28/05/2026
🙏မဂ်လာပါ။
🚘ကားအသုံးပြုနေသူ တော်တော်များများ မသိသေးတဲ့၊ သတိမထားမိတဲ့ အကြောင်းအရာကို မျှဝေချင်ပါတယ်။
😲ကျွန်တော်/ကျွန်မ တို့ စီးနေတဲ့ ကားမှာ ကားရောင်းချချိန် ထည့်သွင်းပေးထားတဲ့ 取扱説明書 ( ကိုင်တွယ်အသုံးပြုတဲ့ရှင်းလင်းချက် ) စာအုပ် ရှိတယ်ဆိုတာ သိကြပါသလား။
👌စက်ပြင်လုပ်နေသူများ၊ ကားစက်ပြင်စိတ်ဝင်စားတဲ့ ယောကျာ်းလေး တော်တော်များများ သိကြမယ်ထင်ပါတယ်။ သိပြီးသားသူများလဲ ကျော်သွားနိုင်ပါတယ်။
📕အဲ့ဒီ 取扱説明書 ရဲ့ နောက်ဆုံးနားလောက်မှာ サービスデータဆိုတဲ့ ကားပြုပြင်ချိန်မှာ သတ်မှတ်ထားတဲ့ စံနှုန်း ၊ အင်ဂျင်ဝိုင်/ဂီယာဝိုင်/ကူးလန့် အမျိုးအစားနဲ့ပမာဏ / မီးလုံး အမျိုးအစား စတဲ့အရာတွေကို ထည့်သွင်းရေးသားထားပါတယ်။
👉အဲ့ဒါတွေကြည့်ပြီး ကိုယ်စီးနေတဲ့ကား က
① အင်ဂျင်ဝိုင် ကို ပမာဏ ဘယ်လောက် လဲရမလဲ။
② လေပေါင်ချိန်က ဘယ်လောက်ထည့်ရမလဲ။
③ 🛞အသုံးပြုထားတဲ့ တာယာ ရဲ့ အမျိုးအစားက ဘာလဲ။
④ 💡မီးလုံးအမျိုးအစားတွေက ဘယ်လောက် Watt သုံးထားတာလဲ။
စတာတွေကို သိရှိနိုင်ပါတယ်။
👉ကားအကြောင်းသိပ်နားမလည်ပေမယ့် ကိုယ့်ကားရဲ့ ပုံမှန် လဲနေတဲ့ အင်ဂျင်ဝိုင်အမျိုးအစားနဲ့ ပမာဏ တွေကို သိရှိနိုင်ပါသည်။
🧑🔧သတ်မှတ်ချက်စံနှုန်းတွေကတော့ ကားစက်ပြင် လုပ်နေသူများ ကားပြုပြင်ချိန်မှာ ကြည့်ရမယ့် အပိုင်းတွေ လဲ ပါဝင်ပါတယ်။
📕取扱説明書 ကို ဖတ်ရှုသူ အလွန်နည်းပါးပေမယ့် အမှန်တကယ်အသုံးဝင်တဲ့ စာအုပ်လေးဖြစ်ပါတယ်။
🗣️ကြည့်ဖူးသူများလဲ အသုံးဝင်ပုံလေးကို comment မှာ မျှဝေပေးနိုင်ပါတယ်။
ကားရဲ့ အခြေခံ အချက်အလက်တွေကို နားလည်ပြီး အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ကြပါစေ။
#見つかるジョイカル