25/05/2026
ဂုဏ်သိက္ခာကြီးမားပြီး ခက်ခဲလှသော ပြိုင်ပွဲတစ်ခုဖြစ်သည့် the World Scholar's Cup 2026 Yangon Round တွင် Top Scholar များသာ ရရှိနိုင်သော Trophy ၄ ဆု နှင့် ဆုတံဆိပ်ပေါင်း ၅၃ ခု ရရှိခဲ့သည့် BLOSSOM မှ ကျောင်းသူကျောင်းသားများကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။
ယခုနှစ်အတွက် "Are we there yet?" ခေါင်းစဥ်ဖြင့် History, Art & Music, Science & Technology, Literature & Media, Social Studies နှင့် Special Area ဘာသာရပ် ခြောက်ခုကို Team Debate, Collaborative Writing, Scholar's Challenge နှင့် Scholar's Bowl ပြိုင်ပွဲများကို British School Yangon ၌ မေလ ၂၃ နှင့် ၂၄ ရက်နေ့များတွင် အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ကြပြီး ဆုများ ရရှိခဲ့ကြပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Global Round သို့ ပါဝင်ယှဥ်ပြိုင်ရန် Gold Medalists ( Top 4 နှင့် Top 6) Position များဖြင့် Qualified ဖြစ်ခဲ့ကြပါသည်။
24/05/2026
🏆CONGRATULATIONS to BLOSSOM's HIPPO SEMI-FINALISTS🏆
2026 ခုနှစ် HIPPO ENGLISH OLYMPIAD ပြိုင်ပွဲ Preliminary Round မှာ BLOSSOM မှ Semi-finalists ၁၅ ဦး ပေါ်ထွက်လာခဲ့ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်ပြီး ခက်ခဲသောစာမေးပွဲကြီးတွင် ရလဒ်ကောင်းများရရှိခဲ့ကြသော BLOSSOM ကျောင်းသူကျောင်းသားများကို ဂုဏ်ပြုလိုက်ရပါတယ်။
Hippo English Olympiad မှာ BLOSSOM မှ ဖြေဆိုခဲ့ကြတဲ့ သားတို့သမီးတို့ အားလုံး နောက်လာမယ့် စာမေးပွဲတွေမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရရှိပါစေကြောင်း ဆုတောင်းလိုက်ပါတယ်ရှင်...
LITTLE HIPPO
1. MAY YEE AUNG 60/60 (IIP International School)
2. YEE YWAL MAY OO 60/60 (EDUSN)
3. MAY BHONE CHEL 59/60 (Concept X)
4. MAY PHU KHIN 59/60 (BEHS 2 Kungyangon)
5. KHIT HNIN PHYU SIN 58.5/60 (MCTA)
6. XAVIER MOEZAC 58.5/60 (Kings Yangon International School)
HIPPO 1
1. THOON LAWUN SHEIN 60/60 (IIP International School)
2. EAINT THET PHOO NGON @ STORY 60/60 (IIP International School)
3. THINN AMAYAR KAUNG 60/60 (City School Yangon)
4. HTET YATI AUNG 58.5/60 (IIP International School)
5. JAYSON KING 58.5/60 (Lumbini Academy)
6. EAINT YOON DRA MHU 58.5/60 (Future Kidz International School)
7. WINE SU PONE CHIT 57/60 (IIP International School)
8. SAN YATI 57/60 (IIP International School)
9. SU YATI 57/60 (IIP International School)
16/05/2026
ရလဒ်ကောင်းတွေနဲ့ အမြဲအောင်ပွဲဆင်တဲ့ BLOSSOM English ရဲ့ ကြည့်မြင်တိုင် In Person YLE အတန်းသစ်တွေ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပြန်လည်စတင်ပါတော့မယ်ရှင်...
Class တစ်ခုမှာ ကျောင်းသူကျောင်းသား (၁၀) ဦး အထိသာ လက်ခံပေးမှာ ဖြစ်ပါတယ်..
Course တစ်ခုကို (၁၀) လ ကြာမြင့်မှာဖြစ်တာကြောင့် ပုံမှန်ဆက်တိုက်တက်ရောက်ဖို့ လိုအပ်ပါတယ်ရှင်..
အတန်းများ အားလုံး 6.6.2026 မှာ အတန်းများ စတင်မှာဖြစ်ပြီး
အတန်းချိန်များအနေနဲ့
Starters 2:00 - 3:00 PM (Saturday & Sunday)
Movers 3:00 - 4:30 PM (Saturday & Sunday)
Flyers 4:30 - 6:00 PM (Saturday & Sunday) ဖြစ်ပါတယ်ရှင်...
အတန်းအပ်ရန်အတွက် 09960503052 (Viber) သို့ စာရင်းပေးသွင်းနိုင်ပါတယ်ရှင်...
BLOSSOM ENGLISH & MATHS
အမှတ် ၆၅ နိဗ္ဗာန်လမ်း ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြို့
05/05/2026
Germany နိုင်ငံမှာ သွားရောက်ယှဥ်ပြိုင်ပြီး ဆုကြီးများစွာယူဆောင်ပေးခဲ့တဲ့ ဂုဏ်ယူစရာ Team Myanmar 🇲🇲
၂၀၂၆ ခုနှစ်အတွက် Hi-Lingua Language Competition နဲ့ German Math Olympiad Grand Final ပွဲများကို Germany နိုင်ငံ Frankfurt မြို့ Goethe University မှာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၄၇ နိုင်ငံမှ စုစုပေါင်း ကျောင်းသူကျောင်းသား ၁၀၀၀ ကျော် လာရောက် ပါဝင်ယှဥ်ပြိုင်ပြီးစီးခဲ့ပါပြီရှင်။
ပါဝင်ယှဥ်ပြိုင်ခဲ့ကြတဲ့ မြန်မာကျောင်းသူကျောင်းသားအားလုံးတို့ဟာ လာရောက်ယှဥ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံပေါင်း ၄၇ နိုင်ငံမှ ကျောင်းသူကျောင်းသားများနဲ့ ခင်မင်ရင်းနှီးမှုများ၊ ဥရောပ ထိပ်တန်းတက္ကသိုလ် အတွေ့အကြုံများအပြင် ဆုကြီးများကိုပါ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်ရှင်။
🏆THEAINT YATI OO
ONLINE AWARD - Gold - Top 1
SPELLING BEE - Gold - Top 1
ENGLISH EXAM - Gold - Top 1
QUIZ CHALLENGE - Gold - Top 1
German Math Olympiad - Gold
🏆HSU NANDAR HNIN
ENGLISH EXAM - Gold - Top 1 (PERFECT SCORER)
German Math Olympiad - Silver
🏆THOON LAWUN SHEIN
ENGLISH EXAM - Silver
German Math Olympiad - Silver
🏆LU PAW TUN
ENGLISH EXAM - Silver
SPELLING BEE - Silver
ထူးချွန်ဆုများ အသီးသီး ဆွတ်ခူးခဲ့ကြတဲ့ မြန်မာ့ဂုဏ်ဆောင် ကျောင်းသူကျောင်းသားများကို BLOSSOM မှ ဝမ်းမြောက်စွာနဲ့ ထပ်မံ ဂုဏ်ပြုလိုက်ရပါတယ်ရှင်
၂၀၂၇ ခုနှစ်အတွက် 5th Hi-Lingua Grand Final ပွဲကြီးကို Spain နိုင်ငံ Barcelona မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး German Math Olympiad Grand Final ကိုတော့ Germany နိုင်ငံ Berlin မြို့တော် မှာ ကျင်းပသွားမှာဖြစ်တဲ့အကြောင်းထပ်မံသိရှိရပါတယ်ရှင်။
03/05/2026
Germany နိုင်ငံ Frankfurt မြို့မှာ Hi-Lingua Language Competition နဲ့ German Math Olympiad Grand Final ပွဲကြီးကို နိုင်ငံပေါင်း ၄၇ နိုင်ငံ မှ ကျောင်းသူကျောင်းသားများနဲ့ အတူ ဝင်ရောက်ယှဥ်ပြိုင်နေကြတဲ့ မြန်မာ့ဂုဏ်ဆောင် ကျောင်းသူကျောင်းသားများ Plopsaland Deutschland သို့ သွားရောက်လည်ပတ်ခဲ့ကြပါတယ်ရှင်။
ပြိုင်ပွဲများအားလုံး ယှဥ်ပြိုင်ပြီးကြပြီဖြစ်လို့ တစ်နေ့လုံး ပျော်ရွှင်စွာ အပန်းဖြေခဲ့ကြတာဖြစ်ပါတယ်ရှင်။
01/05/2026
Germany နိုင်ငံ Frankfurt မြို့မှာ Hi-Lingua Language Competition နဲ့ German Math Olympiad Grand Final ပွဲများ ယှဥ်ပြိုင်နေကြတဲ့ ကျောင်းသူကျောင်းသားများရဲ့ Exam Day Activity များ ဖြစ်ပါတယ်ရှင်။
27/04/2026
Germany နိုင်ငံ Frankfurt မြို့မှာ ၂၈.၄.၂၀၂၆ မှ ၃.၅.၂၀၂၆ အထိ ကျင်းပသွားမယ့် Hi-Lingua Language Competition နဲ့ German Math Olympiad တို့ရဲ့ Grand Final ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ဒီနေ့မှာ ခရီးစဉ် စတင်ခဲ့ကြတဲ့ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများ ဖြစ်ပါတယ်ရှင်။
အာရှ၊ ဥရောပ၊ အမေရိက နဲ့ အာဖရိက တိုက်များမှ နိုင်ငံပေါင်းများစွာမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ ဒီပွဲများမှာ Language Competition အပြင် Essay Writing, Debate , Spelling Bee နဲ့ Real Life Challenges စတဲ့ Challenge များနဲ့ ပါဝင်ယှဉ်ပြိုင်ကြရမှာဖြစ်တာကြောင့် စာအတွက်သာမက နိုင်ငံတကာမှ မိတ်ဆွေများ တိုးပွားလာကြမှာ သေချာပါတယ်ရှင်။
ဒီပွဲကြီးကို Germany နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်တဲ့ Goethe University မှာ ကျင်းပမှာဖြစ်လို့ ကျောင်းသူကျောင်းသားများအတွက် ဥရောပ တက္ကသိုလ်များကို တစေ့တစောင်း လေ့လာခွင့်ရရှိကြမှာပါရှင်။
ကျွန်မတို့ BLOSSOM ရဲ့ ဆရာ Dr.ရဲရင့်ကျော် နဲ့ အတူ Hi-Lingua နဲ့ German Math Olympiad Grand Final သွားရောက်ယှဉ်ပြိုင်ကြမယ့် မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများအားလုံး ထူးချွန်ဆုများစွာ ဆွတ်ခူးနိုင်ခဲ့ကြစေဖို့ BLOSSOM မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။
17/04/2026
မြန်မာ့နှစ်သစ်ကူး အခါသမယမှာ BLOSSOM မူကြိုများ၊ ကိုယ်ပိုင်ကျောင်းများ နဲ့ သင်တန်းများမှ သားသားမီးမီးများ၊ ဆရာ ဆရာမ များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်း တောင်းဆုချွေအပ်ပါတယ်ရှင် 🙏