𝐆𝐫𝐚𝐛 𝐘𝐨𝐮𝐫 𝐁𝐫𝐢𝐠𝐡𝐭

𝐆𝐫𝐚𝐛 𝐘𝐨𝐮𝐫 𝐁𝐫𝐢𝐠𝐡𝐭

Share

Sharing English
Friday Speaking Club

15/12/2025

Heloo …..
Gybers လေးတို့ရေ Long Time No Seen ပါနော် မင်မင်တို့ ဒီ Page လေးကို post ဆက်မတင်ဖြစ်တာ
456 ရက်ကျော်သွားပါပြီ။ အကြောင်းအမျိုးမျိုးကြောင့်ပျောက်သွားပေမဲ့ ဒီနေ့မှာတော့ မင်မင်လေးတို့ အတွေးသစ် အမြင်သစ်တွေနဲ့ပြန်လာပါပြီရှင့်

အချိန်အကြာကြီးပျောက်သွားတဲ့အတွက်လဲ အကုန်လုံးကိုတောင်းပန်ပါတယ်နော်။
ဒီမင်မင်တို့ အခုကစပြီး active ဖြစ်ပေးတော့မှာမို့ ရှေ့ဆက်ပြီးပျော်စရာကောင်းတဲ့ Speaking Practice Class လေးတွေ ပြုလုပ်ပေးမှာမို့ လာပြီး Join ပေးပါဦးလို့ဖိတ်ခေါ်ပါတယ်နော်။

အရင်အတိုင်းပဲ ဒီ page လေးက English Knowledge Sharing ကိုပဲ ရည်ရွယ်ထားတာမို့ အင်္ဂလိပ်နဲ့ပက်သက်တဲ့ အတန်းလေးတွေမဖွင့်သေးပါဘူးနော်။ English Knowledge နဲ့ပက်သက်တာလေးတွေတော့ တင်ပေးပါမယ်။

နောက်ပြီး အင်္ဂလိပ်စာနဲ့ပက်သက်ပြီး ဘယ်လိုစလေ့လာပြီးဘယ်လိုသွားရမယ်ဆိုတာမသိတာပဲ ဖြစ်ဖြစ်
English စာတစ်ယောက်ထဲလုပ်နေလို့ မသိတာပဲဖြစ်ဖြစ် စာလာမေးလို့ရပါတယ်ရှင့်။

2026 မှာ English ကိုမွတ်နေအောင်ပြောလေ့ကျင်တယ်ဆိုရင်တော့ မင်မင်တို့အခုစလုပ်ပေးမဲ့ ဒီ club လေးကိုသာလာပြောလိုက်တော့နော်။ ဒီ club လေးမှာ English ကို Used to ဖြစ်နေပြီးသား အတွေ့အကြုံရှိတဲ့ facilitator ချောချောလေးက သေချာလေး ဦးဆောင်ပေးမှာမိုမို့ ကိုယ်ကိုယ်ကိုယ်နဲ့ပက်သက်ပြီး ယုံကြည်မှုမရှိဘူး၊ သူများပြောတာတော့နားလည်တယ်ပြန်ပြောချင်တယ် ပြောလိုက်ရင်မှားသွားမှာကြောက်တယ်ဆိုသူလေးတွေအတွက် မပြောရဲမှာ၊ မှားသွားမှာလဲ စိတ်မပူရပါဘူးနော်။
နောက်ပြီး free club လေးမို့ အပြေးလေးသာ လာခဲ့လိုက်တော့နော်

Speak Up Friday Club
Topic : New Year Resolution
Date : Dec 19,2025
Time : 7:00 Pm
Participant : 20 only

နှစ်သစ်ရောက်ခါနီးပြီဆိုတော့ New Year Resolution လေးက လုပ်ကိုလုပ်ဖို့လိုအပ်ပါတယ်နော်။ တစ်ယောက်ထဲဖြစ်နေတယ်ဆိုရင်တော့ မင်မင်တို့နဲ့အတူ ဘိုလိုလာမှုတ်ရင်းနဲ့ လာ Join လိုက်တော့နော်။

တစ်ကယ် Join ချင်တယ်ဆိုတဲ့စိတ်လေးဝင်လာရင်တော့ ကိုယ်ဟာကိုယ်အရင်ကျေးဇူးတင်လိုက်ပါနော်။ ပြီးရင်တော့ မင်မင်တို့ရဲ့ Page လေးမှာ Zoom Link လေးလာတောင်းလို့ရသလို
Speak Up Friday Club လေးလို့ Keyword လေး ရိုက်ထည့်လိုက်မယ်ဆိုရင်လဲ Link လေးကြလာပါလိမ့်မယ်နော်




14/09/2024

တစ်နိုင်ငံလုံးရေဘေးအနှံကြုံနေရချိန်မှာ ဘေးလွတ်ရာကနေစာလုပ်နေတဲ့ Gybers လေးတွေအတွက် ဝေါဟာရ တွေအလွတ်မှတ်မိအောင် ဘယ်လိုကျတ်သွားရမလဲဆိုတာ share ပေးသွားပါမယ်ရှင့်။
Vocabulary ဆိုတာ English စာလေ့လာရမှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်နော်။
စကားတွေအများကြီး ပြောထွက်ဖို့ဆို အရင်ဆုံး ဝေါဟာရတွေအများကြီး သိထားဖို့လိုပါတယ်။🔎🔎
Vocabulary တွေအများကြီးသိထားဖို့လိုတယ်ဆိုပြီး
အချိန်‌ေတွ အရမ်းအာရုံစိုက်ပေးပြီး ကျတ်နေ စရာမလိုပါဘူးနော်။🙅
ဒါပေမဲ့ ဘယ်လို လေ့လာသင့်တယ်ဆိုတဲ့ နည်းလမ်းလေးတော့သိထားဖို့လိုတာပေါ့နော်။🙎
ဒီနေ့မှာတော့ တစ်ခါလေ့လာထားရုံနဲ့ တစ်သက်လုံးမှတ်မိသွားစေမဲ့ tipလေးတွေပြောပြပေးပါမယ်။

📍𝟏.𝐌𝐞𝐚𝐧𝐢𝐧𝐠📍
မသိတဲ့ စကားလုံးအစိမ်းတစ်ခုကိုကျတ်တော့မယ်ဆိုရင် ‌မီးနင်း(မြန်မာအဓိပ္ပာယ်)ကိုအရင်သိထားမှ ကျတတ်လို့ရမှာပါ။ မီးတွေကိုမှတ်တဲ့အခါ မြန်မာအဓိပ္ပာယ် ပဲမှတ်ထားမဲ့အစား ကိုယ်သိထားပြီးသားဖြစ်တဲ့ Same Vocabulary တစ်ခုခုကိုပဲ ပြောင်းမှတ်တဲ့နည်းပါ။
လူတွေအများစုက ငယ်ငယ်ထဲက မီးနင်းမှတ်တဲ့အခါမှာ မြန်မာလိုအဓိပ္ပာယ်ကို တန်းမှတ်ပြီးကျတ်နေကြတာမို့ vocabularies ပေါင်းများစွာရဲ့ အဓိပ္ပာယ်ကိုမြန်မာလိုသိထားကြပါတယ်။ ကိုယ်မသိသေးတဲ့ စကားလုံးအသစ်ကို သိပြီးသား Same English Vocabulary နဲ့တွဲမှတ်ထားခြင်းဖြင့် သိထားပြီးသား စကားလုံးတွေကိုလဲ ပြန်မှတ်မိစေနိုင်ပါတယ်။✌️
Example ⏩ Fabulously မြန်မာလို့ ထူးကဲစွာလို့ တန်းမမှတ်ထားပဲ extremely လို့မှတ်ထားတာမျိုး။
🗝️ Sincerely - honestly
🗝️ Accurately - correctly

📍𝟐.𝐏𝐫𝐨𝐧𝐮𝐧𝐜𝐚𝐭𝐢𝐨𝐧📍
Vocabulary တစ်ခုကျတ်ရင် သူ့ရဲ့ pronunciation ကလဲ အရေးကြီးတာမို့ အသံထွက်မှန်မှန်ထွက်နိုင်ဖို့ကိုလဲ သေချာလေး ဂရုစိုက်သင့်ပါတယ်။
ကိုယ်လုံးဝမထွက်တက်သေးတဲ့ မီးနင်းတစ်လုံးရဲ့ အသံထွက်ကို အနည်းဆုံး 7⃣ ခေါက်လောက်ထွက်ကြည့်မှ ဦးနှောက်က မှတ်မိနိုင်တာမို့ ထပ်ခါထပ်ခါ ဆိုကြည့်ဖို့မပျင်းပါနဲ့နော်။

📍𝟑.𝐒𝐲𝐧𝐨𝐧𝐲𝐦𝐬 /𝟒.𝐀𝐧𝐭𝐨𝐧𝐲𝐦𝐬 📍
ကိုယ်သိထားပြီးသားဖြစ်တဲ့ Same Vocabulary တစ်ခုခုကို English လိုတိုက်ရိုက်မှတ်ထားတဲ့အပြင်
တခြား အဓိပ္ပာယ်တူတဲ့ Same Vocabularies အဓိပ္ပာယ်မတူတဲ့ Different Vocabularies အနည်းဆုံးနှစ်ခုစီ‌လောက်ကိုပါ ပေါင်းမှတ် ထားသင့်ပါတယ်။

📍𝟓.𝐂𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐜𝐲📍
‌အကုန်လုံးထက်အရေးကြီးဆုံးကတော့ consistency ရှိဖို့ပါပဲ။
"Slow progress is better than no progress" ပါ စိတ်ပါမှ လုပ်လိုက်မလုပ်လိုက်ထက် အမြဲတမ်းနေ့စဉ် နည်းနည်းစီရေရှည် လုပ်သွားခြင်းကပိုကောင်းပါတယ်။

သိထားပြီးသား tips တွေပေမဲ့ လက်ရှိ မင်မင်ကိုယ်တိုင်လဲ လိုက်လုပ်နေပြီး အရမ်းအသုံးဝင်တာမို့
သိထားပြီး မလုပ်ဖြစ်သေးရင် စမ်းပြီး‌လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်နော်။

အပတ်စဉ် English Learning နဲ့ပက်သက်တဲ့ tips တွေ knowledge sharing တွေပြန်တင်ပေးတော့မှာမို့
Page လေးကို Like and follow လေးလုပ်ထားကြဦးနော်။



13/09/2024

HELLO GYBERS လေးတို့ရေ အကြောင်းကြောင့်
post တွေမတင်ဖြစ်ပေမဲ့ မင်မင် တို့ ဒီ PAGE ကိုစခဲ့တာက KNOWLEDAG
SHARING အပြင် နောက်ပိုင်းကြရင် ပရဟိတတွေပါလုပ်ဖို့ အစီအစဉ်ရှိပါတယ်။

အခုတစ်နိုင်ငံလုံးအနှံအပြား ရေကြီးနေတဲ့အချိန်မှာမင်မင်ကိုယ်တိုင်ပါဝင်ပြီး ကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးတွေ စပြီးလုပ်ပါမယ်ရှင့်

နောက်ပိုင်း နိုင်ငံရေးကြီးပြီးသွားတဲ့ အချိန်မှာ ပြန်လည်ထူထောင်ရေးတွေ
လုပ်တဲ့အခါမှာရော အခုလိုရေဘေးလိုမျိုး သဘာဝဘေးအန္တရာယ်နဲ့ ကြုံလာတဲ့အခါမှာလဲ
လုပ်အားဖြစ်ဖြစ်ငွေအားဖြစ်ဖြစ် တက်နိုင်တဲ့ဘက်ကနေ ကူညီပေးတာမျိုးတွေဆက်လုပ်
သွားပါမယ်ရှင့်။

အခုပထမဆုံးအနေနဲ့ လူအင်အားလိုက်ပါလိုတဲ့သူတွေ မင်မင်ကိုလာဆက်သွယ်ပေးလို့ရပါတယ်။
မင်မင်က လက်ရှိရန်ကုန် DOWNTOWN ထဲမှာပါ။
SUNDAY MONDAY (15.9.2024/16.9.2024) နှစ်ရက်အလုပ်ပိတ်တာမို့
ရန်ကုန်အနီးတဝိုက်ကနေ သွားလို့ အဆင်ပြေတဲ့ ရေးဘေးသင့်ပြီး ဒုက္ခရောက်နေတဲ့
နေရာတွေဆီကိုသွားမှာပါ။ မင်မင်နဲ့ အတူ SUPPORTING လိုက်ချင်တဲ့သူတွေရှိရင်လိုက်
ခဲ့လို့ရပါတယ်။ လုပ်အားအကူလိုက်ချင်တဲ့ သူတွေက မင်မင် TELEGRAM OR VIBER
မှာတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။
telegram username
အများကြီးဆို သိပ်အဆင်ပြေလို့ 5 ယောက် (သို့) 8 ရောက်လောက်
နဲ့ပဲသွားမှာပါ။ ပဲခူးတိုင်း တောင်ငူဘက်ဖြစ် ဖို့များပါတယ် နယ်ခံတွေရှိရင်လဲဆက်သွယ်ပါဦးရှင့်။
လိပ်စာလေးပြန် CONFIRM ပေးပါမယ်.

ဒုတိယအနေနဲ့ အလှူငွေအကြောင်းပြောချင်ပါတယ်။
မင်မင်ကိုယ်တိုင်မတည်ငွေ 20,000 စထည့်ပါမယ်ရှင့်။ ငွေအင်အားနဲ့ကူညီချင်တဲ့
သူတွေက မင်မင်ကိုယ်တိုက်ရိုက်ဆက်သွယ်ပြီး ပါဝင်လို့ရပါတယ်။500 တက်နိုင်တက်နိုင် 1000 တက်နိုင်တက်နိုင် တက်အားသမျှပါဝင်‌ပေးကြပါဦးနော်။
တခြားဆေးဝါး၊ လူသုံးကုန်အဝတ်အစား လှူချင်တာမျိုးရှိရင်လဲ မင်မင်ဆီပို့ထားပေးလို့ရပါတယ်။
ကယ်ဆယ်ရေးနဲ့ထောက်ပံရေးတွေပြီးသွားခဲ့ရင် စာရင်းအတိအကျနဲ့ ပြန်ပြီးတင်ပေးပါမယ်
ရှင့်။
ဒါလေးက မင်မင်ရဲ့ offical fackbook account links ပါ

https://www.facebook.com/myapalaekhing?mibextid=ZbWKwL

ဒါက telegram username ပါ။

တိုက်ရိုက်လှူချင်ရင် kbz pay/ aya pay / wave money
phone no -

09-268711794

Name - Mya Palae Khaing

ပါ။



04/08/2024

''ဘိုလိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဖို့ဆိုရင်

Speaking ကိုပုံမှန် Practice လုပ်ပေးနေမှတော်ကာကျမယ်နော်''

English Speaking ကို ပုံစံမျိုးစုံ ၊ နည်းမျိုးစုံနဲ့ Practice လုပ်လို့ ရပါတယ်။

များများ Practice လုပ်လေလေ ပိုပို Fluent ဖြစ်လာလေလေ မို့ GYBerတို့ များများ Practice လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်နော်...။🤗😍

မနက်ဖြန်မှ စလုပ်မယ် သပတ်ခါမှ စလုပ်မယ်ဆိုပြီး

အချိန်ဆွဲမနေတော့ပဲ ဒီ video လေးနဲ့အတူ စပြီး Practice လုပ်ကြရအောင်နော်....။🙆‍♂️🙆



Photos from 𝐆𝐫𝐚𝐛 𝐘𝐨𝐮𝐫 𝐁𝐫𝐢𝐠𝐡𝐭's post 01/08/2024

🤦 Common Clothing Mistakes 🤦

အလွဲလွဲအချော်ချော် ဖြစ်နေတဲ့ Gybers လေးတို့ရေ အင်္ကျီ‌ပြောင်းပြန်ဝတ်ထားရင်ပဲဖြစ်ဖြစ် ကြယ်သီးပြုတ်နေရင်ပဲဖြစ်ဖြစ် ဘောင်းဘီဇစ်ပြုတ်နေရင်ပဲဖြစ်ဖြစ်
ဘိုဆန်‌ဆန်လေး စိတ်ပျက်လို့ရပြီနော်။🥴😝😉

Pronunciation Video အတိုလေးကို မင်မင်တို့ရဲ့ Telegram Channel ထဲမှာတင်ပေးထားတာမို့ လမ်းကြိုဝင်ကြည့်သွားဦးနော။

👉 t.me/GrabYourBright 👈


Photos from 𝐆𝐫𝐚𝐛 𝐘𝐨𝐮𝐫 𝐁𝐫𝐢𝐠𝐡𝐭's post 28/07/2024

Daily မှာအမြဲလိုလို စားနေရတဲ့ အစာအစား Name တွေးကို English လိုမသိရင်တခါထဲအရကျတ်သွားကြမယ်နော်။


&Snacks

27/07/2024

Titanic (1997 film)

Week-1
Listening ရအောင်‌နားထောင်ရင်း ဒီ script ရဲ့ Movie ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ Titanic Movie က တကယ် real ကို အခြေခံပြီးရိုက်ထားတဲ့ Romance ဇာတ်ကားကောင်းတစ် ကားဖြစ်ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို ကြည့်တိုင်းဝမ်းနည်းရတဲ့ကားလေး‌ဖြစ်ပါတယ်။

telegram channel ထဲမှာ link လေးပေးထားပါတယ်ရှင့်။

💥 https://t.me/GrabYourBright 💥



Photos from 𝐆𝐫𝐚𝐛 𝐘𝐨𝐮𝐫 𝐁𝐫𝐢𝐠𝐡𝐭's post 26/07/2024



မင်မင်တို့ English စာလေ့လာတဲ့အခါမှာ အခြေခံအကြဆုံး Sentence တည်ဆောက်ပုံတစ်ခုရှိပါတယ်။

အဲ့တာက S + V. ပါ။ ရိုးရိုး ပြုလုပ်သူ Subject နဲ့ Verb တစ်ခုသုံးပြီ အခြေခံစာကြောင်းတွေတည်ဆောက်လို့ရသလို ရိုးရှင်းတဲ့ စကားပြောပုံလေးတွေ တည်ဆောက်လို့ရပါတယ်။ ပြီးနောက် ငါက ဘာဖြစ်တယ် ဘာညာ ပြောချင်ရင် I am + _____ . ဆိုပြီး ပြောလို့ရပါတယ်။

ပုံကတော့ save လာတာပါ။


.

24/07/2024

သင်က English Language ကိုလေ့လာနေတဲ့သူဖြစ်ပြီး English songs တွေနားထောင်ရတာလည်း နှစ်သက်တဲ့ သူဆိုရင် ဒီ post လေးကိုလုံးဝ လုံးဝ ကျော်မသွားပါနဲ့..🙅❗

ဒီနေ့မှာတော့ English songs တွေနားထောင်ရင်း English စာဘယ်လိုလေ့လာရမလဲဆိုတာကို step by step ဖြင့်သေသေချာချာ guideline ပေးသွားမှာဖြစ်ပါတယ်။🤘✌

သီချင်းတွေက ကျွန်တော်တို့ကိုခံစားချက်တွေအမျိုးမျိုးပေးနိုင်ပါတယ်။တချို့သောသီချင်းတွေက ပျော်ရွှင်ငြိမ်းချမ်းမှုကိုပေးနိုင်တယ်၊တချို့သီချင်းတွေက ချစ်ခြင်းမေတ္တာတွေကိုဖြစ်ပေါ်စေတယ်၊တချို့သောသီချင်းတွေက လွမ်းဆွတ်တမ်းတခြင်းကိုခံစားမိစေတယ်။တခါတလေ သီချင်းတွေက ကျွန်တော်တို့မှာရှိနေတဲ့ stress တွေ depression တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ကဲ..ဒါဆို ဒီလို Benefits များစွာရှိနေတဲ့ သီချင်းလေးတွေကို English စာလေ့လာခြင်းရဲ့ သင်ထောက်ကူတခုအဖြစ်အသုံးပြာကြရအောင်လား....

How to learn English with songs🎼🎧

1. Choose a song that's English

သီချင်းတွေနဲ့ English စာလေ့လာဖို့ဆိုရင်ပထမဆုံးလုပ်ရမှာက English song တပုဒ်ကိုအရင်ရွေးရပါမယ်။ကိုယ်နားထောင်ချင်တဲ့သီချင်း ကိုယ်လေ့လာချင်တဲ့သီချင်းကို ကိုယ့်စိတ်ကြိုက်ရွေးလိုက်ပါ။
စာအုပ်တအုပ်နဲ့ ဘောပင်တချောင်းပါယူထားဖို့မမေ့နဲ့နော်...🤗

2. Listen to the song

သီချင်းလည်းရွေးပြီးလို့အဆင်သင့်ဖြစ်ပြီဆိုရင်
အဲ့သီချင်းတပုဒ်လုံးကို အနည်းဆုံး နှစ်ကြိမ်လောက်
သေသေချာချာဂရုတစိုက်လေးနားထောင်ပေးပါ။

3. Read the lyrics

အနည်းဆုံးနှစ်ကြိမ်လောက်နားထောင်ပြီးသွားပြီဆိုရင် သီချင်းစာသားလေးတွေကို လိုက်ဖတ်ရမှာဖြစ်ပါတယ်။ သီချင်းစာသားတွေကိုလိုက်ဖတ်ရင်း ကိုယ်မသိလိုက်တဲ့ words တွေ Pharse တွေကိုတွေ့ရင် note book ထဲမှာချရေးလိုက်ပါ။ ပြီးရင် ချရေးထားတဲ့ words တွေ pharse တွေကို rearch လုပ်ပါ။ မှတ်သားပါ။လေ့ကျင့်ပါ။

4. Listen again and Notice pronounciation

သီချင်း ထဲကနေကိုယ်မသိလိုက်တဲ့ စကားလုံးတွေကိုလည်းသိသွားပြီဆိုရင် အဲ့သီချင်းကို နောက်တခါ ထပ်နားထောင်ပါ။ ဒီတခါနားထောင်တဲ့အခါ သီချင်းရဲ့အဓိပ္ပါယ်ကိုသေချာသိသွားပြီ သီချင်းရဲ့ဆိုလိုရင်းကို ခံစားမိနိုင်ပြီ။ အဲ့လိုနားထောင်ရင်း
Singer ဆိုသွားတဲ့ pronounciation (အသံထွက်) တွေကို သေချာလိုက်မှတ်ပါ။ ဆိုသွားတာမရှင်းဘူးဆို ကိုယ်မရှင်းလိုက်တဲ့နေရာကို ပြန်ရစ်ပြီး ထပ်ခါတလဲလဲ ပြန်နားထောင်ပါ။

5. Sing along

သီချင်းရဲ့ အဓိပ္ပာယ် ကိုလည်းနားလည်သွားပြီ
prounciation လည်းရသွားပြီဆိုရင်
သီချင်းဖွင့်ပြီး လိုက်ဆိုကြည့်ပါ။ lyrics ကြည့်ပြီး နှစ်ခေါက်ဆို၊lyrics မကြည့်ဘဲ တစ်ခေါက်ဆို အနည်းဆုံး သုံးကြိမ်လောက် လိုက်ဆိုကြည့်ပါ။ ဒီအချ်ိန်က ပျော်စရာအကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ရွေးလိုက်တဲ့ သီချင်းထဲကနေ new vocabuary တွေ new pharse တွေ new pronounciation တွေရလိုက်တဲ့အပြင် သီချင်းပါ လိုက်ဆိုနိုင်သွားတဲ့အတွက်ကြောင့် တကယ်ကျေနပ်စရာပါပဲ။ သြော်..တခုသတိပေးရဦးမယ်။
ကိုယ်လေ့လာခဲ့တဲ့သီချင်းတွေကို မကြာခဏ ပြန်နားထောင်ပေးဖို့မမေ့နဲ့နော်...

ကဲ..ကဲ..ဒါဆို ဒီနေ့ကစပြီး English song တွေနဲ့ English စာလေ့လာကြရအောင် Dreamers လေးတို့ရေ...😍🎧

English စာလေ့လာဖို့ ဘာ သီချင်းရွေးရမလဲမသိဘူးဆိုရင် ဒီသီချင်တွေရှိပါတယ်...

1. Thinking out loud
https://youtu.be/XMPgVZtADtQ?si=1Ab088OYOvej2saX

2. Wake me up
https://youtu.be/SsYXnH9lzCY?si=8YKqVmcWyqGflf11

3. Budapest
https://youtu.be/4YCkAVokE84?si=jH8dqnQG9nhOm1Qy

4. Hello
https://youtu.be/be12BC5pQLE?si=7FYw4UBtUVvG8P67

5. Someone you loved
https://youtu.be/FGGo8LFmbjs?si=-j4m4e_QRkMiGsDU

6. All of me
https://youtu.be/ngq5Aw0Q6rQ?si=Y92I5FoogU6j7hCv

7. Shallow
https://youtu.be/aU_bj9SxvdU?si=_lHvXBjuShwse2eT

8.New Rules
https://youtu.be/O1TFUEMzTvE?si=0TN5AFL-tNBs8JsX

9. Love yourself
https://youtu.be/RWXkX7oRQi8?si=XQUp14LUB6qQSci0

10. Just the way you are
https://youtu.be/u7XjPmN-tHw?si=0pMYQYX-ULRTqMrn

.

07/07/2024

Weekend Moti လေးတစ်ဖြတ်😝😑

Photos from 𝐆𝐫𝐚𝐛 𝐘𝐨𝐮𝐫 𝐁𝐫𝐢𝐠𝐡𝐭's post 06/07/2024

❤️‍🔥Review ဖတ်ပြီးသွားတောင် မကျော်ချင်ပဲကြည့်ကောင်းတဲ့ Movie တစ်ခု❤️‍🔥

ᴍᴏᴠɪᴇ ɴᴀᴍᴇ - ᴍʏ ɢɪʀʟ

- ဆယ်ကျော်သက်အရွယ် အမေဆုံးသွားပြီး အဖေရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းနေရတဲ့ မျက်လုံးလှပြီး နှုတ်ခမ်းထော်ထော်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက်။

ကောင်မလေးက အရမ်းချစ်ဖို့ကောင်းပြီး BRIGHT ဖြစ်နေတာမို့ ဇာတ်ကားလေးအဆုံးရောက်မှာကို ကြောက်နေရတယ် လို့ ကြည့်ပြီးမှ မပြောကြေးနော်။

ကောင်မလေးအဖေရဲ့ အလုပ်က လူတွေရဲ့နောက်ဆုံး ခရီးဖြစ်တဲ့ အသုဘအခမ်းအနားတွေကို စီစဉ်ပေးရတာ‌ေကြာင့် လူတွေရဲ့ သေခြင်း၊ခွဲခွာခြင်း‌တွေကို နေစဉ်မျက်မြင်တွေ့နေရတဲ့ ကောင်မလေးက သေခြင်းတရားကို ဘယ်လိုနားလည်ထားပါလိမ့်။

စာတော်တဲ့ ကောင်မလေးမို့ အရမ်းထက်မြက်တဲ့ သူ့ဆရာကိုပဲ သဘောကြပြီး တစ်ချိန်ကြရင်ဆရာကိုပဲ လက်ထပ်မယ်ဆိုတဲ့ ကောင်မလေးရဲ့ဘေးနားမှာ အမြဲအနွံနာခံ ပြီး အတူဆော့ပေးတဲ့ ကောင်လေးတစ်ယောက်ရှိပါသေးတယ်။ သူဆရာနဲ့လက်မထပ်ဖြစ်ခဲ့ရင်ကောင်လေးက သူကို့ရွေးပေးပါ ဆိုပြီး ကောင်မလေးကို ချစ်ခွင့်က တောင်းထားသေးတယ်။

တစ်နေ့ သူအဖေပြင်ဆင်ပေးရတဲ့ အလောင်း လူငယ်လေးဟာ ငယ်ငယ်ရွယ်ရွယ် ဖြူဖြူစင်စင်ထဲက လက်ထပ်ခွင့်တောင်းထားခဲ့တဲ့ ‌‌ကောင်မလေးရဲ့ ပိုးဟပ်ဖြူလေး ဖြစ်နေသောအခါ ကောင်မလေး ဘယ်လို ရင်ဆိုင်မလဲ။(ကောင်လေး ဘာကြောင့်သေရတယ်အထိတော့ပြောမပြတော့ဘူးနော် အရှိန်ပျက်သွားမှာစိုးလို့🫢)

ငယ်ထဲက သူ့အဖေအချစ်တွေကို အပိုင်ယူထားတဲ့ကောင်မလေး ရဲ့ အဖေမှာ နောက်ထပ် married လုပ်ဖို့ အမျိုးသမီးပေါ်လာခဲ့တဲ့အခါမှာရော ကောင်မလေးက လက်ခံနိုင်ပါ့မလား

သူလေးစားရဲ့ဆရာမှာလဲ ချစ်ရသူရှိတာ သိလိုက်ရတဲ့အချိန်ရယ်၊ သူ့ရဲ့ကစားဖော်ကောင်လေးမရှိ
ေတာ့တဲ့အချိန်ရယ် သူ့အဖေ နောက်အိမ်‌ထောင်ပြုမဲ့အချိန်ရယ် တပြိုင်နက်နီးပါရင်ဆိုင်ရသောအခါ ကောင်မလေး ဘယ်လိုကျော်ဖြတ်ပြီး လောကကြီးမှာ ဘယ်လိုဆက်ရှင်သန်မလဲ။

ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ရောက်အကြောင်းကို အသေးစိတ်ရိုက်ထားတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားလေးမို့ အပြေးသွားကြည့်လိုက်တော့နော်။

Gybers လေးတို့ရေ English movie တွေ ကိုအဆက်မပြတ် ကြည့်ပေးနေမှ Listening & Speaking က ပိုပြီး Improve ဖြစ်မှာပါနော်။
ဇာတ်ကားကြည့်မယ်ဆိုပြီး save,down ထား ပြီးမှ ပျင်းလို့မကြည့်ဖြစ်ဘူးဆိုတဲ့ သူလေးတွေအတွက်

"Saturday Is Movie DAY" လို့သတ်မှတ်ပြီး တစ်ပတ်ကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ Movie တွေတင်ပေးနေမှာမို့ GYB page လေးနဲ့ Telegram Channel လေးကို သာ Join ထားလိုက်နော်။
💨💨ဇာတ်ကား link လေးလိုချင်ရင်တော့မင်မင်တို့ Telegram Channel လေးထဲမှာပါနော်။💨💨

https://t.me/GrabYourBright



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon