The Green Fashion & Design School

The Green Fashion & Design School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Green Fashion & Design School, School, Yangon.

28/03/2023

ဘယ်စက်ပြင်မှ မချပြတဲ့ပြင်နည်းတွေကို ဆရာစားမချန် ရှင်းပြပေးထားပါတယ်။ဥာဏ်ရှိသလို အသုံးပြုပါ။
_______________________________________________
အပ်ချူပ်စက် မှန်သမျှ ချည်ကျော်တဲ့အခါ
ပိတ်စအပါးမှာ ချည်ကျော်ရင် အပ်အတိုင် ချပေးရတယ်။
ပိတ်စအထူမှာ ချည်ကျော်ရင် အပ်အတိုင်ကို ရွေ့ရုံလောက် ပြန်တင်ပေးရပါတယ်။

အထည်ချူပ်စက် မှန်သမျှသည်
ပိတ်စအောက်ဘက်က ချည်ချုပ်ရိုး တင်းနေ/လျော့နေရင် အပေါ်ချည်အလျော့အတင်းကို အတင်း/အလျော့လုပ်ပေးရပါတယ်။
ပိတ်စ အပေါ်ဘက်က ချည်ချုပ်ရိုး တင်းနေ/လျော့နေရင် အောက်ချည်အလျော့အတင်းကို အတင်း/အလျော့
လုပ်ပေးရပါတယ်။

ချည်အလျော့အတင်း မှန်သမျှက တင်းသလောက်/လျော့သလောက် မတင်း/မလျော့ဘဲ ဖြစ်နေလျှင်
၄င်းတန်းရှင်းအုံကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်ပါ။
သူ့မှာပါတဲ့ စပရိန်ကို အနည်းငယ် ဆွဲဆန့်ပါ။
ပြီးလျှင် ဖြုတ်တဲ့အတိုင်း ပြန်တတ်ပြီး ချည်မလှမချင်း
တင်းတင်း/လျော့လျော့ ချုပ်ပေးရပါတယ်။

စက်ချုပ်တဲ့အခါ ဘိဆွဲတယ်ဆိုတာ ဘိဖိအားများလို့ပါ။စက်တိုင်းလိုလို ဘိအတိုင်ရဲ့ထိပ်မှာ ပုံစံမတူတဲ့
ဘိဖိအား အလျော့အတင်းလေး ပါတတ်ကြပါတယ်။
ဘိဖိအားကို အလျော့အတင်းလုပ်ကြတဲ့အခါမှာ
ဘယ်လက်က ဘိကို မ,မကြည့်ပြီး
ညာလက်က အလျော့အတင်း လိုသလောက်
လုပ်ပေးရပါတယ်။

တချိူ့တွေ ခေါင်းစဉ်တပ်ထားတဲ့ စက်ချုပ်ရင် ဘိဆွဲသလိုဖြစ်တယ်ဆိုတာ တကယ်တော့ ဘိရဲ့သက်ရောက်မှုက သိပ်မများပါဘူး။ခွေးသွားစိပ်ကသာ အထည်ကို ရှေ့နောက် တွန်းပို့ပေးတာဖြစ်လို့
ချုပ်ရိုး တဖြောင့်တည်း မသွားခြင်း၊
ပိတ်စက တွန့်သွားခြင်း လိပ်သွားခြင်း၊
အထည်ကို ဆွဲဖြဲနေသလိုဖြစ်ခြင်း၊
ပိတ်စအရှေ့မသွားဘဲ တနေရာတည်းပဲ ပေါက်နေခြင်း၊
အစရှိတဲ့ သွားလာမှုကို ဖီလာကန့်လန့်ဖြစ်အောင်
လုပ်နေတာဟာ ခွေးသွားစိပ် အဆွဲမမှန်ခြင်းနဲ့
ခွေးသွားစိပ် အနိမ့်/အမြင့် မညီညာခြင်းကြောင့်ပါ။

ချည်အလျော့အတင်း ဘယ်လောက်ပဲ တင်းတင်း/လျော့လျော့ အပေါ်ချည်/အောက်ချည် တခုခု
သီးမြဲ သီးနေလျှင်၊ပိတ်စက စက်နင်းတာမှန်ပြီး အရှေ့မသွားဘဲအနောက်ပြန်သွားနေတာဆိုလျှင်၊
ချည်သီးလျှင် ဆန်းထရစ်လိုက်နည်းဆိုပြီး တင်ပေးထားတာ ရှိပါတယ်။အဲ့ဒီလုပ်နည်းက အပေါ်မှာ ဖြစ်တဲ့
အရာတွေကို အကုန်ကုစားပေးပါတယ်။

စက်ပြင်နည်းတွေကို စာတွေ့ကော/လက်တွေ့ကော ဘယ်လောက်ပဲတင်ထား တင်ထား ဒီဂရုထဲကို ဝင်ထားပေမည့် တကယ်စက်ပျက်ပြီဟေ့ဆို
ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြရပါတယ်။
အဲ့ဒီလိုမဖြစ်ရအောင် ကိုယ့်အတွက် အသုံးဝင်မည့်
လုပ်နည်းတွေကို ကိုယ့်ဖုန်းထဲမှာ လိုက်မရှာရအောင် Saveထားကြပါ။ပျက်မှ ဂရုထဲပြန်ရှာကြည့်ရင် အချိန်တွေကုန်ပါတယ်နော်။

Credit to ZinMinHtay.

Photos from The Green Fashion & Design School's post 19/11/2021

Branded အဝတ်စားများနှင့် တချို့ အဝတ်စားတွေ ပါလေ့ရှိတဲ့ လျှော်ဖွတ်နည်း သင်္ကေတများ

လျှော်ဖွတ်တဲ့အခါ အဝတ်စားတိုင်း ထုတ်လုပ်ပုံ ထုတ်လုပ်တဲ့ပုံစံ ၊ အသား တွေ မတူတာကြောင့် လျှော်ဖွတ်တဲ့နည်းတွေလဲ မတူကြပါဘူး။

တချို့က ရေထိလို့မရဘူး၊ တချို့က မီးပူတိုက်လို့မရဘူး စသဖြင့် အမျိုးမျိုးရှိပါတယ်။

ထို့ကြောင့် လျှော်ဖွတ်တဲ့အခါ မပျက်စီးပဲ နည်းစနစ်မှန်မှန် လျှော်ဖွတ်လို့ရအောင် တင်ပေးလိုက်ပါတယ်။

အဲ့ဒီ Label Tags များကို အဝတ်စားအတွင်းပိုင်းမှာ ရှာလို့ရပါတယ်။

Brand အဝတ်စားများမပျက်စီးအောင်လျှော်ဖွတ်နည်း - https://www.facebook.com/101215301797029/posts/332682245316999/?d=n

Credit - VIZUAL

Pocket Money 31/10/2020

ကဲ... pocket money ပေးပြီ

ဘယ်သူရသွားလဲပြောပြပေးပါနော်။

Pageကို Likeလုပ်၊ Shareထားပေမယ့် pocket moneyမရလိုက်တဲ့သူတွေ Ss ပြပေးပါရှင်.
၃ယောက်ကိုရွေးပြီး ph billထည့်ပေးပါမယ်
အခု ဒီ postအောက်မှာ မန့်တဲ့သူတွေပဲနော်🍀

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

31/10/2020

ဒီည ၁၂ နာရီကျရင် KpayကနေPocket moneyပေးမယ်နော်။
Shareပြီး ကံစမ်းပေးကြပါအုံး။

Shareထားပေမယ့် Pocket money မရလိုက်တဲ့လူတွေထဲကနေလည်းရွေးပြီး ၃ယောက်ကို Ph billထည့်ပေးမယ်နော်

ခဏနေတွေ့ကြမယ်

Photos from The Green Fashion & Design School's post 15/10/2020

အင်္ကျီဒီဇိုင်းတွေစဥ်းစားတဲ့အခါ လည်ပင်းလေးတွေကိုပုံစံစုံ၊မျိုးစုံထည့်သုံးလို့ရအောင် စုစည်းပေးထားပါတယ်။
လည်ပင်းပုံစံတွေကိုတော့ အဝိုင်း၊လေးထောင့်၊V shapeနဲ့ ဇလားပုံစံတွေပေါ်မှာအခြေခံပြီး ဆွဲထားတာပါ။
အသုံးဝင်မယ်ထင်ပါတယ်🍀🍀🍀

08/10/2020

ဓားစက်လိုက်တဲ့အခါ ထောင့်ချိုးနေရာလေးတွေကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ဘယ်လိုလိုက်ကြမလဲ???

အသေးအဖွဲလေးပေမယ့်အသုံးဝင်တာမို့

videoလေးကိုသေချာကြည့်လိုက်နော်



crd-original uploader

Photos from The Green Fashion & Design School's post 20/09/2020

ထဘီဒေါက်ဆွဲနည်းအမျိုးမျိုးကို အားလုံးလေ့လာလို့ရအောင်တင်ပေးလိုက်ပါတယ် 🍀🍀🍀🍀🍀

Photos from The Green Fashion & Design School's post 23/07/2020

ဒီနေ့တော့ စက်ချုပ်ပစ္စည်းထိန်းသိမ်းနည်းလေးတွေက,စလို့ တိုတိုထွာထွာဆောင်ရန်ရှောင်ရန်လေးတွေ ရေးပေးထားပါတယ်။

ရှုပ်ယှက်ခတ်နေတဲ့စက်ချုပ်ခန်းကြီးကို စွန့်ပြီး
စနစ်ကျတဲ့အလုပ်နေရာလေးဖြစ်ဖို့ သိမ်းတတ်ဆည်းတတ်ဖို့လိုပါတယ်။
အန္တရာယ်ကင်းဖို့၊သန့်ရှင်းဖို့၊စနစ်ကျဖို့ကလည်းအရေးကြီးတယ်။

ပြီးစလွယ်ထားတဲ့အကျင့်ကိုပြင်ကြပါ။

သန့်ရှင်းရေးလုပ်ရမှာကိုလုံးဝမပျင်းကြပါနဲ့နော်။

ဒါတွေကလည်း အခြေခံထဲမှာပါပါတယ်။

လိုက်လုပ်မယ်ဆိုရင် အခုလိုအခြေခံတွေကစလို့တဆင့်ပြီးတဆင့်သင်ပေးမယ်နော်။

တခြားရော ဘာတွေသင်ပေးရမလဲ
ဘာတွေသိချင်ကြသေးလဲ..ပြောခဲ့ကြပါအုံး။

With Love,
Sane Lann🍀

19/07/2020

ဒီနေ့မှာတော့ အထည်လှလှလေးတွေထွက်လာဖို့အဓိကစွမ်းဆောင်ပေးနေတဲ့ အပ်ချုပ်စက်လေးတွေကို သန့်ရှင်းနည်း၊ထိန်းသိမ်းနည်းလေးတွေ မျှဝေပေးပါ့မယ်။ဒါပေမဲ့ ကျွန်မဟာ စက်တွေကိုပြုပြင်တပ်ဆင်ထိန်းသိမ်းရာမှာကျွမ်းကျင်တဲ့အတတ်ပညာရှင်တစ်ယောက်မဟုတ်ဘဲ ကိုယ်လေ့လာထားတာတွေကို ကိုယ်သိသလောက် မျှဝေပေးခြင်းသာဖြစ်တယ်ဆိုတာကို အရင်ဆုံးပြောပါရစေ။မှားနေတာ၊လိုအပ်တာရှိရင်ထောက်ပြအကြံပေးနိုင်ပါတယ်ရှင်။

ကျွန်မတို့နေ့စဥ်အသုံးပြုနေတဲ့စက်လေးတွေကလည်း အချိန်ကြာလာတာနဲ့အမျှချို့ယွင်းချက်တွေရှိလာနိုင်ပါတယ်...ဒါကြောင့်ကြာရှည်အသုံးပြုနိုင်ဖို့နဲ့သူတို့ရဲ့ကျန်းမာရေးအတွက် လိုအပ်တဲ့ထိန်းသိမ်းမှုတွေပြုလုပ်ကြဖို့မမေ့ပါနဲ့နော်။

(Video fileမှာ ရိုးရိုးစက်ရော၊မော်တာစက်ရော သန့်ရှင်းနည်းတင်ပေးထားပါတယ်..ဘာစက်ကိုသုံးသုံး ဗီဒီယိုဖိုင်၂ခုလုံးကိုကြည့်ပေးဖို့တိုက်တွန်းပါရစေ)

ပထမဆုံး စက်သန့်ရှင်းရေးလေးလုပ်ကြရအောင်.... စက်တွေကိုအသုံးပြုပေမယ့် သန့်ရှင်းရေးလုပ်ကြတာတော့ အရမ်းနည်းပါတယ်...

📌စက်လေးတွေကို သန့်ရှင်းဖို့ တစ်လကိုတစ်ကြိမ်လောက်လိုအပ်ပါတယ်။

📌စက်သန့်ရှင်းရေးလုပ်ဖို့ ဘာတွေလိုမလဲ။
၁။စက်ဆီ
၂။အဝတ်သန့်သန့်တစ်ထည်
၃။သွားပွတ်တံတစ်ခု(သို့)ဘရပ်ရှ်တစ်ခု
၄။ဝက်အူလှည့်တစ်ချောင်း
၅။ဇာဂနာ
ဒီပစ္စည်းတွေက လူတိုင်းတတ်နိုင်ပါတယ်။

📌ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ(ကျွန်မ video fileတွေတင်ပေးထားပါတယ်) ဗီဒီယိုfileကိုဖွင့်ဖို့ အခက်အခဲရှိနိုင်သူတွေအတွက် အကြမ်းဖျင်းသဘောစာလေးရေးပေးပါမယ်။

၁။စက်တွေကိုသန့်ရှင်းရေးမလုပ်ခင် အပ်ကိုဖြုတ်ပါ။မော်တာစက်ဆိုရင် ပလပ်လည်းဖြုတ်ပါ။လွန်းအိမ်နဲ့လွန်းဆံကိုထုတ်ထားပါ။

၂။အောက်မှာရေးထားတဲ့စက်ပစ္စည်းအစိတ်အပိုင်းများထဲမှာဝင်ရောက်နေတဲ့ အဝတ်အတိုအစ၊ဖုန်မှုန့်၊ချည်မျှင်အမှုန်အမွှားများကို ဇာဂနာဖြင့်ဆွဲထုတ်ဖယ်ရှားပြီး သွားပွတ်တံနဲ့ဆေးပါ။စက်ဆီဆွတ်ထားတဲ့အဝတ်စနဲ့ထပ်မံပွတ်တိုက်ပြီးသန့်ရှင်းရေးလုပ်ပေးပါ။

✅ ခွေးသွားစက်
✅ လွန်းအိမ်၊လွန်းဆံ
✅ ဇီးကွက်အိမ်နဲ့ဘေးပတ်လည်
✅ အပ်၊အပ်တိုင်နဲ့ဘေးပတ်လည်
(တပတ်အတွင်းလဲထားတဲ့အပ်မဟုတ်ရင် အပ်ကိုလည်းအသစ်ထပ်လဲပေးပါ)
✅စက်အောက်ပိုင်းနဲ့လွန်း
✅ ချည်သွားရာ လမ်းကြောင်းတလျှောက်
✅ စက်ရဲ့ဘီး၊ခြေနင်း၊စက်ကြိုးသွားရာလမ်းတလျောက်...........တို့ကိုတဆင့်ချင်းသန့်ရှင်းရေးလုပ်ပါ။

📌သန့်ရှင်းရေးလုပ်ပြီးရင် စက်ဆီကိုလိုအပ်တဲ့ပမာဏပဲထည့်ပေးပါ။စက်ဆီကိုအများကြီးမထည့်ပါနဲ့။စက်ဆီဟာနေ့တိုင်းထည့်ဖို့မလိုအပ်ပါဘူး..တစ်ပတ်ကိုတစ်ကြိမ်လောက်ထည့်ပေးနိုင်ရင်ရပါပြီ။

🚧သတိပေးချင်တာတစ်ခုက စက်ကနေဖြုတ်ထားတဲ့ဝက်အူ၊အပ်၊လွန်းဆံ၊လွန်းအိမ်စတဲ့စက်ရဲ့အစိတ်အပိုင်းတွေကို မပျောက်ရှအောင်၊တခြားပစ္စည်းများနဲ့မရောအောင် ခွက်တစ်ခုထဲမှာပဲသေချာထည့်ပေးပါ။ဒါမှသာ ပြန်လည်တပ်ဆင်တဲ့အခါပစ္စည်များက အဆင်သင့်ဖြစ်နေမှာပါ။

****************************************************

သန့်ရှင်းနည်းပြီးတော့စက်ကိုဘယ်လိုထိန်းသိမ်းကြမလဲ။ဆောင်ရန်ရှောင်ရန်လေးတွေကိုကြည့်ရအောင်။

✅စက်ရဲ့အတွင်းပိုင်းကိုသန့်ရှင်းရေးလုပ်သလို အပြင်ဘက်ကိုလည်းအသုံးပြုပြီးတိုင်း သန့်ရှင်းပါ။
✅စက်ကိုအပူအအေးမျှတတဲ့နေရာမှာထားပါ။
✅ပြန့်ပြူးတဲ့မျက်နှာပြင်၊ချောမွေ့ညီညာတဲ့မျက်နှာပြင်ပေါ်မှာပဲစက်ကိုထားပါ။
✅စက်သံကိုလည်းအမြဲနားထောင်ပါ။ပုံမှန်မဟုတ်ခဲ့ရင်ချက်ချင်းပြုပြင်ပေးပါ။
✅စက်ကြိုးတွေတင်းဖို့လိုအပ်လာရင် စနစ်တကျတင်းပေးပါ။လိုအပ်သလောက်ပဲတင်းပါ..​စက်ကြိုးတင်းလွန်းရင်လည်းစက်လေးပါတယ်။ကြိုးသွားရာလမ်းတလျှောက်မှာလည်းဖုန့်မှုန့်နဲ့အဝတ်စ၊ချည်စများဝင်ရောက်နိုင်တဲ့အတွက် အမြဲသန့်ရှင်းရေးလုပ်ပါ။
✅အပ်ကို အပ်တိုင်ထိပ်ဆုံးထိသွင်းပြီးမှသာကြပ်ပါ။
✅စက်ကိုဆီထည့်ပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ အဝတ်စပေါ်မှာချည်ထွက်လှ၊မလှစမ်းချုပ်ရင်း အပ်တလျှောက်ကျလာမယ့်ဆီယိုစိမ့်ခြင်းကိုထိန်းပေးပါ။

❌စက်ကိုနေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့နေတဲ့နေရာမှာမထားပါနဲ့။
❌အပ်ကိုတပ်ထားပြီး အဝတ်မပါဘဲစက်နင်းတာမျိုးမလုပ်ပါနဲ့။
❌အဝတ်အထည်တွေကိုချုပ်ရင် ဇွတ်အတင်းဆွဲချုပ်တာမျိုးမလုပ်ပါနဲ့။
❌စက်ကိုနောက်ပြန်လည်အောင်မနင်းပါနဲ့။
❌စက်ချုပ်ပြီးတဲ့အခါ အဝတ်စခံမထားဘဲ ဘိကိုချမထားခဲ့ပါနဲ့။
❌စက်ဆီကို မလိုအပ်တဲ့နေရာတွေမှာမထည့်ပါနဲ့။ပမာဏအများကြီးမထည့်ပါနဲ့။
❌စက်ရဲ့အစိတ်အပိုင်းတွေကို မလိုအပ်ဘဲ အတင်အချလုပ်ခြင်း၊လှည့်ခြင်း၊ဆော့ကစားခြင်းများမပြုလုပ်ပါနဲ့။
❌မကိုက်ညီတဲ့လွန်းအိမ်များ၊အပ်များသုံးခြင်း ကိုရှောင်ပါ။
❌ဘိအပိုတွေကိုလည်း အသုံးပြုပြီးတဲ့အခါတိုင်းမှာ
အလွယ်တကူတင်ထားခြင်းမျိုးမလုပ်ပါနဲ့။သေချာစွာသိမ်းဆည်းပါ။
❌ကြာရှည်ခံဖို့အတွက် အမျိုးအစားညံ့တဲ့အပိုပစ္စည်းတွေကိုမသုံးပါနဲ့။
❌စက်နဲ့စက်မှာအသုံးပြုမယ့်ပစ္စည်းတွေကို
ရေထိနိုင်တဲ့၊ရေမှုန်ရေစက်တို့ထိစင်နိုင်တဲ့နေရာမှာမထားပါနဲ့။သံချေးတက်တတ်ပါတယ်။

With Love,
Sane Lann 🍀

💚အထက်ပါစာမှအချက်အလက်အကြောင်းအရာများသည် ကျွန်မကိုယ်တိုင်ရေးသားထားသောအကြောင်းအရာများဖြစ်ပါတယ်။ကျွန်မရဲ့Pageမှတဆင့် စိတ်ကြိုက် shareနိုင်ပါတယ်..သို့သော်လည်း Credit မပေးဘဲ ပြန်လည်copyယူခြင်း၊မိမိ wallများ၊pageများတွင်တဆင့်တင်ခြင်းတို့ မပြုလုပ်ကြဖို့မေတ္တာရပ်ခံသတိပေးလိုပါတယ်။

💚Video fileတွေကတော့ ကျွန်မရဲ့ကိုယ်ပိုင်မဟုတ်ပါဘူး။​Youtubeကနေ ကျွန်မတို့လက်ရှိအသုံးအများဆုံးဖြစ်တဲ့စက်ပုံစံနဲ့အတူညီဆုံးကိုသေချာရှာထားပြီး
file sizeလျော့စေရန်နဲ့ကြည့်ရှုသူတို့အတွက်
ကြာချိန်နည်းစေရန် မလိုအပ်တာတွေကိုဖြတ်တောက်ပြီး ချုံ့ပေးထားပါတယ်။မည်သူမဆို စိတ်ကြိုက်ကူးယူနိုင်ပါတယ်။ကြိုက်တဲ့နေရာမှာ ကြိုက်သလိုပြန်လည်အသုံးချနိုင်ပါတယ်။ Creditပေးစရာမလိုပါဘူးရှင်။

Photos from The Green Fashion & Design School's post 17/07/2020

ဒီနေ့မှာတော့ အင်္ကျီတစ်ထည်၊ဝတ်စုံတစ်စုံပုံထွက်လှဖို့အတွက် အရမ်းကိုအရေးကြီးတဲ့အခြေခံအကျဆုံး ပိတ်ကြောလေးတွေအကြောင်းပြောပြပါမယ်။မည်သည့်နည်းနဲ့(လက်မ/စင်တီ)အဝတ်အထည်ချုပ်လုပ်နေပါစေ...ပိတ်ကြောမှန်ကန်ဖို့ကအရမ်းကိုအရေးကြီးပါတယိ။

ပိတ်စအမျိုးအစားပေါ်ကိုလိုက်ပြီးပိတ်ကြောတွေရဲ့သဘောဟာ ချဲ့ပြောရင်ပြောသလို အသေးစိတ်ပြောရမှာတွေများပါတယ်...ဒါပေမဲ့ စာတွေအများကြီးရေးရင် မဖတ်ဖြစ်ကြမှာစိုးလို့ တကယ့်အရေးကြီးတာတွေကိုအဓိကထားပြီးပြောသွားမယ်နော်။

📌ပိတ်ကြောကဘာလို့အရေးကြီးတာလဲ

အဖြေ။ ။ အင်္ကျီတစ်ထည်ပုံထွက်ကောင်းဖို့ရာ ပိတ်ကြောမှန်မှရပါတယ်..သူ့နေရာနဲ့သူပိတ်ကြောမှန်ကန်နေမှ လိုချင်တဲ့ပုံအတိအကျထွက်တာပါ...ကိုယ်ချုပ်မယ့်ပိတ်စကိုလည်း သေချာလေ့လာသင့်ပါတယ်။

📌ပိတ်ကြောမှားရင် ဘာဖြစ်တတ်သလဲ။

အဖြေ။ ။ ပိတ်ကြောမှားရင် ကိုယ့်အထည်ရဲ့ရုပ်ထွက်မလှပါဘူး။ လိမ်တတ်၊တွန့်တတ်၊ရှုံ့တတ်ပါတယ်။လိုချင်တဲ့ပုံကို အချိုးကျကျမရပါဘူး။ဝတ်လို့မကောင်းပါဘူး...ဒါကမြင်လွယ်တာတွေပါ...တခြား​ပြဿနာတွေလည်းရှိပါသေးတယ်။
ကဲ....ဒါဆ်ို ပိတ်ကြောဘယ်နှမျိုးရှိသလဲ ဆက်ကြည့်ကြမယ်။

📌ပိတ်ကြော(၄)မျိုးရှိပါတယ်။ကျွန်မတို့ရဲ့အခေါ်အရ-
၁။အနားသား
၂ ။တင်းသား
၃ ။လိုက်သား
၄ ။အစွေသား

📌ဘယ်လိုရှာမလဲ။

၁။ပိတ်စတစ်စမှာ အနားသားကိုသိသာမြင်သာအောင် မူလကတည်းကအမှတ်အသားတခုခုထည့်ပေးတတ်ကြပါတယ်။ပိတ်စတွေကို လိုသလောက်ကိုက်အရေအတွက်တွေဖြတ်ကြတဲ့အခါ အနားသားဘက်ကနေတိုင်းတာကြပါတယ်။

၂။အဲ့ဒီအနားသားနဲ့အပြိုင်က "တင်းသား" ပါပဲ။တိုင်ချည်လို့လည်းခေါ်ကြတယ်..အတည့်သားလို့လည်းခေါ်ကြတယ်...လက်နဲ့ဆွဲကြည့်ရင်လည်း ရုန်းဆန့်နိုင်တဲ့အနေအထားမရှိပါဘူး။တင်းနေပါတယ်။

၃။ လိုက်သားဆိုတာကတော့ အနားသားနဲ့ထောင့်မှန်ကျကျ(ကန့်လန့်)ဖြစ်နေတဲ့ပိတ်ကြောကိုပြောတာပါ။ဖောက်ချည်လို့လည်းခေါ်ကြတယ်..
လက်နဲ့ဆွဲကြည့်တဲ့အခါ ရုန်းဆန့်နိုင်တဲ့သဘောရှိပါတယ်။အလိုက်သင့်ရှိပါတယ်။

၄။ အစွေသားကတော့ တင်းသားနဲ့လိုက်သားရဲ့45°နေရာကအသားပါ....ပိတ်စတစ်စရဲ့ထောင့်ဖြတ်နေရာမှာရှိပါတယ်။လက်နဲ့ဆွဲလိုက်ရင် ရုန်းဆန့်နိုင်မှုအများဆုံးနေရာပေါ့။

✅တင်းသားကို အင်္ကျီရဲ့အရှည်၊အတို(အပေါ်အောက်)မှာထားပြီးချုပ်ရပါမယ်...ကိုယ်ပေါ်မှာဒေါင်လိုက်နေရာယူပါတယ်။ဒါမှသာ မိမိလိုချင်တဲ့အင်္ကျီအရှည်သည် ဆန့်ထွက်၊လျော့ရဲမှုမရှိဘဲ balance ဖြစ်နေမှာပါ။

✅လိုက်သားကို အင်္ကျီရဲ့ကိုယ်ထည်အကျယ်(ဘေးဘယ်ညာ)မှာထားပြီးချုပ်ရပါမယ်။ကိုယ်ပေါ်မှာကန့်လန့်အနေအထားနဲ့နေရာယူပါတယ်။ဒါမှသာ
ခန္ဓာကိုယ်ရဲ့အကွေးအဆန့်၊အတင်အချ စတဲ့လှုပ်ရှားမှုတိုင်းမှာ တင်းကြပ်မှုနည်းပြီးသက်တောင့်သက်သာနဲ့ချောင်ချိမှုကိုခံစားရစေမှာဖြစ်ပါတယ်။

✅အစွေသားကိုတော့ အဝတ်အထည်တွေကိုအနားကွပ်တဲ့နေရာမှာအသုံးပြုပါတယ်။ပိတ်စနဲ့ပြုလုပ်ရတဲ့ဟန်းမိတ်ပစ္စည်းတွေ၊ပိတ်စကိုအသုံးပြုပြီး ဝတ်စုံတွေပေါ်အလှဆင်တဲ့အခါတွေ
(eg..Drapping)မှာလည်းအစွေသားကိုအသုံးပြုတတ်ကြပါတယ်။

✅တခါတလေမှာ ကိုယ်ဝယ်လာမိတဲ့ပိတ်စကိုက စွေနေ၊စောင်းနေတတ်တော့ပိတ်ကြောယူရခက်ခဲတာမျိုးဖြစ်တတ်တယ်။
အဲ့လိုဖြစ်လာခဲ့ရင် ပိတ်ပြင်ပေးရပါတယ်။ပိတ်ပြင်နည်းအမျိုးမျိုးရှိပေမယ့် အလွယ်ဆုံးနည်းကတော့ အနားသားဘက်ကနေ ချည်တစ်မျှင်ဆွဲထုတ်ရတာပါပဲ။ချည်ထွက်လာတဲ့လမ်းတစ်လျှောက်ကို အဖြောင့်သက်မှတ်ပြီး ပိတ်ကြောလိုင်းယူရပါမယ်။ပိတ်စရဲ့ကန့်လန့်သားဘက်ကနေ ချည်ဆွဲထုတ်မှပိုလွယ်ကူပါတယ်..ချည်အလွယ်တကူထွက်မလာရင်တော့
တင်းသားဖြစ်နေလို့ပါပဲ။

တချို့ပိတ်စတွေမှာ အနားသားနဲ့အပြိုင်ဖြစ်နေတဲ့ပိတ်ကြောဟာ တင်းသားမဟုတ်ဘဲ လိုက်သားဖြစ်နေတတ်ပါတယ်။ဥပမာ-ထိုင်းပိုး၊ပိုးယုံနဲ့မြန်မာချည်သားတွေမှာ တွေ့ရပါတယ်။သူ့ပိတ်စအလိုက် တင်းသား /လိုက်သားခွဲပြီး ပိတ်ကြောရှာရပါမယ်....သိပ်ကိုအရေးကြီးတာပါ။

✅လိုင်နာကပ်သားတွေမှာလည်းပိတ်ကြောရှိပါတယ်။သူ့ကိုလည်းပိတ်ကြောမှန်အောင်ယူပေးရပါမယ်။

✅တခါတလေမှာ ကိုယ့်ရဲ့customerတွေက ကန့်လန့်စင်းအဆင်တွေ၊ဒေါင်လိုက်စင်းအဆင်တွေကို ဒီဇိုင်းလှအောင်ချုပ်ခိုင်းတတ်ပါတယ်...အဲ့ဒီအခါကိုယ်ယူရတဲ့ပိတ်ကြောက ပြောင်းပြန်ယူရတာမျိုးကြုံလာနိုင်ပါတယ်။အဲ့လိုဖြစ်လာခဲ့ရင် ပုံမှန်ပေါင်းနေကျ ပွစာထက် ပိုပြီးပေါင်းပေးပါ။ခန္ဓာကိုယ် ဟန်ချက်ညီညီလှုပ်ရှားဖို့အတွက်အနည်းငယ်ချောင်ချိဖို့လိုပါတယ်။သိပ်fitဖြစ်လွန်းရင် ဝတ်ရသူမှာ ကြပ်တည်းခက်ခဲနိုင်လို့ပါ။

✅လက်ရဲ့ပိတ်ကြောအမှန်က လက်ရဲ့အတိုအရှည်ကိုတင်းသားယူပြီး လက်ရဲ့ဘေးပတ်လည်ကို လိုက်သားယူရပါမယ်။

✅ကော်လာတွေမှာ လိုင်နင်ကပ်သားရဲ့ပိတ်ကြောက ပိတ်စနဲ့ပိတ်ကြောအတူတူယူရပါတယ်

အနှစ်ချုပ်ပြောရရင်,

📌ပိတ်စကိုစကိုင်ပြီဆိုတာနဲ့ ကော်ပိတ်ကပ်သင့်မကပ်သင့်ကြည့်ပါ။

📌ရေထိလို့ရ၊မရကြည့်ပါ။

📌အရောင်စွန်းတတ်သလား ကြည့်ပါ။

📌ပိတ်စမညှပ်ခင်မီးပူကို မဖြစ်မနေတိုက်ပါ။

📌ပိတ်ကြောကြည့်ပါ။တင်းသားလိုက်သားခွဲပါ။

📌စွေနေခဲ့ရင် ပိတ်ပြင်ပါ။မလိုတာကိုညှပ်ထုတ်ပါ။

📌ပိတ်ပြင်ခဲ့ရရင်မီးပူထပ်တိုက်ပေးပါ။

📌ပြီးမှ patternတွေ အချိုးကျကျ၊နည်းစနစ်မှန်မှန်တင်ပါ။

မေးချင်တာတွေရှ်ိရင် မေးနိုင်ပါတယ်
အားလုံးအဆင်ပြေကြပါစေ။

With Love,
Sane Lann 🍀

14/07/2020

ရိုးရိုး၃ပင်ဓားစက်ချည် တပ်နည်းလေးပါ။

ဒီအတိုင်း နည်းမှန်လမ်းမှန်တပ်မှ ချည်လှပြီး ချုပ်ရိုးပိပြားသေဝပ်ပါတယ်

တချို့တွေကသိပြီးသားဆိုပေမယ့် မသိရသေးတဲ့သူတွေအတွက် အထောက်အပံ့တခုခုရအောင်ပါ။

အားလုံးအဆင်ပြေကြပါစေ💚🍀

Video from Youtube

Photos from The Green Fashion & Design School's post 12/07/2020

ဒီနေ့မှာတော့ စက်အပ်နဲ့လက်ချုပ်အပ်လေးတွေအကြောင်း ပြောကြမယ်နော်။

ပိတ်စအထူအပါးပေါ်ကိုလိုက်ပြီး အသုံးပြုရတဲ့အပ်နံပါတ်တွေရှိကြပါတယ်...ကိုက်ညီမှုမရှိရင် ချုပ်တဲ့အခါမှာ အခက်အခဲဖြစ်ကြရပါတယ်..

ပိတ်စထူလေလေ..အပ်အလုံးကြီးတာသုံးရလေလေပါပဲ။
ပိတ်စရဲ့အထူနဲ့အပ်အရွယ်နဲ့မမျှတရင် စက်မရွေ့တော့တာ၊အပ်ကျိုးတာ..စတဲ့ပြဿနာတွေမဖြစ်ကြရအောင် ဘယ်လိုပိတ်စဆို အပ်နံပါတ်ဘယ်လောက်သုံးမလဲ...ပုံလေးတွေမှာ သေချာရေးပေးထားပါတယ်

အပ်နံပါတ်တွေကို တိုင်းတာတဲ့အခါမှာ မက်ထရစ်စနစ်(ဥရောပစနစ်)နဲ့အမေရိကန်စနစ်ဆိုပြီးရှိတော့ အပ်နံပါတ်တွေကို ၂မျိုးအသုံးပြုနေကြတာတွေ့ရပါလိမ့်မယ်။
မြန်မာပြည်စျေးကွက်ထဲမှာတော့ အမေရိကန်စနစ်ကိုအသုံးများကြပါတယ်။မျဥ်းစောင်းလေးတွေခံပြီး ၂မျိုးလုံးရေးလာကြတာကိုလည်းတွေ့ရတယ်။

အပ်နံပါတ် 9(အမေရိကန်စနစ်)နဲ့ အပ်နံပါတ် 65(ဥရောပစနစ်)အတူတူပါပဲ။
အပ်နံပါတ်သေးလေ.. အပ်လုံးသေးလေ.. ပိတ်သားပါးတာမှာသုံးရလေ...
အပ်နံပါတ်ကြီးလေ အပ်လုံးကြီးလေ...ပိတ်စအထူတွေမှာ သုံးရလေ... ဒီလိုလေးအလွယ်မှတ်ထားရင်ရပါပြီ။

သုံးတဲ့ပိတ်ကိုလိုက်ပြီး အပ်ချည်ကိုလည်းပြောင်းကြရပါတယ်။စျေးကွက်ထဲမှာတော့ အပ်ချည်နံပါတ်60 ကိုပဲအသုံးများကြတာတွေ့ရပါတယ်

အားလုံးအဆင်ပြေကြပါစေရှင်🍀💚💚💚🍀

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon