Shimmer's Knowledge Sharing Page

Shimmer's Knowledge Sharing Page

Share

Its a knowledge sharing page.

22/07/2020

Favourite Quote of the Day!!!!!!
"Consider yourself as an orange. Only what is really inside can come out. If you fill your mind with thoughts of serenity, positivity, strength, courage and compassion, when someone squeezes you, this is the only juice that can flow. "
Credit from book - 200 secrets of Success

22/07/2020

Hello! Shimmerဒီနေ့ကျောင်းသားကျောင်းသူတိုင်းရင်ဆိုင်ရတဲ့ပြဿနာတစ်ခုအကြောင်းပြောပြပါမယ်။ အဲဒါကတော့ စာလုပ်တဲ့အချိန်ဖုန်းခဏခဏကိုင်မိခြင်းဖြစ်တယ်။ ကိုယ်စာကြည့်စားပွဲပေါ် ထိုင်လိုက်တာနဲ့ သူငယ်ချင်းတယောက်ယောက် msg လာလို့ msg ပြန်ရင်းနဲ့ကုန်သွားတဲ့အချိန်တွေ၊ social mediaတွေသုံးရင်းနဲ့ gameတွေဆော့ရင်းနဲ့ Shimmerတို့ စာကြည့်ချိန်တွေပဲ့ပါသွားကြတယ်။ အဓိက ကတော့ စာလုပ်ရင်း ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ခြင်းပဲဖြစ်တယ်။ စာလုပ်နေရင်း 5 min လောက်ပါပဲဆိုပြီး စာကြည့်ချိန်တခုလုံးပါသွားတယ်။ ဒါ့ကြောင့် Shimmer စာလုပ်နေရင်း အဲ.လိုတွေအချိန်မကုန်အောင်၊ စာလုပ်နေရင်းနဲ့ Focus မလွဲအောင် app လေးတွေကို မိတ်ဆက်ပေးပါမယ်။ Let's see it🤗.
1. Forest app
စာစလုပ်တော့မယ်ဆိုရင် အက်ပ်ကိုဖွင့်ပြီး plant ဆိုပြီးသစ်ပင်စိုက်ထားပါ။ သင့်ဖုန်းမကိုင်ဘဲ စာဆက်လုပ်နေရင် သစ်တောကြီးတခုဖြစ်သွားပေမည်။ ဖုန်းသုံးမိလျှင် မိမိသစ်ပင် ညိုးနွမ်းသွားပေမည်။ ကိုယ်အာရုံစိုက်လေ သစ်ပင်များကြီးထွားပြီးcoin လေးတွေရရှိသွားပါပြီ။ coin တွေနဲ့သစ်ပင်အမျိုးအစားအသစ်ကို unlock လုပ်နိုင်မည်ဖြစ်သည်။

2. Study Bunny app
Study Bunny သည် သင်စာကိုအာရုံစူးစိုက်ပြီး လုပ်လျှင် coinများရရှိပေမည်။ ထို coin များကိုစုပြီး မိမိယုန်အတွက်ပစ္စည်းများကို ၀ယ်နိုင်သည်။ ဒါ့ပြင် သင် စာလုပ်ချိန်ကို ဘာသာအလိုက် မှတ်ထားပေးခြင်း၊ To-do-list များကို မှတ်နိုင်ခြင်း၊ flash card များထားနိုင်ခြင်း စသည့် features များ ပါဝင်သည်။ Shimmer ဒီapp ကိုဘယ်လိုသုံးရမလဲဆိုတဲ့ YouTube link လေးပါ ထည့်ပေးထားတယ်နော်။
https://youtu.be/09ZNg1oeLjg

စာလုပ်ရင်း ဖုန်းသုံးလိုက် စာလုပ်လိုက် မလုပ်ပါနဲ့။ လေ့လာချက်အရ ၂ နာရီခွဲ အာရုံပျံ့လွင့်ခြင်းမရှိဘဲစာလုပ်ခြင်းသည် ၄ နာရီ အာရုံပျံ့လွင့်ကာ စာလုပ်ခြင်း ထက် ပိုအဖိုးတန်တယ်လို့လဲ တွေ.ထားပါတယ်။ Shimmer ၂နာရီခွဲ ဆက်တိုက် စာမလုပ်ခိုင်းပါဘူး။ 25min စာလုပ်ပြီး ၅ မိနစ် နားတာ၊သို့မဟုတ် ၁ နာရီ စာလုပ်ပြီး ၁၀မိနစ်နားတာတို့ လုပ်သင့်ပါတယ်။ ကိုယ့် break နားချိန်တွေမှာ ပြတင်းပေါက်ကြည့်တာတို့၊ အိမ်တစ်ပတ်လမ်းလျှောက်တာလုပ်သင့်ပါတယ်။ ပြီးတော့Shimmer ပြောချင်တာက စာမလုပ်ခင်တည်းက ဘယ်ဘာသာလုပ်မယ်၊ ဘယ်လောက်ကြာကြာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ထားသင့်ပါတယ်။ မဟုတ်ရင် စာကြည့်စားပွဲပေါ်မှာ ဟိုဘာသာလုပ်ရမလိုလို သည်ဘာသာလုပ်ရမလိုလိုနဲ့ အချိန်ကုန်သွားပါလိမ့်မယ်။

App download link:
Forest app https://play.google.com/store/apps/details?id=cc.forestapp
Study Bunny app https://play.google.com/store/apps/details?id=com.superbyte.studybunny

Shimmer ကိုလဲ app တွေသုံးပြီးသွားရင် feedback လေးတွေ ပြန်ပေးပါဦးနော်😃။
If u like my post, please like and share it. Thank u for reading.❣️

21/07/2020

Favourite Quote of the Day!!!!

"Stay on purpose, not on outcome. In other words, do the task because it is what you love to do or because it will help someone. Don't do it for the money or the recognition. Those will come naturally. This is the way of the world."

Credit from the book - 200 secrets of Success

08/07/2020

Hello! Shimmer ဒီနေ့ အားလုံးကိုStatue Of Liberty အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ Statue of liberty သည် မေရိကန်ပြည်ထောင်စု နယူးယောက်မြို့ (New York) တွင်တည်ရှိသည်။ အတိအကျပြောရလျှင်နယူးယောက်ဆိပ်ကမ်း (New York Harbor)ရှိ Liberty ကျွန်းတွင် ရှိသည်။ Let's see some of its facts🤗.

1. Statue of Liberty ကို ၁၈၈၆ ခုနစ်တွင် ပြင်သစ်မှ အမေရိကသို့ပေးခဲ့သောလက်ဆောင်ဖြစ်သည်။
2. Statue of Liberty သည် ရောမနတ်ဘုရားမ Libertas(Roman's goddess of freedom)ကိုကိုယ်စားပြုသည်။
3. Statue of Liberty ၏ လက်တဖက်တွင် မီးရှူး(torch) နှင့်အခြားတဖက်တွင် အမေရိကန်လွတ်လပ်ရေးကြေငြာခြင်းနေ့ (၁၇၇၆၊ ဇူလိုင် ၄ ရက်) တွင်ရေးထိုးထားသည့်ကျောက်ပြားရှိသည်။
4. Statue of Liberty ၏သရဖူပေါ်ရှိဆူးခုနစ်ခုသည်သမုဒ္ဒရာ ၇ ခုနှင့်ကမ္ဘာ့တိုက်ကြီးခုနစ်ခုကိုကိုယ်စားပြုသည်။ ထို့ပြင်သရဖူတွင်ပြတင်းပေါက် 25 ပေါက်ရှိပါသည်။
5. Statue of Liberty ၏ အမြင့်သည် အောက်အခြေမှမီးရှူးထိစုစုပေါင်းအမြင့် ၃၀၅ ပေ၊ ၆ လက်မဖြစ်သည်။
6. Statue of liberty ၏နဂို အရောင်မှာ ကြေးနီရောင်ဖြစ်သည်။ သို့သော် ဓာတ်တိုးမှုကြောင့်အစိမ်းရောင်ပြောင်းသွားသည်။
7. Statue Of liberty သည် ၁၉၈၄ တွင်ယူနက်စကို၏ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်စာရင်းဝင်ခဲ့သည်၊၊

နယူးယောက်မြို့ကိုရောက်ဖြစ်ရင်တော့ Statue of Liberty ကို သွားလည်ကြည့်ပါ။✈️

If you like my post, please like and share it. Thanks for reading.❣️

Shimmer ကိုးကားထားတဲ့ link - https://www.telegraph.co.uk/travel/destinations/north-america/united-states/new-york/articles/statue-of-liberty-fascinating-facts/

06/07/2020

Hello! Shimmer ဒီနေ့ အရေးကြီးတဲ့အကြောင်းအရာတစ်ခုကို ပြောပြသွားမှာဖြစ်ပါတယ်။ Shimmer တို့လိုလူငယ်တွေက အခုဆိုရင်ဖုန်းသုံးရတာကို အရမ်းဆွဲလန်းလာပါတယ်။ Phone/Laptop/Computer/Tablet/TV စတာတွေကို အခုလို Covidကာလမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားတာကြောင့် မရပ်မနား သုံးမိပါတယ်။ တချို့ဆိုရင် ည 3-4နာရီထိ ရုပ်ရှင်တွေကြည့်နေတာတွေလည်းရှိပါတယ်။ အဲလို Screen time ကြာလို့ Shimmerတို့ရဲ့ မျက်စိတွေလည်း ထိခိုက်နေပါတယ်။ Phone ကြာကြာသုံးရင်မျက်စိပျက်စီးမယ်လို့ငယ်ငယ်ထဲက လူကြီးတွေပြောတာကိုကြားဖူးမှာပါ။ But why? ဘာလို့လဲဆိုတာ ကြည့်ကြရအောင်နော်🤗။

Phone/Laptop/Computer/Tablet/TV စတဲ့အီလက်ထရောနစ်ပစ္စည်းများမှ blue light ခေါ် အပြာရောင် ရောင်ခြည်များကိုထုတ်လွှတ်နိုင်သည်။ ထိုအပြာရောင်ရောင်ခြည်သည် ကျနုပ်တို့ရဲ့မျက်စိကိုထိုးဖောက်ပြီး မျက်စိအတွင်းမှ cell များကို ပျက်စီးစေသည်။ ထို အီလက်ထရောနစ်ပစ္စည်းများကိုကြာရှည် အသုံးပြုလျှင် မျက်လုံးခြောက်ခြင်း(dry eyes)၊ ယားယံခြင်း(irritated or itchy eyes)သို့မဟုတ်မျက်လုံးနီခြင်း(red eyes) နှင့်ခေါင်းကိုက်ခြင်းတိုကိုဖြစ်စေသည်။ မျက်လုံးခြောက်ခြင်း (dry eyes) ကိုဖြစ်စေသောအဓိကအကြောင်းရင်း နောက်တခုမှာကျွန်ုပ်တို့၏မျက်တောင်ခတ်နှုန်းသည် ဖုန်းသုံးနေစဉ်ကိုသိသိသာသာလျှော့ချသွားသောကြောင့်ဖြစ်သည်။

ထိုကြောင့် ကျွန်ုပ်တို့သည် ထိုအီလက်ထရောနစ်ပစ္စည်းများကို လျှော့သုံးနိုင်ရန် ကြိုးစားသင့်သည်။ ထို့ပြင် ဖုန်းသုံးလျှင်လည်း
1. မျက်တောင်ခဏခဏ ခတ်ပေးသင့်သည်။
2. Blue light filter app များကို download လုပ်က သုံးသင့်သည်။
3. အလင်းမဖောက်သည်မျက်မှန်များကို အသုံးပြုသင့်သည်။
4. ညမအိပ်ခင်ဖုန်းများကို မသုံးသင့်ပါ။ အပြာအလင်းကိုအလွန်အကျွံထိတွေ့ခြင်းကြောင့်အိပ်မပျော်မှုကိုဖြစ်စေနိုင်သည်။
5. 20-20-20rule ကိုလိုက်နာသင့်သည်။ 20-20-20 rule ဆိုသည်မှာ phoneသုံးပြီးတိုင်းမိနစ်20 အကြာတွင် 20စက္ကန့်လောက် အကြာအတွက် ပေ20 အဝေးကိုကြည့် သင့်သည်။ တနည်းအားဖြင့် မိနစ်20 ကြားတိုင်း 20 စက္ကန့်လောက် ပြတင်းပေါက်ကိုကြည့်သင့်သည်။

If you like my post, please like and share it. Thanks for reading❣️.

Shimmer ကိုးကားထားသည့် Linkများ -https://yoursightmatters.com/tips-reduce-hazard-blue-light/
https://yoursightmatters.com/is-screen-time-affecting-your-eye-health/

04/07/2020

skincareတွေ၀ယ်ရတာစျေးကြီးလို့စိတ်ညစ်နေပြီလား။ မျက်နှာမှာရေခဲတုန်းပွတ်ပြီးပိုပြီး glowချင်လား။ အခု Shimmer ပြောပြမယ်နည်းလမ်းကတော့ အကုန်အကျမရှိဘဲသက်တောင့်သက်သာနဲ့ အိမ်မှဘဲလုပ်လို့ရမယ်နော်။အဲဒါကတော့ မျက်နှာသစ်ပြီးတိုင်း ရေခဲတုံးတတုံးကို မျက်နှာမှာ ပွတ်ပေးခြင်းဖြစ်ပါတယ်။ အဲဒါရဲ့ အကျိုးကျေးဇူးကိုလည်းကြည့်ကြရအောင်။ Let's see it🤗.

1. မျက်နှာကို glow စေတယ်။
နေ့စဉ်စိတ်ဖိစီးမှုကြောင့် Shimmer တို့ရဲ့မျက်နှာနှင့်အသားအရေကိုထိခိုက်စေတယ်။ အဲဒါကြောင့် မျက်နှာသစ်ပြီးတိုင်း ရေခဲတုံးဖြင့်ပွတ်ခြင်းသည် သင်၏မျက်နှာသို့သွေးလည်ပတ်မှုကိုတိုးစေပြီးတောက်ပစေသည်။

2. Beauty products တွေကိုပိုပြီးစုပ်ယူနိုင်တယ်။ ဒါကြောင့် Shimmerတို့တွေ night cream သို့မဟုတ် Serum မလိမ်းခင် မျက်နှာသစ်ပြီး ရေခဲ့တုံး၁တုံးဖြင့်မျက်နှာကိုပွတ်ပေးပါ။ ပြီးမှမျက်နှာသုတ်ပဝါနဲ့သုတ်ပြီးလျှင် မိမိလိမ်းလိုရာ Product ကိုလိမ်းပါ။ မိတ်ကပ် Foundation မလိမ်းခင် လုပ်ပေးလျှင် flawless look ရရှိပါမည်။ ထို့အပြင် Foundationလည်းကြာကြာခံပါမည်။

3. မိမိမျက်နှာပေါ်ရှိ Poreဟုခေါ်သောအပေါက်သေးသေးလေးများအားလည်းကျဉ်းစေသည်။ ထိုအပေါက်များကြောင့်မျက်နှာတွင်အဆီပြန်စေသည်။ အပေါက်များ ကျုံ့သွားသည့်အတွက် နွေရာသီလိုအချိန်မျိုးတွင် Shimmer တို့အတွက် အသုံးဝင်တယ်။

4. သင်၏မျက်နှာပေါ်တွင်ရေခဲ Cube များကိုအသုံးပြုခြင်းသည်အရေးအကြောင်းများနှင့်အိုမင်းခြင်းလက္ခဏာများကိုထိန်းချုပ်ရန်ကူညီသည်။

5. ကြာရှည်အသုံးပြုလျှင် မျက်လုံးဝန်းကျင်ရှိ မျက်တွင်းချိုင့်ကာ Dark Circle ဖြစ်တာကို ပျောက်စေတယ်။

ဒါကြောင့် မျက်နှာသစ်ပြီးတိုင်း ရေခဲတုံးဖြင့် မျက်နှာကို ပွတ်ကြည့်ကြရအောင်။

If u like my post, please like and share it. Thanks for reading❣️.

Shimmer ကိုးကားပြီး ရေးထားတဲ့ link - https://www.stylecraze.com/articles/beauty-with-ice-cubes/
Photo credit- from Google.

03/07/2020

အခု Shimmer အတွေ့အကြုံလေးတခုပြောပြသွားမှာပါ။အဲဒါကတော့ဆပ်ပြာဆီဖျော်ဆက်နည်းဖြစ်ပါတယ်။ ဒီဆပ်ပြာကိုလက်ဆေးတဲ့နေရာမှာအသုံးပြုလို့ရပါတယ်။ အရမ်းလည်းလွယ်ပြီး ဈေးလည်းသက်သက်သာသာနဲ.ရပါတယ်။ 4000ksလောက်နဲ့ဆပ်ပြာ 12 လီတာရမှာဆိုတော့ လုပ်နည်းလေးကြည့်ကြရအောင်နော်🤗
1. Jelly ကို ရေ 12 လီတာဖြင့် ပုံးတပုံးထဲမှာ ပျော်အောင်ထည့်ဖျော်ပါ။ Jellyအကုန်ပျော်အောင်ဖျော်ဖို့ အချိန်အနည်းငယ်တော့ ကြာပါတယ်။ Jellyကအဓိက ဆပ်ပြာကိုအမှုပ်ထစေပါတယ်။
2. နံပါတ်(၂) အနေနဲ့ အစေ့ထုတ် အားထည့်ဖျော်ပါ။
3. နံပါတ် 1 နှင့် 2 အားဖျော်ပြီးလျှင် အရောင်နှင့်အနံ့ထည့်ပြီးမွှေပေးပါ။
4. ဆားပုံစံ ပျစ်ဆေးမှုန့် အား ထည့်ပြီးပျစ်လာတဲ့အထိမွှေပေးပါ။ အားလုံးပျော်သွား ပျစ်သွားပါက အမြှုပ်များပျောက်သည်အထိ ဇလုံထဲတွင် ထားပါ။ မနက်တွင် ဆပ်ပြာလုပ်လျှင် နေ့လည်လောက်ထိဒီတိုင်းပစ်ထားလိုက်ပါ။ ထို့နောက်မိမိလိုရာသုံးဆောင်နိုင်ပါပြီ။

ပုံမှာ Shimmer နံပါတ်တွေကို အစဉ်လိုက်အတိုင်း တပ်ပေးထားပါတယ်နော်။

Photo Credit - From facebook.
If u like my post, please like and share it. Thank u for reading❣️.

27/06/2020

လူတိုင်းပန်းသီးစားဖူးကြတယ်။ ဒါပေမယ့် Cashew appleဟုခေါ်သည့်သီဟို‌ဋ်‌ပန်းသီး ကိုတော့လူတိုင်းစားဖူးကြမှာမဟုတ်ဘူး။ Cashew apple သည်သီဟိုဋ်‌စေ့၏အခွံမာနဲ့အောက်တွင်ချိတ်ဆက်ထားသည်။ (ပုံပြပါအတိုင်း) Cashew nuts (သီဟိုဋ်စေ့)အပေါ်တွင်ပေါက်ရောက်သောအပိုပစ္စည်းတခုလည်းဖြစ်သည်။ သီဟိုဋ်ပန်းသီးကိုလတ်လတ်ဆက်ဆက်လဲစားသောက်နိုင်သလိုဟင်းချက်ရာတွင်လည်းအသုံးပြုနိုင်သည်။ ထို့အပြင် ရှလကာရည် အဖြစ် ကစောဖေါက်နိုင်သလိုအရက်လည်းချက်နိုင်သည်။ ထိုသို့စားသုံးနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခြင်းမပြုရခြင်းသည် အပျက်စီးလွယ်သောကြောင့်ဖြစ်သည်။

27/06/2020

Welcome to Shimmer's Knowledge Sharing Page📒. I am Shimmer. Shimmer ဒီpageကိုအဓိကဖွင့်တာက Shimmer ဗဟုသုတတွေမျှဝေရတာကြိုက်လို့ပါ။ ကိုဖတ်ထားတဲ့ဗဟုသုတရဖွယ်စာတွေ ထူးဆန်းတဲ့အကြောင်းအရာအဖြစ်ပျက်တွေကို စာဖတ်ပရိသတ်နဲ့မျှဝေသွားမှာပါ။ Shimmer မျှဝေသွားတဲ့အကြောင်းရာကိုလည်းကြိုက်မယ်လို့ထင်ပါတယ်။ Thank u❣️.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon