ကျူရှင် Special Class

ကျူရှင် Special Class

Share

Education is the most powerful weapon which you can use to change the world.

14/02/2025

ပညာရေးလောကတွင် သင်ကြားရေးအတွေ့အကြုံ ဆယ်စုနှစ်ကျော်ရှိထားပြီး အမှတ်ပေးစည်းမျဉ်းနှင့်အညီ သင်ကြားပြသနိုင်သော ဝါရင့်ဆရာ၊ဆရာမများ ပူးပေါင်း၍

👉2025-2026ပညာသင်နှစ်အတွက်👈
🍀အလယ်တန်း (Grade-6 to Grade-9)
🍀အထက်တန်း (Grade 10, Grade 11 & Grade 12) အတန်းများအတွက်ဘာသာစုံ စာသင်ဝိုင်းများစီစဉ်ထားပါတယ်

🍀Class size အနေနဲ့ တစ်တန်းလျှင် အများဆုံး(5)ဦးသာလက်ခံသင်ကြားပေးမှာဖြစ်ပါတယ်

🍀တစ်ဘာသာချင်းစီလည်းတက်ရောက်သင်ယူနိုင်ပါတယ်

**အတန်းများအားလုံးMarch လဆန်းမှာစတင်မှာဖြစ်လို့ ကြိုတင်၍စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ**

လိပ်စာ 🏡
ပုသိမ်ညွန့် ၅လမ်း

ဆက်သွယ်စုံစမ်းရန်
📲09652474923 & 09696446853
Viber တွင်လည်းစုံစမ်းနိုင်ပါတယ်

31/05/2024

Learn English from movie

31/05/2024

ရုပ်ရှင်ကြည့်ပြီး English စာလေ့လာရအောင်....

Photos from ကျူရှင် Special Class's post 12/05/2024

Read the passage...
"Reading is essential for those who seek to rise above the ordinary"

Photos from ကျူရှင် Special Class's post 06/02/2024

English four skills training class....
online class/ face-to-face classes/ individualized classes

# တစ်ရက် တစ်နာရီခွဲ. တစ်ပတ်နှစ်ရက်

# skills တစ်ခုချင်းစီအတွက် curriculum တစ်ခုချင်းစီကို contentနှင့်တစ်ကွ page အချို့ကို ဖော်ပြထားသည်။

# လစဉ် student achievement test စစ်ဆေးပါသည်။ (skills တစ်ခုချင်းစီအတွက် gradeသတ်မှတ်ပြီး မိဘထံအသိပေးမည်ဖြစ်သည်။)

# သင်တန်းရှိသည့် ရက်တိုင်း 1min speech topic ပြောရမည်။ Question & Answers session (one by one) ရှိမည်။ သင်ကြားပြီးသော grammar များကို မတူညီသော exerciseဖြေရမည်။ (ပြီးမှသာသင်ခန်းစာအသစ်တက်မည်။)

# Level တစ်ခုစီအတွက် part(1) four skills သင်ကြားပြီးလျှင် part(2) level up တတ်ချင်လျှင် စာမေးပွဲဖြေဆိုပြီး gradeမှီလျှင်ဆက်တတ်နိုင်သည်။

# သင်တန်းမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာနိုင်ရမည်။

# online class 100000 kyats per months/ individualized class (near South Oakkalar Pa township 150000 kyats)

Ph. 09652474923

Photos from ကျူရှင် Special Class's post 05/12/2023

Quiz...

01/12/2023

ဒွါဒသမတန်း ( Grade 12 ) အစိုးရစစ်စာမေးပွဲနဲ့ပတ်သက်ပီး ကျောင်းအုပ်များ | အထက်တန်းပြများ | ကျောင်းသားကျောင်းသူမိဘများသိရှိစေရန် တီချယ်ကြီးပြောပြလိုက်ပါတယ် ။
၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှစတင်ခဲ့တဲ့မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုများသည်ယခုစာသင်နှစ် ၂၀၂၃ - ၂၀၂၄ ပညာသင်တွင်ပြီးဆုံးမည်ဖြစ်သည်။နောက်ဆုံးပြောင်းလဲရန်ကျန်ရှိနေတဲ့ Grade 9 နဲ့ Grade 12 အတန်းနှစ်တန်းကိုပြောင်းလဲပြီးသောအတန်းငယ်များနည်းတူဖတ်စာအုပ်အသစ်များအသုံးပြု၍သင်ကြားပို့ချမည်ဖြစ်သည်။
စာသင်နှစ်ကုန်ဆုံးတဲ့အခါသင်ယူတတ်မြောက်မှုစစ်ဆေးနည်းအသစ်ဖြင့် grading(စစ်ဆေးအမှတ်ပေးခြင်း)ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံပညာရေးစနစ်သစ်၏ပထမဆုံးအသုတ်ဖြစ်သည့်ယခုနှစ် Grade 12 ကျောင်းသားကျောင်းသူများသည် ၂၀၂၄ခုနှစ်ဖေဖော်ဝါရီလတွင်အထက်တန်းပညာသင်ယူမှုပြီးစီးကြောင်းလက်မှတ်(High School Completion Certificate)ရရှိမည့်ကျောင်းစစ်စာမေးပွဲကိုဖြေဆိုရမည်။
အထက်တန်းပညာသင်ယူပြီးစီးကြောင်းလက်မှတ်(HSCC)ရရှိထားတဲ့ကျောင်းသားကျောင်းသူများသည်(GTI)ကွန်ပျူတာကောလိပ်များ | အသက်မွေးဝမ်းကျောင်းပညာများ | စိုက်ပျိုးရေးမွေးမြူရေးများ | ကောလိပ်များအားလုံးတွင်တက်ရောက်ခွင့်ရှိပီးကောလိပ်အသီးသီးတွင်နှစ်နှစ်(သို့)သုံးနှစ်တက်ရောက်သင်ယူတတ်မြောက်ပြီးတဲ့အခါ Diploma(ဘွဲ့လက်မှတ်)များရရှိမည်ဖြစ်ပီးလုပ်ငန်းခွင်များကိုဝင်ရောက်နိုင်မည်။

တကယ်လို့Universityအသီးသီးတွင်ဆက်လက်ပညာဆည်းပူးလိုပါကပေါင်းကူး(bridge)အစီအစဉ်ဖြင့်မိမိရရှိထားတဲ့ diploma နဲ့ဘာသာရပ်သင်University၏ဒုတိယနှစ်(သို့)တတိယနှစ်အတန်းများတွင်ဆက်လက်တက်ရောက်၍Universityဘွဲ့ကိုရယူနိုင်သည်။
ကျောင်းစစ် Grade 12 စာမေးပွဲအောင်မြင်ပီးUniversityတွေကိုတစ်ဆက်တည်းတက်ရောက်လိုလျှင် ၂၀၂၄ခုနှစ်မတ်လတွင်ကျင်းပပြုလုပ်မည့်နိုင်ငံတော်အဆင့်အစိုးရစစ်ဒွါဒသမတန်းစာမေးပွဲကြီးကိုထပ်မံဖြေဆိုရမည်။
ထိုစာမေးပွဲကြီးတွင်ဘာသာရပ်ခြောက်ခုဖြေဆိုရမည် ၁ - မြန်မာစာ ၂ - အင်္ဂလိပ်စာ ၃ - သင်္ချာ ၄ - ဓာတုဗေဒ(သို့မဟုတ်)ပထဝီဝင် ၅ - ရူပဗေဒ(သို့မဟုတ်)သမိုင်း ၆ - ဇီဝဗေဒ(သို့မဟုတ်)ဘောဂဗေဒတို့ဖြစ်သည်။
ထိုစာမေးပွဲကြီး၏ရလဒ်ကိုအအောင်/အရှုံးမကြေငြာဘဲ Grade A(သို့မဟုတ်) Grade B(သို့မဟုတ်) Grade C စသည်ဖြင့်အဆင့်သုံးဆင့်ခွဲ၍ကြေငြာသွားမည်။
Grade A အဆင့်ရရှိတဲ့ကျောင်းသားကျောင်းသူများအနေဖြင့်မိမိတို့တက်ရောက်လိုတဲ့ဘယ်Universityကိုမဆိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပီးGrade B/Grade C ရရှိတဲ့ကျောင်းသားကျောင်းသူများသည်သတ်မှတ်ထားတဲ့Universityတွေကိုတက်ခွင့်ရမှာဖြစ်သည်။
Universityဝင်ခွင့်လျှောက်ထားသူများကိုသက်ဆိုင်ရာUniversityအသီးသီးမှအနည်းဆုံးနှစ်ဘာသာ(အင်္ဂလိပ်စာ+ဇီဝဗေဒ(သို့မဟုတ်)သင်္ချာ) အများဆုံးလေးဘာသာ(အင်္ဂလိပ်စာ+ဇီဝဗေဒ(သို့မဟုတ်)သင်္ချာ+ရူပဗေဒ(သို့မဟုတ်)ဘောဂဗေဒ+ဓာတုဗေဒ)ထပ်မံဖြေဆိုခိုင်းပီးမှဝင်ခွင့်ရွေးချယ်မည်ဖြစ်သည်။
University များဝင်ခွင့်လျှောက်ထားတဲ့အခါ အင်္ဂလိပ်စာဘာသာရပ်၏ Grade များကိုစီစစ်မှာမို့ ဒွါဒသမတန်း ( Grade 12 )နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်သည်အရေးအကြီးဆုံးဘာသာရပ်ဖြစ်သည်။
ဒွါဒသမတန်း( Grade12 )နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်တွင်အဆင့်မြင့်သော Grade များရရှိရမည်ဖြစ်သည်။
ဒွါဒသမတန်း ( Grade 12 )ကျောင်းစစ်နဲ့အစိုးရစစ်စာမေးပွဲအတွက်အဂ်လိပ်စာမေးခွန်းတွင် ၁ - Reading Skill ၂ - Writing Skill ၃ - Listening and Speaking Skills ၄ - Vocabulary ၅ - Grammar ၆ - Poetry ဟူ၍ခြောက်မျိုးပါဝင်မည်ဖြစ်သည် ။

ဒေါက်တာခင်မြင့်ရီ ( 17-11-2023 )

Photos from ကျူရှင် Special Class's post 14/11/2023

မြန်မာစာသဒ္ဒါပဲ ဖြစ်ဖြစ် English Grammar ပဲဖြစ်ဖြစ် စလာတော့မယ်ဆိုရင် ပထမဆုံးအရေးကြီးဆုံးက eight parts of speech (ဝါစင်္ဂရှစ်မျိုး)ပါ။
အဲ့ထဲက ပထမဆုံးဖြစ်တဲ့ noun (နာမ်)အမျိုးအစားများကိုလေ့လာပြီး MCQလေးတွေဖြေကြည့်ရအောင်....

Part(1)
Noun အမျိုးစားများ

မြန်မာစာမှာ တစ်၊များ၊စိတ်၊စု နာမ်(နက်)ဟု
ပင်၊ပေါင်း၊ကြိ၊ဂုဏ် (ဖွဲ့စည်းပုံ)လို့ မှတ်ခဲ့သလိုပါပဲ Englishစာမှာလည်း Types of Noun တွေကိုမှတ်သားနိုင်ပါတယ်။

11/11/2023

Special Classကို ဦးဆောင်တဲ့ ဆရာကြီးရဲ့ မြန်မာ မေးခွန်း ၅စုံ ထွက်ပါပြီ...
တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက်လေ့ကျင့်လို့ရပါပြီ....💙💙💙

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Myittar Road
Yangon
11091