01/05/2025
English ကို အခြေခံကျကျ စနစ်တကျနဲ့ လေ့လာဖို့ပြင်နေတဲ့ အသက် ၇နှစ်မှ ၁၃ နှစ်ကြား သားသားမီးမီးတို့အတွက် Cambridge Young Learner Exams (YLE Class) ကိုဖွင့်လှစ်တော့မှာပါ။ မိမိကလေးတွေရဲ့ English ကိုပိုမိုကောင်းမွန်စေပြီး၊ ယုံကြည်မှုအပြည့်ရှိစေလိုတဲ့ မိဘတွေအတွက် Cambridge အသိအမှတ်ပြုမှုရှိပြီး၊ အနာဂါတ်ပညာရေးလမ်းကြောင်းအတွက်ပါ ခိုင်မာစေမယ့် Edu ရဲ့ YLE Class လေးအကြောင်းပြောပြပေးမယ်နော်။
Edu ရဲ့ Online Class တွေထဲက တစ်ခုဖြစ်တဲ့ ဒီ Class ကို Zoom Class အနေနဲ့ ဖွင့်လှစ်ပို့ချပေးသွားမှာ ဖြစ်ပြီးတော့ Starters, Movers & Flyers ဆိုပြီး Level ၃ခု သင်ကြားမှာဖြစ်ပါတယ်။ Class မစခင် Placement Test လေးတွေကိုဝင်ရောက်ဖြေဆိုပြီး၊ သင့်တော်တဲ့ Level မှာပါဝင်တက်ရောက်နိုင်မှာပါ။ Online Class ဆိုပေမယ့် Section တစ်ခုမှာ အများဆုံး အယောက် ၂၀ သာပါဝင်မှာဖြစ်တာကြောင့် Student တစ်ယောက်ချင်းစီတိုင်းကို ထိထိရောက်ရောက်သင်ကြားပေးနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ ဒီတော့ YLE မှာပါတဲ့ Levels လေးတွေကို ရှင်းပြပေးပါမယ်။
1. Starters
Age Group: ပုံမှန်အားဖြင့် အသက် 7 နှစ်မှစ သားမီးမီးများ တက်ရောက်နိုင်ပါတယ်။
Level: A1 (Beginner)
Starters Level မှာဆိုရင် English 4 skills ကို သားသားမီးမီးတို့အတွက် အခြေခံမှစ ရိုးရှင်းတဲ့နေ့စဥ်သုံးဝေါဟာရ အကြောင်းအရာတွေပါဝင်မှာဖြစ်ပါတယ်။
2. Movers
Age Group: အသက် ၈ နှစ်မှ စတင်တက်ရောက်နိုင်ပါတယ်။
Level: A1 (Beginner) to A2 (Elementary).
Starters level မှာလေ့လာခဲ့တဲ့ နေ့စဥ်သုံးဝေါဟာရတွေကိုပိုမိုနားလည်စေပြီး လက်တွေ့နေ့စဥ်ဘဝမှာ အသုံးချတတ်လာစေမှာဖြစ်ပါတယ်။ပိုမိုကောင်းမွန်သော အမေးအဖြေများ တုံ့ပြန်ဖြေကြားပုံနှင့် Writing အရေးအသား စနစ်တကျဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။
3. Flyers
Age Group: အသက် 9 နှစ်မှစတင်တက်ရောက်နိုင်ပါတယ်။
Level: A2 (Elementary).
ပိုမိုအဆင့်မြင့်သော ဘာသာစကားလေ့လာမှုများနဲ့ ပိုမိုခက်ခဲသောအခြေအနေမျိုးမှာ ကလေးတစ်ဦး၏ အင်္ဂလိပ်စာ အသုံးပြုနိုင်စွမ်းကိုမြှင့်တင်ပေးမှာဖြစ်ပါတယ်။
Course Details
-Placement Test များကို April လမှာတည်းက ကြိုတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။
- တစ်ပတ်လျှင် Main Course သုံးနာရီကြာသင်ကြားမှာဖြစ်ပြီးတော့ Grammar သင်ကြားချိန်တစ်နာရီနဲ့ စုစုပေါင်း လေးနာရီ ကြာရှိပါမယ်။
International Curriculum သင်ကြားနေသော အတွေ့အကြုံရှိဆရာမများကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်။
Courses တိုင်းအတွက်သင်တန်းကြေးအနေနဲ့ တစ်လလျှင် -
1. Starters - Fees: 45,000 MMK
2. Movers - Fees: 55,000 MMK
3. Flyers - Fees: 65,000 MMK
Additional Costs အနေနဲ့ Registration Fees + Placement Test အတွက် 10,000 MMK သာ ကျသင့်မှာဖြစ်လို့ ယခုထဲက သားသားမီးမီးတို့ English 4 skills အခြေခံပိုင်နိုင်ဖို့အတွက် စာရင်းပေးအပ်နှံလို့ရပါပီ ဖေဖေ မေမေ တို့ရေ။
Class နဲ့ပက်သက်ပြီး အသေးစိတ်စုံစမ်းလိုပါက page Chat Box မှမေးမြန်းနိုင်ရုံသာမက
Viber Number Viber
09421088911 မှ လည်းဆက်သွယ်စုံစမ်းနိုင်ပါပြီ🍀