Gold Light Education Centre

Gold Light Education Centre မိမိရင်သွေးတို့အတွက် Home Guide or Online Teaching ဆရာဆရာမများခေါ်ယူနိုင်ပါပြီ

08/07/2023

👉-မူကြို သူငယ်တန်းမှ
👉ဆယ်တန်းအထိဘာသာစုံ
👉- အိမ်အရောက်
👉 -အွန်လိုင််း

ဘာသာရပ်ကျွမ်းကျင်👉 ဆရာ/ဆရာမများအား
မိမိတို့ရင်သွေးအတွက် စိတ်ချယုံကြည်စွာ
ငှားရမ်းသင်ကြားနိုင်ပါပြီ👌👌👌

👇👇👇
GOLD LIGHT EDUCATION CENTRE

25/06/2022

Edit - ဆရာမရ​ြပီး

Order - primary 4 (guide ဆရာမအလိုရှိသည်)
နေရာ- ရန်ကင်းမြို့နယ်

အချိန် -တစ်ပတ်၅ ရက်

တစ်ရက် -၁နာရီခွဲ

လစာ- ညှိနှိုင်း

Page cb တွင်

လျှောက်ထားသူ၏
အမည်
ဖုန်းနံပါတ်
ပညာအရည်အချင်း
သင်ကြားနေသောအတန်း
👉 International school သင်အတွေ့အကြုံရှိဆရာမဖြစ်ရပါမည်

Cv form
ဘွဲ့လက်မှတ်အပြည့်အစုံဖြင့် ပေးပို့လျှောက်ထားပေးပါရှင့်

22/06/2022

Edit -ဆရာမရပြီး

ဆရာမအမြန်အလိုရှိသည်

Order -Grade 8 သင်ရိုးသစ် (ဘာသာစုံ)
နေရာ- သာ​​ ကေတမြို့နယ် (​ေကျာက်တိုင်မှတ်တိုင်အနီး)

အချိန် -တစ်ပတ်၄ ရက် (နေ့လယ် ၁ နာရီနောက်ပိုင်း)

တစ်ရက် -၁နာရီခွဲ

လစာ- 70000

Page cb တွင်

လျှောက်ထားသူ၏
အမည်
ဖုန်းနံပါတ်
ပညာအရည်အချင်း
သင်ကြားနေသောအတန်း

Cv form
ဘွဲ့လက်မှတ်အပြည့်အစုံဖြင့် ပေးပို့လျှောက်ထားပေးပါရှင့်

စာရေးနှေးသော လက်ကလေး-------------------------▪️ကလေး A   ဆရာ ကျွန်မကလေး စာရေးတာ အရမ်းနှေးတယ်။ စာလေး ၁ လုံး। ၂-လုံး ရေပြီး...
13/02/2022

စာရေးနှေးသော လက်ကလေး
-------------------------
▪️ကလေး A
ဆရာ ကျွန်မကလေး စာရေးတာ အရမ်းနှေးတယ်။ စာလေး ၁ လုံး। ၂-လုံး ရေပြီးရင် ခဲတံကို ခဏချ। ပြီးရင် ပြန်ကောက်। ပြန်ရေး। ခဲတံတောင် နိုင်ပုံမရဘူး။ စာလုံးတွေကလည်း မညီမညာနဲ့ ဖတ်ဖို့ကခက်। ဘယ်လိုကျင့်ကျင့် မရဘူး။

▪️ကလေး B
ဒီကောင် ချီးကျူးဖို့ကောင်းတာက စာရေးရင် တထိုင်တည်းရေးတယ်။ ခဲတံလည်း ကျကျနန ကြာကြာကိုင်နိုင်တယ်။ အတန်းမှာ စာရေးရင် သူအရင်ဆုံးပြီးတယ်။

🔶ခဲတံကိုင်ပုံ ( pencil grip )

စာရေးမြန်ခြင်း।လှခြင်း। သပ်ရပ်ခြင်း।သန်ခြင်း ဆိုတာကိုဆုံးဖြတ်ပေးတဲ့အထဲမှာ pencil grip ဆိုတဲ့ ခဲတံကိုင်ပုံလေးလည်းပါတာပေါ့။ ကလေးအများစုကတော့ သဘာဝကသင်ပေးတဲ့အတိုင်း ခဲတံလေးတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုင်တတ်သွားကြတာပါပဲ။ သင့်ကလေးက ပုံ-၁ ကအတိုင်း ခဲတံကိုကိုင်နေရင်တော့ လက်ခံနိုင်ပါတယ်။ ပုံ-၁ ကအတိုင်းလည်းမကိုင်। စာရေးလျှင်လည်း ကကျိုးကကျော်। လက်ကလည်း ခဏခဏညောင်းဆိုလျှင်တော့ သူ့ရဲ့ pencil grip လေးကို ပုံ-၂ပါ အတိုင်း ကျင့်ပေးလိုက်ပါ။ pencil grip ကို မူကြို। မူလတန်းအရွယ်တို့တွင် ကျင့်ပေးရတာပိုလွယ်ပါသည်။ မှားနေတာကို မကျင့်ပေးပဲထားလိုက်ရင်တော့ အမှားအတိုင်း တစ်သက်လုံးကိုင်သွားနိုင်ပါသည်။

ပုံ-၂ pencil grip
---------------
-ခဲတံက လက်မ।လက်ညှိုး।လက်ခလယ် ၃-ခု ဖြင့်သာ ပုံပါအတိုင်း ကိုင်ထားရမည်။
-လက်သူကြွယ် နှင့် လက်သန်းကလေက အနောက်ဘက်သို့ ကွေးဝင်ပြီး စားပွဲပေါ်မှာသက်တောင့်သက်သာ အနားယူနေရမည်။
-လက်ကောက်ဝတ်က အပြင်ဘက်အနည်းငယ်လေး ကွေးနေရမည်။ ပုံကိုကြည့်ပါ။ တချို့ကလေးတွေ အတွင်းဘက်ကို အရမ်းကွေးပြီး ရေးနေတာကို တွေ့ရပါလိမ့်မည်။ ပြင်ခိုင်းပါ။
-လက်တတောင်က စားပွဲပေါ်မှာ အနားယူနေရမည်။
-ခဲတံထိပ်နှင့် ၁-၂ စင်တီမီတာ အကွာမှကိုင်ခိုင်းပါ။
-အထက်ပါအတိုင်း နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးပါ။
-pencil grip ပုံစံခွက်လေးတွေ လည်းအပြင်မှာ ဝယ်လို့ရနေပါပြီ။

🔶 ထိုင်သည့်ပုံစံ နှင့် စာရွက်အနေအထား

အဲဒါကလည်း ကလေးရဲ့ စာရေးအားကို အထောက်အကူပြုပါတယ်။ပုံ-၃ ကိုကြည့်ပါ။
-ကလေးအရပ်နှင့်အနေတော်မည့် စားပွဲ နှင့် ထိုင်ခုံဖြစ်သင့်သည်။
-ခြေဖဝါး ၂-ဖက်စလုံးက ကြမ်းပြင်ပေါ်ကို ထိထားပါစေ။
-လက်တတောင် ၂-ဖက်စလုံးက စားပွဲပေါ်မှာ နားနေပါစေ။
-ရေးမဲ့ စာရွက်ကို ပုံပါအတိုင်း ကလေးစာရေးမည့်လက်က စားပွဲပေါ်တွင် ချထားသည့် လမ်းကြောင်းအတိုင်း တစောင်းလေး ချပေးထားပါ။
- အခြား လက်တဘက်ဖြင့် စာရွက်ကိုထိန်းထားခိုင်းပါ။

🔶လက်ကကြွက်သား သန်မာရဲ့လား( muscle tone )

လက်ကြွက်သားလေးတွေ ပျော့နေရင်လည်း စာရေးရာမှာ အခက်အခဲရှိတတ်ပါတယ်။ လက်သန်တယ်ဆိုတာ လက်ထဲက အရိုးချောင်းတွေ နဲ့ ကြွက်သားတွေ သန်တယ်ဆိုတာကို ပြောတာပါ။ လက်ကြွက်သားတွေ ပျော့နေတဲ့ကလေးက ခဲတံကိုင်ပြီး ခဏနေရင် ညောင်းလာပါလိမ့်မယ်။ အဲဒီတော့သူက ခဏ နားရပါတယ်။ အဲဒီလိုနဲ့ စာရေးနေတာ ကြာနေတော့တာပါပဲ။ ဒီတော့ သူတို့လက်ထဲမှာရှိတဲ့ ကြွက်သားတွေကို မာလာအောင် အထောက်အကူပြုမဲ့ လက်လှုပ်ရှားမှုတွေကို နေ့စဉ်နေ့တိုင်းကျင့်ပေးပါ။

🔹လက်သန်ရန် လုပ်ဆောင်နိုင်သော ဥပမာ နှင့် အကြံပြုချက်အချို့

- မလိုအပ်ပဲ ထမင်းခွံ့ကျွေးခြင်း မလုပ်ပါနဲ့။ ကလေးကို ကိုယ်တိုင် လက်ဖြင့်ကိုင်တွယ်। ဇွန်းဖြင့်ကိုင်တွယ်၍ စားခိုင်းပါ။

- မူကြိုကလေးငယ်လေး စာမရေးခင် playdough ဆိုတဲ့ဂျုံလေးတွေကို လက်ဖြင့်ညှစ်ခိုင်း। လုံးခိုင်း। လိပ်ခိုင်းခြင်းများကို ပြုလုပ်ခိုင်းပါ။ ပြီးမှ ခဲတံကိုင်ခိုင်း၍ စာရေးခိုင်းပါ။ မူကြိုဆရာမလေးကို အကြံပေးချင်တာက ကလေးငယ်လေးကျောင်းထဲရောက်တာနဲ့ စာရေးခြင်းဖြင့် မစပါနဲ့။ ဂျုံကို အရင်ပေးကစားခိုင်းပါ။ ပြီးလျှင်စာရေးခိုင်းပါ။

- ဂျုံလုံးလေးများ ပြုလုပ်ခိုင်းပြီး လက်မ।လက်ညှိုး। လက်ခလယ် ၃-ခုကြားညှပ်ပြီး လက်ချောင်းကလေးများ ထိသည်အထိ ညှစ်ခိုင်းပါ။

-မူကြိုအရွယ်လေးတွေကို ပန်းချီဆွဲခိုင်းခြင်း। သဲအိမ်। နှင်းအိမ်လေးများ ဆောက်ခိုင်းခြင်း। လက်ကိုအဓိကအသုံးပြုရသော အနုပညာဖန်တီးမှုများကို ပြုလုပ်ခိုင်းခြင်း တို့ဖြင့် လေ့ကျင့်ပေးနိုင်သည်။ ပုံတွေပေါ်မှာ ဆေးချယ်ခိုင်းပါ။

-လက်ဖဝါးပေါ်မှာ ကျောက်စရစ်ခဲလေးကိုတင်। ပြီးလျှင် လက်သူကြွယ်နှင့်လက်သန်းလေးများကိုကွေးပြီး လက်ဖဝါးပေါ်မှ ကျောက်စရစ်ခဲလေးကို ဖိခိုင်းပါ။

-ကြယ်သီး တပ်ခြင်း। ဖြုတ်ခြင်းများကို ပြုလုပ်ခိုင်းပါ။

-ပုံတွင်ပြထားသော ပုလင်းမျိုးဖြင့် ပန်းပင်ရေဖြန်းခိုင်းပါ။

- ပုံမှာ ပြထားသည့်လက်ကောက်ဝတ် လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ဖို့ ကူညီပေးပါ။ စားပွဲပေါ်မှာ လက်တတောင်ကို တင်ပြီးလူကြီးက ကိုင်ပေးထား। ကလေးကို လက်သီးဆုပ်ခိုင်းပြီး အပေါ်ဘက်ကို ကွေးချီ। ဖြေချီ လုပ်ခိုင်းပါ။

-ကလေးငယ်လေးတွေက ချီးကျူးခံရရင်। game ပုံစံကစားခိုင်းရင် လက်လေ့ကျင့်ခန်းတွေကို လိုက်လုပ်ကြမှာပါ။

-ကလေးငယ်များကို ကစားကွင်းသို့ မကြာခဏခေါ်သွားပြီး ဆော့ကစားခိုင်းပါ။

-လက်ကြွက်သားပဲ အရေးကြီးတာ မဟုတ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားများ ပျော့ပါကလည်း ကလေးများက စားပွဲခုံမှာ ကြာကြာထိုင်ပြီး စာမလုပ်နိုင်။ ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးနေပြီး မကြာခင် စားပွဲပေါ်မှဆင်း၍ ကြမ်းပေါ်ထိုင်ဖတ်လိမ့်မည်။ ထို့နောက် ထိုင်ရာမှ လှဲပြီးဖတ်လိမ့်မည်။ ထို့နောက် တခါတည်း အိပ်ပျော်သွားလိမ့်မည်။ အဲဒီလိုကလေးတွေကို ကိုယ်လက်လှုပ်ရှားမှုလေးတွေ အရင်လုပ်ခိုင်းပြီးမှ စာထိုင်ဖတ်ခိုင်းပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်သည့်အတွက် ကြွက်သားမာခြင်းအဆင့် (muscle tone )တက်လာ၏။ muscle tone တက်လာတော့ နဲနဲပိုကြာကြာထိုင်နိုင်တာပေါ့။ စာသင်နေတာ တဝက်ရောက်လျှင် ခဏရပ်ခိုင်းပြီး လေ့ကျင့်ခန်းလုပ်ခိုင်းသော ဆရာ। ဆရာများကို မိဘများဘဝတွင် တွေ့ခဲ့ဖူးပါလိမ့်မည်။ အားလုံးသဘောကျခဲ့ကြမှာပါ။

-အရင်ကပြောခဲ့သလိုပဲ ဗီတာမင် ဒီ। ကယ်လစီယမ် နှင့် ကိုယ်လက်လှုပ်ရှားမှုတို့သည် ကလေးများ၏ အရိုးနှင့်ကြွက်သားများ အတွက်အရေးပါသည်။ ထို ၃-ခုထဲမှ တခုချိုတဲ့လျှင် ကလေးများ၏ အရိုးနှင့်ကြွက်သားကျန်းမာရေး အပေါ်ထိခိုက်နိုင်ပါသည်။

- ပုံလေးတွေကို တချက်ကြည့်ကြည့်ပါ။ အဲလိုလေးတွေလုပ်ပေးသည့် မူကြိုကို ရွေးချယ်ပါ။ ကလောင်ကိုင်မည့် လက်ကလေး ကလောင်ကို နိုင်နိုင်နင်းနင်း ကိုင်နိုင်ပါစေ။

မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page )
Ref and Photos : RCH, Occupational Therapy
-credit- ဂန္ထ၀င်ပျိုးခင်း page မှ

13/02/2022

Edit -ဆရာမရပြီး

Order -Grade 5 သင်ရိုးသစ် (ဘာသာစုံ)
နေရာ- တောင်ဒဂုံ သစ်ဆိပ်အနီး
အချိန် -တစ်ပတ် ၅ရက် တစ်ရက်၁နာရီခွဲ
လစာ- 70000

Page cb တွင်

လျှောက်ထားသူ၏
အမည်
ဖုန်းနံပါတ်
ပညာအရည်အချင်း
သင်ကြားနေသောအတန်း

Cv form
ဘွဲ့လက်မှတ်အပြည့်အစုံဖြင့် ပေးပို့လျှောက်ထားပေးပါရှင့်

26/01/2022

Edit ဆရာမရပြီး

Order -Grade 2 သင်ရိုးသစ် (ဘာသာစုံ)
နေရာ- ရွှေပြည်သာမြို့နယ်
အချိန် -တစ်ပတ်၄ ရက်
တစ်ရက် -၁နာရီခွဲ
လစာ- 60000

Page cb တွင်

လျှောက်ထားသူ၏
အမည်
ဖုန်းနံပါတ်
ပညာအရည်အချင်း
သင်ကြားနေသောအတန်း

Cv form
ဘွဲ့လက်မှတ်အပြည့်အစုံဖြင့် ပေးပို့လျှောက်ထားပေးပါရှင့်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Gold Light Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category