26/02/2023
🎯Singapore Math ကို ဘာကြောင့်သင်သင့်သလဲ။
၁။ နိုင်ငံတကာသင်္ချာစွမ်းရည်စစ် စာမေးပွဲများဖြစ်ကြသည့် TIMSS (Trends in International Mathematics and Science Study) and PISA (Programme for International Student Assessment) ၏ ရလဒ်များအရ Singapore ကျောင်းသားများသည် သင်္ချာစွမ်းရည်တွင် ထိပ်တန်းသုံးနိုင်ငံ၌ ရပ်တည်နေသောကြောင့်ဖြစ်ခြင်း၊
၂။ Singapore သင်္ချာသင်ရိုးညွှန်းတမ်းများသည် စာမေးပွဲရလဒ်ထက် သင်္ချာစွမ်းရည်တိုးတက် တတ်မြောက်မှုကို အဓိကထားသင်ကြားနိုင်ရန် ရေးဆွဲထားခြင်း
၃။ အက္ခရာဂဏန်းအတွက်အချက်များသာမက သဘောပေါက်လွယ်စေရန် ရုပ်ပုံများ၊ block အတုံးများ၊ လက်တွေ့ပြင်ပ ကလေးများနှင့်ရင်းနှီးသော ပစ္စည်းများကို ရေးဆွဲတွက်ချက်စေခြင်း
၄။ Lego အတုံးများ အောက်အဆင့်မှစ၍ တစ်လွှာချင်းဆက်သကဲ့သို့ သင်ခန်းစာအမျိုးအစားတစ်ခုချင်းစီအား အခြေခံမှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ပုစ္ဆာပေါင်းများစွာဖြင့် ကျေညက်အောင်လေ့ကျင့်နိုင်ရန် ရေးဆွဲထားခြင်း
၅။ အတန်း Grade ချင်းတူသော်လည်း Singapore သင်ရိုးဖြင့်သင်ကြားထားသောကျောင်းသားများသည် အခြားသော နိုင်ငံများ၏သင်ရိုးစာအုပ်များအား အခက်အခဲမရှိ လွယ်ကူစွာတွက်ချက်နိုင်ခြင်း
🎯Singapore math ကိုသင်ကြားထားခြင်းဖြင့် မည်သည့်အကျိုးများရရှိနိုင်သလဲ။
၁။ IGCSE စာမေးပွဲဖြေဆိုမည့်ကျောင်းသားများအတွက် လွယ်ကူစွာပြောင်းလဲဖြေဆိုနိုင်ခြင်း
၂။ မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်းများနှင့်လည်း ကိုက်ညီခြင်းသောကြောင့် တက္ကသိုလ်ဝင်တန်းများအတွက် အထောက်အကူ ဖြစ်စေခြင်း
၃။ Singapore မှခေါ်ဆိုသော Scholar များ၊ AEIS (Admission Exercise for International Students) စာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ခြင်း
🎯မည်သည့်အတန်းများတတ်ရောက်သင်ကြားနိုင်သလဲ။
Vinculum Maths Classes တွင် Singapore Math - Primary 4, Primary 5, Primary 6, Secondary 1 နှင့် Secondary 2 သင်တန်းများဖွင့်လစ် သင်ကြားပေးလျှက်ရှိပါသည်။
တတ်ရောက်ရမည့်အတန်းသတ်မှတ်ချက်အား Placement Test ဖြင့်သာ ဆုံးဖြတ်ပါသည်။
အတန်းကာလသတ်မှတ်ချက်မှာ regular class (အတန်းတစ်တန်းကြာမြင့်ချိန် ၁၂လ ဝန်းကျင်) နှင့် summer class (၃လ) ဖြစ်ပါသည်။
🎯အခြားမည်သည့်အတန်းများ သင်ယူနိုင်ပါသလဲ။
- Preparation for AEIS Exam
- Preparation for Singapore Scholarship
(Primary, Secondary and IGCSE O level)
- Preparation for IGCSE O level တို့ကို သင်ယူနိုင်ပါသည်။
Vinculum Maths Classes
9B, Nawaday Street,
Yaw Min Gyi Quarter,
Dagon Township,
Yangon, Myanmar.
☎09 44 800 8000