Med City

Med City

Share

Language, Nurse Aid & Pharmacist Aid Training, Consultancy & Services Med City

30/04/2026

Med City Academy မှ မကြာမီ ဖွင့်လှစ်မည့် ထိုင်းဘာသာစကားသင်တန်းများအတွက် စိတ်ထက်သန်ပြီး အရည်အချင်းရှိသော အောက်ဖော်ပြပါ ပညာရှင် (၂) ဦးကို အမြန်အလိုရှိနေပါသည်။
​၁။ Thai Language Curriculum Developer
(ထိုင်းဘာသာစကားသင်ရိုးညွှန်းတမ်း ရေးဆွဲသူ) - (၁) ဦး
​တာဝန်နှင့် ဝတ္တရားများ -
• ​ထိုင်းဘာသာစကား (4 Skills) ကို အခြေခံ (Basic) မှ အဆင့်မြင့် (Advanced) အထိ စနစ်ကျသော သင်ရိုးညွှန်းတမ်းများ ရေးဆွဲရန်။
• ​သင်ခန်းစာအလိုက် လေ့ကျင့်ခန်းများ၊ စစ်ဆေးမှု (Test) များနှင့် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ရန်။
• ​ခေတ်စနစ်နှင့်အညီ ထိုင်းစကားပြော၊ အရေး၊ အဖတ် ကဏ္ဍစုံ တိုးတက်စေမည့် သင်ကြားမှုပုံစံကို ဖန်တီးရန်။
​လိုအပ်ချက်များ -
• ​ထိုင်းဘာသာစကား ကျွမ်းကျင်မှု အဆင့်မြင့် (ဥပမာ - PAT 7.1 သို့မဟုတ် TQU Level မြင့်မားသူ) ဖြစ်ရမည်။
• ​သင်ရိုးညွှန်းတမ်း ရေးဆွဲဖူးသည့် အတွေ့အကြုံ (သို့မဟုတ်) သင်ကြားမှုအတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်။
• ​တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး လုပ်ငန်းလိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် ရှိရမည်။
​၂။ Thai Language Instructor (ထိုင်းဘာသာစကား သင်ကြားရေးဆရာ) - ၁ ဦး
​တာဝန်နှင့် ဝတ္တရားများ -
• ​သတ်မှတ်ထားသော သင်ရိုးအတိုင်း ထိရောက်စွာ သင်ကြားပြသပေးရန်။
• ​သင်တန်းသားများ၏ တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ပေးရန်။
• ​သင်တန်းသားများနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံပြီး သင်ယူလိုစိတ်ထက်သန်အောင် လှုံ့ဆော်ပေးနိုင်ရန်။
​လိုအပ်ချက်များ -
• B.A (Thai) သို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရဖြစ်ရမည်။
• ​ထိုင်းဘာသာစကား 4 Skills ကျွမ်းကျင်ရမည်။
• ​သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူကို ဦးစားပေးမည်။
• ​လူမှုဆက်ဆံရေးကောင်းမွန်ပြီး စိတ်ရှည်သည်းခံစွာ သင်ကြားပေးနိုင်သူ၊ သင်တန်းကျောင်းတွင် လာရောက်သင်ကြားနိုင်သူ ဖြစ်ရမည်။
​လျှောက်ထားရန် ​စိတ်ပါဝင်စားသူများသည် မိမိတို့၏ CV Form၊ မျှော်မှန်းလစာ နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကို Page Messenger သို့ 10.05.2026 နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

30/04/2026

ကဆုန်လပြည့် (ဗုဒ္ဓနေ့)
---------------‐-------------------
ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် မြန်မာ့ရိုးရာ ၁၂ လရာသီတွင် ဒုတိယမြောက်လဖြစ်သော ကဆုန်လ၏ မွန်မြတ်လှသော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ဤနေ့ကို မြန်မာဗုဒ္ဓဘာသာဝင်များက "ဗုဒ္ဓနေ့" ဟု သတ်မှတ်ထားကြပြီး ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များကလည်း "ဝေသာခနေ့" (Vesak Day) အဖြစ် ကျင်းပပူဇော်ကြသည်။
ကဆုန်လပြည့်နေ့သည် မြတ်စွာဘုရားရှင်နှင့် ပတ်သက်၍ အလွန်ထူးခြားသော အချက်လေးချက် ဆုံစည်းရာနေ့ ဖြစ်သောကြောင့် အလွန်အရေးကြီးပါသည်။

၁။ ဗျာဒိတ်ခံယူသောနေ့ 💐
ဒီပင်္ကရာမြတ်စွာဘုရားထံမှ သုမေဓာရှင်ရသေ့ဘဝဖြင့် နောင်တစ်ခေတ်တွင် "ဂေါတမ" အမည်ရှိသော ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော် ရရှိခဲ့သောနေ့ ဖြစ်သည်။

၂။ ဖွားမြင်တော်မူသောနေ့ 💐
ဂေါတမဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားကို လုမ္ဗိနီသာမော အင်ကြင်းတော၌ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်သန့်စင်ခဲ့သည်။

၃။ ဘုရားအဖြစ်သို့ ရောက်ရှိသောနေ့ 💐
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဂယာရှိ ဗောဓိညောင်ပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားစင်စစ် ဖြစ်တော်မူခဲ့သည်။

၄။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ 💐
သက်တော် ၈၀ အရွယ်တွင် ကုသိနာရုံပြည်၌ အင်ကြင်းပင်အစုံတို့၏ အကြားတွင် ကဆုန်လပြည့် အင်္ဂါနေ့၌ ချုပ်ငြိမ်းစံတော်မူခဲ့သည်။

ကဆုန်လပြည့်နေ့၏ ထူးခြားသော ဓလေ့ထုံးတမ်း
မြန်မာနိုင်ငံတွင် ကဆုန်လသည် ရာသီဥတု အလွန်တရာ ပူပြင်းသောလ ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ရာတွင် အထောက်အကူပြုခဲ့သည့် ဗောဓိညောင်ပင်များ ညှိုးနွမ်းခြောက်သွေ့ခြင်း မရှိစေရန်နှင့် ဘုရားရှင်ကို ရည်မှန်းပူဇော်သည့်အနေဖြင့် "ညောင်ရေသွန်းလောင်းပွဲ" ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
ညောင်ရေသွန်းခြင်း: စေတီပုထိုးများရှိ ဗောဓိညောင်ပင်များကို အမွှေးနံ့သာရည်များ၊ ရေအေးများဖြင့် ဝိုင်းဝန်းသွန်းလောင်းကြသည်။
ကုသိုလ်ပြုခြင်း: ကျောင်းကန်ဇရပ်များတွင် သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် စတုဒိသာ ဒါနပြုခြင်းတို့ကို ပြုလုပ်ကြသည်။
အနှစ်ချုပ်အားဖြင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရကာ ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို အခြေခံ၍ ကောင်းမှုပြုရာ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ယနေ့ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း Med City Academy သင်တန်း​ကျောင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့
#ညောင်ရေသွန်းပွဲ

30/04/2026

မင်္ဂလာပါရှင် 🙏
၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ နှင့် မေလ (၁)ရက်နေ့ သည် "ကဆုန်လပြည့်နေ့" နှင့် "အလုပ်သမားနေ့" ရုံးပိတ်များရက် ဖြစ်ပါသဖြင့် 𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 မှ သင်တန်းများအားလုံးနှင့် ရုံး ပိတ်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ရှင်။

မေလ (၂) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ပါမည်။

28/04/2026

🌟 အနာဂတ်အတွက် ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို အခုပဲ သင်ယူလိုက်ပါ။
🌟 ​𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 မှ ၂၀၂၆ ခုနှစ် 𝐌𝐚𝐲လ တန်းခွဲသစ်များအတွက် 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 များဖြင့် သင်တန်းအပ် လက်ခံနေပါပြီ။ 💸

🔰 ဖွင့်လှစ်မည့်သင်တန်းများ
-----------------------------
🔹 သူနာပြုအကူသင်တန်း - ၃ လ
🔹 ဆေးဝါးကျွမ်းကျင်အကူသင်တန်း - ၂လခွဲ
🔹 ကျန်းမာရေး လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာသင်တန်း - ၄ လ

🔹 သူနာပြုအကူသင်တန်း (𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲)
-----------------------------
👉 Mon to Fri - 12:30 Pm to 3:30 Pm
👉 ၃ လ (အပြင်သင်တန်း)
(စာတွေ့+လက်တွေ့/ဆေးရုံလက်တွေ့ (၁) လ)
👉 450,000/- ကျပ် (𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 - 𝟏𝟎𝟎,𝟎𝟎𝟎/- ကျပ်)
👉 11.05.2026 (တနင်္လာနေ့) စမည်။

🔹 ဆေးဝါးကျွမ်းကျင်အကူသင်တန်း (𝗣𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁 𝗔𝗶𝗱𝗲)
-----------------------------
👉 သင်တန်းကာလ - (၂) လခွဲ
(စာတွေ့+လက်တွေ့/ဆေးဆိုင်လက်တွေ့ပါဝင်သည်။)
👉 သင်တန်းကြေး - 300,000/- ကျပ်
(𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 - 𝟓𝟎,𝟎𝟎𝟎/- ကျပ်)

1️⃣ အပြင်သင်တန်း
👉 သင်တန်းချိန် - စနေ၊ တနင်္ဂနွေ - နေ့လည် (12:30) နာရီ မှ (3:30) နာရီ ထိ
👉 09.05.2026 (စ‌နေနေ့) စမည်။

3️⃣ 𝙕𝙤𝙤𝙢 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙖𝙨𝙨
👉 သင်တန်းချိန် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ - ည (7:00) နာရီ မှ (9:00) နာရီ ထိ
👉 11.05.2026 (တနင်္လာနေ့) စမည်။

🔹 𝟰 𝗦𝗸𝗶𝗹𝗹𝘀 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗳𝗼𝗿 𝗛𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 (𝗘𝗛𝗖𝗔)
-------------------------------
👉 သင်တန်းကာလ - (၄) လ (𝙕𝙤𝙤𝙢 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙖𝙨𝙨)
👉 သင်တန်းချိန် - စနေ၊ တနင်္ဂနွေ - ညနေ (6:00) နာရီ မှ (8:00) နာရီ ထိ
👉 သင်တန်းကြေး - 250,000/- ကျပ်
(𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 - 𝟑𝟎,𝟎𝟎𝟎/- ကျပ်)
👉 09.05.2026 (စ‌နေနေ့) စမည်။

⭐️ ရည်ရွယ်ချက်။ ။ 𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲, 𝗖𝗮𝗿𝗲𝗴𝗶𝘃𝗲𝗿, 𝗛𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 (𝗛𝗖𝗔) တစ်ယောက်အနေနဲ့ နိုင်ငံခြားတွင် သွားရောက် အလုပ် လုပ်ကိုင်လိုသူ များအတွက်။
(ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းဖြင့်လုပ်ငန်းခွင်+သင်ကြားရေး အတွေ့အကြုံရှိ ဆရာမမှ ထိရောက်စွာ သင်ကြားပေးသွားပါမည်။)

🏅 ဘာကြောင့် ​𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 ကို ရွေးချယ်သင့်သလဲ?
1️⃣ သင်တန်းပြီးလျှင် အလုပ်ရရှိရန်အတွက် ပြည်တွင်း၊ ပြည်ပ အလုပ်ရှင်များနှင့် အလုပ်အကိုင် တိုက်ရိုက်ကူညီချိတ်ဆက်ပေးခြင်း။
2️⃣ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် သင်ကြားပေးခြင်း။
3️⃣ အရည်အချင်းပြည့်ဝသော ဆရာ/ဆရာမများမှ သင်ကြားပေးခြင်း။
4️⃣ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံ ရရှိအောင် စီစဉ်ပေးခြင်း။
5️⃣ လက်ဆောင်ပစ္စည်းများ ထည့်ပေးထားခြင်း။
6️⃣ အမှန်တကယ် သင်တန်းတက်ရောက်ပြီးပါက 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ရရှိခြင်း။

🎁 အထူးအခွင့်အရေးများ –
✴️ မည်သည့်သင်တန်းတက်တက် 𝑬𝒏𝒈𝒍𝒊𝒔𝒉 စာ ပညာဒါန အခမဲ့ တက်ရောက်ခွင့်ရှိခြင်း။
✴️ သင်တန်းကြေး အရစ်ကျ ပေးသွင်းနိုင်ခြင်း။
✴️ နယ်မှသင်တန်းသားများအတွက် အဆောင်ချိတ်ဆက်ပေးခြင်း။
✴️ 𝑭𝒓𝒆𝒆 𝑮𝒊𝒇𝒕 : ယူနီဖောင်း 𝑺𝒄𝒓𝒖𝒃 𝑺𝒖𝒊𝒕 ၁စုံ (𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲 အတွက်သာ)၊ သင်ရိုးဖတ်စာအုပ်များ၊ 𝑬𝒙𝒆𝒓𝒄𝒊𝒔𝒆 𝑩𝒐𝒐𝒌, 𝑩𝒂𝒍𝒍-𝒑𝒆𝒏, 𝑹𝒆𝒄𝒚𝒄𝒍𝒆 𝑩𝒂𝒈 များ။

⚠ လူဦးရေကန့်သတ်ထားပါသည်။

"𝑪𝒓𝒆𝒂𝒕𝒆 𝒚𝒐𝒖𝒓 𝒃𝒓𝒊𝒈𝒉𝒕𝒆𝒓 𝒇𝒖𝒕𝒖𝒓𝒆 𝒘𝒊𝒕𝒉 𝒖𝒔❗"

ဆက်သွယ်ရန်:
☎ 𝟬𝟵 𝟳𝟲𝟳 𝟱𝟱 𝟴𝟴 𝟲𝟬, 𝟬𝟵 𝟳𝟲𝟳 𝟲𝟲 𝟭𝟰 𝟬𝟮 (𝗣𝗵𝗼𝗻𝗲/𝗩𝗶𝗯𝗲𝗿)

𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆
𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲, 𝗣𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁 𝗔𝗶𝗱𝗲, 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲, 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴, 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻 & 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
🏢အမှတ် ၁၁၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ် (အင်းစိန်ဆေးရုံဘေး)၊ ရန်ကုန်။
🚌 အင်းစိန်ဆေးရုံမှတ်တိုင်အနီး - အင်းစိန်ဆေးရုံကြီးဘေးကပ်လျက်တွင် တည်ရှိသောကြောင့် သွားရေးလာရေး လွယ်ကူပါသည်။

10/04/2026

မင်္ဂလာပါရှင် 🙏
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့ မှ (၁၉)ရက်နေ့ သည် "မြန်မာ့နှစ်သစ်ကူး" ရုံးပိတ်များရက် ဖြစ်ပါသဖြင့် 𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 မှ သင်တန်းများအားလုံးနှင့် ရုံး ပိတ်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ရှင်။
ဧပြီလ (၂၀) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ပါမည်။

08/04/2026
Photos from Med City's post 08/04/2026

🎉🎉 𝗕𝗶𝗴 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀! 🎊🎊

𝐌𝐞𝐝 𝐂𝐢𝐭𝐲 𝐀𝐜𝐚𝐝𝐞𝐦𝐲 ရဲ့ 𝑷𝒉𝒂𝒓𝒎𝒂𝒄𝒊𝒔𝒕 𝑨𝒊𝒅𝒆 𝑩𝒂𝒕𝒄𝒉-𝟏 မှ သင်တန်းသူလေး
မဝတ်ရည်မှာ ရွှေပြည်သာမြို့နယ်တွင် ကိုယ်ပိုင် ဆေးဆိုင်လေး စတင်ဖွင့်လှစ်နိုင်ပြီမို့ သင်တန်းမှ များစွာ ဂုဏ်ယူဝမ်းမြောက်ရပါတယ်ရှင်။ 😍

ညီမလေးရဲ့ ဆေးဆိုင်လေးမှသည် ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်ပါစေလို့လည်း 𝐌𝐞𝐝 𝐂𝐢𝐭𝐲 သင်တန်းကျောင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ညီမလေးရေ 😍

ဒီလိုမျိုး ကိုယ်ပိုင်ဆေးဆိုင်ဖွင့်ချင်လို့ပဲဖြစ်ဖြစ်၊ ဆေးဆိုင်တွေမှာ အလုပ်ဝင်ဖို့ပဲဖြစ်ဖြစ် စိတ်ဝင်စားတယ်ဆိုရင် 𝐌𝐞𝐝 𝐂𝐢𝐭𝐲 𝐀𝐜𝐚𝐝𝐞𝐦𝐲 ရဲ့ သင်္ကြန်အပြီးမှာ ဖွင့်လှစ်မယ့် ဧပြီလ တန်းခွဲသစ်လေးတွေကို Link လေးနှိပ်ပြီး စုံစမ်းလိုက်ပါနော်.....😉

ဆေးဝါးကျွမ်းကျင်အကူသင်တန်းအပြင် သူနာပြုအကူသင်တန်း နဲ့ ကျန်းမာရေးလုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ သင်တန်းလေးတွေလည်း ရှိပါတယ်ရှင့် 🙂
https://www.facebook.com/100064260693852/posts/1378892200929457/

08/04/2026

🌟 အနာဂတ်အတွက် ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို အခုပဲ လေ့လာလိုက်ပါ။

🌟 ​𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 မှ ၂၀၂၆ ခုနှစ် ဧပြီလ (သင်္ကြန်အပြီး) တန်းခွဲသစ်များအတွက် စတင်လက်ခံနေပါပြီ။

မဟာသင်္ကြန် အထူးအစီအစဉ်အနေနဲ့ ဘယ်သင်တန်းတက်တက် 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 များ ပြန်လည်ပေးအပ်သွားမှာပါရှင်။ 💸

🔰 ဖွင့်လှစ်မည့်သင်တန်းများ
-----------------------------
🔹 သူနာပြုအကူသင်တန်း - ၃ လ
🔹 ဆေးဝါးကျွမ်းကျင်အကူသင်တန်း - ၂လခွဲ
🔹 ကျန်းမာရေး လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာသင်တန်း - ၄ လ

🔹 သူနာပြုအကူသင်တန်း (𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲)
-----------------------------
👉 Mon to Fri - 9 Am to 12 Pm
👉 ၃ လ (အပြင်သင်တန်း)
(စာတွေ့+လက်တွေ့/ဆေးရုံလက်တွေ့ (၁) လ)
👉 450,000/- ကျပ် (𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 - 𝟏𝟎𝟎,𝟎𝟎𝟎/- ကျပ်)
👉 20.04.2026 (တနင်္လာနေ့) စမည်။

🔹 ဆေးဝါးကျွမ်းကျင်အကူသင်တန်း (𝗣𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁 𝗔𝗶𝗱𝗲)
-----------------------------
👉 သင်တန်းကာလ - (၂) လခွဲ
(စာတွေ့+လက်တွေ့/ဆေးဆိုင်လက်တွေ့ပါဝင်သည်။)
👉 သင်တန်းကြေး - 300,000/- ကျပ်
(𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 - 𝟓𝟎,𝟎𝟎𝟎/- ကျပ်)

1️⃣ အပြင်သင်တန်း
👉 သင်တန်းချိန် - တနင်္လာ၊ အင်္ဂါ -နေ့လည် (12:30) နာရီ မှ (3:30) နာရီ ထိ
👉 20.04.2026 (တနင်္လာနေ့) စမည်။

2️⃣အပြင်သင်တန်း
👉 သင်တန်းချိန် - စနေ၊ တနင်္ဂနွေ - နေ့လည် (12:30) နာရီ မှ (3:30) နာရီ ထိ
👉 25.04.2026 (စ‌နေနေ့) စမည်။

3️⃣ 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙖𝙨𝙨
👉 သင်တန်းချိန် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ - ည (7:00) နာရီ မှ (9:00) နာရီ ထိ
👉 20.04.2026 (တနင်္လာနေ့) စမည်။

🔹 𝟰 𝗦𝗸𝗶𝗹𝗹𝘀 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗳𝗼𝗿 𝗛𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 (𝗘𝗛𝗖𝗔)
-------------------------------
👉 သင်တန်းကာလ - (၄) လ (𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙖𝙨𝙨)
👉 သင်တန်းချိန် - စနေ၊ တနင်္ဂနွေ - ညနေ (6:00) နာရီ မှ (8:00) နာရီ ထိ
👉 သင်တန်းကြေး - 250,000/- ကျပ်
(𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 - 𝟑𝟎,𝟎𝟎𝟎/- ကျပ်)
👉 25.04.2026 (စ‌နေနေ့) စမည်။
⭐️ ရည်ရွယ်ချက်။ ။ 𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲, 𝗖𝗮𝗿𝗲𝗴𝗶𝘃𝗲𝗿, 𝗛𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 (𝗛𝗖𝗔) တစ်ယောက်အနေနဲ့ နိုင်ငံခြားတွင် သွားရောက် အလုပ် လုပ်ကိုင်လိုသူ များအတွက်။
(ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းဖြင့်လုပ်ငန်းခွင်+သင်ကြားရေး အတွေ့အကြုံရှိ ဆရာမမှ ထိရောက်စွာ သင်ကြားပေးသွားပါမည်။)

🏅 ဘာကြောင့် ​𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 ကို ရွေးချယ်သင့်သလဲ?
1️⃣ သင်တန်းပြီးလျှင် အလုပ်ရရှိရန်အတွက် ပြည်တွင်း၊ ပြည်ပ အလုပ်ရှင်များနှင့် အလုပ်အကိုင် တိုက်ရိုက်ကူညီချိတ်ဆက်ပေးခြင်း။
2️⃣ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် သင်ကြားပေးခြင်း။
3️⃣ အရည်အချင်းပြည့်ဝသော ဆရာ/ဆရာမများမှ သင်ကြားပေးခြင်း။
4️⃣ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံ ရရှိအောင် စီစဉ်ပေးခြင်း။
5️⃣ လက်ဆောင်ပစ္စည်းများ ထည့်ပေးထားခြင်း။
6️⃣ အမှန်တကယ် သင်တန်းတက်ရောက်ပြီးပါက 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ရရှိခြင်း။

🎁 အထူးအခွင့်အရေးများ –
✴️ မည်သည့်သင်တန်းတက်တက် 𝑬𝒏𝒈𝒍𝒊𝒔𝒉 စာ ပညာဒါန အခမဲ့ တက်ရောက်ခွင့်ရှိခြင်း။
✴️ သင်တန်းကြေး အရစ်ကျ ပေးသွင်းနိုင်ခြင်း။
✴️ နယ်မှသင်တန်းသားများအတွက် အဆောင်ချိတ်ဆက်ပေးခြင်း။
✴️ 𝑭𝒓𝒆𝒆 𝑮𝒊𝒇𝒕 : ယူနီဖောင်း 𝑺𝒄𝒓𝒖𝒃 𝑺𝒖𝒊𝒕 ၁စုံ (𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲 အတွက်သာ)၊ သင်ရိုးဖတ်စာအုပ်များ၊ 𝑬𝒙𝒆𝒓𝒄𝒊𝒔𝒆 𝑩𝒐𝒐𝒌, 𝑩𝒂𝒍𝒍-𝒑𝒆𝒏, 𝑹𝒆𝒄𝒚𝒄𝒍𝒆 𝑩𝒂𝒈 များ။

⚠ လူဦးရေကန့်သတ်ထားပါသည်။

"𝑪𝒓𝒆𝒂𝒕𝒆 𝒚𝒐𝒖𝒓 𝒃𝒓𝒊𝒈𝒉𝒕𝒆𝒓 𝒇𝒖𝒕𝒖𝒓𝒆 𝒘𝒊𝒕𝒉 𝒖𝒔❗"

ဆက်သွယ်ရန်:
☎ 𝟬𝟵 𝟳𝟲𝟳 𝟱𝟱 𝟴𝟴 𝟲𝟬, 𝟬𝟵 𝟳𝟲𝟳 𝟲𝟲 𝟭𝟰 𝟬𝟮 (𝗣𝗵𝗼𝗻𝗲/𝗩𝗶𝗯𝗲𝗿)

𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆
𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲, 𝗣𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁 𝗔𝗶𝗱𝗲, 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲, 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴, 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻 & 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
🏢အမှတ် ၁၁၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ် (အင်းစိန်ဆေးရုံဘေး)၊ ရန်ကုန်။
🚌 အင်းစိန်ဆေးရုံမှတ်တိုင်အနီး - အင်းစိန်ဆေးရုံကြီးဘေးကပ်လျက်တွင် တည်ရှိသောကြောင့် သွားရေးလာရေး လွယ်ကူပါသည်။

04/04/2026

Med City Academy မှ မကြာမီ ဖွင့်လှစ်မည့် ထိုင်းဘာသာစကားသင်တန်းများအတွက် စိတ်ထက်သန်ပြီး အရည်အချင်းရှိသော အောက်ဖော်ပြပါ ပညာရှင် (၂) ဦးကို အမြန်အလိုရှိနေပါသည်။

​၁။ Thai Language Curriculum Developer
(ထိုင်းဘာသာစကားသင်ရိုးညွှန်းတမ်း ရေးဆွဲသူ) - (၁) ဦး

​တာဝန်နှင့် ဝတ္တရားများ -
• ​ထိုင်းဘာသာစကား (4 Skills) ကို အခြေခံ (Basic) မှ အဆင့်မြင့် (Advanced) အထိ စနစ်ကျသော သင်ရိုးညွှန်းတမ်းများ ရေးဆွဲရန်။
• ​သင်ခန်းစာအလိုက် လေ့ကျင့်ခန်းများ၊ စစ်ဆေးမှု (Test) များနှင့် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ရန်။
• ​ခေတ်စနစ်နှင့်အညီ ထိုင်းစကားပြော၊ အရေး၊ အဖတ် ကဏ္ဍစုံ တိုးတက်စေမည့် သင်ကြားမှုပုံစံကို ဖန်တီးရန်။

​လိုအပ်ချက်များ -
• ​ထိုင်းဘာသာစကား ကျွမ်းကျင်မှု အဆင့်မြင့် (ဥပမာ - PAT 7.1 သို့မဟုတ် TQU Level မြင့်မားသူ) ဖြစ်ရမည်။
• ​သင်ရိုးညွှန်းတမ်း ရေးဆွဲဖူးသည့် အတွေ့အကြုံ (သို့မဟုတ်) သင်ကြားမှုအတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်။
• ​တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး လုပ်ငန်းလိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် ရှိရမည်။

​၂။ Thai Language Instructor (ထိုင်းဘာသာစကား သင်ကြားရေးဆရာ) - ၁ ဦး

​တာဝန်နှင့် ဝတ္တရားများ -
• ​သတ်မှတ်ထားသော သင်ရိုးအတိုင်း ထိရောက်စွာ သင်ကြားပြသပေးရန်။
• ​သင်တန်းသားများ၏ တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ပေးရန်။
• ​သင်တန်းသားများနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံပြီး သင်ယူလိုစိတ်ထက်သန်အောင် လှုံ့ဆော်ပေးနိုင်ရန်။

​လိုအပ်ချက်များ -
• B.A (Thai) သို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရဖြစ်ရမည်။
• ​ထိုင်းဘာသာစကား 4 Skills ကျွမ်းကျင်ရမည်။
• ​သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူကို ဦးစားပေးမည်။
• ​လူမှုဆက်ဆံရေးကောင်းမွန်ပြီး စိတ်ရှည်သည်းခံစွာ သင်ကြားပေးနိုင်သူ၊ သင်တန်းကျောင်းတွင် လာရောက်သင်ကြားနိုင်သူ ဖြစ်ရမည်။

​လျှောက်ထားရန် ​စိတ်ပါဝင်စားသူများသည် မိမိတို့၏ CV Form၊ မျှော်မှန်းလစာ နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကို Page Messenger သို့ 07.04.2026 နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

18/03/2026

🌟 အနာဂတ်အတွက် ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို အခုပဲ လေ့လာလိုက်ပါ။

🌟 ​𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 မှ ၂၀၂၆ ခုနှစ် ဧပြီလ တန်းခွဲသစ်များအတွက် စတင်လက်ခံနေပါပြီ။
မဟာသင်္ကြန် အထူးအစီအစဉ်အနေနဲ့ ဘယ်သင်တန်းတက်တက် 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 များ ပြန်လည်ပေးအပ်သွားမှာပါရှင်။ 💸

🔰 ဖွင့်လှစ်မည့်သင်တန်းများ
-----------------------------
🔹 သူနာပြုအကူသင်တန်း - ၃ လ
🔹 ဆေးဝါးကျွမ်းကျင်အကူသင်တန်း - ၂လခွဲ
🔹 ကျန်းမာရေး လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာသင်တန်း - ၄ လ

🔹 သူနာပြုအကူသင်တန်း (𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲)
-----------------------------
👉 Mon to Fri - 9 Am to 12 Pm
👉 ၃ လ (အပြင်သင်တန်း)
(စာတွေ့+လက်တွေ့/ဆေးရုံလက်တွေ့ (၁) လ)
👉 450,000/- ကျပ် (𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 - 𝟏𝟎𝟎,𝟎𝟎𝟎/- ကျပ်)
👉 30.03.2026 (တနင်္လာနေ့) စမည်။

🔹 ဆေးဝါးကျွမ်းကျင်အကူသင်တန်း (𝗣𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁 𝗔𝗶𝗱𝗲)
-----------------------------
👉 သင်တန်းကာလ - (၂) လခွဲ
(စာတွေ့+လက်တွေ့/ဆေးဆိုင်လက်တွေ့ပါဝင်သည်။)
👉 သင်တန်းကြေး - 300,000/- ကျပ်
(𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 - 𝟓𝟎,𝟎𝟎𝟎/- ကျပ်)
1️⃣ အပြင်သင်တန်း
👉 သင်တန်းချိန် - စနေ၊ တနင်္ဂနွေ - နံနက် (9:00) နာရီ မှ (12:00) နာရီ ထိ
👉 21.03.2026 (စ‌နေနေ့) စမည်။

2️⃣အပြင်သင်တန်း
👉 သင်တန်းချိန် - တနင်္လာ၊ အင်္ဂါ -နေ့လည် (12:30) နာရီ မှ (3:30) နာရီ ထိ
👉 30.03.2026 (တနင်္လာနေ့) စမည်။

3️⃣ 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙖𝙨𝙨
👉 သင်တန်းချိန် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ - ည (7:00) နာရီ မှ (9:00) နာရီ ထိ
👉 30.03.2026 (တနင်္လာနေ့) စမည်။

4️⃣ အပြင်သင်တန်း
👉 သင်တန်းချိန် - စနေ၊ တနင်္ဂနွေ - နံနက် (9:00) နာရီ မှ (12:00) နာရီ ထိ
👉 28.03.2026 (စ‌နေနေ့) စမည်။

🔹 𝟰 𝗦𝗸𝗶𝗹𝗹𝘀 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗳𝗼𝗿 𝗛𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 (𝗘𝗛𝗖𝗔)
-------------------------------
👉 သင်တန်းကာလ - (၄) လ (𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙖𝙨𝙨)
👉 သင်တန်းချိန် - စနေ၊ တနင်္ဂနွေ - ညနေ (6:00) နာရီ မှ (8:00) နာရီ ထိ
👉 သင်တန်းကြေး - 250,000/- ကျပ်
(𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕 - 𝟑𝟎,𝟎𝟎𝟎/- ကျပ်)
👉 21.02.2026 (စ‌နေနေ့) စမည်။
⭐️ ရည်ရွယ်ချက်။ ။ 𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲, 𝗖𝗮𝗿𝗲𝗴𝗶𝘃𝗲𝗿, 𝗛𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 (𝗛𝗖𝗔) တစ်ယောက်အနေနဲ့ နိုင်ငံခြားတွင် သွားရောက် အလုပ် လုပ်ကိုင်လိုသူ များအတွက်။
(ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းဖြင့်လုပ်ငန်းခွင်+သင်ကြားရေး အတွေ့အကြုံရှိ ဆရာမမှ ထိရောက်စွာ သင်ကြားပေးသွားပါမည်။)

🏅 ဘာကြောင့် ​𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 ကို ရွေးချယ်သင့်သလဲ?
1️⃣ သင်တန်းပြီးလျှင် အလုပ်ရရှိရန်အတွက် ပြည်တွင်း၊ ပြည်ပ အလုပ်ရှင်များနှင့် အလုပ်အကိုင် တိုက်ရိုက်ကူညီချိတ်ဆက်ပေးခြင်း။
2️⃣ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် သင်ကြားပေးခြင်း။
3️⃣ အရည်အချင်းပြည့်ဝသော ဆရာ/ဆရာမများမှ သင်ကြားပေးခြင်း။
4️⃣ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံ ရရှိအောင် စီစဉ်ပေးခြင်း။
5️⃣ လက်ဆောင်ပစ္စည်းများ ထည့်ပေးထားခြင်း။
6️⃣ အမှန်တကယ် သင်တန်းတက်ရောက်ပြီးပါက 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ရရှိခြင်း။

🎁 အထူးအခွင့်အရေးများ –
✴️ မည်သည့်သင်တန်းတက်တက် 𝑬𝒏𝒈𝒍𝒊𝒔𝒉 စာ ပညာဒါန အခမဲ့ တက်ရောက်ခွင့်ရှိခြင်း။
✴️ သင်တန်းကြေး အရစ်ကျ ပေးသွင်းနိုင်ခြင်း။
✴️ နယ်မှသင်တန်းသားများအတွက် အဆောင်ချိတ်ဆက်ပေးခြင်း။
✴️ 𝑭𝒓𝒆𝒆 𝑮𝒊𝒇𝒕 : ယူနီဖောင်း 𝑺𝒄𝒓𝒖𝒃 𝑺𝒖𝒊𝒕 ၁စုံ (𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲 အတွက်သာ)၊ သင်ရိုးဖတ်စာအုပ်များ၊ 𝑬𝒙𝒆𝒓𝒄𝒊𝒔𝒆 𝑩𝒐𝒐𝒌, 𝑩𝒂𝒍𝒍-𝒑𝒆𝒏, 𝑹𝒆𝒄𝒚𝒄𝒍𝒆 𝑩𝒂𝒈 များ။

⚠ လူဦးရေကန့်သတ်ထားပါသည်။

"𝑪𝒓𝒆𝒂𝒕𝒆 𝒚𝒐𝒖𝒓 𝒃𝒓𝒊𝒈𝒉𝒕𝒆𝒓 𝒇𝒖𝒕𝒖𝒓𝒆 𝒘𝒊𝒕𝒉 𝒖𝒔❗"

ဆက်သွယ်ရန်:
☎ 𝟬𝟵 𝟳𝟲𝟳 𝟱𝟱 𝟴𝟴 𝟲𝟬, 𝟬𝟵 𝟳𝟲𝟳 𝟲𝟲 𝟭𝟰 𝟬𝟮 (𝗣𝗵𝗼𝗻𝗲/𝗩𝗶𝗯𝗲𝗿)
𝗠𝗲𝗱 𝗖𝗶𝘁𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆
𝗡𝘂𝗿𝘀𝗲 𝗔𝗶𝗱𝗲, 𝗣𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁 𝗔𝗶𝗱𝗲, 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲, 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴, 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻 & 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
🏢အမှတ် ၁၁၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ် (အင်းစိန်ဆေးရုံဘေး)၊ ရန်ကုန်။
🚌 အင်းစိန်ဆေးရုံမှတ်တိုင်အနီး - အင်းစိန်ဆေးရုံကြီးဘေးကပ်လျက်တွင် တည်ရှိသောကြောင့် သွားရေးလာရေး လွယ်ကူပါသည်။

15/03/2026

မင်္ဂလာပါရှင် 🙏

Med City Academy ရဲ့ တနင်္လာနေ့တိုင်းတင်ပေးနေတဲ့ အပတ်စဥ်ကျန်းမာရေး ဗဟုသုတ ကဏ္ဍေလေးကနေ ဒီတပတ်ပြောပြပေးမယ့် အကြောင်းအရာလေးကတော့
"ညဘက်မှာ မီးဖွင့်ပြီး အိပ်စက်ခြင်းက သင့် နှလုံးကို တဖြည်းဖြည်းသတ်နေသလား" ပဲ ဖြစ်ပါတယ်ရှင်
-‐------------------------------------
ဆီကြော်စာရှောင်၊ လေ့ကျင့်ခန်းလုပ်ပါရဲ့နဲ့ ဘာလို့ နှလုံးမကောင်းတာလဲ?
လူအတော်များများဟာ နှလုံးကျန်းမာရေးလို့ ပြောလိုက်ရင် ဆီကြော်စာရှောင်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမထားမိဘဲ နေ့စဉ်ပြုလုပ်နေတဲ့ အလေ့အကျင့်တစ်ခုက နှလုံးကို တဖြည်းဖြည်း ဒုက္ခပေးနေတာကိုတော့ သတိမမူမိကြပါဘူး။ အဲဒါကတော့ "ညဘက်မှာ မီးဖွင့်ပြီး အိပ်စက်ခြင်း" ပဲ ဖြစ်ပါတယ်။
သက်ကြီးရွယ်အို အထူးကုဆရာဝန်ကြီး ဒေါက်တာ ဖူးယွီရှန်း (Dr. Fu Yuxiang) ရဲ့ လေ့လာတွေ့ရှိချက်အရ လူနာအချို့ဟာ ဆေးပုံမှန်သောက်ပြီး ကိုလက်စထရော ထိန်းသိမ်းနေပေမဲ့ နှလုံးအခြေအနေ ပိုဆိုးလာတာကို တွေ့ရှိခဲ့ရပါတယ်။ အကြောင်းရင်းကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သူတို့ဟာ အိပ်စက်တဲ့ပတ်ဝန်းကျင်မှာ အလင်းရောင် အလွန်အမင်း ရရှိနေတာကြောင့်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
နှလုံးက အလုပ်မနားရတဲ့အခါ
ပုံမှန်အားဖြင့် လူတစ်ယောက် အိပ်ပျော်နေချိန်မှာ နှလုံးခုန်နှုန်း နှေးသွားပြီး သွေးဖိအား ကျဆင်းသွားရမှာ ဖြစ်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်က ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြုပြင်နိုင်မှာပါ။ ဒါပေမဲ့ အိပ်ခန်းထဲမှာ အလင်းရောင် ရှိနေတဲ့အခါ ဦးနှောက်က ညမရောက်သေးဘူးလို့ အထင်မှားပြီး နာရီဇီဝ (Biological Clock) ကို ကမောက်ကမ ဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ နှလုံးက တစ်ညလုံး အလုပ်လုပ်နေရသလို ဖြစ်ပြီး သွေးကြောနံရံတွေကို ဖိအားမြင့် ရေပိုက်နဲ့ ထိုးနေသလိုမျိုး တဖြည်းဖြည်း ပျက်စီးလာစေပါတယ်။
အထူးသဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေဟာ ဒီဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။ ဒါ့အပြင် အလင်းရောင်ဟာ သွေးကြောတွေကို ကာကွယ်ပေးတဲ့ မယ်လတိုနင် (Melatonin) ဟော်မုန်း ထွက်ရှိမှုကိုလည်း ဟန့်တားနှောင့်ယှက်ပါတယ်။
ဘယ်လိုပြင်ဆင်မလဲ?
ဆရာဝန်ကြီးရဲ့ အကြံပြုချက်ကတော့ အခန်းကို လုံးဝမှောင်မည်းနေအောင် လုပ်ဖို့ မလိုအပ်ပေမဲ့ "တကယ့်ညဉ့်ဦးယံ" ပုံစံမျိုး ဖြစ်အောင် ဖန်တီးဖို့ လိုအပ်ပါတယ်။
၁။ အလင်းရောင်အားနည်းပြီး နွေးထွေးတဲ့ အရောင်ရှိတဲ့ ညအိပ်မီးသီးငယ်လေးများ ကိုသာ အသုံးပြုပါ။
၂။ တီဗွီကို အိပ်ချိန်ရောက်ရင် အလိုအလျောက် ပိတ်မယ့်စနစ် (Timer) ပေးထားပါ။
၃။ လမ်းမပေါ်က မီးရောင်တွေ အခန်းထဲ မဝင်အောင် လိုက်ကာ ထူထူ သုံးပါ။
အလင်းရောင်ကို အနည်းငယ် လျှော့ချလိုက်ရုံနဲ့တင် ညဘက် နိုးတာနည်းသွားပြီး မနက်ခင်းမှာ ပိုမိုလန်းဆန်းလာမှာ ဖြစ်သလို၊ သင့်နှလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း အများကြီး လျှော့ချပေးရာ ရောက်ပါတယ်။

Crd to original writer

#ကျန်းမာရေးဗဟုသုတ ကဏ္ဍ
#အပတ်စဥ်တနင်္လာနေ့

08/03/2026

မင်္ဂလာပါရှင် 🙏

Med City Academy ရဲ့ တနင်္လာနေ့တိုင်းတင်ပေးနေတဲ့ အပတ်စဥ်ကျန်းမာရေး ဗဟုသုတ ကဏ္ဍေလေးကနေ ဒီတပတ်ပြောပြပေးမယ့် အကြောင်းအရာလေးကတော့
"ဆီးကျောက်တည်ခြင်းရဲ့ ရောဂါလက္ခဏာများ" ပဲ ဖြစ်ပါတယ်ရှင်
-‐----------------------------------

ဆီးကျောက်တည်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆီးကျောက်တည်တဲ့ဆိုတဲ့ ပြဿနာအကြောင်း မကြာခဏ ကြားဖူးကြမှာပါ။ ဆီးသွားရင်နာတာ၊ ဆီးသွားရင် ညှစ်သွားရတာ စတာတွေက ဆီးကျောက်တည်တာရဲ့ လက္ခဏာတွေပေါ့။ ဆီးလမ်းကြောင်းမှာ ကြိုက်တဲ့ ဘယ်နေရာမှာ မဆို ဆီးကျောက်တည်နိုင်ပါတယ်။ ကျောက်ကပ်မှာလည်းတည်နိုင်တယ်၊ ဆီးအိတ်မှာလည်း ကျောက်တည်နိုင်ပါတယ်။

ဆီးကျောက်တည်တယ်ဆိုတာဘာလဲ။

ဆီးကျောက်ကိုဆေးပညာအရ (renal lithiasis, nephrolithiasis) လို့ခေါ်တတ်ပြီး ဆီးထဲမှာပါတဲ့ သတ္တုဓာတ်တွေနဲ့ ဆားဓာတ်တွေက ကျောက်အဖြစ်ပြောင်းသွားပြီး ဆီးလမ်းကြောင်းတစ်နေရာရာမှာ ပိတ်နေတာဖြစ်ပါတယ်။ ဒီလို ကျောက်တည်တာကြောင့် ဆီးသွားရခက်တာ နာကျင့်တာမျိုး ဖြစ်မယ့်အပြင် ကျောက်တည်တဲ့နေရာဝန်းကျင်မှာ ဆီးတွေအိုင်နေပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ ပိုးဝင်တာကို မထိန်းနိုင်တဲ့အခါ နောက်ပိုင်း ပိုးဆိပ် ပြန့်တာတွေအထိ ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်ပါတယ်။

ဒီတော့ နောက်ကျမှ သိတာမျိုး မဖြစ်ရလေအောင် ဆီးကျောက်တည်တဲ့အခါ ဘယ်လို လက္ခဏာတွေရှိလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

ဘယ်လိုအချက်တွေရှိနေရင် ဆီးကျောက်တည်နေပြီဆိုတာ သိနိုင်မလဲ။

( ၁ ) နောက်ဘက်ခါးအောက်ပိုင်း နာနေတတ်ပါတယ်။

• မီးဖွားရင် ခံစားရတဲ့ အနာမျိုးနဲ့ ယှဉ်ပြီးပြောရလောက်အောင် ဆီးကျောက်တည်တဲ့ နာကျင်မှုက တော်တော်ပြင်းထန်ပါတယ်။

• ရုတ်တရက်ကြီးမှ ထနာတာလည်းဖြစ်နိုင်သလို နောက်ဘက်ခါးအောက်ပိုင်းနားလေးမှာ နာလိုက်ပျောက်လိုက်ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

( ၂ ) ဆီးသွားရင် နာကျင်မယ်။ ဆီးခဏခဏသွားချင်နေမယ်။

• ဆီးအိမ်နဲ့ ဆီးသွားပြွန်ကြားထဲမှာ ကျောက်တည်နေပြီဆိုရင်တော့ ဆီးသွားရင် ကျင်တာ၊ ဆီးခဏခဏ သွားချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

• ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာနဲ့ ဆင်တူနေတာကြောင့် သူတို့ နှစ်ခုကို မှားတတ်ပါတယ်။

• မတူတာကတော့ ဆီးကျောက်တည်တဲ့ လူတွေက ဆီးလမ်းကြောင်းပိုးဝင်တာထက်စာရင် ဆီးခဏခဏ သွားချင်နေတာပါပဲ။

( ၃ )ဆီးထဲ သွေးပါ။

• ဆီးသွားရင်းနဲ့ သွေးစလေးတွေ တွေ့ရတာကလည်း ဆီးကျောက်တည်တဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။

• တစ်ချို့ ပြဿနာတွေမှာဆို သွေးကို အထင်းသားမြင်နေရတာမျိုး မဟုတ်ဘဲ မျက်လုံးနဲ့ မမြင်နိုင်လောက်တဲ့ သွေးဆဲလ်လေးတွေ ဆီးထဲ ပါလာတတ်တာကြောင့် ဓာတ်ခွဲခန်းမှာဆီးစစ်ဖို့လည်း အရေးကြီးပါတယ်။

( ၄ ) ဆီး အရောင် နောက်နေတတ်ပါတယ်။

• ဆီးအရောင်က ကြည်မနေဘဲ နောက်တော်တော်ဖြစ်နေပြီဆိုရင်တော့ ဆီးလမ်းကြောင်း တစ်နေရာရာမှာ ပိုးဝင်နေတာကို ပြောပြနေတာပါ။

• ဆီးနောက်တဲ့ အပြင် အဖြူဖတ် တွေပါ ပါလာပြီဆိုရင်တော့ ဒါ ဆီးထဲ ပြည်ပါလာတာ ဖြစ်နိုင်ပါတယ်။

( ၅ ) ဆီးကျန်သလို ခံစားနေရတတ်ပါတယ်။

• ဆီးကျောက်ကြောင့် ဆီးအကုန်မသွားနိုင်တော့ဘဲ ဆီးကျန် နေသလို ခံစားနေရတတ့်ပါတယ်။

• တစ်ချို့ဆို တော်တော်လေးညှစ်မှ ဆီးဖြည်းဖြည်းထွက်လာတတ်ပြီး တစ်ချို့ဆို လုံးဝကို ဆီးမထွက်နိုင်တော့တာမျိုးတွေရှိပါတယ်။ ဆီးလုံးဝ မပေါက်နိုင်တော့ဘူးဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားဖို့လိုအပ်ပါတယ်။

( ၆ ) ချမ်းတုန် ဖျားတတ်ပါတယ်။

• ဒီလို နာလည်းနာတယ်၊ ချမ်းတုန်ပြီးလည်းဖျားတယ်၊ အပူချိန်လည်းများတယ် ဆိုရင် ဒါဆီးလမ်းကြောင်း ပိုးဝင်နေပြီဆိုတဲ့ လက္ခဏာပါ။

ဒါတွေကတော့ ဆီးကျောက်တည် နေပြီဆိုတဲ့ အကြောင်း သိနိုင်တဲ့ အချက်တွေပါ။ စောစောသိ စောစောကုတော့ မြန်မြန်ပျောက်တာပေါ့ ။

#ကျန်းမာရေးဗဟုသုတ ကဏ္ဍ
#အပတ်စဥ်တနင်္လာနေ့

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No/11 , Mingyi Street , Insein Township
Yangon