05/04/2024
Take care of your health, our lovely Kids
ထိုင်နေရင်းတောင်ချွေးတွေတွဲကျတဲ့နွေရာသီ အပူလှိုင်းကပါဖြတ်တော့ မေမေတို့သားသားမီးမီးတို့တွက်အရမ်းစိတ်ပူနေကြရောပေါ့။ 😿
လူ့ခန္ဓာကိုယ်ဆိုတာ အပူအအေးမျှတဖို့လိုအပ်ပါတယ်။ အထူးသဖြင့်ခံနိုင်ရည်အားနဲ့နည်းတဲ့အရွယ်
တွေဖြစ်တဲ့ကျွန်မတို့ကလေးလေးတွေနဲ့သက်ကြီးရွယ်အိုတွေမှာပေါ့။
ဒါကိုစိတ်ပူနေကြတဲ့မေမေတွေတွက် " နွေပူပူမှာဘေဘီတွေကို ဘယ်လိုဂရုစိုက်ရမလဲ " ဆိုတာကိုမျှ
ဝေပေးလိုက်ပါတယ်။✨
(1) ရေများများသောက်ပါ။💧
အရေးကြီးဆုံးအချက်ပါပဲ။ ကျောင်းမှာဆိုလည်း ဆရာ/မတွေကရေသောက်ဖို့သတိပေးရမှာဖြစ်သလိုအိမ်မှာဆိုလည်းမေမေတွေကသတိပေးဖို့မမေ့ပါနဲ့နော်။ ❗ချွေးထွက်လွန်ပြီးလိုအပ်တဲ့အခါ ဓါတ်ဆားကိုပါတိုက်ပေးနော်။ ❗
(2) သက်သောင့်သက်သာဝတ်စားစေပါ။ 👗
ချည်ထည်ပွပွယောင်းယောင်းလေးတွေဝတ်ပါ။
အရမ်းကြပ်လွန်းလို့အင်္ကျီတွေဝတ်ခြင်းရှောင်ရှားပါ။ နေရောင်ခြည်က Reflection နိုင်အောင် အရောင်ဖျော့ဖျော့လေးများရွေးချယ်ပါ။
(3) Outdoor Activities တွေတွက်အချိန်ကိုစဉ်းစားပါ။ 🤸🏻♀️
စက်ဘီးစီးတာ၊ဘောလုံးကန်တာ ဒါမျိုးတွေကို မနက်စောစော ဒါမှမဟုတ် ညနေခင်းမှသာပေးလုပ်ပါ။ ❗လိုအပ်လို့နေ့ခင်းဘက်အပြင်ထွက်ရင်အင်္ကျီလက်ရှည်၊ထီး၊ဦးထုပ်များမဖြစ်မနေသုံးပါ။ ❗အခုရာသီမှာအရမ်းချွေးထွက်စေမှာမျိုးကိုလည်းပေးမလုပ်ပါနဲ့။ ကိုယ့်လက်လှုပ်ရှားကိုလည်းမလစ်လင်းချင်ရင် အိမ်ထဲမှာပဲ Kids Yoga လေးလုပ်ပါ။
https://www.facebook.com/share/p/R7wGpmjzGn1T7YH5/?mibextid=oFDknk
(4) Suncreams သုံးပါ။ ☀️
SPF 30 or higher ဖြစ်တဲ့ Suncream ကိုသုံးပေးပါ
နော်။ မြန်မာ့ရိုးရာအရဆိုရင်တော့သနပ်ခါးပေါ့။
(5) ကလေးနှင့်ပတ်ဝန်းကျင် အေးနေဖို့ဂရုစိုက်ပါ။
ပြတင်းပေါက်ဖွင့်ထားတာမျိုး or Cooling Products တစ်ခုခုသုံးတာမျိုး( air con / ပန်ကာ )
ဒါမျိုးလုပ်ပေးပါနော်။ နောက်ဆုံးအနေနဲ့ယပ်တောင်ယပ်ခတ်ပြီး အပူဒါဏ်ကိုကာကွယ်ပါ။
(6) ရပ်ထားတဲ့ကားထဲကလေးတွေတယောက်တည်းမထားခဲ့ပါနော်။ 🚗
နွေရာသီမှာအဖြစ်အများဆုံးကိစ္စပါပဲ။ အပူချိန်လှောင်ပြီးမြင့်တက်ခြင်းက အပူလျှပ်ခြင်းအပြင်ကံမကောင်းရင်သေဆုံးခြင်းအထိဖြစ်နိုင်တာမို့ပါ။
(7) Health Knowledge လေ့လာမေးမြန်းထားပါ
အပူနဲ့ဆက်စပ်ပြီး အပူလျှပ်တာ၊ဖျားတာ၊ချွေးထွက်လွန်တာ၊မူးဝေတာ ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုတွေကြုံတွေရရင်ဘယ်လိုလုပ်ရလဲဆိုတာကို လေ့လာထားပါ။❗❗
ဒါဆို ဖေဖေမေမေတို့ဘေဘီလေးတွေကို ဒီနွေရာသီမှာ ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာကို သိသွားကြမယ်။ သတိထားမိသွားမယ်ထင်ပါတယ်။
တခြားသိချင်တာတွေရှိသေးရင် comment မှာမန့်ရင်း အတွေ့အကြုံချင်းဖလှယ်ရအောင်လားရှင့်။✨✨
Address - No.(844/A), Aung San Station Road, Sint Gue Quarter, Insein Township, Yangon.
Contact Ph: 09-421064854, 09988751377