Education Guide

Education Guide

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Education Guide, Educational consultant, Yangon.

02/05/2026

🌸 ဂျပန်နိုင်ငံ Hiroshima University မှ Assistant Professor ရာထူးခေါ်ယူခြင်း 🇯🇵🏛️

ဒီတစ်ခါဝေမျှပေးခြင်းတဲ့အကြောင်းအရာကတော့ သင်ကြားရေးနဲ့ သုသေတနကို စိတ်ဝင်စား အလုပ်လုပ်ကိုင်ချင်တဲ့သူတွေအတွက် လျောက်ထားနိုင်တဲ့ Tenure track Assistant Professor အခွင့်အလမ်းအကြောင်းပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာ့အဆင့်မီ သုတေသနနှင့် ပညာရေးတွင် ထိပ်တန်းမှရပ်တည်နေသည့် National University တစ်ခုဖြစ်သော Hiroshima University မှာ ဆိုရင် Medical field အတွက် Assistant Professor ရာထူးကို ခေါ်ယူလျက်ရှိပါတယ်။

Medical field နဲ့ PhD ရရှိထားသူ၊ Research နဲ့ Teachingကို စိတ်ဝင်စားမှုရှိသူ၊ Certified Medical Education Specialist ရရှိထားသူ(သို့)ရရှိအောင် လုပ်ဖို့ plan ရှိသူတွေလျောက်ထားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ Valid Medical license ကိုင်ဆောင်ထားသူတွေကိုပိုမိုဦးစားပေးမယ်လို့ဖော်ပြထားပါတယ်။
ဒီရာထူးဟာ အနာဂတ်မှာ Associate Professor ဖြစ်ဖို့ အခွင့်အလမ်းရှိတဲ့အပြင် သုတေသနကို အာရုံစိုက်နိုင်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

1.Employer - Hiroshima University

2. Affiliation (Appointment)
Academy of Hiroshima University (Graduate School of Biomedical and Health Sciences)

3. Field of specialization - Medical Education

4. Work location
Kasumi Campus 1-2-3 Kasumi, Minami-ku, Hiroshimashi. Other places of work designated by the University.

5. Position and the number of opening
Assistant Professor , one (1)

6. Application deadline
All application materials must reach us by 5:00 pm on Friday, July 31, 2026 (Japan time).

7. Commencing date of employment
The earliest possible date after January 1, 2027

8. Qualifications
Applicants must satisfy all of the following requirements:

(1) Hold a doctorate or an equivalent degree by the time the appointment begins

(2) Be able to supervise research and provide guidance on thesis writing at the
graduate level.

(3) Be able to teach classes and supervise students in English

(4) Hold the qualification of Certified Medical Education Specialist awarded by the Japan
Society for Medical Education, or demonstrate a strong commitment to obtaining this
qualification.

(5) Holding a valid medical license (MD) is preferred

9. Teaching responsibilities
The following courses are scheduled to be taught.:

(1) Undergraduate level (general education courses): Introductory Seminar for First-
Year Students, etc.

(2) Undergraduate level (discipline specific courses): Medical Professionalism, Early
exposure of undergraduates to medicine, Symptomatology, Diagnosis and
Treatment, Introduction to clinical clerkship, Practice of mMedicineⅠ, etc.

(3) Graduate level (master’s programs): none

(4) Graduate level (doctoral programs): none

Note: The subjects you are responsible for may be changed or added.

10. Application procedure
(1)Please send your application materials by email
Email: [email protected]
(2) Submit by online (will explain you how to submit by reply email)

🚨🚨Remark: email ပို့ရာမှာ မိမိ institute ရဲ့email နဲ့ပို့ဖို့လိုပါတယ်။ ac.jp (သို့) co.jp (သို့) etc... နဲ့ဆုံးတဲ့ email တွေနဲ့သာပို့ရပါမယ်။ gmail, etc... နဲ့မပို့ဖို့ တိုက်တွန်းထားပါတယ်။

🌐 Official website https://www.hiroshima-u.ac.jp/en

📃 Official guidelines https://www.hiroshima-u.ac.jp/system/files/289345/Detail_E.pdf

11/04/2026

⛩️🇯🇵 ဂျပန်ရောက် မြန်မာကျောင်းသားများအတွက် တစ်လလျှင် ယန်း (၁၉၀,၀၀၀) အထိ ထောက်ပံ့ပေးမည့် "Takayama Scholarship 2026"

ဒီတစ်ခေါက် ဝေမျှပေးချင်တဲ့ Scholarship အကြောင်းကတော့ Takayama International Education Foundation (高山国際教育財団) ရဲ့ ၂၀၂၆ ခုနှစ်အတွက် လျှောက်ထားနိုင်မည့် ပညာသင်ဆု အကြောင်းပဲဖြစ်ပါတယ်။

🏛️ ဒီ Foundation ကို ၂၀၀၁ ခုနှစ်၊ မေလတွင် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တည်ထောင်သူမှာ Showa Boeki Co., Ltd. ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Shigeo Takayama (高山成雄) ဖြစ်ပါတယ်။

Founderဟာဆိုရင် ငယ်စဉ်က အမေရိကန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ပညာသင်ကြားခဲ့သူဖြစ်သည့်အလျောက် နိုင်ငံခြားတွင် ပညာသင်ယူရခြင်း၏ ခက်ခဲမှုနှင့် အရေးပါပုံကို နားလည်သူဖြစ်တဲ့သူတစ်ယောက်ဆိုလဲမမှားပါဘူး။
ဒါကြောင့် ဂျပန်နိုင်ငံသို့ လာရောက်ပညာသင်ကြားနေသော အာရှကျောင်းသားများ၏ ပညာရေးနှင့် သုတေသနလုပ်ငန်းများတွင် ငွေကြေးအခက်အခဲကြောင့် ပညာသင်ယူမှုကို မရပ်တန့်စေရန်နှင့် ဂျပန်နိုင်ငံနှင့် အာရှနိုင်ငံများအကြား ချစ်ကြည်ရေးတံတားအဖြစ် ဆောင်ရွက်နိုင်မည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဤပညာသင်ဆုကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

💰 ချီးမြှင့်မည့် Scholarship ပမာဏ

၁။ 日本語学校生 - ၁၃၀,၀၀၀ ယန်း/month
၂။ Undergraduate Student - ၁၇၀,၀၀၀ ယန်း/month
၃။ Master / PhD Students : ၁၉၀,၀၀၀ ယန်း/month

(Special scholarship အနေဖြင့် ထူးချွန်သော PhD ကျောင်းသားများအတွက် ကျောင်းလစာ (Tuition Fee) ကိုပါ ထပ်မံထောက်ပံ့ပေးသည့် Special Scholarship လည်း ရှိပါတယ်။)

📅 ထောက်ပံပေးမည်ကာလ

၁. Language School(LS) students - 1 year
၂. Undergraduate students - 2 years
၃. Master/Ph.D students - 2 years

👨‍🎓👩‍🎓👨‍💻ချီးမြင့်မည့်ကျောင်းသားအရေအတွက်

1. LS - 40 students
2. Undergraduate - 50 students
3. Master/Ph.D - 40 Students
4. Special scholarship - 2 students

🚨 လျှောက်ထားရန်လိုအပ်ချက်များ (Eligibility)

၁. Foundation က သတ်မှတ်ထားသောကျောင်း(designated school)တစ်ခုခုတွင် တက်ရောက်နေသူ

၂. ထိုကျောင်းတစ်ခုခုမှ recommend ပေးခံရသူ

[ မြန်မာပြည်က language school တစ်ခုက recommend ပေးခံရတဲ့ ကျောင်းသားကလဲ ယခု scholarship လျောက်ထားခွင့်ရှိပါတယ်။]

(အောက်တွင်အသေးစိတ်ကြည့်ရှု့ပါ)

🗓️📅 Application Period

မိမိတက်ရောက်နေသောကျောင်းတွင် သေချာစုံစမ်းပါ။

Language School students: ဒီဇင်ဘာလဆန်းတွင် စတင်ခေါ်ယူပြီး ဇန်နဝါရီလကုန်တွင်လျောက်လွှာ ပိတ်သည်

University students: မတ်လဆန်းတွင် စတင်ခေါ်ယူပြီး မေလဆန်းတွင် လျောက်လွှာပိတ်ပါသည်။

🏫 လျှောက်ထားရမည့် ပုံစံ

ဤပညာသင်ဆုကို Foundation သို့ တိုက်ရိုက်လျှောက်ထား၍ မရပါ။

မိမိတက်ရောက်နေသော ကျောင်းရှိ ကျောင်းသားရေးရာဌာန (Student Affairs) မှတစ်ဆင့် လျှောက်ထားရမည် ဖြစ်သည်။

ကျောင်းမှရွေးချယ်ပြီး foundation ဘက်ကို Recommend ပေးမည်ဖြစ်သောကျောင့် ကျောင်းအဆင့်မှာ ရွေးချယ်ခံရဖို့ လိုအပ်ပါသည်။

🏫 Designated School ( foundation ဘက်မှ သတ်မှတ်ထားသော ကျောင်းများ

၁။ ဂျပန်စာသင်ကျောင်းများ (Japanese Language Schools - ၁၆ ကျောင်း)

1.赤門会日本語学校 2.ABK学館日本語学校 3.大阪日本語学院 4.KCP地球市民日本語学校 5.JET日本語学校 6.新宿日本語学校 7.千駄ヶ谷日本語学校 8.拓殖大学留学生別科 9.東京ギャラクシー日本語学校 10.東京工科大学附属日本語学校 11.東京国際大学付属日本語学校 12.長沼スクール東京日本語学校 13.日本学生支援機構東京日本語教育センター 14.武蔵浦和日本語学院 15.メロス言語学院 16.山野日本語学校

၂။ Undergraduate Schools - ၁၈ ကျောင်း
1.桜美林大学2.群馬大学3.国士舘大学4.埼玉大学 5.専修大学 6.大東文化大学 7.千葉大学 8.電気通信大学 9.東海大学 10.東京大学 11.東京電機大学 12.東京理科大学 13.東洋大学
14.日本大学 15.法政大学 16.明治学院大学
17.明治大学 18.早稲田大学

၃။ Graduate Schools - (၁၆ ကျောင်း)

1.慶應義塾大学 2.埼玉大学 3.芝浦工業大学
4.成蹊大学 5.千葉大学 6.中央大学 7.筑波大学8.東京医科歯科大学 9.東京大学 10.東京都立大学 11. 東京工業大学 12.名古屋学院大学 13.法政大学 14.明治大学 15.横浜国立大学 16.早稻田大学

၄။ မြန်မာပြည်မှသတ်မှတ်ကျောင်း (Overseas Designated Schools)

ミャンマー ウィン日本語学校 (Myanmar - Win Japanese Language School)

*** မြန်မာပြည်ကကျောင်းသားတွေအနေနဲ့ Win Japanese language school ကို စုံစမ်းလျောက်ထားနိုင်ပါတယ်။
( ကြော်ငြာမဟုတ်ပါ၊ scholarship အကြောင်းဖတ်ရင်း ထူးဆန်းစွာ မြန်မာပြည်က LS တစ်ခုကနေ ယခုဖော်ပြပါ Takayama scholarship ကို လျောက်ထားနိုင်တယ်ဆိုတာတွေ့လို့ ဖော်ပြခြင်းဖြစ်သည်။)

🌐 Official Website: http://takayama-foundation.or.jp/






08/04/2026

⛩️🇯🇵 October Intake ဖြင့် Language School နဲ့ ကျောင်းသွားတက်ချင်တဲ့ ကျောင်းသားများအတွက် Language School program

ဒီတစ်ခေါက် ဝေမျှပေးချင်တဲ့ အကြောင်းကတော့ Language School program နဲ့ ဂျပန်သို့ ကျောင်းသွားတက်ချင်တဲ့ကျောင်းသားများအတွက် ကျောင်းဝင့်ခွင့်အကြောင်းပဲဖြစ်ပါတယ်။

ဒီ language program ဟာဆို Josai International University (JIU) ရဲ့ Japanese preparatory course (Bekka) ဖြစ်ပြီး language school ပြီး တက္ကသိုလ်ဆက်တက်ချင်တဲ့ကျောင်းသားတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

Josai International University (JIU) ဟာ Chiba ခရိုင်မှာတည်ရှိတဲ့ private university တစ်ခုဖြစ်ပြီး ၁၉၉၂ ခုနှစ်၊ ဧပြီလ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Bekka Program ကတော့ ကျောင်းသားတွေ University ဝင်ဖို့ပြင်ဆင်ပေးတဲ့ Preparatory/Language Program ဖြစ်တာကြောင့် ကျောင်းပြီးအလုပ်လုပ်မဲ့သူတွေအတွက်တော့ တက်ရောက်ဖို့အဆင်မပြေလောက်ပါဘူး။

ဒီ preparatory/language programဟာဆိုရင် University က ဖွင့်လှစ်တာ ဖြစ်တာကြောင့် COE ရရှိဖို့က 100%နီးပါ သေချာတဲ့ language program ပဲဖြစ်ပါတယ်။

🏫 လက်ခံမည်ကျောင်းသားဦးရေ

Japanese Language Course - 30 students
Japanese Culture Course - 10 students

( Course 2မျိုးလုံးသည် 1 year program ဖြစ်သည်)

🚨 လျှောက်ထားရန်လိုအပ်ချက်များ (Eligibility)

• အထက်တန်းအောင်မြင်ထားသူ

• အသက် ၁၈နှစ်ရှိသူ

• Language course လျောက်ထားမည့်အတွက် N5 သို့ ညီမျှသော certificate ရှိသူ

• Culture course လျောက်ထားမည့်သူ N3 သို့ ညီမျှသော certificate ရှိသူ

• COE denied ခံထားရခြင်း မရှိသူ ဖြစ်ရမည်။ ( COE rejected များလျောက်ထားလို့မရပါ)

📃လိုအပ်သော စာရွက်စာတန်းများ

1. Application form
2. ကျန်းမာရေးထောက်ခံစာ
3. Letter of recommendation
4. Plan of study
5. အထက်တန်းအောင်လက်မှတ်
6. အမှတ်စရင်း
7. ဂျပန်စာလေ့လာထားသော study history & attendence
8. Sponsor မှ ငွေထောက်ပံပေးပါမည်ဆိုတဲ့အာမခံချက်
9. Student and sponsor ရဲ့ အမျိုးတော်ဆက်မှု certificate
10. Sponsor ရဲ့ အလုပ်အကိုင်နဲ့ဝင်ငွေအထောကါအထား
11. Sponsor ရဲ့ bank statement
12. Passport
13. Cv
14. Essay
15. Photo

အထက်ပါ စာရွက်စာတမ်းတွေကို စုစည်းပြီး [email protected] သို့ပေးပို့ရမည်။ ( English သို့ Japanese ဖြင့်ဖော်ပြထားသော documents များသာဖြစ်ရမည်။)

🚨 Application Deadline
May 18 (Mon) – May 26 (Tue), 2026

💴 ကုန်ကျစရိတ်

Application fee - 10,000 yen ‌( လျောက်ထားချိန်တွင်ပေးချေရမည်)

ကျောင်းဝင်ကြေး - 150,000 yen
Tuition fee - 400,000 yen
Facilities fee - 100,000 yen
Others - 19,000
Total - 669,000 yen/ year

ကျောင်းဝင်ခွင့်အတွက် Interview ဖြေဆိုရမည်ဖြစ်ပြီး ဝင်ခွင့်အောင်သူများကို ကျောင်းဘက်မှ COE လျောက်ထားပေးမည်ဖြစ်သည်။

Official website
https://www.jiu.ac.jp/eng/bekka/admissions/detail/id=3429

Application guidelines
https://www.jiu.ac.jp/files/user/bekka/admissions/pdf/Admission%20for%20September%202026%20Student%20Application%20Guidelines%20for%20the%20Japanese%20Studies%20Program%20.pdf


04/04/2026

⛩️🇯🇵 ဂျပန်ရောက် မြန်မာကျောင်းသားများအတွက် တစ်လလျှင် ယန်း (၁၇၀,၀၀၀) အထိ ထောက်ပံ့ပေးမည့် "Moritani Scholarship 2026"

ဒီတစ်ခေါက် ဝေမျှပေးချင်တဲ့ scholarship အကြောင်းကတော့ Moritani Scholarship Foundation (守谷育英会) ရဲ့ ၂၀၂၆ ခုနှစ်အတွက် လျှောက်ထားနိုင်မည့် ပညာသင်ဆု အကြောင်းပဲဖြစ်ပါတယ်။

🏛️ Moritani Scholarship Foundation ကို ၁၉၆၃ ခုနှစ် မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး တည်ထောင်သူကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ကုန်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Moritani Co., Ltd. ရဲ့ ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ Takeo Moritani ပဲဖြစ်ပါတယ်။

ယခုပညာသင်ဆုဟာဆိုရင် studying field/major သတ်မှတ်ထားတာမရှိပဲ excellent academic record ရှိတဲ့ သူတွေလျောက်ထားနိုင်တဲ့ scholarship တစ်ခုပဲဖြစ်ပါတယ်။

💰 ချီးမြင့်မည် scholarship ပမာဏ

၁. 高校生- 40,000ယန်း/month
၂. 専門学校生 100,000 ~140,000 ယန်း/ month
၃. Undergraduate student - 140,000ယန်း/month
၄. Master/Ph.D students - 170,000ယန်း/month

📅 ထောက်ပံပေးမည်ကာလ
- Up to completion of the course

🚨 လျှောက်ထားနိုင်သူများ (Eligibility)

• Tokyo မြို့တွင်နေထိုင်လျက်ရှိသူ

• 高学校 , 専門学校 , 大学 တစ်ခုခုမှာ ပညာသင်ကြားနေသူ

• ဂျပန်စကားကောင်းမွန်း"ကျွမ်းကျင်"စွာပြောနိုင်သူ
( English taught နဲ့သင်ကြားနေသူတွေလျောက်ထားလို့မရနိုင်ပါ)

• Excellent academic record ရှိသူ

👩‍🎓 ချီးမြင့်ပညာသင်ဆုအရေအတွက် - 80 ယောက်

🗓️📅Application Deadline

June မှာ interview ဖြေရမှာဖြစ်ပြီး၊ တစ်ကျောင်းနဲ့တစ်ကျောင်း deadline မတူတာမလို့ မိမိတက်‌ ရောက်နေသောကျောင်းမှာ သေချာစုံစမ်းဖို့လိုပါတယ်။

🏫 လျောက်ထားရမည်ပုံစံ

• ဤပညာသင်ဆုကို Foundation သို့တိုက်ရိုက်လျောက်ထားလို့မရနိုင်ပါ။

• မိမိတက်ရောက်နေသော ကျောင်း၏ ကျောင်းသားရေးရာဌာန မှ တစ်ဆင့်လျှောက်ထားရမည်။

ကျောင်း ဘက်က ရွေးချယ်ပြီးမှ Foundation ကို recommend ပေးမှာ ဖြစ်တဲ့အတွက် ကျောင်းအဆင့်မှာ အဆင့်မှာ ရွေချယ်ခံရဖို့လိုပါတယ်။

Official Website
https://moritani-scholarship.or.jp/



28/03/2026

🏥🇯🇵 "Asian Development Bank - Japan Scholarship Program (ADB-JSP) 2026" ဖြင့် Nagasaki Universityရဲ့ Master Degree အတွက် ပညာသင်ဆု

Nagasaki University ဟာ 1857 ခုနှစ်တွင် နယ်သာလန်ဆရာဝန်က ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော အနောက်တိုင်းဆေးရုံနှင့် ဆေးကျောင်း (oldest medical school in Japan)အဖြစ် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး 1947 မှာ National University အဖြစ်ဖွင့်လှစ်ခဲ့ပြီး ဆေးပညာဘက်မှာ အစဉ်အလာ အလွန်ကြီးမားပါတဲ့ကျောင်းတစ်ခုပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ နိုဘယ်လ်ဆုရှင် (Nobel Prize in Chemistry) ဖြစ်သူ Osamu Shimomura ဟာလည်း ဒီတက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းတစ်ဦး ဖြစ်ပြီး၊ သုတေသနအပိုင်းမှာလဲ Infectious Diseases နှင့် Tropical Medicine ဘက်မှာ ကမ္ဘာ့အဆင့်မီ သုတေသနဌာနတွေ ရှိနေတာကြောင့် ကျောင်းသားတွေ အလွန်စိတ်ဝင်စားတဲ့ တက္ကသိုလ်တစ်ခုဆိုလည်ဟုတ်ပါတယ်။

🌍 School of Tropical Medicine and Global Health (TMGH)

TMGH ဆိုတာကတော့ Nagasaki University ရဲ့ အဆင့်မြင့်ဘွဲ့လွန်ဌာနတစ်ခုဖြစ်ပြီး Global Health ကဏ္ဍမှာ ထူးချွန်တဲ့လူတွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။

Research field:
• Tropical Medicine (MTM)
• International Health Development (MPH)
• Health Innovation (MSc)

💰 ချီးမြှင့်မည့် ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများ

• Admission Fee & Tuition Fee - 100% scholarship
• Monthly Stipend
• Housing Allowance
• Book & Instructional materials
• Medical Insurance
• Travel expenses - round trip tickets

📅 လျှောက်ထားရမည့် ကာလ (Application Period)

23 March 2026 to 10 April 2026,17:00 (JST)

🚨 လျှောက်ထားနိုင်သူများ (Eligibility)

1. Bachelor Degree တစ်ခုခုရှိသူ

2. လုပ်ငန်းအတွေကြုံ အနည်းဆုံး 2နှစ်ရှိသူ

3. အသက် 35နှစ်အောက် ဖြစ်သူ

4. TOEFL, TOEIC, IELTS တစ်ခုခုရှိသူ

5. လက်ရှိ မြန်မာနိုင်ငံတွင် နေထိုင်သူ( ပြည်ပရောက်နေသူများ လျောက်ထားလို့မရနိုင်ပါ)

6. ယခုပညာသင်ဆုရရှိပြီးနောက်၊ မြန်မာနိုင်ငံသို့ ၂နှစ် ပြန်ရန် သသောတူသူ

ဝင်ခွင့်ရလဒ်များကို May 28, 2026 တွင် ကြေညာမည်ဖြစ်ပြီး၊ ရွေးချယ်ခံကသူများကို ကျောင်းဘက်ကနေ ADB သို့ ပညာသင်ဆုအတွက် recommend ပေးမည်ဖြစ်ပါတယ်။

Official Website
https://www.tmgh.nagasaki-u.ac.jp/


-JSP




24/03/2026

⛩️🇯🇵 Kyoto University မှာ Master တက်ရောက်မည့်သူများအတွက် "Asian Future Leaders Scholarship (AFLSP) 2026"

ဂျပန်နိုင်ငံရဲ့ ထိပ်တန်း National တက္ကသိုလ်တစ်ခုဖြစ်တဲ့ Kyoto University မှာ ၂၀၂၆ အောက်တိုဘာလဝင်ခွင့်နဲ့ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာကျောင်းသားတွေအတွက် ဝေမျှပေးချင်တဲ့ scholarship အကြောင်းပဲဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ အာရှဒေသတွင်းက ခေါင်းဆောင်ကောင်းဖြစ်လာမယ့် လူငယ်တွေကို ရည်ရွယ်ထားပြီး ပေးအပ်မဲ့ scholarship ဖြစ်ပါတယ် ။

ယခုပညာသင်ဆုကို Bai Xian Asia Institute (BXAI) ဆိုတဲ့ foundation ကပေးအပ်ချီးမြင့်တာပဲဖြစ်ပါတယ်။၂၀၁၄ ခုနှစ်တွင် Hong Kong အခြေစိုက် Novel Holdings Ltd. ၏ ဒုတိယဥက္ကဋ္ဌ Mr. Ronald K.Y. Chao မှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည် ။

💰 ချီးမြင့်မည်ပညာသင်ဆု နှင့် ထောက်ပံကြေးခွင့်များ

• Admission fee - 100% exemption
• Tuition fee - 100% exemption
• Monthly Stipend - from 150,000 yen to 220,000 yen / month

🚨 လျှောက်ထားနိုင်သူများ (Eligibility)
( Must match all following requirements)

၁။ အသက် ၃၅ နှစ်အောက်ဖြစ်ရမည်။

၂။ Kyoto University သို့ ဝင်ခွင့်ရရှိပြီးသူ (သို့) ၂၀၂၆ October မှာ ဝင်ခွင့်‌ရအောင် လျောက်ထားမည်သူ။

၃။ မြန်မာနိုင်ငံမှ အောက်ပါ University တစ်ခုခုမှ ဘွဲ့ရရှိထားသူ။

• University of Yangon
• Yangon Technological University
• Yezin Agricultural University
• Mandalay Technological University
• University of Forestry and Environmental Science

၄။ TOEFL iBT ၉၀ နှင့်အထက် ရှိသူကို ပိုမိုဦးစားပေးမည်

Remark: Scholarship ကော Kyoto University ကျောင်းဝင်ခွင့်ကော တစ်ပြိုင်နက်လျောက်ထားရမှာဖြစ်ပြီး၊ Kyoto University ကို ၂၀၂၆ October intake ဝင်ခွင့်မရခဲ့ရင်၊ လျောက်ထားတဲ့ scholarship က Auto rejected ဖြစ်မှာကို သတိချပ်ပါ။

📅 လျှောက်ထားရမည့် ကာလ (Application Period)

April 1, 2026- April 10, 2026

🏫 လျှောက်ထားရမည့် ပုံစံ (Application Process)

၁။ လိုအပ်သော စာရွက်စာတမ်းအားလုံးကို PDF ဖိုင်လုပ်၍ ZIP folder တစ်ခုတည်းဖြင့် [email protected] သို့ အီးမေးလ်ပေးပို့ လျှောက်ထားရမည်ဖြစ်သည် ။

၂။ စာရွက်စာတမ်း စစ်ဆေးခြင်း (Stage 1) ကို ဧပြီလနှောင်းပိုင်းတွင် လုပ်ဆောင်မည် ။

၃။ Stage 1 အောင်မြင်သူများကို မေလအတွင်း အင်တာဗျူး (Stage 2) ခေါ်ယူမည်ဖြစ်သည်။

Official Website
https://www.kyoto-u.ac.jp/en






20/03/2026

⛩️🇯🇵 Kochi University of Technology (Doctoral Course) အတွက် SSP ပညာသင်ဆု

ဒီတစ်ခါ ဝေမျှပေးချင်တဲ့ အကြောင်းအရာကတော့ ဂျပန်နိုင်ငံ၊ Shikoku ကျွန်းပေါ်က သာယာလှပတဲ့ Kochi ခရိုင်မှာ တည်ရှိပြီး အင်ဂျင်နီယာနဲ့ နည်းပညာပိုင်းမှာ အဆင့်မီ သုတေသနတွေ လုပ်ဆောင်နေတဲ့ Kochi University of Technology (高知工科大学) အကြောင်းပဲ ဖြစ်ပါတယ်။

K*T ရဲ့ Kami Campus ဟာ တောင်တန်းတွေနဲ့ သဘာဝအလှတရားတွေကြားမှာ တည်ရှိပြီး စာသင်ကြားဖို့နဲ့ သုတေသနလုပ်ဖို့ အလွန်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် နည်းပညာပိုင်းကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် အလွန်သင့်တော်တဲ့ တက္ကသိုလ်တစ်ခုပဲဲဖြစ်ပါတယ်။

K*T ကနေ ၂၀၂၆ အောက်တိုဘာလနဲ့ ၂၀၂၇ ဧပြီလ ဝင်ခွင့်အတွက် Special Scholarship Program (SSP) လျှောက်လွှာတွေကို ခေါ်ယူနေပြီပဲဖြစ်ပါတယ်။

🏥 Kochi University of Technology (K*T) မှာရှိတဲ့ အဓိက သုတေသနနယ်ပယ်များ:

• Intelligent Mechanical and Aerospace Engineering
• Electronic and Photonic Engineering
• Architecture and Infrastructure Design
• Engineering Science( Chemistry, Biology, etc ...)
• Data and Innovation
• Economics and Management

💰 ချီးမြှင့်မည့် Scholarship နှင့် ထောက်ပံ့ကြေး

SSP ပညာသင်ဆုဟာ ဝင်ခွင့်ရခဲ့ရင် PhD ကျောင်းသားတွေအတွက် အပြည့်အဝထောက်ပံ့ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

Enrollment fee - 100% exemption
Tuition fee - 100% exemption
Monthly Stipend - ÂĽ150,000 yen/month ( for 3 years)
Travel costs- 150,000 yen (one time payment)

Remark: ဂျပန်ပြည်တွင်းကနေ လျောက်ထားမဲ့ကျောင်းသားတွေက Travel costs ရရှိမည် မဟုတ်ပါ။

🚨 လျှောက်ထားနိုင်သူများ (Eligibility)

၁။ 18နှစ်ပညာရေးရှိသူ (သို့) Master's Degree ရရှိထားသူ

၂။လျှောက်ထားချိန်တွင် အသက် ၃၅ နှစ်အောက် ဖြစ်ရမည်။
၃။ Good Academic record ရှိသူ

၄။ သုတေသနပြုလုပ်ရန်အတွက် လုံလောက်သော အင်္ဂလိပ်စာ အရည်အချင်းရှိသူ

📅 လျှောက်ထားရမည့် ကာလ (Application Period)

၂၀၂၆ အောက်တိုဘာလ ဝင်ခွင့်အတွက်: April 10, 2026 (Deadline)

၂၀၂၇ ဧပြီလ ဝင်ခွင့်အတွက်:
1st Deadline- April 10, 2026
2nd Deadline - October 16, 2026

🏫 လျှောက်ထားရမည့် ပုံစံ (Application Process)

၁။ Research Project ရွေးချယ်ခြင်း: K*T Website ရှိ SSP Projects စာရင်းမှ မိမိသုတေသနလုပ်လိုသည့် ခေါင်းစဉ်ကို ရွေးချယ်ရပါမည်။

၂။ Research Leader ထံ ဆက်သွယ်ခြင်း: မလျှောက်ထားမီ သက်ဆိုင်ရာ Project Leader (ပါမောက္ခ) ထံသို့ အီးမေးလ်ဖြင့် အရင်ဆက်သွယ်ပြီး သုတေသနအစီအစဉ်အတွက် ခွင့်ပြုချက်ရယူရပါမည်။

၃။ Online Application & Submission: အွန်လိုင်းမှ လျှောက်ထားပြီးနောက် လိုအပ်သော စာရွက်စာတမ်းမူရင်းများကို စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထားရပါမယ်။

Official Website: https://www.kochi-tech.ac.jp/english/admission/ssp/application-guideline.html

မြန်မာပြည်ကနေ ဘွဲ့ရထားပြီး ဂျပန်နိုင်ငံမှာ Research အပြည့်အဝလုပ်ရင်း PhD တက်ချင်တဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်လို့ လျှောက်ထားဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။


*TScholarship



18/03/2026

⛩️🇯🇵 Hamamatsu University School of Medicine (Doctoral Course) အတွက် ပညာသင်ဆုနှင့် ကျောင်းဝင်ခွင့်လမ်းညွှန်

ဒီတစ်ခါ ဝေမျှပေးခြင်တဲ့အကြောင်းအရာကတော့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း National ဆေးတက္ကသိုလ်တစ်ခုဖြစ်ပြီး သုတေသနနဲ့ ဆေးပညာသင်ကြားရေးမှာ နာမည်ကြီးတဲ့ Hamamatsu University School of Medicine (浜松医科大学)အကြောင်းပဲဖြစ်ပါတယ်။

Hamamatsu မြို့ဟာ Shizuoka စီရင်စုရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး ဂျပန်နိုင်ငံအလယ်ပိုင်းမှာ တည်ရှိပါပြီး Suzuki, Yamaha နဲ့ Honda စတဲ့ ကမ္ဘာကျော်ကုမ္ပဏီတွေ စတင်ပေါက်ဖွားရာ မြို့လဲဖြစ်ပါတယ်။ ရာသီဥတုအနေနဲ့ ဂျပန်မှာ နေရောင်ခြည်ရရှိမှု အများဆုံးမြို့တစ်မြို့ဖြစ်ပြီး ဆောင်းရာသီမှာ နှင်းကျခဲပေမယ့် လေပြင်းတိုက်ခတ်တတ်တာကတော့ မြို့ရဲ့ ထူးခြားချက်ပါ။

浜松医大 ကနေ ၂၀၂၆ အောက်တိုဘာလနဲ့ ၂၀၂၇ ဧပြီလမှာ ဝင်ခွင့်ရမယ့် နိုင်ငံတကာကျောင်းသားတွေအတွက် Doctoral Course (Specialization in Medicine) လျှောက်လွှာတွေကို ခေါ်ယူနေပါပြီဖြစ်ပါတယ်။

🏥 Hamamatsu University School of Medicine 浜松医大 မှာဆိုရင် research field တွေကတော့

• Advanced Photo Medicine: အလင်းကိုသုံးပြီး ရောဂါရှာဖွေကုသခြင်း (Imaging & Therapy) ။

• Integrated Functional Medicine: အာရုံကြောနှင့် အာရုံခံအင်္ဂါရပ်ဆိုင်ရာ လေ့လာခြင်း ။

• Frontier Medicine: ကင်ဆာဗီဇဗေဒနှင့် တစ်ရှူးပြန်လည်တည်ဆောက်ခြင်း (Regeneration) ။

• Infectious Disease & Preventive Medicine: ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဆေးပညာ ။

ဆိုပြီး အဓိက သုတေသနနယ်ပယ် (၄) ခုရှိပါတယ်။

💰 ချီးမြှင့်မည့် Scholarship နှင့် ထောက်ပံ့ကြေး

ပညာရည် ထူးချွန်သော ကိုယ်ပိုင်စရိတ်ဖြင့် လာရောက်မည့် ကျောင်းသားများအတွက် အောက်ပါအတိုင်း လစဉ်ထောက်ပံ့ကြေးချီးမြင့်မှာပဲဖြစ်ပါတယ်

1.Enrollment fee - upto 100% Exemption
2. Tuition fee - upto 100% Exemption
3. Others:
• 1st year - 50,000 JPY/month
• 2nd year - 90,000 JPY/month (+ ပါမောက္ခထောက်ခံချက်ဖြင့် ယန်း ၂ သောင်း ထပ်တိုးနိုင်သည်)
• 3rd year - 110,000 JPY (+ ယန်း ၂ သောင်း ထပ်တိုးနိုင်သည်)
• 4th year - 120,000 JPY/month (+ ယန်း ၂ သောင်း ထပ်တိုးနိုင်သည်)

မှတ်ချက်: ကျောင်းဝင်ခွင့်ရရှိမှ Scholarship ရရှိမှာဖြစ်ပါတယ်။

🚨 လျှောက်ထားနိုင်သူများ (Eligibility)

၁။ ပညာအရည်အချင်း: ဆေးပညာ၊ သွားဘက်ဆိုင်ရာ၊ တိရစ္ဆာန်ဆေးကု သို့မဟုတ် ဆေးဝါးဗေဒ ဘွဲ့ရရှိထားသူ (သို့မဟုတ်)Master Degree ရရှိထားသူ (သို့) ၁၈ နှစ်ကြာ ပညာသင်ယူမှု ပြီးမြောက်ထားသူ ဖြစ်ရမည် ။
[ medicine, dentistry, pharmacology, or veterinary medicine ]

၂။ အင်္ဂလိပ်စာ အရည်အချင်း: TOEFL iBT, TOEIC L&R, IELTS သို့မဟုတ် Cambridge English score တစ်ခုခု တင်ပြရမည် ။

၃။ အသက်၂၄ နှစ်အထက် ဖြစ်ရမည် ။

Remark : Master Degree မရှိပေမဲ့ မြန်မာပြည်ကဆေးကျောင်းတွေက 18နှစ်ပညာရေးရှိတာမလို့ ယခု PhD programs ကို တိုရိုက်လျောက်ထားနိုင်ပါတယ်။

📅 လျှောက်ထားရမည့် ကာလ (Application Period)

Individual Review (လျောက်ထားခွင့်ရှိမရှိအရည်အချင်းစစ်ဆေးရန်): April 17, 2026 (Friday) အထိ

Application Submission: May 18, 2026 - May 27, 2026

🏫 လျှောက်ထားရမည့် ပုံစံ (Application Process)

၁။ Supervisor ရှာဖွေခြင်း: မလျှောက်ထားမှီ မိမိ သုတေသနလုပ်လိုသည့် ဌာနမှ ပါမောက္ခထံ အီးမေးလ်ဖြင့် အရင်ဆက်သွယ်ပြီး သုတေသနအစီအစဉ် ဆွေးနွေးရပါမည်။

၂။ လျှောက်လွှာတင်ခြင်း: ကျောင်းဝင်ခွင့် လျှောက်လွှာနှင့်အတူ စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထားရပါမယ် ။

၃။ စာမေးပွဲကြေး: ယန်း ၃၀,၀၀၀ ကို ပေးချေရမည်။

Official Website: https://www.hama-med.ac.jp

မြန်မာပြည်ကနေ ဆေး၊သွားဆေး၊ တိဆေး၊ ဆေးဝါ တို့ကနေ ကျောင်းပြီးထားပြီး research လုပ်ချင်တဲ့ကျောင်း‌သားတွေ လျောက်ထားဖို့တိုက်တွန်းပါတယ်။






14/03/2026

⛩️🇯🇵 ဂျပန်ရောက် မြန်မာကျောင်းသားများအတွက် တစ်နှစ်လျှင် ယန်းသောင်း (၂၀၀) အထိ ရရှိနိုင်မည့် "Otsuka Toshimi Scholarship 2026"

ဒီတစ်ခေါက် ဝေမျှပေးချင်းတဲ့ scholarship အကြောင်းကတော့ Otsuka Toshimi Scholarship Foundation (大塚敏美育英財団) ရဲ့ ၂၀၂၆ ခုနှစ်အတွက် လျှောက်ထားနိုင်တဲ့ scholarship အကြောင်းပဲဖြစ်ပါတယ်။

ဒီပညာသင်ဆုဟာ Otsuka Pharmaceutical Group ရဲ့ တည်ထောင်သူမှ မတည်ထားတာဖြစ်ပြီး အထူးသဖြင့် ဆေးဘက်ဆိုင်ရာနဲ့ စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်တွေကို လေ့လာနေကျောင်းသားသူတွေအတွက်ပေးအပ်ချီမြင့်တဲ့ scholarship ဖြစ်ပါတယ်။

💰 ချီးမြင့်မည် scholarship ပမာဏ
၁. ယန်း သောင်း ၁၀၀ / year
၂. ယန်း သောင်း ၁၅၀ / year
၃. ယန်း သောင်း ၂၀၀/ year
ဒီ foundation ကနေ ယခင် scholarship ရရှိဖူးပြီး ပြန်လျောက်ထားမဲ့ ကျောင်းသားတွေအနေ (renewing applicants)နဲ့က ယန်း သောင်း ၂၅၀ အထိရနိုင်ပါတယ်။

📅 ထောက်ပံပေးမည်ကာလ - ၁နှစ် (2026/04 - 2027/03)
ကျောင်းမပြီးမချင်း renewal လုပ်နိုင်ပါတယ်။

👩‍🎓 ချီးမြင့်ပညာသင်ဆုအရေအတွက် - ၉၀ ယောက်
(၂၀၂၅ မှာ ၇၇ယောက် နဲ့ ၂၀၂၄ မှာ ၇၅ ယောက် ချီးမြင့်ခြင်း ခံခဲ့ရပါတယ်)

📅 လျှောက်ထားရမည့် ကာလ (Application Period)
၁. New applicants - March 5, 2026 - April 20, 2026
၂. Renewing applicants - March 5, 2026- April 13, 2026

🚨 လျှောက်ထားနိုင်သူများ (Eligibility)

1. ဗီဇာအမျိုးအစား: "Student" (留学) ဗီဇာဖြင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်နေသူ ဖြစ်ရမည်။

2. အသက်ကန့်သတ်ချက်: ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အသက် ၃၈ နှစ်နှင့်အောက် ဖြစ်ရမည်။

3. Master or Ph.D students or 3rd, or 4th yrs undergraduate students ဖြစ်ရပါမယ်။

4. ဆေးနဲ့ဆေးနှီးနွယ် (သို့) စီးပွားစီမံ ဘာသာရပ်ကိုတက်ရောက်နေသူဖြစ်ရပါမယ်။
[ Medicine, dentistry, pharmacology, biology, nutrition, physical education or engineering related in medicine/pharmacology, Business administration or International relations]

5. ဂျပန်စာသင်ယူဖို့ စိတ်အားထက်သန်သူ
(လျောက်ထားချိန်မှာ ဂျပန်စာမလိုအပ်ပေမဲ့၊ အင်တာဗျူးမှာ ဂျပန်စာသင်ယူလိုစိတ်ပြင်းပြသူဖြစ်ကြောင်းပြသနိုင်ရပါမယ်)

🏫 လျှောက်ထားရမည့် ပုံစံ (Application Process)

၁။ online ဖြင့် လျောက်ထားရပါမယ်
Foundation ၏ Official Website တွင် Account ဖွင့်၍ အချက်အလက်များ ဖြည့်သွင်းပါ။ Application form ဖြည့်နည်း English version နဲ့ website ဖော်ပြထားတာရှိပါတယ်

၂။ စာတိုက်ကနေတဆင့် လျောက်ထားရပါမယ်။
Online မှ Upload တင်ပြီးနောက်၊ လိုအပ်သော စာရွက်စာတမ်းမူရင်းများကို Foundation ရုံးသို့ စာတိုက်မှတစ်ဆင့် ပေးပို့ရမည် ဖြစ်သည်။

🚨🚨🚨 Online ကော စာတိုက်ကပါ နှစ်မျိုးလုံးနဲ့ လျောက်ထားမှ အကြုံးဝင်မှာဖြစ်ပါတယ်။

Official Website: https://www.otsukafoundation.org/

https://www.otsukafoundation.org/news/scholarship/2026.html

သတိချပ်။ ယခုပညာသင်ဆုဟာ Foundation ကို Directly လျောက်ထားရမှာဖြစ်ပါတယ်၊ မိမိ ကျောင်းရဲ့ ကျောင်းသားရေးရာမှာ လျောက်ထားလို့မရနိုင်တာ သတိချပ်ပါ။







22/02/2026

⛩️🇯🇵 ဂျပန်ရောက် မြန်မာကျောင်းသားများအတွက် တစ်လ (၁၂၀,၀၀၀) ယန်း ရရှိမည့် Mizuho Scholarship

ဂျပန်မှာ လက်ရှိ ပညာသင်ကြားနေပြီး scholarship ရှာဖွေနေတဲ့ မြန်မာကျောင်းသားများအတွက် Mizuho International Foundation (みずほ国際交流奨学財団) မှ ပေးအပ်သော ၂၀၂၆ ခုနှစ်အတွက် ပညာသင်ဆု (Scholarship) အကြောင်းကို ဝေမျှပေးခြင်ပါတယ်။

ဒီ တစ်ခါကတော့ ကျောင်းအကြောင်းမဟုတ်ပဲ၊ ဂျပန်မှာ လက်ရှိ university တစ်ခုခုမှာ တက်ရောက်နေတဲ့ ကျောင်းသားများလျောက်ထားနိုင်တဲ့ ပညာသင်ဆုအကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်။

🏛️ Mizuho International Foundation သည် ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ်တစ်ခုဖြစ်သော Mizuho Bank မှ မတည်ထူထောင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ပညာရေးကဏ္ဍကို အဓိက ပံ့ပိုးပေးနေသည့် ဖောင်ဒေးရှင်းဖြစ်ပါသည်။

🎓 ထောက်ပံသော Foundation - Mizuho International Foundation (みずほ国際交流奨学財団)

💰 ချီးမြင့်မည် scholarship ပမာဏ - ယန်း ၁၂၀,၀၀၀/ month

📅 ထောက်ပံပေးမည်ကာလ - ၂နှစ် (2026/10 - 2028/9)

👩‍🎓 ချီးမြင့်ပညာသင်ဆုအရေအတွက် - ၁၅ ယောက်

⌛ လျောက်ထားနိုင်သောကာလ January 13th to May 8th

ဒီ deadline ဟာ foundation ဘက်ကဖြစ်ပြီး၊ တစ်ကျောင်းနဲ့တစ်ကျောင်း deadline ကွာခြားနိုင်တာ သတိချပ်ပါ။

🚨 လျောက်ထားနိုင်သူများ (Eligibility)

✅ Japanese University တစ်ခုခုတွင် လက်ရှိပညာသင်နေသူ ( undergraduateရော Graduateပါ လျောက်ထားနိုင်ပါတယ်)
✅ တခြား ပညာသင်ဆု scholarship တစ်ခုခုကို ရရှိထားသူမဖြစ်ရ
✅ Visa status က 留学 ( Student visa ) ဖြစ်ရမည်။ ( 特定活動 visaနဲ့ တခြာvisa ကိုင်ဆောင်ထားပြီး ကျောင်းတက်နေတဲ့သူဆို လျောက်ထားလို့မရနိုင်ပါ)

🏫 လျောက်ထားရမည်ပုံစံ

• ဤပညာသင်ဆုကို Foundation သို့တိုက်ရိုက်လျောက်ထားလို့မရနိုင်ပါ။

• မိမိတက်ရောက်နေသော ကျောင်း၏ International Student Affairs (ကျောင်းသားရေးရာဌာန) မှ တစ်ဆင့်လျှောက်ထားရမည်။


University ဘက်က ရွေးချယ်ပြီးမှ Foundation ကို recommend ပေးမှာ ဖြစ်တဲ့အတွက် university အဆင့်မှာ ရွေချယ်ခံရဖို့လိုပါတယ်။ Japanese skill requirement မဖော်ပြထားတဲ့အတွက် English taught နဲ့သင်ကြားနေတဲ့ ကျောင်းသားများပါ လျောက်ထားနိုင်ပါတယ်။

GPA ကောင်းမှ university အဆင့်ရွေးချယ်ခံရမှာ ဖြစ်လို့ GPA ကောင်းတဲ့ ကျောင်းသားတွေ မိမိတက်ရောက်နေသောကျောင်းရဲ့ International Student Affairs office မှာ စုံစမ်း‌လျောက်ထားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Official Website

https://mizuhokokusai.la.coocan.jp/





21/02/2026

⛩️🇯🇵 ဂျပန်နိုင်ငံ၊ ကျူရှူးကျွန်း (Kyushu) ရဲ့ သာယာလှပတဲ့ Miyazaki စီရင်စုမှာ တည်ရှိပြီး
ကျောင်းလခသက်သက်သာသာနဲ့လျောက်လို့ရမဲ့ Miyazaki International university အကြောင်းဝေမျှပေးချင်ပါတယ်။

Miyazaki မြို့ဟာဆိုရင်"နေရောင်ခြည် အကောင်းဆုံးရရှိတဲ့ မြို့" လို့ နာမည်ကြီးပြီး နွေးထွေးတဲ့ ရာသီဥတုရှိနဲ့ အပူပိုင်းဒေသ အငွေ့အသက်တွေကြောင့် မြို့ထဲမှာ ထန်းပင် တွေနဲ့ လှပတဲ့ ကမ်းခြေတွေကို မြင်တွေ့ရမှာပါ။

Miyazaki International university ကို ၁၉၉၄ ခုနှစ်မှာ Miyazaki Gakuen ပညာရေးအဖွဲ့အစည်းက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားချက်က‌တော့ MIUဟာ ဂျပန်နိုင်ငံမှာ ပထမဦးဆုံးသော Liberal Arts ဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာစကားနဲ့ သီးသန့်သင်ကြားပေးတဲ့ တက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပါတယ်။

🎓 သင်ကြာရမဲ့ ဘာသာရပ်ကတော့ International Liberal Arts ဘာသာရပ်ပဲဖြစ်ပါတယ်။

Miyazaki International university ဟာ Private University တစ်ခုဖြစ်ပေမဲ့ ကျောင်းဝင်ကြေး ၅၀% discount နဲ့ ကျောင်းလခ ၄၀% လျော့ချပေးနေတာကြောင့် အစိုးရတက္ကသိုလ်‌တွေနီးပါကဲ့သို့ ဈေးသက်သာစွာနဲ့ ကျောင်းတက်လို့ရမှာပဲဖြစ်ပါတယ်။

📅၂၀၂၆ ဧပြီလဝင်ခွင့်( April 2026 Enrollment)

• International Liberal Arts (ဘွဲ့ကြို) အတန်းအတွက်

Admission Requirements:

✅ အထက်တန်းအောင်မြင်ထားသူ
✅ English Proficiency certificate တစ်ခုခု တင်ပြနိုင်သူ (optional)
✅ TB ရောဂါကင်းရှင်းကျောင်းလက်မှတ် [မဖြစ်မနေတင်ပြရပါမယ်(၂၀၂၅မှ စတင်ပြဌာန်း)]

🚨 English test score ကို မဖြစ်မနေတင်ပြရမယ်လို့မပြောထားတဲ့အတွက် English tests' certificate မရှိသေးတဲ့သူတွေလဲလျောက်ထားကြည့်နိုင်ပါတယ်။
သို့သော် Jasso Scholarship လျောက်ထားချင်တဲ့သူတွေကတော့ တင်ပြဖိုလိုအပ်ပါတယ်(မြန်မာပြည်က‌လျှောက်ထားသူများသာ)။

Application period

Round 4 => February 19 ~ March 9, 2026

မှတ်ချက်- ပြည်ပကလျောက်ထားမည်သူများအတွက် COE လျှောက်ထားရမည်ဖြစ်သောကြောင့် Round 3& 4 လျောက်ထားလို့မရနိုင်ပါ။ ယခုဖော်ပြပြ Application period သည် ဂျပန်ပြည်တွင်းရှိသူများသာ လျောက်ထားနိုင်ပါတယ်။

ဂျပန်ပြည်တွင်း March လတွင် Language School ပြီးပြီး University ဆက်တက်ချင်တဲ့ ကျောင်းသားများအတွက် အလွန်အဆင်ပြေမဲ့ ကျောင်းတစ်ခုလို့ယူဆပါတယ်။ 2026 April Intake အတွက် 大学 တော်တော်များများဟာ လျောက်လွှာကာလ ပြီးဆုံးသွားပေမဲ့ ဒီ MIU ကတော့ Round 4 ရှိသေးတာမလို့ 大学ဆက်သွားချင်တဲ့ ကျောင်းသာတွေ လျောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

Application Fee: 10,000 JPY

ပထမနှစ်အတွက် ကုန်ကျစရိတ်
Enrollment fee - 125,000JPY[discounted](one time)
Tuition fee - 255,000JPY [ for 1st semester/discounted]
Facilities fee - 81,000JPY
Others - 28,300JPY

💰 ပညာသင်ဆုနှင့် အကျိုးခံစားခွင့်များ (Scholarships)

✅ Tuition Reduction: ဒုတိယနှစ်မှ စတင်၍ ကျောင်းလခ exemption ရရှိနိုင်ခြင်း။ ပထမနှစ်ရဲ့ GPA ပေါ်မူတည်ပြီး 50%,40%, 30%, 20% ရရှိပါတယ်။

✅After enrollment ‌တွင် private scholarship များစွာလျောက်ထားလို့ရနိုင်ခြင်း
‌
Official Website
https://www.miu.ac.jp/english/





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon