28/06/2023
TOPIK ဆိုတာ ဘာလဲ ?
TOPIKဆိုတာကတော့ကိုရီးယားနိုင်ငံသားမဟုတ်တဲ့သူတွေ၊နိုင်ငံခြားမှာနေတဲ့ကိုရီးယားလူမျိုးတွေအတွက်ကိုရီးယားဘာသာစကားစွမ်းရည်ကိုအကဲဖြတ်၊အရည်အချင်းစစ်စာမေးပွဲတစ်ခုဖြစ်ပါတယ်။
TOPIK ရဲ့ အဓိပါယ်အပြည့်အစုံက Test Of Proficiency In Korean ဖြစ်ပြီး၊ TOPIK လို့အလွယ်တကူခေါ်ကြပါတယ်။
TOPIK မှာ Level အားဖြင့် Basic, Intermediate & Advanced ဆိုပြီး level ၃ မျိုးခွဲခြားထားပြီး၊ Grade အားဖြင့် 1 to 6 အထိသတ်မှတ်ထားပါတယ်။
ကဲဒါဆို TOPIK ရဲ့အကြောင်းကိုအောက်မှာနည်းနည်းလေးဆက်ပြီးလေ့လာလိုက်ရအောင်နော်
TOPIK ကို ပညာရေး၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့လက်အောက်မှာလည်ပတ်လျက်ရှိတဲ့
NIIED လို့ခေါ်တဲ့ National Institute for International Education မှကြီးကြပ်စီမံခန့်ခွဲပြီး စစ်ဆေးတာဖြစ်ပါတယ်။
၁၉၉၇ခုနှစ်မှာစတင်ပေါ်ပေါက်ခဲ့ပြီး ၂၂၇၄ ယောက်ကျော်ထိဖြေဆိုသူရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာတော့ဖြေဆိုသူဦးရေပေါင်း ၃သိန်း ၇သောင်းကျော်ထိရှိခဲ့ပါတယ်။
စာမေးပွဲပုံစံအနေအားဖြင့် TOPIK I & TOPIK II ဆိုပြီးသတ်မှတ်ထားပါတယ်
“TOPIK I” ကို ဖြေဆိုရန်အတွက် 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 နဲ့ 𝐑𝐞𝐚𝐝𝐢𝐧𝐠 သာ ဖြေဆိုရတာဖြစ်ပြီး ဖြေဆိုချိန်စုစုပေါင်း မိနစ် ၁၀၀ ကြာမြင့်မှာ ဖြစ်ပါတယ်။ အမှတ် 200 မှာ Total marks 80 အထက်ဆို level 1 , 140 အထက်ဆို level 2 ကို အောင်မြင်မှာ ဖြစ်ပါတယ်။
“TOPIK II” မှာဖြေဆိုဖို့အတွက် ပထမပိုင်းမှာ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐚𝐧𝐝 𝐖𝐫𝐢𝐭𝐢𝐧𝐠 ကို ဖြေဆိုရမှာဖြစ်ပြီး မိနစ် 20 နားပြီးနောက် ဒုတိယပိုင်း 𝐑𝐞𝐚𝐝𝐢𝐧𝐠 ကို ဆက်လက်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဖြေဆိုချိန်ကတော့ စုစုပေါင်း 3နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။ TOPIK II ကတော့ Total အမှတ် 300 ဖြစ်ပြီး အမှတ် 120 အထက်ဆို level 3, အမှတ် 150 အထက်ဆို level 4, အမှတ် 190 အထက်ဆို level 5, 230မှတ်နဲ့ အထက်ဆိုရင်တော့ level 6 ကို အောင်မြင်မှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် 𝐓𝐎𝐏𝐈𝐊 𝐈ကို မနက်ပိုင်းမှာ ဖြေဆိုရပြီး 𝐓𝐎𝐏𝐈𝐊 𝐈𝐈ကိုတော့ ညနေပိုင်းမှာ ဖြေဆိုရတတ်ပါတယ်။
TOPIK စာမေးပွဲဖြေဆိုသူတွေအနေနဲ့ TOPIK ll အောင်လက်မှတ်ရှိရုံဖြင့် Language Program (D4) ကိုတက်စရာမလိုတော့ပဲ Major ကိုတန်း joinလို့ရနိုင်မှာဖြစ်ပါတယ်။ ထို့အပြင်ကိုရီးယားဘာသာစကားနဲ့ အသက်မွေးဝမ်းကြောင်းပြုချင်သူတွေ အတွက်လဲ TOPIK II Certificate ရှိထားတဲ့အတွက် စာပြန်သင်လို့ ရတဲ့အခွင့်အရေးတွေရနိုင်မှာဖြစ်ပါတယ်။ ကိုရီးယားသံရုံးမှာ အလုပ်ဝင်လုပ်ချင်သူတွေအတွက်လည်း TOPIK Certificate က အထောက်အကူတစ်ခုလည်းဖြစ်ပါတယ် ။
ကဲ ဒါ ဆို TOPIK စာမေးပွဲအချိန်စာရင်း ကကော ဘယ်အချိန်တွေလဲ ???
TOPIK စာမေးပွဲကို ကိုရီးယားနိုင်ငံမှာ January, May & November လတွေမှာ တစ်ကြိမ်စီ ကျင်းပလေ့ရှိပါတယ်။
ကိုရီးယားနိုင်ငံအပါအဝင်တခြားသောနိုင်ငံတွေမှာတော့ April, July & October လတွေမှာ ကျင်းပလေ့ရှိကြပါတယ်။
မြန်မာနိုင်ငံမှာတော့ October တစ်လထဲသာကျင်းပပေးပါတယ် ။
‼️𝐓𝐎𝐏𝐈𝐊 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐚𝐧𝐝 𝐕𝐚𝐥𝐢𝐝 𝐃𝐚𝐭𝐞 ‼️
✅ 𝐑𝐞𝐬𝐮𝐥𝐭 သိရပြီဆိုရင်တော့ ကိုယ်တိုင် 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ထုတ်နိုင်ပြီး ဒီ 𝐫𝐞𝐬𝐮𝐥𝐭 ရဲ့သက်တမ်းကတော့(𝟐)နှစ်သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
‼️ 𝐓𝐎𝐏𝐈𝐊 𝐄𝐱𝐚𝐦 𝐑𝐞𝐬𝐮𝐥𝐭 ‼️
✅ 𝐓𝐎𝐏𝐈𝐊 𝐫𝐞𝐬𝐮𝐥𝐭 ကတော့ 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 လကုန်လောက်မှာ ထွက်လေ့ရှိပြီး www.topik.go.kr မှာ မိမိရဲ့ ခုံနံပါတ် ဖြေဆိုခဲ့တဲ့ခုနှစ် မွေးသက္ကရာဇ် တို့ကို ရိုက်ထည့်ပြီး ကြည့်နိုင်ပါတယ်။
ကဲ...... ဒီလောက်ဆိုရင် TOPIK နဲ့ပတ်သက်ပြီးသိသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ပြီး IKE PREMIUM SCHOOL ကနေ TOPIK I နဲ့ II စာမေးပွဲကိုအတွက် Exam Preparation Class လေးတွေကိုသင်တန်းကြေး အသက်သာဆုံးနဲ့တက်ရောက်နိုင်စေဖို့ဖွင့်လှစ်တော့မှာဖြစ်လို့ မျက်ခြေမပြတ်သွားအောင် Page ကို see first ထားပြီး စောင့်ကြည့်ပေးဖို့သတင်းကောင်းလေးပါးပါရစေရှင်
IKE ကသင့်ဘာသာစကားတိုးတက်မှုကိုနောက်တစ်ဆင့်ရောက်အောင်ကူညီပေးနိုင်ပါတယ်…..