Saya Moe - Forward

Saya Moe - Forward No challenge No change

•• Hello! Hi! Hi there! Hi ya ••    © Hello!        [ use formal & informal way of greeting]    © Hi!  Hi there!        ...
06/12/2023

•• Hello! Hi! Hi there! Hi ya ••

© Hello!
[ use formal & informal way of greeting]

© Hi! Hi there!
[ use as an alternative to Hello! in informal
situation, it's used by young people and
followed by the adverb there sometimes ]

© Hi ya!
[ It's used in even more situations, often by
young people. ]

•• How do you do? ••
[ It's formal greeting usually used when
people meet for the first time.]

•• How are you? ••
[ use as a conversational greeting to ask
about someone's health and welfare.]

•• How are you doing? ••
[ use the same way as How are you? but
only in informal situations.]

23/04/2023
29/09/2022
29/09/2022
29/09/2022

🍽Look at the text and do the exercises to practise and improve your writing skills:
https://bit.ly/LET-FavouriteMeal - comes with downloadable resources too!
~ Tina ☺

29/09/2022
17/09/2021

အင်္ဂလိပ်စာမှာ ဝေါဟာရ ကြွယ်လေ ကောင်းလေပါပဲ။ ၂၀၁၁ ခုနစ်၊ ဖေဖော်ဝါရီလမှာ အင်္ဂလိပ်ဘာသာစကားမှာ စကားလုံး စုစုပေါင်း (၁,၀၀၈,၈၇၉) လုံး ရှိနေပါပြီ။ Global Language Monitor ဘာသာစကားလေ့လာစောင့်ကြည့်ရေးအဖွဲ့က မှတ်တမ်းတင်ထားတာပါ။ သူတို့အဖွဲ့ရဲ့ လေ့လာသုံးသပ်ချက်အရ တစ်ရက်ကို ဝေါဟာရ ၁၄.၇လုံး၊ ပျမ်းမျှအားဖြင့် ၁၅ လုံးခန့် တိုးပွားလျက်ရှိကြောင်းပြဆိုထားပါတယ်။ နောက်ပြီး Word Watch အဖွဲ့ရဲ့ လေ့လာမှုအရ အလုံးတစ်သန်းမြောက် ဝေါဟာရဟာ " web 2.0 " ဖြစ်သတဲ့ဗျာ။

ဒါဆိုရင် ဒီလောက်များမြောင်လှတဲ့ ဝေါဟာရတွေ ဘယ်လိုများလေ့လာမလဲ။ ဦးနှောက်ထဲ မှတ်မိအောင်ဘယ်လို ရိုက်သွင်းရမလဲဆိုတာ ပြဿနာတစ်ခုပါ။ ဒါပေသိ အနာသိ ဆေးရှိပါတယ်။ ပြဿနာဆိုတာ ရှိရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းဆိုတာတော့ ရှိစမြဲပါ။

အင်္ဂလိပ် ဘာသာစကားဟာ (Living Language) ဖြစ်လေတော့ ဝေါဟာရ အသစ်အဆန်းတွေ အစဉ်အမြဲတိုးပွားလျက်ပါ။ Native Speakers တွေလည်းပဲ ဒီဝေါဟာရ တစ်သန်းကျော်ကို အကုန်သိတယ်လို့ သင်ထင်ပါသလား။ သိအောင်ကြိုးစားနေကြတယ်လို့ရော သင်ထင်နေလား။ အဖြေကတော့ No ပါ။

သုတေသနစစ်တမ်းတစ်ခုအရ လုပ်ငန်းခွင်ထဲရောက်နေတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်တောင် သူ့ရဲ့လုပ်ငန်းခွင်မှာ အသုံးချနိုင်ဖို့နဲ့ ပြင်ပဗဟာသုတတွေ ရှာဖွေဖို့ အသုံးပြုကြတဲ့ ဝေါဟာရ အရေအတွက်ဟာ ပျမ်းမျှအားဖြင့် (၂၄၀၀၀) ပဲ ရှိပါသတဲ့။ အားလုံးထဲမှာ ထူးထူးကဲကဲ ဝေါဟာရတွေကို သိုမှီးထားနိုင်တဲ့ ပုဂ္ဂိုလ်နှစ်ဦးတော့ ရှိလေရဲ့။ ပထမတစ်ဦးကတော့ ဗြိတိသျှပြဇာတ်ရေးဆရာကြီး William Shakespeare ပါ။ သူကတော့ ဝေါဟာရစကားလုံးပေါင်း (၃၅၀၀၀) သိပါသတဲ့။
ဒုတိယ တစ်ဦးကတော့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Sir Winston Churchill ပါ။ သူကတော့ စကားလုံးပေါင်း (၆၀၀၀၀) လောက် သိပါသတဲ့ဗျာ။

ကဲ ဒါဆိုရင် မူလဌာန အင်္ဂလိပ်စကားပြောလူမျိုး (Native Speakers) မဟုတ်တဲ့ ကျွန်တော်တို့လို အင်္ဂလိပ်စာလေ့လာလိုက်စားနေတဲ့သူတွေ ဝေါဟာရစကားလုံးပေါင်း ဘယ်လောက်တတ်မြောက်အောင် လေ့လာထားသင့်လဲ၊ ဘယ်လောက်တတ်ထားရင် အလုပ်ဖြစ်နိုင်မလဲ ရိပ်စား ခန့်မှန်းလို့ ရနိုင်ပါရဲ့ဗျာ။

နောက်ရက်တွေမှာ ဝေါဟာရလေ့လာနည်းတွေကို ဆက်လက် ဆွေးနွေးတင်ပြသွားပါမည်။

ကျေးဇူးရှင်ဆရာကြီး ဦးအေးချစ် EEAC အား ဦးထိပ်ထားလျက် 🙏🙏🙏

19/01/2021

တက္ကသိုလ်နှင့် ဘာသာရပ်မိတ်ဆက်
(အပိုင်း-၄)

Arts & Sciences Universities
(ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များ)

- မြန်မာစာ
- မြန်မာမှုပညာ
- ရသစာပေအရေးအသား
- အင်္ဂလိပ်စာ
- သင်္ချာ
- သမိုင်း
- ပထဝီ
- ဓာတုဗေဒ
- ရူပဗေဒ
- ဘူမိဗေဒ
- ရုက္ခဗေဒ
- သတ်တဗဒေ
- ဒဿနိကဗေဒ
- မနုဿဗေဒ
- နျူကလိယဗေဒ
- ဇီဝဓာတုဗဒေ
- ကုန်ထုတ်ဓာတုဗေဒ
- အဏုဇီဝဗဒေ
- အဏ္ဏဝါဗေဒ
- အရှေ့တိုင်းပညာ
- ရှေးဟောင်းသုတေသနပညာ
- စိတ်ပညာ
- ဥပဒေပညာ
- နိုင်ငံတကာဆက်ဆံရေးပညာ
- စာကြည့်တိုက်နှင့် သုတပညာ
- ကွန်ပျူတာသိပ္ပံ

ဤဘာသာရပ်များတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ မြန်မာစာ၊ ပထဝီ၊ သမိုင်း၊ စသည့်မေဂျာများကို တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ အားလုံးတွင် တက်ရောက်နိုင်သော်လည်း ကျန်သော မေဂျာများကိုမူ တက္ကသိုလ်အလိုက် တက်ရောက်နိုင်မှု မတူညီပါ။

19/01/2021

တက္ကသိုလ်နှင့် ဘာသာရပ်မိတ်ဆက်
(အပိုင်း-၃)

နိုင်ငံခြားဘာသာတက္ကသိုလ်များ
(Universities of Foreign Languages)

၁၉၆၄ တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (IFL) ကို စတင်ထောင်ခဲ့ပြီး ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ရုရှား စသည့်ဘာသာရပ်များ စတင်သင်ကြားခဲ့သည်။ ၁၉၆၅ တွင် တရုတ်၊ ၁၉၆၉ တွင် အင်္ဂလိပ်၊ ၁၉၇၄ တွင် နိုင်ငံခြားသားအတွက် မြန်မာဘာသာစကား စသည်ဖြင့် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ တွင် UFL အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး နိုင်ငံခြားဘာသာစကားတက္ကသိုလ် (မန္တလေး) ကို ၁၉၉၇ တွင် စတင် တည်ထောင်ခဲ့သည်။
အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ရုရှား၊ တရုတ်၊ ထိုင်း နှင့် ကိုရီးယား ဘာသာစကားများ သင်ကြားပေးပါသည်။

ပေးအပ်သည့်ဘွဲ့မှာ Bachelor of Arts ဖြစ်ပြီး ပညာသင်နှစ်မှာ (၄)နှစ် ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် စကားပြန်နှင့် ဘာသာပြန်လုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဟိုတယ်/ခရီးသွားရေးနှင့် ဆက်နွယ်သည့်လုပ်ငန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံရုံးများနှင့် သံတမန်ရေးရာလုပ်ငန်းများ နှင့် နိုင်ငံခြားဘာသာစကားနှင့် အခြားလိုအပ်သည့်တက္ကသိုလ်များတွင် ဆရာ၊ ဆရာမများ အဖြစ်လည်းလုပ်ကိုင်နိုင်သည်။ ကိုယ်ပိုင် ဘာသာစကားသင်တန်း‌ကျောင်းများလည်း ဖွင့်လှစ်နိုင်ပါသည်။

19/01/2021

တက္ကသိုလ်နှင့် ဘာသာရပ်မိတ်ဆက်
(အပိုင်း-၂)

Institutes (အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ)

- ဆေးတက္ကသိုလ်များ
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ
- ဆေးဝါးတက္ကသိုလ်များ
- ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ
- သူနာပြုတက္ကသိုလ်များ
- အခြေခံကျန်းမာရေးတက္ကသိုလ်
- တိုင်းရင်းဆေးတက္ကသိုလ်
- လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)
- နည်းပညာတက္ကသိုလ်များ
- သတင်းအချက်အလက်နည်းပညာတက္ကသိုလ်
- ကွန်ပျူတာတက္ကသိုလ်
- စီးပွားရေးတက္ကသိုလ်များ
- ပညာရေးတက္ကသိုလ်များ
(ဤတက္ကသိုလ်များသည် ပုံမှန်လျှောက်လွှာဖြင့် လျှောက်ထားနိုင်ပါသည်။)

- အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်
- မန္တလာဒီဂရီကောလိပ်
- ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
- မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရေဆင်း
- သစ်တောတက္ကသိုလ် ရေဆင်း
- မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
- သမဝါယမတက္ကသိုလ်များ၊ ကောလိပ်များ
- ယွန်းပညာကောလိပ် (ပုဂံ)
- အမျိုးသားယဉ်ကျေးမှုနှင့် နည်းပညာတက္ကသိုလ်
(ဤတက္ကသိုလ်၊ ကောလိပ်များကို သတင်းစာမှ သီးခြားခေါ်ယူ၍ တိုက်ရိုက်လျှောက်ထားရမည်။)

Address

Yangon

Telephone

+959789676326

Website

Alerts

Be the first to know and let us send you an email when Saya Moe - Forward posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Saya Moe - Forward:

Shortcuts

Share

Category