Treasured aid Healthcare Assistant Training Center

Treasured aid Healthcare Assistant Training Center Treasured aid Healthcare Assistant Training Center.
107/J,Dana Theikdi st.Phawt Kan Qtr.Insein TSP. Yangon.Near Lower Mingalardon Road(T.L.T.C အဆောက်အဦး)

   # worldsicklecelldiseaseday # worldsaunteringday နှစ်စဉ်နှစ်တိုင်း ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ဟာ အဖေများနေ့ ဖြစ်သလို န...
19/06/2022


# worldsicklecelldiseaseday
# worldsaunteringday
နှစ်စဉ်နှစ်တိုင်း ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ဟာ အဖေများနေ့ ဖြစ်သလို နှစ်စဉ် ဇွန်လ ၁၉ ရက်နေ့ကို လည်း World Sickle Cell Day အဖြစ် သတ်မှတ်ပြီး ကမ္ဘာတဝှမ်း အသိပညာပေးမှုများ ပြုလုပ်လျက်ရှိပါသည်။
Sickle Cell Disease (SCD ) ဆိုတာ ပြင်းထန်သည့် မျိုးရိုးလိုက်သွေးအားနည်းရောဂါဖြစ်ပြီး တံစဉ်ပုံသဏ္ဍန် သွေးနီကလာပ်စည်းတွေဟာ အတူတကွ ပေါင်းစပ် ဖွဲ့စည်းကာ ခန္ဓာကိုယ်အတွင်း သွေးနှင့် အောက်ဆီဂျင်ထောက်ပံ့မှု ကို ဟန့်တားကြန့်ကြာစေသော ရောဂါတစ်မျိုးဖြစ်ပါတယ်.. အဖြစ်များတဲ့ရောဂါလက္ခဏာများကတော့ အလွန်အမင်း နာကျင်ခြင်း၊ ရောဂါကူးစက်လွယ်ခြင်း၊ သွေးအားနည်းခြင်းနဲ့ ခန္ဓာကိုယ်တွင်းကလီစာတွေဖြစ်တဲ့ အသည်း၊ အဆုတ်၊ နှလုံး၊ကျောက်ကပ်နဲ့ သရက်ရွက် .. တို့ပျက်စီးခြင်းပဲဖြစ်ပါတယ်။
နှစ်စဉ် ကမ္ဘာတဝှမ်းကလေး ၃သိန်း မှ ၄ သိန်း SCD ရောဂါ ခံစားနေရပြီး အဓိက ကုသမှုကတော့ ကာကွယ်ခြင်းနဲ့ ကုသနေစဉ်အတွင်း ထပ်တိုးလာတဲ့ရောဂါများကို ကိုင်တွယ်ဖြေရှင်းခြင်းပဲဖြစ်ပါတယ်။

Sickle cell awareness
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ကမ္ဘာ့ကုလသမ္မဂ္ဂ အထွေထွေညီလာခံက အများပြည်သူကျန်းရေးနှင့် သက်ဆိုင်သောပြဿနာ၊ ကမ္ဘာ့ အရေးအကြီးဆုံးမျိုးရိုးလိုက်ရောဂါ အနေဖြင့် အသိအမှတ်ပြုပြီး အပြည်ပြည်ဆိုင်ရာ နေ့တစ်နေ့ အဖြစ် သတ်မှတ်ရန် အတည်ပြုပေးချက်အရ ၂၀၀၉ ခုနှစ် ၊ဇွန်လ ၊၁၉ ရက်နေ့တွင် ပထမဆုံးအကြိမ် World Sickle Cell Day နေ့ကို ကျင်းပခဲ့ပါတယ်။
ယခု ၂၀၂၂ ခုနှစ်မှာတော့ "Shine the Light "ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံအဝှမ်း စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ကာ တနိုင်ငံလုံးရှိ အဆောက်အဦးများတွင် မီးနီများ ထွန်းညှိခြင်းဖြင့် အများနှင့် သက်ဆိုင်သော ရောဂါကုသမှုအတွက် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်လျက်ရှိပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ the Centers for Disease Control and Prevention (CDC) က Sickle cell ရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းတဲ့အစီအစဉ်တွေ ပြုလုပ်ပြီး ရောဂါခံစားနေရတဲ့လူနာများကို စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိပါတယ်။အပြည်ပြည်ဆိုင်ရာ နေ့မှလည်း လူတိုင်းကို ရောဂါ ဆန့်ကျင်ရေးအဖွဲ့အစည်းမှာပူးပေါင်းပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
Source: Internet

🌎ပြည်တွင်း၊ပြည်ပအလုပ်အကိုင်အခွင့်အလမ်းကောင်းများ များစွာ ရှိတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တခုကို ကျွမ်းကျွမ်းကျင်ကျင် တတ...
12/06/2022

🌎ပြည်တွင်း၊ပြည်ပအလုပ်အကိုင်အခွင့်အလမ်းကောင်းများ များစွာ ရှိတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားချင်တယ်ဆိုရင်~

"အငြိမ်းစားသူနာပြုကျောင်းအုပ်ကြီးနှင့် သူနာပြုနည်းပြ (ငြိမ်း) များ ဦးစီးတဲ့ "

Treasured Aid Healthcare Assistant Training Center ရှိတယ်နော်...
*ကိုယ့်ရဲ့ မိသားစု၊ မိဘ၊ ဘိုးဘွားတွေကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးနိုင်ဖို့...
*ပြည်းတွင်းမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေမှာ သူနာပြုအကူအဖြစ်နဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့...
*ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အိမ်တိုင်ယာရောက်ဝန်ဆောင်မှုပေးနိုင်ဖို့...
*ပြည်ပနိုင်ငံများဖြစ်တဲ့ (Singapore, UAE, Japan) အစရှိတဲ့ နိုင်ငံတွေမှာ Care giver/HCA အဖြစ် Professional ကျကျ လုပ်ကိုင်ရပ်တည်နိုင်ဖို့...ရည်ရွယ်ထားသူများ မဖြစ်မနေ တက်ရောက်သင့်တဲ့ သင်တန်းကတော့ ~

Healthcare assistant/Nurse aide Training Course..( သူနာပြုအကူသင်တန်း)ပဲဖြစ်ပါတယ်။..သင်ကြားမယ့် ဘာသာရပ်တွေကတော့...
- သူနာပြု ပညာရပ် ခန္ဓာဗေဒနှင့် ဇီဝကမ္မ ဗေဒ အခြေခံ၊
- အရေးပေါ်အခြေအနေများအတွက် ရှေးဦးသူနာပြုစုနည်း၊
- အခြေခံ သူနာပြုစုနည်း၊
- သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်နည်း
- မိခင် နှင့် ကလေးကျန်းမာရေး ပြုစုစောင့် ရှောက်နည်း၊
- ကိုယ်အပူချိန်၊ သွေးခုန်နှုန်း၊ အသက်ရှုနှုန်းတိုင်းတာခြင်းနှင့် သွေးပေါင်ချိန်နည်းများ
- ဆီးချို၊သွေးချိုရောဂါအကြောင်းနှင့် စစ်ဆေးနည်းများ၊
- Oxygen တိုင်းနည်းနှင့် Oxygen အိုး အသုံးပြုပုံများ၊
- ECG ဆွဲနည်း၊
- Nebulizer နှင့် Suction စက်အသုံးပြုနည်း ၊
- နှာခေါင်းပိုက်ထည့်နည်း၊ ဆီးပိုက်ထည့်နည်းနှင့် စစ်ဆေးနည်းများ၊
- Drip ပုလင်း ချိတ်နည်းနှင့် ဝမ်းချူ နည်းများ၊
-ဆေးရုံ၊ဆေးခန်းသုံး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုပုံများ၊
- လူနာရွှေ.ပြောင်းနည်း၊ အိပ်ယာခင်း လဲလှယ် နည်းနှင့် ရေပတ်တိုက်နည်း၊
- အနာ ဆေးထည့်နည်းနှင့် ပတ်တီးစီးနည်း၊
- အဖြစ် များသော ရောဂါများအကြောင်း၊
- မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များအကြောင်း၊
- အခြေခံဆေးဝါးများအကြောင်း၊
- ကူးစက်ရောဂါပိုးများအကြောင်းနှင့် ပိုးသန့်စင်နည်း၊
အစရှိသည်တို့ကို စင်ကာပူနိုင်ငံ HCA သင်ရိုးညွှန်းတမ်းကို အခြေခံ၍ အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် စာတွေ့၊လက်တွေ့သင်ကြားပေးမှာဖြစ်ပါတယ်။

* ကိုယ်ပိုင် ဆေးဆိုင်ဖွင့်ဖို့ ..
* ဆေးဆိုင်၊ဆေးကုမ္မဏီတွေမှာ အလုပ်လုပ်ဖို့...
* ချစ်ခင်ရတဲ့ မိသားစုတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့...ဆေးဝါးနဲ့ ပတ်သက်ပြီးအခြေခံ အသိရှိချင်သူများအတွက် ~

Pharmacist Aide ( ဆေးဝါးကျွမ်းကျင် အကူ) သင်တန်း

သင်ကြားမယ့် ဘာသာရပ်များကတော့..
* ဆေးဝါးပညာဘာသာရပ် အခြေခံ မိတ်ဆက်၊
* ဆေးဝါးများ၏ Brand name/Generic name အခေါ်အဝေါ်များ၊
* ဆေးပုံသဏ္ဌန်များ၊ ဆေးအမျိုးအစား အုပ်စုများအကြောင်း၊
* ဆေးများ၏ ရောဂါအလိုက် အသုံးပြုပုံ များနှင့် ဘေးထွက်ဆိုးကျိုးများအကြောင်း၊
* အခြေခံ အိမ်သုံးဆေးဝါးများအကြောင်း၊
* ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့်ပေးရသောဆေးများအကြောင်း၊
* ထိန်းချုပ် ဆေးဝါးများအကြောင်း၊
* ဆေးဆိုင် လိုင်စင် ပြုလုပ်နည်းများအကြောင်း....အစရှိသည်တို့ကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Healthcare Assistant Course
16.7.22 တွင်စမည်။
( Duration 3 .5 months)
Sat & Sun --- 9.00am~ 3.00 pm
(သင်တန်းကြေး - 350000/-)
* ၃ကြိမ် အရစ်ကျခွဲသွင်းနိုင်သည်*

Nurse aide အထူးသင်တန်း
11.7.22 တွင် စမည်။
( Duration 1.5 months)
Mon, Tue, Wed --- 9.00am~3.00 pm
(သင်တန်းကြေး - 250000/-)
* ၂ကြိမ် အရစ်ကျခွဲသွင်းနိုင်သည်*

Pharmacist aide သင်တန်း
( Duration 1.5 months)
Thu & Fri --- 9.00am~3.00 pm
(သင်တန်းကြေး - 250000/-)
* ၂ကြိမ် အရစ်ကျခွဲသွင်းနိုင်သည်*

N/A ,P/A ရုံးချိန်ပြင်ပသင်တန်း
11.7 .22 တွင် စမည်။
( Duration 3.5 months)
Mon to Fri --- 5.00 pm~7.00 pm
(သင်တန်းကြေး - 350000/-)
* ၃ကြိမ် အရစ်ကျခွဲသွင်းနိုင်သည်*

သင်တန်းသားတစ်ယောက်ချင်းစီအတွက် ~ အရည်အသွေးမြင့် Stethoscope နားကြပ်တစ်ခု၊BP Cuff သွေးပေါင်ချိန်စက် တစ်ခု၊Thermometer အဖျားတိုင်းတံတစ်ခု၊Uniform နှင့်သက်ဆိုင်ရာ သင်ရိုးညွှန်းတမ်း စာအုပ်များကိုလည်း အခမဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်....
** *သင်တန်း ပြီးဆုံးအောင်မြင်ပါက သင်တန်းအောင်လက်မှတ် Certificate ချီးမြှင့်မှာဖြစ်ပြီး ပြည်တွင်း/ပြည်ပ အလုပ်အကိုင်များရရှိရန်လည်း Treasured aid မှ မေတ္တာဖြင့် Agency များနှင့် ချိတ်ဆက်ပေးမှာဖြစ်ပါတယ်***

"သင်ကြားမှု အထိရောက်ဆုံးဖြစ်စေရန် သင်တန်းသားဦးရေ ကန့်သတ်ထားလို့ အမြန်ဆုံး အပ်နှံထားမှစိတ်ချရမယ်နော်"
📢30.6.22 မတိုင်မီ အပ်နှံသူများကိုလည်း %Discount တွေ ပေးသွားဦးမှာနော်...

Treasured aid Healthcare assistant
Training Center
🏨107/J , Dana Theikdi St,Phaw Kan Qtr, Insein Tsp,Yangon.(Treasure Language and Training Center အဆောက်အဦး)
📞ph:09782035095,09443235549

Address

Yangon

Telephone

+959782035095

Website

Alerts

Be the first to know and let us send you an email when Treasured aid Healthcare Assistant Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Treasured aid Healthcare Assistant Training Center:

Shortcuts

Share

Category