SNB Education

SNB Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SNB Education, Education, Theingyi Street, Yangon.

Photos from SNB Education's post 14/02/2024

💜💜💜💜💜💜💜💜💜💜💜💜
💛💛💛💛💛💛💛💛💛💛💛💛
❤❤❤❤❤❤❤❤❤❤❤❤
Valentine crafts ideas for kids
❤❤❤❤❤❤❤❤❤❤❤❤
💛💛💛💛💛💛💛💛💛💛💛💛💜💜💜💜💜💜💜💜💜💜💜💜

13/02/2024

ဗိုလ်ချုပ်ကဗျာ
-------------------
ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
၁၉၁၅ ရှေ့နေဦးဖာ သား

ဇာတိနတ်မောက်
မကွေးခရိုင် သိကြများခုတိုင်
ကြံကြံခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စု သား

၁၉၄၇ ပြောင်းကြတမလွန်
မျက်ရည်သွန်းလို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား...

ဗိုလ်ချုပ်မွေးနေ့ တို့မမေ့

၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင်
ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း ၏ (၁၀၉)နှစ်မြောက် မွေးနေ့အား လေးစားစွာဖြင့်ဂုဏ်ပြုကြိုဆိုဦးညွှတ် လိုက်ရပါတယ်ရှင့် ။

#ဗိုလ်ချုပ်မွေးနေ့

Photos from SNB Education's post 12/02/2024

သားသားမီးမီးတို့အတွက်
ပြည်ထောင်စုနေ့ အထိမ်းအမှတ်
ကဗျာများ 📝📝

#ဖေဖော်ဝါရီ၁၂ရက်နေ့
#ပြည်ထောင်စုနေ့

06/02/2024

မိခင်ဘာသာကို သေချာတတ်မြောက်စေချင်တာက ဘာသာစကားဟာ ဆက်သွယ်ရေး အခြေခံ ဖြစ်တယ်။
မိဘတွေက မြန်မာစာ အဓိကပြောရင် မိဘတွေအတွက် မြန်မာလို ရှင်းပြ ပြောပြရတာက English လို ပြောတာထက်ကို ပိုအဆင်ပြေနေရင် မဖြစ်မနေ ကလေးကိုလည်း မြန်မာစကား ပြောစေချင်တယ်။

ဘာသာစကားကနေ ယဉ်ကျေးမှု အယူအဆတွေ စီးမျောတာမို့ မြန်မာလိုပြောပြီး မိသားစုစကားဝိုင်း တည်ဆောက်တဲ့အခါ ပိုပြီး ကိုယ်နဲ့ ကလေးကြား တစ်သားတည်း ဖြစ်တာကို ဆယ်ကျော်သက်လောက်မှာတွေ့ရလိမ့်မယ်။

English က မဖြစ်မနေ ကျွမ်းကျင်စွာ တတ်မြောက်ရမဲ့ ကမ္ဘာသုံးစကားပါ။ မိဘကလည်း သိုင်းဝိုင်းချဲ့ထွင် သေချာပြော
နိုင်ရင်တော့ English ပဲပြောနေလည်း still okပါ။ ခုတွေ့နေရတာက
မိဘက come go eat လို အခြေခံလောက်ပဲပြောပြီး ကလေးကျ Englishလိုပဲ ပြောဆို သုံးနှုန်းစေတော့

လိုအပ်လို့ မိသားစု တိုင်ပင်ရတဲ့အခါ အချေအတင်ဆွေးနွေးတဲ့အခါ ဆုံးမရတဲ့အခါ အချင်းချင်း ဘယ်လိုဆက်သွယ်ကြမလဲက စဉ်းစားစရာဖြစ်လာမယ်။

တစ်ချို့ကလေးတွေဆို သားသမီးက မိဘတွေEnglishလို မပြောတတ်တာကို နှိမ်စရာလို ပြောနေတာကို မိဘက ကိုယ့်ကလေး Englishလိုပဲ ပြောတယ် သိတယ်လို့ပါ ဝမ်းသာနေတတ်တယ်။ ဒါဟာ မှားပါတယ်နော်။

English စာ မြန်မာစာဟာ ဘာသာစကားဖြစ်တယ် လေ့လာသင်ယူဖို့ ဆက်သွယ်ပြောဆိုဖို့ဖြစ်တယ်။ တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်နိုင်ဖို့ English ကိုသင်ရမယ်။ မိသားစုက မြန်မာလိုပြောရင် မြန်မာစာကို နေ့စဉ်သုံးမှာ သေချာပြောမယ်။ multilingual kids ဖြစ်ရင် လူတွေနဲ့ ပို connectလုပ်နိုင်မယ်။ ဒီတော့ မိခင်စကားတတ်မြောက်အောင် တတ်နိုင်သမျှ ပံ့ပိုးပါ။ ကမ္ဘာသုံးစကားကို သေချာသင်ပါ။

မိခင်စကားမပြောတော့ဟာ ဂုဏ်ယူပြီးကြွားရမဲ့ကိစ္စ မဟုတ်ပါဘူး။ မိဘအနေနဲ့ ကလေးကို ငယ်စဉ်ကတည်းကသာ လေ့ကျင့်ပေးရင် ဘာသာစကား တစ်ခုထက်ပို တတ်မြောက်နိုင်တာလည်း ရှေ့မှာကလေးပေါင်းများစွာမြင်ပြီးသားဖို့ မဖြစ်နိုင်စရာမရှိတာ သိမှာပါ။

မြန်မာလိုပဲပြောတယ် English ဘယ်အချိန်စမလဲဆို ၃နှစ်လောက်မှာ simple words နဲ့ ပုံပြင်နဲ့ စဖတ်ပြပါ။ တဖြည်းဖြည်းအချိန်တိုးပြီး explore ဖြစ်ပါစေနော်။

တစ်ခု သတိထားရမှာက ဘယ်ဘာသာက First language ဖြစ်နေလဲ သတိထားရမယ်။ ရသနဲ့ ခံစားမှုက First language ကိုပဲ အခြေခံပါတယ်။ မြန်မာစကားနဲ့စရင် မြန်မာစာနဲ့ရေးတဲ့ ဝတ္ထု ကဗျာ သီချင်း ပိုသဘောကျပြီး၊ English လိုစပြောရင် English လိုပဲ ပိုခံစားပါလိမ့်မယ်။

ဘာက စပြောမယ်ဆိုတာက မိသားစုရဲ့ ရွေးချယ်မှု ဖြစ်တော့ ပုံသေမရှိဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေကိုတော့ သေချာသိပြီး ရွေးချယ်တာ ဖြစ်စေချင်တယ်။

နွယ်နီကံဝင်း

19/07/2023

" မမေ့နိုင် "
" အာဇာနည်နေ့ ဒို့မမေ့ "

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ အလေးပြုပါသည်။
19.07.2023 ရက်နေ့တွင်ကျရောက်သော 76 နှစ်မြောက် "အာဇာနည်နေ့" ကို ဂုဏ်ပြု အပ်ပါသည်။

#အာဇာနည်နေ့
'_Day

Photos from SNB Education's post 12/06/2023

ကလေးတွေကြားချင်တဲ့ မိဘတွေဆီက စကားများ

မိဘတွေဟာ ကိုယ့်ကလေးကို ထောင်ပေါင်းများစွာ သော စကားလုံးတွေ ပြောကြပါတယ်။ အဲဒိထဲမှာမှ ကောင်းတဲ့စကားလုံးတွေက ကလေးကို တော်တဲ့လူ၊ စမတ်ကျတဲ့လူ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတဲ့လူ၊ အောင်မြင်တဲ့ လူ တယောက်ဖြစ်လာစေမှာပါ။ ကလေးကို ပျော်ရွှင်စေမယ့် စကားတွေများများ ပြောပေးဖို့လို့ပါတယ်။

မိဘတွေဆီက ကလေးတွေ ကြားချင်တဲ့ စကားတွေဖေါ်ပြပေးချင်ပါတယ်


04/06/2023

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။

၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။
...
...

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

26/05/2023

‘‘အကြောင်းနဲ့အကျိုးကိုရှင်းပြပါ’’
________________________________

*ကလေးတစ်ယောက် စည်းကမ်းရှိဖို့ ဘယ်လို*
သင်ပေးရမလဲ???
________________________________

ဒီအချက်ကို ဖေဖေမေမေတို့က အမြဲမေးကြပါတယ်

လွယ်ပါတယ်။

ဖေဖေမေမေတို့က ဒီလိုလုပ်ရင် ဘယ်လိုအကျိုးရှိတယ်ဆိုတဲ့အကြောင်းကို သားသားမီးမီးတို့ကို ရှင်းပြပေးလိုက်ပါ။

ဥပမာ- ကလေးလေးတစ်ယောက်က ကားလေးနဲ့
ဆော့နေတယ်ဆိုပါဆို့။
အဲဒီမှာ သူက‌ ဆော့လို့ပြီးသွားပြီပေါ့ ။
ဒါပေမယ့် အဲ့ဒီအရုပ်ကို သူက အရုပ်ဗီရိုထဲ
ကို နေရာတကျ ပြန်မထားဘူးဆိုရင် ဒီလို
လေး ရှင်းပြပေးပါ။
‘‘ သားသားရေ သားသားက ဒီအရုပ်လေးဆော့လို့ပြီးပြီလား။ ပြီးပြီဆိုရင် ဒါလေး နေရာတကျပြန်ထားလေ။ ဒီလို လျှောက်လမ်းမှာ ထားခဲ့တော့ သားသားရဲ့ ဖွားဖွားက မတော်တဆ နင်းမိပြီး ချော်လဲရင် ဖွားဖွားရဲ့ ခေါင်းကြီးက နာနာအကြီးကြီးဖြစ်ပြီး သွေးတွေထွက်ကုန်မှာပေါ့။ သားသားက မသနားဘူးလား။ သားသားက ဖွားဖွားကို နာအောင်မလုပ်ချင်ဘူးမလား။ ဒါဆိုရင် သေချာပြန်သိမ်းနော်။ ’’

အဲလိုလေး သားသားမီးမီးတို့ကို ချော့ပြောပြီး ကလေးနားလည်အောင် ဖြစ်လာမယ့်အကျိုးဆက်တွေကို ရှင်းပြပါ။
ဒါမှ သားသားမီးမီးတို့က နားလည်ပြီး အကျင့်ဖြစ်လာတဲ့အခါ စည်းကမ်းရှိတဲ့သူတစ်ယောက်ဖြစ်လာမှာပါ။

***အဓိကအချက်ကတော့ ဖေဖေမေမေတို့ စိတ်ရှည်ပါ။ အော်မပြောကြပါနဲ့။ စိတ်ရှည်ရှည်နဲ့ပုံသွင်းရင် ရပါတယ်ရှင့်။ ’’

🙏အားလုံးပဲအဆင်ပြေကြပါစေရှင့်🙏

Crd. original uploader

01/05/2023

ကလေးလေးတွေကို
ပညာတတ်ဖို့ချည်းပဲ
ဇွတ်အတင်း
တွန်းမပို့ပါနဲ့။
ကိုယ်ချင်းစာတတ်ဖို့လဲ
သင်ပေးကြပါ။

နောင်တစ်ချိန်
သူတို့ကြီးလာတဲ့အခါ
ခေတ်ပညာတွေ
ဘယ်လောက် တတ်တတ်
ကိုယ်ချင်းမစာတတ်ရင်
မကြင်နာတတ်ရင်
သင်ထားတဲ့ပညာ
ယူထားတဲ့ဘွဲ့ထူးဟာ
တစ်ကိုယ်ကောင်းဆန်နေမှာပဲ။

ကိုယ်ချင်းစာတတ်လာရင်
အကြင်နာတရားထားတတ်လာရင်
လူယဥ်ကျေးလေးတွေဖြစ်လာပါပြီ။

မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)

16/04/2023

မိဘများ သားသားမီးမီးတွေကို
သတိထားပေးပါ

ပုံထဲကလိုမျိုး လက်ကိုဆွဲမိရင်
အဆစ်လွဲ သွားတတ်ပါတယ်

မေတ္တာဖြင့် ပြန်လည်မျှဝေပေးပါ။

14/04/2023

ဘုံဘေဘားမား ကုမ္ပဏီဟာ သစ်ပင် တစ်ပင်ကို ခုတ်ချိန်တန်လို့ ခုတ်တော့မယ်ဆိုရင်တောင် အဲဒီ့ သစ်ပင်ကို သေအောင် သတ်ပါတယ်။ သစ်ပင်ကို သေအောင်သတ်ဖို့က အချိန်တော်တော် ပေးရပါတယ်။ သစ်ပင်တစ်ပင်ကို ဒီအတိုင်းခုတ်လိုက်ရင် ပြန် မရှင်သန်ပေမယ့် အဲဒီ့ အပင်အောက်က ရေသောက်မြစ်တွေကတော့ အလုပ်လုပ်နေတုန်းပါပဲတဲ့။ အလုပ်လုပ်နေရင် မြေဆီလွှာထဲက အရာတွေကို သစ်ပင်ရဲ့ အမြစ်တွေက စုပ်ယူနေဆဲ ဖြစ်နေလို့ ဘာအမြစ်မှ အလုပ်မလုပ်ဘဲ သေမှသာ သစ်ပင်ကို ခုတ်ခိုင်းပါတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ရတော့ အံ့သြခဲ့ရဖူးတယ်။

British တွေဟာ သူတို့ colonized လုပ်ထားတဲ့ နယ်မြေက သစ်ပင်တစ်ပင်ချင်း အပေါ်မှာ အဲလို စည်းကမ်းရှိခဲ့ကြသလားပေါ့။ ငါတို့ ငယ်စဉ်ကကတည်းက သင်ရတာတော့ ဘုံဘေဘားမားဟာ လက်ဝါးကြီးအုပ်တဲ့ လုပ်ငန်းကြီးတစ်ခုပါပဲ။ တကယ် လက်ဝါးကြီး အုပ်ခဲ့ရင်တောင် ဒီလောက် ကောင်းတဲ့ ပညာကို ဘာလို့ မသင်ခဲ့ရလဲဆိုတာ ဆယ်ကျော်သက်ဘဝမှာ မေးခွန်းကြီး တစ်ခုပါပဲ။

အသက်တွေ ကြီးလာတဲ့အခါ အမေရိကန်က သူတို့ဆီမှာ ရေနံထွက်တဲ့ ဒေသတွေ အများကြီး ရှိပေမယ့် တစ်ချို့ ဒေသလောက်ပဲ တူးကြောင်း၊ သူများနိုင်ငံတွေဆီကပဲ ရေနံ ဝယ်ယူကြောင်း သိလာရတော့ တဖြည်းဖြည်း သဘောပေါက်နားလည်လာတယ်။ ဂေဟစနစ်ဆိုတာ တစ်နိုင်ငံတည်း လိုက်နာလို့ မရဘူးဆိုတာလည်း သဘောပေါက်လာတယ်။

စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတွေကို သဘောကျတဲ့ အထဲမှာ အချစ်အကြောင်း ဇာတ်ကောင် အကြောင်းတွေထက် သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ဗဟုသုတအနေနဲ့ ထည့်ထည့်ပေးတာလည်း ပါခဲ့တာပေါ့။ အသက် ၃၅ လောက်မှာ ဘာအအေး ဝယ်သောက်သောက် မော့သောက်တဲ့ အကျင့် ဖြစ်လာတယ်။ ပလက်စတစ်ပိုက်တွေ မယူတော့ဘူး။

ကျနော်တို့ဟာ ကမ္ဘာမြေကို ချစ်တတ်ဖို့ လိုပါတယ်။ ဒီလိုအချိန်မျိုးမှာ လူအချင်းချင်းတောင် သတ်ဖြတ်နေတဲ့ အချိန် သက်မဲ့လို့ ခေါ်ဆိုနိုင်တဲ့ သစ်ပင်တွေ၊ မြစ်ချောင်းတွေကို ချစ်ဖို့ ပြောရတာတော့ တော်တော် ခက်နေပါလိမ့်ဦးမယ်။ အဲဒါတွေက အရေးမကြီးသေးဘူးလို့ လာငြင်းရင်လည်း ကျနော်က သက်မဲ့ ဖြစ်တဲ့ လေကို မရှူဘဲ နေကြည့်ပါလို့ ပြောရပါလိမ့်မယ်။

ကျနော်တို့ ရှူနေရတဲ့ အောက်ဆီဂျင်ကို သစ်ပင်တွေက ထုတ်ပေးနေတယ်ဆိုတာ မှန်ပေမယ့် တကယ့် တကယ်ကတော့ ကျနော် တို့ ပတ်ဝန်းကျင်က သစ်ပင်တွေက ထုတ်တာ အင်မတန်နည်းပါတယ်။ ပင်လယ်အောက်က Plankton လို့ ခေါ်တဲ့ ရေညှိရေမှော်အပင်မျှောလေး(တချို့ကလည်း သစ်ပင်၊ တစ်ချို့ကလည်း တိရိစ္ဆာန်) တွေက ထုတ်နေကြတာပါတဲ့။ ကုန်းမြေပေါ်က သစ်ပင်တွေကတော့ ကျနော်တို့ လူတွေအတွက် မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူကြပါတယ်။

ဂေဟစနစ်ဆိုတာ ဒီအတိုင်းပါပဲ။ တစ်ယောက်မလိုတာကို တစ်ယောက်ကလိုအပ်ခြင်း၊ တစ်ယောက်လိုတာကို တစ်ယောက်က မလိုအပ်လို့ ထုတ်ပေးခြင်းနဲ့ လည်ပတ်နေကြတဲ့ ကမ္ဘာကြီးပါပဲ။ ခေတ်အဆက်ဆက်မှာ ဂေဟစနစ်နဲ့ အံဝင်ဂွင်ကျ လိုက်မပြောင်းနိုင်လို့ မျိုးတုန်းသွားကြတဲ့ သတ္တဝါတွေ မနည်းပါဘူး။လူအများနဲ့ သဟဇာတမဖြစ်လို့ အခု မျိုးတုန်းတော့မယ့် စနစ်တွေဆိုရင်လည်း ဒီလိုပါပဲ။ အံဝင်ဂွင်ကျ လိုက်မပြောင်းနိုင်ရင် အရာအားလုံးဟာ ပျောက်ကွယ်သွားကြလေ့ ရှိပါတယ်။

ဘာပဲဖြစ်ဖြစ်ပါလေ။ သဘာဝတရားကြီးကို ချစ်ကြပါ။
အချစ်ဆိုတာလေ အသိဉာဏ်နဲ့ဆိုင်ပါတယ်။
လမ်းဘေး အကြော်သည် အမေက သူ့သားသမီးကို ချစ်လို့ အော်ဆဲနေတာလည်း အချစ်ပါပဲ။ အသိဉာဏ်ကွာသွားတော့ သက်ရောက်မှုတွေ ကွာကြတာပဲပေါ့။

ကျနော်တို့ ကမ္ဘာကြီးကို ပိုမြင့်တဲ့ အသိဉာဏ်တွေနဲ့ ချစ်တတ်ကြဖို့ တိုက်တွန်းပါရစေဗျာ။

Credit - Si Thu Myint Mgmg

10/04/2023

သင်္ကြန်ကျောင်းပိတ်ရက် ကြေငြာခြင်း

မြန်မာနှစ်သစ်ကူးပိတ်ရက်များဖြစ်သည့် (10.4.2023) မှ စ၍ (17.4.2023) အထိ SNB Education မှ သင်တန်းကျောင်းများ ပိတ်မည် ဖြစ်ပါတယ်ရှင်...
အွန်လိုင်း၊ အပြင် တန်းခွဲများအားလုံး ပိတ်ပါတယ်ရှင့်...

(18.4.2023)ရက်နေ့ အင်္ဂါနေ့မှစပြီး တန်းခွဲများ အားလုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမယ်ရှင်...

သားသားမီးမီးတို့အားလုံး ပျော်ရွှင်ဖွယ် နှစ်သစ်လေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Theingyi Street
Yangon
11101