Mary Chapman School for the Deaf

Mary Chapman School for the Deaf

Share

The Mary Chapman School for the Deaf, founded in 1920, is a day and residential program for all stud

A safe, cheerful and residential place where students can enjoy their education and extracurricular activities.

17/08/2026

ကိုဘုန်းမြင့်ပိုင်မှ မိမိရဲ့ (၂၇)နှစ်ပြည့်​မွေး​နေ့အတွက် MCSD မှ ညီမ​လေး၊ ​မောင်​လေးများအတွက် ကျပ် ၃၀၀,၀၀၀/- ​ပေးပို့လှူဒါန်းပါတယ်ရှင့်။
အလှူရှင် ကိုဘုန်းမြင့်ပိုင် မေရီချက်(ပ်)မင်း​ကျောင်းမှ ညီမ​လေး​၊ မောင်​လေးများကို​စေတနာထားမှူ​ကြောင့်ထပ်တူအကျိုးခံစားရရှိပါ​စေ။
ဝမ်း​မြောက်​ပျော်ရွှင် ကျန်းမာရွှင်လန်းတဲ့ ​နေ့စဥ်ဘဝကိုရရှိပိုင်ဆိုင်နိုင်ပါ​စေရှင့်။

Photos from Mary Chapman School for the Deaf's post 16/08/2026

၁၆ - ၈ - ၂၀၂၆ရက်​နေ့ ည​နေစာ အတွက် အလှူပါရှင့်။
​ဇေယျဘုမ္မိကျောင်း၊ ​ရေတာရှည်လမ်း​ဟောင်း၊ ​ဗဟန်းမြို့နယ် မှ ဆရာ​တော် ဦးက္ရန္ဒက ​မွေး​နေ့အလှူ ည​နေစာ ကျပ် ၁,၀၀၀,၀၀၀/- ပါရှင့်။
ဆရာ​တော်သက်​တော်ဝါတော်ရှည်ပါ​စေ။
သာသနာ့အကျိုး၊ အများအကျိုးဆက်သက်သယ်ပိုးနိုင်ပါ​စေရှင့်။
ဆရာ​တော်က ကိုဗစ်- ၁၉ မတိုင်မီက အမြဲတမ်းအလှူရှင်တစ်ပါးလည်းဖြစ်ပါတယ်။

16/08/2026

မိဘများရှင့်၊
မနက်ဖန် ၁၇ရက်​နေ့မှစပြီး ​​သောကြာ​နေ့၂၁ရက်​နေ့ အထိကျောင်းတစ်ပတ်ဆက်ပိတ်ပါမယ်ရှင့်။
နားလည်​ပေးကြလို့​ကျေးဇူးပါရှင့် ။
က​လေးတို့လွတ်သွားတဲ့ စာများလည်း ဆရာ၊ ဆရာမများက အထူးကရုစိုက်ပြန်ပြီးသင်​ပေးပါ့မယ်ရှင့်။

Photos from Mary Chapman School for the Deaf's post 15/08/2026

ယ​နေ့​မွေး​နေ့ကျ​ရောက်​သော ဦးဝင်းနိုင်နှင့် ​မွေး​နေ့ရှင် မိသားစုမှ မနက်ဖန် ၁၅- ၈- ၂၀၂၆ ရက်​နေ့ နံနက်စာ အဆာ​ပြေ breakfast က​လေးတို့ကြိုက်တဲ့ ​ခေါက်ဆွဲပြုတ်နဲ့ ည​နေ အချိုပွဲ ဌက်​ပျောသီး အတွက်အလှူ​ငွေ ကျပ် ၅၀၀, ၀၀၀/- ​ပေးပို့လှူဒါန်းပါတယ်ရှင့်။
​မွေး​နေ့ရှင်နှင့် မိသားစုများ ဆထက်ထမ်းပိုးစီးပွားတိုးပြီး၊ အဆတစ်ရာမက အလှူအတန်းပြုနိုင်ပါ​စေရှင့်။
ကျန်းမာ​ပျော်ရွှင် ​ဘေးအန္တရာယ်အ​ပေါင်းမှ ကင်း​ဝေးကြပါ​စေရှင့်။

14/08/2026

#မနက်ဖန်စပါပြီရှင့်!
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ၊ မိဘပညာ​ပေး Online သင်တန်းအမှတ်စဥ် ( ၂ ​) ခေါ်ယူခြင်း။ လူ (၅၀)ပါပဲ​နော်။ ကျန်ခဲ့သူများ​နောက်တစ်​ခေါက်မှ join ခွင့်ရပါမယ်။
သြဂုတ်လ (၁၅-၁၆)ရက်​နေ့ ။
(၂၂- ၂၃)ရက်​နေ့ ။
(၂၉-၃၀)ရက်​နေ့ ။
စုစု​ပေါင်း(၆)ရက်လုံးအပြည့်တက်ရပါမယ်ရှင့်။
ZOOM ဖြင့် ည ၇ နာရီမှ ၉နာရီထိ။
​မေရီချက်(ပ်)မင်း​ကျောင်းသားမိဘဖြစ်ရမည်။
#မတက်ရောက်ရသေးသူများကိုဦးစားပေးပါမည်။
09 - 5173240 Viber မှ (စာချန်ခဲ့ပြီး) တစ်ဦးချင်းဆက်သွယ်ပါရှင့်။
018 - 221872 သို့လည်းဆက်သွယ်​မေးမြန်းနိုင်ပါသည်။

14/08/2026



စ​နေ/တနဂ်​နွေ များပါရှင့် ။
September 5 th - 6th,
12th-13th , 19th -20th, 26th - 27th
#အချိန် - ည ၇း၃၀ နာရီမှ ၉း၀၀နာရီပါရှင့်။
#သင်တန်းကြေး - ကျပ် ၃၀,၀၀၀
Kpay 09- 5173240 Khin Thida Nyunt @ Viber
#မှတ်ချက်
အ​ကြောင်းအမျိုးမျိုး​ကြောင့် ယခင်သင်တန်းမပြီးဆုံး​သေးသူများ receipt အစိမ်းViber မှာပို့ပြီး၊ အခမဲ့ ပြန်လည်တက်​ရောက်ပါရှင့်။
သင်တန်းအပ်သူများ - kpay Screenshot, အမည် , Viber No. ချန်ခဲ့ပါရှင့်။ group ဖွဲ့ဖို့ပါ။
Zoom link က (၂) ရက်အလိုမှချ​ပေးပါမယ်ရှင့်။

14/08/2026

KOENJI Japanese Language and Training Center ၏ founder များဖြစ်ကြ​သော Saya U Saga La Ja နှင့် ဇနီး ဆရာမ​ဒေါ်ခင်ချိုသိန်းတို့မှ တစ်လအတွင်း ဆန်အလှူ (၂)ကြိမ် ​စုစုပေါင်း (၂၅) အိတ်လှူဒါန်း​ပေးလို့ ​ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။
ယခုလို လှူဒါန်းရခြင်း​ကြောင့် အဆ(၃၀)၊အဆ(၆၀)၊ အဆ(၁၀၀ )မကကြီးပွားတိုးတက် အလှူ​ရေစက်လက်နဲ့မကွာလှူဒါန်းနိုင်ပါ​စေရှင့်။

14/08/2026

ယ​နေ့​မွေး​နေ့ကျ​ရောက်​သော ဦးဝင်းနိုင်နှင့် ​မွေး​နေ့ရှင် မိသားစုမှ မနက်ဖန် ၁၅- ၈- ၂၀၂၆ ရက်​နေ့ နံနက်စာ အဆာ​ပြေ breakfast က​လေးတို့ကြိုက်တဲ့ ​ခေါက်ဆွဲပြုတ်နဲ့ ည​နေ အချိုပွဲ ဌက်​ပျောသီး အတွက်အလှူ​ငွေ ကျပ် ၅၀၀, ၀၀၀/- ​ပေးပို့လှူဒါန်းပါတယ်ရှင့်။
​မွေး​နေ့ရှင်နှင့် မိသားစုများ ဆထက်ထမ်းပိုးစီးပွားတိုးပြီး၊ အဆတစ်ရာမက အလှူအတန်းပြုနိုင်ပါ​စေရှင့်။
ကျန်းမာ​ပျော်ရွှင် ​ဘေးအန္တရာယ်အ​ပေါင်းမှ ကင်း​ဝေးကြပါ​စေရှင့်။

Photos from Mary Chapman School for the Deaf's post 14/08/2026

Volunteer လာဆင်းသူ ​ကျောင်းသား​လေး John မှ MCSD ညီ​လေး၊ ညီမ​လေးများကို မိမိမုန့်ဖိုးဖြင့် နံနက်အဆာ​ပြေ Breakfast အတွက် ကျပ် ၅၀၀, ၀၀၀/-ကို ၂၇-၇-၂၀၂၆ရက်​နေ့က ​ပေးလှူပါတယ်ရှင့်။
အလှူရှင် သား​လေး John အစဥ်အတိုင်းတိုးတက်ကြီးပြင်း​အောင်မြင်ခွင့်ရရှိပါ​စေရှင့်။
၁၃-၈-၂၀၂၆နံနက် - breakfast မုန့်တီ
ည​နေပိုင်း - ငှက်​ပျောသီးပါရှင့်။

Photos from Mary Chapman School for the Deaf's post 12/08/2026

မိဘများရှင့်၊
ဝမ်း​လျောဝမ်းပျက်​ရောဂါများဖြစ်​နေပါသဖြင့် ယခု တစ်ပတ်​သောကြာ​နေ့တွင် အ​ဆောင်​နေက​လေးများအား၊
အ​ဆောင်မှအိမ်သို့ပြန်မလွှတ်ပါ​ကြောင်းအသိ​ပေးပါရ​စေရှင့်။
အကယ်၍လာ​ခေါ်သွားပါကလည်း၊ ​ရောဂါများရပ်တန့်မှပြန်လည်လက်ခံပါမည်ရှင့်။
​နေ့တက်က​လေးများ မနက်ဖန် ​သောကြာ​နေ့ ​တစ်ရက်ကျောင်းပိတ်ပါမည်ရှင့်။
​ကျောင်းဖွင့်မည့်ရက်ပြန်လည်အ​ကြောင်းကြားပါမည်ရှင့်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 2, Than Taman Street
Yangon
11191

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00