Colorful Garden Preschool

Colorful Garden Preschool နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်း ကို အခြေခံပြီး Learning through Play method ဖြင့် သင်ကြားပေးသော preschool

Making Santa Claus & Snowman Craft🎅⛄️
25/12/2024

Making Santa Claus & Snowman Craft🎅⛄️

Merry Christmas🎉🎅🎄❄️⛄️🎉
25/12/2024

Merry Christmas🎉🎅🎄❄️⛄️🎉

Please read this.https://www.facebook.com/share/p/raJVFiSwFCAo3xMq/
03/11/2024

Please read this.
https://www.facebook.com/share/p/raJVFiSwFCAo3xMq/

The New York Times က သတင်း တစ်ပုဒ်က ခိုင့်ကို တော်တော် တုန်လှုပ်စေပါတယ်
baby shark do do do do တို့
The wheels on the bus go round and round
round and round စတဲ့ သီချင်းတွေကို ကြားဖူးကြမယ် ထင်ပါတယ်

နာမည်ကြီး ကလေး channel Cocomelon က video တွေပါ
YouTube မှာ ရင်းနှီးပြီးသားနေမှာပါ

သီချင်းတွေဆိုတာထက် ဒီ video တွေရယ် ပုံစံတူ ကလေး channel တွေက vidoe တွေက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်တဲ့
မျက်လုံးတောင် ပြူးသွားတယ်

သုတေသန ဂျာနယ်တွေ လိုက်ဖတ်
ကြည့်တဲ့အခါ " အနောက်နိုင်ငံက ကလေးတွေဟာ စကားပြော နောက်ကျတာ သင်ယူမှုနှေးကွေးလာတာ ငယ်ငယ်နဲ့ မျက်မှန်တပ်လာရတာ ဒေါသထွက် ပေါက်ကွဲ ဝမ်းနည်းလွယ်တာ စတဲ့ ပြဿနာတွေကို ကြုံနေရပါတယ်
ပြဿနာရဲ့ အရင်းအမြစ်ကို လိုက် စစ်ကြည့်လိုက်တဲ့ အခါ ကလေးငယ်တွေက ကြည့်သင့်တဲ့ ကြာချိန်ထက် ကျော်လွန်ပြီး tv, smart phone နဲ့ tablet ကို ကြည့်လို့ပါ" ဆိုပြီး သွားတွေ့ပါတယ်

ပိုပြီး ဆိုးစေတာက Cocomelon လို channel တွေကနေ YouTube video တွေကို ကလေးတွေကို ပေးကြည့်တာပါတဲ့
၁ နှစ် နဲ့ ၄ နှစ်ကြား ကလေးတွေကိုစမ်းသပ်မှု လုပ်ကြည့်ရာမှာ ကလေးတွေက cocomelon က video တွေကြည့်နေရင် လုံးဝ video ထဲ ကို နစ်မျောသွားပြီး ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားပါတယ်တဲ့

အသံစုံ အရောင်စုံ နဲ့ ပုံရိပ်တွေကိုတစ်ချိန်တည်းမှာ အရမ်းမြန်တဲ့ tempo နဲ့ မြင်ရခြင်းက ကလေးရဲ့ဦးနှောက်ကို ကြီးမားတဲ့ နှိုးဆွမှု ဖြစ်စေပါတယ်
ကလေးရဲ့ ဦးနှောက်နဲ့ မလိုက်အောင် များလွန်းနေတဲ့ လှုံ့ဆော်မှု ဖြစ်တဲ့ အတွက် sensory overload လို့ သုံးပါတယ်
အဲ့ဒါက stress hormone ဖြစ်တဲ့ cortisol လိုမျိူး hormone တွေ ထွက်စေပါတယ်
တစ်ချိန်ထဲမှာပဲ ဦးနှောက်က reward system ကို လှုံ့ဆော်တဲ့ အတွက် dopamine ကိုရော ရပါတယ်တဲ့
ပုံမှန် အားဖြင့် လွယ်လွယ်ရလေ့ မရှိတဲ့ dopamine ကို အရောင်စုံတွေ အသံတွေရဲ့ လှုံ့ဆော်မှုနဲ့ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ရတာကို ကလေးက စွဲလန်းသွားပါတယ်တဲ့
ဒီ ကလေးသီချင်းတွေကို ထုတ်လွှင့်တဲ့ Tv တွေက stress& addiction ကို ပေါင်းပြီး ကလေးတွေ ဖုန်းမျက်နှာပြင်ကနေ မျက်နှာ လွှဲမသွားအောင် သေချာ လေ့လာပြီးမှ အရောင်တွေ အသံတွေကို ရွေးထားပြီး စက္ကန့်နဲ့ အမျှ ပုံတွေ ပြောင်းပြီး ထည့်ထားတာပါတဲ့

နောက်ဆက်တွဲ ဆိုကျိူး အနေနဲ့ ကလေးတွေရဲ့ emotions ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထိခိုက်စေပါတယ်
စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ခြင်း စွမ်းရည်ဟာ အသက်အရွယ်နဲ့ အမျှ ဖွံ့ဖြိုးလာရမယ့် အစား sensory overload ဖြစ်တဲ့ ကလေးတွေမှာ လျော့ကျလာပါတယ်
အသက် တစ်နှစ် အရွယ်ကို ဖုန်း ပေးကြည့်ရင် communication မှာ နောက်ကျ ကျန်နိုင်ပါတယ်
အသက် ၂ နှစ် နဲ့ ၄ နှစ်ကြား ကလေးတွေ screen time ကြာချိန်များရင် problem solving ability ကျနိုင်ပါတယ်

မျက်လုံးလည်း ထိ ပြီး အဝေးမှုန်ဖြစ်နိုင်ပါသေးတယ်
တစ်နေ့ကို တစ်နာရီ ဖုန်းကြည့်တဲ့ ကလေးက လုံးဝ မကြည့်တဲ့ ကလေးထက် စကားလုံး အရေအတွက် သင်ယူမှု လျော့ တယ်လို့လည်း သုတေသီတွေက ပြောကြပါတယ်
ဖုန်းကြည့်တာက ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ပုံစံကိုပါ ပြောင်းလဲစေပါတယ်လို့
Neuropsychiatrist တွေ ဦးနှောက်နဲ့ ပတ်သက်ပြီး သုတေသန လုပ်နေသူတွေ ပြောပါတယ်
brain scan မှာ မြင်ရတယ် လို့ ပြောပါတယ်

ကလေး အထူးကု တွေပြောတာက
၁၂ လ အောက် ကလေးငယ်ဟာ ပုံတွေ video ထဲက စကားပြောသံတွေကနေ တဆင့် အဓိပ္ပာယ်ကို နားလည် နိုင်စွမ်း မရှိသေးပါဘူးတဲ့
အဲ့ဒါမို့ စကားလုံး အသစ်တွေ သင်ယူဖို့ ဆိုပြီး ၁ နှစ်အောက် ကလေးတွေကို video တွေ ပေးကြည့်တာက ဆိုးကျိူးသပ်သပ်ကိုပဲ ဖြစ်စေပါတယ်တဲ့
အသက် ၂ နှစ် မပြည့် မချင်း ကလေးကိုဖုန်းကြည့်ခွင့် မပေးရပါဘူးတဲ့
အသက် ၅ နှစ်ရောက်ရင်တော့ အများဆုံး တစ်ရက်ကို ၁ နာရီ ပေးကြည့်နိုင်ပါတယ်တဲ့

အလုပ်မအားတဲ့ မေမေတွေ ဖြစ်ဖြစ် ကလေးကို လေ့လာ စေချင်လွန်းတဲ့ မေမေတွေပဲ ဖြစ်ဖြစ် ကလေးရဲ့ အသက်အရွယ်နဲ့ screen time လေးကို သတိပြုစေချင်ပါတယ်
အရေးကြီး တဲ့ information ဖြစ်တာမို့ ကိုယ့် ပတ်ဝန်းကျင်မှာ ဘေဘီလေးတွေ ရှိရင် သတိပြုဖို့ ပြောပြစေချင်ပါတယ်

Reference အနေနဲ့ ကလေးကျန်းမာရေး ဂျာနယ်တွေ , WHO, The New York Times နဲ့ သုတသန ဂျာနယ်တွေကို ကိုးကားပြီး ရေးပါတယ်

Happy MayMay က ပိုပြီးရှင်းလင်းအောင် ဒါလေး ထပ်

ဖြည့်ပေးစေချင်ပါတယ်လို့ စာစီပြီး ပို့လာပါတယ်
တစ်ဆက်တည်း ဖတ်လို့ရအောင် ဒီမှာပဲ ထပ်ဖြည့် ပေးလိုက်ပါတယ်

"တချို့မေမေ
တွေက Cocomelonနဲ့ Baby shark do do ကိုပဲကွက်ပြီး အန္တရာယ်များတယ်လို့ အယူလွဲသွားမှာစိုးလို့ ထပ်ဖြည့်ချင်ပါတယ်။

ကလေးအသက်၂နှစ်နဲ့၃နှစ်အောက်အရွယ်တွေမှာ Channel အဓိကမဟုတ်ပါပဲ.. ဘာနေနေကို မပြသင့်တာပါ။ screen ဆို TV အပါအဝင် ဘာscreen မှ မပေးသင့်ပဲ zero time ဖြစ်ရမှာဖြစ်ပြီး ၃နှစ်အထက်မှာတော့ channel ရွေးချယ်မှုနဲ့ အချိန်သတ်မှတ်မှုက အရေးကြီးလာပါတယ်။

မဖြစ်မနေအခြေအနေဆိုရင် ၃နှစ်အထက်မှာ တကြိမ်စာကို ၁၅မိနစ်နှုန်းနဲ့ တရက် ၁နာရီထက်မကျော်လွန်သော ပြသချိန်နဲ့ ကလေးများကြည့်ရှုရန်မသင့်သောchannel တွေကို restrictလုပ်ပြီး ပြလို့ရပါတယ်။ (ဘာနေနေမပြတာကတော့အကောင်းဆုံးပါပဲ)

တကြိမ်တည်းဆက်တိုက် နာရီနဲ့ချီအောင် screen ပြထားတာက သိပ်ကို အန္တရာယ်များတာကြောင့် ကလေးဘယ်အရွယ်ပဲဖြစ်ပါစေ အချိန်ကန့်သတ်ဖို့နဲ့ channel ကောင်းတွေရွေးချယ်ပြပေးဖို့က သိပ်အရေးကြီးကြောင်းထပ်ဖြည့်ပါရစေ…"

ခိုင် ထပ်ဖြည့်ချင်တာက video ကို တစ်ချက်ကြည့် ကြည့်လိုက်ပါ ပုံရိပ်ပြောင်းတာ မြန်လွန်းရင် ပေးမကြည့်ပါနဲ့
ဒါက ယေဘုယျ အားဖြင့် ပြောတာပါ
Cocomelon ရယ် သူနဲ့ ပုံစံတူ channel တွေက ရည်ရွယ်ချက်နဲ့ကို ပုံရိပ်ပြောင်းတာတွေ မြန်ထားတာပါ

ပါတယ

Happy Diwali to all families near and far🎆
01/11/2024

Happy Diwali to all families near and far🎆

Happy Thadingyut to you all🎉🎉🎉
17/10/2024

Happy Thadingyut to you all🎉🎉🎉

🙏ဆရာ၊ ဆရာမ များအားလုံးကို ဂါရဝပြုပါတယ်🙏Happy Teacher's Day!
05/10/2024

🙏ဆရာ၊ ဆရာမ များအားလုံးကို ဂါရဝပြုပါတယ်🙏
Happy Teacher's Day!

Let's plant together to save our planet🌏
29/09/2024

Let's plant together to save our planet🌏


🏡My Home Sweet Home🏡
29/09/2024

🏡My Home Sweet Home🏡


🎨Color Fun🎨 🌈Learning colors from Rainbow craft makes kids fun and active. We know about colors around us🌈
29/09/2024

🎨Color Fun🎨

🌈Learning colors from Rainbow craft makes kids fun and active. We know about colors around us🌈


Look at our creative kiddos turning ordinary tools into artistic magic! 🌳🎨 Today, they painted a beautiful tree craft us...
05/09/2024

Look at our creative kiddos turning ordinary tools into artistic magic! 🌳🎨 Today, they painted a beautiful tree craft using paintbrushes and even forks to make unique textures and designs. Such a fun way to explore creativity!



Exploring the wonders of sand💜💜💜
25/08/2024

Exploring the wonders of sand💜💜💜

Our kiddos learn about the life cyle of a butterfly🦋🦋🦋
25/08/2024

Our kiddos learn about the life cyle of a butterfly🦋🦋🦋

Address

No. 16, 1st Floor, Dhamawihara Street , Kyaukmyaung, Tamwe Township
Yangon
11211

Opening Hours

Monday 08:30 - 15:30

Alerts

Be the first to know and let us send you an email when Colorful Garden Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Colorful Garden Preschool:

Shortcuts

Share

Category