STS Learning Hub International Preschool

STS Learning Hub International Preschool

Share

Where Learning Begins with Fun! 🤩

https://www.tiktok.com/@stslearninghub?_t=8qy8faPL5UK&_r=1

20/04/2026

အသက် ၂နှစ်ကနေ ၃နှစ်အရွယ် သားသားမီးမီးလေးတွေ
ပစ္စည်းတွေကို ဘာကြောင့်ပစ်ပေါက်နေတာလဲ?

ကလေးငယ်တွေ ပစ္စည်းပစ်ပေါက်တဲ့အခါ စိတ်ဆိုးလို့ ပစ်တာရှိသလို၊ ဘာအကြောင်းရင်းမှမရှိဘဲ (စိတ်မဆိုးဘဲ) ပစ်တာလည်း ရှိပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့

၁။ စိတ်မဆိုးဘဲ ပစ်ပေါက်ခြင်း (Exploration & Curiosity) 🔍 ​
ကလေးက ပျော်နေရင်း ဒါမှမဟုတ် ကစားနေရင်း ပစ်ပေါက်တာဟာ သူတို့ရဲ့ စူးစမ်းချင်စိတ် ကြောင့်ပါ။ ​

Cause and Effect: "ငါ ဒါကို လွှတ်ချလိုက်ရင် ဘာဖြစ်သွားမလဲ?" ဆိုတဲ့ အကျိုးအကြောင်းကို လေ့လာနေတာပါ။ (ဥပမာ - မြေကြီးပေါ်ကျရင် အသံမြည်တာ၊ ဘောလုံးဆိုရင် ပြန်ကန်တက်လာတာမျိုးကို သဘောကျတာ)

​Motor Skills: လက်ချောင်းလေးတွေနဲ့ ပစ္စည်းကို ဘယ်လို ဆုပ်ကိုင်ရမလဲ၊ ဘယ်လို လွှတ်ချရမလဲဆိုတဲ့ ကြွက်သားအသုံးပြုမှုကို လေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။ ​

၂။ စိတ်ဆိုးလို့ ပစ်ပေါက်ခြင်း (Emotional Expression)

😤 ​စကားနဲ့ သေချာမပြောတတ်သေးတဲ့အခါ သူတို့ရဲ့ ဒေါသ (သို့မဟုတ်) စိတ်ပျက်မှု ကို လက်တွေ့ပြလိုက်တာပါ။ ​"ငါဒါကို မကြိုက်ဘူး"၊ "ငါ့ကို အာရုံစိုက်ပါ" ဆိုတဲ့ သဘောမျိုးကို ပစ္စည်းပစ်ပေါက်ခြင်းနဲ့ ဖော်ပြတတ်ကြပါတယ်။ ​

💡 မိဘများ ဘယ်လို ကိုင်တွယ်မလဲ?
​ပစ်လို့ရတဲ့အရာ နဲ့ မရတဲ့အရာကို ခွဲခြားပေးပါ:
"ဖန်ခွက်ကို ပစ်လို့မရဘူး၊ ပျက်စီးသွားလိမ့်မယ်။ ပစ်ချင်ရင် ဒီဘောလုံးလေး (ဒါမှမဟုတ်) ခေါင်းအုံးလေးကို ပစ်လို့ရတယ်" ဆိုပြီး လမ်းကြောင်းပြောင်းပေးပါ။

(Redirection) ​အကျိုးဆက်ကို သင်ပေးပါ:
ကလေးက ပစ္စည်းတစ်ခုကို ပစ်ချလိုက်ရင် "ပစ်ချလိုက်တော့ မရှိတော့ဘူးပေါ့၊ သွားကောက်ရအောင်" ဆိုပြီး အတူတူပြန်ကောက်ခိုင်းပါ။ ပစ္စည်းပစ်ရင် ကိုယ်တိုင်ပြန်ကောက်ရမယ်ဆိုတဲ့ အသိကို ရစေပါတယ်။

​ခံစားချက်ကို နာမည်တပ်ပေးပါ:
စိတ်ဆိုးလို့ ပစ်တာဆိုရင် "သားသား/မီးမီး စိတ်တိုနေတာလား။ စိတ်တိုရင် ပစ္စည်းမပစ်ရဘူးနော်။ မေမေတို့ကို လာဖက်လို့ရတယ်" ဆိုတာမျိုး သင်ပေးပါ။ ​

မိဘက အေးဆေးတည်ငြိမ်ပါစေ:
ကလေးပစ်လိုက်လို့ မိဘက လန့်ဖျန့်သွားတာ ဒါမှမဟုတ် အော်ဟစ်လိုက်တာမျိုးဟာ ကလေးအတွက်တော့ "Reaction" တစ်ခုရလိုက်သလိုဖြစ်ပြီး နောက်တစ်ခါ ထပ်လုပ်ဖို့ အားပေးသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ပဲ တားဆီးပေးပါ။ ​

STS Learning Hub International Preschool အနေနဲ့ ကလေးငယ်တွေရဲ့ အပြုအမူတိုင်းမှာ ရှိနေတဲ့ အဓိပ္ပာယ်တွေကို နားလည်ပေးပြီး အကောင်းဆုံး ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။

📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
📍Page Messenger တွင်လည်း လာရောက်စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင့်
📍 အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

18/04/2026

2026 -2027 Academic Year "June Intake အတွက် ကျောင်းအပ်လက်ခံနေပါပြီ"
STS Learning Hub ရဲ့Early Years Foundation Programme
What is EYFP?
Early Years Foundation Programme မှာ UK curriculum ဖြစ်တဲ့ EYFS - Early Years Foundation Stages framework အတိုင်း ကလေးငယ်တွေ အသက်အရွယ်အလိုက် လိုအပ်တဲ့ ဖွံ့ဖြိုးမှုများကို Child-Led activities များဖြင့် လစဉ် Theme အလိုက် သင်ကြားပေးမှာ ဖြစ်ပါတယ်
STS ရဲ့ မူအတိုင်း child centred approach ဖြစ်တဲ့အတွက် Early Years Foundation Programme မှာ ကလေးများ စိတ်ဝင်စား ပျော်ရွှင်စွာနဲ့ သင်ယူနိုင်မယ့် activities လေးတွေကို ပြင်ဆင်ပေးသွားမှာပါ
What kinds of activities are included in this course?
EYFP class ဖြစ်တဲ့အတွက် early years stages မှာ ကလေးငယ်တွေအတွက် လိုအပ်တဲ့ developmental stages တွေ ဖွံ့ဖြိုးတိုးတက်လာစေမယ့် activities တွေ ပါဝင်မှာ ဖြစ်ပါတယ်
Free Choices of Learning Corners
✅Music and Movement
✅Creative Arts & Crafts
✅Early Literacy & Math
✅Science Exploration
✅The World and Us
✅Practical Life Skill
✅Oxford Phonics World
✅P.E and Kids Yoga
✅Myanmarsar class on every Thursdays and Fridays
✅Field Trips
အသက် ၂ နှစ်မှ ၅နှစ်အရွယ် ကလေးများအတွက် အသက်အရွယ်အလိုက် အတန်းများ ဖွင့်လှစ်ထားပါတယ်
✅Nursery (2 to 3 years old)
✅Foundation -1 (3 to 4 years old)
✅Foundation -2 (4 to 5 years old)
Early Years Foundation Stage မှာ အခြေခံကောင်းကောင်းနဲ့ ပျော်ရွှင်စွာ ကစားရင်း လေ့လာသင်ယူနိုင်ဖို့အတွက်ဆိုရင် EYFP အတန်းလေးတွေကို လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 🥰🥰

📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

15/04/2026

Sharing is Caring! How do you Teach your child to share?

Teaching a child to share takes time, patience, and lots of modeling—it’s not something kids naturally master right away. Here are some practical, effective ways to build that habit:

🌱 Start with Understanding (Age Matters)
Young children (especially under 3–4) are still learning about ownership. Sharing doesn’t come naturally yet, so don’t expect perfection—focus on gentle guidance instead of strict rules.

👀 Model Sharing Yourself
Children learn most by watching you. Let them see you:
Sharing food or items with family
Taking turns in conversations
Saying things like, “I’ll share this with you”

🔄 Teach Turn-Taking First
Sharing is easier when framed as turns:
“You play for 2 minutes, then your friend gets a turn”
Use a timer to make it fair and visible

🧸 Don’t Force Sharing
Forcing can create resistance. Instead:
Acknowledge feelings: “You really like that toy”
Encourage, not demand: “When you’re done, maybe your friend can try?”

💬 Use Simple Language
Keep explanations clear:
“Sharing means letting others have a turn too”
“It makes playtime more fun for everyone”

🏆 Praise Positive Behavior
Catch them sharing—even small moments:
“That was kind of you to share your toy!”
Positive reinforcement builds repetition

🎲 Practice Through Play
Use games that involve sharing and cooperation:
Board games
Building something together
Role-playing scenarios

❤️ Respect “Special Items”
Let your child keep certain toys just for themselves. This teaches boundaries and actually makes them more willing to share other things.

🤝 Be Patient & Consistent
Sharing is a skill that develops over years, not days. Stay calm, repeat lessons, and celebrate progress.

14/04/2026

🌊💛 Wishing You a Joyful Thingyan 💛🌊
​​မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလမှာ မေမေဖေဖေများနှင့် သားသားမီးမီးလေးများအားလုံး ပျော်ရွှင်မှုများ၊ အပြုံးများနှင့် ပြည့်နှက်နေပြီး ကျန်းမာလုံခြုံစွာ အချိန်ကောင်းများကို အတူတူဖြတ်သန်းနိုင်ကြပါစေကြောင်း STS မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
📍Page Messenger တွင်လည်း လာရောက်စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင့်
📍 အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

Photos from STS Learning Hub International Preschool's post 13/04/2026

🌊Thingyan Pre-Celebration Moments at STS 🌊

STS Learning Hub International Preschool ရဲ့ ​မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုအဖြစ် သားသားမီးမီးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အကလေးများနဲ့ ဖျော်ဖြေခဲ့ကြပြီး 💦 မေမေဖေဖေတို့နှင့်အတူ ​ရေကစားကာ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့ကြပါတယ်ရှင်။
ထို့အပြင် STS နှင့် မိဘများမှ စုပေါင်းလှူဒါန်းတဲ့ 🍲 စတုဒီသာမုန့်များကိုလည်း အရသာရှိစွာ မိသားစုများနဲ့အတူ ​ေပျာ်ရွှင်အေးချမ်းစွာ မျှဝေစားသုံးခဲ့ကြပါတယ်ရှင်။ မိဘများနှင့် သားသားမီးမီးတို့ရဲ့ အပြုံးများ၊ ပျော်ရွှင်မှုများ ပြည့်နှက်နေတဲ့ 📸 ဒီနေ့ရဲ့ ပျော်ရွှင်ဖွယ် အခိုက်အတန့်လေးများကို မျှဝေပေးလိုက်ပါတယ်ရှင်။

STS မှလည်း ယခုလိုမေမေဖေဖေများ၏ ပူးပေါင်းပါဝင်မှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်ရှင်။

12/04/2026

ချစ်ခင်လေးစားရပါသော မေမေဖေဖေတို့ရှင့်

သင်္ကြန်ပိတ်ရက်မှာ သားသားမီးမီးလေးတွေကို Screen မပေးဘဲ မေမေဖေဖေတို့နဲ့အတူ ပျော်ရွှင်စွာ အချိန်ကုန်စေနိုင်ဖို့အတွက် STS မှာ လုပ်ပေးနေကျဖြစ်တဲ့ Activities တွေထဲက အိမ်မှာလည်း လွယ်လင့်တကူ လုပ်ပေးလို့ရတဲ့ Activity Ideas လေးများကို sharing လုပ်ပေးချင်ပါတယ်ရှင်။
STS Learning Hub International Preschool မှာကလေးလေးတွေကို Play-based learning နဲ့ ပျော်ရွှင်စွာ သင်ယူနိုင်အောင် နေ့စဉ် activities များစွာကို စနစ်တကျ လေ့ကျင့်ပေးနေပါတယ်ရှင်
ထို activities များထဲက 🏡 အိမ်မှာလည်း မိဘများ လွယ်လင့်တကူ လုပ်ပေးလို့ရတဲ့ simple but effective activities လေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင် 💛

💦 1. Water Play (ရေကစား Activity)
✔️ ခွက်၊ ရေပုံး၊ ဇွန်းလေးတွေသုံးပြီး ရေထည့်၊ ရေဖျော်
✔️ အရွယ်အစားမတူတဲ့ပစ္စည်းတွေသုံးပြီး pouring game လုပ်ခြင်း
👉 ဘာတွေဖွံ့ဖြိုးမလဲ?
• Hand-eye coordination
• Fine motor skill
• Sensory exploration
👉 Tip – Kitchen (သို့) Bathroom ထဲမှာ လုပ်ရင် ပိုမိုလွယ်ကူပါတယ်။

🎨 2. Simple Art & Craft
✔️ Coloring (crayon / color pencil)
✔️ ပန်းချီဆွဲခြင်း
✔️ စက္ကူဖြတ်၊ ကပ် (collage)
👉 ဘာတွေဖွံ့ဖြိုးမလဲ?
• Creativity
• Hand control
• Focus & patience
👉 Tip – Perfect ဖြစ်ဖို့မလိုပါဘူး၊ free drawing လုပ်ခိုင်းပါ။

🧸 3. Role Play (Pretend Play)
✔️ ဆရာဝန်၊ ဆရာမ၊ မိဘအဖြစ် role play လုပ်ခြင်း
✔️ Toy kitchen / doll play
👉 ဘာတွေဖွံ့ဖြိုးမလဲ?
• Imagination
• Social skills
• Communication
👉 Tip – မိဘတွေပါ ပါဝင်ဆော့ကစားပေးပါရှင်။

📖 4. Story & Talk Time
✔️ ပုံပြင်စာအုပ်ဖတ်ပေးခြင်း
✔️ “နောက်ထပ်ဘာဖြစ်မယ်ထင်လဲ?” “ဘာလုပ်နေလဲ?” လို့ မေးခွန်းမေးခြင်း
👉 ဘာတွေဖွံ့ဖြိုးမလဲ?
• Vocabulary
• Listening skill
• Thinking skill
👉 Tip – ကလေးကို ပြန်ပြောခိုင်းပါ။

💃 5. Music & Movement
✔️ သီချင်းဖွင့်ပြီး ကခုန်ခြင်း
✔️ Action song (Clap, Jump, Turn)
👉 ဘာတွေဖွံ့ဖြိုးမလဲ?
• Gross motor skill
• Body coordination
• Confidence
👉 Tip – နေ့စဉ် 10–15 mins လောက် လုပ်ပေးပါ။

🌱 6. Little Helper Activities
✔️ Toy tidy up
✔️ အဝတ်အစား စုစည်းခြင်း
✔️ Simple chores (စားပွဲသုတ်ခြင်း)
👉 ဘာတွေဖွံ့ဖြိုးမလဲ?
• Responsibility
• Independence
• Self-confidence
👉 Tip – “Good job!” လို့ ချီးကျူးပေးပါ။

💡 Important Reminder for Parents
Activities တွေက complicated ဖြစ်ရန်မလိုပါဘူး
နေ့စဉ် အချိန်တိုတိုလေးပဲ ဖြစ်ရင်တောင်
မိဘနဲ့ကလေး အတူတူ quality time ကုန်ဆုံးခြင်းက
ကလေးဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါတယ်ရှင်။
🏫💚 With Love & Care
STS Learning Hub International Preschool မှာကလေးလေးတွေကို Learn • Play • Grow လုပ်နိုင်အောင် အသက်အရွယ်နဲ့ ကိုက်ညီတဲ့ activities များကို Professional teachers များနှင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါတယ်ရှင် ✨
📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
📍Page Messenger တွင်လည်း လာရောက်စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင့်
📍 အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

Photos from STS Learning Hub International Preschool's post 11/04/2026

Tiny preparations, big happiness 💙 STS Learning Hub Pre-Water Festival💦.
Part- 1

Photos from STS Learning Hub International Preschool's post 10/04/2026

Children are learning to make traditional Thingyan snacks by themselves. A simple activity that builds creativity, independence, and appreciation of our culture.

09/04/2026

🌊💛 Happy & Safe Thingyan for Your Little Ones

ချစ်ခင်လေးစားရပါသော မေမေဖေဖေတို့ရှင့်
သင်္ကြန်ကာလကို ကလေးလေးတွေ ပျော်ရွှင်စွာ ရေကစားနိုင်ဖို့အပြင် ကျန်းမာပြီး လုံခြုံစွာ ဖြတ်သန်းနိုင်ဖို့ မိဘများကို နည်းလမ်းလေးအချို့တဝေမျှပေးလိုက်ပါတယ်ရှင်။

☀️ နေပူဒဏ်မှကာကွယ်ပေးပါ။
မနက်ပိုင်း (သို့) ညနေပိုင်းမှာ ရေကစားစေပြီး
Hat / Umbrella / Sunscreen လေးတွေ သုံးပေးပါရှင်။

💧 သန့်ရှင်းတဲ့ရေကိုသာ အသုံးပြုပါ။
ကလေးလေးတွေ မျက်စိ၊ ပါးစပ်ထဲ ရေမဝင်အောင် ဂရုစိုက်ပေးပါရှင်။

👕 စိုတဲ့အဝတ်တွေ ချက်ချင်းလဲပေးပါ။
ရေကစားပြီးနောက် ခြောက်သွေ့သောအဝတ်ကို
လျှင်မြန်စွာပြောင်းပေးခြင်းက ကလေးလေးတွေ အဆင်ပြေစေပြီး အအေးမိခြင်းမှ ကာကွယ်ပေးပါတယ်။

🍉 ရေများများတိုက်ပေးပါ။
အပူချိန်မြင့်တဲ့နေ့တွေမှာ ရေ၊ သစ်သီးရည်လေးတွေ တိုက်ကျွေးပေးပြီး hydration ထိန်းပေးပါရှင်။

🧴 အရေပြားကို ကာကွယ်ပေးပါ။
Sunscreen လိမ်းပေးပြီး ရေကစားပြီးနောက် Shower လေးလုပ်ပေးပါရှင်။

🤒 ကလေးရဲ့အခြေအနေကို စောင့်ကြည့်ပေးပါ။
ချမ်းတုန်၊ ချောင်းဆိုး၊ အဆင်မပြေတဲ့ လက္ခဏာတွေ တွေ့ရင် ကလေးလေးတွေကို လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အချိန်မီ ဂရုစိုက်ပေးပါရှင် 💛

🏫💚 With Love & Care
STS Learning Hub International Preschool မှာလည်း ကလေးလေးတွေကို ပျော်ရွှင်မှုနဲ့အတူ လုံခြုံစိတ်ချရတဲ့ activities များ စီစဉ်ပေးလျက်ရှိပါတယ်ရှင်။

🌊💛 Wishing You a Joyful Thingyan 💛🌊
ဒီသင်္ကြန်ကာလမှာ မေမေဖေဖေများနှင့် သားသားမီးမီးလေးများအားလုံး ပျော်ရွှင်မှုများ၊ အပြုံးများနှင့် ပြည့်နှက်နေပြီး ကျန်းမာလုံခြုံစွာ အချိန်ကောင်းများကို အတူတူဖြတ်သန်းနိုင်ကြပါစေကြောင်း STS မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

📞 အသေးစိတ်သိရှိလိုပါက - 09 79 888 3171 09 79 888 3172
📍Page Messenger တွင်လည်း လာရောက်စုံစမ်းမေးမြန်း နိုင်ပါတယ်ရှင့်
📍 အမှတ် (၇)၊ ရတနာပုံ (၅)လမ်း၊ (၁၀)ရပ်ကွက်/ မြောက်၊ သာကေတမြို့နယ်။ (တစ်ရာ့ရှစ်တောင်ဘုရား အနီး)

Photos from STS Learning Hub International Preschool's post 08/04/2026

Tiny hands, endless creativity—turning ordinary little pots into something bright, beautiful, and full of personality 🖌️🤍

Photos from STS Learning Hub International Preschool's post 07/04/2026

Children made their own Thingyan Ata Oh craft — simple, colorful, and full of happiness 💦
Learning, playing, and creating beautiful memories together ✨

Photos from STS Learning Hub International Preschool's post 06/04/2026

Theme-Thingyan Festival
Learning through play! Our children explored soft dough, practiced shaping, and enjoyed a cultural activity inspired by traditional Mont Lone Yay Paw.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 7, 10/North Quarter, Yadanar Pone 5th Street, TharKayta Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00