Golden TKM Company Limited

Golden TKM Company Limited

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden TKM Company Limited, No. 502 D2 Delta Plaza Shwegondine, Yangon.

01/10/2025

🚀 ᴘʀᴏɢʀᴀᴍᴍɪɴɢ ʟᴀɴɢᴜᴀɢᴇꜱ ɪɴ ᴍᴏᴅᴇʀɴ ꜱᴏꜰᴛᴡᴀʀᴇ ᴅᴇᴠᴇʟᴏᴘᴍᴇɴᴛ 🚀

ယနေ့ခေတ် 𝐈𝐓 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 (အိုင်တီဖြေရှင်းနည်းများ) ရဲ့ အနှစ်သာရဟာ 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 တစ်ခုတည်းမှာ မဟုတ်တော့ဘဲ၊ လိုအပ်ချက်အလိုက် နည်းပညာအမျိုးမျိုးကို ပေါင်းစပ်အသုံးချခြင်း ဖြစ်ပါတယ်။ ဒီသဘောတရားကို နည်းပညာနယ်ပယ်မှာ 𝐏𝐨𝐥𝐲𝐠𝐥𝐨𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 (ဘာသာစကားမျိုးစုံသုံး ပရိုဂရမ်ရေးသားခြင်း) လို့လည်း ခေါ်ဝေါ်ပါတယ်။

🐍 ᴘʏᴛʜᴏɴ – ᴀɪ/ᴍʟ, ᴅᴀᴛᴀ ꜱᴄɪᴇɴᴄᴇ, ᴀᴜᴛᴏᴍᴀᴛɪᴏɴ, ᴡᴇʙ ᴅᴇᴠᴇʟᴏᴘᴍᴇɴᴛ
☕ ᴊᴀᴠᴀ – ᴇɴᴛᴇʀᴘʀɪꜱᴇ ᴀᴘᴘʟɪᴄᴀᴛɪᴏɴꜱ, ʙᴀɴᴋɪɴɢ, ᴀɴᴅʀᴏɪᴅ ᴅᴇᴠᴇʟᴏᴘᴍᴇɴᴛ
🌐 ᴊᴀᴠᴀꜱᴄʀɪᴘᴛ (ɴᴏᴅᴇ.ᴊꜱ / ʀᴇᴀᴄᴛ / ᴠᴜᴇ) – ᴡᴇʙ ᴀᴘᴘꜱ, ʀᴇᴀʟ-ᴛɪᴍᴇ ꜱʏꜱᴛᴇᴍꜱ
🐘 ᴘʜᴘ / ʟᴀʀᴀᴠᴇʟ – ᴇ-ᴄᴏᴍᴍᴇʀᴄᴇ, ᴄᴍꜱ, ʙᴜꜱɪɴᴇꜱꜱ ᴡᴇʙꜱɪᴛᴇꜱ
🦀 ᴄ / ᴄ++ – ᴇᴍʙᴇᴅᴅᴇᴅ ꜱʏꜱᴛᴇᴍꜱ, ᴘᴇʀꜰᴏʀᴍᴀɴᴄᴇ-ᴄʀɪᴛɪᴄᴀʟ ᴀᴘᴘʟɪᴄᴀᴛɪᴏɴꜱ
📱 ᴋᴏᴛʟɪɴ / ꜱᴡɪꜰᴛ – ᴍᴏʙɪʟᴇ ᴀᴘᴘꜱ (ᴀɴᴅʀᴏɪᴅ / ɪᴏꜱ)

💡 ᴘʀᴏɢʀᴀᴍᴍɪɴɢ ʟᴀɴɢᴜᴀɢᴇ တစ်ခုချင်းစီမှာ သူ့နေရာနဲ့သူ အားသာချက် (ꜱᴛʀᴇɴɢᴛʜꜱ) တွေရှိပြီး၊ ထိုအားသာချက်တွေကပဲ ᴘʀᴏᴊᴇᴄᴛ ရဲ့လိုအပ်ချက်ကို ပြည့်မီစေဖို့ အဓိကကျပါတယ်။

'ᴏɴᴇ ꜱɪᴢᴇ ꜰɪᴛꜱ ᴀʟʟ' ဆိုတာ ɪᴛ ꜱᴏʟᴜᴛɪᴏɴꜱ မှာ မရှိပါဘူး။ ᴘʀᴏᴊᴇᴄᴛ ပေါ်မူတည်ပြီး ʟᴀɴɢᴜᴀɢᴇ ကို သေချာရွေးချယ်သုံးစွဲခြင်းဟာ ᴘʀᴏᴊᴇᴄᴛ ရဲ့ အောင်မြင်မှုနဲ့ စွမ်းဆောင်ရည် (ᴘᴇʀꜰᴏʀᴍᴀɴᴄᴇ) အတွက် အလွန်အရေးကြီးပါတယ်။

📌 𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐊𝐌 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 – အနာဂတ်ကို တည်ဆောက်ပေးမယ့် သင့်ရဲ့ 𝐓𝐞𝐜𝐡 𝐏𝐚𝐫𝐭𝐧𝐞𝐫!

#ᴘʀᴏɢʀᴀᴍᴍɪɴɢ #ɪᴛᴋɴᴏᴡʟᴇᴅɢᴇ #ʟᴇᴀʀɴᴄᴏᴅɪɴɢ #ɢᴏʟᴅᴇɴᴛᴋᴍ

Photos from Golden TKM Company Limited's post 20/07/2025

📌 Internship Students များ Project ပြီးမြောက်အောင်မြင်စေရန် အချက် ၅ ချက်

1️⃣ ရည်မှန်းချက်ကို သေချာနားလည်ပါ
➡️ Project ရဲ့ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ရန်တာဝန်များကို အသေးစိတ် နားလည်ပါ။
📍 ပရောဂျက်မစတင်ခင် ရည်မှန်းချက်ပြတ်သားမှုအရေးကြီးသည်။

2️⃣ စီမံကိန်းရေးဆွဲပါ
➡️ အလုပ်တွေကို အဆင့်လိုက် ခွဲခြားပြီး တစ်နေ့ချင်းသို့မဟုတ် တစ်ပတ်ချင်းစီ စီစဉ်ပါ။
📍 တာဝန်ယူကာ စနစ်တကျ၊ အချိန်မီ ပြီးမြောက်အောင် ကြိုးစားပါ။

3️⃣ ကိုယ်တိုင် သုတေသနလုပ်ပါ
➡️ Tools နှင့် နည်းပညာအသစ်များကို ကိုယ်တိုင် ရှာဖွေ၊ လေ့လာသင်ယူပါ။
📍 ခေတ်မီနည်းပညာများအတွက် ကိုယ်တိုင်လေ့လာမှု အရေးကြီးသည်။

4️⃣ ပြဿနာများကို ကိုယ်တိုင် ဖြေရှင်းကြိုးစားပါ
➡️ Bug များ၊ အခက်အခဲတွေ ကြုံရင် ကိုယ်တိုင် ရှာဖွေ၊ စဉ်းစားဖြေရှင်းရန် ကြိုးစားပါ။
📍 ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်အောင် လုပ်ဆောင်ပါ။

5️⃣ Mentor နှင့် Team နှင့်အတူ လုပ်ဆောင်ပါ
➡️ မဖြေရှင်းနိုင်ပါက Mentor သို့မဟုတ် အဖွဲ့နဲ့ ဆွေးနွေးပါ။
📍 Feedback များကို လက်ခံပြီး စီမံချက် တိုးတက်အောင် ပြုလုပ်ပါ။

🔥 အရေးကြီးဆုံး
စိတ်ဓာတ်မြင့်မားပြီး ကိုယ်တိုင်ကြိုးစားလုပ်ဆောင်မှု (Self-Motivation & Proactiveness) သည် Project အောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်ပါသည်။

Golden TKM Co. Ltd မှ သင်တန်းသားများအား ပံ့ပိုးမှု အဆင့်မြှင့်တင်နေဆဲဖြစ်ပြီး သင်တို့ရဲ့ Project များ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

13/07/2025

🌟 Oᴜʀ Sᴇʀᴠɪᴄᴇs ᴀᴛ ᴀ Gʟᴀɴᴄᴇ 🌟
Gᴏʟᴅᴇɴ TKM Cᴏ., Lᴛᴅ. မှ
💼 Pʀᴏғᴇssɪᴏɴᴀʟ IT Sᴏʟᴜᴛɪᴏɴs
🌐 Wᴇʙ & Mᴏʙɪʟᴇ Aᴘᴘ Dᴇᴠᴇʟᴏᴘᴍᴇɴᴛ
🎓 Iɴᴛᴇʀɴsʜɪᴘ Tʀᴀɪɴɪɴɢ Pʀᴏɢʀᴀᴍs
တို့ကို ယုံကြည်စိတ်ချစွာ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

✨ ကျွန်ုပ်တို့၏ အထူးပြုလုပ်ဆောင်ချက်များ –
✅ Lᴀʀᴀᴠᴇʟ, Pʏᴛʜᴏɴ, RᴇᴀᴄᴛJS တို့ဖြင့် Pʀᴏᴊᴇᴄᴛ တည်ဆောက်ခြင်း
✅ Pʀᴀᴄᴛɪᴄᴀʟ-Bᴀsᴇᴅ Iɴᴛᴇʀɴsʜɪᴘ Pʀᴏɢʀᴀᴍs (100% Hᴀɴᴅs-ᴏɴ)
✅ Cʟɪᴇɴᴛ’s Nᴇᴇᴅ အပေါ် မူတည်ပြီး Cᴜsᴛᴏᴍ Wᴇʙ & Mᴏʙɪʟᴇ Aᴘᴘʟɪᴄᴀᴛɪᴏɴs Dᴇᴠᴇʟᴏᴘ လုပ်ဆောင်ခြင်း

📩 မေးမြန်းလိုသည်များရှိပါက –
💬 Mᴇssᴇɴɢᴇʀ Iɴʙᴏx မှ တဆင့် ဆက်သွယ်နိုင်ပါသည်။
📍 Vɪsɪᴛ ᴜs: Golden TKM

🙌 လူငယ်အနေနဲ့ သင်တန်းတက်ချင်သူများ၊ စိတ်ဝင်စားသူများ –
အခုပဲ ဆက်သွယ်လိုက်ပါ။
သင့်အနာဂတ်အတွက် တစ်ခြားမရှိတဲ့ အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ်။

🔖

08/07/2025

˜”°•.˜”°• 🌼 ဝါဆိုလပြည့်နေ့ရုံးပိတ်ကြောင်း အသိပေးကြေညာခြင်း 🌼 •°”˜.•°”˜

Golden TKM Company Limited မှ ဝါဆိုလပြည့်နေ့ (ဗုဒ္ဓဟူး၊ ဇူလိုင်လ ၉ ရက်နေ့) အထိမ်းအမှတ်အဖြစ် ရုံးပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

လက်ရှိလုပ်ငန်းများအားလုံးကို မနက်ဖြန် (ဇူလိုင်လ ၁၀ ရက်) တွင် ပြန်လည်စတင်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

🙏 အေးချမ်းသာယာမှုဖြင့် ပြည့်စုံသော ဝါဆိုလပြည့်နေ့တစ်ရက် ဖြစ်ပါစေ။

#ဝါဆိုလပြည့်နေ့ #ရုံးပိတ်ကြေညာချက်

28/06/2025

📢 သင့်စီးပွားရေးအတွက် Professional Website တစ်ခု လိုနေပြီလား?

ကျွန်တော်တို့က သင့်အတွက် တစ်ဦးချင်းစီအား Website တည်ဆောက်ပေးနေပါတယ် –

🖥️ E-Commerce | 📄 Company Profile | 📅 Booking System | 🏘️ Real Estate | 🖼️ Portfolio …

✨ Features:
✅ သင့် Brand နဲ့ ကိုက်ညီတဲ့ မူရင်းဒီဇိုင်း
✅ Mobile + SEO Friendly
✅ အချိန်တိုအတွင်း တင်ဆက်ပေးခြင်း
✅ စျေးနှုန်းသင့်တင့် – Package အမျိုးမျိုး

100% Custom Design – for your business

💬 Page Messenger မှာ contact လုပ်ပါ – Golden TKM Co. Ltd. မှ အကြံဉာဏ်အခမဲ့ပေးမှာပါ။

📞 ဖုန်း – 09 785 129912, 09965129912
🌐 Website – goldentkm.com.mm
📌 အထူးအစီအစဉ် – July လ အတွင်းမှာ Website တင်သူများအတွက် Free Hosting ၃ လ 🎁

Golden TKM Co.,Ltd.
Consultation Free✅🆓


25/06/2025

😂 Project ဆွေးနွေးမှု
🧑‍💼 Requirement Analyst (Day 1):
"App လေးတစ်ခုလုပ်ချင်ပါတယ်…
အရမ်းလွယ်ပါတယ်ဗျာ… Login ပါပြီးတော့ User တွေအကြား Chat လုပ်လို့ရရမယ်။"

👨‍💻 Programmer:
"အေးပါတယ်… Login နဲ့ Chat module တင်ဆိုရင် ၁ ပတ်လောက်လိုမယ်။"

🧑‍💼 Day 3:
"ဒါနဲ့ Video Call ပါထည့်ပေးပါဦးနော်… တကယ်လွယ်တယ်ဗျ… Zoom လိုမျိုးပဲ။"
👨‍💻 (စိတ်ထဲ): "Zoom လား!? ငါက Mark Zuckerberg မဟုတ်ဘူး… ငါက code တွေကို ရေးသားတဲ့ Mark Code ပါ။😩"

🧑‍💼 Day 5:
"အဲ့ App ထဲမှာ AI စာရေးတဲ့ feature တစ်ခုပါထည့်လိုက်ပါဦး… ChatGPT လိုမျိုး…"

👨‍💻 (အော်တော်…)
"ဟုတ်ကဲ့… မနက်ဖြန် Elon Musk ဆီမှာ server တောင်းဖို့ သွားမယ်။"
🤣🤣🤣

22/06/2025

🛒 Retail Shop များအတွက် Auto Stock Alert System

📍 ပုံမှန် ဖြစ်တတ်တဲ့ ပြဿနာ
Grocery Shop, Fashion Store, Electronics Shop တို့မှာ...

Stock စာရင်းကို လက်ဖြင့်သာ မှတ်တမ်းတင်နေရတတ်တယ်

များသောအားဖြင့် ကုန်ပြီးမှမှတ်မိ — Customer တောင်းလာချိန်မှာပဲ “မရှိတော့ပါ” ဆိုရတတ်တယ်

ကုန်ပစ္စည်းပြန်မှာမှု (Reorder) ကို သုံးသပ်ဖို့ အချိန်များအသုံးပြုရသလို၊ ခန့်မှန်းမှုမှန်ကန်မှုနည်းတာကြောင့် အရောင်းအမြတ်အများဆုံးအချိန်မှာ မရောင်းနိုင်ဘဲ အခွင့်အလမ်းလက်လွတ်သွားတတ်ပါတယ်။

✅ AI နည်းပညာနဲ့ ဖြေရှင်းနည်း
AI algorithm တစ်ခုကို သုံးပြီး...

ရောင်းအားမှတ်တမ်း (Daily/Weekly Sales Data) ကို မျက်စိချနေစရာမလိုဘဲ

"Reorder Point" ကို အလိုအလျောက် ခန့်မှန်းပေးနိုင်ပါတယ်။

ဥပမာ:
Item A ဟာ နေ့စဉ် 10ခုစီရောင်းတတ်ပြီး လက်ကျန် 25ခုရှိတယ်ဆိုပါစို့ —
AI model က “3 ရက်အတွင်းကုန်မှာ ဖြစ်တယ်” လို့ ခန့်မှန်းနိုင်တယ်။

➡️ ထိုသတင်းအချက်အလက်ကို အလိုအလျောက် notification ပေးနိုင်ပါတယ် —
Store Owner ဖုန်းထဲကို
🔔 “Stock Alert: Item A has only 3 days left based on current sales trend.”

📌 ဒါဟာ လုပ်ငန်းသေးသေးတွေ (Small Businesses) အတွက်တောင် AI နည်းပညာကို အသုံးချပြီး စီးပွားရေးအကျိုးအမြတ် တိုးတက်လာစေနိုင်တဲ့ နမူနာကောင်းတစ်ခုဖြစ်ပါတယ်။

💡 Sales Data နဲ့ Reorder Point ခန့်မှန်းမှုတွေကို Smart Automation ဖြင့်စီမံခန့်ခွဲနိုင်တာကြောင့် —
✅ Stock-out ဖြစ်တာလျော့နည်းပြီး
✅ Reorder ပိုင်းမှာတိကျမှုရှိလာတဲ့အပြင်
✅ Customer များအတွက်လည်း အချိန်မီဝန်ဆောင်မှု ပေးနိုင်ပါတယ်။

🚀 Golden TKM Co. Ltd. သည် လုပ်ငန်းသမားများအတွက်

AI-based Inventory Alert Systems

Custom Software Solutions

Automation Consulting Service များကို လုပ်ဆောင်ပေးနေပါသည်။

✨ သင့်ရဲ့ စီးပွားရေးလေးကို Smart & Scalable ဖြစ်အောင်ဖန်တီးလိုတယ်ဆိုရင် —
Golden TKM ကို ယနေ့ဘဲ ဆက်သွယ်လိုက်ပါ။
📞 Pʜᴏɴᴇ – 09-785129912, 09-965129912
📲 Contact us Tᴏᴅᴀʏ 👉 [Mᴇssᴇɴɢᴇʀ ᴏʀ Cᴇʟʟᴜʟᴀʀ ᴄᴀʟʟ]
မေးမြန်းလိုပါက ɪɴʙᴏx ရှိပါတယ်နော်။

16/06/2025

“Client တောင်းတဲ့ System VS Developer တွေ ရင်ဆိုင်ရတဲ့ အမှန်တကယ်”
🤣 Client: “အရမ်းမရှုပ်ဘူးလေ။ Admin တွေအတွက် Login နဲ့ Report ပဲပါတဲ့ system လေးပါ
🧑‍💻 Developer: “Login မှာလည်း Auth, Reset Password, OTP, User Roles တို့ပါရမှာပါလား?”

လူတိုင်းက System ကို simple လို့ထင်ပေမယ့် –Dev တို့က အခြေခံကနေ အထိအပေါ်ထိ ရေးနေရတယ်။

Golden TKM မှ –
📌 System Analysis + UI/UX + Deployment
📌 Customer မေးတာကို တကယ်နားလည်ပြီးလုပ်ဆောင်တဲ့ Team
📌 Technical မှာလည်း ဟာသနဲ့လုပ်တာမျိုးမဟုတ်ဘူးနော် 😄

📞 09-965129912 | 📩 [email protected]

14/06/2025

🔶 Empowering Your Business with Smart Technology

Golden TKM Co., Ltd သည် နည်းပညာပိုင်းဆိုင်ရာ ဆော့ဖ်ဝဲလုပ်ငန်းများအတွက် စွမ်းအားမြင့်ဖြေရှင်းချက်များ၊ Creative & Smart Tech Ideas များဖြင့် ဖောက်သည်၏ လုပ်ငန်းများကို တိုးတက်အောင်မြင်စေဖို့ ရည်ရွယ်ပြီး စတင်ဖွဲ့စည်းထားသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

🛠 ဝန်ဆောင်မှုများ
✅ Web & Mobile App Development

✅ Custom Software Solutions

✅ IT Consulting & Technical Support

✅ Business Process Digitization

✅ Maintenance & System Upgrade Services

💡 ကျွန်ုပ်တို့၏အဓိကအားသာချက်များ
👩‍💻 ကျွမ်းကျင်သော Developer Team

🔄 Agile Development & Fast Delivery

🧩 Client-First Approach

🔐 Quality, Security & Scalability

🤝 ကျွန်ုပ်တို့၏ရည်မှန်းချက်
"အသစ်အသစ်သော နည်းပညာများဖြင့် လူမှုအကျိုးအမြတ်ရှိစေဖို့၊ ဖောက်သည်နှင့် ပူးပေါင်းပြီး ရေရှည်အောင်မြင်ရေးတစ်ခုကို တည်ဆောက်သွားခြင်း။"

Golden TKM Co., Ltd နှင့်အတူ သင်၏လုပ်ငန်းကို
Smart, Efficient & Future-Ready
ဖြစ်အောင် တိုးတက်အောင်မြင်စေလိုက်ပါ။
Consultation Free 🆓 ✅

03/06/2025

ယနေ့ခေတ် မှာ technology နဲ့ပတ်သတ်သော အခန်းကဏ္ဍများကို လူတိုင်း အသုံးပြုလာကြပါတယ် ဒါပေမဲ့ ထဲထဲ၀င်၀င် မသိသူက များကြတယ်။ လူငယ်တွေအနေနဲ့တော့ သိသင့်တယ် လို့ အကြံ ပြုချင်ပါတယ်..
ခုတခါ sharing လုပ်ပေးချင်တာလေးကတော့ ကျွန်တော်တို့နေစဉ်မြင်တွေ့နေရတဲ့ Link တွေ Websiteတွေ မှာ ပါတဲ့ W သုံးလုံးကဘာလဲ ဟိုးအရင်က ဘာလို့ထည့်သုံး ကြတာလဲ ခုနောက်ပိုင်းဘာကြောင့်ထည့်မသုံးတော့လဲ ဆိုတာကို မျှဝေချင်ပါတယ်

❓ WWW ကို အရင်အချိန်တွေမှာ ဘာကြောင့် သုံးကြတာလဲ?
1.Web Page တွေ ဖန်တီးဖို့အတွက် နည်းစနစ်အဖြစ်။
2.Data မျှဝေခြင်းကို လွယ်ကူအောင်။
3.HTML, HTTP စတဲ့ Web Standard တွေအတွက် Foundation ဖြစ်တယ်။
❗️ အခုတော့ ဘာကြောင့် www မသုံးတော့ကြတာလဲ?
ဒီနေ့ Web Server အများစုက www. ပါစေမပါစေ domain ကို ချိတ်ဆက်နိုင်အောင် DNS setup လုပ်ထားပါတယ်။
ဥပမာ -
✅ https://www.google.com
✅ https://google.com

နှစ်ခုလုံးက တူညီတဲ့ Website ဖြစ်ပါတယ်။
အချို့ Web Developers များကတော့—
➡️ domain ကို ချောမွေ့စေဖို့
➡️ URL ရှည်မဖြစ်အောင်
➡️ Mobile-Friendly ဖြစ်အောင်
ဆိုတဲ့အတွက် www မပါဘဲ URL တွေသုံးလာကြပါတယ်။

Tim Berners-Lee – Webလောကကိုဖန်တီးသူ
၁၉၈၀ ပြည့်လွန်နှစ်များဟာ နည်းပညာကမ္ဘာအတွက် မပြတ်မနား တိုးတက်လာတဲ့ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီကာလမှာပဲ လူသားတို့အသုံးပြုလာတဲ့ World Wide Web (WWW) ကို ပထမဦးဆုံးဖန်တီးခဲ့သူကတော့ ဗြိတိသျှနည်းပညာရှင် Tim Berners-Lee ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်တွင် CERN (European Organization for Nuclear Research) တွင် တာဝန်ထမ်းဆောင်စဉ်ကနေ၊
➡️ HTML (Web page structure),
➡️ HTTP (Web communication protocol),
➡️ URL (Web address)
တို့ကို တီထွင်ခဲ့ပြီး၊ ယနေ့အချိန်မှာ browser တစ်ခုဖွင့်တာနဲ့ ကျွန်ုပ်တို့တွေ့မြင်နေတဲ့ website တစ်ခုချင်းစီမှာ သူ့ရဲ့နည်းပညာတွေ ပါဝင်နေပါတယ်။

သမိုင်းထဲက တန်ဖိုးရှိတဲ့စကားတစ်ခု…
“The Web does not just connect machines, it connects people.”
👉 "Web ဟာ စက်တွေနဲ့ပဲမက၊ လူတွေအကြား ဆက်သွယ်မှု၊ နားလည်မှုကိုတိုးမြှင့်ပေးတယ်။"
ဒီစကားလေးထဲမှာ Tim Berners-Lee ရဲ့ မူလရည်ရွယ်ချက် – Webကို လူတိုင်းအသုံးပြုနိုင်ဖို့၊ မည်သူ့ကိုမှကန့်သတ်ခြင်းမရှိဘဲ အချက်အလက်မျှဝေခြင်း၊ သင်ယူခြင်း၊ ဆွေးနွေးခြင်း များအတွက် ကုန်ကျစရိတ်မရှိဘဲ စွမ်းဆောင်နိုင်စေချင်တယ် ဆိုတဲ့အကြောင်းအရာ ပါဝင်ပါတယ်။
သူသည် Web ကိုတီထွင်သူတစ်ဦးဖြစ်သော်လည်း၊ ၎င်းနည်းပညာကိုလည်း အခမဲ့ ဖြန့်ဝေခဲ့ပါတယ်။ ဒါဟာလည်း လူသားသမိုင်းမှာ အရေးကြီးဆုံးအထောက်အကူဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။

🔥 သင်လည်း နည်းပညာလောကထဲ ဝင်ချင်လား?
Tim Berners-Lee တို့လိုပဲ နည်းပညာနဲ့ Web တွေကို အသုံးချတတ်ဖို့လိုတယ်ဆိုရင်...
ကျွန်တော်တို့ Page မှာနည်းလမ်းရှိပါတယ်👇

📚 Coding & Web Dev Course ၄ခုကို အဆင့်လိုက် သင်ယူနိုင်ပါပြီ –
1️.HTML, CSS, Bootstrap – Website ပထမအဆင့်
2️.PHP – Server-side scripting
3️.ReactJS + Laravel – Frontend & Backend အပြည့်အဝ CRUD + Auth
4️.Java + J2EE (Servlet + JSP) – Professional-grade Web Development

👉 သင်တန်းတွေမှာ real projects နဲ့ လေ့ကျင့်ခွင့်ရှိပါတယ်
👉 ကျွန်တော်တို့ Golden TKM မှာနည်းပညာရေးသားချက်တွေ၊ coding tips တွေ၊ လေ့လာဖို့ website/app အကြံပြုချက်တွေလည်း ရပါတယ်။
✅ Page ကို Follow လုပ်ထား – တစ်ပတ်လျှင်နည်းပညာအသစ်တစ်ခုမှတ်သားနိုင်မယ်
✅ Friend တွေနဲ့ share လုပ်ပေး – သူတို့အတွက်လည်း အကျိုးရှိမှာဖြစ်ပါတယ်
✅ Message ထဲဝင်ပြီး Course info ဆက်မေးနိုင်ပါတယ်
နည်းပညာအတွက် စိတ်ဝင်စားမှုရှိတယ်ဆိုရင်… ကိုယ့်အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်နိုင်တာပါပဲ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 502 D2 Delta Plaza Shwegondine
Yangon
11201