Chase Your Dream in Korea

Chase Your Dream in Korea

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chase Your Dream in Korea, Education, Yangon.

Photos from Chase Your Dream in Korea's post 08/06/2025

ရုပ်ရှင် ဇာတ်လမ်းတွေမှာ အတွေ့များတဲ့ အစားအစာ🍱🍱🍱

ကိုရီးယားဇာတ်လမ်းတွဲတွေမှာလည်း
အတွေ့များပြီး
မြန်မာလူမျိုးတွေလည်း ကြိုက်နှစ်သက်တဲ့

အစားအသောက် အခေါ်အဝေါ်လေးတွေ လေ့လာ ကြည့်ရအောင်✅✅✅

➡️갈비 (ဂါးလ်ဘီ) နံရိုးကင်

➡️삼겹살 (ဆမ်းဂရော့ပ် ဆားလ်) ဝက်သုံးထပ်သား

➡️잡채 (ဂျာ့ပ် ချယ်) ပဲကြာဆံသုပ်

➡️김치 (ဂင်မ်ချီ) ဂင်မ်ချီ

➡️떡볶이 (တော့ပို့ကီ) တော့ပုကီ

➡️김밥 (ဂင်မ် ဘာ့) ထမင်းလိပ်

01/06/2025

အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခရီးတစ်ခု🍜🍜🍜

ကိုရီးယားအစားအစာဆိုတာ
✅အရသာရှိရုံသာမက
✅ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့
အာရှရဲ့ ထူးခြားတဲ့ အစားအသောက်ယဉ်ကျေးမှုတစ်ခုပါပဲ။ 😍😍😍

ကမ္ဘာတစ်ဝန်းမှာ K-Pop နဲ့ K-Drama တွေ
နာမည်ကြီးလာတာနဲ့အမျှ ကိုရီးယားအစားအစာတွေကလည်း ❤️❤️❤️လူကြိုက်များလာပြီး နိုင်ငံတကာက လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာပါတယ်။

ကိုရီးယားအစားအစာတွေရဲ့ ထူးခြားချက်တွေကတော့👇👇👇

✅အချဉ်ဖောက်ထားသော အစားအစာများ (Fermented Foods)

ကိုရီးယားအစားအစာရဲ့
အခြေခံအုတ်မြစ်လို့ ပြောနိုင်တဲ့
Kimchi (ကင်မ်ချီ)ကတော့
အချဉ်ဖောက်ထားတဲ့
မုန်လာဥနီ၊ ပဲပင်ပေါက်၊ သခွားသီး
စတာတွေနဲ့ ပြုလုပ်ထားတဲ့
ဟင်းလျာမျိုးစုံရဲ့ 👑ဘုရင်မပါပဲ။

Kimchi ဟာ အူလမ်းကြောင်း
ကျန်းမာရေးအတွက်
ကောင်းမွန်တဲ့ Probiotics တွေ
ကြွယ်ဝစွာ ပါဝင်ပါတယ်။💪💪💪

✅စပ်သော အရသာ (Spicy Flavors)🥵

ကိုရီးယားအစားအစာအများစုဟာ
စပ်တဲ့အရသာကို အခြေခံပြီး
고추장 (ကိုချူဂျန်း) လို့ခေါ်တဲ့
ငရုတ်ဆီအနှစ်နဲ့
고춧가루 (ကိုချူဂါရူ) လို့ခေါ်တဲ့
ငရုတ်သီးမှုန့်တွေဟာ
အစားအစာတိုင်းနီးပါးမှာ
မပါမဖြစ် ပါဝင်လေ့ရှိပါတယ်။

✅ဟင်းရွက်များစွာ ပါဝင်ခြင်း (Abundance of Vegetables)

ကိုရီးယားအစားအစာတွေမှာ ဟင်းသီးဟင်းရွက်မျိုးစုံကို
အသားနဲ့အတူ တွဲဖက်စားသုံးလေ့ရှိပါတယ်။ ဒီအတွက်ကြောင့်လည်း
အာဟာရပြည့်ဝပြီး
ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။
#ကိုရီးယားအစားအစာ #ကိုရီယားယဉ်‌‌ေကျးမှု

Photos from Chase Your Dream in Korea's post 29/05/2025

အားကစားလုပ်ရတာ ဝါသနာပါတဲ့ သူတွေအတွက် ကိုရီးယားလို ပြောကြမယ်

အားတဲ့အချိန်ကြရင် ဘောလုံးကန်တယ်
시간이 있으면 축구해요.
ရှီဂန်းနီ အီဆွတ်မြောင်း ချူ့ဂူဟယ်ရို

အားတဲ့အချိန်ကြရင် စက်ဘီးစီးတယ်
시간이 있으면 자전거를 타요.
ရှီဂန်းနီ အီဆွတ်မြောင်း ဂျာဂျောန်းဂေါလူးလ် ထာရို

အားတဲ့အချိန်ကြရင် တင်းနစ်ရိုက်တယ်
시간이 있으면 테니스를 쳐요.
ရှီဂန်းနီ ဆီဆွတ်မြောင်း ထယ်နီဆွတ်လူးလ် ချောယို

시간이 있으면 뭐해요?
시간이 있으면 볼링을 쳐요.

စသဖြင့် အစားထိုးပြီး ပြောဆိုနိုင်ပါတယ်

အကျိုးရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်🤗

27/05/2025

ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်များမှာ "တောင်ကိုရီးယားရဲ့ ပညာရေးစနစ်"ဟာ ထိပ်တန်းစာရင်းဝင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတာဟာ အံ့သြဖွယ်ရာတော့ မဟုတ်ပါ။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ပညာရေးရဲ့ အရေးပါမှုကို နက်နက်ရှိုင်းရှိုင်းယုံကြည်တဲ့ ကိုရီးယားလူမျိုးတွေဟာ သူတို့ရဲ့ အနာဂတ်မျိုးဆက်သစ်များအတွက် အကောင်းဆုံးသော ပညာရေးအခွင့်အလမ်းများကို ပံ့ပိုးပေးရန် အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိနေပါတယ်။

✅မူလတန်းနှင့် အလယ်တန်းပညာရေး (Primary and Secondary Education)

ကိုရီးယားမှာ အသက် ၆ နှစ်မှ စတင်ပြီး မူလတန်းပညာရေးကို ၆ နှစ်ကြာ သင်ယူရပါတယ်။ ပြီးနောက် အလယ်တန်းပညာရေးကို ၃ နှစ်နှင့် အထက်တန်းပညာရေးကို ၃ နှစ် ဆက်လက်သင်ယူရပါတယ်။ မူလတန်းနှင့် အလယ်တန်းအဆင့်များမှာ ကျောင်းသားတွေဟာ အခြေခံဘာသာရပ်များဖြစ်သော ကိုရီးယားစာပေ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးနှင့် အင်္ဂလိပ်စာတို့ကို အဓိကထား သင်ယူကြရပါတယ်။ အထက်တန်းအဆင့်မှာတော့ ကျောင်းသားများဟာ မိမိတို့ရဲ့ ဝါသနာနှင့် အနာဂတ်ရည်မှန်းချက်များပေါ်မူတည်ပြီး ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်ကြပါတယ်။

✅အဆင့်မြင့်ပညာရေး (Higher Education)

ကိုရီးယားနိုင်ငံမှာ အဆင့်မြင့်ပညာရေးဟာ အလွန်အမင်းတန်ဖိုးထားခံရပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဟာ အလွန်အရေးပါလျှက် ရှိပါတယ်။ "Suneung" "ဆူနုံး" ဟုခေါ်သော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် တစ်နိုင်ငံလုံးမှာရှိတဲ့ အထက်တန်းကျောင်းသားများအတွက် တစ်နှစ်တစ်ကြိမ်သာ ကျင်းပပြီး ထိုရမှတ်များဟာ ကျောင်းသားများရဲ့ တက္ကသိုလ်တက်ရောက်ခွင့်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ကိုရီးယားနိုင်ငံမှာ နာမည်ကျော်ကြားတဲ့ ထိပ်တန်းတက္ကသိုလ်များစွာရှိပြီး ထိုတက္ကသိုလ်များမှ ဘွဲ့ရများဟာ လူမှုအဖွဲ့အစည်းမှာ အလွန်အရေးပါသောနေရာများမှာ တာဝန်ထမ်းဆောင်လေ့ရှိကြပါတယ်။

✅ပညာရေးအပေါ် တန်ဖိုးထားမှုနှင့် ပြိုင်ဆိုင်မှု (Value on Education and Competition)

ကိုရီးယားလူ့အဖွဲ့အစည်းမှာ ပညာရေးဟာ လူမှုရေးအရ အဆင့်အတန်းမြင့်မားစေရန်နှင့် အောင်မြင်သောအသက်မွေးဝမ်းကျောင်းမှုရရှိရန်အတွက် အဓိကသော့ချက်တစ်ခုအဖြစ် မှတ်ယူကြပါတယ်။

ထို့ကြောင့် မိဘများဟာ သူတို့ရဲ့ကလေးများ ပညာရေးအတွက် များစွာ ရင်းနှီးမြှုပ်နှံကြပြီး ကျောင်းသားများဟာလည်း ငယ်ရွယ်စဉ်မှစ၍ ပညာရေးတွင် အောင်မြင်မှုရရှိရန်အတွက် အပြင်းအထန် ကြိုးစားအားထုတ်ကြပါတယ်။ ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပညာရေးစနစ်ဟာ ကိုရီးယားနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းကို မြင့်မားစေပေမဲ့လည်း ကျောင်းသားများအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားများလည်း သက်ရောက်စေနိုင်ပါတယ်။

အချုပ်ဆိုရမယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ ပညာရေးစနစ်ဟာ စည်းကမ်းပြင်းထန်မှု၊ အားပေးကူညီမှုနှင့် ပြိုင်ဆိုင်မှုတွေ ပေါင်းစပ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ဟာ ကိုရီးယားနိုင်ငံကို ကမ္ဘာ့စီးပွားရေးနှင့် နည်းပညာနယ်ပယ်မှာ ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ရန် များစွာ အထောက်အကူပြုခဲ့ပါတယ်။ သို့သော်လည်း ကျောင်းသားများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုပြုရန်နှင့် ပိုမိုမျှတသော ပညာရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန်အတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ လိုအပ်နေပါသေးတယ်။

#ကိုရီးယားပညာရေး #ကိုရီးယား‌အ‌ကြာင်း #ကိုရီးယားစာလေ့လာမယ်

27/05/2025

ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်များမှာ တောင်ကိုရီးယားရဲ့ ပညာရေးစနစ်ဟာ ထိပ်တန်းစာရင်းဝင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတာဟာ အံ့သြဖွယ်ရာတော့ မဟုတ်ပါ။

Photos from Chase Your Dream in Korea's post 26/05/2025

ကိုရီးယားလို မိသားစုဝင် အခေါ်အဝေါ်များ

Photos from Chase Your Dream in Korea's post 17/05/2024

စိတ်ခံစားမှုတွေကို ကိုရီးယားလို ပြောကြရအောင်🤗

ငါ ဒီနေ့ စိတ်ပျော်တယ်
나 오늘 기분이 좋아
နာ အိုနူးလ် ဂီဘွန်းနီ ဂျိုအာ

ပျော်ရွှင်သော စိတ်နဲ့ နေပါ
기쁜 마음으로 사세요.
ဂီပွန်း မာအွန်းမွတ်လို ဆာဆယ်ယို

ခရီးသွားရင် စိတ်ကြည်နူးတယ်
여행가면 즐거워요.
ယောဟန်း ဂါမြောင်း ဂျူးလ်ဂေါ်ဝေါယို

ငါ အခု အရမ်း တက်ကြွနေတယ်
나 지금 돼게 신나
နာ ဂျီဂွန်း ဒွယ်ကယ် ရှင်းနာ

အခု တစ်ယောက်တည်းမို့လို့ ဝမ်းနည်းတယ်
지금 혼자라서 슬퍼
ဂျီဂွန်း ဟွန်းဂျာလာဆော ဆွတ်လ်ဖော

အလုပ်ကြောင့် ပင်ပန်းတယ်
일때문에 피곤해
အီးလ် သယ်မွန်းနဲ ဖီဂွန်းဟယ်

စာသင်ချိန်တိုင်းမှာ အိပ်ငိုက်တယ်
수업시간마다 졸려
ဆူအော့ပ် ရှီဂန်းမာဒါ ဂျိုးလ် လယော

ဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်🤗

ချယ်ကိုယ်တိုင်သင်ပေးမယ့် ရုံးချိန်လွတ် Korean Online Classတွေကို msger ကနေတဆင့် စုံစမ်းနိုင်ပါပီ🤗

Photos from Chase Your Dream in Korea's post 11/05/2024

ခေါက်ဆွဲက အရသာရှိတယ်
ကိုရီးယားလို ဘယလို ပြောကြမလဲ

ခေါက်ဆွဲက အရသာရှိတယ်
라면이 맛있어요
လာမြောင်းနီ မာရှိ့ဆောယို

ငရုတ်သီးက စပ်တယ်
고추가 매워요.
ဂိုချူကာ မယ်ဝေါယို

ချိုတဲ့အရသာကို ကြိုက်တယ်
단 맛을 좋아해요.
ဒန် မာ့စ်လူး ဂျိုဟာဟယ်ရို

ငန်တာ စားတာများရင် ကျန်းမာရေးအတွက် မကောင်းဘူး
짠 음식을 많이 먹으면 건강에 안 좋아요.
ကျန်း အွန်းရှိ့ဂူးလ် မားနီး မော့ဂွတ်မြောင်း ဂေါင်းဂန်းအဲ အန် ဂျိုအာယို

ကိုရီးယားလို ပြောနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်🤗

ဆင်ပြေကြပါစေ🤗

ကိုရီးယားစာ အခြေခံမှစပြီး တတ်ကျွမ်းသည်အထိ အွန်လိုင်းအတန်းများကို စုံစမ်းနိုင်ပါတယ်🤗်

Photos from Chase Your Dream in Korea's post 08/05/2024

အဝေးပြေးကားစီးပြီး ဘူဆန် သွားမယ်

ကိုရီးယားလို ပြောကြမယ်

အဝေးပြေးကားနဲ့ ဘူဆန် သွားပါတယ်
고속버스로 부산에 가요.
ဂိုဆို့ ဘောဆွတ်လို ဘူဆန်အဲ ဂါယို

မြို့ပတ်ဘတ်စ်ကားနဲ့ မြို့ထဲ လျှောက်သွားပါတယ်
시내버스를 타고 시내에 가요.
ရှီနယ် ဘောဆွတ်လို ရှီနယ်အဲ ဂါယို

တက်စီနဲ့ ကျောင်းသို့ သွားပါတယ်
택시로 학교에 가요
တက်ရှီလို ဟက့်ကယို့အဲ ဂါယို

ရထားစီးပီး ပုဂံ သွားချင်ပါတယ်
기차를 타고 바간에 가고 싶어요.
ဂီချာလူး ထာဂို ဘာဂန်အဲ ဂါဂိုရှီ့ဖော်ယို

လေယာဉ်စီးပြီး ကိုရီးယား သွားချင်ပါတယ်
비행기를 타고 한국에 가고 싶어요.
ဘီဟန်းဂီလူး ထာဂို ဟန်းဂုအဲ ဂါဂိုရှိ့ဖော်ယို

လေဆိပ်မှာ သူငယ်ချင်းကို စောင့်နေပါတယ်
공항에서 친구를 기다리고 있어요.
ဂုံးဟန်းအဲစော ချင်းဂူးလူး ဂီဒါလီကို အီ့ဆောယို

ဘတ်စ်ကားမှတ်တိုင်မှာ တွေ့ကြရအောင်
버스정류장에서 만나요.
ဘောဆွတ် ဂျောင်းလယူဂျန်းအဲဆော မန်နာယို

ကိုရီးယားလို ပြောနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်🤗

ဆင်ပြေကြပါစေ🤗

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon