငါ စာမေးပွဲအတွက် ပိုကြိုးစားသင့်ခဲ့တယ်။ – မကြိုးစားခဲ့မိလို့ စိတ်မကောင်းဖြစ်နေတယ်။)
¡ They should have arrived by now.
(သူတို့ အခုလောက်ဆို ရောက်သင့်နေပြီ။ – ဒါပေမယ့် မရောက်သေးဘူး၊ ဒါကြောင့် စိတ်ပူနေတယ်။)

အနှစ်ချုပ် – လုပ်သင့်ခဲ့ပေမဲ့ မလုပ်ခဲ့တဲ့အခါ (သို့) ဖြစ်သင့်ပေမဲ့ မဖြစ်ခဲ့တဲ့အခါ “should have V3” သုံးတယ်။

2. could have + V3

အဓိပ္ပါယ်
“လုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် မလုပ်ခဲ့ဘူး” (သို့) “ဖြစ်နိုင်ခြေ ရှိခဲ့ပေမဲ့ မဖြစ်ခဲ့ဘူး” ဆိုတဲ့ အတိတ်က ဖြစ်လောက်ဖွယ်ရှိခဲ့တဲ့ အခြေအနေကို ပြန်ပြောတာ၊ ဒါမှမဟုတ် “တကယ်လုပ်ခဲ့ရင် ဖြစ်နိုင်ခဲ့မယ်” ဆိုတဲ့ အနက်မျိုး ဖြစ်တယ်။

ပုံစံ
could have + past participle (V3)

ဥပမာများ

· I could have helped you, but you didn’t ask.
(ငါ မင်းကို ကူညီနိုင်ခဲ့တယ်၊ ဒါပေမယ့် မင်း မတောင်းခဲ့ဘူး။)
· She could have won the race if she hadn’t fallen.
(သူမ မချော်ခဲ့ရင် ပြိုင်ပွဲနိုင်နိုင်ခဲ့တယ်။)
¡ It could have been worse.
(ဒီထက်ပိုဆိုးသွားလည်း ဖြစ်နိုင်ခဲ့တယ်။ – ကံကောင်းသေးတယ်။)

အနှစ်ချုပ် – အတိတ်က ဖြစ်နိုင်ခြေရှိခဲ့ပေမဲ့ မဖြစ်ခဲ့တဲ့အရာ၊ ဒါမှမဟုတ် တခြားအခြေအနေဆိုရင် ဖြစ်လာနိုင်တဲ့အရာတွေကို “could have V3” နဲ့ ဖော်ပြတယ်။

3. should have V3 vs could have V3 ဘယ်လိုကွာသလဲထပ်ကြည့်မယ်နော်

should have V3 နဲ့ အနက်သဘောက လုပ်သင့်ခဲ့တယ်၊ လုပ်ဖို့ တာဝန်ရှိခဲ့တယ် (ဒါပေမဲ့ မလုပ်ခဲ့)

could have V3 အနက်က လုပ်နိုင်ခဲ့တယ်၊ ဖြစ်နိုင်ခြေရှိခဲ့တယ် (ဒါပေမဲ့ မလုပ်ခဲ့ / မဖြစ်ခဲ့)

should have V3 သုံးတဲ့နေရာက နောင်တ၊ ဝေဖန်ချက်၊ တာဝန်ယူမှု၊ မျှော်လင့်ချက် မပြည့်မှီတာ
could have V3 သုံးတဲ့နေရာ - အစားထိုးဖြစ်နိုင်ခြေ၊ အခွင့်အရေးရှိခဲ့ပေမဲ့ မသုံးခဲ့တာ

ဥပမာ You should have called me. (မခေါ်ခဲ့တာ မှားတယ်)
You could have called me. (ခေါ်လို့ရနေတာပဲ၊ မခေါ်ခဲ့ဘူး)

4. နောက်ထပ် ဥပမာနှစ်ခု ယှဉ်ကြည့်ရအောင်

¡ should have apologized
“တောင်းပန်သင့်ခဲ့တယ်” – ကိုယ်ကျင့်တရားအရ လုပ်သင့်တယ်လို့ ပြောတာ။
¡ could have apologized
“တောင်းပန်လို့ရနေတယ်” – လုပ်ဖို့ အခွင့်အရေးရှိခဲ့ပေမဲ့ မလုပ်ခဲ့တဲ့သဘော။

ဒီနှစ်ခုစလုံးက အတိတ်ကို ပြန်ပြောတဲ့အခါ “မလုပ်ခဲ့မိတာ” ကို ဆိုလိုပေမယ့် should have က “လုပ်သင့်ခဲ့တယ်” ဆိုတဲ့ အားပြင်းတဲ့ ခံစားချက် (သို့) အကြံပေးချက်ကို ပိုပြီး ပေါ်လွင်စေပါတယ်။

ကဲ ဒီအသုံးအနှုန်းနှစ်ခု ကို လေ့လာပီးရင် ထည့်သုံးကြည့်နော်။ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
English Learning centre
Comment မှာ လေ့ကျင့်ခန်းလေးပေးထားတာ ၀င်ဖြေကြည့်ဦးနော် 👇👇👇

17/03/2026

ဒီနေ့ တီချယ်တို့ online နဲ့ စာသင်ရတယ် တချို့ အင်တာနက်သုံးပီး အစည်းအဝေးတက်ကြတယ်။ အဲအခါ အဂ်လိပ်လို လိုင်းမကောင်းဘူး အင်တာနက်လိုင်းတွေက တော်တော်ကိုဆိုးတာဆိုတဲ့စကားတွေကို ဘယ်လိုပြောကြမလဲ 🤔🤔🤔

အများဆုံးသုံးလေ့ရှိတဲ့ အသုံးအနှုန်းတွေကတော့

¡ The internet connection is unstable.

¡ The connection keeps dropping.

¡ The Wi-Fi keeps disconnecting.

· The internet is spotty.( ကောင်းတလှည့် မကောင်းတလှည့်အခြေနေ)

နည်းနည်းပိုပြီးဖော်ပြချင်ရင်တော့

¡ The internet connection is really bad and keeps cutting out.

¡ I keep losing connection.

¡ The connection is very patchy.

· It keeps buffering. (ဗီဒီယိုကြည့်တဲ့အခါ ရပ်ရပ်သွားတာမျိုး)

¡ The signal is weak.

Formal (တရားဝင်) ပြောရမယ်ဆိုရင်

¡ The internet service is experiencing intermittent connectivity issues.
¡
There is frequent network disruption.

ဥပမာ စာကြောင်းလေးများကြည့်ရအောင်နော် ✅✅✅

¡ "Sorry, I'm having trouble hearing you. The connection is unstable."

¡ "The Wi-Fi keeps disconnecting every few minutes."

¡ "My internet is very spotty today."

¡ "The meeting keeps freezing because the connection keeps dropping."

spotty နဲ့ patchy ဆိုတဲ့စကားလုံးတွေက တစ်ခါတစ်လေ ကောင်းပြီး တစ်ခါတစ်လေ ပျက်တဲ့ မမှန်တဲ့ လိုင်းမျိုးကို ပြောတာပါ။

ဒါဆိုရင် ပြောတတ်ပီနော် 👌👌👌
လိုင်းမကောင်းဘူးကို အမျိုးမျိုးသုံးလိုက်တော့နော်
-ohnmar Learning Center

Linking verbs with Five sensesFive senses + adjectives
04/03/2026

Linking verbs with Five senses
Five senses + adjectives

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!
04/03/2026

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!

Until ကိုနားလည်သွားပီဆိုရင်  လေ့ကျင့်ကြည့်ရအောင်နော် အောက်မှာ  (Fill in the blanks) နဲ့ ပေးထားပါတယ်။Fill in the blanks w...
04/03/2026

Until ကိုနားလည်သွားပီဆိုရင် လေ့ကျင့်ကြည့်ရအောင်နော် အောက်မှာ (Fill in the blanks) နဲ့ ပေးထားပါတယ်။

Fill in the blanks with "until" or "by"

အောက်ပါ ဝါကျတွေမှာ ကွက်လပ်ကို until သို့မဟုတ် by နဲ့ ဖြည့်ပါ။ (အခုအချိန်မှာ until ကို အဓိကထား လေ့ကျင့်တာဖြစ်ပေမယ့် "by" နဲ့ ကွာခြားအောင် ခွဲခြားတတ်ဖို့လည်း အောက်မှာ ထည့်ပေးထားပါတယ်။)

1. Please wait here __________ your father comes back.

2. I have to finish this report __________ Friday. The boss needs it by then.

3. We watched movies __________ midnight last night.

4. You must be home __________ 10 PM. That's the rule.

5. He didn't buy a smartphone __________ he got his first job.

6. The sale is on __________the end of this month.

7. Can you lend me this book __________ next week? I'll return it on Monday.

8. The baby didn't stop crying __________ her mother picked her up.

9. She will stay in Yangon __________ next Saturday, then she will fly to Mandalay.

10. The tickets must be booked __________ the 15th, or they will be sold out.

04/03/2026

Conjunction 'until'

Until ကို အသုံးပြုတဲ့အခါ ဘယ်လိုတွေသုံးနိုင်လဲတီချယ်နဲ့ အတူတူကြည့်ရအောင်နော်

Until ကို အချိန်နဲ့ဆိုင်တဲ့ ဝါကျတွေမှာ အများဆုံးသုံးပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်က "တစ်ချိန်အထိ" လို့ အလွယ်မှတ်လို့ရပါတယ်။

အသုံးများတဲ့ ပုံစံ (၃) မျိုးကို ဥပမာနဲ့ အတူ ရှင်းပြပေးပါမယ်။

၁။ သတ်မှတ်အချိန်အထိ လုပ်ဆောင်ခြင်း

ဒီပုံစံမှာ အတိတ် ဖြစ်ဖြစ်၊ အနာဂတ် ဖြစ်ဖြစ် သတ်မှတ်အချိန်တစ်ခုအထိ တစ်ခုခုကို လုပ်နေတာကို ပြောတာပါ။

¡ Fomula: Action + until + Time
· ဥပမာ: "I will wait for you until 6 PM."
· (မင်းကို ညနေ ၆ နာရီ အထိ စောင့်နေမယ်။ ၆ နာရီကျရင် စောင့်တာရပ်မယ်။

၂။ အခြားအဖြစ်အပျက်တစ်ခု မဖြစ်မချင်း

တစ်ခုခု ဖြစ်မလာခင်အထိ (ဒါမှမဟုတ်) တစ်ခုခု မပြီးဆုံးခင်အထိ စောင့်ဆိုင်းခြင်း၊ လုပ်ဆောင်ခြင်းကို ပြောတဲ့အခါ သုံးပါတယ်။

¡ formula: Action + until + Event
· ဥပမာ: "Please stay here until I come back."
· (ငါပြန်လာတဲ့အထိ ဒီမှာနေနော်။ ငါပြန်လာရင် မင်းသွားလို့ရပြီ။)

၃. "Not ... until" (မရောက်မချင်း မဖြစ်သေး)

ဒါကတော့ အရမ်းအသုံးများတဲ့ pattern တစ်ခုပါ။ တစ်ခုခု စတင်ဖြစ်ပေါ်ဖို့ အချိန်ကြာမြင့်တာကို ပြောတဲ့အခါ သုံးပါတယ်။ မြန်မာလို "မှ" သို့မဟုတ် "ကျမှ" နဲ့ အဓိပ္ပာယ်အတူတူပါပဲ။

¡ Formula: Not + Action + until + Time/Event
· ဥပမာ: "The shop does not open until 9 AM."
(ဆိုင် မနက် ၉ နာရီ ကျမှ ဖွင့်တယ်။ ၉ နာရီမတိုင်ခင်ထိ မဖွင့်သေးဘူး။)

Until နဲ့ By ကွာခြားချက်ကိုလေ့လာရအောင်

until က "ကြာချိန်" ကိုပြောပြီး by က "နောက်ဆုံးသတ်မှတ်ချိန်" ကို ပြောတာပါ။

မြန်မာမှာ ဒီနှစ်ခုလုံးကို "လောက်ထိ" လို့ အလွယ်ပြန်လို့ရတယ်။ ဒါပေမယ့် အဓိပ္ပာယ် ကွာပါတယ်။

Until /By
ကြာရှည်စွာ လုပ်နေတာ ကို ပြောချင်ရင် သုံးတယ်။ အချိန်မှီ တစ်ခုခု လုပ်ပြီးအောင် လုပ်တာကို ပြောချင်ရင် သုံးတယ်။
Until က "ဘယ်အချိန်အထိ ဆက်လုပ်နေမလဲ" ဆိုတဲ့ အမေးကို ဖြေတယ်။
ဥပမာ: I will study until 8 PM. (ည ၈ နာရီ အထိ စာလုပ်နေမယ်။)

By က"ဘယ်အချိန်မှာ ပြီးအောင်လုပ်ရမလဲ" ဆိုတဲ့ အမေးကို ဖြေတယ်။ (deadline)
ဥပမာ: You must submit the report by 8 PM. (ည ၈ နာရီ အတွင်း အစီရင်ခံစာ တင်ရမယ်။)

ဒါလေး သေချာလေ့လာပီးရင် လေ့ကျင့်ခန်းလေး ထပ်တင်ပေးပါမယ်။

အသက် (၆) နှစ်မှ (၉) နှစ်အရွယ် ကလေးငယ်များအတွက် အင်္ဂလိပ်စာ ဖတ်ခြင်း၊ ရေးခြင်းနဲ့ အသံထွက်ခြင်းတို့ကို အခြေခံကျကျ တတ်မြောက...
26/02/2026

အသက် (၆) နှစ်မှ (၉) နှစ်အရွယ် ကလေးငယ်များအတွက် အင်္ဂလိပ်စာ ဖတ်ခြင်း၊ ရေးခြင်းနဲ့ အသံထွက်ခြင်းတို့ကို အခြေခံကျကျ တတ်မြောက်စေမည့် Jolly Phonics (Zoom Online Class) ကို ဖွင့်လှစ်လိုက်ပါပြီ။

​🌈 Jolly Phonics Foundation Class 🌈

​ဒီသင်တန်းမှာ ကလေးတို့ဟာ အလွတ်ကျက်စရာမလိုဘဲ အသံထွက် (၄၂) သံကို အခြေခံပြီး စကားလုံးများကို ကိုယ်တိုင်ပေါင်းစပ်ဖတ်နိုင်အောင် စနစ်တကျ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

✨ ဒီသင်တန်းမှာ ဘာတွေသင်ယူရမှာလဲ?
Learning the Letter Sounds: အင်္ဂလိပ်အက္ခရာတွေရဲ့ အသံထွက်မှန်ကန်မှုကို လေ့ကျင့်ခြင်း။
Blending: အသံများကို ပေါင်းစပ်ပြီး စကားလုံးအသစ်များကို ကိုယ်တိုင်ဖတ်တတ်ခြင်း။
Writing Skills: အသံထွက်ကို နားထောင်ပြီး စာလုံးပေါင်းမှန်ကန်စွာ ရေးသားနိုင်ခြင်း။
Fun Activities: ကလေးများ ငြီးငွေ့မှုမရှိစေဘဲ သီချင်းများ၊ ပုံပြင်များဖြင့် သင်ကြားပေးခြင်း။

📩 စုံစမ်းအပ်နှံရန်
လူဦးရေ ကန့်သတ်ထားသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီရှင်။
Chat Box: ဒီ Page ရဲ့ Messenger ကနေ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
Viber/Phone: 📞 09 451 712 207 သို့ တိုက်ရိုက်ဖုန်းဆက်၍ဖြစ်စေ၊ Message ပို့၍ဖြစ်စေ စုံစမ်းအပ်နှံနိုင်ပါသည်။

"ကလေးတို့ရဲ့ အင်္ဂလိပ်စာအနာဂတ် လှပဖို့ Jolly Phonics နဲ့ အခြေခံစလိုက်စို့။" မေမေတို့ သိချင်တဲ့ အသေးစိတ်အချက်အလက်တွေရှိရင်လည်း Messenger မှာ အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။​ကလေးတို့ရဲ့ အင်္ဂလိပ်စာအခြေခံကို ပျော်ပျော်ရွှင်ရွှင် တည်ဆောက်ကြစို့!

ဒီနွေရာသီ ၃ လမှာ သားသားမီးမီးတို့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချပြီး International Standard အတိုင်း စာဖတ်စွမ်းရည် ...
26/02/2026

ဒီနွေရာသီ ၃ လမှာ သားသားမီးမီးတို့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချပြီး International Standard အတိုင်း စာဖတ်စွမ်းရည် မြှင့်တင်ကြရအောင်။

📚 စာဖတ်ရင်းနဲ့ တိုးတက်ကြမယ်...

Foxton Reading Summer Class ☀️

တောင်းဆိုထားကြတဲ့ မိဘများအတွက် Reading-oriented Stories အတန်းလေး လာပါပြီ။

✨ ဘာကြောင့် ဒီ Reading Class ကို ရွေးချယ်သင့်တာလဲ?
1. Global Standard: www.foxtonreaders.com website ကို အသုံးပြုပြီး CEFR Level အလိုက် (Starters, Movers, Flyers, KET စတဲ့ level အလိုက်) စနစ်တကျ ဖတ်ရှုရမှာပါ။

2. 3-in-1 Learning: ပုံပြင်ဖတ်ရုံတင်မကဘဲ ပုဒ်တိုင်းရဲ့အဆုံးမှာ Grammar Focus, Vocabulary Quizzes နဲ့ Reading Comprehension တွေကိုပါ ဖြေဆိုရမှာဖြစ်လို့ Student Engagement အပြည့်ရှိပါတယ်။

3. Reading Habit: ၃ လအတွင်း စာအုပ်များကို ရက်ပေါင်း ၃၀ နာရီပေါင်း ၃၀ ကြာ ဖတ်ရှုလေ့ကျင့်ပေးမှာဖြစ်လို့ ကလေးတို့အတွက် ကောင်းမွန်တဲ့ စာဖတ်ခြင်းအလေ့အထ (Reading Habit) စွဲမြဲသွားစေမှာပါ။

4. Exam Support: Cambridge (YLE & KET PET) preparation & government ကလေးများအတွက်ပါ များစွာ အထောက်အကူပြုစေမည့် သင်ခန်းစာများ ဖြစ်ပါတယ်။

📅 Class Timetable & Schedule (March - May)
ဒီအတန်းလေးကို Tuesday, Wednesday, Thursday (တစ်ပတ် ၃ ရက်) Zoom မှတစ်ဆင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

​🌟 SUMMER READING CLASS (MARCH - MAY 2026) 🌟

​📅 CLASS SCHEDULE (TUE, WED, THU)

​10:00 AM - 11:00 AM ➡️ LEVEL: FLYERS / KET
​11:00 AM - 12:00 PM ➡️ LEVEL: MOVERS
​12:00 PM - 01:00 PM ➡️ LEVEL: STARTERS

​📝 COURSE DETAILS
​Duration: March to May (3 Months)
​Total Hours: 30 Hours
​Start Date: 10.3.2026 (Tuesday)
​Platform: Online via Zoom
Class size: 10
​Learning Tool: Foxton Readers Website (No book to buy!)

💰 သင်တန်းကြေး (၃ လစာ အပြတ်)
သင်တန်းသားသစ်များ: ၁၅၀,၀၀၀ ကျပ်
သင်တန်းသားဟောင်းများ: ၁၂၀,၀၀၀ ကျပ် (Special Discount!)
(မှတ်ချက် - Foxton Website သုံးမှာဖြစ်လို့ စာအုပ်ဝယ်ယူရန် မလိုပါ)

📩 စာရင်းပေးသွင်းရန်:
Messenger (Chat Box) မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
Viber: 09-451712207 သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းအပ်နှံနိုင်ပါတယ်ရှင်။

"Taking a bucket shower". = "use a scoop or bucket to pour water over yourself".We can't always call this "taking a bath...
24/02/2026

"Taking a bucket shower". = "use a scoop or bucket to pour water over yourself".

We can't always call this "taking a bath", because in English it means you are lying in a bathtub. 🛀
👌👌👌👌

Address

19 Thayaykhitayar Street, South Okkalapa Township
Yangon
1181

Alerts

Be the first to know and let us send you an email when Teacher-Ohn Mar Learning Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Teacher-Ohn Mar Learning Centre:

Shortcuts

Share

Category