Rising Sun Japanese Learning Studio

Rising Sun Japanese Learning Studio A good product and a good service creates a success. This page is a page where you discover your success.

13/04/2022

"Aimai: Ambiguity and the Japanese"
(ဂျပန်စိတ်ထား - ၁)

ဂျပန်ဝေါဟာရ"အအိမအိ"သည် EnglishဝေါဟာရAmbiguityနှင့်
အဓိပ္ပါယ်တူပါလိမ့်မည်။

တစ်စုံတစ်ရာတွင် အဓိပ္ပါယ်ပေါင်းများစွာ ပါဝင်နေသည့် အခြေအနေမျိုးကို ဆိုလိုပါသည်။

အချိန်တိုအတွင်း ယတိပြတ်ဆုံးဖြတ်ပြီး ကောက်ချက်ချရန်ခက်သည့်သ‌ဘောမျိုး၊ နားလည်ရန်ခက်သည့်သဘောမျိုးကို ခေါ်ဆိုချင်သည့်သဘောမျိုး ဖြစ်ပါသည်။

တစ်နည်းအားဖြင့် "အအိမအိ"ဟူသည်...

တည့်တည့်မပြောဘဲ ကွေ့ဝိုက်ပြောခြင်း၊
ထိန်းထိန်းသိမ်းသိမ်း၊ မယုတ်မလွန်ပြောခြင်းကိုကျင့်သုံးသည့်
အလေ့အထ၊ အရေးအသား၊ ပေါင်းသင်းဆက်ဆံရေးပုံစံတစ်ခု ဖြစ်ပါသည်။

မိမိအဖွဲ့အစည်း၏ဆန္ဒကို မလွန်ဆန်ချင်မှု၊
စုပေါင်းဆောင်ရွက်မှုကို အလေးပေးမှု၊
အများစု၏သဘောဆန္ဒကို မဆန့်ကျင်မှုတို့မှ မြစ်ဖျားခံလာခဲ့သည် ဆိုသော်ငြားလည်း...

နောက်ပိုင်းတွင် ဂျပန်လူမျိုးတိုင်းလိုလို၏ အလေ့အကျင့်တစ်ခုသဖွယ် ဖြစ်လာခဲ့ပါသည်။

ဤသို့ဖြင့်...ဂျပန်လူမျိုးများသည်...

မိမိ၏ပုဂ္ဂလိကထင်မြင်ယူဆချက်များကို ထုတ်ဖေါ်ပြောဆိုခြင်းမျိုး မရှိတော့ပါ။

မရေမရာသဘောမျိုး၊ အဓိပ္ပါယ်အမျိုးမျိုးထွက်သော စကားများကို ရွေးချယ်ပြောဆိုနေကြပါသည်။

အကျိုးဆက်အားဖြင့်...

တစ်ဦးကိုတစ်ဦး ပွင့်ပွင့်လင်းလင်း ဝေဖန်ခြင်းမျိုးများ ဆိတ်သုဉ်းလာခြင်းနှင့်
အမှားနှင့်အမှန်ကိုလည်း ဘက်တစ်ဘက်တွင် တိကျစွာ၊ ခိုင်ခိုင်မာမာ ရပ်တည်ခြင်းမျိုးများကို ဂျပန်လူမျိုးများထံမှ မျှော်လင့်ရန်မဖြစ်နိုင်ပါ‌။

မည်သို့ပင်ဖြစ်စေကာမူ...
ဂျပန်စာကို လေ့လာသင်ယူနေကြသူများ၊
ဂျပန်များနှင့် လက်တွဲ အလုပ်လုပ်ကိုင်မည့်သူများအနေနှင့်မူ...

ဤ"အအိမအိ"သဘောတရားကို
ဂျပန်အကျင့်၊ Japan Cultureတစ်ခုအနေဖြင့် သိထားသင့်ကြကြောင်းပါ။

Credit to...

"The Japanese Mind" by Roger J. Davies & Osamu Ikeno
"ဂျပန်စိတ်ထား" by ဘိုဘိုဟန်

"ဂျပန်စာ N-5သင်တန်း"ကလေးများ နွေရာသီကို အကျိုးရှိစွာ ဖြတ်သန်းစေရန် ရည်ရွယ်ပါသည်။Zoom  Classဖြင့် သင်ကြားပေးပါမည်။အသက်(၁၀...
21/03/2022

"ဂျပန်စာ N-5သင်တန်း"

ကလေးများ နွေရာသီကို အကျိုးရှိစွာ ဖြတ်သန်းစေရန် ရည်ရွယ်ပါသည်။

Zoom Classဖြင့် သင်ကြားပေးပါမည်။
အသက်(၁၀)နှစ်မှ (၁၅)နှစ်အထိ
ကလေးများကိုသာ ပို၍ လက်ခံချင်ပါသည်။
သို့သော် အခြားအသက်အရွယ်များလည်း တက်ရောက်နိုင်ပါသည်။

{Early Bird(၃)ဦးကို ပညာဒါနလက်ခံပါမည်}

ဂျပန်ဘာသာစကား၏အခြေခံအက္ခရာများ၊
Hiragana, Katakanaနှင့်Kanjiများကို သင်ကြားပေးပါမည်။

Minna No Nihongo Text Bookကို N5 Levelအထိ အခန်း(၂၅)ခန်း သင်ပေးပါမည်။
N5ပြီးလျင် N4 Levelကို ဆက်လက်သင်ကြားပါမည်။

- အသံထွက်ပုံများ
- ကိန်းဂဏန်း၊ အရာဝတ္တုနှင့် အခြားသောရေတွက်ပုံများ
- အခြေခံအဆင့်တွင် သိသင့်သည့်
Grammarများ၊ Phraseများ
- အချိန်၊ နေ့၊ လ၊ ရက်၊ နာရီတို့၏ အခေါ်အဝေါ်များ
- နေ့စဉ်သုံး အခြေခံစကားပြောများ၊ နှုတ်ခွန်းဆက်ခြင်းများ
- အခြားသောဗဟုသုတရဖွယ် ဂျပန်လူမျိုးတို့၏ အပြုအမူများ၊ Mannerများ
- YouTube၊ Animeနှင့်အခြား‌သောဗွီဒီယိုများ စသဖြင့်...

တစ်နေ့လျင် (၂)နာရီ၊ တစ်ပါတ် (၂)ရက်၊ (၄)လသင်တန်းဖြစ်ပါသည်။
ဖြစ်နိုင်လျင် အတန်းမပျက်‌စေချင်ပါ။ အတန်းမှန်မှန်တက်စေချင်ပါသည်။

ဧပြီလ(၉)ရက်နေ့၊ စနေနေ့ည(၇)နာရီတွင်စပါမည်။
တစ်ပါတ်ကို (၂)ရက် ဖြစ်ပါသည်။

စိတ်ဝင်စားသူများသည် ကျနော့ကို ဧပြီလ(၆)ရက်နောက်ဆုံးထား၍ အောက်ပါတို့ကို ပေးပို့ကြပါခင်ဗျာ။

၁/အမည်
၂/အသက်
၃/အလုပ်အကိုင်
၄/နေထိုင်ရာတိုင်းပြည် (နိုင်ငံခြားတွင်နေထိုင်သူဖြစ်ပါက)
၅/ဂျပန်စာကိုသင်ယူချင်သည့်Reason
၆/Email address
၇/မိဘ၏သဘောတူညီကြောင်းဝန်ခံချက်
၈/Facebook account name
(အသက်မပြည့်သေးလျင် မိဘ၏ခွင့်ပြုချက်ယူပါ)

04/09/2021

ဂျပန်စာပညာဒါန - Batch(1)

Zoom Class, လူ(၁၀)ဦးအတွက် ဖွင့်လှစ်ပေးပါမည်။
အသက်(၁၀)နှစ်မှ (၁၅)နှစ်အထိ
ကလေးများကိုသာ ပို၍ လက်ခံချင်ပါသည်။

ဂျပန်ဘာသာစကား၏အခြေခံအက္ခရာများ၊
Hiragana, Katakanaနှင့်Kanjiများကို သင်ကြားပေးပါမည်။

Minna No Nihongo Text Bookကို N5 Levelအထိ အခန်း(၂၅)ခန်း သင်ပေးပါမည်။

- အသံထွက်ပုံများ
- ကိန်းဂဏန်း၊ အရာဝတ္တုနှင့် အခြားသောရေတွက်ပုံများ
- အခြေခံအဆင့်တွင် သိသင့်သည့်
Grammarများ၊ Phraseများ
- အချိန်၊ နေ့၊ လ၊ ရက်၊ နာရီတို့၏ အခေါ်အဝေါ်များ
- နေ့စဉ်သုံး အခြေခံစကားပြောများ၊ နှုတ်ခွန်းဆက်ခြင်းများ၊
- အခြားသောဗဟုသုတရဖွယ် ဂျပန်လူမျိုးတို့၏ အပြုအမူများ၊ Mannerများ
- YouTubeနှင့်အခြား‌သောဗွီဒီယိုများ စသဖြင့်

တစ်နေ့လျင် (၄၅)မိနစ်ကြာ၊ တစ်ပါတ် (၃)ရက်၊ (၄)လကြာ သင်ကြားပေးပါမည်။

စက်တင်ဘာ(၁၇)ရက်နေ့၊ သောကြာနေ့ည(၇)နာရီတွင်စပါမည်။
တစ်ပါတ်ကို (၃)ရက်။ သောကြာ၊ စနေ၊ တနဂ်နွေဖြစ်ပါသည်။

စိတ်ဝင်စားသူများသည် ကျနော့ကို စက်တင်ဘာ(၁၅)ရက်နောက်ဆုံးထား၍ အောက်ပါတို့ကို ပေးပို့ကြပါခင်ဗျာ။

၁/အမည်
၂/အသက်
၃/အလုပ်အကိုင်
၄/နေထိုင်ရာတိုင်းပြည် (နိုင်ငံခြားတွင်နေထိုင်သူဖြစ်ပါက)
၅/ဂျပန်စာကိုသင်ယူချင်သည့်Reason
၆/Email address
၇/မိဘ၏သဘောတူညီကြောင်းဝန်ခံချက်

01/09/2021

"ဂျပန်တို့ တိုးတက်ရခြင်း အကြောင်းရင်းများ"

ကျနော်သည်...
မြန်မာပြည်တွင် လာရောက်လုပ်ကိုင်နေသော ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် (၄)နှစ်ခန့်လုပ်ကိုင်ခဲ့ရာ၌ ဂျပန်တို့၏Mannerများကို အောက်ပါအတိုင်း လေ့လာမိကြောင်းပါ။

- စည်းကမ်း အလွန်ရှိကြပါသည်
- အချိန် အလွန်တိကျကြပါသည်
- အလုပ်ကို အပြင်းအထန်လုပ်ကြပါသည်
(စောစောပြန်ခြင်းသည် ရှက်စရာဟု ယူဆကြ)
- မည်သည့်အရာမဆို တိတိကျကျလုပ်ခြင်း၊ အရာရာကို အသေးစိတ်နားလည်အောင်ကြိုးစားခြင်း
- အပြန်အလှန် စကားပြောဆိုရာတွင်လည်း စကားလုံးများကို(လုံးကောက်) တစ်လုံးမကျန်နားလည်အောင်
မရှင်းလင်းမချင်း ထပ်ခါထပ်ခါမေးမြန်းခြင်း
- တစ်ဦးနှင့်တစ်ဦး အထင်အမြင်မလွဲအောင်၊ နားလည်မှုမလွဲအောင် အထူးကြိုးစားခြင်း
- အထင်အမြင်မစောင်းစေရန် စကားပြောဆိုမှုများတွင် အလွန်Sensitiveဖြစ်ခြင်း၊ အလွန်သတိထားခြင်း
- စကားကို အလွန်ယဉ်ကျေးစွာ ပြောတတ်ကြခြင်း
- ခေါင်းဆောင်မှသည် အောက်ဆုံးဝန်ထမ်းအထိ အဆင့်ဆင့်နာခံမှုရှိခြင်း၊ လုံးဝခံမပြောခြင်း
(ကလန့်တိုက်ခြင်း၊ ထေ့ရိခြင်း အလျင်းမရှိပါ)
- အသင်းအဖွဲ့အလိုက် စုစုစည်းစည်း လုပ်တတ်သောစိတ်ဓါတ်ရှိခြင်း
- Meetingများ များစွာ ပြုလုပ်တတ်ကြခြင်း
(မည်သည့်အလုပ် ကြီးကြီးသေးသေးမဆို Meetingအရင်လုပ်ပါသည်)
- ဂျပန်ကုမ္ပဏီတိုင်းလိုလို(အထူးသဖြင့် Constructionဆိုလျင်)Uniformဝတ်စေခြင်း
- ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီမှန်လျင် နံနက်ခင်းလေ့ကျင့်ခန်း လုပ်ခိုင်းခြင်း
- မိမိတို့ ဂျပန်လူမျိုးအချင်းချင်း နိုင်ငံရပ်ခြားတွင် အထူးကာကွယ်စောင့်ရှောက်ကြခြင်း
- ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲကိုသာဖိတ်ခြင်း၊ ဈေးကြီးပါစေ ဂျပန်ပစ္စည်းကိုသာပြန်သုံးခြင်းမျိုး
(မိမိ၏နိုင်ငံအတွင်းသို့ မိမိ၏အမြတ်နည်းပါစေ ငွေကြေးကို ပြန်လည်စီးဆင်းစေခြင်း)
- Sub contractပေးရာတွင် ဂျပန်ကုမ္ပဏီများကိုသာ ပြန်ချပေးခြင်း(တာဝန်ယူမှု၊ တာဝန်ခံမှုကို စိတ်ချရသောကြောင့်လည်း ဖြစ်ပါသည်)
- နိုင်ငံရပ်ခြားတွင် လာရောက် အလုပ်လုပ်ကိုင်သော ဂျပန်များသည် မိမိတို့ရောက်ရှိရာ နိုင်ငံ၏ဥပဒေများကို တိကျစွာလိုက်နာခြင်း၊ မချိုးဖောက်ရဲခြင်း
- မိမိ၏ကုမ္ပဏီ၏ ဂုဏ်သိက္ခာကျစေမည့်
အပြုအမူ၊ အပြောအဆိုများကိုရှောင်ကျဉ်ခြင်း

စသဖြင့် လေ့လာတွေ့ရှိခဲ့မိကြောင်းပါခင်ဗျာ။

04/07/2021

"ကလေးနှစ်ယောက် အလိုရှိသည်"

ဂျပန်စာအခြေခံ သင်ပါမည်။
"Minna of Nihongo"ဖတ်စာအုပ် ဖြစ်ပါသည်။

(၆)တန်း၊ (၇)တန်း၊ (၈)တန်းအရွယ်
အသက်အားဖြင့် (၁၂)နှစ်မှ (၁၅)နှစ်အရွယ် က‌လေးနှစ်ယောက်ကို ဖိတ်ခေါ်အပ်ပါသည်။
(တစ်ယောက် ရှိပြီးသားဖြစ်ပါ၏။ (၃)ယောက်ဝိုင်း သင်ပါမည်။)

ကျောင်းတက်သောကလေးဖြစ်စေ၊ ကျောင်းမတက်သောကလေးဖြစ်စေ တက်နိုင်စေရန်
Saturdayနှင့်Sundayကို သင်ကြားပေးပါသည်။

Zoomဖြင့် သင်ကြားမည်ဖြစ်ပါ၍ စာသင်သားကလေးအနေဖြင့် ကွန်ပျူတာ၊ Wifiစသဖြင့် ရှိရန်လိုအပ်ပါမည်။

ကလေးများ အထူးစိတ်ဝင်စားစေရန် သင်ကြားပေးပါသည်။
(အကယ်၍ ကလေးသည် Englishလို ပြောနိုင်၊ နားလည်နိုင်ပါလျင် Englishလို သင်ကြားပါမည်။)
ဖတ်စာအုပ်တင်မက Videoများ၊ စကားပြောခန်းများ၊ သီချင်း၊ Animeများ၊ အခြားဗဟုသုတများစသဖြင့်...

Second Languageတစ်ခုကို စတင်သင်ကြားချိန်တွင် စာသင်သားကလေးအနေဖြင့် မပျင်းရိသွားစေရန်၊ နောက်ထပ်အဆင့်တစ်ခု၊ Levelတစ်ခုသို့ ဆက်လက်လျောက်လှမ်းသွားချင်စိတ်များ တဖွါးဖွါးပေါ်ပေါက်‌လာစေချင်သော ရည်ရွယ်ချက်ဖြင့် သင်ကြားပေးခြင်းဖြစ်ပါသည်။

တစ်ခုခုကို သင်ယူရာတွင် ကောက်ရိုးမီး သဘောမျိုး အပျင်းပြေလုပ်ခြင်းကို မဖြစ်စေချင်ပါ။

စေတနာဖြင့် မွှမ်းထုံထားသော
စာသင်ခန်းလေးတစ်ခု ဖြစ်စေပါမည်။

စတင်မည့်နေ့ - ဇူလိုင် ၁၇(စနေနေ့)
သင်ကြားမည့်အချိန် -
Every Sat & Sun, 1:00 PM to 3:00PM
ဆရာသို့ဉာဏ်ပူဇော်ခ - မြန်မာကျပ်ငွေ(၁)သိန်း
ကြာမြင့်မည့်ကာလ - (၃)လခွဲ၊ (၁၅)ပါတ်၊ နာရီ(၆၀)

"ဂျပန်စာကို ဘာ့ကြောင့် သင်ယူသင့်သလည်း?"နိပွန်လို့ခေါ်တဲ့ ဂျပန်လူမျိုးတွေနေတဲ့...ဂျပန်နိုင်ငံဟာ အာရှတိုက်ရဲ့ အရှေ့ဘက်ခြမ်...
11/05/2021

"ဂျပန်စာကို ဘာ့ကြောင့် သင်ယူသင့်သလည်း?"

နိပွန်လို့ခေါ်တဲ့ ဂျပန်လူမျိုးတွေနေတဲ့...
ဂျပန်နိုင်ငံဟာ အာရှတိုက်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျွန်းနိုင်ငံတစ်ခု ဖြစ်ပါတယ်။

ကျွန်းစုပေါင်း (၆၈၅၂)ကျွန်းနဲ့ဖွဲ့စည်းထားပြီး‌တော့ ကျွန်းကြီးတွေလည်းရှိပါတယ်။
အဓိက ကျွန်းကြီးတွေကတော့...
ဟိုကိုင်းဒိုး၊ ဟွန်းရှူး၊ ရှိကိုးခု၊ ခယူးရှူးနဲ့ အိုကီနာဝါတို့ ဖြစ်ကြပါတယ်။

လူဦးရေ(၃၇)သန်းကျော်ရှိတဲ့ တိုကျိုမြို့ဟာ ဂျပန်နိုင်ငံရဲ့မြို့တော်ဖြစ်သလို အကြီးဆုံးမြို့ကြီးလည်းဖြစ်ပါတယ်။

ဂျပန်ဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အပြည့်အဝရှိတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။

လူဦးရေကတော့ ၂၀၂၁-ခုနှစ်အထိ စုစုပေါင်း(၁၂၅)သန်းကျော် ရှိပါတယ်။

GDPဟာဆိုရင် (၅.၅၈၆)ထရီလီယံဒေါ်လာနဲ့ ကမ္ဘာ့အဆင့်(၄) ဖြစ်ပါတယ်။

Per Capitaဆိုတဲ့ လူတစ်ဦးချင်းရဲ့ တစ်နှစ်ဝင်ငွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် (၄၄၅၈၅)ဒေါ်လာနဲ့ ကမ္ဘာ့အဆင့်(၂၇)ပါ။
*(မြန်မာ့တစ်ဦးချင်း တစ်နှစ်ဝင်ငွေဟာ
၂၀၁၈-ခုနှစ်က စစ်တမ်းတစ်ခုအရ (၁၁၄၀)ဒေါ်လာပါ)
ဒီကိန်းဂဏန်းဟာ သာမန် ဂျပန်လူမျိုးတစ်ယောက်ဟာ
တစ်လကို ပျမ်းမျှအမေရိကန်ဒေါ်လာ(၃၇၀၀)ကျော် ရတဲ့သဘောဖြစ်ပါတယ်။

သူ့ရဲ့ငွေကြေးကို ဂျပန်"ယန်း"ငွေလို့ခေါ်ပါတယ်။
ဂျပန်နိုင်ငံမှာ ကားတွေကို ဘယ်မောင်းစနစ်နဲ့ ကားမောင်းကြပါတယ်။

ထူးခြားမှုခုနှစ်များအနေနဲ့ကတော့...

- ၁၉၃၇-ခုနှစ်မှာ တရုတ်ကိုကျူးကျော်ခဲ့ပါတယ်။
- ၁၉၄၁-ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကို ဝင်ရောက်ခဲ့ပါတယ်။
- နောက်ဆုံးမှာတော့ ဟီရိုရှီးမားနဲ့နာဂါစကီမြို့တွေကို အမေရိကန်ကကြဲချတဲ့ အနုမြူဗုံးတွေကြောင့် စစ်ကို လက်နက်ချအရှုံးပေးလိုက်ရပါတယ်။
- ၁၉၄၅-ခုနှစ်မှာစစ်ရှုံးပြီးတော့ မဟာမိတ်တပ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ (၇)နှစ်နေခဲ့ရပါတယ်။

"ဂျပန်ဘာ့ကြောင့် မြန်မြန်ဆန်ဆန် ချမ်းသာ"

ဒုတိယကမ္ဘာစစ်ကို စစ်ရှုံးအပြီး ၁၉၅၀-ခုနှစ်ကျော်ကနေစပြီး တစ်တိုင်းပြည်လုံး ညီညီညွတ်ညွတ်၊ ခွန်နဲ့အားနဲ့ ကြိုးစားကြပါတယ်။

အဲဒီလိုနဲ့ ၁၉၉၀-ခုနှစ်မှာ ကမ္ဘာရဲ့ ဒုတိယစီးပွါးရေးအင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။

အခုလက်ရှိ(၂၀၂၁)ခုနှစ်အထိ ကမ္ဘာ့တတိယအကြီးဆုံးဂျီဒီပီပိုင်ရှင်ဖြစ်ပါတယ်။

ကမ္ဘာ့'Automotive'နဲ့'Electronics'လုပ်ငန်းများရဲ့ ဦးဆောင်ထုတ်လုပ်သူ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

"HDI"ဆိုတဲ့ "Human Development Index"
အညွှန်းကိန်း အလွန်မြင့်မားပြီး ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူမျိုးလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်ဆိုရင်လည်း 'ODA'လို့‌ခေါ်တဲ့ အလှူငွေအကူအညီ အများဆုံးပေးနေတဲ့နိုင်ငံပါ။

အချုပ်ပြောရရင်...

- စိတ်ဓါတ်ပြင်းပြ ဇွဲကြီး၊ အချိန်မှန်ပြီး ကတိတည်တဲ့
လူမျိုးတွေရဲ့ ဘာသာစကားတစ်ခု ဖြစ်ပါတယ်။

- အလွန်ချမ်းသာတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

- 'Second Language'တစ်ခုအ‌နေနဲ့ ဂျပန်စာကို သေချာသင်ယူပြီးတော့ ဂျပန်ကိုပဲသွားသွား၊ ဒီကသူတို့ရဲ့Firmတွေမှာပဲလုပ်လုပ်၊
ကိုယ့်အတွက် သေချာပေါက် လစာကောင်းပါတယ်။

ကဲ ဒီဘာသာစကားကို...
ရွေးချယ်သင်ကြားတာဟာ...
သင့်အတွက် ဘာများ မှားစရာ ရှိသေးလို့လည်း?

ရည်ညွှန်း - Wikipedia။

"ကျောင်းမတက်ရင် ကျောင်းလာတက်"- တက္ကသိုလ်မတက်တော့သူများ၊ မတက်သေးသူများ၊ ကျောင်းပြီးထားသူများ- လက်ရှိတွင် ခေတ်အခြေအနေကြောင...
11/05/2021

"ကျောင်းမတက်ရင် ကျောင်းလာတက်"

- တက္ကသိုလ်မတက်တော့သူများ၊ မတက်သေးသူများ၊ ကျောင်းပြီးထားသူများ
- လက်ရှိတွင် ခေတ်အခြေအနေကြောင့် အလုပ်အကိုင်/အခွင့်အလမ်းကို ပြောင်းပစ်လိုသူများ
- အလုပ်ပြုတ်သွားသူများ
- ဤခေတ်ကြီးတွင် ဘာလုပ်ရမှန်း မသိကြသူများ
- မိမိဘဝကို တိုးတက်လိုသူများအတွက်...

- ဂျပန်စာ သင်ပေးမည်။
- ဂျပန်ရောက်သည်အထိ အစအဆုံး ကူညီဆောင်ရွက်ပေးမည်။
- English 4-Skills အခြေခံရှိရမည်။
- ဂျပန်စာကို English Languageဖြင့် သင်ကြားပေးမည်။
- ပထမဦးဆုံးအနေဖြင့်
အခြေခံ(၃)လ၊ N-5 Levelသင်တန်းဖြစ်သည်။

တစ်ပါတ်လျင်(၂)ရက်၊ တစ်ရက်လျင်(၂)နာရီကြာသင်မည်။

"သင်ယူသူ၏လိုအပ်ချက်များ"

- အသက်(၁၆)နှစ်နှင့်အထက်ဖြစ်ရမည်။
- ပညာအရည်အချင်း အနည်းဆုံး (၁၀)တန်းအောင်။
- (အသက်မပြည့်သေးလျင်)
မိဘမှ သဘောတူခွင့်ပြုသူ ဖြစ်ရမည်။
- English 4-skillsအခြေခံရှိရမည်။
- မြောက်ဒဂုံမြို့နယ်၊ ဆရာ၏နေအိမ်သို့ လာတက်ရမည်။
- အချိန်မှန်ရမည်၊ ကျောင်းမပျက်ရ။

"ဆရာနှင့်တပည့်၏ ရေရှည်အလားအလာ"

ဆရာမှ...
သင်ယူသူ၏ စိတ်နေစိတ်ထား၊ ကြိုးစားမှုနှင့်ရည်မှန်းချက်တို့ကို လေးစားလျင်... ဂျပန်သွားခြင်းအပါအဝင် ဘဝတိုးတက်မှုအတွက် မိမိ၏မိသားစုဝင်ကို လုပ်ဆောင်စီစဉ်ပေးသကဲ့သို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးမည်။

Address

Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959400562762

Website

Alerts

Be the first to know and let us send you an email when Rising Sun Japanese Learning Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Rising Sun Japanese Learning Studio:

Shortcuts

Share

Category