Thesis Solutions for All

Thesis Solutions for All

Share

This page is for all who is interesting about the thesis and have difficulties in thesis writing.

Photos from Thesis Solutions for All's post 22/02/2023

Conversation with ChatGPT by OpenAI about Claude AI.
It sounds quite interesting.

နောက်ပိုင်းကျရင် Thesis/ academic paper writting အတွက် assist လုပ်ပေးနိုင်မယ့် ထိရောက်တဲ့ AI tools လေးတွေ အကြောင်းထပ်ပြောနိုင်အောင် ကြိုးစားပါ့မယ်။ အခုလက်ရှိ စမ်းသပ်သုံးနေဆဲမို့ သေချာမပြောနိုင်ပေမယ့် ChatGPT မှာ prompts သေချာ ထည့်နိုင်ရင် ဘာလိုလိုအကုန်assistant လုပ်ပေးနေနိုင်ပါပြီ။

Meet Claude: Anthropic’s Rival to ChatGPT | Blog | Scale AI 22/02/2023

Claude by Anthropic

I just learn about a new ChatGPT-like AI assistant, Claude. It is a chatbot created by AnthropicAI. Google has invested ($300 million) and a lot of articles and blogs are mentioned.

I saw many blogs and articles written and mentioned examples of its work. I think it is currently in the pre-release stage (I am not sure). And from what I can see, I am curious about it as the articles mentioned "it quite measures up to ChatGPT or might be even better". It likes better summarization and prompts usage.
I also read Allie K. Miller's LinkedIn post discussing the related application version of ChatGPT by Quora. She mentioned Claude as a tool related to assisting with daily work tasks.

I am just searching to try Claude and still losing my way although I see they mentioned the web version is available. And also, maybe they don't launch yet in public. I am not sure.

Here are some links to posts and articles I have read about Claude AI.

https://lnkd.in/gPyPYU4c?

https://lnkd.in/ghNtPCi3

https://lnkd.in/g9g-z8ET

https://lnkd.in/giyRvf4b

I love to discuss and consume information about AI so if you have any more information and know where I can test Claude AI in the free version, please kindly also share us in the comments. Thanks in advance.

Meet Claude: Anthropic’s Rival to ChatGPT | Blog | Scale AI ChatGPT has captured LLM headlines and amazed the AI community with its extensive natural language processing capabilities. A new LLM from Anthropic called Claude is competitive with ChatGPT and offers great promise. We evaluate both models head to head and give you our thoughts on how they compare.

09/08/2020

Matriculation Exam ကို ​အောင်​မြင်​ကြတဲ့ ​မောင်​​လေး ညီမ​လေး​တွေ အားလုံး Congratulation ပါ ​နော်​ 🎉🎉
ဒီနှစ်​ pass မဖြစ်​ တဲ့ ​မောင်​​လေး ညီမ​လေး​တွေ လည်းစိတ်​ဓာတ်​မကျပါနဲ့....
နောက်​နှစ်​ထပ်​ကြိုးစားရ​အောင်​​နော်​..💪 
နေ့တိုင်းကြိုးစား ရှင်​သန်​​နေကြရတာ လူတိုင်း ပိုင်​ဆိုင်​ထားရတဲ့ ဘဝ ရဲ့ အဓိက အဓိပ္ပာယ်​ ဘဲ မဟုတ် လား...​နေ့ရက်​ တိုင်း မှာ Chance ရှိသလို ဆက်
ကြိုးစားသ​လောက်​ ​အောင်​မြင်​နိုင်​ကြမှာပါ...
ပြီး​တော့ ​မောင်​​လေး ညီမ​လေး တို့ ကိုအမြဲအား​ပေးရပ်​တည်​​ပေး​နေတဲ့သူ​တွေ ရှိတာလည်းမ​မေ့ပါနဲ့ ​နော်​....

အဲဒီ့ ​တော့ ဆယ်​တန်း ​အောင်​စာရင်း​တွေ လည်းထွက်​ ပြီးပြီဆို​တော့ ​အောင်​မြင်​ကြတဲ့ သူ​တွေ က ​ရော

🔍 ဘယ်​တက္ကသိုလ်​ ​တွေတက်​ ပြီး ဘယ်​ field ကို ​လေ့လာရမလဲ ဆိုပြီး စစဉ်းစား ​နေပြီလား❓
🔍 ကိုယ့်​ကို ကိုယ်​ ဘာ ဝါသနာ ပါ လည်း မသိ လို့
ဘာလုပ်​ရမှန်း မသိဘူး ဖြစ်​​နေလား❓

တချို့ ကလည်း ကိုယ်​ ဘယ်​လမ်း​ကြောင်းသွား ပြီး ဘယ်​ career ​ရွေးမယ်​ ဘာကို passionate ဖြစ်​တယ်​ ဆိုတာ​သေချာ သိတဲ့ သူ​တွေလည်း ရှိသလို ကိုယ်​ဘာ ဝါသနာပါလည်း မသိ ဘယ်​ career လိုက်​ရမှန်းမသိ ဘဲ စိတ်​ဖိစီး​နေရတဲ့ ​မောင်​​လေး ညီမ​လေး​တွေ လည်းရှိ​နေမှာပါ....

Admin ရဲ့ တစ်​ကိုယ်​ရည်​ အမြင်​ အယူအဆ အရ အခု အချိန်​ မှာ ကိုယ့်​ ရဲ့ hobby နဲ့ passionate ကို မသိဘူး ဆိုတာ ဖြစ်​နိုင်​ပါတယ်​...မသိလို့ ရပါတယ်​...😊
တချို့ ဆို အသက်​​တွေကြီး ပြီး အလုပ်​​တွေ လုပ်​ရင်းနဲ့မှ ကိုယ့်​ passionate ကို သိလာကြတဲ့ သူ​တွေ
ရှိပါတယ်​....🤔

မြန်​မာနိုင်​ငံရဲ့ ပညာ​ရေးစနစ်​ အရ ​ကျောင်းသူ​ကျောင်းသား​တွေ က ဆယ်​တန်းပြီးတာနဲ့ ကိုယ်​ဆက်​​လေ့လာရမယ့်​ field နဲ့ subject ကို တခါတည်း တန်းဆုံးဖြတ်​ရ​တော့ အခက်​အခဲ​​တွေ ​တွေ့ ပြီး ​ခေါင်းရှုပ်​ကြရတာပါ😵 မသိတဲ့ လက်​လှမ်း​သေချာ မမှီတဲ့ အရာ​တွေ ကို သိသ​လောက်​ ဗဟုသုတနဲ့ ဆုံးဖြတ်​ ပြီးလမ်း​ကြောင်း
ရွေးရသလို ဖြစ်​​နေလို့ လို့ ထင်​ပါတယ်​....

ဒါ​ပေမယ့်​ procedure အရက လည်း ဘာသာရပ်​ ​ရွေးချယ်​ပြီး တက္ကသိုလ်​ တက်​ရဦးမှာဆို​တော့ admin အ​တွေ့ အကြုံအရ သိသ​လောက် မှတ်​သ​​လောက်​ကို ညီမ​လေး ​တွေ ​မောင်​​လေး​တွေ အတွက်​ အကူအညီ ဖြစ်​​စေဖို့ share ​ပေးလိုက်​ပါတယ်​....📃

Try ကြည့်​ ပြီးရင်​ အကူအညီဖြစ်​လားဆိုတာကို လည်း
ပြန်​​ပြောပြ ​ပေးကြပါဦး ​နော်​ 😊

1️⃣ Info ​တွေ ​search ပါ။ ​လေ့လာပါ။ 🔍

အစိုးရက ဖွင့်​တဲ့ university or college မှာဘဲ တက်​တက်​ private university or collegee မှာဘဲ တက်​တက်​ နိုင်​ငံခြား ထွက်​ပြီး foreign မှာ ​ကျောင်းဆက်​တက်​ဖို့ ဘဲ ပြင်​ဆင်​ တာဖြစ်​ဖြစ်​ အရင်​ ကိုယ်​ အတွက်​ available or eligible ဖြစ်​နိုင်​တဲ့ major/ subject/ တက်​ခွင့်ရနိုင်​မယ့်​တက္ကသိုလ်​အားလုံး ကို ​လေ့လာ ကြည့်​ပါ။ (အခု ကလည်း ဝင်​ခွင့်​ နဲ့ မိမိကြိုက်​နှစ်​သက်​တဲ့ field နဲ့ major ကို try ဖို့ chance ကလည်း ရှိ​နေ​တော့ ပို opportunities များမှာပါ 👍)
လေ့လာကြည့်​ပါ ဆိုတာ က research လုပ်​ခိုင်း တာပါ။ Information ​တွေ research လုပ်​ကြည့်​ ပါ။ Admin ရဲ့ personal အမြင်​အရ​အရင်​တက်​ခဲ့ ဖူးတဲ့ seniors ​တွေ အနီးအနား မှာရှိရင်​ ​မေးကြည့်​ တီး​ခေါက်​ကြည့်​တာ က အထိ​ရောက်​ဆုံးနည်းပါ။
နိုင်​ငံခြား universities ​တွေ က​တော့ info ​တွေ ကို Internet ​တွေ ​ပေါ်မှာ ရှာကြည့်​နိုင်​​ပေမ​ယ့်​ admin ထင်​တာ က ကိုယ်​တိုင်​တက်​ဖူးတဲ့သူကို​မေးကြည့်​တာက အ​ကောင်းဆုံးပါ ✔
သူတို့​တွေဆီက​နေ ဘာ​တွေ သင်​ရလဲ?🤔 ဘာ လို opportunities နဲ့ chance ​တွေ ရှိလဲ။🤔 တက္ကသိုလ်​ ပြီးသွား ရင်​​ရော job career life အတွက်​ chance ​ကောင်းလား။🤔 class မှာ teaching နဲ့ learning style အ​ခြေအ​နေဘယ်​လိုရှိလဲ...အစရှိသဖြင့်​​သိရ​အောင် ​မေး​ကြည့်​ပါ။ Senior က အသိမိတ်​​ဆွေဆိုရင်​ သူ့ career life ကိုကြည့်​ပြီး​တော့လည်းကိုယ်​ တချို့ အရာ​တွေ ဆုံးဖြတ်​လို့ရပါတယ်​။ Admin ဆိုရင်​ ​တော့ choice လုပ်​ခွင့်​ ရှိ​နေမှ ​တော့ ​သေချာသိ​အောင်​ လုပ်ပြီး choice လုပ်​မှာပါ​ (ဝါသနာ ဘာ ပါလည်း ကိုယ့်​ကိုကိုယ်​မသိ အချိန်​ ​ငွေ လူ ရင်းနှီး မြှုပ်​နှံ ရမှာ ဆို​တော့)
အဲ့လို ​မေးဖို့ အသိမရှိရင်​လည်း အားမငယ်​ပါနဲ့ admin တို့ဆီကို လာ​မေးလို့ရပါတယ်​ Admin သိသ​လောက်​ ​ရော မသိရင်​ admin အသိ​တွေဆီက​နေ​ရော ​မေးပြီး တတ်​နိုင်​သ​လောက် ပွင့်​ပွင့်​လင်းလင်းinfo​တွေ share ​ပေး ​ဆွေး​နွေး ​ပေးပါ့မယ်​​နော်​....🤗

📌 ဘာလို့​ဒီလို ​တွေေ​မးခိုင်း တာလဲဆိုရင်​...
ဒီလို​မေးတာ က ကိုယ်​ ဘယ်​လမ်း​ကြောင်း​ကို ​ရွေးရမလဲ ဝါသနာဘာပါ လဲ မသိတဲ့ အတွက်​ investment လုပ်​မယ့် university life က​နေ career အတွက်​ positive support တစ်​ခုခု (ဥပမာ အလုပ်​ ​ကောင်း​ကောင်း ရနိုင်​ တာ or တက္ကသိုလ် က​နေ​ social network ရနိုင်​တာ or foreign opportunities ​တွေ join လို့ရတာ စတဲ့ ​ကောင်းကျိုး​တွေ) ရမယ်​ဆိုရင်
နောက်​ပိုင်း ကျရင်​ risk နည်း​စေဖို့ပါ။အချိန်​ ကုန်​ခဲ့တာအတွက်​တစ်​ခုခု coverဖြစ်​​စေဖို့ပါ။ ဒီအတိုင်း အမှတ်​မှီလို့ တက်​ခွင့်​ရလို့ အဆင်​​ပြေတာ တစ်​ခု ​ရွေးတက်​ရာက​နေ အချိန်​​တွေဘဲ ကုန်​ပြီး subjects ​တွေ တစ်​ခု မှ စိတ်​မဝင်​စားတာ ဒီ subjects ကြီး က ဒါ​တွေသင်​ရမှန်း မသိခဲ့ဘူး စတာ ​တွေ မဖြစ်​ရ​အောင်​ပါ။ ​နောက်​မှ ​အဆင်​မ​ပြေမှန်းသိလို့ တခြားတစ်​ခု ပြန်​​ပြောင်း လို့ ​ရောမရဘူးလား? Eligible ဖြစ်ရင် ​​ရတာ ​တော့ ရတာ​ပေါ့...ဒါ​ပေမယ့်​ အချိန်​​တွေ⌛ energy ​တွေ😅 ​ငွေ​တွေ 💸 ကုန်​ရတာ​ပေါ့....

2️⃣ Open Campus လို မျိုး ပွဲ​တွေ exchange program ​တွေတက်​ပါ။🚶‍♀️👩‍🏫👀
အခု ​နောက်​ပိုင်း မြန်​မာ အစိုးရက ဖွင့်​တဲ့ universities ​တွေ College ​တွေ မှာေ​တာင် ​Open Campus လိုပွဲ​တွေ လုပ်​လာကြတာ​တွေ့ ရပါတယ်​။ Open Campus👋 ဆိုတာ college စတက်​မယ့်​ သူ​တွေ အတွက်​ မိဘ​တွေ​ရော ​ကျောင်းသား​တွေ ပါ ​ကျောင်း​မအပ်​ ​သေးခင်​ college မှာ ကိုယ်​တိုင်​လာ​ရောက်​ ကြည့်​ ပြီး ​လေ့ လာ နိုင်​ info ​မေးနိုင်​ တဲ့ ပွဲပါ။ လက်​ရှိ ​ကျောင်းမှာ တက်​​နေတဲ့ ​ကျောင်းသူ​ကျောင်းသား ​တွေ က လည်း Presentation လုပ်​ပြီး college အ​ကြောင်း major ​တွေ အ​ကြောင်း ပြန်​ရှင်းပြတဲ့ အပိုင်းလည်း ပါပါတယ်​။ Admin က တခြား ​ကျောင်း​တွေ ဘယ်​လို လုပ်​လဲ မသိ​ပေမယ့်​ admin တို့ National Management Degree College မှာ အဲ့ လိုမျိုး လုပ်​တာပါ။ အဲလို ပွဲ ​တွေ ကို တက်​ တာ က​နေလည်း ​ကျောင်း အ​ကြောင်း တိုက်​ရိုက်​ကိုယ်​တိုင်​ ​လေ့လာ နိုင်​တဲ့ အခွင့်​အ​ရေးရ​စေပါတယ်​။
အဲ့ လို ပွဲမျိုး မရှိတဲ့ uni ဆိုရင်​ လည်း ဆရာကန်​​တော့ပွဲ လို or fresher welcome လိုအပြင်​လူ ​တွေ လာ​ရောက်​တက်​နိုင်​တဲ့ ပွဲ​တွေကို သူငယ်​ချင်း​တွေ အစ်​ကို ၊ အစ်​မ အသိ​တွေရှိရင်​ လိုက်​သွားကြည့်​ပါ။ (တခြား တက္ကသိုလ်​ က မမ ​တွေ ကိုကို ​တွေ ကိုလည်း ကြည့်​ရှု ​လေ့လာရင်း 😁 ...တက္ကသိုလ်​ Campus ကို လည်း ​လေ့လာရင်း... ဘုရားလည်းဖူး လိပ်​ဥလည်းတူး 😎😜) (စတာပါ...ဒါ​ပေမယ့်​ ဒီဟာ က admin မ​ပြောလည်း တကယ်​ အတည်​ လိုက်​လုပ်​ကြမယ့်​ ပုံ ဘဲ 😅..ကိုယ်​​တွေရည်​ရွယ်​ချက်​ က campus ​လေ့လာဖို့ဘဲ ​နော်​....​နောက်​ပိုင်းကိစ္စ မပါ 😬🙄)

3️⃣ Free online classes ​တွေ က ​နေ လည်း စိတ်​ဝင်​စား တာ ကို ဝင်​ရှာ ကြည့်​ပါ။ 💻📱🌐
Alison လို FutureLearn လို free online class site ​တွေ မှာ နယ်​ပယ်​​တော်​ ​တော်​ များ များ ပါတဲ့ အတွက်​ ဝင်​​ရောက်​ ​လေ့လာ ကြည့်​ပြီး ကိုယ့်​ ကိုကိုယ်​ စမ်းသပ်​ ကြည့်​နိုင်​ပါတယ်​။
ကိုယ်​ ဘယ်​လို နယ်​ပယ်​ ကို interest ဖြစ်​လဲ hobby အရလား career အတွက်​​ရော လား ​တွေးပါ။🔭
ဒီ ​နေရာမှာဖြည့်​ ​ပြောစရာတစ်​ခုက​တော့ hobby နဲ့ career interest က လူတို​င်း တစ်​ထပ်​ တည်း ကျ ဖို့ ခက်​ကြပါတယ်​။😅 hobby နဲ့ career က တစ်​ထပ်​တည်း ကျရင်​ အ​ကောင်း ဆုံး ​ပေါ့။😊 ဒါ ​ပေမယ့်​ လက်​ရှိ အ​ခြေအ​နေ နဲ့ ကိုယ့်​ဆီမှာ ရှိတဲ့ တတ်​နိုင်​တဲ့ အရာ ​တွေ က​နေ စရတာ ဖြစ်​လို့ interest က career အတွက်​ ဖြစ်​ ဖို့ လက်​​တွေ့ ကျဖို့ ​​တော့လိုပါတယ်​။📣

ဒါ က​တော့ admin သိသ​လောက်​ ပြန်​share တာပါ။ Feedback ​တွေ အကြံဥာဏ်​​လေး ​တွေ ပြန်​ share ​ပေးကြပါဦး ရှင့်​ 😊
Admin ​ပြော သလို အပြင်​ တခြား ကိုယ်​ပိုင်​ နည်း လမ်း ​လေး ​တွေ ရှိ ရင်​ လည်း သိပါရ​စေ။ တခြားသူ​တွေ အတွက်​ပါ အကျိုး ရှိ​အောင်​ comment📩 မှာ�ဝင်​​ရောက်​ ​ဆွေး​နွေး ပြီး share ​ပေးဖို့ ​တောင်းဆိုပါတယ်​ ​နော်
မောင်​​လေး ညီမ​လေး ​တွေ အတွက်​ တစ်​စုံတစ်​ရာ အကူအညီ ရ​စေလိမ့်​မယ်​လို့်​ လည်း ​မျှော်​ လင့်​ပါတယ်​။
ကျောင်းသူ ​ကျောင်းသားများအားလုံး အခက်​အခဲ မရှိ ပညာ ဆည်းပူး ပြီး ဘဝရည်​မှန်းချက်​​တွေ ပြည့်​​မြောက်​ပါ​စေ လို့ Admin က ဆု​တောင်း ​ပေးပါတယ်​ ​နော်​။💛

သိချင်​ရှိရင်​ လည်း ဒီ Pageရဲ့ Private Message Box💬 က​နေ လာ​မေးလို့ ရပါတယ်​ ​နော်​။ ​မောင်​​လေး ညီမ​လေး​တွေ ဆီက​နေ လည်း အကြံ ဥာဏ်​​တွေ အားလုံး ကို ​မျှော်​ လင့်​ပါတယ်​ရှင့်​ 🛎

စာ ကို အဆုံး ထိ စိတ်​ရှည်​ လက်​ရှည်​ဖတ်​​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ 💛💛💛

Admin တို့ Page က​နေလည်း ပညာ​ရေးနဲ့ ပတ်​သက်​တာ တတ်​နိုင်​သမျှ ​ရှေ့ ​လျောက်​share🗣 ​ပေး သွားမှာမို့လို့ ဒီ Thesis for Solution page ​လေး ကို like and👍 follow✔ လုပ်​ထားဖို့ မ​မေ့နဲ့ ဦး​နော်​ 💛


01/08/2020

Business Research တစ်စောင်ကို ဘယ်လိုပြင်ဆင်မလဲ?

Research အကြောင်းကို စပြီးနားလည်ပြီဆိုရင် အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ အရေးကြီးပါတယ်။ Exam-based မဟုတ်တဲ့ MBA Program တွေမှာ Research project တွေဟာ Compulsory အနေနဲ့ ပါဝင်လေ့ရှိပါတယ်။ Business Research တစ်စောင်ကို တင်သွင်းမယ် ဆိုရင် အဆင့်သုံးဆင့် ဖြတ်သန်းရပါတယ်။

ပထမ တစ်ဆင့် ကတော့ Research Proposal ပါ။ Research တစ်ခုရဲ့ ခေါင်းစဉ်တွေဟာ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်း မတူပေမယ့် အကြမ်းဖျင်းအားဖြင့် Research Proposal တစ်စောင်ဟာ 'Wh-‘ ခြောက်လုံးကိုဖြေဆိုနိုင်ရပါမယ်။

What - ဘာကို Research လုပ်မှာလဲ?
Why - ဘာလို့ Research လုပ်မှာလဲ?
How - ဘယ်လို Research လုပ်မှာလဲ?
When - ဘယ်အချိန် Research လုပ်မှာလဲ?
Where - ဘယ်မှာ Research လုပ်မှာလဲ?
Whom - ဘယ်သူ့ကို Research လုပ်မှာလဲ?

ဒီခြောက်ချက်ပေါ် အခြေခံပြီး Research Proposal တစ်စောင်မှာ အောက်ပါ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

🍀Introduction
🍀Background
🍀Justification of Research
🍀Aims and Objectives of Research
🍀Literature Review
🍀Methodology of the study

ဒုတိယ တစ်ဆင့်ကတော့ Research စာတမ်း (Dissertation) တစ်စောင် ပြင်ဆင်ရမှာဖြစ်ပါတယ်။ အဲဒီ အဆင့်မှာ တော့ အပေါ်က အစိတ်အပိုင်း (၆) ခုအပြင် -

🍀Findings and analysis
🍀Discussions
🍀Conclusions
🍀Recommendations

တတိယ တစ်ဆင့်အနေနဲ့ကတော့ မိမိ ပြင်ဆင်ထားတဲ့ စာတမ်းကို Defend (သို့) Present လုပ်ရတဲ့ အဆင့်ပဲဖြစ်ပါတယ်။ ဒီအဆင့် သုံးဆင့်ဟာ MBA တော်တော်များများ မှာ Common ဖြစ်တဲ့ အဆင့်တွေဖြစ်ပါတယ်။ DBA program တွေမှာဆိုရင်တော့ တတိယ အဆင့်ဟာ PhD လောက်ကို ခက်ခဲကြမ်းတမ်းတဲ့ Defense ကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

. Nyan Myat Min

01/08/2020

✍️ Thesis တစောင် စရေး ရပီ ဆိုရင် တော်တော်များများက ကြောက်စိတ်၊ စိတ်လှုပ်ရှားစိတ်၊ Depression တွေ စဝင်လာကြပါတယ် 😧🤯
တကယ်တော့ Thesis ရေးတယ် ဆိုတာ လောလို့လည်း မရဘူး နောက်ကျလို့လဲ မရဘူး 🤞
အလွှာ တလွှာ ချင်းစီ တဖြေးဖြေးချင်း ထည့်ရတဲ့ အရာတခုလိုပါပဲ 🤓📚
👉အဆင့်တွေ တဆင့်ချင်းစီကို ကျော်ဖြတ်ပီးသွားရင် ကိုတိုင် ဖန်တီးထားတဲ့ ကို့ရဲ့ စာတမ်း တစောင်ရတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူးနော်😁😁
👇မရေးခင် ပြင်ဆင်ရမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်❓💯

26/07/2020

Thesis အကြောင်း စပြောတော့မယ်ဆိုရင် အရင်ဆုံး
Thesis ဆိုတာ ဘာလဲ???🤔 Research ဆိုတာရော???🤔 Research နဲ့ Thesis တူလား?? 🤔
ကွာခြား ရင်လည်း ဘာတွေ ကွာ ခြား တာလဲ ဆို တာ အရင် ဆွေးနွေး ရအောင်...📣

1️⃣ What is Thesis❓🔍

Thesis ဆိုတာကို admin နားလည်သလောက်ရှင်းပြရရင် သူ က candidates (bachelor or master or doctoral students) တွေ က degree requirement 👩‍🎓👨‍🎓 အတွက် လိုအပ် လို့ ဒါမှမဟုတ် professional qualification ရဖို့ အတွက် လုပ် ကြတဲ့ academic work တစ်ခုပါ။ ရှင်း ရှင်း ပြော ရရင် degree ရဖို့
အတွက် academic achievement တစ်ခုခု အနေနဲ့ လုပ် ဆောင်ရတဲ့ လိုအပ်ချက် stage တစ်ခု ပါ။ Graduate thesis for master's thesis and doctoral dissertations လို့ ပြောနိုင်ပါတယ်။ Thesis ဆိုတာ research paper ရဲ့ central question or statement of a scholarly argument ပါ။ သူ့ အပေါ်မူတည်ပြီး further research လုပ်ရတာပါ။ တော်တော်များ များ institute တွေမှာ Thesis ကို ပြီး မြောက် အောင်မြင် သွား တာနဲ့ Master or Ph.D degree တန်းရတာမျိုးပါ။ 🎓

Thesis format တွေ က တော့ country🗺 အလိုက် university အလိုက် program အလိုက် institute တစ်ခုနဲ့ တစ်ခု format မတူကြပါဘူး။ ပြီးတော့ minimum study period for thesis work အတွက် လည်း university🏫 တစ်ခု စီ အလိုက် ကွာခြားကြ
ပါတယ်။

2️⃣ What is Research❓🔍

Research ဆိုတာကတော့ problem တစ်ခု အတွက် solution ရှာတဲ့ ပုံစံ မျိုး ဘဲ။ အဓိက က research လုပ်
ပြီး တော့ နယ်ပယ် တစ်ခု ရဲ့ knowledge တွေ ကို ပိုသိ ရှိအောင်ရှာတာ လို့ ပြောလို့ ရတယ်။ (knowledge of human, culture or society တွေပေါ့)။ အဲ့ ဒီ knowledge ကို ရှာရတဲ့ အကြောင်း က အခု လက်ရှိမှာဖြစ်နေတဲ့ problem အတွက် solution ရှာဖို့ လက်ရှိ အခြေအနေ ကို ပို နားလည် အောင် analysis လုပ်တဲ့ သဘောဘဲ။ အဲ့ဒီ့ တော့ research ဆိုတာ problem အတွက် solution ရအောင် လက်ရှိ အခြေအနေကို ပိုနားလည်အောင်ပြုလုပ်တဲ့ creative and systematic work တစ်ခုဘဲ။ တစ်နည်းအားဖြင့် research ဆိုတာ အခု လက်ရှိ အခြေအနေ အတွက်ရှိပြီးသား solutionကို update လုပ်တာ (expansion on past work in the field) လို့ လည်း ပြောလို့ ရပါတယ်။ လက်ရှိ ဖြစ်နေတဲ့ situation အတွက် ပိုကောင်းတဲ့ solution ထပ်ရှာတဲ့ သဘောပေါ့ နော်။

ဥပမာ product အသစ်တစ်ခု ထုတ်တော့မယ်ဆိုရင် အဲ့ဒီ့ product က လက်ရှိ demands နဲ့ ဘယ်လိုကိုက်ညီ အောင်လုပ်မလဲ or demands ကို ကိုယ့်product
အသစ် ကို သုံးဖို့ ဘယ်လိုဆွဲဆောင်မလဲ ဆိုတဲ့ problem ကို ပိုနားလည် အောင် market research လုပ်တာ မျိုး။ အဲဒီ့ မှာ market research လုပ်လိုက်ရင် လက်ရှိ အခြေအနေ နဲ့ ကိုက်ညီ တဲ့ apply လုပ်ဖို့ solution အသစ်တစ်ခု ရလာမယ်။ Purpose of research ပေါ် မူတည်ပြီးတော့ research ကို Basic research နဲ့ Applied research ဆိုပြီးခွဲ နိုင်တယ်။ Qualitative နဲ့ Quantitative Research Paper ဆိုပြီးတော့ လည်း နှစ်မျိုးခွဲနိုင်ပါတယ်။ (Research methods တွေ Research အမျိုး အစားတွေ
အကြောင်း ကို နောက် post တစ်ခုနဲ့ သက်သက်ရှင်းပြပါမယ်။)

Research က တော့ Thesis တို့ dissertation တို့ထက် သူ က fact-based writing up ပုံစံ ပါ။ သူ့ ကို coursework requirements အတွက် ဘဲ ကျောင်းတော်တော်များ များ က independent study module အနေနဲ့ ထည့်ကြတာပါ။ Research ဆိုတာ academic writing ဆိုပေမယ့် independent လုပ် ရတဲ့ class requirement ပါဘဲ။ သူ က degree ရဖို့ လုပ်ရတဲ့ courseworks ထဲ က တစ်ခုပါ။ Research တစ်ခု တည်း လုပ်ရုံ နဲ့ degree achievement မဖြစ်နိုင်ပါဘူး။ Exam or other paper assignments တွေ ပါ ထပ် လုပ်ရသေးတယ် ဆိုတဲ့သဘောပါ။

3️⃣ ဒီ တော့ Thesis နဲ့ Research က မတူဘူး လား?

အမှန် က Thesis ရော Research ရော က အနည်ငယ်ကွာခြားပါတယ်။ တော်တော်များများ က Thesis ဆိုတဲ့ စကားလုံး ကို Research Paper နေရာမှာ အစားထိုးပြီးသုံး နေကြတာတွေ့ ရပါတယ်။ အမှန် က Thesis ဆို တာ က Research paper ရဲ့ part အနေနဲ့ တခါတလေ တွေ့ ရပေမယ့် Research paper ဆိုတာ ကတော့ Thesis ရဲ့ တစ်စိတ်တစ်ပိုင်းမဟုတ်ပါဘူး။

အဓိက ကွာခြား ချက်ကတော့
◾ Thesis က scholars တွေရဲ့ statement of central questions or arguments ပါ။ အဲ့ဒီ တော့ thesis statement အတွက် research ထပ် လုပ်ဖို့ လိုပါတယ်။ ဒီတော့ Research ဆိုတာက central argument ကို provement လုပ်တာမျိုးပါ။

◾ Thesis ဆိုတာ collect လုပ်ထားတဲ့ data ကို interpreting လုပ်ပြီး hypothesis ကို prove or disprove လုပ် ရတာ ပါ။ Research ကတော့ a single thesis statement ကို ဘဲ all possible angles ကနေပြီး တော့ analyse လုပ်တာပါ။

◾Thesis writing အတွက် deep knowledge နဲ့ pro-level research skill လိုပါတယ်။ Research paper ကတော့ thesis ထက် length ပို တို ပြီး fact-based academic writing ပါ။ Research requirement ဖြစ်တဲ့ problem ကို meet ဖြစ် ဖို့ ဘဲအဓိက ထား focus လုပ်တာပါ။

တော်တော်များများ research paper တွေ မှာ thesis statement ကို ဖော်ပြဖို့ လိုအပ်ကြပါတယ်။ Thesis ကို research paper ရဲ့ main idea or central point အနေ နဲ့ သတ်မှတ် ရပါတယ်။ Research paper မှာ ထည့် မယ့် arguments တွေ ကို central main idea ပေါ် မူတည် ပြီး တွေး ခိုင်းကြပါတယ်။

အခု Admin နားလည် သလောက် လေ့လာ ထားမိသလောက် ရှင်းပြထားတာတွေ က အဖြေ တစ်စုံတစ်ခု ဒါမှ မဟုတ် တွေးစရာ လေ့လာ စရာ ဗဟုသုတ တစ်ခု ရသွားစေမယ် ဆိုရင် ကျေနပ်ပါတယ်။
လိုအပ်တာတွေ လည်းရှိနေသေးတဲ့ အတွက်
နားလည်ပေးကြဖို့ လည်း တောင်းဆိုချင်သလို အားလုံးဆီကနေ ပြန်လည် သင်ယူ ချင်ပါတယ်။ ဒါကြောင့် any knowledge or question တွေ ရှိရင်comment မှာ share ပေးကြပါဦး နော်။ Discussion လုပ်ကြတာပေါ့။

ဒီ Page က နေ တစ်ခုခု အကျိုးကျေးဇူးရရှိတယ် ဆိ်ုရင် Page ကို Like & follow လေး လုပ်ပေးဖို့မမေ့ပါနဲ့
နော်။ တခြား သူငယ်ချင်းတွေ ကိုလည်း share ပေးပါဦး နော်။ Admin တို့ လည်းဒီထက် မကကြိုးစား ပြီး thesis နဲ့ ပတ်သက်တာတွေကို sharingလုပ်ပေးသွားပါ့ မယ်။
💛 အောက်ဆုံး အထိစိတ်ဝင်တစား ဖတ်ပေးတဲ့
အတွက် ကျေးဇူး အများကြီးတင်ပါတယ် ရှင့်။ 💛


25/07/2020

ဒီ Page က Academic thesis ​ရေး​နေတဲ့ သူ​တွေ အားလုံး အတွက်​ ရည်​ရွယ်​ပါတယ်​...

Page create လုပ်​ တဲ့ Admins နှစ်​​ယောက်​ ကိုယ်
တိုင်​လည်း Master Degree အတွက်​ Thesis ​တွေ
လုပ်​ရင်း အခက်​အခဲ​တွေ ရှိ ခဲ့ တဲ့ အတွက်​ Adminတို့ လို မျိုး Thesis နဲ့ ပတ်​သက်​ ပြီး အကူအညီ တစ်​ခုခု လို ​နေတဲ့ သူတိုင်း ဒီ Page က​နေ Solution တစ်​ခုခု ရသွား မယ်​ လို့ ​မျှော်​လင့်​ ပါတယ်​... (ကိုယ်​တိုင်​ Thesis လုပ်​ရင်းနဲ့ ကြုံခဲ့ ရတဲ့ အခက်​အခဲ​ သင်​ခန်းစာ​တွေ ရခဲ့သ​လောက်​ knowledge ​တွေ ပြန်​share ​ပေးပါ့မယ်​)

Admin တို့ ကိုယ်​တိုင်​ လည်း သင်​ယူ​နေဆဲ လူငယ်​​တွေ ဖြစ်​တဲ့ အတွက်​ မှတ်​သား မိ သ​လောက်​ experience ရှိသ​လောက်​ အတတ်​ နိုင်​ ဆုံး information ​တွေ discussion ​တွေ လုပ်​​ပေးသွား​ပေးပါမယ်​ရှင်..

အပြင်​မှာလည်း Admin တို့ ထက်​ ပို သိပို​တော်​တဲ့ thesis writing experience ရှိတဲ့ သူ​တွေ လည်း ရှိတဲ့ အတွက်​ အားလုံး ဆီ က​နေ အကြံဥာဏ်​​တွေ sharing လုပ်​တာ ​တွေ ကို လည်း လက်​ခံ​နေပါတယ်​ ရှင့်​ 😊

နောက်​ပိုင်း လွတ်​လွတ်​လပ်​လပ်​ ​ဆွေး​နွေးနိုင်​ ဖို့
အတွက်​ group လို ပုံစံ create လုပ်​ ​ပေးသွားဖို့
အစီအစဉ်​လည်း ရှိတဲ့ အတွက်​ ဒီ Page ​လေး ကို Like & Follow လုပ်​​ပေးဖို့ ​တောင်းဆိုချင်​ပါတယ်​....

ပညာ​လေ့လာ​နေတဲ့သူများအားလုံး အခက်​အခဲမရှိ
လေ့လာဆည်းပူးနိုင်​ပြီး ကြိုးစားသ​လောက်​ ဖြစ်​​မြောက်
အောင်​မြင်​ကြပါ​စေ...
ကျေးဇူးတင်​ပါတယ်​ 💛💛💛

23/07/2020

Hello 😎
Let's talk about "Thesis"😀
What is it?🧐
For more further details, please click the "Like" button and follow our page. 💛💛💛

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
95